နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [13]

1.4K 157 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း (၁၃) - အခွင့်အရေး

“ခမည်းတော်ကို ဂါဝရပြုပါတယ်..”

ဟန်မင်းဆက်၊ ဝူဧကရာဇ်၏သမီးတော် မင်းသမီးသန်းလီသည် ဓလေ့ထုံးတမ်းနှင့်အညီ ဂါဝရပြုလာခဲ့လေ၏။ ထိုအပြုအမူက မင်းသမီးတစ်ပါး၏ ဂုဏ်အသရေ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်တတ်မှုတို့ကို ဖော်ပြနေရုံသာမက ဖခင်ဖြစ်သူနှင့် မည်မျှအနေနီးစပ်သည်ကိုလည်း ဖော်ပြနေလေသည်။

“အရမ်းကောင်းတယ်.. Cut!”

ဒါရိုက်တာရှုက အဖွဲ့သားများကို လက်ဝှေ့ရမ်းပြလိုက်သည်။

နဉ်ရှီ လှည့်ကြည့်လိုက်သောအခါ တစ်ချိန်လုံး ဒူးထောက်ထိုင်နေရသောကြောင့် မတ်တပ်ရပ်ရန် အဆင်မပြေဖြစ်နေသော ကျိုးဟိုင်လီကို မြင်လိုက်ရသည်။ ထို့ကြောင့် လက်ကမ်း၍ မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်ရင်း ပြုံးပြလိုက်၏။

ရိုက်ကူးရေးပြီးဆုံးသွားခါမှ နဉ်ရှီလည်း စိတ်သက်သာရာရတော့သည်။ ထိုင်ခုံပေါ်မှာ ထိုင်နေသော်လည်း သူမ၏နှလုံးသားလေးက တုန်ယင်နေဆဲ။ ဝါရင့်သရုပ်ဆောင်ကြီးများနှင့်အပြိုင် သရုပ်ဆောင်ရသည်က တကယ့်ကို စိတ်ပင်ပန်းစေသည်။ နဉ်ရှီခမျာ သူတို့၏အရှိန်အဝါကြောင့် ဖိနှိပ်ခံရလုနီးပါးပင်။

“အစ်မနဉ်..” ရှောင်ယန်က ပျားရည်နှင့်ရောစပ်ထားသော လက်ဖက်ရည်ကြမ်းတစ်ခွက် ကမ်းပေးလာသည်။ ပြီးနောက် အသံတိုးတိုးလေးဖြင့်.. “ဒီဝတ်စုံနဲ့ အရမ်းလှတာပဲ..”

နဉ်ရှီ မျက်လုံးဖွင့်ကာ ရှောင်ယန်ကို မော့ကြည့်လိုက်ရင်း ရယ်မောလိုက်မိသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရှောင်ယန်ခမျာ တစ်ခဏ ငုတ်တုတ်မေ့သွားရ၏။ သူမရဲ့ပူနွေးနီရဲနေသော ပါးပြင်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း နဉ်ရှီသောက်ထားသော လက်ဖက်ရည်ကြမ်းတစ်ဝက်ကို သောက်ချလိုက်မိသည်။

ထိုအချိန်မှာပင် ကျန်းချင်းယွင် ရောက်လာခဲ့သည်။ သူက တုံ့ဆိုင်းနေခဲ့ပြီးမှ နဉ်ရှီအနား လျှောက်လာကာ..
“ဒီနေ့ ကျိုးဟိုင်လီနဲ့ Scene နှစ်ခုရိုက်ရမှာနော်..”

ယနေ့ခေတ်တွင် ကျိုးဟိုင်လီသည် သရုပ်ဆောင်ငယ်လေးများလောက် လူပြောမများတော့ပါသော်လည်း သူမ၏အဆင့်အတန်း၊ အနုပညာလောကထဲမှ အဆက်အသွယ်များက သာမာန်သရုပ်ဆောင်များ မယှဉ်အောင် တည်ရှိနေလေသည်။ သို့ဖြစ်ရာ သူမ၏အဆင့်အတန်းအရ ‘Yunyue of Han Dynasty’၏ ရင်းနှီးမြှုပ်နှံသူများပင် သူမကို မျက်နှာသာပေးရလိမ့်မည်။

ကျန်းချင်းယွင်က ကျိုးဟိုင်လီအား အတိုက်အခံမပြုမိစေရန် သူမကို သတိပေးနေခြင်းဖြစ်ကြောင်း နဉ်ရှီ သဘောပေါက်လိုက်တာကြောင့် အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ဇာတ်ညွှန်းပြန်ဖတ်ရင်း သူမ,ပြောရမည့် စာသားများကို မှတ်သားနေလိုက်သည်။

တစ်ဖက်မှာတော့ များပြားလှသော အကူလက်ထောက်များ၊ မိတ်ကပ်ဆရာများသည် ကျိုးဟိုင်လီအနားတွင် ဝိုင်းဝိုင်းလည်နေခဲ့၏။ သူမက ဇာတ်ညွှန်းစာရွက်ကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရင်း ဒါရိုက်တာရှုကို စကားလှမ်းပြောလိုက်သည်။

“ကျွန်မနဲ့အတူ သရုပ်ဆောင်ရတဲ့ လူသစ်လေးက သိပ်မဆိုးဘူးပဲ..”

“မင်းတောင် ချီးကျူးတယ်ဆိုတော့ အဲ့ကောင်မလေးက တကယ်တော်တာပေါ့..”

ဒါရိုက်တာရှုက စကားတစ်ခွန်းတည်းဖြင့် နဉ်ရှီကိုရော၊ ကျိုးဟိုင်လီကိုပါ ချီးကျူးလိုက်သည်။

“ကျွန်မတို့ သိကျွမ်းလာတာ ဘယ်လောက်ကြာပြီလဲ.. အချင်းချင်း ယဉ်ကျေးပြနေစရာ မလိုတော့ပါဘူး..” ကျိုးဟိုင်လီသည် မျက်ဝန်းထောင့်မှ ဒါရိုက်တာရှုကို လှမ်းကြည့်လိုက်ရင်း.. “သိပ်မကြာခင်က လောင်ချင်း ကျွန်မကို ဇာတ်ကောင်တစ်ခုအတွက် တောင်းဆိုလာတယ်.. သူပြောတာတော့ အဲ့ဇာတ်ကောင်က အရမ်းအရေးကြီးပေမယ့် အခုထိ သင့်လျော်မယ့် သရုပ်ဆောင်ကို ရှာမတွေ့သေးလို့တဲ့..”

ဒါရိုက်တာရှု၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

“ချင်းချုံဟိုင်ရဲ့ အကြီးစား project ‘Tán Hǎixiān jì‘ အတွက်လား..?”

‘Tán Hǎixiān jì‘ ရုပ်ရှင်၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက သန်းပေါင်းရာချီလုနီးပါးပင် ရှိ၏။ ယခုနှစ်အတွက် ဈေးအမြင့်ဆုံး ရှန်းရှရုပ်ရှင်တစ်ခု ဖြစ်လာပြီး ရိုက်ကူးရေး မစတင်ခင်မှာပင် လူတော်တော်များများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။

“အရမ်းအရေးကြီးတဲ့ အရံဇာတ်ကောင်ဆိုတော့ ဘယ်နေရာမှာ သရုပ်ဆောင်ရမှာမလို့လဲ..?”

ချင်းချုံဟိုင်တွင် ဇာတ်ကောင်နှင့် ကွက်တိမဖြစ်သရွေ့ လက်မခံတတ်သော အကျင့်ဆိုးကြီးတစ်ခုရှိကြောင်း ဒါရိုက်တာချင်းလည်း သိသည်။ ရုပ်ရှင်တစ်ခု ဖန်တီးလိုတိုင်း ချင်းချုံဟိုင်၏ စိတ်ကူးပုံဖော်နိုင်စွမ်းပေါ် မူတည်၍ project တစ်ခုကို အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်တတ်၏။ မည်သို့ပင်ဆိုစေ ရင်းနှီးမြှုပ်နှံသူများက ထိုဒါရိုက်တာကို သဘောကျကြသည်။ ထို့ကြောင့် ချင်းချုံဟိုင် ရုပ်ရှင်တစ်ပုဒ် ဖန်တီးလိုတိုင်း ရင်းနှီးမြှုပ်နှံပေးမည့် တစ်စုံတစ်ယောက်ကတော့ အမြဲတမ်း ရှိနေစမြဲသာ။

သူတို့နှစ်ဦးသည် ဒါရိုက်တာချင်းတူသော်လည်း ကွာခြားချက်က သိပ်မသေးလှပေ။

“နတ်မိမယ်ချင်းယန်..” ကျိုးဟိုင်လီက ပြုံးလိုက်ကာ.. “ဝတ္ထုထဲမှာတော့ အဲ့ဇာတ်ကောင်ကို မြင့်မြတ်ကြော့ရှင်းပြီး ပြစ်ချက်မရှိတဲ့ အဘက်ဘက်က ပြီးပြည့်စုံတဲ့ အလှလေးအဖြစ် ပုံဖော်ထားတယ်လေ.. အဲ့တော့ ဒါရိုက်တာချင်းလည်း ဇာတ်ကောင်အတွက် သရုပ်ဆောင်လိုက်ရှာရင်း ဦးနှောက်ခြောက်နေရတာပေါ့..”

“ဟိုတလောကတင် သရုပ်ဆောင်တွေ ရွေးပြီးပြီလို့ သတင်းထွက်လာသေးတယ် မဟုတ်ဘူးလား..?”

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သတင်းရုပ်သံတိုင်းတွင် ‘Tán Hǎixiān jì‘ အတွက် သရုပ်ဆောင်ရွေးချယ်ပြီးကြောင်း ဖော်ပြခဲ့သည်ကို ဒါရိုက်တာရှု အမှတ်ရလိုက်လေသည်။ နတ်သမီးချင်းယန်က အဓိကဇာတ်ကောင် မဟုတ်သော်လည်း အလွန်အရေးကြီးသော ဇာတ်ကောင်တစ်ခုပင်။ ထိုကဲ့သို့သော ဇာတ်ကောင်မျိုးအတွက် အဘယ်ကြောင့် သရုပ်ဆောင် မရွေးရသေးသနည်း။

“လောင်ချင်း ဘယ်လောက်အထိ ဇီဇာကြောင်သလဲဆိုတာ ရှင်လည်း သိရဲ့သားနဲ့..” ကျိုးဟိုင်လီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း.. “နဉ်ရှီရဲ့ပုံစံ၊ ရုပ်ရည်လေးနဲ့ဆိုရင် အဲ့ဇာတ်ကောင်နဲ့ ကွက်တိပဲလို့ ကျွန်မ,ထင်တယ်.. မဟုတ်ရင်တောင် ကြိုးစားကြည့်လို့ အရှုံးမရှိပါဘူး..”

“မင်းက တကယ့်ကို သဘောထားကြီးတာပဲ..” ဒါရိုက်တာရှုက မျက်ခုံးပင့်လိုက်သည်။ “ကိုယ့်ထက်ငယ်တဲ့ လူသစ်လေးတွေကို ဒီလိုမျိုး ကူညီချင်စိတ်ရှိတယ်လေ..”

ထိုစကားကြောင့် ကျိုးဟိုင်လီက ပြုံးကာ..
“သူတို့နဲ့ကျွန်မကြားမှာ ဘာရန်ငြိုးမှ မရှိဘူးလေ.. အရာအားလုံးက ကံစီမံရာတိုင်းပဲ.. ဘယ်သူက ကံကောင်းပြီး ဘယ်သူက ကံဆိုးသွားမလဲဆိုတာ တစ်ချိန်ချိန်မှာ သိသာလာလိမ့်မယ်.. အနာဂါတ်ကို ဘယ်သူက ကြိုခန့်မှန်းနိုင်မှာလဲ..?”

ဒါရိုက်တာရှု၏စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်။ ကျိုးဟိုင်လီသည် တစ်ပါးသူကို သနားကြင်နာတတ်သော ပရဟိတသမား မဟုတ်ပါချေ။ နဉ်ရှီနှင့် ပူးပေါင်းလိုခြင်းက သူမ,ပြောနေသလိုမျိုး ရိုးရှင်းမည်မဟုတ်မှန်း သေချာနေ၏။ သို့သော် ဒါရိုက်တာရှုက နောက်ကွယ်မှအကြောင်းအရင်းကို စိတ်မဝင်စားခဲ့ပေ။ ဤလောကထဲတွင် ‘စပ်စုလိုစိတ်က ကြောင်ကို သေစေမှန်း’ လူတိုင်း နားလည်ထားကြသည်။

ညနေပိုင်း ရိုက်ကူးရေးပြီးဆုံးသွားချိန်တွင် ကျိုးဟိုင်လီ၏အေးဂျင့်က ကျန်းချင်းယွင်ကို လာရှာပြီး ဇာတ်ကောင်အသစ်အကြောင်း သတင်းပေးလာခဲ့၏။ ကျင်းချင်းယွင်တစ်ယောက် အစပိုင်းတွင် ကြောင်အမ်းသွားရသည်။ ထို့အပြင် ကျိုးဟိုင်လီက သူတို့ကို ကူညီချင်နေသည့်အပေါ် အမှန်ပင် အံ့အားသင့်နေတော့သည်။ ဤမျှကောင်းမွန်သော အခွင့်အရေးတစ်ခုကို လက်ခံနိုင်ခဲ့ခြင်းက နဉ်ရှီအတွက်တော့ ကံကောင်းခြင်းပါပင်။

ချင်းချုံဟိုင်၏ အဆင့်အတန်းက အမှန်ပင် မြင့်မား၏။ နဉ်ရှီကဲ့သို့သော သရုပ်ဆောင်သစ်လေးများသည် သူ၏ရှေ့မှောက် လူရွေးခံရန် အခွင့်အရေးမရှိပါချေ။ ကျိုးဟိုင်လီက ချင်းချုံဟိုင်နှင့် ရင်းနှီးသောကြောင့် ထိုရင်းနှီးမှုကို အခွင့်ကောင်းယူ၍ လူရွေးပွဲ ခေါ်သွားပေးခြင်းက အလွန်ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်လာချေလိမ့်မည်။

ကျန်းချင်းယွင်က နဉ်ရှီကို ပြောပြလိုက်ပြီး ကျိုးဟိုင်လီထံ ကျေးဇူးတင်စကားပြောရန် ခေါ်သွားလိုက်သည်။

“ဒီအတိုင်း နဉ်ရှီရဲ့ပုံစံလေးက ဝတ္ထုထဲကဖော်ပြချက်နဲ့ ကိုက်ညီနေတယ်လို့ ထင်မိလို့ပါ.. ပြီးတော့ သူသရုပ်ဆောင်တာလည်း မဆိုးဘူးလေ.. အဲ့တာကြောင့် အဘိုးကြီးချင်းကို နဉ်ရှီအကြောင်း ပြောပြရဲတာပေါ့..” ကျိုးဟိုင်လီက နားနေခန်းတွင် ထိုင်နေလေသည်။ လူနှစ်ယောက် ဝင်လာသောအခါ သူမက သူမရဲ့လက်ထောက်လေးကို လက်ဖက်ရည်ကြမ်း သွားယူပေးရန် ပြောလိုက်၏။ ပြီးနောက် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်ရင်း.. “နဉ်ရှီက ရုပ်လေးချောရုံချောပြီး သရုပ်ဆောင်မကောင်းဘူးဆိုရင် ကျွန်မလည်း ဒီလိုအကြံပြုမှာမဟုတ်ပါဘူး..”

“ဘယ်လိုပဲပြောပြော မစ္စကျိုးရဲ့အကူအညီကြောင့်သာ လူရွေးပွဲဝင်ခွင့်ရခဲ့တာပါ..” နဉ်ရှီက မတ်တပ်ရပ်ကာ တလေးတစား ကျေးဇူးတင်လိုက်သည်။ “ကျေးဇူးတင်ပါတယ်..”

“အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး.. ကျွန်မသူငယ်ချင်းအတွက် သရုပ်ဆောင် စောစောရှာပေးနိုင်လေ၊ ရိုက်ကူးရေးလည်း မြန်မြန်စတင်နိုင်လေ မဟုတ်လား..” ကျိုးဟိုင်လီက စားပွဲပေါ်မှ စီးကရက်ဘူးကို ဖွင့်လိုက်သည်။ ပြီးနောက် စီးကရက်တစ်လိပ် ထုတ်ယူလိုက်ပြီး သူမ၏နှုတ်ခမ်းပေါ်သို့ ကြော့ရှင်းစွာ တင်လိုက်၏။ “အချိန်ဇယားကြည့်ထားသလောက်တော့ မနက်ဖြန် နဉ်ရှီ လာစရာမလိုဘူးမလား.. လောင်ချင်းဆီသွားပြီး ဇာတ်ကောင်အတွက် ကြိုးစားကြည့်ကြပေါ့..”

သူမက အသက်လေးဆယ်ကျော်ပြီဖြစ်သော်လည်း ဆေးလိပ်သောက်နေပုံက ဆွဲဆောင်မှုရှိသလို ကြော့ရှင်းလှပါ၏။

ဆေးလိပ်သောက်တတ်သူ တော်တော်များများကို မြင်ဖူးပါသော်လည်း ကျိုးဟိုင်လီလောက် ဆေးလိပ်သောက်တာ လှပသောလူမျိုး နဉ်ရှီ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

ကျိုးဟိုင်လီက သရုပ်ဆောင်ငယ်လေးကို လှည့်ကြည့်လိုက်ချိန် ငေးကြည့်နေသော မိန်းမငယ်လေးကို မြင်လိုက်ရလေသည်။

''အချိန်က လူတစ်ယောက်၏ အပြင်ပန်းအလှကို ဖယ်ရှားပစ်နိုင်သော်လည်း ခန္ဓာကိုယ်တွင်းကညှို့ဓာတ်ကို ဖယ်ရှား၍မရနိုင်'' ဟူသော ဆိုရိုးရှိလေသည်။ ထိုစကားက လုံးဝဥဿုံမှန်ကန်ကြောင်း နဉ်ရှီ ထောက်ခံလိုက်၏။ သူမ ကျိုးဟိုင်လီကိုကြည့်လေ၊ ထိုအမျိုးသမီးက ပိုပြီးစွဲမက်ဖွယ်ကောင်းလေပင်။

“အဟမ်း.. အဟမ်း..”
နဉ်ရှီ‌ ငေးမောနေတာကို မြင်လိုက်ရတာကြောင့် ကျန်းချင်းယွင်က ချောင်းနှစ်ချက်ဟန့်ကာ သူမကို ယဉ်ယဉ်ကျေးကျေး ပြုမူရန် သတိပေးလိုက်သည်။

နဉ်ရှီလည်း ကပျာကယာ ခေါင်းငုံ့လိုက်ရင်း သူမ၏ Fangirl မျက်ဝန်းများကို ဖုံးကွယ်နိုင်ရန်အလို့ငှာ လက်ဖက်ရည်ကြမ်း တစ်ငုံသောက်လိုက်သည်။

အနုပညာလောကထဲ ကျိုးဟိုင်လီ ဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်ဆယ်မက ကြာမြင့်ခဲ့ချေပြီ။ သို့ဖြစ်ရာ မိန်းမငယ်လေးရဲ့အတွေးကို အဘယ်သို့ မသိဘဲနေမည်နည်း။ နဉ်ရှီ၏မျက်ဝန်းထဲမှ အားကျဂုဏ်ယူခြင်းတို့ကြောင့် ကျိုးဟိုင်လီလည်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ နဉ်ရှီအပေါ် သဘောထားလည်း သုံးပုံတစ်ပုံခန့်ထိ တိုးမြင့်သွားခဲ့သည်။

ထိုလူနှစ်ယောက်ကို ပြန်လွှတ်ပြီးနောက် ကျိုးဟိုင်လီက သူမ၏အေးဂျင့်ကို ခပ်တိုးတိုး ပြောလိုက်သည်။

“အဲ့ပုဂ္ဂိုလ် နဉ်ရှီကို ဘာလို့ဂရုစိုက်ခိုင်းသလဲဆိုတာ နားလည်လာသလိုပဲ..”

အေးဂျင့်က ခါးကိုင်းလိုက်ကာ စားပွဲပေါ်မှဖန်ခွက်များကို လင်ဗန်းထဲသို့ ထည့်လိုက်သည်။

“သူ့လို ဂုဏ်ရှိအာဏာကြီးတဲ့ လူတစ်ယောက်က ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ယောက်ကို သဘောကျတယ်ဆိုတာ ပုံမှန်ပါပဲ..”

“မတူဘူး..” ကျိုးဟိုင်လီသည် သူမရဲ့အေးဂျင့်ကို ‘တုံးအ,ရန်ကော’ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ “အနုပညာလောကမှာ အပေါများဆုံးက ငယ်ရွယ်လှပတဲ့ မိန်းကလေးတွေပဲ..”

အေးဂျင့်က စားပွဲပေါ်မှလင်ဗန်းကိုယူလိုက်ပြီး ကျိုးဟိုင်လီအနား လျှောက်သွားရင်း..
“အဲ့မိန်းကလေးမှာ ပုံမှန်ထက်ထူးခြားနေတာမျိုး မမြင်မိပါဘူး..”

“အဲ့တာကြောင့် မိန်းမတွေအကြောင်း နင်နားမလည်တာပေါ့..” ကျိုးဟိုင်လီက မျက်လုံးမှေးလိုက်သည်။ ပြီးနောက် ပျင်းရိပျင်းတွဲလေသံဖြင့်.. “အဲ့လိုမျက်လုံးမျိုး မမြင်ခဲ့ရတာ ဘယ်လောက်ကြာပြီလဲ..”

အေးဂျင့်ရဲ့စိတ်ထဲမှာတော့ ခေါင်းငုံ့ကာ ပြုံးနေခဲ့သော နဉ်ရှီကိုသာ သတိထားမိသည်။ တခြားမည်သည့်ထင်မြင်ချက်မျှ မရှိခဲ့ချေ။ သူက ခေါင်းကုတ်လိုက်၏။ အမျိုးသမီးတွေအကြောင်း သူ တကယ်ကို နားမလည်တာ ဖြစ်နိုင်သည်။ သူ့မိန်းမက သူ့ကို Romantic မဆန်တတ်ဘူးဟု အမြဲတမ်း အော်ဟစ်တတ်တာ မထူးဆန်းတော့ပါချေ။

ထိုနေ့ည.. နဉ်ရှီ အိပ်မက်မက်ခဲ့လေသည်။ သူမ လန့်နိုးလာချိန်တွင် အိပ်မက်အကြောင်း မမှတ်မိတော့ပါသော်လည်း ပြန်အိပ်၍မရတော့။ ထို့ကြောင့် ‘Tán Hǎixiān jì‘ ရုပ်ရှင်၏ မူရင်းဝတ္ထုကို ဖတ်နေလိုက်၏။ နာရီကြည့်လိုက်တော့ မနက် 5:30 AM, ပျင်းနေသလို ခံစားရတာကြောင့် ဖုန်းကိုဖွင့်ကာ Weibo ဖွင့်လိုက်သည်။ သူမနောက်ဆုံး post တင်ခဲ့သည်မှာ နှစ်ရက်ခန့် ကြာမြင့်ခဲ့ချေပြီ။

သူမရဲ့ Fan များအတွက် စာတင်ပေးပြီးနောက် ဖုန်းကိုချကာ အိပ်ရာပေါ်မှ စိတ်မပါလက်မပါ ထလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ တိတ်ဆိတ်နေသော မနက်ခင်းဝယ် ရေဘုံဘိုင်မှ ရေကျသံက အတော်လေး ကျယ်လောင်နေလေသည်။ နဉ်ရှီက အခိုးအငွေ့များဖြင့် ဖုံးအုပ်နေသော အလှကြည့်မှန်ကို ပွတ်သပ်လိုက်ရင်း မှန်ထဲမှ သူမ၏ပုံရိပ်ကိုကြည့်ကာ ပြုံးလိုက်မိသည်။

ရေစက်များက တစ်စက်စက် ကျဆင်းလျက်..

နဉ်ရှီ သမ်းဝေရင်း ရေချိုးခန်းထဲမှ ပြန်ထွက်လာ၏။ အခန်းမီးဖွင့်လိုက်တာကြောင့် နေ့ခင်းအချိန်လို တစ်ခန်းလုံး လင်းထိန်သွားတော့သည်။ ပြီးနောက် ကြက်ဥနှစ်လုံးနှင့် အသားဆန်ပြုတ်တစ်ပန်းကန် ပြုတ်လိုက်သည်။ မနက်စာစားပြီး အဝတ်အစားလဲ၊ မိတ်ကပ်ပြင်ပြီးနောက် မှန်ကိုကြည့်ကာ ကိုယ့်ကိုယ်ကို အားပေးနေသည့်ပုံစံမျိုး ပြုလုပ်လိုက်သည်။

***

ကျန်းချင်းယွင်နှင့် နဉ်ရှီတို့သည် ကျိုးဟိုင်လီကိုခေါ်ကာ သူမနှင့်အတူ ချင်းချုံဟိုင်ထံ သွားခဲ့သည်။

လူရွေးပွဲအတွက် ရောက်လာသောကြောင့်ထင်၏။ အခန်းထဲတွင် ချင်းချုံဟိုင်သာမက မိတ်ကပ်ဆရာ၊ ဝတ်စုံဒီဇိုင်နာ၊ ဆံပင်ဒီဇိုင်နာနှင့် တခြားသော ဝန်ထမ်းတချို့လည်း ရှိနေခဲ့လေသည်။ ဤသည်ကိုကြည့်၍ ချင်းချုံဟိုင်က ထိုဇာတ်ကောင်အပေါ် မည်မျှအလေးထားကြောင်း မြင်နိုင်ပေသည်။

အပြန်အလှန် နှုတ်ဆက်ပြီးနောက် ချင်းချုံဟိုင်က အချိန်ဆွဲမနေပဲ နဉ်ရှီကို တည့်တိုးပြောလာသည်။ “မနေ့က ကျုပ်ဆီကို မင်းရဲ့ဓာတ်ပုံတွေ ဟိုင်လီ ပို့ပေးလာတယ်.. မင်းရဲ့မျက်နှာက ဇာတ်ကောင်နဲ့လိုက်ဖက်ပေမယ့် ရုပ်လေးချောရုံနဲ့ မရဘူးနော်..” သူက မိတ်ကပ်ဆရာနှင့် တခြားလူများကို ညွှန်ပြလိုက်ရင်း.. “အရင်ဆုံးပြင်ဆင်ပြီးရင် ဇာတ်ကောင်အတွက် အစမ်းသရုပ်ဆောင်ပြရမယ်..”

နဉ်ရှီ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ဝန်ထမ်းများနှင့်အတူ မိတ်ကပ်နှင့် ဝတ်စုံပြင်ဆင်ရန် နားနေခန်းထဲ သွားလိုက်၏။ သူမအတွက် ရွေးချယ်ပေးထားသော ဝတ်စုံသည် အရောင်ဖျော့ကာ လက်ဝကျယ်သော ဝတ်ရုံအမျိုးအစားပင်။ မည်သည့်ပိတ်စဖြင့် ဖန်တီးထားသည်မသိပါသော်လည်း ဝတ်လိုက်သောအခါ မြင့်မြတ်ကြော့ရှင်းသလို ခံစားရစေပြီး အပေါစား၊ အတုအယောင်တစ်ခုလို မထင်ရပေ။

ဆံပင်ပုံစံကတော့ ရှေးခေတ်ပန်းချီများထဲမှ နတ်သမီးလေးများ၏ ထုံးဖွဲ့ဆင်ယင်မှုအတိုင်းပင်။ အဝတ်အစားလည်း ဆင်တူသည်။

စာအုပ်ထဲဖော်ပြထားသည်မှာ နတ်သမီးချင်းယန်သည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အသားအရေ၊ နက်မှောင်သော မျက်ခုံးတန်းများနှင့် ဆံနွယ်များက တိမ်တိုက်များနှယ်၊ မျက်ဝန်းများက ကြယ်ပွင့်လေးများလို တဖျတ်ဖျတ် တောက်ပနေလေသည်။ စာရေးသူ၏ စိတ်ကူးစိတ်သန်းကို သတိထားကြည့်လျှင် လူအများ နတ်မိမယ်လေးများကို ပုံဖော်နေသည့်အတိုင်း အလွန်အမင်း လှပကြော့ရှင်းအောင် ရေးဖွဲ့ထားမှန်း သိနိုင်ပါ၏။

နဉ်ရှီ သူမ၏မျက်ခုံးများ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ မိတ်ကပ်ဆရာက သူမ၏မျက်ခုံးပေါ်တွင် ရွှေအိုရောင်ပန်းပွင့်လေးများ လက်ရာမြောက်စွာ ရေးခြယ်နေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။

“ရပြီ.. ပြီးသွားပြီ..”

တစ်နာရီကျော် နှစ်နာရီနီးပါးခန့်၊ သူမကို ဟိုလှည့်သည်လှည့် ပြင်ဆင်ပေးပြီးနောက် နောက်ဆုံးတော့ ပြီးဆုံးခဲ့ချေပြီ။

“မိတ်ကပ်အသင့်ဖြစ်ပြီ..”

နဉ်ရှီ မျက်လုံးပြန်ဖွင့်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ အပြုံးလေးနှင့်အတူ မိတ်ကပ်အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုက်၏။ ပြီးနောက် ဝတ်စုံဝတ်ကာ လူရွေးခန်းထဲ ပြန်သွားလိုက်သည်။

အခန်းထဲတွင် ချင်းချုံဟိုင်က ကျိုးဟိုင်လီနှင့် စကားစမြည် ပြောနေခဲ့သည်။ သို့သော် တံခါးပွင့်လာသည့် အခိုက်အတန့်.. ပြောလက်စ,စကားလုံးများ ရပ်တန့်သွားရ၏။

……………………………………………….

[Zawgyi]

အခန္း (၁၃) - အခြင့္အေရး

“ခမည္းေတာ္ကို ဂါဝရျပဳပါတယ္..”

ဟန္မင္းဆက္၊ ဝူဧကရာဇ္၏သမီးေတာ္ မင္းသမီးသန္းလီသည္ ဓေလ့ထံုးတမ္းႏွင့္အညီ ဂါဝရျပဳလာခဲ့ေလ၏။ ထိုအျပဳအမူက မင္းသမီးတစ္ပါး၏ ဂုဏ္အသေရ၊ က်င့္ဝတ္ႏွင့္အညီ ေနထိုင္တတ္မႈတို႔ကို ေဖာ္ျပေနရံုသာမက ဖခင္ျဖစ္သူႏွင့္ မည္မ်ွအေနနီးစပ္သည္ကိုလည္း ေဖာ္ျပေနေလသည္။

“အရမ္းေကာင္းတယ္.. Cut!”

ဒါရိုက္တာရႈက အဖြဲ႔သားမ်ားကို လက္ေဝ႔ွရမ္းျပလိုက္သည္။

နဉ္ရွီ လွၫ့္ၾကၫ့္လိုက္ေသာအခါ တစ္ခ်ိန္လံုး ဒူးေထာက္ထိုင္ေနရေသာေၾကာင့္ မတ္တပ္ရပ္ရန္ အဆင္မေျပျဖစ္ေနေသာ က်ိဳးဟိုင္လီကို ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ လက္ကမ္း၍ မတ္တပ္ရပ္ႏိုင္ရန္ ကူညီေပးလိုက္ရင္း ၿပံဳးျပလိုက္၏။

ရိုက္ကူးေရးၿပီးဆံုးသြားခါမွ နဉ္ရွီလည္း စိတ္သက္သာရာရေတာ့သည္။ ထိုင္ခံုေပၚမွာ ထိုင္ေနေသာ္လည္း သူမ၏ႏွလံုးသားေလးက တုန္ယင္ေနဆဲ။ ဝါရင့္သရုပ္ေဆာင္ႀကီးမ်ားႏွင့္အၿပိဳင္ သရုပ္ေဆာင္ရသည္က တကယ့္ကို စိတ္ပင္ပန္းေစသည္။ နဉ္ရွီခမ်ာ သူတို႔၏အရိွန္အဝါေၾကာင့္ ဖိႏိွပ္ခံရလုနီးပါးပင္။

“အစ္မနဉ္..” ေရွာင္ယန္က ပ်ားရည္ႏွင့္ေရာစပ္ထားေသာ လက္ဖက္ရည္ၾကမ္းတစ္ခြက္ ကမ္းေပးလာသည္။ ၿပီးေနာက္ အသံတိုးတိုးေလးျဖင့္.. “ဒီဝတ္စံုနဲ႔ အရမ္းလွတာပဲ..”

နဉ္ရွီ မ်က္လံုးဖြင့္ကာ ေရွာင္ယန္ကို ေမာ့ၾကၫ့္လိုက္ရင္း ရယ္ေမာလိုက္မိသည္။

ထိုျမင္ကြင္းကိုၾကၫ့္ရင္း ေရွာင္ယန္ခမ်ာ တစ္ခဏ ငုတ္တုတ္ေမ့သြားရ၏။ သူမရဲ့ပူေနြးနီရဲေနေသာ ပါးျပင္ႏွစ္ဖက္ကို ပြတ္သပ္လိုက္ရင္း နဉ္ရွီေသာက္ထားေသာ လက္ဖက္ရည္ၾကမ္းတစ္ဝက္ကို ေသာက္ခ်လိုက္မိသည္။

ထိုအခ်ိန္မွာပင္ က်န္းခ်င္းယြင္ ေရာက္လာခဲ့သည္။ သူက တံု႔ဆိုင္းေနခဲ့ၿပီးမွ နဉ္ရွီအနား ေလ်ွာက္လာကာ..
“ဒီေန့ က်ိဳးဟိုင္လီနဲ႔ Scene ႏွစ္ခုရိုက္ရမွာေနာ္..”

ယေန့ေခတ္တြင္ က်ိဳးဟိုင္လီသည္ သရုပ္ေဆာင္ငယ္ေလးမ်ားေလာက္ လူေျပာမမ်ားေတာ့ပါေသာ္လည္း သူမ၏အဆင့္အတန္း၊ အႏုပညာေလာကထဲမွ အဆက္အသြယ္မ်ားက သာမာန္သရုပ္ေဆာင္မ်ား မယွဉ္ေအာင္ တည္ရိွေနေလသည္။ သို႔ျဖစ္ရာ သူမ၏အဆင့္အတန္းအရ ‘Yunyue of Han Dynasty’၏ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားပင္ သူမကို မ်က္ႏွာသာေပးရလိမ့္မည္။

က်န္းခ်င္းယြင္က က်ိဳးဟိုင္လီအား အတိုက္အခံမျပဳမိေစရန္ သူမကို သတိေပးေနျခင္းျဖစ္ေၾကာင္း နဉ္ရွီ သေဘာေပါက္လိုက္တာေၾကာင့္ အသာအယာ ေခါင္းညိတ္ျပလိုက္သည္။ ဇာတ္ၫႊန္းျပန္ဖတ္ရင္း သူမ,ေျပာရမၫ့္ စာသားမ်ားကို မွတ္သားေနလိုက္သည္။

တစ္ဖက္မွာေတာ့ မ်ားျပားလွေသာ အကူလက္ေထာက္မ်ား၊ မိတ္ကပ္ဆရာမ်ားသည္ က်ိဳးဟိုင္လီအနားတြင္ ဝိုင္းဝိုင္းလည္ေနခဲ့၏။ သူမက ဇာတ္ၫႊန္းစာရြက္ကို ေပါ့ေပါ့ပါးပါး လွန္လိုက္ရင္း ဒါရိုက္တာရႈကို စကားလွမ္းေျပာလိုက္သည္။

“ကြၽန္မနဲ႔အတူ သရုပ္ေဆာင္ရတဲ့ လူသစ္ေလးက သိပ္မဆိုးဘူးပဲ..”

“မင္းေတာင္ ခ်ီးက်ူးတယ္ဆိုေတာ့ အဲ့ေကာင္မေလးက တကယ္ေတာ္တာေပါ့..”

ဒါရိုက္တာရႈက စကားတစ္ခြန္းတည္းျဖင့္ နဉ္ရွီကိုေရာ၊ က်ိဳးဟိုင္လီကိုပါ ခ်ီးက်ူးလိုက္သည္။

“ကြၽန္မတို႔ သိကြၽမ္းလာတာ ဘယ္ေလာက္ၾကာၿပီလဲ.. အခ်င္းခ်င္း ယဉ္ေက်းျပေနစရာ မလိုေတာ့ပါဘူး..” က်ိဳးဟိုင္လီသည္ မ်က္ဝန္းေထာင့္မွ ဒါရိုက္တာရႈကို လွမ္းၾကၫ့္လိုက္ရင္း.. “သိပ္မၾကာခင္က ေလာင္ခ်င္း ကြၽန္မကို ဇာတ္ေကာင္တစ္ခုအတြက္ ေတာင္းဆိုလာတယ္.. သူေျပာတာေတာ့ အဲ့ဇာတ္ေကာင္က အရမ္းအေရးႀကီးေပမယ့္ အခုထိ သင့္ေလ်ာ္မယ့္ သရုပ္ေဆာင္ကို ရွာမေတြ့ေသးလို႔တဲ့..”

ဒါရိုက္တာရႈ၏ မ်က္ႏွာအမူအရာက အနည္းငယ္ ေျပာင္းလဲသြားသည္။

“ခ်င္းခ်ံဳဟိုင္ရဲ့ အႀကီးစား project ‘Tán Hǎixiān jì‘ အတြက္လား..?”

‘Tán Hǎixiān jì‘ ရုပ္ရွင္၏ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက သန္းေပါင္းရာခ်ီလုနီးပါးပင္ ရိွ၏။ ယခုႏွစ္အတြက္ ေဈးအျမင့္ဆံုး ရွန္းရွရုပ္ရွင္တစ္ခု ျဖစ္လာၿပီး ရိုက္ကူးေရး မစတင္ခင္မွာပင္ လူေတာ္ေတာ္မ်ားမ်ား၏အာရံုကို ဆြဲေဆာင္ႏိုင္ခဲ့ေလသည္။

“အရမ္းအေရးႀကီးတဲ့ အရံဇာတ္ေကာင္ဆိုေတာ့ ဘယ္ေနရာမွာ သရုပ္ေဆာင္ရမွာမလို႔လဲ..?”

ခ်င္းခ်ံဳဟိုင္တြင္ ဇာတ္ေကာင္ႏွင့္ ကြက္တိမျဖစ္သေရြ့ လက္မခံတတ္ေသာ အက်င့္ဆိုးႀကီးတစ္ခုရိွေၾကာင္း ဒါရိုက္တာခ်င္းလည္း သိသည္။ ရုပ္ရွင္တစ္ခု ဖန္တီးလိုတိုင္း ခ်င္းခ်ံဳဟိုင္၏ စိတ္ကူးပံုေဖာ္ႏိုင္စြမ္းေပၚ မူတည္၍ project တစ္ခုကို အနည္းဆံုး သံုးႏွစ္မွ ငါးႏွစ္အထိ ၾကာျမင့္တတ္၏။ မည္သို႔ပင္ဆိုေစ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ထိုဒါရိုက္တာကို သေဘာက်ၾကသည္။ ထို႔ေၾကာင့္ ခ်င္းခ်ံဳဟိုင္ ရုပ္ရွင္တစ္ပုဒ္ ဖန္တီးလိုတိုင္း ရင္းႏွီးျမႇဳပ္ႏွံေပးမၫ့္ တစ္စံုတစ္ေယာက္ကေတာ့ အၿမဲတမ္း ရိွေနစၿမဲသာ။

သူတို႔ႏွစ္ၪီးသည္ ဒါရိုက္တာခ်င္းတူေသာ္လည္း ကြာျခားခ်က္က သိပ္မေသးလွေပ။

“နတ္မိမယ္ခ်င္းယန္..” က်ိဳးဟိုင္လီက ၿပံဳးလိုက္ကာ.. “ဝတၴုထဲမွာေတာ့ အဲ့ဇာတ္ေကာင္ကို ျမင့္ျမတ္ေၾကာ့ရွင္းၿပီး ျပစ္ခ်က္မရိွတဲ့ အဘက္ဘက္က ၿပီးျပၫ့္စံုတဲ့ အလွေလးအျဖစ္ ပံုေဖာ္ထားတယ္ေလ.. အဲ့ေတာ့ ဒါရိုက္တာခ်င္းလည္း ဇာတ္ေကာင္အတြက္ သရုပ္ေဆာင္လိုက္ရွာရင္း ဦးေနွာက္ေျခာက္ေနရတာေပါ့..”

“ဟိုတေလာကတင္ သရုပ္ေဆာင္ေတြ ေရြးၿပီးၿပီလို႔ သတင္းထြက္လာေသးတယ္ မဟုတ္ဘူးလား..?”

လြန္ခဲ့ေသာ ရက္အနည္းငယ္ခန႔္က သတင္းရုပ္သံတိုင္းတြင္ ‘Tán Hǎixiān jì‘ အတြက္ သရုပ္ေဆာင္ေရြးခ်ယ္ၿပီးေၾကာင္း ေဖာ္ျပခဲ့သည္ကို ဒါရိုက္တာရႈ အမွတ္ရလိုက္ေလသည္။ နတ္သမီးခ်င္းယန္က အဓိကဇာတ္ေကာင္ မဟုတ္ေသာ္လည္း အလြန္အေရးႀကီးေသာ ဇာတ္ေကာင္တစ္ခုပင္။ ထိုကဲ့သို႔ေသာ ဇာတ္ေကာင္မ်ိဳးအတြက္ အဘယ္ေၾကာင့္ သရုပ္ေဆာင္ မေရြးရေသးသနည္း။

“ေလာင္ခ်င္း ဘယ္ေလာက္အထိ ဇီဇာေၾကာင္သလဲဆိုတာ ရွင္လည္း သိရဲ့သားနဲ႔..” က်ိဳးဟိုင္လီက ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္ရင္း.. “နဉ္ရွီရဲ့ပံုစံ၊ ရုပ္ရည္ေလးနဲ႔ဆိုရင္ အဲ့ဇာတ္ေကာင္နဲ႔ ကြက္တိပဲလို႔ ကြၽန္မ,ထင္တယ္.. မဟုတ္ရင္ေတာင္ ႀကိဳးစားၾကၫ့္လို႔ အရႈံးမရိွပါဘူး..”

“မင္းက တကယ့္ကို သေဘာထားႀကီးတာပဲ..” ဒါရိုက္တာရႈက မ်က္ခံုးပင့္လိုက္သည္။ “ကိုယ့္ထက္ငယ္တဲ့ လူသစ္ေလးေတြကို ဒီလိုမ်ိဳး ကူညီခ်င္စိတ္ရိွတယ္ေလ..”

ထိုစကားေၾကာင့္ က်ိဳးဟိုင္လီက ၿပံဳးကာ..
“သူတို႔နဲ႔ကြၽန္မၾကားမွာ ဘာရန္ၿငိဳးမွ မရိွဘူးေလ.. အရာအားလံုးက ကံစီမံရာတိုင္းပဲ.. ဘယ္သူက ကံေကာင္းၿပီး ဘယ္သူက ကံဆိုးသြားမလဲဆိုတာ တစ္ခ်ိန္ခ်ိန္မွာ သိသာလာလိမ့္မယ္.. အနာဂါတ္ကို ဘယ္သူက ႀကိဳခန႔္မွန္းႏိုင္မွာလဲ..?”

ဒါရိုက္တာရႈ၏စိတ္ထဲတြင္ ရွင္းရွင္းလင္းလင္း သိေနသည္။ က်ိဳးဟိုင္လီသည္ တစ္ပါးသူကို သနားၾကင္နာတတ္ေသာ ပရဟိတသမား မဟုတ္ပါေခ်။ နဉ္ရွီႏွင့္ ပူးေပါင္းလိုျခင္းက သူမ,ေျပာေနသလိုမ်ိဳး ရိုးရွင္းမည္မဟုတ္မွန္း ေသခ်ာေန၏။ သို႔ေသာ္ ဒါရိုက္တာရႈက ေနာက္ကြယ္မွအေၾကာင္းအရင္းကို စိတ္မဝင္စားခဲ့ေပ။ ဤေလာကထဲတြင္ ‘စပ္စုလိုစိတ္က ေၾကာင္ကို ေသေစမွန္း’ လူတိုင္း နားလည္ထားၾကသည္။

ညေနပိုင္း ရိုက္ကူးေရးၿပီးဆံုးသြားခ်ိန္တြင္ က်ိဳးဟိုင္လီ၏ေအးဂ်င့္က က်န္းခ်င္းယြင္ကို လာရွာၿပီး ဇာတ္ေကာင္အသစ္အေၾကာင္း သတင္းေပးလာခဲ့၏။ က်င္းခ်င္းယြင္တစ္ေယာက္ အစပိုင္းတြင္ ေၾကာင္အမ္းသြားရသည္။ ထို႔အျပင္ က်ိဳးဟိုင္လီက သူတို႔ကို ကူညီခ်င္ေနသၫ့္အေပၚ အမွန္ပင္ အံ့အားသင့္ေနေတာ့သည္။ ဤမ်ွေကာင္းမြန္ေသာ အခြင့္အေရးတစ္ခုကို လက္ခံႏိုင္ခဲ့ျခင္းက နဉ္ရွီအတြက္ေတာ့ ကံေကာင္းျခင္းပါပင္။

ခ်င္းခ်ံဳဟိုင္၏ အဆင့္အတန္းက အမွန္ပင္ ျမင့္မား၏။ နဉ္ရွီကဲ့သို႔ေသာ သရုပ္ေဆာင္သစ္ေလးမ်ားသည္ သူ၏ေရ႔ွေမွာက္ လူေရြးခံရန္ အခြင့္အေရးမရိွပါေခ်။ က်ိဳးဟိုင္လီက ခ်င္းခ်ံဳဟိုင္ႏွင့္ ရင္းႏွီးေသာေၾကာင့္ ထိုရင္းႏွီးမႈကို အခြင့္ေကာင္းယူ၍ လူေရြးပြဲ ေခၚသြားေပးျခင္းက အလြန္ရွားပါးေသာ အခြင့္အေရးတစ္ခု ျဖစ္လာေခ်လိမ့္မည္။

က်န္းခ်င္းယြင္က နဉ္ရွီကို ေျပာျပလိုက္ၿပီး က်ိဳးဟိုင္လီထံ ေက်းဇူးတင္စကားေျပာရန္ ေခၚသြားလိုက္သည္။

“ဒီအတိုင္း နဉ္ရွီရဲ့ပံုစံေလးက ဝတၴုထဲကေဖာ္ျပခ်က္နဲ႔ ကိုက္ညီေနတယ္လို႔ ထင္မိလို႔ပါ.. ၿပီးေတာ့ သူသရုပ္ေဆာင္တာလည္း မဆိုးဘူးေလ.. အဲ့တာေၾကာင့္ အဘိုးႀကီးခ်င္းကို နဉ္ရွီအေၾကာင္း ေျပာျပရဲတာေပါ့..” က်ိဳးဟိုင္လီက နားေနခန္းတြင္ ထိုင္ေနေလသည္။ လူႏွစ္ေယာက္ ဝင္လာေသာအခါ သူမက သူမရဲ့လက္ေထာက္ေလးကို လက္ဖက္ရည္ၾကမ္း သြားယူေပးရန္ ေျပာလိုက္၏။ ၿပီးေနာက္ ႏူးညံ့သိမ္ေမြ့စြာ ၿပံဳးလိုက္ရင္း.. “နဉ္ရွီက ရုပ္ေလးေခ်ာရံုေခ်ာၿပီး သရုပ္ေဆာင္မေကာင္းဘူးဆိုရင္ ကြၽန္မလည္း ဒီလိုအႀကံျပဳမွာမဟုတ္ပါဘူး..”

“ဘယ္လိုပဲေျပာေျပာ မစၥက်ိဳးရဲ့အကူအညီေၾကာင့္သာ လူေရြးပြဲဝင္ခြင့္ရခဲ့တာပါ..” နဉ္ရွီက မတ္တပ္ရပ္ကာ တေလးတစား ေက်းဇူးတင္လိုက္သည္။ “ေက်းဇူးတင္ပါတယ္..”

“အရမ္းယဉ္ေက်းေနစရာ မလိုပါဘူး.. ကြၽန္မသူငယ္ခ်င္းအတြက္ သရုပ္ေဆာင္ ေစာေစာရွာေပးႏိုင္ေလ၊ ရိုက္ကူးေရးလည္း ျမန္ျမန္စတင္ႏိုင္ေလ မဟုတ္လား..” က်ိဳးဟိုင္လီက စားပြဲေပၚမွ စီးကရက္ဘူးကို ဖြင့္လိုက္သည္။ ၿပီးေနာက္ စီးကရက္တစ္လိပ္ ထုတ္ယူလိုက္ၿပီး သူမ၏ႏႈတ္ခမ္းေပၚသို႔ ေၾကာ့ရွင္းစြာ တင္လိုက္၏။ “အခ်ိန္ဇယားၾကၫ့္ထားသေလာက္ေတာ့ မနက္ျဖန္ နဉ္ရွီ လာစရာမလိုဘူးမလား.. ေလာင္ခ်င္းဆီသြားၿပီး ဇာတ္ေကာင္အတြက္ ႀကိဳးစားၾကၫ့္ၾကေပါ့..”

သူမက အသက္ေလးဆယ္ေက်ာ္ၿပီျဖစ္ေသာ္လည္း ေဆးလိပ္ေသာက္ေနပံုက ဆြဲေဆာင္မႈရိွသလို ေၾကာ့ရွင္းလွပါ၏။

ေဆးလိပ္ေသာက္တတ္သူ ေတာ္ေတာ္မ်ားမ်ားကို ျမင္ဖူးပါေသာ္လည္း က်ိဳးဟိုင္လီေလာက္ ေဆးလိပ္ေသာက္တာ လွပေသာလူမ်ိဳး နဉ္ရွီ တစ္ခါမွ မေတြ့ဖူးခဲ့ေခ်။

က်ိဳးဟိုင္လီက သရုပ္ေဆာင္ငယ္ေလးကို လွၫ့္ၾကၫ့္လိုက္ခ်ိန္ ေငးၾကၫ့္ေနေသာ မိန္းမငယ္ေလးကို ျမင္လိုက္ရေလသည္။

''အခ်ိန္က လူတစ္ေယာက္၏ အျပင္ပန္းအလွကို ဖယ္ရွားပစ္ႏိုင္ေသာ္လည္း ခႏၶာကိုယ္တြင္းကၫွို႔ဓာတ္ကို ဖယ္ရွား၍မရႏိုင္'' ဟူေသာ ဆိုရိုးရိွေလသည္။ ထိုစကားက လံုးဝဥႆံုမွန္ကန္ေၾကာင္း နဉ္ရွီ ေထာက္ခံလိုက္၏။ သူမ က်ိဳးဟိုင္လီကိုၾကၫ့္ေလ၊ ထိုအမ်ိဳးသမီးက ပိုၿပီးစြဲမက္ဖြယ္ေကာင္းေလပင္။

“အဟမ္း.. အဟမ္း..”
နဉ္ရွီ‌ ေငးေမာေနတာကို ျမင္လိုက္ရတာေၾကာင့္ က်န္းခ်င္းယြင္က ေခ်ာင္းႏွစ္ခ်က္ဟန႔္ကာ သူမကို ယဉ္ယဉ္ေက်းေက်း ျပဳမူရန္ သတိေပးလိုက္သည္။

နဉ္ရွီလည္း ကပ်ာကယာ ေခါင္းငံု႔လိုက္ရင္း သူမ၏ Fangirl မ်က္ဝန္းမ်ားကို ဖံုးကြယ္ႏိုင္ရန္အလို႔ငွာ လက္ဖက္ရည္ၾကမ္း တစ္ငံုေသာက္လိုက္သည္။

အႏုပညာေလာကထဲ က်ိဳးဟိုင္လီ ဝင္ေရာက္ခဲ့သည္မွာ ႏွစ္ႏွစ္ဆယ္မက ၾကာျမင့္ခဲ့ေခ်ၿပီ။ သို႔ျဖစ္ရာ မိန္းမငယ္ေလးရဲ့အေတြးကို အဘယ္သို႔ မသိဘဲေနမည္နည္း။ နဉ္ရွီ၏မ်က္ဝန္းထဲမွ အားက်ဂုဏ္ယူျခင္းတို႔ေၾကာင့္ က်ိဳးဟိုင္လီလည္း ေက်နပ္စြာ ၿပံဳးလိုက္မိသည္။ နဉ္ရွီအေပၚ သေဘာထားလည္း သံုးပံုတစ္ပံုခန႔္ထိ တိုးျမင့္သြားခဲ့သည္။

ထိုလူႏွစ္ေယာက္ကို ျပန္လႊတ္ၿပီးေနာက္ က်ိဳးဟိုင္လီက သူမ၏ေအးဂ်င့္ကို ခပ္တိုးတိုး ေျပာလိုက္သည္။

“အဲ့ပုဂၢိုလ္ နဉ္ရွီကို ဘာလို႔ဂရုစိုက္ခိုင္းသလဲဆိုတာ နားလည္လာသလိုပဲ..”

ေအးဂ်င့္က ခါးကိုင္းလိုက္ကာ စားပြဲေပၚမွဖန္ခြက္မ်ားကို လင္ဗန္းထဲသို႔ ထၫ့္လိုက္သည္။

“သူ႔လို ဂုဏ္ရိွအာဏာႀကီးတဲ့ လူတစ္ေယာက္က ငယ္ရြယ္လွပတဲ့ မိန္းကေလးတစ္ေယာက္ကို သေဘာက်တယ္ဆိုတာ ပံုမွန္ပါပဲ..”

“မတူဘူး..” က်ိဳးဟိုင္လီသည္ သူမရဲ့ေအးဂ်င့္ကို ‘တံုးအ,ရန္ေကာ’ ဟူေသာ အၾကၫ့္မ်ိဳးျဖင့္ ၾကၫ့္လိုက္ကာ အသံနိမ့္နိမ့္ျဖင့္ ေျပာလာသည္။ “အႏုပညာေလာကမွာ အေပါမ်ားဆံုးက ငယ္ရြယ္လွပတဲ့ မိန္းကေလးေတြပဲ..”

ေအးဂ်င့္က စားပြဲေပၚမွလင္ဗန္းကိုယူလိုက္ၿပီး က်ိဳးဟိုင္လီအနား ေလ်ွာက္သြားရင္း..
“အဲ့မိန္းကေလးမွာ ပံုမွန္ထက္ထူးျခားေနတာမ်ိဳး မျမင္မိပါဘူး..”

“အဲ့တာေၾကာင့္ မိန္းမေတြအေၾကာင္း နင္နားမလည္တာေပါ့..” က်ိဳးဟိုင္လီက မ်က္လံုးေမွးလိုက္သည္။ ၿပီးေနာက္ ပ်င္းရိပ်င္းတြဲေလသံျဖင့္.. “အဲ့လိုမ်က္လံုးမ်ိဳး မျမင္ခဲ့ရတာ ဘယ္ေလာက္ၾကာၿပီလဲ..”

ေအးဂ်င့္ရဲ့စိတ္ထဲမွာေတာ့ ေခါင္းငံု႔ကာ ၿပံဳးေနခဲ့ေသာ နဉ္ရွီကိုသာ သတိထားမိသည္။ တျခားမည္သၫ့္ထင္ျမင္ခ်က္မ်ွ မရိွခဲ့ေခ်။ သူက ေခါင္းကုတ္လိုက္၏။ အမ်ိဳးသမီးေတြအေၾကာင္း သူ တကယ္ကို နားမလည္တာ ျဖစ္ႏိုင္သည္။ သူ႔မိန္းမက သူ႔ကို Romantic မဆန္တတ္ဘူးဟု အၿမဲတမ္း ေအာ္ဟစ္တတ္တာ မထူးဆန္းေတာ့ပါေခ်။

ထိုေန့ည.. နဉ္ရွီ အိပ္မက္မက္ခဲ့ေလသည္။ သူမ လန္႔ႏိုးလာခ်ိန္တြင္ အိပ္မက္အေၾကာင္း မမွတ္မိေတာ့ပါေသာ္လည္း ျပန္အိပ္၍မရေတာ့။ ထို႔ေၾကာင့္ ‘Tán Hǎixiān jì‘ ရုပ္ရွင္၏ မူရင္းဝတၴုကို ဖတ္ေနလိုက္၏။ နာရီၾကၫ့္လိုက္ေတာ့ မနက္ 5:30 AM, ပ်င္းေနသလို ခံစားရတာေၾကာင့္ ဖုန္းကိုဖြင့္ကာ Weibo ဖြင့္လိုက္သည္။ သူမေနာက္ဆံုး post တင္ခဲ့သည္မွာ ႏွစ္ရက္ခန႔္ ၾကာျမင့္ခဲ့ေခ်ၿပီ။

သူမရဲ့ Fan မ်ားအတြက္ စာတင္ေပးၿပီးေနာက္ ဖုန္းကိုခ်ကာ အိပ္ရာေပၚမွ စိတ္မပါလက္မပါ ထလိုက္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားလိုက္သည္။ တိတ္ဆိတ္ေနေသာ မနက္ခင္းဝယ္ ေရဘံုဘိုင္မွ ေရက်သံက အေတာ္ေလး က်ယ္ေလာင္ေနေလသည္။ နဉ္ရွီက အခိုးအေငြ့မ်ားျဖင့္ ဖံုးအုပ္ေနေသာ အလွၾကၫ့္မွန္ကို ပြတ္သပ္လိုက္ရင္း မွန္ထဲမွ သူမ၏ပံုရိပ္ကိုၾကၫ့္ကာ ၿပံဳးလိုက္မိသည္။

ေရစက္မ်ားက တစ္စက္စက္ က်ဆင္းလ်က္..

နဉ္ရွီ သမ္းေဝရင္း ေရခ်ိဳးခန္းထဲမွ ျပန္ထြက္လာ၏။ အခန္းမီးဖြင့္လိုက္တာေၾကာင့္ ေန့ခင္းအခ်ိန္လို တစ္ခန္းလံုး လင္းထိန္သြားေတာ့သည္။ ၿပီးေနာက္ ၾကက္ဥႏွစ္လံုးႏွင့္ အသားဆန္ျပဳတ္တစ္ပန္းကန္ ျပဳတ္လိုက္သည္။ မနက္စာစားၿပီး အဝတ္အစားလဲ၊ မိတ္ကပ္ျပင္ၿပီးေနာက္ မွန္ကိုၾကၫ့္ကာ ကိုယ့္ကိုယ္ကို အားေပးေနသၫ့္ပံုစံမ်ိဳး ျပဳလုပ္လိုက္သည္။

***

က်န္းခ်င္းယြင္ႏွင့္ နဉ္ရွီတို႔သည္ က်ိဳးဟိုင္လီကိုေခၚကာ သူမႏွင့္အတူ ခ်င္းခ်ံဳဟိုင္ထံ သြားခဲ့သည္။

လူေရြးပြဲအတြက္ ေရာက္လာေသာေၾကာင့္ထင္၏။ အခန္းထဲတြင္ ခ်င္းခ်ံဳဟိုင္သာမက မိတ္ကပ္ဆရာ၊ ဝတ္စံုဒီဇိုင္နာ၊ ဆံပင္ဒီဇိုင္နာႏွင့္ တျခားေသာ ဝန္ထမ္းတခ်ိဳ႕လည္း ရိွေနခဲ့ေလသည္။ ဤသည္ကိုၾကၫ့္၍ ခ်င္းခ်ံဳဟိုင္က ထိုဇာတ္ေကာင္အေပၚ မည္မ်ွအေလးထားေၾကာင္း ျမင္ႏိုင္ေပသည္။

အျပန္အလွန္ ႏႈတ္ဆက္ၿပီးေနာက္ ခ်င္းခ်ံဳဟိုင္က အခ်ိန္ဆြဲမေနပဲ နဉ္ရွီကို တၫ့္တိုးေျပာလာသည္။ “မေန့က က်ဳပ္ဆီကို မင္းရဲ့ဓာတ္ပံုေတြ ဟိုင္လီ ပို႔ေပးလာတယ္.. မင္းရဲ့မ်က္ႏွာက ဇာတ္ေကာင္နဲ႔လိုက္ဖက္ေပမယ့္ ရုပ္ေလးေခ်ာရံုနဲ႔ မရဘူးေနာ္..” သူက မိတ္ကပ္ဆရာႏွင့္ တျခားလူမ်ားကို ၫႊန္ျပလိုက္ရင္း.. “အရင္ဆံုးျပင္ဆင္ၿပီးရင္ ဇာတ္ေကာင္အတြက္ အစမ္းသရုပ္ေဆာင္ျပရမယ္..”

နဉ္ရွီ ေခါင္းညိတ္လိုက္သည္။ ၿပီးေနာက္ ဝန္ထမ္းမ်ားႏွင့္အတူ မိတ္ကပ္ႏွင့္ ဝတ္စံုျပင္ဆင္ရန္ နားေနခန္းထဲ သြားလိုက္၏။ သူမအတြက္ ေရြးခ်ယ္ေပးထားေသာ ဝတ္စံုသည္ အေရာင္ေဖ်ာ့ကာ လက္ဝက်ယ္ေသာ ဝတ္ရံုအမ်ိဳးအစားပင္။ မည္သၫ့္ပိတ္စျဖင့္ ဖန္တီးထားသည္မသိပါေသာ္လည္း ဝတ္လိုက္ေသာအခါ ျမင့္ျမတ္ေၾကာ့ရွင္းသလို ခံစားရေစၿပီး အေပါစား၊ အတုအေယာင္တစ္ခုလို မထင္ရေပ။

ဆံပင္ပံုစံကေတာ့ ေရွးေခတ္ပန္းခ်ီမ်ားထဲမွ နတ္သမီးေလးမ်ား၏ ထံုးဖြဲ႔ဆင္ယင္မႈအတိုင္းပင္။ အဝတ္အစားလည္း ဆင္တူသည္။

စာအုပ္ထဲေဖာ္ျပထားသည္မွာ နတ္သမီးခ်င္းယန္သည္ ႏွင္းကဲ့သို႔ ဆြတ္ဆြတ္ျဖဴေသာ အသားအေရ၊ နက္ေမွာင္ေသာ မ်က္ခံုးတန္းမ်ားႏွင့္ ဆံႏြယ္မ်ားက တိမ္တိုက္မ်ားႏွယ္၊ မ်က္ဝန္းမ်ားက ၾကယ္ပြင့္ေလးမ်ားလို တဖ်တ္ဖ်တ္ ေတာက္ပေနေလသည္။ စာေရးသူ၏ စိတ္ကူးစိတ္သန္းကို သတိထားၾကၫ့္လ်ွင္ လူအမ်ား နတ္မိမယ္ေလးမ်ားကို ပံုေဖာ္ေနသၫ့္အတိုင္း အလြန္အမင္း လွပေၾကာ့ရွင္းေအာင္ ေရးဖြဲ႔ထားမွန္း သိႏိုင္ပါ၏။

နဉ္ရွီ သူမ၏မ်က္ခံုးမ်ား ေအးစိမ့္သြားသလို ခံစားလိုက္ရသည္။ မိတ္ကပ္ဆရာက သူမ၏မ်က္ခံုးေပၚတြင္ ေရႊအိုေရာင္ပန္းပြင့္ေလးမ်ား လက္ရာေျမာက္စြာ ေရးျခယ္ေနျခင္းျဖစ္ေၾကာင္း သူမ သိလိုက္သည္။

“ရၿပီ.. ၿပီးသြားၿပီ..”

တစ္နာရီေက်ာ္ ႏွစ္နာရီနီးပါးခန္႔၊ သူမကို ဟိုလွၫ့္သည္လွၫ့္ ျပင္ဆင္ေပးၿပီးေနာက္ ေနာက္ဆံုးေတာ့ ၿပီးဆံုးခဲ့ေခ်ၿပီ။

“မိတ္ကပ္အသင့္ျဖစ္ၿပီ..”

နဉ္ရွီ မ်က္လံုးျပန္ဖြင့္ကာ ျဖည္းျဖည္းခ်င္း မတ္တပ္ရပ္လိုက္သည္။ အၿပံဳးေလးႏွင့္အတူ မိတ္ကပ္အဖြဲ႔သားအားလံုးကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္၏။ ၿပီးေနာက္ ဝတ္စံုဝတ္ကာ လူေရြးခန္းထဲ ျပန္သြားလိုက္သည္။

အခန္းထဲတြင္ ခ်င္းခ်ံဳဟိုင္က က်ိဳးဟိုင္လီႏွင့္ စကားစျမည္ ေျပာေနခဲ့သည္။ သို႔ေသာ္ တံခါးပြင့္လာသၫ့္ အခိုက္အတန႔္.. ေျပာလက္စ,စကားလံုးမ်ား ရပ္တန႔္သြားရ၏။

……………………………………………….

Continue Reading

You'll Also Like

773K 33.6K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
227K 20K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024