Unicode
ဟေးလစ်ခ်၏ပြောပြချက်အရ ရှောင်ကျန့်မှာ၁၆နှစ်အတောအတွင်းပြောင်းလဲမှုအတော်များများကိုသိလိုက်ရသည်။
သူချောက်ထဲခုန်ချပြီးပျောက်သွားတုန်းက လူတိုင်းမှာသူသေသွားပြီဟုသတ်မှတ်ခဲ့ကြတာဖြစ်သည်။ ထိုနေရာတွင်ပြင်းထန်သည့်တိုက်ပွဲတစ်ရပ်ဖြစ်ခဲ့ကြောင်း ရည်ညွှန်းနေပြီး werewolfမျိုးနွယ်ဝင်တွေရဲ့ခြေရာလက်ရာအပြည့်ကြောင့် vampireမျိုးနွယ်စုတစ်ခုလုံးဒေါသပေါက်ကွဲခဲ့ကြသည်။
အထူးသဖြင့် မူလလုမင်ယွင်၏အဖေ vampireအကြီးအကဲဖြစ်သည်။သူ့ရဲ့တစ်ဦးတည်းသောသားလေးကwerewolfမျိုးနွယ်ဝင်တွေလက်ထဲမှာသေဆုံးခဲ့ရတာကိုလက်မခံနိုင်ပဲ ဇာတ်လိုက်အယ်ဗင်ကိုတောင်ပြဿနာသွားရှာသေးသည်။အကြောင်းကတော့အယ်ဗင်ဆီသာသူ့သားကိုအလုပ်လုပ်ဖို့ရန်ခွင့်မပြုခဲ့ရင် ဒီလိုကိစ္စရပ်တွေဖြစ်လာမှာမဟုတ်ဟူ၍။
၎င်းနောက်werewolfမျိုနွယ်ထိသွားရောက်သောင်းကျန်းပြန်တာကြောင့်တစ်ခြားvampireအကြီးအကဲတွေမှာမနည်းချော့မော့ပြီးသွားဆွဲခေါ်ရပြန်သေးသည်။
အယ်ဗင်ကိုယ်တိုင်ကလည်းဘာကြောင့်ရယ်မသိတအားတွေဒေါသပေါက်ကွဲလာပြီးwerewolfတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။
ဒါပေမယ့်ရှောင်ကျန်ကတော့အယ်ဗင်ဒေါသထွက်ရသည့်အကြောင်းအရင်းကိုသူသိသည်ဟုထင်သည်။
သူတိုက်ခိုက်မခံခဲ့ရစဥ်က လင်သုန့်တို့အဖွဲ့ကိုကယ်တင်ရန်အတွက် အယ်ဗင်နှင့်အပေးအယူလုပ်ခဲ့ရသည်။အရသာရှိတဲ့သွေးအိတ်တွေသောက်ဖို့ရန်အခွင့်အရေးရလာချိန်၌werewolfတွေလက်ချက်ဖြင့်တစ်စစီပျက်စီးသွားလေရာအစားအသောက်မက်သူအယ်ဗင်ခမျာဘယ်လောက်တောင်ဒေါပွပြီးပေါက်ကွဲသွားလိမ့်မလဲဆိုတာအလွယ်တကူခန့်မှန်းနိုင်သည်။
ပြီးတော့ရှောင်ကျန့်အနေနဲ့ရှော့ခ် ရစရာကိစ္စတစ်ရပ်ကိုလည်းသိရှိလိုက်ရသည်။
အမှန်တော့ဟေးလစ်ခ်၏သွေးဆင့်ကဲပြောင်းလဲခြင်းမှာ၁၅နှစ်မျှကြာမြင့်ခဲ့သည်။
၁၅နှစ်!!!!
ဆိုလိုတာကဟေးလစ်ခ်၏သွေးဆင့်ကဲပြောင်းလဲခြင်းမှာလွန်ခဲ့တဲ့တစ်နှစ်လောက်ကမှပြီးမြောက်ခဲ့တာဖြစ်သည်။
ကံကောင်းတာကသွေးဆင့်ကဲပြောင်းလဲနေချိန်အတွင်း၌vampire၏စိတ်မှာကုန်ဆုံးသွားသည့်အချိန်နှင့်အတူတဖြည်းဖြည်းရင့်ကျက်တိုးတတ်လာ၍ဖြစ်သည်။မဟုတ်ရင်၄နှစ်အရွယ်ကလေးစိတ်ဖြင့် ဟေးလစ်ခ်ကိုသာရှောင်ကျန့်ကြုံရပေလိမ့်မည်။
တွေးကြည့်ရင်ကြက်သီးထစရာကြီး။ငါထောင်ထဲမဝင်ချင်သေးဘူး။
ဟေးလစ်ခ်ကရှောင်ကျန့်ကိုနူးညံ့စွာပြုံး၍ကြည့်သည်။သူနိုးလာသည့်အခါတွင်သူ့ကိုကို သေသွားပြီဆိုတဲ့သတင်းကသူ့ကိုဘယ်လောက်တောင်ရူးသွပ်သွားစေလဲဆိုတာသူကိုယ်တိုင်သာသိသည်။
သူ့စိတ်တစ်ခုလုံးလွတ်ထွက်သွားတာကြောင့်အနီးနားမှာရှိတဲ့သက်ရှိ၊သက်မဲ့အရာအားလုံးပေါက်ကွဲကုန်သည်အထိပင်။ဒါပေမယ့်အမည်မသိစွမ်းအင်တစ်မျိုးကသူ့ကိုနှစ်သိမ့်လာသည်။
သူ့ကိုကိုမသေသေးဘူး။ကိုကိုကကောင်းကောင်းမွန်မွန်အသက်ရှင်နေသေးတယ်။
ထိုအရာကသူ့စိတ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ကူညီပေးပြီးသူ့ရဲ့werewolfမျိုးနွယ်အပေါ်မုန်းတီးမှုမှာပြောမပြတတ်နိုင်လောက်အောင်ကြီးထွားသွားသည်။ဒါကြောင့်သူနိုးထလာတာနဲ့werewolfမျိုးနွယ်ခေါင်းဆောင်နဲ့အကြီးအကဲအားလုံးကိုသူကိုယ်တိုင်လက်စဖျောက်၍vampireတွေရဲ့နှစ်ပေါင်းထောင်နဲ့ချီတိုက်ခိုက်ခဲ့တဲ့ရန်သူ့မျိုးနွယ်ဟာလုံးဝပျက်စီးသွားသည်။
ဒါပေမယ့်werewolfမျိုးနွယ်မှာကမ္ဘာအနှံ့ပျံ့ကျဲပြီးရှိနေသေးသည်။ဒီတစ်နှစ်အတွင်းတစ်နေရာပြီးတစ်နေရာသွားရောက်၍ထိုမျိုးနွယ်ခွဲတွေကိုရှင်းလင်းသုတ်သင်ခဲ့သည်။အခုဒီမြို့လေးတွင်ထွက်ပြေးတိမ်းရှောင်နေသည့်werewolfတစ်ချို့ရှိကြောင်းသတင်းရသည်နှင့်အမွှာသုံးယောက်နှင့်အတူဟေးလစ်ခ်ကိုယ်တိုင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကံအကြောင်းတိုက်ဆိုင်မှုကြောင့်ဟေးလစ်ခ်ဟာသူဒီတစ်နှစ်လုံးလုံးအရူးအမူးရှာဖွေခဲ့တဲ့သူ့ကိုကိုအားထိပ်တိုက်ပြန်တွေ့ဆုံခဲ့သည်။
"ဒါဆို....ငါ့ကြောင့်werewolfမျိုးနွယ်တစ်ခုလုံးကိုဖျက်ဆီးခဲ့တာပေါ့....."
"အင်း....သူတို့ကကိုကို့ကိုနာကျင်အောင်လုပ်ခဲ့တယ်....."
ဟေးလစ်ခ်ဟာရှောင်ကျန့်ရဲ့ခါးကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်းလည်ပင်းသွယ်သွယ်ထဲခေါင်းစိုက်ထား၏။သူ့ကိုကိုဆီက ကိုယ်သင်းနံ့လေးကိုအရူးတစ်ယောက်လိုစွဲစွဲလမ်းလမ်းရှုရှိုက်နေရင်းသူ့မျက်ဝန်းနက်တွေထဲကကြောက်မက်ဖွယ်ရာသားရိုင်းကောင်ကြီးကိုဖုံးကွယ်လိုက်သည်။
"သူတို့အားလုံးသေသင့်တယ်....."
ဟေးလစ်ခ်၏မျက်ဝန်းအတွင်းကနာကျင်မှုနဲ့ရူးသွပ်မှုတွေကိုသတိထားမိလိုက်သည့်ရှောင်ကျန့်ဟာသူ့ရင်ထဲစူးအောင့်သွားသလိုခံစားလိုက်ရသည်။သူကဟေးလစ်ခ်ရဲ့ခေါင်းဖွာဖွာလေးကိုပွတ်သပ်ပေးရင်းအတတ်နိုင်ဆုံးနှစ်သိမ့်မှုကိုသူ့အပြုအမူကနေတစ်ဆင့်ဖော်ပြလိုက်သည်။
werewolfမျိုးနွယ်နဲ့ပတ်သပ်ရင်တော့အနည်းငယ်စိတ်မကောင်းရုံကလွဲပြီးဘာမှမခံစားရပေ။အကြောင်းအရင်းကတော့ဒီလိုမျိုးနွယ်စုကြီးတွေအတွက်သနားငဲ့ညှာမှုနဲ့တရားမျှတမှုဆိုသည်မှာလုံးဝမရှိချေ။သူတို့အတွက်အရေးပါဆုံးကစွမ်းအားသာဖြစ်သည်။
အကယ်၍werewolfတွေသာvampireတွေထက်သန်မာအားကောင်းခဲ့ရင်vampireမျိုးနွယ်စုတစ်ခုလုံး ကလေးရောခွေးပါမကျန်အမြစ်ဖြတ်၊သတ်ဖြတ်ခြင်းခံရမှာပင်။တကယ်လို့အပြစ်တင်ချင်ရင်တောင်လုံလောက်အောင်မသန်မာတဲ့သူတို့ကိုယ်တိုင်သာအပြစ်တင်ကြပေလိမ့်မည်။
ပြီးတော့werewolfမျိုးနွယ်ဆိုတာကလည်းအပြစ်ကင်းစင်လွန်းတဲ့မျိုးနွယ်လည်းမဟုတ်ပေ။အမှန်တကယ်တွင်သူတို့ကvampireတွေထက်ကောက်ကျစ်ပြီးလူသားစားရသည်ကိုပိုနှစ်ခြိုက်၏။
ထိုနေ့ကစပြီးဟေးလစ်ခ်ဟာရှောင်ကျန့်ကိုတိုက်ခန်းကျဥ်းကျဥ်းလေး၌ဖြစ်သလိုနေခွင့်မပေးတော့ချေ။မြို့လည်တွင်ကိုယ်ပိုင်ကွန်ဒိုတစ်လုံးရှိတာကြောင့်ရှောင်ကျန့်နှင့်အတူထိုကွန်ဒိုတွင်နေထိုင်သည်။
ရှောင်ကျန့်စားရသောက်ရသည်ကိုနှစ်ခြိုက်မှန်းသိတော့ကြယ်ငါးပွင့်စားသောက်ဆိုင်ကြီးတစ်ဆိုင်ကိုလွှဲပြောင်းပေးဖို့ရန်လုပ်သည်။ရှောင်ကျန့်ထိုအခါမှသိလိုက်ရသည်က သူ့ချစ်သူမှာသောက်ရမ်းချမ်းသာတယ်ဆိုတာပဲ။
ရှောင်ကျန့်ငြင်းဆန်သည့်အခါတွင်ဟေးလစ်ခ်ကနှုတ်ခမ်းလေးဆူ၍လက်ခံလိုက်သည်။လီမောင်နှမနှစ်ယောက်ရဲ့ကိတ်မုန့်ဆိုင်မှာသူအလုပ်လုပ်မှန်းသိသွားတော့ အသည်းအသန်ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးပြန်သည်။
ရှောင်ကျန့်စိတ်တိုင်းကျအလှဆင်ပေးရန်အတွက် အမွှာသုံးယောက်ကိုတောင်ဆွဲထည့်လိုက်သေးသည်။ရှောင်ကျန့်ခမျာအနှီးကိတ်မုန့်ဆိုင်လေးကိုငြင်းချင်ပါသော်လည်းသူ့ချစ်သူကိုယ်တိုင်ကိုယ်ကျပြင်ဆင်ပေးထားတာကိုတွေးမိပြီးလက်ခံလိုက်သည်။
"ကိုကို...."
ဟေးလစ်ခ်ဟာရှောင်ကျန့်ရဲ့နောက်ကျောဘက်ကနေသိမ်းကျုံးပွေ့ဖက်လိုက်ရင်းပုခုံးပေါ်မေးတင်လိုက်သည်။
"ကိုကိုဘာလုပ်နေတာလဲ...."
"ကိတ်ပုံဖော်နေတာ...."
ရှောင်ကျန့်ရှေ့တွင်အသည်းပုံသဏ္ဍာန်နှစ်ထပ်ကိတ်သေးသေးလေးတစ်ခုရှိနေသည်။
"မင်း အရသာခံလို့မရတာဆိုးလိုက်တာ...."
ရှောင်ကျန့်ကစိတ်ပျက်လက်ပျက်ဟန်လေးဖြင့်သက်ပြင်းအသာချရင်းဆိုသည်။ဟေးလစ်ခ်ငယ်ငယ်တုန်းကဆိုရင်သူဘာချက်ကျွေးကျွေးလက်မလေးထောင်၍အားရပါးရစားပြတတ်သည်။အခုသွေးဆင့်ကဲပြောင်းလဲပြီးသွားသည့်အခါတွင်သူချက်ကျွေးသမျှအရသာမခံနိုင်တော့တာကြောင့်အနည်းငယ်တော့စိတ်ဓာတ်ကျဖွယ်ကောင်းလှသည်။
"ကျွန်တော့်ကိုခွံ့ကျွေး...."
ရှောင်ကျန့်ကမျက်လုံးပြူးပြူးလေးဖြင့်ဟေးလစ်ခ်ကိုလှည့်ကြည့်သည်။
"မင်း အရသာခံနိုင်တာလား...."
ဟေးလစ်ခ်ကခေါင်းငြှိမ့်ပြသည်။
"တကယ်ကြီး...."
"အင်း....တကယ်....."
ရှောင်ကျန့်၏ပါးစပ်လေးမှာအံ့အားသင့်မှုကြောင့်ပွင့်ဟသွားသည်။သူကိုယ်တိုင်တောင်အုန်းသီးကျေးဇူးကြောင့်အရသာခံနိုင်စွမ်းပျောက်မသွားတာဖြစ်သော်လည်း သွေးသန့်တစ်ယောက်ဖြစ်တဲ့ဟေးလစ်ခ်ကယခုချိန်ထိအရသာခံစားသောက်နိုင်တာလွန်စွာထူးဆန်းလွန်းသည်။
ဟေးလစ်ခ်ကရှောင်ကျန့်၏ပွင့်ဟနေတဲ့နှုတ်ခမ်းလေးကိုပြွတ်ကနဲမြည်အောင်တစ်ချက်လောက်စုပ်နမ်းလိုက်သည်။
"မင်း!"
"ဟီး...."
ဟေးလစ်ခ်၏အရူးလေးလိုအပြုံးကိုမြင်သည့်အခါတွင်ရှောင်ကျန့်ဟာမနိုင်သည့်ဟန်ဖြင့်သူ့ခေါင်းလေးကိုခပ်ဖွဖွခါရမ်းလိုက်ပြီးအသည်းပုံကိတ်လေးကိုခွဲ၍ပန်းကန်သေးသေးလေးတစ်ခုပေါ်တင်လိုက်သည်။
ဇွန်းသေးသေးတစ်ခုဖြင့်ကိတ်ကိုဖဲ့ယူလိုက်ရင်းဟေးလစ်ခ်၏နှုတ်ခမ်းနားတိုးကပ်ပေးလိုက်သည်။
"ပါးစပ်ဟ....အာ......"
"အာ......."
ဟေးလစ်ခ်ဟာကိတ်အရသာကိုအသေအချာခံစား၍သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။
"ဘယ်လိုလဲ....စားကောင်းလား...."
ရှောင်ကျန့်၏မျက်လုံးလှလှလေးတစ်စုံမှာမျှော်လင့်ချက်အပြည့်ဖြင့်တစ်လဲ့လဲ့တောက်ပနေပြီးဟေးလစ်ခ်၏အဖြေကိုစောင့်မျှော်နေသည်။
"Immmmm......."
"ဘယ်လိုနေလဲလို့....."
ရှောင်ကျန့်ကတမင်သပ်သပ်အချိန်ဆွဲနေသည့်ဟေးလစ်ခ်ကိုကြည့်ကာသူ့စိတ်ထဲပိုမိုစိုးရိမ်လာသည်။
သူကိတ်လုပ်နေတုန်းတစ်ခုခုမှားထည့်မိသွားလို့များလား။
ဟေးလစ်ခ်ကမျက်လုံးလေးတစ်ဖက်ဖွင့်ကြည့်ရင်းရှောင်ကျန့်၏စိုးရိမ်နေသည့်မျက်နှာသေးသေးလေးကိုမြင်သည့်အခါတွင်ကျယ်လောင်စွာရယ်မော၍ပါးဖြူဖြူလေးတစ်ဖက်ကိုမွကနဲနေအောင်ဖိနမ်းလိုက်သည်။
"ကိုကိုလုပ်သမျှအရသာဆိုးဝါးတာရှိလို့လား....ဒီလောကကြီးထဲမှကို့ကို့လက်ရာကိုမှီတဲ့သူမမွေးသေးဘူး...."
ထိုအခါမှသာရှောင်ကျန့်ရင်ထဲကအလုံးကြီးမှာပြုတ်ကျသွားတော့သည်။သူကခပ်ဟဟပြုံးရယ်လိုက်ရင်းဟေးလစ်ခ်၏ပါးကြီးနှစ်ဖက်ကိုသူ့လက်လေးနှစ်ဖက်ဖြင့်ဆွဲညှစ်လိုက်သည်။
"ဒီလောက်ကြီးချီးကျူးမနေပါနဲ့....ငါလေပေါ်မြောက်တတ်သွားရင်ပြန်ဆွဲချမရပဲဖြစ်နေအုံးမယ်....."
"အဲ့ဒီအခါကျရင်ကျွန်တော်ကိုယ်တိုင်ကိုကိုနဲ့အတူလေပေါ်လိုက်တတ်လာမယ်လေ.....ဒါဆိုကျွန်တော်နဲ့ကိုကိုလုံးဝကွဲသွားတော့မှာမဟုတ်ဘူး....."
"မင်းဘာလို့ဒီလောက်ထိတောင်စကားတတ်ရတာလဲ...."
"ကျွန်တော်ကစကားတတ်တာမဟုတ်ပါဘူးနော်.....ကိုကို့အတွက်ကျွန်တော့်နှလုံးသားထဲမှာအရာအားလုံးပြည့်သိပ်နေတော့သူ့အလိုလိုစကားလုံးတွေထွက်ကျလာတာ...."
"ဟုတ်ပါပြီ....ဟုတ်ပါပြီ....."
လီမောင်နှမနှစ်ယောက်မှာကိတ်ဆိုင်အတွင်းသို့ဝင်လာချင်းမှာပဲအနှီးအချစ်စကားတီတီတာတာလေးတွေဖြင့်မျက်နှာသို့ကောက်ပေါက်ခြင်းခံလိုက်ရသည်။
ဆိုင်အတွင်းချစ်ကြည်နူးတတစ်တူး၊ အသည်းပုံလေးတွေပြည့်နှက်နေတာကြောင့်လီမောင်နှမနှစ်ယောက်လုံး၏နှုတ်ခမ်းထောင့်မှာတွန့်ကနဲတွန့်ကနဲဖြစ်ဖြစ်သွားသည်။
ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလိုခွေးစာအပြည့်ထိုးသိပ်ခြင်းခံလိုက်ရတာကြောင့်ခံစားချက်ကသိပ်မကောင်းတော့ပေ။
"အဟမ်း....အဟမ်း....."
လီယန်းကပွတ်သီးပွတ်သပ်ဖြစ်နေသည့်ထိုစုံတွဲကိုချောင်းဟမ့်ရင်းသူတို့ရှိနေကြောင်းသတိပေးလိုက်သည်။ထိုအခါမှသာရှောင်ကျန့်ဟာဆိုင်ထဲဝင်လာသူမောင်နှမနှစ်ယောက်ကိုသတိထားမိလိုက်ပြီးအနည်းငယ်ရှက်ကိုးရှက်ကန်းဖြင့်သူ့ခါးပေါ်ကဟေးလစ်ခ်၏လက်မောင်းနှစ်ဖက်ကိုလွှတ်ပေးဖို့ရန်ခပ်ဖွဖွပုတ်လိုက်သည်။
ဟေးလစ်ခ်၏နှုတ်ခမ်းမှာတစ်တောင်လောက်ဆူထွက်လာသော်လည်းမတတ်သာစွာဖြင့်လွှတ်ပေးလိုက်ရုံသာတတ်နိုင်သည်။သူ့ကိုကိုရဲ့စကားမှန်သမျှကိုသူမလွန်ဆန်နိုင်ပေ။
"ယုမေ....လီယန်း....မင်းတို့ကိစ္စတစ်ခုခုများရှိလို့လား...."
ရှောင်ကျန့်ဟာအပြုံးလေးတစ်ခုဖြင့် လီမောင်နှမနှစ်ယောက်နားလျှောက်လာသည်။လီမောင်နှမနှစ်ယောက်ဟာရှောင်ကျန့်ရဲ့နောက်ခံအစစ်အမှန်ကိုသိသွားသည့်အခါတွင်အတော်လေးအံ့အားသင့်သွားကြပေမယ့်ကောင်းမွန်စွာလက်သင့်ခံလိုက်နိုင်ကြသည်။
ဟေးလစ်ခ်က လီမောင်နှမနှစ်ယောက်မှာရှောင်ကျန့်ဒဏ်ရာရစဥ်အချိန်ကစိတ်ရင်းဖြင့်ကယ်တင်ပေးခဲ့မှန်းသိလိုက်ရသည်နှင့်သူ့လုပ်ရပ်တွေအတွက်ကိုယ်တိုင်ကိုယ်ကျသွားရောက်တောင်းပန်ခဲ့သည်။ဟေးလစ်ခ်ကwerewolfမျိုးနွယ်စုကိုဖျက်စီးခဲ့သည်မှာမှန်သော်လည်း မောင်နှမနှစ်ယောက်လုံးမှာအကြောင်းတစ်ခုခုကြောင့်မျိုးနွယ်စုကိုမုန်းတိးစိတ်နာခဲ့တာကြာမြင့်ခဲ့ပြီဖြစ်သည်။
ဒါကြောင့်လည်းနှစ်ယောက်လုံးမျိုးနွယ်စုကခွဲထွက်၍ အပြင်လောကတွင်အေးချမ်းစွာနေထိုင်ခဲ့တာဖြစ်သည်။မျိုးနွယ်စုနဲ့ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကသံယောဇဥ်ဖျက်ခဲ့တာကြောင့်werewolfမျိုးနွယ်၏ပျက်ဆီးမှုကိုဘာမှသိပ်မခံစားရချေ။
ဒါကြောင့်လီမောင်နှမနှစ်ယောက်လုံးဟာဟေးလစ်ခ်ကိုအလွယ်တကူခွင့်လွှတ်ပေးခဲ့ကြသည်။သူတို့လည်းနားလည်သည်။ဟေးလစ်ခ်လိုစွမ်းအားကြီးပြီး မာနကြီးသူက သူတို့နှစ်ယောက်သာရှောင်ကျန့်ရဲ့ကျေးဇူးရှင်မဟုတ်ခဲ့ရင်ဒီလောက်ထိတကူးတကတောင်းပန်နေမည်မဟုတ်ချေ။
ဟေးလစ်ခ်ကရှောင်ကျန့်ကိုမထင်မှတ်ထားလောက်အောင်ချစ်မြတ်နိုး၏။ရှောင်ကျန့်အတွက်တစ်ခြားလူတွေကိုဦးညွှတ်ရရင်တောင်ကျေကျေနပ်နပ်ကြီးလုပ်ဆောင်ပေးနိုင်သည်။
"ဘာရယ်မဟုတ်ပါဘူး....မင်ယွင်ကကိတ်ဆိုင်အသစ်ဖွင့်ထားတယ်ဆိုလို့....နည်းနည်းပါးပါးလာစူးစမ်းကြည့်တာ....."
လီယန်းကအပြုံးချိုချိုလေးဖြင့်ရှောင်ကျန့်ကိုပြောသည်။
"ဟုတ်တယ်...ဟုတ်တယ်....အစ်ကို့ဆိုင်ရဲ့အပြင်အဆင်ကအရမ်းမိုက်တာပဲ....ရိုးရိုးရှင်းရှင်းလေးနဲ့အေးချမ်းပြီးလူတိုင်းကိုဆွဲဆောင်နိုင်တယ်...."
လီယုမေဟာဆိုင်ပတ်လည်ကိုသဘောတကျလိုက်လံကြည့်ရှု့ရင်းဆိုသည်။ရှောင်ကျန့်ကသူမ၏ချီးကျူးစကားကိုကြားသည့်အခါတွင်ဂုဏ်ယူစွာသူ့မေးလေးကိုအနည်းငယ်ပင့်မြှောက်လိုက်မိသည်။
ဘာအကြောင်းကြောင့်ပဲဆိုဆို ဒီဆိုင်ပတ်ဝန်းကျင်နဲ့အပြင်အဆင်ကိုသူ့ချစ်သူကိုယ်တိုင်တကူးတကကြိုးစားပေးခဲ့ရတာမဟုတ်ပါလား။အရေးကြီးဆုံးကသူ့အကြိုက်ကိုလိုက်၍ဂရုတစိုက်ဆင်ယင်ပေးခဲ့ခြင်းဖြစ်သည်။
"အခုလောလောဆည်တော့ဆိုင်ဖွင့်ဖို့အစီအစဥ်မရှိသေးပါဘူး...."
"အမ်....ဘာဖြစ်လို့လဲ...."
"ဘာလို့ဆိုကိုကိုနဲ့ငါကdateမှာအဝပျော်ဖို့အချိန်တွေပိုလိုတယ်လေ...."
ဟေးလစ်ခ်ကရှောင်ကျန့်နားလျှောက်လာပြီးတစ်ကိုယ်လုံးသူ့ရင်ခွင်ထဲသိမ်းကျုံးပွေ့ဖက်လျက်ကြားဝင်၍ဖြတ်ပြောလိုက်သည်။ရှောင်ကျန့်၏မျက်နှာလှလှလေးမှာအနည်းငယ်နီရဲသွားလျက်ရှု့မငြီးနိုင်သည့်အလှတရားတစ်ရပ်ကိုဖြစ်တည်သွားစေသည်။
လီယန်းနှင့်လီယုမေ၏မျက်နှာမှာခွေးစာတွေတစ်နင့်တပိုးထိုးသိပ်ခံလိုက်ရခြင်းကြောင့်ရှုံတွသွားရှာသည်။
သူတို့ဒီမှာသာဆက်နေရင်ပိုများတဲ့ခွေးစားတွေဖြင့်လည်ပင်းနင်ပြီးရုတ်တရက်ကြီးငေါက်ကနဲလဲသေသွားမှာစိုးရိမ်ရတာကြောင့်ချက်ချင်းသင့်သလိုနှုတ်ဆက်၍ထွက်လာခဲ့ကြသည်။
အမလေး.....ဒီနှစ်ယောက်ကတကယ်ပဲအခုမှပြန်တွေ့ပြီးချစ်သူဖြစ်လာတာဟုတ်ရဲ့လား။
ဘာလို့နှစ်ယောက်လုံးကအခုမှစချစ်၊စတွဲကာစ ချစ်သူရည်းစားတွေလိုရှက်ကိုးရှက်ကန်းဖြစ်တာမျိုးမရှိပဲ နှစ်ပေါင်းများစွာတစ်ယောက်အကြောင်းတစ်ယောက်အသေးစိတ်သိပြီး ကလူနိုင်ကြတာလဲ။
__________________________________________________________
Zawgyi
ေဟးလစ္ခ္၏ေျပာျပခ်က္အရ ေရွာင္က်န့္မွာ၁၆ႏွစ္အေတာအတြင္းေျပာင္းလဲမႈအေတာ္မ်ားမ်ားကိုသိလိုက္ရသည္။
သူေခ်ာက္ထဲခုန္ခ်ၿပီးေပ်ာက္သြားတုန္းက လူတိုင္းမွာသူေသသြားၿပီဟုသတ္မွတ္ခဲ့ၾကတာျဖစ္သည္။ ထိုေနရာတြင္ျပင္းထန္သည့္တိုက္ပြဲတစ္ရပ္ျဖစ္ခဲ့ေၾကာင္း ရည္ၫႊန္းေနၿပီး werewolfမ်ိဳးႏြယ္ဝင္ေတြရဲ႕ေျခရာလက္ရာအျပည့္ေၾကာင့္ vampireမ်ိဳးႏြယ္စုတစ္ခုလုံးေဒါသေပါက္ကြဲခဲ့ၾကသည္။
အထူးသျဖင့္ မူလလုမင္ယြင္၏အေဖ vampireအႀကီးအကဲျဖစ္သည္။သူ႕ရဲ႕တစ္ဦးတည္းေသာသားေလးကwerewolfမ်ိဳးႏြယ္ဝင္ေတြလက္ထဲမွာေသဆုံးခဲ့ရတာကိုလက္မခံနိုင္ပဲ ဇာတ္လိုက္အယ္ဗင္ကိုေတာင္ျပႆနာသြားရွာေသးသည္။အေၾကာင္းကေတာ့အယ္ဗင္ဆီသာသူ႕သားကိုအလုပ္လုပ္ဖို႔ရန္ခြင့္မျပဳခဲ့ရင္ ဒီလိုကိစၥရပ္ေတြျဖစ္လာမွာမဟုတ္ဟူ၍။
၎ေနာက္werewolfမ်ိဳႏြယ္ထိသြားေရာက္ေသာင္းက်န္းျပန္တာေၾကာင့္တစ္ျခားvampireအႀကီးအကဲေတြမွာမနည္းေခ်ာ့ေမာ့ၿပီးသြားဆြဲေခၚရျပန္ေသးသည္။
အယ္ဗင္ကိုယ္တိုင္ကလည္းဘာေၾကာင့္ရယ္မသိတအားေတြေဒါသေပါက္ကြဲလာၿပီးwerewolfေတြကိုျပင္းျပင္းထန္ထန္တိုက္ခိုက္ခဲ့သည္။
ဒါေပမယ့္ေရွာင္က်န္ကေတာ့အယ္ဗင္ေဒါသထြက္ရသည့္အေၾကာင္းအရင္းကိုသူသိသည္ဟုထင္သည္။
သူတိုက္ခိုက္မခံခဲ့ရစဥ္က လင္သုန့္တို႔အဖြဲ႕ကိုကယ္တင္ရန္အတြက္ အယ္ဗင္ႏွင့္အေပးအယူလုပ္ခဲ့ရသည္။အရသာရွိတဲ့ေသြးအိတ္ေတြေသာက္ဖို႔ရန္အခြင့္အေရးရလာခ်ိန္၌werewolfေတြလက္ခ်က္ျဖင့္တစ္စစီပ်က္စီးသြားေလရာအစားအေသာက္မက္သူအယ္ဗင္ခမ်ာဘယ္ေလာက္ေတာင္ေဒါပြၿပီးေပါက္ကြဲသြားလိမ့္မလဲဆိုတာအလြယ္တကူခန့္မွန္းနိုင္သည္။
ၿပီးေတာ့ေရွာင္က်န့္အေနနဲ႕ေရွာ့ခ္ ရစရာကိစၥတစ္ရပ္ကိုလည္းသိရွိလိုက္ရသည္။
အမွန္ေတာ့ေဟးလစ္ခ္၏ေသြးဆင့္ကဲေျပာင္းလဲျခင္းမွာ၁၅ႏွစ္မွ်ၾကာျမင့္ခဲ့သည္။
၁၅ႏွစ္!!!!
ဆိုလိုတာကေဟးလစ္ခ္၏ေသြးဆင့္ကဲေျပာင္းလဲျခင္းမွာလြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကမွၿပီးေျမာက္ခဲ့တာျဖစ္သည္။
ကံေကာင္းတာကေသြးဆင့္ကဲေျပာင္းလဲေနခ်ိန္အတြင္း၌vampire၏စိတ္မွာကုန္ဆုံးသြားသည့္အခ်ိန္ႏွင့္အတူတျဖည္းျဖည္းရင့္က်က္တိုးတတ္လာ၍ျဖစ္သည္။မဟုတ္ရင္၄ႏွစ္အ႐ြယ္ကေလးစိတ္ျဖင့္ ေဟးလစ္ခ္ကိုသာေရွာင္က်န့္ႀကဳံရေပလိမ့္မည္။
ေတြးၾကည့္ရင္ၾကက္သီးထစရာႀကီး။ငါေထာင္ထဲမဝင္ခ်င္ေသးဘူး။
ေဟးလစ္ခ္ကေရွာင္က်န့္ကိုႏူးညံ့စြာၿပဳံး၍ၾကည့္သည္။သူနိုးလာသည့္အခါတြင္သူ႕ကိုကို ေသသြားၿပီဆိုတဲ့သတင္းကသူ႕ကိုဘယ္ေလာက္ေတာင္႐ူးသြပ္သြားေစလဲဆိုတာသူကိုယ္တိုင္သာသိသည္။
သူ႕စိတ္တစ္ခုလုံးလြတ္ထြက္သြားတာေၾကာင့္အနီးနားမွာရွိတဲ့သက္ရွိ၊သက္မဲ့အရာအားလုံးေပါက္ကြဲကုန္သည္အထိပင္။ဒါေပမယ့္အမည္မသိစြမ္းအင္တစ္မ်ိဳးကသူ႕ကိုႏွစ္သိမ့္လာသည္။
သူ႕ကိုကိုမေသေသးဘူး။ကိုကိုကေကာင္းေကာင္းမြန္မြန္အသက္ရွင္ေနေသးတယ္။
ထိုအရာကသူ႕စိတ္ကိုျပန္လည္ထိန္းခ်ဳပ္နိုင္ေအာင္ကူညီေပးၿပီးသူ႕ရဲ႕werewolfမ်ိဳးႏြယ္အေပၚမုန္းတီးမႈမွာေျပာမျပတတ္နိုင္ေလာက္ေအာင္ႀကီးထြားသြားသည္။ဒါေၾကာင့္သူနိုးထလာတာနဲ႕werewolfမ်ိဳးႏြယ္ေခါင္းေဆာင္နဲ႕အႀကီးအကဲအားလုံးကိုသူကိုယ္တိုင္လက္စေဖ်ာက္၍vampireေတြရဲ႕ႏွစ္ေပါင္းေထာင္နဲ႕ခ်ီတိုက္ခိုက္ခဲ့တဲ့ရန္သူ႕မ်ိဳးႏြယ္ဟာလုံးဝပ်က္စီးသြားသည္။
ဒါေပမယ့္werewolfမ်ိဳးႏြယ္မွာကမၻာအႏွံ႕ပ်ံ့က်ဲၿပီးရွိေနေသးသည္။ဒီတစ္ႏွစ္အတြင္းတစ္ေနရာၿပီးတစ္ေနရာသြားေရာက္၍ထိုမ်ိဳးႏြယ္ခြဲေတြကိုရွင္းလင္းသုတ္သင္ခဲ့သည္။အခုဒီၿမိဳ႕ေလးတြင္ထြက္ေျပးတိမ္းေရွာင္ေနသည့္werewolfတစ္ခ်ိဳ႕ရွိေၾကာင္းသတင္းရသည္ႏွင့္အမႊာသုံးေယာက္ႏွင့္အတူေဟးလစ္ခ္ကိုယ္တိုင္ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။
ကံအေၾကာင္းတိုက္ဆိုင္မႈေၾကာင့္ေဟးလစ္ခ္ဟာသူဒီတစ္ႏွစ္လုံးလုံးအ႐ူးအမူးရွာေဖြခဲ့တဲ့သူ႕ကိုကိုအားထိပ္တိုက္ျပန္ေတြ႕ဆုံခဲ့သည္။
"ဒါဆို....ငါ့ေၾကာင့္werewolfမ်ိဳးႏြယ္တစ္ခုလုံးကိုဖ်က္ဆီးခဲ့တာေပါ့....."
"အင္း....သူတို႔ကကိုကို႔ကိုနာက်င္ေအာင္လုပ္ခဲ့တယ္....."
ေဟးလစ္ခ္ဟာေရွာင္က်န့္ရဲ႕ခါးကိုတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားရင္းလည္ပင္းသြယ္သြယ္ထဲေခါင္းစိုက္ထား၏။သူ႕ကိုကိုဆီက ကိုယ္သင္းနံ႕ေလးကိုအ႐ူးတစ္ေယာက္လိုစြဲစြဲလမ္းလမ္းရႈရွိုက္ေနရင္းသူ႕မ်က္ဝန္းနက္ေတြထဲကေၾကာက္မက္ဖြယ္ရာသားရိုင္းေကာင္ႀကီးကိုဖုံးကြယ္လိုက္သည္။
"သူတို႔အားလုံးေသသင့္တယ္....."
ေဟးလစ္ခ္၏မ်က္ဝန္းအတြင္းကနာက်င္မႈနဲ႕႐ူးသြပ္မႈေတြကိုသတိထားမိလိုက္သည့္ေရွာင္က်န့္ဟာသူ႕ရင္ထဲစူးေအာင့္သြားသလိုခံစားလိုက္ရသည္။သူကေဟးလစ္ခ္ရဲ႕ေခါင္းဖြာဖြာေလးကိုပြတ္သပ္ေပးရင္းအတတ္နိုင္ဆုံးႏွစ္သိမ့္မႈကိုသူ႕အျပဳအမူကေနတစ္ဆင့္ေဖာ္ျပလိုက္သည္။
werewolfမ်ိဳးႏြယ္နဲ႕ပတ္သပ္ရင္ေတာ့အနည္းငယ္စိတ္မေကာင္း႐ုံကလြဲၿပီးဘာမွမခံစားရေပ။အေၾကာင္းအရင္းကေတာ့ဒီလိုမ်ိဳးႏြယ္စုႀကီးေတြအတြက္သနားငဲ့ညွာမႈနဲ႕တရားမွ်တမႈဆိုသည္မွာလုံးဝမရွိေခ်။သူတို႔အတြက္အေရးပါဆုံးကစြမ္းအားသာျဖစ္သည္။
အကယ္၍werewolfေတြသာvampireေတြထက္သန္မာအားေကာင္းခဲ့ရင္vampireမ်ိဳးႏြယ္စုတစ္ခုလုံး ကေလးေရာေခြးပါမက်န္အျမစ္ျဖတ္၊သတ္ျဖတ္ျခင္းခံရမွာပင္။တကယ္လို႔အျပစ္တင္ခ်င္ရင္ေတာင္လုံေလာက္ေအာင္မသန္မာတဲ့သူတို႔ကိုယ္တိုင္သာအျပစ္တင္ၾကေပလိမ့္မည္။
ၿပီးေတာ့werewolfမ်ိဳးႏြယ္ဆိုတာကလည္းအျပစ္ကင္းစင္လြန္းတဲ့မ်ိဳးႏြယ္လည္းမဟုတ္ေပ။အမွန္တကယ္တြင္သူတို႔ကvampireေတြထက္ေကာက္က်စ္ၿပီးလူသားစားရသည္ကိုပိုႏွစ္ၿခိဳက္၏။
ထိုေန႕ကစၿပီးေဟးလစ္ခ္ဟာေရွာင္က်န့္ကိုတိုက္ခန္းက်ဥ္းက်ဥ္းေလး၌ျဖစ္သလိုေနခြင့္မေပးေတာ့ေခ်။ၿမိဳ႕လည္တြင္ကိုယ္ပိုင္ကြန္ဒိုတစ္လုံးရွိတာေၾကာင့္ေရွာင္က်န့္ႏွင့္အတူထိုကြန္ဒိုတြင္ေနထိုင္သည္။
ေရွာင္က်န့္စားရေသာက္ရသည္ကိုႏွစ္ၿခိဳက္မွန္းသိေတာ့ၾကယ္ငါးပြင့္စားေသာက္ဆိုင္ႀကီးတစ္ဆိုင္ကိုလႊဲေျပာင္းေပးဖို႔ရန္လုပ္သည္။ေရွာင္က်န့္ထိုအခါမွသိလိုက္ရသည္က သူ႕ခ်စ္သူမွာေသာက္ရမ္းခ်မ္းသာတယ္ဆိုတာပဲ။
ေရွာင္က်န့္ျငင္းဆန္သည့္အခါတြင္ေဟးလစ္ခ္ကႏႈတ္ခမ္းေလးဆူ၍လက္ခံလိုက္သည္။လီေမာင္ႏွမႏွစ္ေယာက္ရဲ႕ကိတ္မုန့္ဆိုင္မွာသူအလုပ္လုပ္မွန္းသိသြားေတာ့ အသည္းအသန္ကိတ္မုန့္ဆိုင္ေလးတစ္ဆိုင္ဖြင့္ေပးျပန္သည္။
ေရွာင္က်န့္စိတ္တိုင္းက်အလွဆင္ေပးရန္အတြက္ အမႊာသုံးေယာက္ကိုေတာင္ဆြဲထည့္လိုက္ေသးသည္။ေရွာင္က်န့္ခမ်ာအႏွီးကိတ္မုန့္ဆိုင္ေလးကိုျငင္းခ်င္ပါေသာ္လည္းသူ႕ခ်စ္သူကိုယ္တိုင္ကိုယ္က်ျပင္ဆင္ေပးထားတာကိုေတြးမိၿပီးလက္ခံလိုက္သည္။
"ကိုကို...."
ေဟးလစ္ခ္ဟာေရွာင္က်န့္ရဲ႕ေနာက္ေက်ာဘက္ကေနသိမ္းက်ဳံးေပြ႕ဖက္လိုက္ရင္းပုခုံးေပၚေမးတင္လိုက္သည္။
"ကိုကိုဘာလုပ္ေနတာလဲ...."
"ကိတ္ပုံေဖာ္ေနတာ...."
ေရွာင္က်န့္ေရွ႕တြင္အသည္းပုံသ႑ာန္ႏွစ္ထပ္ကိတ္ေသးေသးေလးတစ္ခုရွိေနသည္။
"မင္း အရသာခံလို႔မရတာဆိုးလိုက္တာ...."
ေရွာင္က်န့္ကစိတ္ပ်က္လက္ပ်က္ဟန္ေလးျဖင့္သက္ျပင္းအသာခ်ရင္းဆိုသည္။ေဟးလစ္ခ္ငယ္ငယ္တုန္းကဆိုရင္သူဘာခ်က္ေကြၽးေကြၽးလက္မေလးေထာင္၍အားရပါးရစားျပတတ္သည္။အခုေသြးဆင့္ကဲေျပာင္းလဲၿပီးသြားသည့္အခါတြင္သူခ်က္ေကြၽးသမွ်အရသာမခံနိုင္ေတာ့တာေၾကာင့္အနည္းငယ္ေတာ့စိတ္ဓာတ္က်ဖြယ္ေကာင္းလွသည္။
"ကြၽန္ေတာ့္ကိုခြံ႕ေကြၽး...."
ေရွာင္က်န့္ကမ်က္လုံးျပဴးျပဴးေလးျဖင့္ေဟးလစ္ခ္ကိုလွည့္ၾကည့္သည္။
"မင္း အရသာခံနိုင္တာလား...."
ေဟးလစ္ခ္ကေခါင္းျငႇိမ့္ျပသည္။
"တကယ္ႀကီး...."
"အင္း....တကယ္....."
ေရွာင္က်န့္၏ပါးစပ္ေလးမွာအံ့အားသင့္မႈေၾကာင့္ပြင့္ဟသြားသည္။သူကိုယ္တိုင္ေတာင္အုန္းသီးေက်းဇူးေၾကာင့္အရသာခံနိုင္စြမ္းေပ်ာက္မသြားတာျဖစ္ေသာ္လည္း ေသြးသန့္တစ္ေယာက္ျဖစ္တဲ့ေဟးလစ္ခ္ကယခုခ်ိန္ထိအရသာခံစားေသာက္နိုင္တာလြန္စြာထူးဆန္းလြန္းသည္။
ေဟးလစ္ခ္ကေရွာင္က်န့္၏ပြင့္ဟေနတဲ့ႏႈတ္ခမ္းေလးကိုႁပြတ္ကနဲျမည္ေအာင္တစ္ခ်က္ေလာက္စုပ္နမ္းလိုက္သည္။
"မင္း!"
"ဟီး...."
ေဟးလစ္ခ္၏အ႐ူးေလးလိုအၿပဳံးကိုျမင္သည့္အခါတြင္ေရွာင္က်န့္ဟာမနိုင္သည့္ဟန္ျဖင့္သူ႕ေခါင္းေလးကိုခပ္ဖြဖြခါရမ္းလိုက္ၿပီးအသည္းပုံကိတ္ေလးကိုခြဲ၍ပန္းကန္ေသးေသးေလးတစ္ခုေပၚတင္လိုက္သည္။
ဇြန္းေသးေသးတစ္ခုျဖင့္ကိတ္ကိုဖဲ့ယူလိုက္ရင္းေဟးလစ္ခ္၏ႏႈတ္ခမ္းနားတိုးကပ္ေပးလိုက္သည္။
"ပါးစပ္ဟ....အာ......"
"အာ......."
ေဟးလစ္ခ္ဟာကိတ္အရသာကိုအေသအခ်ာခံစား၍သူ႕မ်က္လုံးေတြကိုမွိတ္ထားလိုက္သည္။
"ဘယ္လိုလဲ....စားေကာင္းလား...."
ေရွာင္က်န့္၏မ်က္လုံးလွလွေလးတစ္စုံမွာေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္တစ္လဲ့လဲ့ေတာက္ပေနၿပီးေဟးလစ္ခ္၏အေျဖကိုေစာင့္ေမွ်ာ္ေနသည္။
"Immmmm......."
"ဘယ္လိုေနလဲလို႔....."
ေရွာင္က်န့္ကတမင္သပ္သပ္အခ်ိန္ဆြဲေနသည့္ေဟးလစ္ခ္ကိုၾကည့္ကာသူ႕စိတ္ထဲပိုမိုစိုးရိမ္လာသည္။
သူကိတ္လုပ္ေနတုန္းတစ္ခုခုမွားထည့္မိသြားလို႔မ်ားလား။
ေဟးလစ္ခ္ကမ်က္လုံးေလးတစ္ဖက္ဖြင့္ၾကည့္ရင္းေရွာင္က်န့္၏စိုးရိမ္ေနသည့္မ်က္ႏွာေသးေသးေလးကိုျမင္သည့္အခါတြင္က်ယ္ေလာင္စြာရယ္ေမာ၍ပါးျဖဴျဖဴေလးတစ္ဖက္ကိုမြကနဲေနေအာင္ဖိနမ္းလိုက္သည္။
"ကိုကိုလုပ္သမွ်အရသာဆိုးဝါးတာရွိလို႔လား....ဒီေလာကႀကီးထဲမွကို႔ကို႔လက္ရာကိုမွီတဲ့သူမေမြးေသးဘူး...."
ထိုအခါမွသာေရွာင္က်န့္ရင္ထဲကအလုံးႀကီးမွာျပဳတ္က်သြားေတာ့သည္။သူကခပ္ဟဟၿပဳံးရယ္လိုက္ရင္းေဟးလစ္ခ္၏ပါးႀကီးႏွစ္ဖက္ကိုသူ႕လက္ေလးႏွစ္ဖက္ျဖင့္ဆြဲညွစ္လိုက္သည္။
"ဒီေလာက္ႀကီးခ်ီးက်ဴးမေနပါနဲ႕....ငါေလေပၚေျမာက္တတ္သြားရင္ျပန္ဆြဲခ်မရပဲျဖစ္ေနအုံးမယ္....."
"အဲ့ဒီအခါက်ရင္ကြၽန္ေတာ္ကိုယ္တိုင္ကိုကိုနဲ႕အတူေလေပၚလိုက္တတ္လာမယ္ေလ.....ဒါဆိုကြၽန္ေတာ္နဲ႕ကိုကိုလုံးဝကြဲသြားေတာ့မွာမဟုတ္ဘူး....."
"မင္းဘာလို႔ဒီေလာက္ထိေတာင္စကားတတ္ရတာလဲ...."
"ကြၽန္ေတာ္ကစကားတတ္တာမဟုတ္ပါဘူးေနာ္.....ကိုကို႔အတြက္ကြၽန္ေတာ့္ႏွလုံးသားထဲမွာအရာအားလုံးျပည့္သိပ္ေနေတာ့သူ႕အလိုလိုစကားလုံးေတြထြက္က်လာတာ...."
"ဟုတ္ပါၿပီ....ဟုတ္ပါၿပီ....."
လီေမာင္ႏွမႏွစ္ေယာက္မွာကိတ္ဆိုင္အတြင္းသို႔ဝင္လာခ်င္းမွာပဲအႏွီးအခ်စ္စကားတီတီတာတာေလးေတြျဖင့္မ်က္ႏွာသို႔ေကာက္ေပါက္ျခင္းခံလိုက္ရသည္။
ဆိုင္အတြင္းခ်စ္ၾကည္ႏူးတတစ္တူး၊ အသည္းပုံေလးေတြျပည့္ႏွက္ေနတာေၾကာင့္လီေမာင္ႏွမႏွစ္ေယာက္လုံး၏ႏႈတ္ခမ္းေထာင့္မွာတြန့္ကနဲတြန့္ကနဲျဖစ္ျဖစ္သြားသည္။
ေရာက္ေရာက္ခ်င္းေဆာက္နဲ႕ထြင္းဆိုသလိုေခြးစာအျပည့္ထိုးသိပ္ျခင္းခံလိုက္ရတာေၾကာင့္ခံစားခ်က္ကသိပ္မေကာင္းေတာ့ေပ။
"အဟမ္း....အဟမ္း....."
လီယန္းကပြတ္သီးပြတ္သပ္ျဖစ္ေနသည့္ထိုစုံတြဲကိုေခ်ာင္းဟမ့္ရင္းသူတို႔ရွိေနေၾကာင္းသတိေပးလိုက္သည္။ထိုအခါမွသာေရွာင္က်န့္ဟာဆိုင္ထဲဝင္လာသူေမာင္ႏွမႏွစ္ေယာက္ကိုသတိထားမိလိုက္ၿပီးအနည္းငယ္ရွက္ကိုးရွက္ကန္းျဖင့္သူ႕ခါးေပၚကေဟးလစ္ခ္၏လက္ေမာင္းႏွစ္ဖက္ကိုလႊတ္ေပးဖို႔ရန္ခပ္ဖြဖြပုတ္လိုက္သည္။
ေဟးလစ္ခ္၏ႏႈတ္ခမ္းမွာတစ္ေတာင္ေလာက္ဆူထြက္လာေသာ္လည္းမတတ္သာစြာျဖင့္လႊတ္ေပးလိုက္႐ုံသာတတ္နိုင္သည္။သူ႕ကိုကိုရဲ႕စကားမွန္သမွ်ကိုသူမလြန္ဆန္နိုင္ေပ။
"ယုေမ....လီယန္း....မင္းတို႔ကိစၥတစ္ခုခုမ်ားရွိလို႔လား...."
ေရွာင္က်န့္ဟာအၿပဳံးေလးတစ္ခုျဖင့္ လီေမာင္ႏွမႏွစ္ေယာက္နားေလွ်ာက္လာသည္။လီေမာင္ႏွမႏွစ္ေယာက္ဟာေရွာင္က်န့္ရဲ႕ေနာက္ခံအစစ္အမွန္ကိုသိသြားသည့္အခါတြင္အေတာ္ေလးအံ့အားသင့္သြားၾကေပမယ့္ေကာင္းမြန္စြာလက္သင့္ခံလိုက္နိုင္ၾကသည္။
ေဟးလစ္ခ္က လီေမာင္ႏွမႏွစ္ေယာက္မွာေရွာင္က်န့္ဒဏ္ရာရစဥ္အခ်ိန္ကစိတ္ရင္းျဖင့္ကယ္တင္ေပးခဲ့မွန္းသိလိုက္ရသည္ႏွင့္သူ႕လုပ္ရပ္ေတြအတြက္ကိုယ္တိုင္ကိုယ္က်သြားေရာက္ေတာင္းပန္ခဲ့သည္။ေဟးလစ္ခ္ကwerewolfမ်ိဳးႏြယ္စုကိုဖ်က္စီးခဲ့သည္မွာမွန္ေသာ္လည္း ေမာင္ႏွမႏွစ္ေယာက္လုံးမွာအေၾကာင္းတစ္ခုခုေၾကာင့္မ်ိဳးႏြယ္စုကိုမုန္းတိးစိတ္နာခဲ့တာၾကာျမင့္ခဲ့ၿပီျဖစ္သည္။
ဒါေၾကာင့္လည္းႏွစ္ေယာက္လုံးမ်ိဳးႏြယ္စုကခြဲထြက္၍ အျပင္ေလာကတြင္ေအးခ်မ္းစြာေနထိုင္ခဲ့တာျဖစ္သည္။မ်ိဳးႏြယ္စုနဲ႕ဟိုးလြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲကသံေယာဇဥ္ဖ်က္ခဲ့တာေၾကာင့္werewolfမ်ိဳးႏြယ္၏ပ်က္ဆီးမႈကိုဘာမွသိပ္မခံစားရေခ်။
ဒါေၾကာင့္လီေမာင္ႏွမႏွစ္ေယာက္လုံးဟာေဟးလစ္ခ္ကိုအလြယ္တကူခြင့္လႊတ္ေပးခဲ့ၾကသည္။သူတို႔လည္းနားလည္သည္။ေဟးလစ္ခ္လိုစြမ္းအားႀကီးၿပီး မာနႀကီးသူက သူတို႔ႏွစ္ေယာက္သာေရွာင္က်န့္ရဲ႕ေက်းဇူးရွင္မဟုတ္ခဲ့ရင္ဒီေလာက္ထိတကူးတကေတာင္းပန္ေနမည္မဟုတ္ေခ်။
ေဟးလစ္ခ္ကေရွာင္က်န့္ကိုမထင္မွတ္ထားေလာက္ေအာင္ခ်စ္ျမတ္နိုး၏။ေရွာင္က်န့္အတြက္တစ္ျခားလူေတြကိုဦးၫႊတ္ရရင္ေတာင္ေက်ေက်နပ္နပ္ႀကီးလုပ္ေဆာင္ေပးနိုင္သည္။
"ဘာရယ္မဟုတ္ပါဘူး....မင္ယြင္ကကိတ္ဆိုင္အသစ္ဖြင့္ထားတယ္ဆိုလို႔....နည္းနည္းပါးပါးလာစူးစမ္းၾကည့္တာ....."
လီယန္းကအၿပဳံးခ်ိဳခ်ိဳေလးျဖင့္ေရွာင္က်န့္ကိုေျပာသည္။
"ဟုတ္တယ္...ဟုတ္တယ္....အစ္ကို႔ဆိုင္ရဲ႕အျပင္အဆင္ကအရမ္းမိုက္တာပဲ....ရိုးရိုးရွင္းရွင္းေလးနဲ႕ေအးခ်မ္းၿပီးလူတိုင္းကိုဆြဲေဆာင္နိုင္တယ္...."
လီယုေမဟာဆိုင္ပတ္လည္ကိုသေဘာတက်လိဳက္လံၾကည့္ရႈ႕ရင္းဆိုသည္။ေရွာင္က်န့္ကသူမ၏ခ်ီးက်ဴးစကားကိုၾကားသည့္အခါတြင္ဂုဏ္ယူစြာသူ႕ေမးေလးကိုအနည္းငယ္ပင့္ျမႇောက္လိုက္မိသည္။
ဘာအေၾကာင္းေၾကာင့္ပဲဆိုဆို ဒီဆိုင္ပတ္ဝန္းက်င္နဲ႕အျပင္အဆင္ကိုသူ႕ခ်စ္သူကိုယ္တိုင္တကူးတကႀကိဳးစားေပးခဲ့ရတာမဟုတ္ပါလား။အေရးႀကီးဆုံးကသူ႕အႀကိဳက္ကိုလိုက္၍ဂ႐ုတစိုက္ဆင္ယင္ေပးခဲ့ျခင္းျဖစ္သည္။
"အခုေလာေလာဆည္ေတာ့ဆိုင္ဖြင့္ဖို႔အစီအစဥ္မရွိေသးပါဘူး...."
"အမ္....ဘာျဖစ္လို႔လဲ...."
"ဘာလို႔ဆိုကိုကိုနဲ႕ငါကdateမွာအဝေပ်ာ္ဖို႔အခ်ိန္ေတြပိုလိုတယ္ေလ...."
ေဟးလစ္ခ္ကေရွာင္က်န့္နားေလွ်ာက္လာၿပီးတစ္ကိုယ္လုံးသူ႕ရင္ခြင္ထဲသိမ္းက်ဳံးေပြ႕ဖက္လ်က္ၾကားဝင္၍ျဖတ္ေျပာလိုက္သည္။ေရွာင္က်န့္၏မ်က္ႏွာလွလွေလးမွာအနည္းငယ္နီရဲသြားလ်က္ရႈ႕မၿငီးနိုင္သည့္အလွတရားတစ္ရပ္ကိုျဖစ္တည္သြားေစသည္။
လီယန္းႏွင့္လီယုေမ၏မ်က္ႏွာမွာေခြးစာေတြတစ္နင့္တပိုးထိုးသိပ္ခံလိုက္ရျခင္းေၾကာင့္ရႈံတြသြားရွာသည္။
သူတို႔ဒီမွာသာဆက္ေနရင္ပိုမ်ားတဲ့ေခြးစားေတြျဖင့္လည္ပင္းနင္ၿပီး႐ုတ္တရက္ႀကီးေငါက္ကနဲလဲေသသြားမွာစိုးရိမ္ရတာေၾကာင့္ခ်က္ခ်င္းသင့္သလိုႏႈတ္ဆက္၍ထြက္လာခဲ့ၾကသည္။
အမေလး.....ဒီႏွစ္ေယာက္ကတကယ္ပဲအခုမွျပန္ေတြ႕ၿပီးခ်စ္သူျဖစ္လာတာဟုတ္ရဲ႕လား။
ဘာလို႔ႏွစ္ေယာက္လုံးကအခုမွစခ်စ္၊စတြဲကာစ ခ်စ္သူရည္းစားေတြလိုရွက္ကိုးရွက္ကန္းျဖစ္တာမ်ိဳးမရွိပဲ ႏွစ္ေပါင္းမ်ားစြာတစ္ေယာက္အေၾကာင္းတစ္ေယာက္အေသးစိတ္သိၿပီး ကလူနိုင္ၾကတာလဲ။
__________________________________________________________