နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Από Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Περισσότερα

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [12]

1.5K 159 2
Από Lazy_Little_Meow

[Unicode]

အခန်း (၁၂) - ရုပ်ရှင်အသစ်

“ဒီလိုကားမျိုးတွေကြိုက်ရင် နာမည်ပိုကြီးလာအောင်၊ ပိုက်ဆံအများကြီးရအောင် အလုပ်ကြိုးစား.. နာမည်ကျော်ဖြစ်လာတဲ့တစ်နေ့ လိုချင်တဲ့ကားမှန်သမျှ ဝယ်နိုင်လိမ့်မယ်..” ကျန်းချင်းယွင်က ကားတံခါးဖွင့်ရင်း ပြောလိုက်သည်။ နဉ်ရှီ ကားထဲဝင်သွားတော့မှ သူက နဉ်ရှီကို ငုံ့ကြည့်လိုက်ရင်း.. “ဒါပေမဲ့ ကောင်မလေးကို ကြိုက်တာဆိုရင်တော့ အတတ်နိုင်ဆုံး ဖုံးကွယ်ထား.. ဒီလိုကိစ္စမျိုးကို မီဒီယာတွေ မသိသွားစေနဲ့..”

ထိုသို့ပြောရင်း ကျန်းချင်းယွင်တစ်ယောက် သူ့ကိုယ်သူ သဘောကျနေတော့သည်။

သူ့လို ဉာဏ်ပညာကြီးတဲ့ အေးဂျင့်မျိုး ဘယ်မှာသွားရှာမလဲ..?

နဉ်ရှီက ခြုံထည်ကို ခပ်တင်းတင်း ဆွဲလိုက်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အစ်ကို အတွေးလွန်နေပြီ..”

“ငါ အတွေးလွန်နေတာမဟုတ်ဘူး.. ကောင်မလေးကို မြင်လိုက်တာနဲ့ မင်းရဲ့မျက်လုံးတွေက ဘလင်းဘလင်း ထနေတာလေ.. ဒီလောက် သိသာ……….”

စကားမဆုံးခင်မှာပင် သူ့ရဲ့အနောက်မှ ခြေသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေ၏။ ကျန်းချင်းလွင်လည်း နောက်လှည့်ကြည့်လိုက်သည်။ ရုတ်တရက် အံ့အားသင့်သွားရသည်။

မစ္စတာချန်း ဘယ်အချိန်ထဲက ရောက်နေတာလဲ..? သူ ပေါက်ကရပြောတာတွေ ကြားသွားပြီလားမသိဘူး..?

ထိုအခိုက် ပတ်ဝန်းကျင်လေထုက နေရခက်သော အငွေ့အသက်များဖြင့် ပြည့်နှက်လာခဲ့တော့သည်။

“ဟယ်လို မစ္စတာချန်း.. တိုက်ဆိုင်လိုက်တာ..”

ကျန်းချင်းယွင်က ခြောက်ကပ်ကပ် ပြုံးလိုက်ရင်း တစ်ဖက်လူ၏မြင်ကွင်းမှ နဉ်ရှီကို မမြင်သာအောင် ကြိုးစားဖုံးကွယ်လိုက်၏။ ဤမျှ ရှက်စရာကောင်းသောကိစ္စ၊ သူတစ်ယောက်တည်း မျက်နှာပျက်တာနဲ့တင် လုံလောက်နေချေပြီ။ နဉ်ရှီ၏ အသက်မွေးဝမ်းကြောင်းက သူမ၏မျက်နှာလေးအပေါ် မူတည်နေတာကြောင့် သူမကိုပါ ရေဆိုးမြောင်းထဲ ဆွဲမချလိုခဲ့ပေ။

“ဟယ်လို..”

ချန်းရှီကွေ့က ကျန်းချင်းယွင်ကို စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်ရင်း မျက်နှာလွှဲလိုက်သည်။

နဉ်ရှီက သူမရဲ့မျက်နှာလေးကို ခြုံထည်ပဝါဖြင့် ဖုံးကွယ်ထားခဲ့သည်။ သူ့ရဲ့မျက်ဝန်းများ သူမ,အပေါ် ကျရောက်လာသောအခါ.. ကားပါကင်၏ လိမ္မော်ရောင်အလင်းအောက် သူ့ရဲ့မျက်နှာအမူအရာသည် ပုံမှန်အချိန်များထက် နူးညံ့နေခဲ့လေ၏။ သူက နှစ်ယောက်လုံးကို ခေါင်းညိတ်ပြလိုက်ရင်း..

“ကောင်းသောညပါ..”

နဉ်ရှီလည်း ခြုံထည်ပဝါကို ဆွဲချလိုက်ပြီး ကျန်းချင်းယွင်နောက်မှ ခေါင်းလေး ထွက်လာခဲ့သည်။ ပြီးနောက် အသာပြုံးလိုက်ရင်း..

“ကောင်းသောညပါ..”

ကျန်းချင်းယွင်က အနေရခက်စွာ ရယ်မောလိုက်သည်။ ပြီးနောက် နဉ်ရှီကို တံခါးပိတ်ပေးလိုက်ကာ ချန်းရှီကွေ့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်၏။ ပြီးနောက် ဂီယာနှိုးကာ ဟိုတယ်မှ ထွက်လာလိုက်တော့သည်။

အချိန်အတော်ကြာမှ ကျန်းချင်းယွင်က သက်ပြင်းချလိုက်ကာ..

“မင်းပြောကြည့်.. မစ္စတာချန်းက မင်းကို အဲ့လို ထင်သွား…”

“သူက ကျွန်မရဲ့ရည်းစားမှမဟုတ်တာ.. သူဘယ်လိုထင်ထင် ဘာအရေးလဲ..?” နဉ်ရှီက တွေးဆနေဟန်ဖြင့် မေးစေ့ကို ပွတ်သပ်လိုက်ရင်း.. “အဲ့လူတွေနဲ့ပက်သက်ပြီး အတင်းမပြောသင့်ဘူး..”

“တောင်းပန်ပါတယ်..” ကျန်းချင်းယွင်က တည်ကြည်စွာ တောင်းပန်လာခဲ့သည်။ “ဒီလိုမျိုးတွေ ထပ်မစနောက်တော့ဘူး..”

အေးဂျင့်တစ်ယောက်အနေဖြင့် မီဒီယာတွေ ဘယ်လောက်စွမ်းအားကြီးကြောင်း၊ ဘယ်လိုစကားလှည့်တတ်ကြောင်း သူသိသည်။ ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ် ဟာသမလုပ်သင့်ပေ။ ယနေ့ဖြစ်ရပ်က သူ့အား သတိပေးနေခဲ့သည်။

ကျန်းချင်းယွင်က အတည်အတန့်ကြီး တောင်းပန်လာလိမ့်မယ်လို့ နဉ်ရှီ မထင်မှတ်ထားခဲ့ချေ။ တစ်စက္ကန့်မျှ တောင့်ခဲသွားရပြီး ရယ်မောလိုက်၏။

“ရပါတယ်.. ဘာပဲပြောပြော ကျွန်မလည်း အဲ့လောက်နာမည်မကြီးသေးဘူးဆိုတော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်..”

“ကျေးဇူးတင်ပါတယ်..” ကျန်းချင်းယွင်က ပြုံးလိုက်သည်။ ပြီးနောက် နောက်ကြည့်မှန်မှတဆင့် နဉ်ရှီကို တစ်ချက်ကြည့်လိုက်ပြီး.. “မင်း နာမည်ကြီးလာအောင် ကျိန်းသေပေါက် လုပ်ပေးမယ်..”

နဉ်ရှီက သူ့ရဲ့စကားကို သဘောတူဟန်ဖြင့် ပြုံးရယ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဘော့စ်..?” ဒါရိုက်ဘာက အနောက်ကိုလှည့်ကြည့်ရင်း ခပ်တိုးတိုးမေးလိုက်သည်။ “အိမ်ပြန်တော့မလား..?”

ချန်းရှီကွေ့က ဘာမှပြန်မပြောပဲ ခေါင်းညိတ်ပြလိုက်သည်။ ဒါရိုက်ဘာက ကပျာကယာ တံခါးဖွင့်ပေးလာတာကြောင့် ကားထဲ ဝင်ထိုင်လိုက်၏။ ကားလေးက အမှောင်ရိပ်ထဲတွင် ပြေးလွှားနေလေသည်။ အနောက်ခန်းမှာ ထိုင်နေသော ချန်းရှီကွေ့က မျက်လုံးမှိတ်လိုက်သည်။ မှတ်ဉာဏ်တော်တော်များများ ပျောက်ဆုံးခဲ့ပါသော်လည်း အတိတ်မှဖြစ်ရပ်တချို့ကို မှတ်မိနေဆဲ။ ပြည့်ပြည့်ဖောင်းဖောင်း ကောင်မလေးကတော့ သူ့ရဲ့မှတ်ဉာဏ်ထဲတွင် အမြဲတမ်း သစ်လွင်နေခဲ့လေသည်။

ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်ချိန် ရုပ်ရှင်ရုံတစ်ခုကို မြင်လိုက်ရတာကြောင့်..

“ကားရပ်လိုက်..”

ကားလေးက ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။ မီးခိုးရောင်ဂျာကင် ဝတ်ဆင်ထားသော အမျိုးသား၏ ခြေတံရှည်ရှည်များသည် ရုပ်ရှင်ရုံထဲသို့ မတုံ့မဆိုင်းပဲ ဝင်သွားခဲ့လေ၏။ ညနက်နေပြီဖြစ်သောကြောင့် စုံတွဲတချို့မှလွဲ၍ လူများများစားစား မရှိခဲ့ချေ။

သူက လက်မှတ်ကောင်တာသို့ လျှောက်သွားလိုက်ပြီး ကောင်တာနောက်မှ ကြောင်အမ်းအမ်းဖြစ်နေသော အရောင်းဝန်ထမ်းကို စကားပြောလိုက်သည်။

“‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ အတွက် လက်မှတ်တစ်စောင်ပေးပါ..”

ရုပ်ရှင်က စနှင့်နေချေပြီ။ သူက ထောင့်တစ်နေရာမှာ ထိုင်ချလိုက်ပြီး Screen ပေါ်မှ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်ကို ငေးကြည့်နေခဲ့သည်။ အဆုံးမှာတော့ နှစ်ဦးသား ပျော်ရွှင်စွာ ပေါင်းဖက်သွားလေ၏။ အမျိုးသားဇာတ်လိုက်၏ မှတ်ဉာဏ်ထဲမှ အချစ်ဦးလေး၊ တစ်ချိန်က အချစ်ရဆုံးလူသားလေးကိုတော့ မေ့ပျောက်သွားခဲ့လေသည်။

ဇာတ်လမ်းဆုံးသွားသည်နှင့် ချန်းရှီကွေ့သည် ကြေညာတာကို စောင့်မနေပါပဲ၊ အချစ်ငှက်နှစ်ကောင်ကို ကြည့်မနေတော့ပဲ၊ တိတ်တဆိတ် ပြန်ထွက်လာခဲ့လိုက်သည်။

...

နဉ်ရှီ အိမ်ပြန်ရောက်သည်နှင့် အားပါးတရ ရေချိုးလိုက်သည်။ ပြီးနောက် အိစက်စက်မွေ့ယာပေါ် လှဲချလိုက်၏။ ညဦးပိုင်း ဝိုင်သောက်ထားတာကြောင့် အိပ်ငိုက်နေရမည့်အစား ထူးထူးခြားခြား စိတ်လှုပ်ရှားနေသလို ခံစားနေခဲ့ရသည်။

သို့နှင့် ဖုန်းဖွင့်ကြည့်လိုက်သည်။ နိုင်ငံခြားမှ သူမ၏သူငယ်ချင်းများ စာပို့ထားတာကို တွေ့လိုက်ရတာကြောင့် တာဝန်အရ အကုန်လုံးကို စာပြန်လိုက်သည်။ ပြီးနောက် အိပ်ရာဝင်တေးတစ်ပုဒ် ဖွင့်လိုက်၏။ ကလေးချော့အိပ်ရာဝင်တေး၏ ခပ်နိမ့်နိမ့်သံစဉ်က အခန်းထဲ ပျံ့လွင့်နေလေပြီး ချော့သိပ်နေသည့်နှယ်၊ နဉ်ရှီ အိပ်မောကျသွားတော့သည်။

မြို့တော်၏ တခြားသော အိမ်ရာတစ်ခုတွင်…

ချန်းယီကျွင်းနှင့် ဝေစစ်ချီတို့ အငြင်းပွားနေကြလေသည်။ ကွဲကြေနေသော ကွန်ပြူတာတစ်လုံးနှင့် စာအုပ်၊ စာရွက်စာတမ်းများက နေရာအနှံ့ ပြန့်ကျဲလျက်။ အိမ်တစ်အိမ်လုံး လေဆင်နှာမောင်း ဝင်မွှေထားသလို ဖြစ်နေချေပြီ။

“ဝေစစ်ချီ.. မင်းရူးနေပြီလား..?!”
ချန်းယီကျွင်း၏ မျက်နှာအမူအရာက အတော်လေး ပျက်ယွင်းနေလေ၏။ သူ့ရဲ့စိတ်ထဲမှ အမျက်ဒေါသကို မနည်းပြန်ဆွဲချထားရသည်။

“ဘယ်သူ့ကို ရူးနေတယ်လို့ ရှင်ပြောလိုက်တာလဲ..?” ဝေစစ်ချီ၏မျက်လုံးများက နီရဲလျက်၊ မျက်ရည်စများ ကျဆင်းလာခဲ့သည်။ “အတိတ်တုန်းက ဖြစ်ခဲ့တာတွေကို ဘာလို့လက်မလွှတ်နိုင်သေးရတာလဲ..?”

ချန်းယီကျွင်းသည် အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး စီးကရက်တစ်လိပ် ထုတ်ယူလိုက်သည်။ ပြီးနောက် မီးညှိကာ တစ်ရှိုက်သောက်လိုက်သည်။

“မင်းဘာပြောချင်နေမှန်း ငါနားမလည်နိုင်တော့ဘူး..”

ဝေစစ်ချီက မျက်ရည်များကြားမှ ပြုံးလိုက်သည်။
“အဲ့တော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလား..? ဒါမှမဟုတ် အဲ့ကောင်မကို မမေ့နိုင်သေးတာလား..?”

“ပြီးပြီးသားကိစ္စတွေနဲ့ ဘာလို့လာပွားနေတာလဲ..?” ချန်းယီကျွင်းက ခြောက်ကပ်ကပ် ပြောလာသည်။ အခန်းထဲမှ ရှုပ်ပွနေသော အရာများကို တစ်ချက်ကြည့်လိုက်ရင်း.. “တစ်ခွက်လောက် သွားသောက်ဦးမယ်.. မင်းအရင်အိပ်နှင့်တော့..”

“ချန်းယီကျွင်း..!”
လှည့်ထွက်သွားသော ချန်းယီကျွင်း၏ ကျောပြင်ကိုကြည့်ရင်း ဝေစစ်ချီတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ စာအုပ်စင်ကို တွန်းလှဲပစ်လိုက်ပြီး နောက်ဆုံးမှာတော့ မျက်နှာအုပ်ကာ ငိုနေတော့သည်။

သူမ၏နှလုံးသားထဲ ‘တစ်စုံတစ်ယောက်’ အပေါ် အမုန်းတရားများက အဆုံးအစမရှိအောင် ကြီးထွားလာခဲ့တော့သည်။

မနက်စောစော အိပ်ရာထရခြင်းက အလွန်စိတ်ဆင်းရဲစရာပင်။ နဉ်ရှီခမျာ ကျန်းချင်းယွင်၏ ဖုန်းဆက်နှိုးမှုကြောင့် နိုးထလာရပြီး ကူကယ်ရာမဲ့စွာ ပြင်ဆင်ရတော့သည်။

ဤတစ်ခေါက်တော့ ကျန်းချင်းယွင်က သူမကို ‘Yunyue of the Han Dynasty’ ဟုခေါ်သော ရှေးခေတ်ရုပ်ရှင်တစ်ခုအတွက် အလုပ်ရှင်အသစ်နှင့် တွေ့ဆုံရန် ခေါ်သွားခဲ့သည်။ ထိုရုပ်ရှင်အတွက် ဇာတ်လိုက်အမျိုးသားသရုပ်ဆောင်နှင့် အမျိုးသမီးသရုပ်ဆောင် နှစ်ဦးလုံးသည် အနုပညာလောကတွင် အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိ၏။ နဉ်ရှီက ဟန်မင်းဆက်၊ ဧကရာဇ်ဝူ၏ အကြီးဆုံး၊ အချစ်ရဆုံးမင်းသမီးလေး သန်းလီနေရာတွင် သရုပ်ဆောင်ရလိမ့်မည်။ သူမအတွက် Scene သိပ်များပါသော်လည်း ထိုဇာတ်ကောင်က သိပ်မထင်ရှားသော ဇာတ်ကောင်တစ်ခုတော့ မဟုတ်ပါချေ။

တရားမဝင်မှတ်တမ်းများအရ ဧကရာဇ်၏ အချစ်ရဆုံးမင်းသမီးလေး သန်းလီသည် အလွန်ချောမောလှပပြီး ‘ကုန်းကျူ’ ဘွဲ့ ချီးမြှောက်ခြင်းခံရသည့် တစ်ဦးတည်းသော မင်းသမီးလေးဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ‘အောက်လမ်းအတတ်ဖြင့် ပြုစားသောအမှု’ တွင် ပါဝင်ငြိစွန်းခဲ့ပြီး ဧကရာဇ်ဝူ၏ ကွပ်မျက်ခြင်း ခံခဲ့ရရှာသည်။

သို့သော် တရားဝင်မှတ်တမ်းများအရတော့ မင်းသမီးလေးဟာ ‘အောက်လမ်းအတတ်’ အမှုအခင်းတွင် ပါဝင်ပက်သက်ခြင်း မရှိခဲ့ပါချေ။ ထို့ကြောင့် ‘Yunyue of Han Dynasty’ ကို တရားမဝင်မှတ်တမ်းများအတိုင်း ရိုက်ကူးမှာမဟုတ်ပဲ တရားဝင်ချပြထားသော မှတ်တမ်းအရသာ ရိုက်ကူးချေလိမ့်မည်။

လူအများသည် သင့်တင့်လျောက်ပတ်အောင် နေထိုင်တတ်သော လူမျိုးကို သဘောကျတတ်ကြ၏။ နဉ်ရှီသည်လည်း ချွင်းချက်မဟုတ်ခဲ့ချေ။ ရိုက်ကွင်းသို့ရောက်သည်နှင့် ရိုက်ကူးရေးဝန်ထမ်းများကို သူမဘက်မှစ၍ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပြီးနောက် မိတ်ကပ်ပြင်မည့်နေရာသို့ သွားလိုက်သည်။

မင်းသမီးသန်းလီ၏ ရာဇဝင်ဇာတ်ကြောင်းက များများစားစား မရှိပါချေ။ သို့သော် ခေါင်းစဉ်အရ အကြီးကျယ်ဆုံး၊ အလှပဆုံးဖြစ်သော ဟန်မင်းဆက်ကို အခြေတည်ထားတာကြောင့် TV drama အတွက် အကောင်းဆုံးဇာတ်ကြောင်းတစ်ခုပါပင်။

နဉ်ရှီသည် ကြီးကျယ်ခမ်းနားသော ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီးနောက် ဆံပင်ကို ဆင်ယင်ထုံးဖွဲ့ကာ ဒါရိုက်တာဆီ သွားလိုက်သည်။

ဒါရိုက်တာရှုသည် ရှေးခေတ်ရုပ်ရှင်များ ရိုက်ကူးရာတွင် အလွန်တော်၏။ သူရိုက်ကူးသမျှ ရုပ်ရှင်၊ ဒရမ်မာတိုင်း အသေးစိတ်ကအစ တိကျသေသပ်သည်။ ဟန်မင်းဆက်ရုပ်ရှင်ဆိုလျှင် ထုံးတမ်းဓလေ့၊ ရိုက်ကူးရေးအပြင်အဆင်နှင့် ဝတ်စုံများတွင် စုန့်မင်းဆက်မှ အပြင်အဆင်၊ သို့မဟုတ် တခြားသောဓလေ့များ ပါဝင်လာခြင်း၊ စသည့်အမှားအယွင်းမျိုး လုံးဝမရှိပါချေ။

ဝတ်စုံပြည့်ဝတ်၍ သူ့ရှေ့ရောက်လာသော နဉ်ရှီကိုကြည့်ကာ ဒါရိုက်တာရှုက ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ သူမကိုရွေးချယ်ရန် အကြံဉာဏ်ပေးခဲ့သော ကျန်းချင်းယွင်ကို လှည့်ကြည့်လိုက်ပြီး.. “သူရဲ့ကိုယ်ဟန်က တကယ်ကောင်းတယ်.. ဟန်မင်းဆက်ရဲ့ အလှဆုံးမိန်းကလေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ထိုက်တန်တယ်..”

တစ်ခုတည်းသောမေးခွန်းက ထိုဇာတ်ရုပ်အတွက် နဉ်ရှီ သရုပ်ဆောင်နိုင်ပါ့မလား ဆိုတာပင်။ ရုပ်ရှင်ထဲတွင် မင်းသမီးသန်းလီက နဉ်ရှီထက် အသက်ကြီးနေသည်။ သို့သော် ရုပ်ရှင်ထဲမှဇာတ်ကောင်က ‘အလှဆုံးမိန်းကလေး’ ဖြစ်ရာ သရုပ်ဆောင်သူက သာမာန်ရုပ်ရည်မျိုး ဖြစ်နေခဲ့လျှင် သူ့ရဲ့အမြင်၌ ထိုလုပ်ရပ်က ကြည့်ရှုသူပရိသတ်များ၏ ဉာဏ်ရည်ကို စော်ကားလိုက်ခြင်းပင်။

“မိတ်ကပ်ဆရာနဲ့ ဝတ်စုံဒီဇိုင်နာတွေကြောင့်ပါ..” ကျန်းချင်းယွင်က ပြုံးလိုက်ပြီး.. “တက်သစ်စလေးဆိုတော့ သရုပ်ဆောင်မကောင်းရင် ဆရာရှု စိတ်ကြိုက်သာ ဆိုဆုံးမဗျာ..”

ဆရာရှုက ခပ်သောသော ရယ်မောလိုက်ရင်း ကျန်းချင်းယွင်ကို ပုခုံးပုတ်လိုက်သည်။ “ဟုတ်ပါပြီကွာ.. မင်းခေါ်လာတဲ့ သရုပ်ဆောင်ပဲ.. သူ့ရဲ့အစွမ်းအစကို ယုံကြည်ပေးရမှာပေါ့..” ထို့နောက် နဉ်ရှီကို လှည့်ကြည့်ကာ.. “သွားပြင်ဆင်တော့.. ရိုက်ရမယ့်အလှည့်ကို စောင့်နေ၊ ပြီးတော့ အရမ်းစိတ်မလှုပ်ရှားနဲ့..”

သရုပ်ဆောင်တစ်ယောက်အတွက် ဂုဏ်သတင်းက အရေးကြီးသလို အေးဂျင့်ကောင်းတစ်ယောက် ရှိနေရန်လည်း လိုအပ်သည်။ ကျင်းချင်းယွင်လို အေးဂျင့်တစ်ယောက်နောက် လိုက်နိုင်သည်က နဉ်ရှီအတွက်တော့ ကံကောင်းမှုပါပင်။

“ကျေးဇူးတင်ပါတယ် ဆရာရှု.. ကျွန်မ ကြိုးစားပါ့မယ်..”

နဉ်ရှီက တောက်ပစွာ ပြုံးလိုက်၏။ ပြီးနောက် ဒါရိုက်တာအနား ဟန်ရေးပြမနေပဲ ဇာတ်ညွန်းဖတ်ရန် ထိုင်နေလိုက်သည်။ နာရီဝက်ခန့် ကြာမြင့်ပြီးနောက် နဉ်ရှီ ရိုက်ကူးရမည့်အလှည့် ရောက်လာခဲ့ချေပြီ။

ရိုက်ကွင်းနေရာကို အကောင်းဆုံး ပြင်ဆင်ထားကြလေသည်။ အမျိုးသားဇာတ်လိုက် လျှိုကျန်းဟုန်နှင့် အမျိုးသမီးဇာတ်လိုက် ကျိုးဟိုင်လီက ဘုရင်၊ ဘုရင်မ အဝတ်အစားများ ဝတ်ဆင်ထားပြီး စားပွဲတစ်ခုတွင် ထမင်းထိုင်စားနေကြသည်။

“အားလုံး အဆင်သင့်ဖြစ်ပြီ..!” ဒါရိုက်တာရှုက အော်လန်ကိုင်ကာ ပြောလာ၏။ သရုပ်ဆောင်နှစ်ယောက်ကို လက်ဟန်ပြလိုက်ပြီး.. “Action!”

“အရှင်မင်းကြီး.. အရှင့်ရဲ့သားတော်က ဒီလိုမကောင်းတဲ့ကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်ဆောင်နိုင်ပါ့မလဲ..? အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ဒီအမှုကိစ္စကို စစ်ဆေးပေးတော်မူပါ..”

ကျက်သရေရှိလှသော ထိုအမျိုးသမီးသည် ယခင်လို နုပျိုငယ်ရွယ်သော မိန်းမငယ်လေး မဟုတ်တော့ပါချေ။ ဝေကျစ်ဖူသည် မင်းသားအိမ်တော်မှ အချစ်တော်အကမယ်လေး မဟုတ်တော့ပေ။ သူမက လျှိုချီ (ဘုရင်) အတွက် ကလေးမွေးပေးခဲ့သည်။ သို့သော် သူမ အရွယ်ရလာပြီး မင်းသားလေးလည်း အရွယ်ရောက်လာချိန်တွင် သူမ၏ခင်ပွန်းသည်က သူမနှင့် သူမ၏ကလေးများကို စိုးရိမ်ကြောက်လန့်လာခဲ့လေ၏။

လျှိုချီသည် သေရည်ခွက်ကို ပေါ့ပေါ့ပါးပါး ကိုင်မြှောက်ထားလေသည်။ အပြင်ပန်းပုံစံအရ သူ့ရဲ့စိတ်အခြေအနေကို မမြင်နိုင်ပါသော်လည်း တုန်ယင်နေသော လက်ချောင်းများက ရတက်မအေးဖြစ်နေသော သူ့ရဲ့စိတ်ကို ဖော်ပြနေလေသည်။

အိမ်ရှေ့မင်းသားက အမှန်တကယ် အပြစ်ကင်းသလား၊ ပါဝင်ပက်သက်နေသလား၊ မသိပါသော်လည်း အရွယ်ရောက်လာသည်နှင့်အမျှ ဝန်မင်းအမတ်များ၏ လေးစားမှုကို ရယူနိုင်ခဲ့သောကြောင့် လျှိုချီ၏စိတ်ထဲ ခြိမ်းခြောက်ခံနေရသလို ခံစားနေရသည်။

ပို၍အရေးကြီးသည်မှာ ဧကရီနှင့် အိမ်ရှေ့မင်းသားမှာ အမှန်တကယ် ရည်ရွယ်ချက်မရှိခြင်းလော။ သူက သူ့ရဲ့အရှေ့မှာ ဒူးထောက်နေသော ဧကရီမိဖုရားကို ငြီးငွေ့စွာ ကြည့်လိုက်သည်။

“အရှင်မင်းကြီး.. မင်းသမီးလေး တွေ့ခွင့်တောင်းနေပါတယ်..”

နန်းတော်စောင့်လေးက တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လိုက်ရင်း ကြီးမြတ်သော အရှင်နှစ်ပါးပင် မော့မကြည့်ရဲခဲ့ပေ။

အချစ်ဆုံးသမီးတော်လည်း ရောက်လာသည်ဟူသော သတင်းစကားကြောင့် လျှိုချီက သေရည်ခွက်ကို ချလိုက်ပြီး အစောင့်ထံ လက်ဟန်ပြလိုက်သည်။

“ထတော့..”

ဝေကျစ်ဖူနှင့် လျှိုချီတို့ အကြင်လင်မယား ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ လက်ရှိအချိန်တွင် သူမ၏ဖြေရှင်းချက်ကို ထိုအမျိုးသား နားမထောင်ချင်သေးမှန်း အဘယ်သို့ မသိပဲနေမည်နည်း။ သူမ ရှင်းပြလေ၊ အရှင်မင်းကြီး သံသယဝင်လေ ဖြစ်ချေတော့မည်။ ထို့ကြောင့် မျက်ရည်သုတ်ကာ ဒူးထောက်နေသည့်ပုံစံဖြင့် ဘေးဘက်ကပ်လိုက်သည်။

“မင်းသမီးလေးကို ဝင်ခွင့်ပြုလိုက်..”

လျှိုချီက နူးညံ့နွေးထွေးစွာ မိန့်ကြားလိုက်သည်။ သူ့ရဲ့သမီးတော်လေးက သူ့ရဲ့အာဏာကို မခြိမ်းခြောက်နိုင်၍လော၊ သို့တည်းမဟုတ် သူမ၏နှစ်လိုဖွယ် မျက်ဝန်းကြီးများနှင့် အလှတရားကြောင့်လော၊ ဝေခွဲမရပါသော်လည်း လျှိုချီသည် ဤသမီးလေးကိုတော့ စိတ်ထဲနှလုံးသားထဲမှ အမှန်ချစ်မြတ်နိုးပြီး အလိုလိုက်ထားသည်။

ကင်မရာက နဉ်ရှီဘက် လှည့်လာခဲ့ပြီး ဒါရိုက်တာရှုလည်း Screen ကို အလေးအနားထား စောင့်ကြည့်နေခဲ့လေ၏။ လျှိုကျန်းသုန်နှင့် ကျိုးဟိုင်လီတို့၏ သရုပ်ဆောင်ပုံက အရမ်းမာန်ပါလွန်းတာကြောင့် နဉ်ရှီ၏သရုပ်ဆောင်မှုသာ ညံ့ဖျင်းနေခဲ့လျှင် ကင်မရာအောက် အလွန်သိသာနေချေတော့မည်။

“ခမည်းတော်.. မယ်တော်..”

တောက်ပစွာ ဝတ်စားထားသော အမျိုးသမီးလေးသည် အပြုံးလေးတစ်ခု ပန်ဆင်လျက် ကင်မရာတည့်တည့် လျှောက်လှမ်းလာခဲ့၏။ မင်းသမီးလေးသည် အချိုပွဲပန်းကန်တစ်ချပ်သာ ကိုင်ဆောင်ထားပြီး ပြုံးပြလာသည်။ ထိုအချက်ဖြင့်ပင် လျှိုချီ သူ့ရဲ့သမီးတော်လေးကို မည်မျှအလိုလိုက်ထားမှန်း သိသာစေခဲ့လေသည်။

ဒါရိုက်တာရှုက ကျန်းချင်းယွင်ဘက်လှည့်ကာ သက်ပြင်းချလိုက်ပြီး..

“မင်းခေါ်လာတဲ့ သရုပ်ဆောင်လေးက အရမ်းတော်တာပဲ..”

ရုပ်ချောသလို သရုပ်ဆောင်ကောင်းသည်။ သူမ တနေ့ မကျော်ကြားမှာကို စိုးရိမ်နေစရာ မလိုတော့ပါချေ။

………………………………………

TN : ကုန်းကျူက အမြင့်ဆုံးအဆင့် မင်းသမီးဘွဲ့ပါ။

Translated by Melinoe_Megami

………………………………………

[Zawgyi]

အခန္း (၁၂) - ရုပ္ရွင္အသစ္

“ဒီလိုကားမ်ိဳးေတြႀကိဳက္ရင္ နာမည္ပိုႀကီးလာေအာင္၊ ပိုက္ဆံအမ်ားႀကီးရေအာင္ အလုပ္ႀကိဳးစား.. နာမည္ေက်ာ္ျဖစ္လာတဲ့တစ္ေန့ လိုခ်င္တဲ့ကားမွန္သမ်ွ ဝယ္ႏိုင္လိမ့္မယ္..” က်န္းခ်င္းယြင္က ကားတံခါးဖြင့္ရင္း ေျပာလိုက္သည္။ နဉ္ရွီ ကားထဲဝင္သြားေတာ့မွ သူက နဉ္ရွီကို ငံု႔ၾကၫ့္လိုက္ရင္း.. “ဒါေပမဲ့ ေကာင္မေလးကို ႀကိဳက္တာဆိုရင္ေတာ့ အတတ္ႏိုင္ဆံုး ဖံုးကြယ္ထား.. ဒီလိုကိစၥမ်ိဳးကို မီဒီယာေတြ မသိသြားေစနဲ႔..”

ထိုသို႔ေျပာရင္း က်န္းခ်င္းယြင္တစ္ေယာက္ သူ႔ကိုယ္သူ သေဘာက်ေနေတာ့သည္။

သူ႔လို ဉာဏ္ပညာႀကီးတဲ့ ေအးဂ်င့္မ်ိဳး ဘယ္မွာသြားရွာမလဲ..?

နဉ္ရွီက ၿခံဳထည္ကို ခပ္တင္းတင္း ဆြဲလိုက္ရင္း ကူကယ္ရာမဲ့စြာ ေျပာလိုက္သည္။

“အစ္ကို အေတြးလြန္ေနၿပီ..”

“ငါ အေတြးလြန္ေနတာမဟုတ္ဘူး.. ေကာင္မေလးကို ျမင္လိုက္တာနဲ႔ မင္းရဲ့မ်က္လံုးေတြက ဘလင္းဘလင္း ထေနတာေလ.. ဒီေလာက္ သိသာ……….”

စကားမဆံုးခင္မွာပင္ သူ႔ရဲ့အေနာက္မွ ေျခသံတစ္ခု ထြက္ေပၚလာသည္ကို ၾကားလိုက္ရေလ၏။ က်န္းခ်င္းလြင္လည္း ေနာက္လွၫ့္ၾကၫ့္လိုက္သည္။ ရုတ္တရက္ အံ့အားသင့္သြားရသည္။

မစၥတာခ်န္း ဘယ္အခ်ိန္ထဲက ေရာက္ေနတာလဲ..? သူ ေပါက္ကရေျပာတာေတြ ၾကားသြားၿပီလားမသိဘူး..?

ထိုအခိုက္ ပတ္ဝန္းက်င္ေလထုက ေနရခက္ေသာ အေငြ့အသက္မ်ားျဖင့္ ျပၫ့္ႏွက္လာခဲ့ေတာ့သည္။

“ဟယ္လို မစၥတာခ်န္း.. တိုက္ဆိုင္လိုက္တာ..”

က်န္းခ်င္းယြင္က ေျခာက္ကပ္ကပ္ ၿပံဳးလိုက္ရင္း တစ္ဖက္လူ၏ျမင္ကြင္းမွ နဉ္ရွီကို မျမင္သာေအာင္ ႀကိဳးစားဖံုးကြယ္လိုက္၏။ ဤမ်ွ ရွက္စရာေကာင္းေသာကိစၥ၊ သူတစ္ေယာက္တည္း မ်က္ႏွာပ်က္တာနဲ႔တင္ လံုေလာက္ေနေခ်ၿပီ။ နဉ္ရွီ၏ အသက္ေမြးဝမ္းေၾကာင္းက သူမ၏မ်က္ႏွာေလးအေပၚ မူတည္ေနတာေၾကာင့္ သူမကိုပါ ေရဆိုးေျမာင္းထဲ ဆြဲမခ်လိုခဲ့ေပ။

“ဟယ္လို..”

ခ်န္းရွီေကြ့က က်န္းခ်င္းယြင္ကို စိတ္ရႈပ္ေထြးစြာ စူးစိုက္ၾကၫ့္ရင္း မ်က္ႏွာလႊဲလိုက္သည္။

နဉ္ရွီက သူမရဲ့မ်က္ႏွာေလးကို ၿခံဳထည္ပဝါျဖင့္ ဖံုးကြယ္ထားခဲ့သည္။ သူ႔ရဲ့မ်က္ဝန္းမ်ား သူမ,အေပၚ က်ေရာက္လာေသာအခါ.. ကားပါကင္၏ လိမၼော္ေရာင္အလင္းေအာက္ သူ႔ရဲ့မ်က္ႏွာအမူအရာသည္ ပံုမွန္အခ်ိန္မ်ားထက္ ႏူးညံ့ေနခဲ့ေလ၏။ သူက ႏွစ္ေယာက္လံုးကို ေခါင္းညိတ္ျပလိုက္ရင္း..

“ေကာင္းေသာညပါ..”

နဉ္ရွီလည္း ၿခံဳထည္ပဝါကို ဆြဲခ်လိုက္ၿပီး က်န္းခ်င္းယြင္ေနာက္မွ ေခါင္းေလး ထြက္လာခဲ့သည္။ ၿပီးေနာက္ အသာၿပံဳးလိုက္ရင္း..

“ေကာင္းေသာညပါ..”

က်န္းခ်င္းယြင္က အေနရခက္စြာ ရယ္ေမာလိုက္သည္။ ၿပီးေနာက္ နဉ္ရွီကို တံခါးပိတ္ေပးလိုက္ကာ ခ်န္းရွီေကြ့ကို ေခါင္းညိတ္ႏႈတ္ဆက္လိုက္၏။ ၿပီးေနာက္ ဂီယာႏိႈးကာ ဟိုတယ္မွ ထြက္လာလိုက္ေတာ့သည္။

အခ်ိန္အေတာ္ၾကာမွ က်န္းခ်င္းယြင္က သက္ျပင္းခ်လိုက္ကာ..

“မင္းေျပာၾကၫ့္.. မစၥတာခ်န္းက မင္းကို အဲ့လို ထင္သြား…”

“သူက ကြၽန္မရဲ့ရည္းစားမွမဟုတ္တာ.. သူဘယ္လိုထင္ထင္ ဘာအေရးလဲ..?” နဉ္ရွီက ေတြးဆေနဟန္ျဖင့္ ေမးေစ့ကို ပြတ္သပ္လိုက္ရင္း.. “အဲ့လူေတြနဲ႔ပက္သက္ၿပီး အတင္းမေျပာသင့္ဘူး..”

“ေတာင္းပန္ပါတယ္..” က်န္းခ်င္းယြင္က တည္ၾကည္စြာ ေတာင္းပန္လာခဲ့သည္။ “ဒီလိုမ်ိဳးေတြ ထပ္မစေနာက္ေတာ့ဘူး..”

ေအးဂ်င့္တစ္ေယာက္အေနျဖင့္ မီဒီယာေတြ ဘယ္ေလာက္စြမ္းအားႀကီးေၾကာင္း၊ ဘယ္လိုစကားလွၫ့္တတ္ေၾကာင္း သူသိသည္။ ဒီလိုကိစၥမ်ိဳးကို လက္လြတ္စပယ္ ဟာသမလုပ္သင့္ေပ။ ယေန့ျဖစ္ရပ္က သူ႔အား သတိေပးေနခဲ့သည္။

က်န္းခ်င္းယြင္က အတည္အတန႔္ႀကီး ေတာင္းပန္လာလိမ့္မယ္လို႔ နဉ္ရွီ မထင္မွတ္ထားခဲ့ေခ်။ တစ္စကၠန႔္မ်ွ ေတာင့္ခဲသြားရၿပီး ရယ္ေမာလိုက္၏။

“ရပါတယ္.. ဘာပဲေျပာေျပာ ကြၽန္မလည္း အဲ့ေလာက္နာမည္မႀကီးေသးဘူးဆိုေတာ့ သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ေပးလိုက္ပါ့မယ္..”

“ေက်းဇူးတင္ပါတယ္..” က်န္းခ်င္းယြင္က ၿပံဳးလိုက္သည္။ ၿပီးေနာက္ ေနာက္ၾကၫ့္မွန္မွတဆင့္ နဉ္ရွီကို တစ္ခ်က္ၾကၫ့္လိုက္ၿပီး.. “မင္း နာမည္ႀကီးလာေအာင္ က်ိန္းေသေပါက္ လုပ္ေပးမယ္..”

နဉ္ရွီက သူ႔ရဲ့စကားကို သေဘာတူဟန္ျဖင့္ ၿပံဳးရယ္ကာ ေခါင္းညိတ္ျပလိုက္သည္။

“ေဘာ့စ္..?” ဒါရိုက္ဘာက အေနာက္ကိုလွၫ့္ၾကၫ့္ရင္း ခပ္တိုးတိုးေမးလိုက္သည္။ “အိမ္ျပန္ေတာ့မလား..?”

ခ်န္းရွီေကြ့က ဘာမျွပန္မေျပာပဲ ေခါင္းညိတ္ျပလိုက္သည္။ ဒါရိုက္ဘာက ကပ်ာကယာ တံခါးဖြင့္ေပးလာတာေၾကာင့္ ကားထဲ ဝင္ထိုင္လိုက္၏။ ကားေလးက အေမွာင္ရိပ္ထဲတြင္ ေျပးလႊားေနေလသည္။ အေနာက္ခန္းမွာ ထိုင္ေနေသာ ခ်န္းရွီေကြ့က မ်က္လံုးမိွတ္လိုက္သည္။ မွတ္ဉာဏ္ေတာ္ေတာ္မ်ားမ်ား ေပ်ာက္ဆံုးခဲ့ပါေသာ္လည္း အတိတ္မျွဖစ္ရပ္တခ်ိဳ႕ကို မွတ္မိေနဆဲ။ ျပၫ့္ျပၫ့္ေဖာင္းေဖာင္း ေကာင္မေလးကေတာ့ သူ႔ရဲ့မွတ္ဉာဏ္ထဲတြင္ အၿမဲတမ္း သစ္လြင္ေနခဲ့ေလသည္။

ရုတ္တရက္ မ်က္လံုးျပန္ဖြင့္လိုက္ခ်ိန္ ရုပ္ရွင္ရံုတစ္ခုကို ျမင္လိုက္ရတာေၾကာင့္..

“ကားရပ္လိုက္..”

ကားေလးက ျဖည္းညင္းစြာ ရပ္တန႔္သြားခဲ့သည္။ မီးခိုးေရာင္ဂ်ာကင္ ဝတ္ဆင္ထားေသာ အမ်ိဳးသား၏ ေျခတံရွည္ရွည္မ်ားသည္ ရုပ္ရွင္ရံုထဲသို႔ မတံု႔မဆိုင္းပဲ ဝင္သြားခဲ့ေလ၏။ ညနက္ေနၿပီျဖစ္ေသာေၾကာင့္ စံုတြဲတခ်ိဳ႕မွလြဲ၍ လူမ်ားမ်ားစားစား မရိွခဲ့ေခ်။

သူက လက္မွတ္ေကာင္တာသို႔ ေလ်ွာက္သြားလိုက္ၿပီး ေကာင္တာေနာက္မွ ေၾကာင္အမ္းအမ္းျဖစ္ေနေသာ အေရာင္းဝန္ထမ္းကို စကားေျပာလိုက္သည္။

“‘ကိုယ့္ႏွလံုးသားက မင္းကိုပဲ တမ္းတေနမိတယ္’ အတြက္ လက္မွတ္တစ္ေစာင္ေပးပါ..”

ရုပ္ရွင္က စႏွင့္ေနေခ်ၿပီ။ သူက ေထာင့္တစ္ေနရာမွာ ထိုင္ခ်လိုက္ၿပီး Screen ေပၚမွ အမ်ိဳးသားဇာတ္လိုက္ႏွင့္ အမ်ိဳးသားဇာတ္လိုက္ကို ေငးၾကၫ့္ေနခဲ့သည္။ အဆံုးမွာေတာ့ ႏွစ္ဦးသား ေပ်ာ္ရႊင္စြာ ေပါင္းဖက္သြားေလ၏။ အမ်ိဳးသားဇာတ္လိုက္၏ မွတ္ဉာဏ္ထဲမွ အခ်စ္ဦးေလး၊ တစ္ခ်ိန္က အခ်စ္ရဆံုးလူသားေလးကိုေတာ့ ေမ့ေပ်ာက္သြားခဲ့ေလသည္။

ဇာတ္လမ္းဆံုးသြားသည္ႏွင့္ ခ်န္းရွီေကြ့သည္ ေၾကညာတာကို ေစာင့္မေနပါပဲ၊ အခ်စ္ငွက္ႏွစ္ေကာင္ကို ၾကၫ့္မေနေတာ့ပဲ၊ တိတ္တဆိတ္ ျပန္ထြက္လာခဲ့လိုက္သည္။

...

နဉ္ရွီ အိမ္ျပန္ေရာက္သည္ႏွင့္ အားပါးတရ ေရခ်ိဳးလိုက္သည္။ ၿပီးေနာက္ အိစက္စက္ေမြ့ယာေပၚ လွဲခ်လိုက္၏။ ညဦးပိုင္း ဝိုင္ေသာက္ထားတာေၾကာင့္ အိပ္ငိုက္ေနရမၫ့္အစား ထူးထူးျခားျခား စိတ္လႈပ္ရွားေနသလို ခံစားေနခဲ့ရသည္။

သို႔ႏွင့္ ဖုန္းဖြင့္ၾကၫ့္လိုက္သည္။ ႏိုင္ငံျခားမွ သူမ၏သူငယ္ခ်င္းမ်ား စာပို႔ထားတာကို ေတြ့လိုက္ရတာေၾကာင့္ တာဝန္အရ အကုန္လံုးကို စာျပန္လိုက္သည္။ ၿပီးေနာက္ အိပ္ရာဝင္ေတးတစ္ပုဒ္ ဖြင့္လိုက္၏။ ကေလးေခ်ာ့အိပ္ရာဝင္ေတး၏ ခပ္နိမ့္နိမ့္သံစဉ္က အခန္းထဲ ပ်ံ့လြင့္ေနေလၿပီး ေခ်ာ့သိပ္ေနသၫ့္ႏွယ္၊ နဉ္ရွီ အိပ္ေမာက်သြားေတာ့သည္။

ၿမိဳ႔ေတာ္၏ တျခားေသာ အိမ္ရာတစ္ခုတြင္…

ခ်န္းယီကြၽင္းႏွင့္ ေဝစစ္ခ်ီတို႔ အျငင္းပြားေနၾကေလသည္။ ကြဲေၾကေနေသာ ကြန္ျပဴတာတစ္လံုးႏွင့္ စာအုပ္၊ စာရြက္စာတမ္းမ်ားက ေနရာအႏွံ႔ ျပန႔္က်ဲလ်က္။ အိမ္တစ္အိမ္လံုး ေလဆင္ႏွာေမာင္း ဝင္ေမႊထားသလို ျဖစ္ေနေခ်ၿပီ။

“ေဝစစ္ခ်ီ.. မင္းရူးေနၿပီလား..?!”
ခ်န္းယီကြၽင္း၏ မ်က္ႏွာအမူအရာက အေတာ္ေလး ပ်က္ယြင္းေနေလ၏။ သူ႔ရဲ့စိတ္ထဲမွ အမ်က္ေဒါသကို မနည္းျပန္ဆြဲခ်ထားရသည္။

“ဘယ္သူ႔ကို ရူးေနတယ္လို႔ ရွင္ေျပာလိုက္တာလဲ..?” ေဝစစ္ခ်ီ၏မ်က္လံုးမ်ားက နီရဲလ်က္၊ မ်က္ရည္စမ်ား က်ဆင္းလာခဲ့သည္။ “အတိတ္တုန္းက ျဖစ္ခဲ့တာေတြကို ဘာလို႔လက္မလႊတ္ႏိုင္ေသးရတာလဲ..?”

ခ်န္းယီကြၽင္းသည္ အက်ႌအိတ္ကပ္ထဲ လက္ႏိႈက္လိုက္ၿပီး စီးကရက္တစ္လိပ္ ထုတ္ယူလိုက္သည္။ ၿပီးေနာက္ မီးၫွိကာ တစ္ရိႈက္ေသာက္လိုက္သည္။

“မင္းဘာေျပာခ်င္ေနမွန္း ငါနားမလည္ႏိုင္ေတာ့ဘူး..”

ေဝစစ္ခ်ီက မ်က္ရည္မ်ားၾကားမွ ၿပံဳးလိုက္သည္။
“အဲ့ေတာ့ ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာလား..? ဒါမွမဟုတ္ အဲ့ေကာင္မကို မေမ့ႏိုင္ေသးတာလား..?”

“ၿပီးၿပီးသားကိစၥေတြနဲ႔ ဘာလို႔လာပြားေနတာလဲ..?” ခ်န္းယီကြၽင္းက ေျခာက္ကပ္ကပ္ ေျပာလာသည္။ အခန္းထဲမွ ရႈပ္ပြေနေသာ အရာမ်ားကို တစ္ခ်က္ၾကၫ့္လိုက္ရင္း.. “တစ္ခြက္ေလာက္ သြားေသာက္ဦးမယ္.. မင္းအရင္အိပ္ႏွင့္ေတာ့..”

“ခ်န္းယီကြၽင္း..!”
လွၫ့္ထြက္သြားေသာ ခ်န္းယီကြၽင္း၏ ေက်ာျပင္ကိုၾကၫ့္ရင္း ေဝစစ္ခ်ီတစ္ေယာက္ ေဒါသတႀကီး ေအာ္ဟစ္လိုက္မိ၏။ စာအုပ္စင္ကို တြန္းလွဲပစ္လိုက္ၿပီး ေနာက္ဆံုးမွာေတာ့ မ်က္ႏွာအုပ္ကာ ငိုေနေတာ့သည္။

သူမ၏ႏွလံုးသားထဲ ‘တစ္စံုတစ္ေယာက္’ အေပၚ အမုန္းတရားမ်ားက အဆံုးအစမရိွေအာင္ ႀကီးထြားလာခဲ့ေတာ့သည္။

မနက္ေစာေစာ အိပ္ရာထရျခင္းက အလြန္စိတ္ဆင္းရဲစရာပင္။ နဉ္ရွီခမ်ာ က်န္းခ်င္းယြင္၏ ဖုန္းဆက္ႏိႈးမႈေၾကာင့္ ႏိုးထလာရၿပီး ကူကယ္ရာမဲ့စြာ ျပင္ဆင္ရေတာ့သည္။

ဤတစ္ေခါက္ေတာ့ က်န္းခ်င္းယြင္က သူမကို ‘Yunyue of the Han Dynasty’ ဟုေခၚေသာ ေရွးေခတ္ရုပ္ရွင္တစ္ခုအတြက္ အလုပ္ရွင္အသစ္ႏွင့္ ေတြ့ဆံုရန္ ေခၚသြားခဲ့သည္။ ထိုရုပ္ရွင္အတြက္ ဇာတ္လိုက္အမ်ိဳးသားသရုပ္ေဆာင္ႏွင့္ အမ်ိဳးသမီးသရုပ္ေဆာင္ ႏွစ္ဦးလံုးသည္ အႏုပညာေလာကတြင္ အေတာ္ေလး လႊမ္းမိုးႏိုင္စြမ္းရိွ၏။ နဉ္ရွီက ဟန္မင္းဆက္၊ ဧကရာဇ္ဝူ၏ အႀကီးဆံုး၊ အခ်စ္ရဆံုးမင္းသမီးေလး သန္းလီေနရာတြင္ သရုပ္ေဆာင္ရလိမ့္မည္။ သူမအတြက္ Scene သိပ္မ်ားပါေသာ္လည္း ထိုဇာတ္ေကာင္က သိပ္မထင္ရွားေသာ ဇာတ္ေကာင္တစ္ခုေတာ့ မဟုတ္ပါေခ်။

တရားမဝင္မွတ္တမ္းမ်ားအရ ဧကရာဇ္၏ အခ်စ္ရဆံုးမင္းသမီးေလး သန္းလီသည္ အလြန္ေခ်ာေမာလွပၿပီး ‘ကုန္းက်ူ’ ဘြဲ႔ ခ်ီးေျမႇာက္ျခင္းခံရသၫ့္ တစ္ဦးတည္းေသာ မင္းသမီးေလးျဖစ္သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ‘ေအာက္လမ္းအတတ္ျဖင့္ ျပဳစားေသာအမႈ’ တြင္ ပါဝင္ၿငိစြန္းခဲ့ၿပီး ဧကရာဇ္ဝူ၏ ကြပ္မ်က္ျခင္း ခံခဲ့ရရွာသည္။

သို႔ေသာ္ တရားဝင္မွတ္တမ္းမ်ားအရေတာ့ မင္းသမီးေလးဟာ ‘ေအာက္လမ္းအတတ္’ အမႈအခင္းတြင္ ပါဝင္ပက္သက္ျခင္း မရိွခဲ့ပါေခ်။ ထို႔ေၾကာင့္ ‘Yunyue of Han Dynasty’ ကို တရားမဝင္မွတ္တမ္းမ်ားအတိုင္း ရိုက္ကူးမွာမဟုတ္ပဲ တရားဝင္ခ်ျပထားေသာ မွတ္တမ္းအရသာ ရိုက္ကူးေခ်လိမ့္မည္။

လူအမ်ားသည္ သင့္တင့္ေလ်ာက္ပတ္ေအာင္ ေနထိုင္တတ္ေသာ လူမ်ိဳးကို သေဘာက်တတ္ၾက၏။ နဉ္ရွီသည္လည္း ခြၽင္းခ်က္မဟုတ္ခဲ့ေခ်။ ရိုက္ကြင္းသို႔ေရာက္သည္ႏွင့္ ရိုက္ကူးေရးဝန္ထမ္းမ်ားကို သူမဘက္မွစ၍ ယဉ္ယဉ္ေက်းေက်း ႏႈတ္ဆက္လိုက္ၿပီးေနာက္ မိတ္ကပ္ျပင္မၫ့္ေနရာသို႔ သြားလိုက္သည္။

မင္းသမီးသန္းလီ၏ ရာဇဝင္ဇာတ္ေၾကာင္းက မ်ားမ်ားစားစား မရိွပါေခ်။ သို႔ေသာ္ ေခါင္းစဉ္အရ အႀကီးက်ယ္ဆံုး၊ အလွပဆံုးျဖစ္ေသာ ဟန္မင္းဆက္ကို အေျခတည္ထားတာေၾကာင့္ TV drama အတြက္ အေကာင္းဆံုးဇာတ္ေၾကာင္းတစ္ခုပါပင္။

နဉ္ရွီသည္ ႀကီးက်ယ္ခမ္းနားေသာ ေရွးေခတ္ဝတ္စံုကို ဝတ္ဆင္လိုက္ၿပီးေနာက္ ဆံပင္ကို ဆင္ယင္ထံုးဖြဲ႔ကာ ဒါရိုက္တာဆီ သြားလိုက္သည္။

ဒါရိုက္တာရႈသည္ ေရွးေခတ္ရုပ္ရွင္မ်ား ရိုက္ကူးရာတြင္ အလြန္ေတာ္၏။ သူရိုက္ကူးသမ်ွ ရုပ္ရွင္၊ ဒရမ္မာတိုင္း အေသးစိတ္ကအစ တိက်ေသသပ္သည္။ ဟန္မင္းဆက္ရုပ္ရွင္ဆိုလ်ွင္ ထံုးတမ္းဓေလ့၊ ရိုက္ကူးေရးအျပင္အဆင္ႏွင့္ ဝတ္စံုမ်ားတြင္ စုန႔္မင္းဆက္မွ အျပင္အဆင္၊ သို႔မဟုတ္ တျခားေသာဓေလ့မ်ား ပါဝင္လာျခင္း၊ စသၫ့္အမွားအယြင္းမ်ိဳး လံုးဝမရိွပါေခ်။

ဝတ္စံုျပၫ့္ဝတ္၍ သူ႔ေရ႔ွေရာက္လာေသာ နဉ္ရွီကိုၾကၫ့္ကာ ဒါရိုက္တာရႈက ေက်နပ္မႈအျပၫ့္ျဖင့္ ၿပံဳးလိုက္သည္။ သူမကိုေရြးခ်ယ္ရန္ အႀကံဉာဏ္ေပးခဲ့ေသာ က်န္းခ်င္းယြင္ကို လွၫ့္ၾကၫ့္လိုက္ၿပီး.. “သူရဲ့ကိုယ္ဟန္က တကယ္ေကာင္းတယ္.. ဟန္မင္းဆက္ရဲ့ အလွဆံုးမိန္းကေလးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ တကယ္ထိုက္တန္တယ္..”

တစ္ခုတည္းေသာေမးခြန္းက ထိုဇာတ္ရုပ္အတြက္ နဉ္ရွီ သရုပ္ေဆာင္ႏိုင္ပါ့မလား ဆိုတာပင္။ ရုပ္ရွင္ထဲတြင္ မင္းသမီးသန္းလီက နဉ္ရွီထက္ အသက္ႀကီးေနသည္။ သို႔ေသာ္ ရုပ္ရွင္ထဲမွဇာတ္ေကာင္က ‘အလွဆံုးမိန္းကေလး’ ျဖစ္ရာ သရုပ္ေဆာင္သူက သာမာန္ရုပ္ရည္မ်ိဳး ျဖစ္ေနခဲ့လ်ွင္ သူ႔ရဲ့အျမင္၌ ထိုလုပ္ရပ္က ၾကၫ့္ရႈသူပရိသတ္မ်ား၏ ဉာဏ္ရည္ကို ေစာ္ကားလိုက္ျခင္းပင္။

“မိတ္ကပ္ဆရာနဲ႔ ဝတ္စံုဒီဇိုင္နာေတြေၾကာင့္ပါ..” က်န္းခ်င္းယြင္က ၿပံဳးလိုက္ၿပီး.. “တက္သစ္စေလးဆိုေတာ့ သရုပ္ေဆာင္မေကာင္းရင္ ဆရာရႈ စိတ္ႀကိဳက္သာ ဆိုဆံုးမဗ်ာ..”

ဆရာရႈက ခပ္ေသာေသာ ရယ္ေမာလိုက္ရင္း က်န္းခ်င္းယြင္ကို ပုခံုးပုတ္လိုက္သည္။ “ဟုတ္ပါၿပီကြာ.. မင္းေခၚလာတဲ့ သရုပ္ေဆာင္ပဲ.. သူ႔ရဲ့အစြမ္းအစကို ယံုၾကည္ေပးရမွာေပါ့..” ထို႔ေနာက္ နဉ္ရွီကို လွၫ့္ၾကၫ့္ကာ.. “သြားျပင္ဆင္ေတာ့.. ရိုက္ရမယ့္အလွၫ့္ကို ေစာင့္ေန၊ ၿပီးေတာ့ အရမ္းစိတ္မလႈပ္ရွားနဲ႔..”

သရုပ္ေဆာင္တစ္ေယာက္အတြက္ ဂုဏ္သတင္းက အေရးႀကီးသလို ေအးဂ်င့္ေကာင္းတစ္ေယာက္ ရိွေနရန္လည္း လိုအပ္သည္။ က်င္းခ်င္းယြင္လို ေအးဂ်င့္တစ္ေယာက္ေနာက္ လိုက္ႏိုင္သည္က နဉ္ရွီအတြက္ေတာ့ ကံေကာင္းမႈပါပင္။

“ေက်းဇူးတင္ပါတယ္ ဆရာရႈ.. ကြၽန္မ ႀကိဳးစားပါ့မယ္..”

နဉ္ရွီက ေတာက္ပစြာ ၿပံဳးလိုက္၏။ ၿပီးေနာက္ ဒါရိုက္တာအနား ဟန္ေရးျပမေနပဲ ဇာတ္ၫြန္းဖတ္ရန္ ထိုင္ေနလိုက္သည္။ နာရီဝက္ခန႔္ ၾကာျမင့္ၿပီးေနာက္ နဉ္ရွီ ရိုက္ကူးရမၫ့္အလွၫ့္ ေရာက္လာခဲ့ေခ်ၿပီ။

ရိုက္ကြင္းေနရာကို အေကာင္းဆံုး ျပင္ဆင္ထားၾကေလသည္။ အမ်ိဳးသားဇာတ္လိုက္ လ်ိႈက်န္းဟုန္ႏွင့္ အမ်ိဳးသမီးဇာတ္လိုက္ က်ိဳးဟိုင္လီက ဘုရင္၊ ဘုရင္မ အဝတ္အစားမ်ား ဝတ္ဆင္ထားၿပီး စားပြဲတစ္ခုတြင္ ထမင္းထိုင္စားေနၾကသည္။

“အားလံုး အဆင္သင့္ျဖစ္ၿပီ..!” ဒါရိုက္တာရႈက ေအာ္လန္ကိုင္ကာ ေျပာလာ၏။ သရုပ္ေဆာင္ႏွစ္ေယာက္ကို လက္ဟန္ျပလိုက္ၿပီး.. “Action!”

“အရွင္မင္းႀကီး.. အရွင့္ရဲ့သားေတာ္က ဒီလိုမေကာင္းတဲ့ကိစၥမ်ိဳးကို ဘယ္လိုလုပ္ လုပ္ေဆာင္ႏိုင္ပါ့မလဲ..? အရွင္မင္းႀကီး.. ေက်းဇူးျပဳျပီး ဒီအမႈကိစၥကို စစ္ေဆးေပးေတာ္မူပါ..”

က်က္သေရရိွလွေသာ ထိုအမ်ိဳးသမီးသည္ ယခင္လို ႏုပ်ိဳငယ္ရြယ္ေသာ မိန္းမငယ္ေလး မဟုတ္ေတာ့ပါေခ်။ ေဝက်စ္ဖူသည္ မင္းသားအိမ္ေတာ္မွ အခ်စ္ေတာ္အကမယ္ေလး မဟုတ္ေတာ့ေပ။ သူမက လ်ိႈခ်ီ (ဘုရင္) အတြက္ ကေလးေမြးေပးခဲ့သည္။ သို႔ေသာ္ သူမ အရြယ္ရလာၿပီး မင္းသားေလးလည္း အရြယ္ေရာက္လာခ်ိန္တြင္ သူမ၏ခင္ပြန္းသည္က သူမႏွင့္ သူမ၏ကေလးမ်ားကို စိုးရိမ္ေၾကာက္လန႔္လာခဲ့ေလ၏။

လ်ိႈခ်ီသည္ ေသရည္ခြက္ကို ေပါ့ေပါ့ပါးပါး ကိုင္ေျမႇာက္ထားေလသည္။ အျပင္ပန္းပံုစံအရ သူ႔ရဲ့စိတ္အေျခအေနကို မျမင္ႏိုင္ပါေသာ္လည္း တုန္ယင္ေနေသာ လက္ေခ်ာင္းမ်ားက ရတက္မေအးျဖစ္ေနေသာ သူ႔ရဲ့စိတ္ကို ေဖာ္ျပေနေလသည္။

အိမ္ေရ႔ွမင္းသားက အမွန္တကယ္ အျပစ္ကင္းသလား၊ ပါဝင္ပက္သက္ေနသလား၊ မသိပါေသာ္လည္း အရြယ္ေရာက္လာသည္ႏွင့္အမ်ွ ဝန္မင္းအမတ္မ်ား၏ ေလးစားမႈကို ရယူႏိုင္ခဲ့ေသာေၾကာင့္ လ်ိႈခ်ီ၏စိတ္ထဲ ၿခိမ္းေျခာက္ခံေနရသလို ခံစားေနရသည္။

ပို၍အေရးႀကီးသည္မွာ ဧကရီႏွင့္ အိမ္ေရ႔ွမင္းသားမွာ အမွန္တကယ္ ရည္ရြယ္ခ်က္မရိျွခင္းေလာ။ သူက သူ႔ရဲ့အေရ႔ွမွာ ဒူးေထာက္ေနေသာ ဧကရီမိဖုရားကို ၿငီးေငြ့စြာ ၾကၫ့္လိုက္သည္။

“အရွင္မင္းႀကီး.. မင္းသမီးေလး ေတြ့ခြင့္ေတာင္းေနပါတယ္..”

နန္းေတာ္ေစာင့္ေလးက တုန္တုန္ယင္ယင္ျဖင့္ ဒူးေထာက္လိုက္ရင္း ႀကီးျမတ္ေသာ အရွင္ႏွစ္ပါးပင္ ေမာ့မၾကၫ့္ရဲခဲ့ေပ။

အခ်စ္ဆံုးသမီးေတာ္လည္း ေရာက္လာသည္ဟူေသာ သတင္းစကားေၾကာင့္ လ်ိႈခ်ီက ေသရည္ခြက္ကို ခ်လိုက္ၿပီး အေစာင့္ထံ လက္ဟန္ျပလိုက္သည္။

“ထေတာ့..”

ေဝက်စ္ဖူႏွင့္ လ်ိႈခ်ီတို႔ အၾကင္လင္မယား ျဖစ္လာသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ေလၿပီ။ လက္ရိွအခ်ိန္တြင္ သူမ၏ေျဖရွင္းခ်က္ကို ထိုအမ်ိဳးသား နားမေထာင္ခ်င္ေသးမွန္း အဘယ္သို႔ မသိပဲေနမည္နည္း။ သူမ ရွင္းျပေလ၊ အရွင္မင္းႀကီး သံသယဝင္ေလ ျဖစ္ေခ်ေတာ့မည္။ ထို႔ေၾကာင့္ မ်က္ရည္သုတ္ကာ ဒူးေထာက္ေနသၫ့္ပံုစံျဖင့္ ေဘးဘက္ကပ္လိုက္သည္။

“မင္းသမီးေလးကို ဝင္ခြင့္ျပဳလိုက္..”

လ်ိႈခ်ီက ႏူးညံ့ေနြးေထြးစြာ မိန႔္ၾကားလိုက္သည္။ သူ႔ရဲ့သမီးေတာ္ေလးက သူ႔ရဲ့အာဏာကို မၿခိမ္းေျခာက္ႏိုင္၍ေလာ၊ သို႔တည္းမဟုတ္ သူမ၏ႏွစ္လိုဖြယ္ မ်က္ဝန္းႀကီးမ်ားႏွင့္ အလွတရားေၾကာင့္ေလာ၊ ေဝခြဲမရပါေသာ္လည္း လ်ိႈခ်ီသည္ ဤသမီးေလးကိုေတာ့ စိတ္ထဲႏွလံုးသားထဲမွ အမွန္ခ်စ္ျမတ္ႏိုးၿပီး အလိုလိုက္ထားသည္။

ကင္မရာက နဉ္ရွီဘက္ လွၫ့္လာခဲ့ၿပီး ဒါရိုက္တာရႈလည္း Screen ကို အေလးအနားထား ေစာင့္ၾကၫ့္ေနခဲ့ေလ၏။ လ်ိႈက်န္းသုန္ႏွင့္ က်ိဳးဟိုင္လီတို႔၏ သရုပ္ေဆာင္ပံုက အရမ္းမာန္ပါလြန္းတာေၾကာင့္ နဉ္ရွီ၏သရုပ္ေဆာင္မႈသာ ညံ့ဖ်င္းေနခဲ့လ်ွင္ ကင္မရာေအာက္ အလြန္သိသာေနေခ်ေတာ့မည္။

“ခမည္းေတာ္.. မယ္ေတာ္..”

ေတာက္ပစြာ ဝတ္စားထားေသာ အမ်ိဳးသမီးေလးသည္ အၿပံဳးေလးတစ္ခု ပန္ဆင္လ်က္ ကင္မရာတၫ့္တၫ့္ ေလ်ွာက္လွမ္းလာခဲ့၏။ မင္းသမီးေလးသည္ အခ်ိဳပြဲပန္းကန္တစ္ခ်ပ္သာ ကိုင္ေဆာင္ထားၿပီး ၿပံဳးျပလာသည္။ ထိုအခ်က္ျဖင့္ပင္ လ်ိႈခ်ီ သူ႔ရဲ့သမီးေတာ္ေလးကို မည္မ်ွအလိုလိုက္ထားမွန္း သိသာေစခဲ့ေလသည္။

ဒါရိုက္တာရႈက က်န္းခ်င္းယြင္ဘက္လွၫ့္ကာ သက္ျပင္းခ်လိုက္ၿပီး..

“မင္းေခၚလာတဲ့ သရုပ္ေဆာင္ေလးက အရမ္းေတာ္တာပဲ..”

ရုပ္ေခ်ာသလို သရုပ္ေဆာင္ေကာင္းသည္။ သူမ တေန့ မေက်ာ္ၾကားမွာကို စိုးရိမ္ေနစရာ မလိုေတာ့ပါေခ်။

………………………………………

TN : ကုန္းက်ူက အျမင့္ဆံုးအဆင့္ မင္းသမီးဘြဲ႔ပါ။

Translated by Melinoe_Megami

………………………………………

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

63.5K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
3.1M 236K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
321K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...