system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(6.15)

5.1K 588 25
By TeeKo0

Unicode

"ကိုကို....မြန်မြန်လုပ်ပါဗျ"

"အိုက်ယား....အရမ်းလောတာပဲ...."

"လောရမှာပေါ့ကိုကိုရ....ကိုကိုနဲ့အတူလျှောက်လည်ရဖို့ကျွန်တော်စောင့်တောင်မစောင့်နိုင်တော့ဘူး"

ဟေးလစ်ခ်ကအလောတကြီးအခန်းထဲကထွက်လာသည့်ရှောင်ကျန့်၏လက်လေးနှစ်ဖက်ကိုအမြတ်တနိုးဆွဲယူ၍သူ့နှုတ်ခမ်းနားဖိကပ်လိုက်သည်။

ဒီနေ့ကသူနဲ့ကိုကို့ရဲ့ First Date ဖြစ်တာကြောင့်သူ့ရင်ထဲတစ်ဒိတ်ဒိတ်ဖြင့်စိတ်လှုပ်ရှားပျော်ရွှင်နေပေသည်။ကိုကိုကဒီနေ့တွင်ပေါ့ပေါ့ပါးပါးအဖြူရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားသော်လည်းအရမ်းကိုလှပသစ်လွင်ပြီးတတ်တတ်ကြွကြွဖြင့်လူတိုင်း၏အာရုံကိုဖမ်းစားနိုင်သည်။

ဟေးလစ်ကိုယ်တိုင်ကလည်းရှောင်ကျန့်နှင့်ဆင်တူcoupleအဖြူရောင်တီရှပ်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်လို့ထားသည်။အဖြူရောင်တီရှပ်ပေါ်ကအသည်းပုံတစ်ခြမ်းဆီတည်ရှိနေခြင်းကြောင့်တွေ့သည့်မြင်သည့်မည်သူမဆိုသူတို့နှစ်ဦးမှာချစ်သူစုံတွဲတွေဖြစ်ကြောင်းသိသာစေသည်။

ဟေးလစ်ကရှားရှားပါးပါးအဖြူရောင်ဝတ်ဆင်ခဲ့သည်။ဖြူဖွေးသည့်အသားအရေ၊အချိုးအစားကျနတဲ့ခန္ဓာကိုယ်နှင့်ချောမောလွန်းသည့်မျက်နှာမှာလူငယ်ဆန်ဆန်လေးဖြင့်ဝင်းပလို့နေသည်။ဟေးလစ်ခ်၏ရုပ်ရည်မှာထင်ရှားလွန်းတာကြောင့်ယောက်ျားမိန်းမ မရွေးငေးမောမှင်သပ်သွားစေနိုင်သည်။

ရှောင်ကျန့်မှာပထမဦးဆုံးအနေဖြင့်ချောမောလွန်းတဲ့ငယ်ငယ်ရွယ်ရွယ်ချစ်သူတစ်ယောက်ရှိရခြင်းအပေါ်အနည်းငယ်စိတ်ကသိကအောင့်ဖြစ်လာသည်။သူ့ချစ်သူကိုလူတိုင်းအရူးလိုမျိုးငေးမောပြစ်မှားကြမည်ကိုသူသဝန်တိုလွန်းလှသည်။ရှောင်ကျန့်၏မျက်နှာလေးမှာရှာလကာရည်နံ့နှင့်အတူဆူပုတ်လာပြီးဟေးလစ်ခ်၏ချောလွန်းတဲ့မျက်နှာကြီးကိုဆွဲညှစ်လိုက်သည်။

"မင်းဘာလို့ဒီလောက်ထိတောင်ချောနေရတာလဲ...."

ဟေးလစ်ခ်ကပြုံးပြုံးကြီးပင်သူ့ခါးကိုငုံ့ကိုင်းပေးထားပြီးရှောင်ကျန့်စိတ်ကျေနပ်သည်အထိသူ့မျက်နှာကိုဖျစ်ညှစ်ခွင့်ပြုထားသည်။သူ့ကိုကိုရဲ့ရှာလကာရှည်နံ့သင်းနေသည့်စကားကိုကြားသည့်အခါတွင်သူ့ရင်ထဲကလိကလိဖြစ်လွန်းလို့အားရပါးရသာဆွဲဖက်ပြစ်လိုက်သည်။

"ကိုကိုကဘာလို့ဒီလောက်ထိတောင်ချစ်စရာကောင်းနေရတာလဲ...."

ရှောင်ကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးကိုစိတ်တိုင်းကျပွေ့ဖက်၊ပွတ်သပ်ပြီးနောက်ပြုံးဖြီးနေသည့်မျက်နှာကြီးဖြင့်လွှတ်ပေးသည်။ပြီးနောက်ရှောင်ကျန့်ရဲ့လက်ဖဝါးလေးကိုနူးနူးညံ့ညံ့ဆုပ်ကိုင်၍တောက်ပသည့်အပြုံးတစ်ပွင့်ကိုလှစ်ဟပြလိုက်၏။

"သွားရအောင်လေကိုကို...."

ချစ်သူရည်းစားတွေချိန်းတွေ့ဖို့အကောင်းဆုံးနေရာကဘာလဲ။

သေချာပေါက်ကစားကွင်းတို့ရုပ်ရှင်ရုံတို့ပေါ့။ဒါ့အပြင်တစ်ခြားလည်စရာပတ်စရာအပန်းဖြေနေရာတွေအများကြီးရှိသေးသည်။ပန်းခြံဆိုတာကသမီးရည်းစားအတွဲတွေအတွက်ချိန်းတွေ့လို့အကောင်းဆုံးနေရာတွေထဲမှာထိပ်ဆုံးကပါဝင်ကြောင်းတော်တော်များများသိကြသည်။

ရှောင်ကျန့်တို့နှစ်ယောက်ပထမဆုံးချိန်းတွေ့မည့်နေရာမှာကစားကွင်း၌ဖြစ်သည်။

နေရာအနှံ့အတွဲတွေကိုမျက်စိတစ်ဆုံးမြင်တွေ့နေရသည်။ထိုအတွဲတွေကြားထဲထင်ထင်ရှားရှားအရှိဆုံးမှာရှောင်ကျန့်နှင့်ဟေးလစ်ခ်တို့နှစ်ယောက်သာဖြစ်သည်။နှစ်ယောက်လုံး၏ရုပ်ရည်မှာအလွန်အမင်းချောမောထင်ရှားနေသည့်အပြင်သူတို့နှစ်ယောက်ဝတ်ဆင်ထားသည့် Coupleအင်္ကျီကြောင့်တော်တော်များများမှာလည်ပြန်ငေးလျက်အံ့အားသင့်နေကြသည်။

မင်းသားရှုံးအောင်ချောတဲ့ကောင်ချောလေးနှစ်ယောက်ဟာရှင်းရှင်းလင်းလင်းကြီးအတွဲတွေဖြစ်နေကြသည်။

ကစားကွင်းမှာရှိတဲ့မိန်းကလေးတော်တော်များများဟာသူတို့နှစ်ဦးကိုကြည့်ရင်းအချင်းချင်းရိုက်လိုက်ပုတ်လိုက်ဖြင့်လက်သည်းကိုက်နေကြသည်။

ဒီလောကမှာရှိတဲ့ရုပ်ချောတဲ့ကောင်လေးတိုင်းမှာသူမတို့အပိုင်မဖြစ်နိုင်တော့မှန်းရင်နာနာနဲ့လက်ခံလိုက်သူတွေရှိသလိုရှားပါးလွန်းသောလိုက်ဖက်လှသည့်BLအတွဲလေးတစ်တွဲကြောင့်စိတ်ထဲအော်ဟစ်နေသည့်ဖူဂျီရှီတွေလည်းရှိသည်။

ကံဆိုးစွာဖြင့်အနှီးလူအပေါင်းမှ ရှောင်ကျန့်တို့နှစ်ယောက်၏အာရုံစိုက်မှုကိုမရရှိကြချေ။

"ရိုလာကိုစတာ စီးကြရအောင်...."

ရှောင်ကျန့်ကစိတ်လှုပ်ရှားနေသည့်မျက်လုံးတောက်တောက်လေးတွေနှင့်ဟေးလစ်ခ်၏လက်မောင်းတစ်ဖက်ကိုလှုပ်ခါရင်းပြောသည်။

"အင်း..."

ဟေးလစ်ခ်ကပျော်ရွှင်စွာပင်သဘောတူလိုက်သည်။

ရိုလာကိုစတာစီးချိန်၌ရှောင်ကျန့်နဲ့ဟေးလစ်ခ်မှာဘေးချင်းကပ်ရပ်ထိုင်၍ရထားတွဲလှုပ်ရှားသည့်အချိန်လုံးသူတို့လက်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။

ရှောင်ကျန့်ဟာအားရပါးရအော်ဟစ်၍ဟေးလစ်ခ်၏မျက်နှာမှာလည်းတစ်ချိန်လုံးပြုံးရွှင်နေပေသည်။ရိုလာကိုစတာစီးပြီးသည့်အချိန်၌ရှောင်ကျန့်မှာvampireတစ်ယောက်ဖြစ်သော်လည်းပဲအ​နည်းငယ်မူးဝေနေသလိုခံစားရသည်။

"ကိုကို....ဒီမှာကိုကို့အတွက်...."

ဟေးလစ်ခ်ကရှောင်ကျန့်ရဲ့ခေါင်းပေါ်ကိုယုန်နားရွက်ဘီးကုတ်လေးတစ်ခုတပ်ပေးသည်။သူ့ခေါင်းမှာလည်းခြင်္သေ့နားရွက်ဘီးကုတ်လေးရှိလို့နေသည်။

အဖြူရောင်ယုန်နားရွက်ရှည်ရှည်လေးနှစ်ဖက်မှာရှောင်ကျန့်၏ခေါင်းထက်တွင်နေရာယူလျက်ပြူးကြောင်ကြောင်မျက်လုံးလေးတွေနှင့်ပေါင်းစပ်လိုက်သည့်အခါတွင်ဟေးလစ်ခ်၏ရင်ဘတ်တစ်ခုလုံးကိုယားယံသွားစေသည်။

အား......သူ့ကိုကိုကတကယ့်ကိုယုန်ဖြူလေးတစ်ကောင်ပဲ။

စိတ်ထဲကနေတစ်အားအားအော်လျက်ကမ္ဘာပျက်နေသူဟေးလစ်ခ်ဟာရှောင်ကျန့်၏အသံကြားကာမှပြန်လည်သတိဝင်လာသည်။

"ဒါကိုဘယ်ကရတာလဲ"

သူ့ခေါင်းပေါ်ကယုန်နားရွက်လေးကိုထိကိုင်ရင်းရှောင်ကျန့်ဟာသိလိုစိတ်အပြည့်ဖြင့်ဟေးလစ်ခ်ကိုကြည့်သည်။

"ဟီး....လူတစ်ယောက်ဒီလိုထူးထူးဆန်းဆန်းဘီးကုတ်တွေရောင်းနေတာတွေ့လိုက်လို့....ကိုကိုနဲ့ဆိုအရမ်းလိုက်မယ်ထင်လို့ဝယ်လိုက်တာ....တကယ်ကြီးကိုကိုကအရမ်းချစ်ဖို့ကောင်းလွန်းလို့ကျွန်တော်ရင်ထဲမှာပုရွက်ဆိတ်တွေအများကြီးသွားလာနေသလိုတောင်ခံစားရတယ်"

ရှောင်ကျန့်ရဲ့ပါးလေးနှစ်ဖက်မှာအနည်းငယ်ရဲတတ်သွားသည်။ဘယ်သူကရောကိုယ့်ချစ်သူကကိုယ့်ကိုချီးကျူးတာသဘောမကျပဲနေမှာလဲ။

ရှောင်ကျန့်ဟာအရှက်ပြေသူ့ခေါင်းကိုလှည့်၍ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းလူပေါင်းများစွာတစ်ဝုန်းဝုန်းတစ်ရုန်းရုန်းဖြစ်နေသည့်နေရာကိုသတိထားမိသွားသည်။

"ငါတို့အဲ့ဒီနေရာကိုသွားကြည့်ရအောင်လေ"

ဟေးလစ်ခ်ကရှောင်ကျန့်စကားကိုတစ်ခါမှငြင်းဆန်တာမျိုးမရှိပဲကျေကျေနပ်ကြီးသူ့ကိုကိုဆွဲခေါ်ရာနောက်ကိုလိုက်ပါသွားသည်။

လူတွေဝိုင်းအုံနေသည်မှာစင်မြင့်တစ်ခုကိုဖြစ်သည်။နောက်တော့မှသိလိုက်ရသည်မှာ၎င်းက ကစားကွင်းကိုလာတဲ့ချစ်သူရည်းစားတွေအတွက် ကစားပွဲတစ်ခုဖန်တီးပေးကာဝင်ပြိုင်ဖို့ရန်ကမ်းလှမ်းနေကြခြင်းပင်။

ဤသည်မှာကစားကွင်းစတင်တည်ထောင်ရာသက်တမ်း၂၂နှစ်ပြည့်အခမ်းအနားအတွက် ပြုလုပ်ပေးသည့်ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည်။ဆုတွေကပေါ့ပေါ့တန်တန်ပေးအပ်ထားတာမဟုတ်ပေ။

စီစဥ်တင်ဆက်သူမိန်းကလေးကမိုက်ကနေတစ်ဆင့်ပြောသည်။

"ပါဝင်ချင်တဲ့ဘယ်စုံတွဲမဆိုစာရင်းပေးသွင်းနိုင်ပါတယ်ရှင်.....ပထမရတဲ့စုံတွဲကလူတစ်ရပ်စာဝက်ဝံရုပ်အကြီးကြီးနဲ့နှင်းဆီပန်း၉၉ပွင့်ပါတဲ့ ပန်းစည်းအပြင်အသည်းပုံချောကလက်ဘူးကြီးတစ်ခုကိုရမှာနော်....အဲ...အဓိကဆုကတော့ယွမ်၁သိန်းကျော်တန်တဲ့စုံတွဲလက်စွပ်လေးပဲဖြစ်ပါတယ်ရှင့်....."

ဘေးပတ်လည်မှာရှိတဲ့စုံတွဲတိုင်း၏မျက်လုံးတွေမှာတစ်လက်လက်တောက်ပသွားကြသည်။ဒီအတိုင်းလာကြည့်သည့်လူတော်တော်များများဟာတော့သူတို့ရဲ့ဂေါ်မစွံသည့်ဘဝကိုသာအပြစ်တင်လိုက်နိုင်ကြသည်။

ရှောင်ကျန့်ဟာလည်းယေဘုယျအားဖြင့်၎င်းပြိုင်ပွဲကိုစိတ်ဝင်စားသွားသည်။ယွမ်တစ်သိန်းဆိုသည်မှာဟေးလစ်ခ်အတွက်ဘာမှမဟုတ်သော်လည်းပဲအမှတ်တရလက်ဆောင်အဖြစ်လိုချင်စိတ်တော့ရှိသည်။သူတို့နိုင်နိုင်ရှုံးရှုံးအပျော်သဘောဖြင့်ဝင်ပြိုင်ချင်သည်။

"ငါတို့နှစ်ယောက်လည်းဝင်ပြိုင်ကြရအောင်လေ..."

"ကိုကို့သဘော...."

ဟေးလစ်ခ်ကပြုံးပြုံးကြီးသဘောတူသည်။သူ့အတွက်ကိုကိုကသူ့အပိုင်ဖြစ်ကြောင်းလူတွေပိုသိလေပိုပျော်လေဖြစ်သည်။

စာရင်းကိုင်မိန်းကလေးဟာသူတို့နှစ်ယောက်စာရင်းလာသွင်းသည်ကိုမြင်သည့်အခါတွင်ပါးစပ်အဟောင်းသားဖြင့်ကြောင်တောင်တောင်လေးဖြစ်သွားရှာသည်။အမှန်တော့စာရင်းလာသွင်းသည့်စုံတွဲတွေထဲမှာယောက်ျားလေးစုံတွဲမပါတာမျိုးတော့မဟုတ်ပေ။

ရှားရှားပါးရားလိင်တူစုံတွဲနှစ်တွဲတောင်ပါလာသော်လည်းသူမအရှေ့ကဒီနှစ်ယောက်ကတော့သူမမြင်ဖူးသမျှလူတွေထက်အဆပေါင်းများစွာချောမောပြီးစွဲဆောင်နိုင်လွန်းသလိုမထင်မှတ်ထားလောက်အောင်လိုက်ဖက်ညီလို့နေသည်။

သူမစိတ်ထဲပြိုင်ပွဲမှာဒီအတွဲကပထမရနိုင်ချေအရှိဆုံးလို့ဘာရယ်မသိ ခံစားလိုက်ရသည်။

ပြိုင်ပွဲဝင်ချင်သည့်စုံတွဲတွေမှာအယောက်နှစ်ဆယ်လောက်ရှိသည်ကိုမြင်သည့်အခါတွင်ပွဲကြည့်ပရိတ်သတ်အပေါင်းမှာပိုမိုစိတ်လှုပ်ရှားသွားကြသည်။

အထူးသဖြင့်လိင်တူစုံတွဲသုံးတွဲတောင်တွေ့လိုက်ရတာကြောင့်စင်အောက်ကမိန်းကလေးအပေါင်း၏အော်သံတွေမှာအနီးအနားကတစ်ခြားသောလူအများကြီးကိုစွဲဆောင်လိုက်နိုင်သည်။

ရှောင်ကျန့်နှင့်ဟေးလစ်ခ်တို့နှစ်ဦးစင်မြင့်ပေါ်တတ်လာသည့်အခါတွင်စီစဥ်သူမိန်းကလေးအပြင်လူတိုင်းမှာသူတို့၏အလှအပဖြင့်စွဲဆောင်ခြင်းခံလိုက်ရသည်။

အထူးသဖြင့်အရပ်မြင့်မြင့်ဖြင့်မိန်းကလေးတိုင်း၏စိတ်ကူးယဥ်အိပ်မက်ထဲကလိုအပြစ်အနာအဆာကင်းစင်တဲ့မျက်နှာချောချောအပြင်သန်မာတဲ့ခန္ဓာကိယ်အချိုးအစားကိုပိုင်ဆိုင်သည့် ဟေးလစ်ခ်ဖြစ်သည်။

သူ့ရဲ့ဖီးနစ်သဏ္ဍာန်မျက်ဝန်းတွေမှာပြင်းထန်သည့်ဖိအားတစ်မျိုးကိုသယ်ဆောင်ထားပြီးသူ့ဘေးကလူသားလေးမှလွဲရင်အရာအားလုံးကိုလျစ်လျူရှု့ထားသည့်ဟန်ပေါ်၏။သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာဖြာထွက်နေသည့်ထူးခြားမြင့်မြတ်သည့်အရှိန်အဝါကြောင့်ထိုသူမှာတကယ့်ကိုသာမန်လူတစ်ယောက်မဟုတ်ကြောင်းသိသာနေသည်။

ဒါအပြင်သူ့ခန္ဓာကိုယ်မှာထူးထူးခြားခြားဆင်ယင်ထားတာမျိုးမရှိပါသော်လည်းသူစီးထားသည့်ဖိနပ်၊သူ့လက်ကနာရီအပြင်ဝတ်ထားသည့် Coupleအင်္ကျီကတောင် ငွေရှိတိုင်းဝယ်မရသည့်အကန့်အသတ်ထုတ် ကမ္ဘာ့အဆင့်မှီဘရန်းတွေဖြစ်ကြသည်။

ရှောင်ကျန့်၏ခန္ဓာကိုယ်ပေါ်မှာလည်းဟေးလစ်ခ်နည်းတူတစ်ပုံစံတည်းဆင်ယင်ထားတာကြောင့်ဒီစုံတွဲမှာသေလုအောင်ချမ်းသာတဲ့သခင်လေးနှစ်ယောက်ဖြစ်နိုင်ပေသည်။

နတ်ဘုရားလိုစွဲဆောင်နိုင်သည့်ရုပ်ရည်၊ဘရန်းတွေသာဝတ်ဆင်သည့်သူဌေးသားစုံတွဲကြောင့် ရည်းစားရှိသည့်မိန်းကလေးတစ်ချို့တောင်မှသူတို့ရည်းစားသူတို့မေ့လျော့ပြီးကလူ၏မြူ၏ဖြင့်မသိမသာပြုမူကြနေကြသည်။

အထူးသဖြင့်စိတ်ကူးယဥ်ချစ်သူထက်အဆမတန်ပိုသာတဲ့ဟေးလစ်ခ်ကိုဖြစ်သည်။ရှောင်ကျန့်ကဟေးလစ်ခ်နဲ့ယှဥ်ရင်ခေါင်းတစ်လုံးစာလောက်အရပ်ပုသည့်အပြင် သူ့ရဲ့ရုပ်သွင်မှာလှပသွယ်လျသည့်ဘက် ပိုရောက်တာကြောင့်မိန်းကလေးတွေအတွက်  ရှောင်ကျန့်နဲ့သာတွဲခဲ့ရင်လွန်စွာနိမ့်ကျပုံပေါ်နေပေသည်။ဒါကြောင့်ရှောင်ကျန့်ကိုစိတ်ဝင်စားပါသော်လည်းဟေးလစ်ခ်ဘက်ပိုမိုအားသာနေရခြင်းဖြစ်သည်။

ရှောင်ကျန့်နှင့်ဟေးလစ်ခ်ကိုယ်တိုင်လည်းလူအများ၏အကြည့်ကိုနားလည်သဘောပေါက်သည်။မိန်းကလေးတော်တော်များများ၏အကြည့်ကြောင့်ရှောင်ကျန့်မှာအတော်လေးသဝန်တိုသွားသော်လည်းသူ့ချစ်သူကဂရုမစိုက်ဟန်ပေါ်တာကြောင့်အနည်းငယ်ကျေနပ်လို့သွားသည်။

ရှောင်ကျန့်ကအဆင်ပြေသေးပေမယ့်ဟေးလစ်ခ်၏အတွင်းစိတ်ထဲ၌ပေါက်ကွဲတော့မတတ်ဖြစ်နေလေသည်။ဘာကြောင့်ဆိုသူ့ကိုကိုကအရမ်းလှသည်။

ဒါကြောင့်မိန်းကလေးတွေအပြင်ယောက်ျားလေးတော်တော်များများ၏အကြည့်မှာရှောင်ကျန့်ကိုဘယ်စိတ်ကူးဖြင့်တွေးနေမှန်းသူဖောက်ထွင်းမြင်နေရ၏။ဒီအကြည့်တွေကြောင့်သူ့စိတ်အလုံးစုံမှာကြမ်းတမ်းခက်ထန်လာပြီးသူ့ကိုကို ကိုကြည့်နေတဲ့မျက်လုံးတိုင်းကိုဖောက်ထုတ်ပြစ်ချင်စိတ်အားသေလုမတတ်ထိန်းချုပ်လို့ထားရသည်။

ဖြစ်နိုင်ရင်သူ့ကိုကို အားသူငယ်ငယ်တုန်းကလိုဝဝကစ်ကစ်ပုံစံလေးသာဖြစ်နေစေချင်တော့သည်။ဒါဆိုရင်လူတွေအများကြီး သူ့ကိုကို ကိုဒီလိုမျိုးပြစ်မှားနေတော့မှာမဟုတ်ပေ။

သူကိုယ်တိုင်ကတော့ ကိုကိုဖြစ်နေသ၍ပိန်ပိန်ဝဝ ရုပ်ဆိုးအကျဥ်းတန်နေပါစေ။ချစ်နိုင်သည်။သူချစ်တာရုပ်ရည်ကိုမဟုတ်ပဲသူ့ကိုကိုဆိုတဲ့ဖြစ်တည်မှုနဲ့ ဝိဥာဥ်ကိုသာဖြစ်သည်။

ကိုကိုသာအရင်တိုင်းဝဝလေးဖြစ်နေခဲ့ရင်သူပွေ့ဖက်ရတာပိုကောင်းနိုင်သည်။ရုပ်ဆိုးနေရင်သူ့ကိုကိုရဲ့မျက်နှာကိုသူတစ်ယောက်တည်းမောင်ပိုင်စီးပြီးကြည့်ရှု့ခွင့်ရပေလိမ့်မည်။စကားမပြောနိုင်ရင်သူကိုယ်တိုင်ကသူ့ကိုကိုရဲ့ 'အသံ'လေးဖြစ်ပေးနိုင်သည်။နားမကြားခဲ့ရင်သူကကိုကို့ရဲ့ 'နား'လေးဖြစ်ပေးနိုင်သည်။

မည်သည့်ချို့ယွင်းချက်ပဲရှိရှိ ကိုကိုဟူသည့်ဖြစ်တည်မှုလေး ဖြစ်ရန်သာလိုအပ်သည်။သူ့ကိုကိုဖြစ်နေသ၍ထိုချို့ယွင်းချက်မှန်သမျှသူချစ်ပေး၊တန်ဖိုးထားပေးနိုင်သည်။

ရှောင်ကျန့်ကဟေးလစ်ခ်၏စိတ်အခြေအနေအတတ်အကျကိုသတိထားမိလိုက်သည်။သူနှစ်သိမ့်ပေးသည့်အနေဖြင့်ဟေးလစ်ခ်၏တင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့လက်သီးအပေါ်သူ့လက်ဖဝါးလေးဖြင့်ပုတ်ပေးလိုက်သည်။

ဤအပြုအမူမှာသူတို့နှစ်ယောက်ဘဝတိုင်းပြုလုပ်ဖူးသည်။ရိပေါ်ရဲ့စိတ်အခြေအနေဆိုးဝါးလာတိုင်းရှောင်ကျန့်ကလက်ဖမိုးပေါ်ခပ်ဖွဖွပုတ်ပေးရင်းနှစ်သိမ့်ပေးပေလိမ့်မည်။

ဟေးလစ်ခ်ကိုယ်တိုင်လည်းရှောင်ကျန့်၏ထိုအပြုအမူကနေတစ်ဆင့်ရင်းနှီးကျွမ်းဝင်မှုတစ်ရပ်ကိုခံစားလိုက်ရ၏။သူ့ရဲ့ကြွတတ်လာတဲ့ဒေါသစိတ်နဲ့ခက်ထန်ကြမ်းတမ်းမှုတွေမှာစိတ်ငြိမ်ဆေးထိုးပေးလိုက်သလိုမျိုးငြိမ်ကျသွားသည်။

သူချက်ချင်းရှောင်ကျန့်ရဲ့လက်ဖဝါးလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီးလူတိုင်းအရှေ့မှာပင်သူ့နှုတ်ခမ်းနားတိုးကပ်စေ၍ဖိနမ်းလိုက်သည်။

"အား!!!!!!!!သူနမ်းလိုက်တယ်!!!သူတကယ်ကြီးနမ်းလိုက်တယ်ဟ!!!!အားးးးးး"

စင်အောက်ကမိန်းကလေးများစွာ၏တစ်အားအားဖြင့်ကမ္ဘာပျက်ရင်းအကျေနပ်လွန်သွားသည့်အသံတွေအပြင်ယောက်ျားလေးအုပ်စု၏ဝိုးကနဲအံ့အားသင့်သွားသံတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။

စီစဥ်တင်ဆက်သူမိန်းကလေးဆိုရင်နှာခေါင်းသွေးတောင်လျှံလာလို့သူမခေါင်းကိုမိုးပေါ်သို့မော့ထားလိုက်ရသည်အထိပင်။

အား!!!!!ဒီအတွဲကချိုမြိန်လိုက်တာ။

_________________________________________________________

Zawgyi

"ကိုကို....ျမန္ျမန္လုပ္ပါဗ်"

"အိုက္ယား....အရမ္းေလာတာပဲ...."

"ေလာရမွာေပါ့ကိုကိုရ....ကိုကိုနဲ႕အတူေလွ်ာက္လည္ရဖို႔ကြၽန္ေတာ္ေစာင့္ေတာင္မေစာင့္နိုင္ေတာ့ဘူး"

ေဟးလစ္ခ္ကအေလာတႀကီးအခန္းထဲကထြက္လာသည့္ေရွာင္က်န့္၏လက္ေလးႏွစ္ဖက္ကိုအျမတ္တနိုးဆြဲယူ၍သူ႕ႏႈတ္ခမ္းနားဖိကပ္လိုက္သည္။

ဒီေန႕ကသူနဲ႕ကိုကို႔ရဲ႕ First Date ျဖစ္တာေၾကာင့္သူ႕ရင္ထဲတစ္ဒိတ္ဒိတ္ျဖင့္စိတ္လႈပ္ရွားေပ်ာ္႐ႊင္ေနေပသည္။ကိုကိုကဒီေန႕တြင္ေပါ့ေပါ့ပါးပါးအျဖဴေရာင္တီရွပ္ႏွင့္ဂ်င္းေဘာင္းဘီကိုဝတ္ဆင္ထားေသာ္လည္းအရမ္းကိုလွပသစ္လြင္ၿပီးတတ္တတ္ႂကြႂကြျဖင့္လူတိုင္း၏အာ႐ုံကိုဖမ္းစားနိုင္သည္။

ေဟးလစ္ကိုယ္တိုင္ကလည္းေရွာင္က်န့္ႏွင့္ဆင္တူcoupleအျဖဴေရာင္တီရွပ္ႏွင့္ဂ်င္းေဘာင္းဘီကိုဝတ္ဆင္လို႔ထားသည္။အျဖဴေရာင္တီရွပ္ေပၚကအသည္းပုံတစ္ျခမ္းဆီတည္ရွိေနျခင္းေၾကာင့္ေတြ႕သည့္ျမင္သည့္မည္သူမဆိုသူတို႔ႏွစ္ဦးမွာခ်စ္သူစုံတြဲေတြျဖစ္ေၾကာင္းသိသာေစသည္။

ေဟးလစ္ကရွားရွားပါးပါးအျဖဴေရာင္ဝတ္ဆင္ခဲ့သည္။ျဖဴေဖြးသည့္အသားအေရ၊အခ်ိဳးအစားက်နတဲ့ခႏၶာကိုယ္ႏွင့္ေခ်ာေမာလြန္းသည့္မ်က္ႏွာမွာလူငယ္ဆန္ဆန္ေလးျဖင့္ဝင္းပလို႔ေနသည္။ေဟးလစ္ခ္၏႐ုပ္ရည္မွာထင္ရွားလြန္းတာေၾကာင့္ေယာက္်ားမိန္းမ မေ႐ြးေငးေမာမွင္သပ္သြားေစနိုင္သည္။

ေရွာင္က်န့္မွာပထမဦးဆုံးအေနျဖင့္ေခ်ာေမာလြန္းတဲ့ငယ္ငယ္႐ြယ္႐ြယ္ခ်စ္သူတစ္ေယာက္ရွိရျခင္းအေပၚအနည္းငယ္စိတ္ကသိကေအာင့္ျဖစ္လာသည္။သူ႕ခ်စ္သူကိုလူတိုင္းအ႐ူးလိုမ်ိဳးေငးေမာျပစ္မွားၾကမည္ကိုသူသဝန္တိုလြန္းလွသည္။ေရွာင္က်န့္၏မ်က္ႏွာေလးမွာရွာလကာရည္နံ႕ႏွင့္အတူဆူပုတ္လာၿပီးေဟးလစ္ခ္၏ေခ်ာလြန္းတဲ့မ်က္ႏွာႀကီးကိုဆြဲညွစ္လိုက္သည္။

"မင္းဘာလို႔ဒီေလာက္ထိေတာင္ေခ်ာေနရတာလဲ...."

ေဟးလစ္ခ္ကၿပဳံးၿပဳံးႀကီးပင္သူ႕ခါးကိုငုံ႕ကိုင္းေပးထားၿပီးေရွာင္က်န့္စိတ္ေက်နပ္သည္အထိသူ႕မ်က္ႏွာကိုဖ်စ္ညွစ္ခြင့္ျပဳထားသည္။သူ႕ကိုကိုရဲ႕ရွာလကာရွည္နံ႕သင္းေနသည့္စကားကိုၾကားသည့္အခါတြင္သူ႕ရင္ထဲကလိကလိျဖစ္လြန္းလို႔အားရပါးရသာဆြဲဖက္ျပစ္လိုက္သည္။

"ကိုကိုကဘာလို႔ဒီေလာက္ထိေတာင္ခ်စ္စရာေကာင္းေနရတာလဲ...."

ေရွာင္က်န့္၏ခႏၶာကိုယ္တစ္ခုလုံးကိုစိတ္တိုင္းက်ေပြ႕ဖက္၊ပြတ္သပ္ၿပီးေနာက္ၿပဳံးၿဖီးေနသည့္မ်က္ႏွာႀကီးျဖင့္လႊတ္ေပးသည္။ၿပီးေနာက္ေရွာင္က်န့္ရဲ႕လက္ဖဝါးေလးကိုႏူးႏူးညံ့ညံ့ဆုပ္ကိုင္၍ေတာက္ပသည့္အၿပဳံးတစ္ပြင့္ကိုလွစ္ဟျပလိုက္၏။

"သြားရေအာင္ေလကိုကို...."

ခ်စ္သူရည္းစားေတြခ်ိန္းေတြ႕ဖို႔အေကာင္းဆုံးေနရာကဘာလဲ။

ေသခ်ာေပါက္ကစားကြင္းတို႔႐ုပ္ရွင္႐ုံတို႔ေပါ့။ဒါ့အျပင္တစ္ျခားလည္စရာပတ္စရာအပန္းေျဖေနရာေတြအမ်ားႀကီးရွိေသးသည္။ပန္းၿခံဆိုတာကသမီးရည္းစားအတြဲေတြအတြက္ခ်ိန္းေတြ႕လို႔အေကာင္းဆုံးေနရာေတြထဲမွာထိပ္ဆုံးကပါဝင္ေၾကာင္းေတာ္ေတာ္မ်ားမ်ားသိၾကသည္။

ေရွာင္က်န့္တို႔ႏွစ္ေယာက္ပထမဆုံးခ်ိန္းေတြ႕မည့္ေနရာမွာကစားကြင္း၌ျဖစ္သည္။

ေနရာအႏွံ႕အတြဲေတြကိုမ်က္စိတစ္ဆုံးျမင္ေတြ႕ေနရသည္။ထိုအတြဲေတြၾကားထဲထင္ထင္ရွားရွားအရွိဆုံးမွာေရွာင္က်န့္ႏွင့္ေဟးလစ္ခ္တို႔ႏွစ္ေယာက္သာျဖစ္သည္။ႏွစ္ေယာက္လုံး၏႐ုပ္ရည္မွာအလြန္အမင္းေခ်ာေမာထင္ရွားေနသည့္အျပင္သူတို႔ႏွစ္ေယာက္ဝတ္ဆင္ထားသည့္ Coupleအကၤ်ီေၾကာင့္ေတာ္ေတာ္မ်ားမ်ားမွာလည္ျပန္ေငးလ်က္အံ့အားသင့္ေနၾကသည္။

မင္းသားရႈံးေအာင္ေခ်ာတဲ့ေကာင္ေခ်ာေလးႏွစ္ေယာက္ဟာရွင္းရွင္းလင္းလင္းႀကီးအတြဲေတြျဖစ္ေနၾကသည္။

ကစားကြင္းမွာရွိတဲ့မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာသူတို႔ႏွစ္ဦးကိုၾကည့္ရင္းအခ်င္းခ်င္းရိုက္လိုက္ပုတ္လိုက္ျဖင့္လက္သည္းကိုက္ေနၾကသည္။

ဒီေလာကမွာရွိတဲ့႐ုပ္ေခ်ာတဲ့ေကာင္ေလးတိုင္းမွာသူမတို႔အပိုင္မျဖစ္နိုင္ေတာ့မွန္းရင္နာနာနဲ႕လက္ခံလိုက္သူေတြရွိသလိုရွားပါးလြန္းေသာလိုက္ဖက္လွသည့္BLအတြဲေလးတစ္တြဲေၾကာင့္စိတ္ထဲေအာ္ဟစ္ေနသည့္ဖူဂ်ီရွီေတြလည္းရွိသည္။

ကံဆိုးစြာျဖင့္အႏွီးလူအေပါင္းမွ ေရွာင္က်န့္တို႔ႏွစ္ေယာက္၏အာ႐ုံစိုက္မႈကိုမရရွိၾကေခ်။

"ရိုလာကိုစတာ စီးၾကရေအာင္...."

ေရွာင္က်န့္ကစိတ္လႈပ္ရွားေနသည့္မ်က္လုံးေတာက္ေတာက္ေလးေတြႏွင့္ေဟးလစ္ခ္၏လက္ေမာင္းတစ္ဖက္ကိုလႈပ္ခါရင္းေျပာသည္။

"အင္း..."

ေဟးလစ္ခ္ကေပ်ာ္႐ႊင္စြာပင္သေဘာတူလိုက္သည္။

ရိုလာကိုစတာစီးခ်ိန္၌ေရွာင္က်န့္နဲ႕ေဟးလစ္ခ္မွာေဘးခ်င္းကပ္ရပ္ထိုင္၍ရထားတြဲလႈပ္ရွားသည့္အခ်ိန္လုံးသူတို႔လက္ေတြကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၾကသည္။

ေရွာင္က်န့္ဟာအားရပါးရေအာ္ဟစ္၍ေဟးလစ္ခ္၏မ်က္ႏွာမွာလည္းတစ္ခ်ိန္လုံးၿပဳံး႐ႊင္ေနေပသည္။ရိုလာကိုစတာစီးၿပီးသည့္အခ်ိန္၌ေရွာင္က်န့္မွာvampireတစ္ေယာက္ျဖစ္ေသာ္လည္းပဲအနည္းငယ္မူးေဝေနသလိုခံစားရသည္။

"ကိုကို....ဒီမွာကိုကို႔အတြက္...."

ေဟးလစ္ခ္ကေရွာင္က်န့္ရဲ႕ေခါင္းေပၚကိုယုန္နား႐ြက္ဘီးကုတ္ေလးတစ္ခုတပ္ေပးသည္။သူ႕ေခါင္းမွာလည္းျခေသၤ့နား႐ြက္ဘီးကုတ္ေလးရွိလို႔ေနသည္။

အျဖဴေရာင္ယုန္နား႐ြက္ရွည္ရွည္ေလးႏွစ္ဖက္မွာေရွာင္က်န့္၏ေခါင္းထက္တြင္ေနရာယူလ်က္ျပဴးေၾကာင္ေၾကာင္မ်က္လုံးေလးေတြႏွင့္ေပါင္းစပ္လိုက္သည့္အခါတြင္ေဟးလစ္ခ္၏ရင္ဘတ္တစ္ခုလုံးကိုယားယံသြားေစသည္။

အား......သူ႕ကိုကိုကတကယ့္ကိုယုန္ျဖဴေလးတစ္ေကာင္ပဲ။

စိတ္ထဲကေနတစ္အားအားေအာ္လ်က္ကမၻာပ်က္ေနသူေဟးလစ္ခ္ဟာေရွာင္က်န့္၏အသံၾကားကာမွျပန္လည္သတိဝင္လာသည္။

"ဒါကိုဘယ္ကရတာလဲ"

သူ႕ေခါင္းေပၚကယုန္နား႐ြက္ေလးကိုထိကိုင္ရင္းေရွာင္က်န့္ဟာသိလိုစိတ္အျပည့္ျဖင့္ေဟးလစ္ခ္ကိုၾကည့္သည္။

"ဟီး....လူတစ္ေယာက္ဒီလိုထူးထူးဆန္းဆန္းဘီးကုတ္ေတြေရာင္းေနတာေတြ႕လိုက္လို႔....ကိုကိုနဲ႕ဆိုအရမ္းလိုက္မယ္ထင္လို႔ဝယ္လိုက္တာ....တကယ္ႀကီးကိုကိုကအရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔ကြၽန္ေတာ္ရင္ထဲမွာပု႐ြက္ဆိတ္ေတြအမ်ားႀကီးသြားလာေနသလိုေတာင္ခံစားရတယ္"

ေရွာင္က်န့္ရဲ႕ပါးေလးႏွစ္ဖက္မွာအနည္းငယ္ရဲတတ္သြားသည္။ဘယ္သူကေရာကိုယ့္ခ်စ္သူကကိုယ့္ကိုခ်ီးက်ဴးတာသေဘာမက်ပဲေနမွာလဲ။

ေရွာင္က်န့္ဟာအရွက္ေျပသူ႕ေခါင္းကိုလွည့္၍ဟိုဟိုဒီဒီေလွ်ာက္ၾကည့္ရင္းလူေပါင္းမ်ားစြာတစ္ဝုန္းဝုန္းတစ္႐ုန္း႐ုန္းျဖစ္ေနသည့္ေနရာကိုသတိထားမိသြားသည္။

"ငါတို႔အဲ့ဒီေနရာကိုသြားၾကည့္ရေအာင္ေလ"

ေဟးလစ္ခ္ကေရွာင္က်န့္စကားကိုတစ္ခါမွျငင္းဆန္တာမ်ိဳးမရွိပဲေက်ေက်နပ္ႀကီးသူ႕ကိုကိုဆြဲေခၚရာေနာက္ကိုလိုက္ပါသြားသည္။

လူေတြဝိုင္းအုံေနသည္မွာစင္ျမင့္တစ္ခုကိုျဖစ္သည္။ေနာက္ေတာ့မွသိလိုက္ရသည္မွာ၎က ကစားကြင္းကိုလာတဲ့ခ်စ္သူရည္းစားေတြအတြက္ ကစားပြဲတစ္ခုဖန္တီးေပးကာဝင္ၿပိဳင္ဖို႔ရန္ကမ္းလွမ္းေနၾကျခင္းပင္။

ဤသည္မွာကစားကြင္းစတင္တည္ေထာင္ရာသက္တမ္း၂၂ႏွစ္ျပည့္အခမ္းအနားအတြက္ ျပဳလုပ္ေပးသည့္ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုျဖစ္သည္။ဆုေတြကေပါ့ေပါ့တန္တန္ေပးအပ္ထားတာမဟုတ္ေပ။

စီစဥ္တင္ဆက္သူမိန္းကေလးကမိုက္ကေနတစ္ဆင့္ေျပာသည္။

"ပါဝင္ခ်င္တဲ့ဘယ္စုံတြဲမဆိုစာရင္းေပးသြင္းနိုင္ပါတယ္ရွင္.....ပထမရတဲ့စုံတြဲကလူတစ္ရပ္စာဝက္ဝံ႐ုပ္အႀကီးႀကီးနဲ႕ႏွင္းဆီပန္း၉၉ပြင့္ပါတဲ့ ပန္းစည္းအျပင္အသည္းပုံေခ်ာကလက္ဘူးႀကီးတစ္ခုကိုရမွာေနာ္....အဲ...အဓိကဆုကေတာ့ယြမ္၁သိန္းေက်ာ္တန္တဲ့စုံတြဲလက္စြပ္ေလးပဲျဖစ္ပါတယ္ရွင့္....."

ေဘးပတ္လည္မွာရွိတဲ့စုံတြဲတိုင္း၏မ်က္လုံးေတြမွာတစ္လက္လက္ေတာက္ပသြားၾကသည္။ဒီအတိုင္းလာၾကည့္သည့္လူေတာ္ေတာ္မ်ားမ်ားဟာေတာ့သူတို႔ရဲ႕ေဂၚမစြံသည့္ဘဝကိုသာအျပစ္တင္လိုက္နိုင္ၾကသည္။

ေရွာင္က်န့္ဟာလည္းေယဘုယ်အားျဖင့္၎ၿပိဳင္ပြဲကိုစိတ္ဝင္စားသြားသည္။ယြမ္တစ္သိန္းဆိုသည္မွာေဟးလစ္ခ္အတြက္ဘာမွမဟုတ္ေသာ္လည္းပဲအမွတ္တရလက္ေဆာင္အျဖစ္လိုခ်င္စိတ္ေတာ့ရွိသည္။သူတို႔နိုင္နိုင္ရႈံးရႈံးအေပ်ာ္သေဘာျဖင့္ဝင္ၿပိဳင္ခ်င္သည္။

"ငါတို႔ႏွစ္ေယာက္လည္းဝင္ၿပိဳင္ၾကရေအာင္ေလ..."

"ကိုကို႔သေဘာ...."

ေဟးလစ္ခ္ကၿပဳံးၿပဳံးႀကီးသေဘာတူသည္။သူ႕အတြက္ကိုကိုကသူ႕အပိုင္ျဖစ္ေၾကာင္းလူေတြပိုသိေလပိုေပ်ာ္ေလျဖစ္သည္။

စာရင္းကိုင္မိန္းကေလးဟာသူတို႔ႏွစ္ေယာက္စာရင္းလာသြင္းသည္ကိုျမင္သည့္အခါတြင္ပါးစပ္အေဟာင္းသားျဖင့္ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားရွာသည္။အမွန္ေတာ့စာရင္းလာသြင္းသည့္စုံတြဲေတြထဲမွာေယာက္်ားေလးစုံတြဲမပါတာမ်ိဳးေတာ့မဟုတ္ေပ။

ရွားရွားပါးရားလိင္တူစုံတြဲႏွစ္တြဲေတာင္ပါလာေသာ္လည္းသူမအေရွ႕ကဒီႏွစ္ေယာက္ကေတာ့သူမျမင္ဖူးသမွ်လူေတြထက္အဆေပါင္းမ်ားစြာေခ်ာေမာၿပီးစြဲေဆာင္နိုင္လြန္းသလိုမထင္မွတ္ထားေလာက္ေအာင္လိုက္ဖက္ညီလို႔ေနသည္။

သူမစိတ္ထဲၿပိဳင္ပြဲမွာဒီအတြဲကပထမရနိုင္ေခ်အရွိဆုံးလို႔ဘာရယ္မသိ ခံစားလိုက္ရသည္။

ၿပိဳင္ပြဲဝင္ခ်င္သည့္စုံတြဲေတြမွာအေယာက္ႏွစ္ဆယ္ေလာက္ရွိသည္ကိုျမင္သည့္အခါတြင္ပြဲၾကည့္ပရိတ္သတ္အေပါင္းမွာပိုမိုစိတ္လႈပ္ရွားသြားၾကသည္။

အထူးသျဖင့္လိင္တူစုံတြဲသုံးတြဲေတာင္ေတြ႕လိုက္ရတာေၾကာင့္စင္ေအာက္ကမိန္းကေလးအေပါင္း၏ေအာ္သံေတြမွာအနီးအနားကတစ္ျခားေသာလူအမ်ားႀကီးကိုစြဲေဆာင္လိုက္နိုင္သည္။

ေရွာင္က်န့္ႏွင့္ေဟးလစ္ခ္တို႔ႏွစ္ဦးစင္ျမင့္ေပၚတတ္လာသည့္အခါတြင္စီစဥ္သူမိန္းကေလးအျပင္လူတိုင္းမွာသူတို႔၏အလွအပျဖင့္စြဲေဆာင္ျခင္းခံလိုက္ရသည္။

အထူးသျဖင့္အရပ္ျမင့္ျမင့္ျဖင့္မိန္းကေလးတိုင္း၏စိတ္ကူးယဥ္အိပ္မက္ထဲကလိုအျပစ္အနာအဆာကင္းစင္တဲ့မ်က္ႏွာေခ်ာေခ်ာအျပင္သန္မာတဲ့ခႏၶာကိယ္အခ်ိဳးအစားကိုပိုင္ဆိုင္သည့္ ေဟးလစ္ခ္ျဖစ္သည္။

သူ႕ရဲ႕ဖီးနစ္သ႑ာန္မ်က္ဝန္းေတြမွာျပင္းထန္သည့္ဖိအားတစ္မ်ိဳးကိုသယ္ေဆာင္ထားၿပီးသူ႕ေဘးကလူသားေလးမွလြဲရင္အရာအားလုံးကိုလ်စ္လ်ဴရႈ႕ထားသည့္ဟန္ေပၚ၏။သူ႕ခႏၶာကိုယ္ေဘးပတ္လည္မွာျဖာထြက္ေနသည့္ထူးျခားျမင့္ျမတ္သည့္အရွိန္အဝါေၾကာင့္ထိုသူမွာတကယ့္ကိုသာမန္လူတစ္ေယာက္မဟုတ္ေၾကာင္းသိသာေနသည္။

ဒါအျပင္သူ႕ခႏၶာကိုယ္မွာထူးထူးျခားျခားဆင္ယင္ထားတာမ်ိဳးမရွိပါေသာ္လည္းသူစီးထားသည့္ဖိနပ္၊သူ႕လက္ကနာရီအျပင္ဝတ္ထားသည့္ Coupleအကၤ်ီကေတာင္ ေငြရွိတိုင္းဝယ္မရသည့္အကန့္အသတ္ထုတ္ ကမၻာ့အဆင့္မွီဘရန္းေတြျဖစ္ၾကသည္။

ေရွာင္က်န့္၏ခႏၶာကိုယ္ေပၚမွာလည္းေဟးလစ္ခ္နည္းတူတစ္ပုံစံတည္းဆင္ယင္ထားတာေၾကာင့္ဒီစုံတြဲမွာေသလုေအာင္ခ်မ္းသာတဲ့သခင္ေလးႏွစ္ေယာက္ျဖစ္နိုင္ေပသည္။

နတ္ဘုရားလိုစြဲေဆာင္နိုင္သည့္႐ုပ္ရည္၊ဘရန္းေတြသာဝတ္ဆင္သည့္သူေဌးသားစုံတြဲေၾကာင့္ ရည္းစားရွိသည့္မိန္းကေလးတစ္ခ်ိဳ႕ေတာင္မွသူတို႔ရည္းစားသူတို႔ေမ့ေလ်ာ့ၿပီးကလူ၏ျမဴ၏ျဖင့္မသိမသာျပဳမူၾကေနၾကသည္။

အထူးသျဖင့္စိတ္ကူးယဥ္ခ်စ္သူထက္အဆမတန္ပိုသာတဲ့ေဟးလစ္ခ္ကိုျဖစ္သည္။ေရွာင္က်န့္ကေဟးလစ္ခ္နဲ႕ယွဥ္ရင္ေခါင္းတစ္လုံးစာေလာက္အရပ္ပုသည့္အျပင္ သူ႕ရဲ႕႐ုပ္သြင္မွာလွပသြယ္လ်သည့္ဘက္ ပိုေရာက္တာေၾကာင့္မိန္းကေလးေတြအတြက္ ေရွာင္က်န့္နဲ႕သာတြဲခဲ့ရင္လြန္စြာနိမ့္က်ပဳံေပၚေနေပသည္။ဒါေၾကာင့္ေရွာင္က်န့္ကိုစိတ္ဝင္စားပါေသာ္လည္းေဟးလစ္ခ္ဘက္ပိုမိုအားသာေနရျခင္းျဖစ္သည္။

ေရွာင္က်န့္ႏွင့္ေဟးလစ္ခ္ကိုယ္တိုင္လည္းလူအမ်ား၏အၾကည့္ကိုနားလည္သေဘာေပါက္သည္။မိန္းကေလးေတာ္ေတာ္မ်ားမ်ား၏အၾကည့္ေၾကာင့္ေရွာင္က်န့္မွာအေတာ္ေလးသဝန္တိုသြားေသာ္လည္းသူ႕ခ်စ္သူကဂ႐ုမစိုက္ဟန္ေပၚတာေၾကာင့္အနည္းငယ္ေက်နပ္လို႔သြားသည္။

ေရွာင္က်န့္ကအဆင္ေျပေသးေပမယ့္ေဟးလစ္ခ္၏အတြင္းစိတ္ထဲ၌ေပါက္ကြဲေတာ့မတတ္ျဖစ္ေနေလသည္။ဘာေၾကာင့္ဆိုသူ႕ကိုကိုကအရမ္းလွသည္။

ဒါေၾကာင့္မိန္းကေလးေတြအျပင္ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ား၏အၾကည့္မွာေရွာင္က်န့္ကိုဘယ္စိတ္ကူးျဖင့္ေတြးေနမွန္းသူေဖာက္ထြင္းျမင္ေနရ၏။ဒီအၾကည့္ေတြေၾကာင့္သူ႕စိတ္အလုံးစုံမွာၾကမ္းတမ္းခက္ထန္လာၿပီးသူ႕ကိုကို ကိုၾကည့္ေနတဲ့မ်က္လုံးတိုင္းကိုေဖာက္ထုတ္ျပစ္ခ်င္စိတ္အားေသလုမတတ္ထိန္းခ်ဳပ္လို႔ထားရသည္။

ျဖစ္နိုင္ရင္သူ႕ကိုကို အားသူငယ္ငယ္တုန္းကလိုဝဝကစ္ကစ္ပုံစံေလးသာျဖစ္ေနေစခ်င္ေတာ့သည္။ဒါဆိုရင္လူေတြအမ်ားႀကီး သူ႕ကိုကို ကိုဒီလိုမ်ိဳးျပစ္မွားေနေတာ့မွာမဟုတ္ေပ။

သူကိုယ္တိုင္ကေတာ့ ကိုကိုျဖစ္ေနသ၍ပိန္ပိန္ဝဝ ႐ုပ္ဆိုးအက်ဥ္းတန္ေနပါေစ။ခ်စ္နိုင္သည္။သူခ်စ္တာ႐ုပ္ရည္ကိုမဟုတ္ပဲသူ႕ကိုကိုဆိုတဲ့ျဖစ္တည္မႈနဲ႕ ဝိဥာဥ္ကိုသာျဖစ္သည္။

ကိုကိုသာအရင္တိုင္းဝဝေလးျဖစ္ေနခဲ့ရင္သူေပြ႕ဖက္ရတာပိုေကာင္းနိုင္သည္။႐ုပ္ဆိုးေနရင္သူ႕ကိုကိုရဲ႕မ်က္ႏွာကိုသူတစ္ေယာက္တည္းေမာင္ပိုင္စီးၿပီးၾကည့္ရႈ႕ခြင့္ရေပလိမ့္မည္။စကားမေျပာနိုင္ရင္သူကိုယ္တိုင္ကသူ႕ကိုကိုရဲ႕ 'အသံ'ေလးျဖစ္ေပးနိုင္သည္။နားမၾကားခဲ့ရင္သူကကိုကို႔ရဲ႕ 'နား'ေလးျဖစ္ေပးနိုင္သည္။

မည္သည့္ခ်ိဳ႕ယြင္းခ်က္ပဲရွိရွိ ကိုကိုဟူသည့္ျဖစ္တည္မႈေလး ျဖစ္ရန္သာလိုအပ္သည္။သူ႕ကိုကိုျဖစ္ေနသ၍ထိုခ်ိဳ႕ယြင္းခ်က္မွန္သမွ်သူခ်စ္ေပး၊တန္ဖိုးထားေပးနိုင္သည္။

ေရွာင္က်န့္ကေဟးလစ္ခ္၏စိတ္အေျခအေနအတတ္အက်ကိဳသတိထားမိလိုက္သည္။သူႏွစ္သိမ့္ေပးသည့္အေနျဖင့္ေဟးလစ္ခ္၏တင္းတင္းၾကပ္ၾကပ္ဆုပ္ထားတဲ့လက္သီးအေပၚသူ႕လက္ဖဝါးေလးျဖင့္ပုတ္ေပးလိုက္သည္။

ဤအျပဳအမူမွာသူတို႔ႏွစ္ေယာက္ဘဝတိုင္းျပဳလုပ္ဖူးသည္။ရိေပၚရဲ႕စိတ္အေျခအေနဆိုးဝါးလာတိုင္းေရွာင္က်န့္ကလက္ဖမိုးေပၚခပ္ဖြဖြပုတ္ေပးရင္းႏွစ္သိမ့္ေပးေပလိမ့္မည္။

ေဟးလစ္ခ္ကိုယ္တိုင္လည္းေရွာင္က်န့္၏ထိုအျပဳအမူကေနတစ္ဆင့္ရင္းႏွီးကြၽမ္းဝင္မႈတစ္ရပ္ကိုခံစားလိုက္ရ၏။သူ႕ရဲ႕ႂကြတတ္လာတဲ့ေဒါသစိတ္နဲ႕ခက္ထန္ၾကမ္းတမ္းမႈေတြမွာစိတ္ၿငိမ္ေဆးထိုးေပးလိုက္သလိုမ်ိဳးၿငိမ္က်သြားသည္။

သူခ်က္ခ်င္းေရွာင္က်န့္ရဲ႕လက္ဖဝါးေလးကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ၿပီးလူတိုင္းအေရွ႕မွာပင္သူ႕ႏႈတ္ခမ္းနားတိုးကပ္ေစ၍ဖိနမ္းလိုက္သည္။

"အား!!!!!!!!သူနမ္းလိုက္တယ္!!!သူတကယ္ႀကီးနမ္းလိုက္တယ္ဟ!!!!အားးးးးး"

စင္ေအာက္ကမိန္းကေလးမ်ားစြာ၏တစ္အားအားျဖင့္ကမၻာပ်က္ရင္းအေက်နပ္လြန္သြားသည့္အသံေတြအျပင္ေယာက္်ားေလးအုပ္စု၏ဝိုးကနဲအံ့အားသင့္သြားသံေတြက်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာသည္။

စီစဥ္တင္ဆက္သူမိန္းကေလးဆိုရင္ႏွာေခါင္းေသြးေတာင္လွ်ံလာလို႔သူမေခါင္းကိုမိုးေပၚသို႔ေမာ့ထားလိုက္ရသည္အထိပင္။

အား!!!!!ဒီအတြဲကခ်ိဳၿမိန္လိုက္တာ။

_________________________________________________________

Continue Reading

You'll Also Like

95.7K 10.4K 120
အာဃာတနဲ့မေတ္တာ၊ ဦးနှောက်နဲ့ နှလုံးသား။ တိုင်းပြည်နဲ့လူမျိုး ၊ တာဝန်နဲ့ဝတ္တရား။ ဘယ်ကိုဆက်လျှောက် လမ်းပျောက်နေတဲ့အခါ... ဤနေရာမှာခြေစုံရပ်လို့။ အနောက်...
398K 50.5K 38
Hey ! Let me be your wrong person . . . .
120K 10.8K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...