system 091

بواسطة TeeKo0

1.1M 121K 5.7K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... المزيد

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(6.10)

4.9K 607 63
بواسطة TeeKo0

Unicode

ဟေးလစ်ခ်ကရှောင်ကျန့်ရဲ့အင်္ကျီစကိုမလွှတ်တမ်းအတင်းအကြပ်ဆွဲကိုင်ထားတာကြောင့်နောက်ဆုံးသူတို့မှာအင်္ကျီကိုဆုတ်ဖြဲလိုက်ရသည်အထိပင်။

ရှောင်ကျန့်မှာဘာရယ်မဟုတ်'ဟို'ရာဇဝင်ကိုသတိရမိသွားသည်။ရှင်ဘုရင်တစ်ပါးကချစ်ခင်နှစ်သက်တဲ့ယောက်ျားလေးအိပ်မောကျနေသည်ကိုမနှိုးရက်၍သူ့ဝတ်ရုံလက်တစ်ဖက်အားဖြဲကာထလာသည်တဲ့လေ။ဒါကိုတစ်နည်းအားဖြင့်လူတွေကဝတ်ရုံလက်ပြတ်၊ယောက်ျားလေးကိုသာကြိုက်နှစ်သက်သူဟုပြောကြသည်။

သူကအခုဟေးလစ်အတွက်အဝတ်စကိုဖြဲလိုက်တဲ့အခါအဲ့ဒီသဘောတော့မသတ်ရောက်နေပါဘူးနော်။

ရှောင်ကျန့် : "....."

ဖူး....ဖူး....ဒီညစ်တီးညစ်ပတ်အတွေးတွေကိုမောင်းထုတ်လိုက်စမ်း။ဟေးလစ်ခ်က၃နှစ်ပဲရှိသေးတဲ့ဟာ။ငါဘယ်လောက်တောင်တိရစ္ဆာန် ဆန်လိုက်သလဲ။

ရှောင်ကျန့်မှာသူ့ရဲ့ရူးကြောင်ကောင်အတွေးတွေကိုကမန်းကတန်းနှင်ထုတ်လိုက်သည်။အယ်ဗင်ကဟေးလစ်ခ်၏လက်သေးသေးလေးအတွင်းကအင်္ကျီစကိုကြည့်ရင်းအနည်းငယ်ဆွံ့အ သလိုခံစားလိုက်ရသည်။

ဘယ်လိုပြောရမလဲ။ကိုယ့်အိမ်ကဂေါ်ဖီထုတ်က'ဝက်'နောက်ကိုအတင်းတွေလိုက်ချင်နေသလိုမျိုး.....အဟွတ်။

"သခင်လေးအဆင်ပြေမှာပါ....ဟုတ်တယ်မလားဟင်"

အယ်ဗင်ကရှောင်ကျန့်ရဲ့စိုးရိမ်နေသည့်မျက်လုံးတွေကိုသတိထားမိစွာပြန်ဖြေလိုက်သည်။

"အင်း....သွေးဆင့်ကဲပြောင်းလဲတာကရုတ်တရက်ကြီးဖြစ်သွားတာဆိုတော့ငါလည်းသေချာမသိဘူး....ဒါပေမယ့်သူဘာမှဖြစ်မှာမဟုတ်တာတော့သေချာတယ်...."

ရှောင်ကျန့်ကvampireငယ်လေး၏လုံခြုံမှုကိုအသေအချာအတည်ပြုပြီးသည့်နောက်အပူလုံးကြီးတစ်လုံးကျသွားသလိုမျိုးသက်ပြင်းအသာချလိုက်မိ၏။ထိုအခါမှသာရှောင်ကျန့်ဟာကြမ်းပြင်ထက်၌သေသလားရှင်သလားမသိပဲလဲကျနေသည့်ဇာတ်လိုက်လင်သုန့်ဘက်အာရုံရောက်သွားသည်။

သူ့ရဲ့မျက်လုံးကိုအနည်းငယ်မှေးကျဥ်းလိုက်ရင်းအယ်ဗင်လက်ထဲကနေဘယ်လိုအလစ်သုတ်ပြီးကယ်ထုတ်သွားရင်ကောင်းမလဲဆိုတာစဥ်းစားသည်။

"သခင်ကြီးအယ်ဗင်"

"ဘာလဲ"

အယ်ဗင်ကဟေးလစ်ခ်ကိုထိန်းကိုင်ထားရင်းကနေပြန်ဖြေသည်။

"ဒီလူသားကိုခေါ်သွားလို့ရမလား"

ရှောင်ကျန့်ကပေါ်တင်ပင်ကြမ်းပြင်ပေါ်လဲကျနေသည့်လင်သုန့်အားလက်ညှိုးထိုးကာမေးလိုက်သည်။အယ်ဗင်မှာအနည်းငယ်ကြောင်အသွားပြီးနောက်'မင်းရူးနေတာလား'ဟူသည့်အကြည့်ဖြင့်ကြည့်လာ၏။

vampireတစ်ယောက်ရဲ့ပါးစပ်ထဲကအစာကိုနောက်ထပ်vampireတစ်ကောင်တောင်းရမ်းခြင်းကရန်ပွဲတစ်ခုအစပျိုးတာနဲ့တူသည်။ဒါကြောင့်လည်းအယ်ဗင်ကရှောင်ကျန့်အားအရူးတစ်ယောက်ကဲ့သို့ကြည့်လာခြင်းပင်။

"ကျွန်တော်မရူးသေးပါဘူးဗျ....ကျွန်တော့်ကိုအဲ့လိုကြီးမကြည့်လို့ရမလား...."

အယ်ဗင်ကထပေါက်ကွဲချင်လာသော်လည်းရှောင်ကျန့်ရဲ့တည်ကြည်လေးနက်တဲ့အကြည့်နှင့်မျက်နှာကိုမြင်သည့်အခါတွင်သူ့ဒေါသတွေမှာပြန်လည်တည်ငြိမ်သွားသည်။ကြည့်ရတာရန်ပွဲတစ်ခုအစပျိုးချင်ပုံလည်းမရသလို၊စနောက်နေဟန်လည်းမပေါ်ချေ။

"မင်းကသူ့ကိုဘာလုပ်မှာလဲ....ငါသူ့ရဲ့သွေးတွေအကုန်လုံးနီးပါးကိုသောက်ပြီးသွားပြီ....မင်းခေါ်သွားရင်တောင်ထူးခြားမှမဟုတ်ဘူး"

"ကျွန်တော်သိပါတယ်....ဒါပေမယ့်ကျွန်တော်သူတို့တစ်ဖွဲ့လုံးကိုကယ်ချင်တယ်"

"မင်းခေါင်းချောင်သွားတာလား....မင်းရဲ့လုပ်ရပ်ကvampireမျိုးနွယ်ရဲ့စည်းမျဥ်းစည်းကမ်းတွေကိုဘယ်လောက်တောင်သွေဖယ်နေလဲဆိုတာမင်းသိလား"

"ကျွန်တော်သိပါတယ်....ဒါကြောင့်ကျွန်တော်တို့အပေးအယူတစ်ခုလုပ်ကြရအောင်"

"....."

အယ်ဗင်ကရှောင်ကျန့်ရဲ့မျက်နှာဖောင်းဖောင်စလေးကိုကြောင်တောင်တောင်ဖြင့်ကြည့်လိုက်ရင်းမျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာကိုလဲ"

"သခင်ကြီးကကျွန်တော်ချက်သမျှဟင်းတွေကိုစားချင်....အဟမ်း....သဘောကျတယ်မလား"

အယ်ဗင် : "....."

ဒီကောင်ဘယ်လိုသိသွားရတာလဲ။ငါငတ်တာဒီလောက်တောင်သိသာသွားလို့လား။

ရှောင်ကျန့်ရဲ့မျက်လုံးအတွင်း၌အလင်းတစ်ချက်တောက်ပသွားသည်။သူကဒီအတွေးကိုယခုမှတွေးတောမိတာဖြစ်ပြီးစမ်းသပ်ကြည့်ပုံအရတကယ်အသုံးဝင်သည့်ဟန်ရသည်။

"ကျွန်တော်အရသာအမျိုးမျိုးရှိတဲ့သွေးအိတ်တွေကိုပြုလုပ်ပေးနိုင်တယ်....သခင်ကြီးသေသေချာချာစဥ်းစားကြည့်ပါ....လူသွေးကသောက်လို့ကောင်းပေမယ့်ဒီတစ်ညပဲအရသာခံလို့ရလိမ့်မယ်...."

"....."

"ဒါပေမယ့်ကျွန်တော်အရသာပြုပြင်ထားတဲ့သွေးအိတ်ကျတော့မတူဘူး....ဒါက​တိရစ္ဆာန်သွေးကိုပဲအသုံးပြုမှာဖြစ်လို့စည်းမျဥ်းစည်းကမ်းတွေကိုချိုးဖောက်ရာမကျဘူးလေ"

"....."

"ပြီးတော့ကျွန်တော်အရသာပြောင်းထားတဲ့သွေးအိတ်တိုင်းကလူသွေးထက်အဆပေါင်းများစွာသောက်လို့ကောင်းစေရမယ်လို့အာမခံနိုင်တယ်....ဒါ့အပြင်အဲ့ဒီသွေးအိတ်တွေကိုကျွန်တော်အလုပ်ဝင်နေသမျှကာလပတ်လုံးသောက်လို့ရမှာနော်...."

အယ်ဗင် : "....."

အဲ....ကြားရတာတော့တကယ့်ကို။

သရေကျချင်စရာကြီး။ဟီး....ဟီး....။

အယ်ဗင်ဟာအရသာမျိုးစုံနှင့်သွေးအိတ်တွေအပြည့်ဖြင့်အနာဂတ်ကြီးကိုတွေးတောရင်းသူ့ပါးစပ်ထောင့်ကနေသရေတစ်ချို့စီးကျလာတာကိုတောင်ခံစားမိသွားသည်။ဒီအပေးအယူကဆိုးတော့မဆိုးဘူး။

ဒီတစ်ညလောက်လူသွေးအငတ်ခံလိုက်ရင်နောက်နေ့၊နောက်နေ့တွေဆိုစိတ်ကြိုက်အရသာနဲ့သွေးမျိုးစုံကိုသောက်လို့ရပြီ။ဟီး....ဟီး....။

အယ်ဗင်ဟာသူ့ပါးစပ်ထောင့်ကကျလာသည့်သရေစ သေးသေးလေးကိုမသိမသာသုတ်လိုက်ရင်းဂုဏ်သရေရှိသည့်မျက်နှာဖြင့်သဘောထားကြီးဟန်ပြောလိုက်သည်။

"ကောင်းပြီလေ....မင်းဒီလူတွေကိုခေါ်ထုတ်သွားလို့ရတယ်....ဒါပေမယ့်တစ်ခြားvampireတွေနှောင့်ယှက်ရင်တော့ငါနဲ့ဘာမှမဆိုင်ဘူး...."

"ဒါဆိုရင်ပဲအဆင်ပြေနေပါပြီ"

ရှောင်ကျန့်မှာသဘောတူညီမှုကလွယ်လွယ်ကူကူဖြစ်မြောက်သွားတာကိုပဲအတော်လေးပျော်ရွှင်သွားသည်။vampireမျိုးနွယ်၏ဂုဏ်သရေရှိခေါင်းဆောင်ကြီးကအစားအသောက်မက်မှန်းဘယ်သူကရောထင်ထားမှာလဲ။

"ဒါဆိုသူ့ကိုခေါ်သွားလိုက်တော့...."

ရှောင်ကျန့်ကခေါင်းငြှိမ်းလိုက်ရင်းအသက်မျှင်းမျှင်းသာရှုနိုင်တော့သည့်ဇာတ်လိုက်လင်သုန့်အနားသို့လျှောက်လာကာငုတ်တုတ်ထိုင်ချလိုက်သည်။သူ့လက်ထိပ်ဖျားလေး၌အနက်ရောင်အခိုးအငွေ့အနည်းငယ်မှာဓားသေးသေးလေးတစ်ခုသဏ္ဍာန်ခဲသွားပြီးနောက်ထိုဓားနှင့်ရှောင်ကျန့်ဟာကိုယ့်လက်ကောက်ဝတ်ကိုကိုယ်တိုင်လှီးချလိုက်သည်။

vampireတစ်ကောင်၏သန့်စင်တဲ့သွေးမျိုးဆက်ရနံ့မှာအခန်းတွင်းပျံ့နှံ့သွားသည်။မူလလုမင်ယွင်၏အဖေမှာတော်ဝင်သွေးသန့်မျိုးနွယ်ဖြစ်တာကြောင့်လူသားအမေ၏သွေးနှင့်ရောနှောသွားပေမယ့်သွေးသန့်တစ်ယောက်၏ဂုဏ်ရှိန်ဂုဏ်ဝါနှင့်လုပ်နိုင်စွမ်းအပြည့်ရှိသေးသည်။

ရှောင်ကျန့်လက်ကောက်ဝတ်မှစီးကျလာသည့်သွေးစက်တွေမှာလင်သုန့်၏နှုတ်ခမ်းထက်သို့ကျရောက်သွားသည်။လင်သုန့်ကမသိစိတ်အရသွေးတွေကိုအငမ်းမရသောက်သုံးလိုက်မိသည်။

vampireတစ်ကောင်၏သွေးနဲ့အတူသွေးသန့်တစ်ယောက်၏သွေးစုပ်ယူထားခြင်းကိုခံထားရသည့်လင်သုန့်၏ခန္ဓာကိုယ်မှာvampireတစ်ကောင်အဖြစ်သို့ကူးပြောင်းရန်သွေးဆင့်ကဲပြောင်းလဲခြင်းစတင်လာသည်။

သူ့ရဲ့ခန္ဓာကိုယ်မှာဟေးလစ်ခ်လိုမျိုးနီရဲလာပေမယ့်ဟေးလစ်ခ်လောက်တော့မခံစားရပေ။ဒါကသွေးမျိုးဆက်ကွာခြားချက်ကြောင့်လည်းပါ၏။အချိန်ဘယ်လောက်ကြာသွေးဆင့်ကဲပြောင်းလဲနေမလဲဆိုတာတော့သူ့ရဲ့ခံနိုင်ရည်အပေါ်မူတည်သည်။ပိုကြာကြာသွေးဆင့်ကဲပြောင်းလဲနိုင်လေ၊vampireတစ်ကောင်၏သွေးမျိုးဆက်နှင့်ခွန်အားမှာပိုမိုအားကောင်းသန့်စင်လာလေဖြစ်သည်။

ရှောင်ကျန့်ကတစ်ကိုယ်လုံးပူကျစ်နေသည့်လင်သုန့်ကိုကျောပေါ်တင်၍ထွက်သွားဖို့ရန်လုပ်သည်။သူမထွက်သွားခင်လေးမှာပဲအယ်ဗင်လက်ထဲက၃နှစ်အရွယ်vampireငယ်လေးကိုလှည့်ကြည့်လိုက်မိသေးသည်။ဟေးလစ်ခ်ကိုကြည့်ရသည်မှာရှောင်ကျန့်ရဲ့ကိုယ်ငွေ့ကိုမခံစားရသည်နှင့်ပြင်းပြင်းထန်ထန်မျက်မှောင်ကြုတ်၍မသိစိတ်ကနေလိုက်ရှာနေဟန်ရသည်။

သူသက်ပြင်းအသာချလိုက်သည်။

"နေဦး...."

ရှောင်ကျန့်ကဇာတ်လိုက်အယ်ဗင်ကိုနားမလည်နိုင်စွာပြန်လှည့်ကြည့်လိုက်မိသည်။သူပြောခဲ့တဲ့စကားကိုပြန်ရုတ်သိမ်းမလို့တော့မဟုတ်ပါဘူးနော်။

အယ်ဗင်ကအရှက်ပြေချောင်းဟမ့်လိုက်ရင်းဆိုသည်။

"တ...တကယ်လို့မင်းသွေးထဲမှာအရသာထည့်ခဲ့ရင်'သရက်သီး'အရသာကိုပိုများများလေးလုပ်ပေးလို့ရမလား"

ရှောင်ကျန့် : "....."

အယ်ဗင်၏နားရွက်လေးတွေမှာအနည်းငယ်နီရဲတတ်လာ၏။သူသွေးဆင့်ကဲပြောင်းလဲမှုမတိုင်မီငယ်စဥ်အချိန်တုန်းကသရက်သီးမှည့်မှာသူအကြိုက်ဆုံးအသီးဖြစ်ပြီးနေ့တိုင်းလိုလိုစားသုံးတတ်သည်။

ကံဆိုးချင်တော့သွေးဆင့်ကဲပြောင်းလဲပြီးသွားသည့်အချိန်တွင်သွေးသန့်vampireအဖြစ်ပြောင်းလဲသွားပေမယ့်သူ့ရဲ့အရသာခံနိုင်စွမ်းတွေမှာလုံးဝပျောက်ဆုံးသွားခဲ့သည်။ထို့ကြောင့်သူအကြိုက်ဆုံးသရက်သီးကိုထပ်မံမြည်းစမ်းခွင့်မရတော့ချေ။

ဒါပေမယ့်အခုလိုအခွင့်အရေးမျိုးရရှိလာချိန်တွင်သရက်သီးအရသာကိုအဓိကခံစားနိုင်ဖို့မစောင့်ဆိုင်းနိုင်တော့သလိုခံစားလိုက်ရသည်။

"ဟုတ်....ဟုတ်ပါပြီ..."

ရှောင်ကျန့်ဟာအယ်ဗင်၏ငမ်းငမ်းတတ်အကြည့်တွေအောက်မှာတင်လင်သုန့်ကိုသယ်ဆောင်၍ကမန်းကတန်းပြေးထွက်သွား၏။

သူအောက်ထပ်သို့ရောက်သည့်အခါတွင်ဆိုဘတ်နှင့်တစ်ခြားvampireအစေခံတွေမှာတိုက်ခိုက်ရေးကိုယ်ပွားနှင့်အသည်းအသန်တိုက်ခိုက်နေသေးကြောင်းတွေ့လိုက်ရသည်။ရှောင်ကျန့်ရောက်လာသည့်အခါတွင်vampireတွေကသိပ်ပြီးထူးထူးခြားခြားမတုံ့ပြန်ခဲ့ချေ။ဤသည်မှာရှောင်ကျန့်ကvampireတစ်ကောင်ဖြစ်နေသည့်အပြင်ကိုသူ့ကျောပေါ်ကလင်သုန့်ကိုယ်တိုင်ဟာလည်းvampireအသွင်ပြောင်းလဲနေခြင်းကြောင့်ဖြစ်သည်။

vampireတွေကစိတ်လွတ်နေရင်တောင်မျိုးနွယ်တူခြင်းတော့ဘယ်တော့မှမတိုက်ခိုက်တတ်ပေ။

ဒါကြောင့်ရှောင်ကျန့်ဟာဧည့်ခန်းကိုလွယ်လွယ်ကူကူဖြတ်ကျော်၍ခြံဝင်းထဲသို့ရောက်ရှိလာသည်။မကြာခင်မှာပဲvampireတွေဝိုင်းရံခံထားရသည့်လူငယ်ခုနှစ်ယောက်အုပ်စုကိုတွေ့လိုက်ရသည်။

လူငယ်အဖွဲ့မှာဝိုင်းအုံနေသည့်အစွယ်ဖွေးဖွေး၊သွေးနီရောင်မျက်ဝန်းတွေဖြင့်vampireများစွာကိုကြည့်ရင်းသွားတစ်ဂတ်ဂတ်ရိုက်သည်အထိကြောက်လန့်နေကြသည်။သူတို့မှာဒူးတွေပျော့မခွေသွားအောင်မနည်းထိန်းချုပ်ထားရသည်။

လင်ယုရောင်၏လက်ဖဝါးနှစ်ဖက်အတွင်းရှိသလင်းလုံးမှာခပ်မှန်မှိန်အလင်းတောက်ပနေပြီးလူခုနှစ်ယောက်၏ဘေးပတ်လည်၌အကာအရံတစ်ခုဖြင့်တိုက်ခိုက်မှုမှန်သမျှကိုကာကွယ်ထားသည်။

ရှောင်ကျန့်ကိုမြင်သည့်အခါတွင်သူတို့အုပ်စုမှာယုံကြည်ကိုးကွယ်ရာနတ်ဘုရားတစ်ပါးကိုမျက်မြင်ဆုံတွေ့လိုက်ရသလိုမျိုးအားကိုးတကြီးဖြင့်တစ်လဲ့လဲ့တောက်ပလာသည်။အထူးသဖြင့်ရှောင်ကျန့်ကျောပေါ်ကလင်သုန့်ကိုမြင်သည့်အခါတွင်သူတို့ရင်ထဲကအပူလုံးကြီးတစ်လုံးပြုတ်ကျသွားသလိုခံစားလိုက်ရသည်။

[host....vampireတွေကိုတားဖို့နောက်ထပ်တိုက်ခိုက်ရေးကိုယ်ပွားတစ်ခုဝယ်ဦးမလားဟင်]

"....."

ဒီငတိ အုန်းသီးကသူ့ကိုဂျင်းထည့်ပြီးဈေးရောင်းချင်နေပြန်ပြီ။

'မလိုဘူး....ငါကိုယ်တိုင်တိုက်ခိုက်နိုင်တယ်'

ရှောင်ကျန့်ဟာလင်သုန့်ကိုဘေးနားကသစ်ပင်ပင်စည်တစ်ခုမှာပေးမှီစေကာမြေပြင်ထက်သို့ချပေးလိုက်သည်။

ရှောင်ကျန့်၏ခန္ဓာကိုယ်မှာလှစ်ကနဲပျောက်ကွယ်သွားပြီးနောက်vampireအုပ်စုရဲ့အလယ်တည့်တည့်သို့ချက်ချင်းရောက်ရှိသွားသည်။vampireတွေသတိမထားတာကိုအခွင့်ကောင်းယူ၍စတင်တိုက်ခိုက်လိုက်သည်။ရှောင်ကျန့်မှာသူ့ခန္ဓာကိုယ်နှင့်မှမလိုက်ဖက်စွာပေါ့ပါးသွက်လက်နေ၏။

'အုန်းသီး....ငါ့ကိုကြိုးတစ်ချောင်းပေး'

[ဝယ်မှာလားhost....ဘယ်လောက်အရွယ်အစားလိုချင်လည်း]

'vampireတွေအားလုံးကိုချည်နှောင်ပြီးထိန်းချုပ်နိုင်မယ့်ကြိုးရှည်ရှည်ပေး....pointsဖြတ်ဖို့မကြိုးစားနဲ့!!ခုနကတည်းကစိတ်ကသိပ်ကြည်တာမဟုတ်ဘူးနော်....သိတယ်မလား......အုန်း....သီး.....'

အုန်းသီး : [.....]

ချက်ချင်းပင်ရှောင်ကျန့်လက်ထဲ၌ကြိုးရှည်တစ်ချောင်းပေါ်လာပြီးသန်မာသည့်vampireတွေကိုတုပ်ချည်နိုင်သည်အထိခိုင်လေသည်။ပြောစရာမလိုအောင်ပင်syatemအုန်းသီးမှာရှောင်ကျန့်စကားထဲကအန္တရာယ်ကိုခံစားမိစွာပင်ဘာသံမှတောင်ထွက်မလာရဲတော့ပဲငြိမ်ငြိမ်သက်သက်လေးလိုက်လျောပေးလိုက်ရုံသာတတ်နိုင်သည်။

ငါ့ရဲ့hostအချောလေးကအမြဲတမ်းpointsသုံးပြီးတိုင်းစိတ်ကကြည်တယ်လို့ကိုမရှိတာလေ။

မကြာခင်မှာပဲသွေးစုပ်ဖုတ်ကောင်အုပ်စုလိုက်ကြီးမှာမလှုပ်မရပ်ဖြင့်ကြိုးတုပ်ခြင်းခံလိုက်ရသည်။ဟိုတစ်စု၊ဒီတစ်စုဖြင့်ကြိုးတုပ်ခံထားရသည့်vampireတွေကိုကြည့်ရင်းလင်ယုရောင်တို့အဖွဲ့မှာအနည်းငယ်သနားစိတ်တောင်ဝင်လာသလိုခံစားလိုက်ရသည်။

လင်ယုရောင်ကအပြေးအလွှားဖြင့်လဲကျနေသည့်လင်သုန့်နားသွားသည်။သို့ပေမယ့်ပူကျစ်နေသည့်ခန္ဓာကိုယ်အားထိတွေ့မိသည့်အခါတွင်အလန်တကြားဖြင့်ရှောင်ကျန့်ကိုမော့ကြည့်လာ၏။

"လင်သုန့်!!သူ....သူဘာဖြစ်သွားတာလဲ"

"ငါလည်းမတတ်နိုင်ဘူး....ငါရောက်သွားတဲ့အချိန်မှာသူကသေလုမျောပါးသွေးစုပ်ခံထားရပြီးပြီ....မျိုးနွယ်စုခေါင်းဆောင်နဲ့သာအပေးအယူမလုပ်ခဲ့ရင်ငါပြန်ခေါ်လာလို့ရမှာမဟုတ်ဘူး....အခုချိန်မှာသူ့အသက်အန္တရာယ်တော့မစိုးရိမ်ရတော့ပါဘူး....ဒါပေမယ့်...."

"ဒါပေမယ့်ဘာဖြစ်လဲ"

ရှောင်ကျန့်ကပြောရခက်သည့်ပုံဖြင့်လင်ယုရောင်ကိုအနားလာဖို့လက်ဟန်ဖြင့်ပြလိုက်သည်။လူသိခံလို့အဆင်မပြေသည့်ပုံစံရတာမို့လင်ယုရောင်ကအလိုက်သိ​ဖြင့်ရှောင်ကျန့်နားတိုးကပ်သွားလိုက်သည်။

ရှောင်ကျန့်ကလင်ယုရောင်၏နား နားတိုးတိုးလေးကပ်ပြောသည်။

"သူကအခုချိန်ကစပြီးလူစင်စစ်မဟုတ်တော့ဘူး....သူ့အသက်ကိုကယ်တင်ဖို့ကvampireအဖြစ်ပြောင်းလဲလိုက်ဖို့ပဲရှိတော့တယ်....ဒါကြောင့်....မင်းနားလည်ပါတယ်.....ငါ့မှာရွေးချယ်စရာမရှိဘူး"

လင်ယုရောင်၏မျက်နှာမှာချက်ချင်းဖြူဖျော့သွားပြီးသူ့ညီ၏နီရဲနေသည့်ခန္ဓာကိုယ်ကိုတုန်လှုပ်စွာကြည့်လိုက်မိသည်။အတန်ကြာတိတ်ဆိတ်နေပြီးနောက်ရှောင်ကျန့်ကိုကျေးဇူးတင်သည့်မျက်လုံးတွေဖြင့်ကြည့်လာသည်။

"ကျေး....ကျေးဇူးတင်ပါတယ်ဗျာ....ကျွန်တော့်ညီလေးသာအသက်ရှိနေသေးရင်ဘာမျိုးနွယ်ပဲဖြစ်နေပါစေ....ကျွန်တော်လုံးဝလက်ခံနိုင်ပါတယ်...."

ရှောင်ကျန့်ကခေါင်းငြှိမ့်လိုက်သည်။

"သူကvampireအဖြစ်သွေးဆင့်ကဲပြောင်းလဲနေတာ....ဒါကရက်ပိုင်းလောက်ပဲကြာရင်ကြာနိုင်သလိုနှစ်နဲ့ချီပြီးလည်းကြာရင်ကြာသွားနိုင်တယ်....မင်းလုပ်ဖို့လိုတာကသူ့ကိုလုံခြုံတဲ့နေရာမှာထားဖို့တစ်ခုတည်းပဲ"

"ကျေးဇူးပါ....ကျေးဇူးပါ...."

လင်ယုရောင်ကရှောင်ကျန့်ကိုကျေးဇူးတင်ကြောင်းတစ်တွတ်တွတ်ပြောရင်းသူ့မျက်နှာ၌စိတ်သက်သာရဟန်အပြုံးတစ်ခုပေါ်ပေါက်လာသည်။

"ကောင်းပြီ....အရင်ဆုံးငါတို့ဒီကအမြန်ဆုံးထွက်သွားရမယ်....အထဲကvampireတွေကအကြာကြီးထိန်းလို့ရမှမဟုတ်ဘူး"

ရှောင်ကျန့်ကလင်သုန့်ကိုသူ့ကျောပေါ်သို့ထပ်မံတင်လိုက်ပြီးလူငယ်ခုနှစ်ယောက်လုံးကိုကမန်းကတန်းကားထဲထိုးထည့်လိုက်သည်။vampireမျိုးနွယ်စုခေါင်းဆောင်ကြီးကကားတစ်စီးလောက်ကိုမတွန့်တိုလောက်ပါဘူးဟုတွေးတောမိသည်။

သူယူလိုက်သည့်ကားမှာဇိမ်ခံကားဖြစ်တာကြောင့်အနောက်ဘက်၌အတော်လေးကျယ်ကြီးကားနောက်ဘော်ဒီမှာအနည်းငယ်ပိုရှည်သည်။ဒါကြောင့်လူကိုးယောက်ကိုသယ်ဆောင်ဖို့ရန်အခက်အခဲမရှိခဲ့ချေ။

ရှောင်ကျန့်ကစတင်မောင်းနှင်လိုက်သည်။ဇိမ်ခံကားကြီးမှာခြုံပုတ်အပြည့်နှင့်တောအုပ်ထဲတိုးဝင်သွားတာကြောင့်လူငယ်ခုနှစ်ယောက်လုံးမှာလန့်ဖြန့်သွားကြသည်။သို့ပေမယ့်အနှီးတောအုပ်ထဲသို့ဝင်ပြီးမကြာခင်မှာပဲပြန့်ပြူးသည့်ကွန်ကရစ်လမ်းမကြီးကိုတွေ့လိုက်ရသည်။

လူတိုင်း : "....."

"ဒါကထင်ယောင်ထင်မှားလုပ်ထားတာတစ်ခုပဲ....မင်မင်းတို့လူသားတွေလမ်းရှာမတွေ့တာကအမြင်ကိုဖုံးကွယ်ထားတာကြောင့်လေ.....vampireတွေပဲဒါကိုမြင်နိုင်တယ်...."

မည်သူကရောတောအုပ်ထဲ၌ကွန်ကရစ်လမ်းတစ်ခုရှိနိုင်မှန်းစဥ်းစားမိမှာတဲ့လဲ။

အနက်ရောင်ဇိမ်ခံကားရှည်မှာအတော်ကြာသည်အထိရှောရှောရှုရှုမောင်းနှင်နေခဲ့ပြီးနောက်အရိပ်တစ်ခုကကားအရှေ့ကနေရုတ်တရတ်ကြီးဖြတ်ပြေးသွား၏။

ရှောင်ကျန့်၏မူလတည်ငြိမ်နေသည့်မျက်နှာထားမှာလုံးဝပြောင်းလဲသွားသည်။vampireတစ်ကောင်၏အလိုလိုသိစိတ်အရသဘာဝရန်သူတွေကိုခံစားမိလေသည်။

werewolfတွေ။

သွေးနီရောင်လပြည့်ညဖြစ်သည်နှင့်အညီvampireတွေရဲ့ပျော်ပွဲရွှင်ပွဲကြီး၌werewolfတွေကငြိမ်ငြိမ်သက်သက်မနေနိုင်ကြသည်မှာပုံမှန်ပင်။

အံတင်းတင်းတစ်ချက်ကြိတ်လိုက်ရင်းရှောင်ကျန့်ဟာလူငယ်အုပ်စုကိုလေးနက်စွာတစ်ချက်ကြည့်လိုက်သည်။

"ငါမင်းတို့ကိုလိုက်ပို့ဖို့မဖြစ်နိုင်တော့ဘူး.....မင်းတို့ထဲမှာဘယ်သူကားကောင်းကောင်းမောင်းတတ်လဲ"

"ကျွန်တော်....ကျွန်တော်မောင်းတတ်တယ်"

လင်ယုရောင်ကရှောင်ကျန့်၏စကားကိုပြန်ဖြေသည်။

"ဟုတ်ပြီ....ဒီလမ်းအတိုင်းသာတည့်တည့်ဆက်သွား....နာရီဝက်လောက်ကြာရင်မိန်းလမ်းမကြီးပေါ်ရောက်သွားလိမ့်မယ်"

ရှောင်ကျန့်ကားပေါ်ကဆင်းတော့မည့်ဟန်ပြုတော့လင်ယုရောင်ကအသည်းအသန်မေးလာ၏။

"ခင်ဗျားဘယ်သွားမလို့လဲ"

"အရေးကြီးကိစ္စတစ်ခုလို့ပဲသိထားလိုက်.....အမြန်သွားတော့"

ရှောင်ကျန့်၏အတင်းအကြပ်တိုက်တွန်းမှုကိုကြုံရသည့်အခါတွင်မတတ်သာစွာဖြင့်ကားကိုမောင်းထွက်သွားရသည်။ထွက်ခွာသွားသည့်ကားရဲ့နောက်ပိုင်းကိုတစ်ချက်မျှစိုက်ကြည့်ရင်းသူ့ရဲ့သွေးနီရောင်မျက်ဝန်းတစ်စုံမှာတောအုပ်အတွင်းပိုင်းသို့ဦးတည်သွား၏။

"ပုန်းအောင်းနေတဲ့ကြွက်လေးတွေ....မင်းတို့မထွက်လာတော့ဘူးလား"

ဝှစ်ကနဲလေသံနှင့်အတူထွားကျိုင်းသည့်ခန္ဓာကိုယ်ကြီးတစ်ခုမှာရှောင်ကျန့်ဆီပြေးဝင်လာ၏။ရှောင်ကျန့်၏ညာဘက်လက်ဖဝါးအတွင်း၌အနက်ရောင်အခိုးအငွေ့တွေမှာဓားရှည်တစ်ခုသဏ္ဍာန်ခဲသွားပြီးတစ်ဖက်အရာ၏တိုက်ခိုက်မှုကိုကန့်လန့်ဖြတ်တားဆီးလိုက်သည်။

ထိုအရာမှာအပေါ်ပိုင်းဝံပုလွေခန္ဓာကိုယ်နှင့်အောက်ပိုင်းလူခြေထောက်ရှိသည့်သမန်းဝံပုလွေတစ်ကောင်ဖြစ်သည်။ရှောင်ကျန့်၏ကျောဘက်၌နောက်ထပ်werewolfတစ်ကောင်မှာလှစ်ကနဲပေါ်ပေါက်လာပြီးအလစ်အငိုက်တိုက်ခိုက်လာပြန်သည်။

သို့ပေမယ့်ရှောင်ကျန့်ဟာသူ့ခန္ဓာကိုယ်ကိုပေါ့ပါးစွာလှုပ်ရှား၏ဝံပုလွေ၏လက်သည်းရှည်တွေကိုရှောင်လိုက်သည်။

သူမတုံ့ပြန်ရသေးခင်မှာပဲတတိယမြောက်werewolfတစ်ကောင်ကသူ့အရှေ့၌ဖျက်ကနဲပေါ်ပေါက်လာပြီးလက်သည်းရှည်တွေနှင့်ကုပ်ဆွဲသည်။

တောအုပ်ထဲကနေအရိပ်တွေတစ်ခုပြီးတစ်ခုထွက်လာပြီးအားလုံးပေါင်းwerewolf၁၁ကောင်ရှိသည်။ရှောင်ကျန့်၏မျက်နှာမှာလုံးဝတည်ငြိမ်နေဆဲပင်။

ဤသို့နှင့်werewolfအုပ်စုနှင့်ရှောင်ကျန့်မှာအကြီးအကျယ်တိုက်ပွဲဖြစ်ပွားသွားခဲ့သည်။တောအုပ်အနက်ပိုင်းထဲထိတိုးဝင်၍ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်လှုပ်ရှားခဲ့ပြီးနောက်မတ်စောက်သည့်ခြောက်ကမ်းပါးတစ်ခုနားရောက်ရှိလာကြသည်။

အောက်ခြေကိုမမြင်ရသည်အထိနက်မှောင်နေသည့်ချောက်နက်ထဲသို့ခဏမျှစိုက်ကြည့်ရင်းရှောင်ကျန့်ဟာအဓိပ္ပါယ်ပါပါပြုံးလိုက်သည်။

သူ့လက်ထဲ၌မကြာမီကvampireတစ်ချို့ကိုတုတ်နှောင်ထိန်းချုပ်ထားခဲ့သည့်ကြိုးရှည်မှာဖြတ်ကနဲပေါ်ပေါက်လာသည်။werewolfတွေရဲ့တိုက်ခိုက်မှုကိုရှောင်ရှားရင်းသူ့တွက်ချက်မှုထဲဝင်ရောက်လာသည့်အခါကြိုးရှည်၏အစတစ်ဖက်ကိုwerewolfတွေရှိရာဆီသို့ပြစ်လွှတ်လိုက်သည်။

ခိုင်မာသည့်ကြိုးရှည်ကအသက်ရှိနေသလိုမျိုးwerewolf၁၁ကောင်ကိုမြွေလိမ်မြွေကောက်သဏ္ဍာန်ဖြင့်တစ်ပြိုင်တည်းရစ်ပတ်လိုက်သည်။တစ်ဖက်ကြိုးအစွန်းကိုတင်းတင်းကြပ်ကြပ်ကိုင်ဆောင်ထား၍သူ့ဆီအတင်းတိုးဝင်တိုက်ခိုက်လာသောwerewolfတစ်ကောင်၏တိုက်ခိုက်မှုကိုအနောက်ခုန်ဆုတ်၍ရှောင်လိုက်သည်။

ချောက်ကမ်းပါးရဲ့အစွန်းလေး၌မတ်တပ်ရပ်လိုက်ပြီးနောက်ရှောင်ကျန့်ဟာထူးဆန်းသည့်အပြုံးတစ်ခုကိုလှစ်ဟပြလိုက်သည်။

"ငတုံးတွေ"

၎င်းနောက်ရှောင်ကျန့်ဟာသူ့ရဲ့လက်နှစ်ဖက်လုံးကိုဆန့်လိုက်ရင်းချောက်နက်ထဲသို့နောက်ပြန်ပြုတ်ကျစေလိုက်သည်။ကြိုးရှည်ဖြင့်ချည်နှောင်ရစ်ပတ်ခြင်းခံထားရသည့်werewolf၁၁ကောင်လုံးမှာတင်းကနဲဖြစ်သွားသည့်ကြိုးနဲ့အတူချောက်နက်ထဲသို့တရွတ်တိုက်ဆွဲပါသွားကြ၏။

ပတ်ဝန်းကျင်တစ်ခုလုံးရုတ်ချည်းတိတ်ဆိတ်သွားသည်။ခုနလေးတင်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအရိပ်အယောင်ကြောင့်သာမဟုတ်ရင်ထိုတိတ်ဆိတ်မှုကထင်ယောင်ထင်မှားဖြစ်ရပ်တစ်ခုနှင့်တူလွန်းလှသည်။

_________________________________________________________

Zawgyi

ေဟးလစ္ခ္ကေရွာင္က်န့္ရဲ႕အကၤ်ီစကိုမလႊတ္တမ္းအတင္းအၾကပ္ဆြဲကိုင္ထားတာေၾကာင့္ေနာက္ဆုံးသူတို႔မွာအကၤ်ီကိုဆုတ္ၿဖဲလိုက္ရသည္အထိပင္။

ေရွာင္က်န့္မွာဘာရယ္မဟုတ္'ဟို'ရာဇဝင္ကိုသတိရမိသြားသည္။ရွင္ဘုရင္တစ္ပါးကခ်စ္ခင္ႏွစ္သက္တဲ့ေယာက္်ားေလးအိပ္ေမာက်ေနသည္ကိုမႏွိုးရက္၍သူ႕ဝတ္႐ုံလက္တစ္ဖက္အားၿဖဲကာထလာသည္တဲ့ေလ။ဒါကိုတစ္နည္းအားျဖင့္လူေတြကဝတ္႐ုံလက္ျပတ္၊ေယာက္်ားေလးကိုသာႀကိဳက္ႏွစ္သက္သူဟုေျပာၾကသည္။

သူကအခုေဟးလစ္အတြက္အဝတ္စကိုၿဖဲလိုက္တဲ့အခါအဲ့ဒီသေဘာေတာ့မသတ္ေရာက္ေနပါဘူးေနာ္။

ေရွာင္က်န့္ : "....."

ဖူး....ဖူး....ဒီညစ္တီးညစ္ပတ္အေတြးေတြကိုေမာင္းထုတ္လိုက္စမ္း။ေဟးလစ္ခ္က၃ႏွစ္ပဲရွိေသးတဲ့ဟာ။ငါဘယ္ေလာက္ေတာင္တိရစ္ဆာန္ ဆန္လိုက္သလဲ။

ေရွာင္က်န့္မွာသူ႕ရဲ႕႐ူးေၾကာင္ေကာင္အေတြးေတြကိုကမန္းကတန္းႏွင္ထုတ္လိုက္သည္။အယ္ဗင္ကေဟးလစ္ခ္၏လက္ေသးေသးေလးအတြင္းကအကၤ်ီစကိုၾကည့္ရင္းအနည္းငယ္ဆြံ႕အ သလိုခံစားလိုက္ရသည္။

ဘယ္လိုေျပာရမလဲ။ကိုယ့္အိမ္ကေဂၚဖီထုတ္က'ဝက္'ေနာက္ကိုအတင္းေတြလိုက္ခ်င္ေနသလိုမ်ိဳး.....အဟြတ္။

"သခင္ေလးအဆင္ေျပမွာပါ....ဟုတ္တယ္မလားဟင္"

အယ္ဗင္ကေရွာင္က်န့္ရဲ႕စိုးရိမ္ေနသည့္မ်က္လုံးေတြကိုသတိထားမိစြာျပန္ေျဖလိုက္သည္။

"အင္း....ေသြးဆင့္ကဲေျပာင္းလဲတာက႐ုတ္တရက္ႀကီးျဖစ္သြားတာဆိုေတာ့ငါလည္းေသခ်ာမသိဘူး....ဒါေပမယ့္သူဘာမွျဖစ္မွာမဟုတ္တာေတာ့ေသခ်ာတယ္...."

ေရွာင္က်န့္ကvampireငယ္ေလး၏လုံၿခဳံမႈကိုအေသအခ်ာအတည္ျပဳၿပီးသည့္ေနာက္အပူလုံးႀကီးတစ္လုံးက်သြားသလိုမ်ိဳးသက္ျပင္းအသာခ်လိဳက္မိ၏။ထိုအခါမွသာေရွာင္က်န့္ဟာၾကမ္းျပင္ထက္၌ေသသလားရွင္သလားမသိပဲလဲက်ေနသည့္ဇာတ္လိုက္လင္သုန့္ဘက္အာ႐ုံေရာက္သြားသည္။

သူ႕ရဲ႕မ်က္လုံးကိုအနည္းငယ္ေမွးက်ဥ္းလိုက္ရင္းအယ္ဗင္လက္ထဲကေနဘယ္လိုအလစ္သုတ္ၿပီးကယ္ထုတ္သြားရင္ေကာင္းမလဲဆိုတာစဥ္းစားသည္။

"သခင္ႀကီးအယ္ဗင္"

"ဘာလဲ"

အယ္ဗင္ကေဟးလစ္ခ္ကိုထိန္းကိုင္ထားရင္းကေနျပန္ေျဖသည္။

"ဒီလူသားကိုေခၚသြားလို႔ရမလား"

ေရွာင္က်န့္ကေပၚတင္ပင္ၾကမ္းျပင္ေပၚလဲက်ေနသည့္လင္သုန့္အားလက္ညွိုးထိုးကာေမးလိုက္သည္။အယ္ဗင္မွာအနည္းငယ္ေၾကာင္အသြားၿပီးေနာက္'မင္း႐ူးေနတာလား'ဟူသည့္အၾကည့္ျဖင့္ၾကည့္လာ၏။

vampireတစ္ေယာက္ရဲ႕ပါးစပ္ထဲကအစာကိုေနာက္ထပ္vampireတစ္ေကာင္ေတာင္းရမ္းျခင္းကရန္ပြဲတစ္ခုအစပ်ိဳးတာနဲ႕တူသည္။ဒါေၾကာင့္လည္းအယ္ဗင္ကေရွာင္က်န့္အားအ႐ူးတစ္ေယာက္ကဲ့သို႔ၾကည့္လာျခင္းပင္။

"ကြၽန္ေတာ္မ႐ူးေသးပါဘူးဗ်....ကြၽန္ေတာ့္ကိုအဲ့လိုႀကီးမၾကည့္လို႔ရမလား...."

အယ္ဗင္ကထေပါက္ကြဲခ်င္လာေသာ္လည္းေရွာင္က်န့္ရဲ႕တည္ၾကည္ေလးနက္တဲ့အၾကည့္ႏွင့္မ်က္ႏွာကိုျမင္သည့္အခါတြင္သူ႕ေဒါသေတြမွာျပန္လည္တည္ၿငိမ္သြားသည္။ၾကည့္ရတာရန္ပြဲတစ္ခုအစပ်ိဳးခ်င္ပုံလည္းမရသလို၊စေနာက္ေနဟန္လည္းမေပၚေခ်။

"မင္းကသူ႕ကိုဘာလုပ္မွာလဲ....ငါသူ႕ရဲ႕ေသြးေတြအကုန္လုံးနီးပါးကိုေသာက္ၿပီးသြားၿပီ....မင္းေခၚသြားရင္ေတာင္ထူးျခားမွမဟုတ္ဘူး"

"ကြၽန္ေတာ္သိပါတယ္....ဒါေပမယ့္ကြၽန္ေတာ္သူတို႔တစ္ဖြဲ႕လုံးကိုကယ္ခ်င္တယ္"

"မင္းေခါင္းေခ်ာင္သြားတာလား....မင္းရဲ႕လုပ္ရပ္ကvampireမ်ိဳးႏြယ္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကိုဘယ္ေလာက္ေတာင္ေသြဖယ္ေနလဲဆိုတာမင္းသိလား"

"ကြၽန္ေတာ္သိပါတယ္....ဒါေၾကာင့္ကြၽန္ေတာ္တို႔အေပးအယူတစ္ခုလုပ္ၾကရေအာင္"

"....."

အယ္ဗင္ကေရွာင္က်န့္ရဲ႕မ်က္ႏွာေဖာင္းေဖာင္စေလးကိုေၾကာင္ေတာင္ေတာင္ျဖင့္ၾကည့္လိုက္ရင္းမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

"ဘာကိုလဲ"

"သခင္ႀကီးကကြၽန္ေတာ္ခ်က္သမွ်ဟင္းေတြကိုစားခ်င္....အဟမ္း....သေဘာက်တယ္မလား"

အယ္ဗင္ : "....."

ဒီေကာင္ဘယ္လိုသိသြားရတာလဲ။ငါငတ္တာဒီေလာက္ေတာင္သိသာသြားလို႔လား။

ေရွာင္က်န့္ရဲ႕မ်က္လုံးအတြင္း၌အလင္းတစ္ခ်က္ေတာက္ပသြားသည္။သူကဒီအေတြးကိုယခုမွေတြးေတာမိတာျဖစ္ၿပီးစမ္းသပ္ၾကည့္ပုံအရတကယ္အသုံးဝင္သည့္ဟန္ရသည္။

"ကြၽန္ေတာ္အရသာအမ်ိဳးမ်ိဳးရွိတဲ့ေသြးအိတ္ေတြကိုျပဳလုပ္ေပးနိုင္တယ္....သခင္ႀကီးေသေသခ်ာခ်ာစဥ္းစားၾကည့္ပါ....လူေသြးကေသာက္လို႔ေကာင္းေပမယ့္ဒီတစ္ညပဲအရသာခံလို႔ရလိမ့္မယ္...."

"....."

"ဒါေပမယ့္ကြၽန္ေတာ္အရသာျပဳျပင္ထားတဲ့ေသြးအိတ္က်ေတာ့မတူဘူး....ဒါကတိရစ္ဆာန္ေသြးကိုပဲအသုံးျပဳမွာျဖစ္လို႔စည္းမ်ဥ္းစည္းကမ္းေတြကိုခ်ိဳးေဖာက္ရာမက်ဘဴးေလ"

"....."

"ၿပီးေတာ့ကြၽန္ေတာ္အရသာေျပာင္းထားတဲ့ေသြးအိတ္တိုင္းကလူေသြးထက္အဆေပါင္းမ်ားစြာေသာက္လို႔ေကာင္းေစရမယ္လို႔အာမခံနိုင္တယ္....ဒါ့အျပင္အဲ့ဒီေသြးအိတ္ေတြကိုကြၽန္ေတာ္အလုပ္ဝင္ေနသမွ်ကာလပတ္လုံးေသာက္လို႔ရမွာေနာ္...."

အယ္ဗင္ : "....."

အဲ....ၾကားရတာေတာ့တကယ့္ကို။

သေရက်ခ်င္စရာႀကီး။ဟီး....ဟီး....။

အယ္ဗင္ဟာအရသာမ်ိဳးစုံႏွင့္ေသြးအိတ္ေတြအျပည့္ျဖင့္အနာဂတ္ႀကီးကိုေတြးေတာရင္းသူ႕ပါးစပ္ေထာင့္ကေနသေရတစ္ခ်ိဳ႕စီးက်လာတာကိုေတာင္ခံစားမိသြားသည္။ဒီအေပးအယူကဆိုးေတာ့မဆိုးဘူး။

ဒီတစ္ညေလာက္လူေသြးအငတ္ခံလိုက္ရင္ေနာက္ေန႕၊ေနာက္ေန႕ေတြဆိုစိတ္ႀကိဳက္အရသာနဲ႕ေသြးမ်ိဳးစုံကိုေသာက္လို႔ရၿပီ။ဟီး....ဟီး....။

အယ္ဗင္ဟာသူ႕ပါးစပ္ေထာင့္ကက်လာသည့္သေရစ ေသးေသးေလးကိုမသိမသာသုတ္လိုက္ရင္းဂုဏ္သေရရွိသည့္မ်က္ႏွာျဖင့္သေဘာထားႀကီးဟန္ေျပာလိုက္သည္။

"ေကာင္းၿပီေလ....မင္းဒီလူေတြကိုေခၚထုတ္သြားလို႔ရတယ္....ဒါေပမယ့္တစ္ျခားvampireေတြႏွောင့္ယွက္ရင္ေတာ့ငါနဲ႕ဘာမွမဆိုင္ဘူး...."

"ဒါဆိုရင္ပဲအဆင္ေျပေနပါၿပီ"

ေရွာင္က်န့္မွာသေဘာတူညီမႈကလြယ္လြယ္ကူကူျဖစ္ေျမာက္သြားတာကိုပဲအေတာ္ေလးေပ်ာ္႐ႊင္သြားသည္။vampireမ်ိဳးႏြယ္၏ဂုဏ္သေရရွိေခါင္းေဆာင္ႀကီးကအစားအေသာက္မက္မွန္းဘယ္သူကေရာထင္ထားမွာလဲ။

"ဒါဆိုသူ႕ကိုေခၚသြားလိုက္ေတာ့...."

ေရွာင္က်န့္ကေခါင္းျငႇိမ္းလိုက္ရင္းအသက္မွ်င္းမွ်င္းသာရႈနိုင္ေတာ့သည့္ဇာတ္လိုက္လင္သုန့္အနားသို႔ေလွ်ာက္လာကာငုတ္တုတ္ထိုင္ခ်လိဳက္သည္။သူ႕လက္ထိပ္ဖ်ားေလး၌အနက္ေရာင္အခိုးအေငြ႕အနည္းငယ္မွာဓားေသးေသးေလးတစ္ခုသ႑ာန္ခဲသြားၿပီးေနာက္ထိုဓားႏွင့္ေရွာင္က်န့္ဟာကိုယ့္လက္ေကာက္ဝတ္ကိုကိုယ္တိုင္လွီးခ်လိဳက္သည္။

vampireတစ္ေကာင္၏သန့္စင္တဲ့ေသြးမ်ိဳးဆက္ရနံ႕မွာအခန္းတြင္းပ်ံ့ႏွံ႕သြားသည္။မူလလုမင္ယြင္၏အေဖမွာေတာ္ဝင္ေသြးသန့္မ်ိဳးႏြယ္ျဖစ္တာေၾကာင့္လူသားအေမ၏ေသြးႏွင့္ေရာႏွောသြားေပမယ့္ေသြးသန့္တစ္ေယာက္၏ဂုဏ္ရွိန္ဂုဏ္ဝါႏွင့္လုပ္နိုင္စြမ္းအျပည့္ရွိေသးသည္။

ေရွာင္က်န့္လက္ေကာက္ဝတ္မွစီးက်လာသည့္ေသြးစက္ေတြမွာလင္သုန့္၏ႏႈတ္ခမ္းထက္သို႔က်ေရာက္သြားသည္။လင္သုန့္ကမသိစိတ္အရေသြးေတြကိုအငမ္းမရေသာက္သုံးလိုက္မိသည္။

vampireတစ္ေကာင္၏ေသြးနဲ႕အတူေသြးသန့္တစ္ေယာက္၏ေသြးစုပ္ယူထားျခင္းကိုခံထားရသည့္လင္သုန့္၏ခႏၶာကိုယ္မွာvampireတစ္ေကာင္အျဖစ္သို႔ကူးေျပာင္းရန္ေသြးဆင့္ကဲေျပာင္းလဲျခင္းစတင္လာသည္။

သူ႕ရဲ႕ခႏၶာကိုယ္မွာေဟးလစ္ခ္လိုမ်ိဳးနီရဲလာေပမယ့္ေဟးလစ္ခ္ေလာက္ေတာ့မခံစားရေပ။ဒါကေသြးမ်ိဳးဆက္ကြာျခားခ်က္ေၾကာင့္လည္းပါ၏။အခ်ိန္ဘယ္ေလာက္ၾကာေသြးဆင့္ကဲေျပာင္းလဲေနမလဲဆိုတာေတာ့သူ႕ရဲ႕ခံနိုင္ရည္အေပၚမူတည္သည္။ပိုၾကာၾကာေသြးဆင့္ကဲေျပာင္းလဲနိုင္ေလ၊vampireတစ္ေကာင္၏ေသြးမ်ိဳးဆက္ႏွင့္ခြန္အားမွာပိုမိုအားေကာင္းသန့္စင္လာေလျဖစ္သည္။

ေရွာင္က်န့္ကတစ္ကိုယ္လုံးပူက်စ္ေနသည့္လင္သုန့္ကိုေက်ာေပၚတင္၍ထြက္သြားဖို႔ရန္လုပ္သည္။သူမထြက္သြားခင္ေလးမွာပဲအယ္ဗင္လက္ထဲက၃ႏွစ္အ႐ြယ္vampireငယ္ေလးကိုလွည့္ၾကည့္လိုက္မိေသးသည္။ေဟးလစ္ခ္ကိုၾကည့္ရသည္မွာေရွာင္က်န့္ရဲ႕ကိုယ္ေငြ႕ကိုမခံစားရသည္ႏွင့္ျပင္းျပင္းထန္ထန္မ်က္ေမွာင္ၾကဳတ္၍မသိစိတ္ကေနလိုက္ရွာေနဟန္ရသည္။

သူသက္ျပင္းအသာခ်လိဳက္သည္။

"ေနဦး...."

ေရွာင္က်န့္ကဇာတ္လိုက္အယ္ဗင္ကိုနားမလည္နိုင္စြာျပန္လွည့္ၾကည့္လိုက္မိသည္။သူေျပာခဲ့တဲ့စကားကိုျပန္႐ုတ္သိမ္းမလို႔ေတာ့မဟုတ္ပါဘူးေနာ္။

အယ္ဗင္ကအရွက္ေျပေခ်ာင္းဟမ့္လိုက္ရင္းဆိုသည္။

"တ...တကယ္လို႔မင္းေသြးထဲမွာအရသာထည့္ခဲ့ရင္'သရက္သီး'အရသာကိုပိုမ်ားမ်ားေလးလုပ္ေပးလို႔ရမလား"

ေရွာင္က်န့္ : "....."

အယ္ဗင္၏နား႐ြက္ေလးေတြမွာအနည္းငယ္နီရဲတတ္လာ၏။သူေသြးဆင့္ကဲေျပာင္းလဲမႈမတိုင္မီငယ္စဥ္အခ်ိန္တုန္းကသရက္သီးမွည့္မွာသူအႀကိဳက္ဆုံးအသီးျဖစ္ၿပီးေန႕တိုင္းလိုလိုစားသုံးတတ္သည္။

ကံဆိုးခ်င္ေတာ့ေသြးဆင့္ကဲေျပာင္းလဲၿပီးသြားသည့္အခ်ိန္တြင္ေသြးသန့္vampireအျဖစ္ေျပာင္းလဲသြားေပမယ့္သူ႕ရဲ႕အရသာခံနိုင္စြမ္းေတြမွာလုံးဝေပ်ာက္ဆုံးသြားခဲ့သည္။ထို႔ေၾကာင့္သူအႀကိဳက္ဆုံးသရက္သီးကိုထပ္မံျမည္းစမ္းခြင့္မရေတာ့ေခ်။

ဒါေပမယ့္အခုလိုအခြင့္အေရးမ်ိဳးရရွိလာခ်ိန္တြင္သရက္သီးအရသာကိုအဓိကခံစားနိုင္ဖို႔မေစာင့္ဆိုင္းနိုင္ေတာ့သလိုခံစားလိုက္ရသည္။

"ဟုတ္....ဟုတ္ပါၿပီ..."

ေရွာင္က်န့္ဟာအယ္ဗင္၏ငမ္းငမ္းတတ္အၾကည့္ေတြေအာက္မွာတင္လင္သုန့္ကိုသယ္ေဆာင္၍ကမန္းကတန္းေျပးထြက္သြား၏။

သူေအာက္ထပ္သို႔ေရာက္သည့္အခါတြင္ဆိုဘတ္ႏွင့္တစ္ျခားvampireအေစခံေတြမွာတိုက္ခိုက္ေရးကိုယ္ပြားႏွင့္အသည္းအသန္တိုက္ခိုက္ေနေသးေၾကာင္းေတြ႕လိုက္ရသည္။ေရွာင္က်န့္ေရာက္လာသည့္အခါတြင္vampireေတြကသိပ္ၿပီးထူးထူးျခားျခားမတုံ႕ျပန္ခဲ့ေခ်။ဤသည္မွာေရွာင္က်န့္ကvampireတစ္ေကာင္ျဖစ္ေနသည့္အျပင္ကိုသူ႕ေက်ာေပၚကလင္သုန့္ကိုယ္တိုင္ဟာလည္းvampireအသြင္ေျပာင္းလဲေနျခင္းေၾကာင့္ျဖစ္သည္။

vampireေတြကစိတ္လြတ္ေနရင္ေတာင္မ်ိဳးႏြယ္တူျခင္းေတာ့ဘယ္ေတာ့မွမတိုက္ခိုက္တတ္ေပ။

ဒါေၾကာင့္ေရွာင္က်န့္ဟာဧည့္ခန္းကိုလြယ္လြယ္ကူကူျဖတ္ေက်ာ္၍ၿခံဝင္းထဲသို႔ေရာက္ရွိလာသည္။မၾကာခင္မွာပဲvampireေတြဝိုင္းရံခံထားရသည့္လူငယ္ခုႏွစ္ေယာက္အုပ္စုကိုေတြ႕လိုက္ရသည္။

လူငယ္အဖြဲ႕မွာဝိုင္းအုံေနသည့္အစြယ္ေဖြးေဖြး၊ေသြးနီေရာင္မ်က္ဝန္းေတြျဖင့္vampireမ်ားစြာကိုၾကည့္ရင္းသြားတစ္ဂတ္ဂတ္ရိုက္သည္အထိေၾကာက္လန့္ေနၾကသည္။သူတို႔မွာဒူးေတြေပ်ာ့မေခြသြားေအာင္မနည္းထိန္းခ်ဳပ္ထားရသည္။

လင္ယုေရာင္၏လက္ဖဝါးႏွစ္ဖက္အတြင္းရွိသလင္းလုံးမွာခပ္မွန္မွိန္အလင္းေတာက္ပေနၿပီးလူခုႏွစ္ေယာက္၏ေဘးပတ္လည္၌အကာအရံတစ္ခုျဖင့္တိုက္ခိုက္မႈမွန္သမွ်ကိုကာကြယ္ထားသည္။

ေရွာင္က်န့္ကိုျမင္သည့္အခါတြင္သူတို႔အုပ္စုမွာယုံၾကည္ကိုးကြယ္ရာနတ္ဘုရားတစ္ပါးကိုမ်က္ျမင္ဆုံေတြ႕လိုက္ရသလိုမ်ိဳးအားကိုးတႀကီးျဖင့္တစ္လဲ့လဲ့ေတာက္ပလာသည္။အထူးသျဖင့္ေရွာင္က်န့္ေက်ာေပၚကလင္သုန့္ကိုျမင္သည့္အခါတြင္သူတို႔ရင္ထဲကအပူလုံးႀကီးတစ္လုံးျပဳတ္က်သြားသလိုခံစားလိုက္ရသည္။

[host....vampireေတြကိုတားဖို႔ေနာက္ထပ္တိုက္ခိုက္ေရးကိုယ္ပြားတစ္ခုဝယ္ဦးမလားဟင္]

"....."

ဒီငတိ အုန္းသီးကသူ႕ကိုဂ်င္းထည့္ၿပီးေဈးေရာင္းခ်င္ေနျပန္ၿပီ။

'မလိုဘူး....ငါကိုယ္တိုင္တိုက္ခိုက္နိုင္တယ္'

ေရွာင္က်န့္ဟာလင္သုန့္ကိုေဘးနားကသစ္ပင္ပင္စည္တစ္ခုမွာေပးမွီေစကာေျမျပင္ထက္သို႔ခ်ေပးလိုက္သည္။

ေရွာင္က်န့္၏ခႏၶာကိုယ္မွာလွစ္ကနဲေပ်ာက္ကြယ္သြားၿပီးေနာက္vampireအုပ္စုရဲ႕အလယ္တည့္တည့္သို႔ခ်က္ခ်င္းေရာက္ရွိသြားသည္။vampireေတြသတိမထားတာကိုအခြင့္ေကာင္းယူ၍စတင္တိုက္ခိုက္လိုက္သည္။ေရွာင္က်န့္မွာသူ႕ခႏၶာကိုယ္ႏွင့္မွမလိုက္ဖက္စြာေပါ့ပါးသြက္လက္ေန၏။

'အုန္းသီး....ငါ့ကိုႀကိဳးတစ္ေခ်ာင္းေပး'

[ဝယ္မွာလားhost....ဘယ္ေလာက္အ႐ြယ္အစားလိုခ်င္လည္း]

'vampireေတြအားလုံးကိုခ်ည္ႏွောင္ၿပီးထိန္းခ်ဳပ္နိုင္မယ့္ႀကိဳးရွည္ရွည္ေပး....pointsျဖတ္ဖို႔မႀကိဳးစားနဲ႕!!ခုနကတည္းကစိတ္ကသိပ္ၾကည္တာမဟုတ္ဘူးေနာ္....သိတယ္မလား......အုန္း....သီး.....'

အုန္းသီး : [.....]

ခ်က္ခ်င္းပင္ေရွာင္က်န့္လက္ထဲ၌ႀကိဳးရွည္တစ္ေခ်ာင္းေပၚလာၿပီးသန္မာသည့္vampireေတြကိုတုပ္ခ်ည္နိုင္သည္အထိခိုင္ေလသည္။ေျပာစရာမလိုေအာင္ပင္syatemအုန္းသီးမွာေရွာင္က်န့္စကားထဲကအႏၱရာယ္ကိုခံစားမိစြာပင္ဘာသံမွေတာင္ထြက္မလာရဲေတာ့ပဲၿငိမ္ၿငိမ္သက္သက္ေလးလိုက္ေလ်ာေပးလိုက္႐ုံသာတတ္နိုင္သည္။

ငါ့ရဲ႕hostအေခ်ာေလးကအၿမဲတမ္းpointsသုံးၿပီးတိုင္းစိတ္ကၾကည္တယ္လို႔ကိုမရွိတာေလ။

မၾကာခင္မွာပဲေသြးစုပ္ဖုတ္ေကာင္အုပ္စုလိုက္ႀကီးမွာမလႈပ္မရပ္ျဖင့္ႀကိဳးတုပ္ျခင္းခံလိုက္ရသည္။ဟိုတစ္စု၊ဒီတစ္စုျဖင့္ႀကိဳးတုပ္ခံထားရသည့္vampireေတြကိုၾကည့္ရင္းလင္ယုေရာင္တို႔အဖြဲ႕မွာအနည္းငယ္သနားစိတ္ေတာင္ဝင္လာသလိုခံစားလိုက္ရသည္။

လင္ယုေရာင္ကအေျပးအလႊားျဖင့္လဲက်ေနသည့္လင္သုန့္နားသြားသည္။သို႔ေပမယ့္ပူက်စ္ေနသည့္ခႏၶာကိုယ္အားထိေတြ႕မိသည့္အခါတြင္အလန္တၾကားျဖင့္ေရွာင္က်န့္ကိုေမာ့ၾကည့္လာ၏။

"လင္သုန့္!!သူ....သူဘာျဖစ္သြားတာလဲ"

"ငါလည္းမတတ္နိုင္ဘူး....ငါေရာက္သြားတဲ့အခ်ိန္မွာသူကေသလုေမ်ာပါးေသြးစုပ္ခံထားရၿပီးၿပီ....မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႕သာအေပးအယူမလုပ္ခဲ့ရင္ငါျပန္ေခၚလာလို႔ရမွာမဟုတ္ဘူး....အခုခ်ိန္မွာသူ႕အသက္အႏၱရာယ္ေတာ့မစိုးရိမ္ရေတာ့ပါဘူး....ဒါေပမယ့္...."

"ဒါေပမယ့္ဘာျဖစ္လဲ"

ေရွာင္က်န့္ကေျပာရခက္သည့္ပုံျဖင့္လင္ယုေရာင္ကိုအနားလာဖို႔လက္ဟန္ျဖင့္ျပလိုက္သည္။လူသိခံလို႔အဆင္မေျပသည့္ပုံစံရတာမို႔လင္ယုေရာင္ကအလိုက္သိျဖင့္ေရွာင္က်န့္နားတိုးကပ္သြားလိုက္သည္။

ေရွာင္က်န့္ကလင္ယုေရာင္၏နား နားတိုးတိုးေလးကပ္ေျပာသည္။

"သူကအခုခ်ိန္ကစၿပီးလူစင္စစ္မဟုတ္ေတာ့ဘူး....သူ႕အသက္ကိုကယ္တင္ဖို႔ကvampireအျဖစ္ေျပာင္းလဲလိုက္ဖို႔ပဲရွိေတာ့တယ္....ဒါေၾကာင့္....မင္းနားလည္ပါတယ္.....ငါ့မွာေ႐ြးခ်ယ္စရာမရွိဘူး"

လင္ယုေရာင္၏မ်က္ႏွာမွာခ်က္ခ်င္းျဖဴေဖ်ာ့သြားၿပီးသူ႕ညီ၏နီရဲေနသည့္ခႏၶာကိုယ္ကိုတုန္လႈပ္စြာၾကည့္လိုက္မိသည္။အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ေရွာင္က်န့္ကိုေက်းဇူးတင္သည့္မ်က္လုံးေတြျဖင့္ၾကည့္လာသည္။

"ေက်း....ေက်းဇူးတင္ပါတယ္ဗ်ာ....ကြၽန္ေတာ့္ညီေလးသာအသက္ရွိေနေသးရင္ဘာမ်ိဳးႏြယ္ပဲျဖစ္ေနပါေစ....ကြၽန္ေတာ္လုံးဝလက္ခံနိုင္ပါတယ္...."

ေရွာင္က်န့္ကေခါင္းျငႇိမ့္လိုက္သည္။

"သူကvampireအျဖစ္ေသြးဆင့္ကဲေျပာင္းလဲေနတာ....ဒါကရက္ပိုင္းေလာက္ပဲၾကာရင္ၾကာနိုင္သလိုႏွစ္နဲ႕ခ်ီၿပီးလည္းၾကာရင္ၾကာသြားနိုင္တယ္....မင္းလုပ္ဖို႔လိုတာကသူ႕ကိုလုံၿခဳံတဲ့ေနရာမွာထားဖို႔တစ္ခုတည္းပဲ"

"ေက်းဇူးပါ....ေက်းဇူးပါ...."

လင္ယုေရာင္ကေရွာင္က်န့္ကိုေက်းဇူးတင္ေၾကာင္းတစ္တြတ္တြတ္ေျပာရင္းသူ႕မ်က္ႏွာ၌စိတ္သက္သာရဟန္အၿပဳံးတစ္ခုေပၚေပါက္လာသည္။

"ေကာင္းၿပီ....အရင္ဆုံးငါတို႔ဒီကအျမန္ဆုံးထြက္သြားရမယ္....အထဲကvampireေတြကအၾကာႀကီးထိန္းလို႔ရမွမဟုတ္ဘူး"

ေရွာင္က်န့္ကလင္သုန့္ကိုသူ႕ေက်ာေပၚသို႔ထပ္မံတင္လိုက္ၿပီးလူငယ္ခုႏွစ္ေယာက္လုံးကိုကမန္းကတန္းကားထဲထိုးထည့္လိုက္သည္။vampireမ်ိဳးႏြယ္စုေခါင္းေဆာင္ႀကီးကကားတစ္စီးေလာက္ကိုမတြန့္တိုေလာက္ပါဘူးဟုေတြးေတာမိသည္။

သူယူလိုက္သည့္ကားမွာဇိမ္ခံကားျဖစ္တာေၾကာင့္အေနာက္ဘက္၌အေတာ္ေလးက်ယ္ႀကီးကားေနာက္ေဘာ္ဒီမွာအနည္းငယ္ပိုရွည္သည္။ဒါေၾကာင့္လူကိုးေယာက္ကိုသယ္ေဆာင္ဖို႔ရန္အခက္အခဲမရွိခဲ့ေခ်။

ေရွာင္က်န့္ကစတင္ေမာင္းႏွင္လိုက္သည္။ဇိမ္ခံကားႀကီးမွာၿခဳံပုတ္အျပည့္ႏွင့္ေတာအုပ္ထဲတိုးဝင္သြားတာေၾကာင့္လူငယ္ခုႏွစ္ေယာက္လုံးမွာလန့္ျဖန့္သြားၾကသည္။သို႔ေပမယ့္အႏွီးေတာအုပ္ထဲသို႔ဝင္ၿပီးမၾကာခင္မွာပဲျပန့္ျပဴးသည့္ကြန္ကရစ္လမ္းမႀကီးကိုေတြ႕လိုက္ရသည္။

လူတိုင္း : "....."

"ဒါကထင္ေယာင္ထင္မွားလုပ္ထားတာတစ္ခုပဲ....မင္မင္းတို႔လူသားေတြလမ္းရွာမေတြ႕တာကအျမင္ကိုဖုံးကြယ္ထားတာေၾကာင့္ေလ.....vampireေတြပဲဒါကိုျမင္နိုင္တယ္...."

မည္သူကေရာေတာအုပ္ထဲ၌ကြန္ကရစ္လမ္းတစ္ခုရွိနိုင္မွန္းစဥ္းစားမိမွာတဲ့လဲ။

အနက္ေရာင္ဇိမ္ခံကားရွည္မွာအေတာ္ၾကာသည္အထိေရွာေရွာရႈရႈေမာင္းႏွင္ေနခဲ့ၿပီးေနာက္အရိပ္တစ္ခုကကားအေရွ႕ကေန႐ုတ္တရတ္ႀကီးျဖတ္ေျပးသြား၏။

ေရွာင္က်န့္၏မူလတည္ၿငိမ္ေနသည့္မ်က္ႏွာထားမွာလုံးဝေျပာင္းလဲသြားသည္။vampireတစ္ေကာင္၏အလိုလိုသိစိတ္အရသဘာဝရန္သူေတြကိုခံစားမိေလသည္။

werewolfေတြ။

ေသြးနီေရာင္လျပည့္ညျဖစ္သည္ႏွင့္အညီvampireေတြရဲ႕ေပ်ာ္ပြဲ႐ႊင္ပြဲႀကီး၌werewolfေတြကၿငိမ္ၿငိမ္သက္သက္မေနနိုင္ၾကသည္မွာပုံမွန္ပင္။

အံတင္းတင္းတစ္ခ်က္ႀကိတ္လိုက္ရင္းေရွာင္က်န့္ဟာလူငယ္အုပ္စုကိုေလးနက္စြာတစ္ခ်က္ၾကည့္လိုက္သည္။

"ငါမင္းတို႔ကိုလိုက္ပို႔ဖို႔မျဖစ္နိုင္ေတာ့ဘူး.....မင္းတို႔ထဲမွာဘယ္သူကားေကာင္းေကာင္းေမာင္းတတ္လဲ"

"ကြၽန္ေတာ္....ကြၽန္ေတာ္ေမာင္းတတ္တယ္"

လင္ယုေရာင္ကေရွာင္က်န့္၏စကားကိုျပန္ေျဖသည္။

"ဟုတ္ၿပီ....ဒီလမ္းအတိုင္းသာတည့္တည့္ဆက္သြား....နာရီဝက္ေလာက္ၾကာရင္မိန္းလမ္းမႀကီးေပၚေရာက္သြားလိမ့္မယ္"

ေရွာင္က်န့္ကားေပၚကဆင္းေတာ့မည့္ဟန္ျပဳေတာ့လင္ယုေရာင္ကအသည္းအသန္ေမးလာ၏။

"ခင္ဗ်ားဘယ္သြားမလို႔လဲ"

"အေရးႀကီးကိစၥတစ္ခုလို႔ပဲသိထားလိုက္.....အျမန္သြားေတာ့"

ေရွာင္က်န့္၏အတင္းအၾကပ္တိုက္တြန္းမႈကိုႀကဳံရသည့္အခါတြင္မတတ္သာစြာျဖင့္ကားကိုေမာင္းထြက္သြားရသည္။ထြက္ခြာသြားသည့္ကားရဲ႕ေနာက္ပိုင္းကိုတစ္ခ်က္မွ်စိုက္ၾကည့္ရင္းသူ႕ရဲ႕ေသြးနီေရာင္မ်က္ဝန္းတစ္စုံမွာေတာအုပ္အတြင္းပိုင္းသို႔ဦးတည္သြား၏။

"ပုန္းေအာင္းေနတဲ့ႂကြက္ေလးေတြ....မင္းတို႔မထြက္လာေတာ့ဘူးလား"

ဝွစ္ကနဲေလသံႏွင့္အတူထြားက်ိဳင္းသည့္ခႏၶာကိုယ္ႀကီးတစ္ခုမွာေရွာင္က်န့္ဆီေျပးဝင္လာ၏။ေရွာင္က်န့္၏ညာဘက္လက္ဖဝါးအတြင္း၌အနက္ေရာင္အခိုးအေငြ႕ေတြမွာဓားရွည္တစ္ခုသ႑ာန္ခဲသြားၿပီးတစ္ဖက္အရာ၏တိုက္ခိုက္မႈကိုကန့္လန့္ျဖတ္တားဆီးလိုက္သည္။

ထိုအရာမွာအေပၚပိုင္းဝံပုေလြခႏၶာကိုယ္ႏွင့္ေအာက္ပိုင္းလူေျခေထာက္ရွိသည့္သမန္းဝံပုေလြတစ္ေကာင္ျဖစ္သည္။ေရွာင္က်န့္၏ေက်ာဘက္၌ေနာက္ထပ္werewolfတစ္ေကာင္မွာလွစ္ကနဲေပၚေပါက္လာၿပီးအလစ္အငိုက္တိုက္ခိုက္လာျပန္သည္။

သို႔ေပမယ့္ေရွာင္က်န့္ဟာသူ႕ခႏၶာကိုယ္ကိုေပါ့ပါးစြာလႈပ္ရွား၏ဝံပုေလြ၏လက္သည္းရွည္ေတြကိုေရွာင္လိုက္သည္။

သူမတုံ႕ျပန္ရေသးခင္မွာပဲတတိယေျမာက္werewolfတစ္ေကာင္ကသူ႕အေရွ႕၌ဖ်က္ကနဲေပၚေပါက္လာၿပီးလက္သည္းရွည္ေတြႏွင့္ကုပ္ဆြဲသည္။

ေတာအုပ္ထဲကေနအရိပ္ေတြတစ္ခုၿပီးတစ္ခုထြက္လာၿပီးအားလုံးေပါင္းwerewolf၁၁ေကာင္ရွိသည္။ေရွာင္က်န့္၏မ်က္ႏွာမွာလုံးဝတည္ၿငိမ္ေနဆဲပင္။

ဤသို႔ႏွင့္werewolfအုပ္စုႏွင့္ေရွာင္က်န့္မွာအႀကီးအက်ယ္တိုက္ပြဲျဖစ္ပြားသြားခဲ့သည္။ေတာအုပ္အနက္ပိုင္းထဲထိတိုးဝင္၍ၾကမ္းၾကမ္းတမ္းတမ္းတိုက္ခိုက္လႈပ္ရွားခဲ့ၿပီးေနာက္မတ္ေစာက္သည့္ေျခာက္ကမ္းပါးတစ္ခုနားေရာက္ရွိလာၾကသည္။

အောက်ခြေကိုမမြင်ရသည်အထိနက်မှောင်နေသည့်ချောက်နက်ထဲသို့ခဏမျှစိုက်ကြည့်ရင်းရှောင်ကျန့်ဟာအဓိပ္ပါယ်ပါပါပြုံးလိုက်သည်။

သူ႕လက္ထဲ၌မၾကာမီကvampireတစ္ခ်ိဳ႕ကိုတုတ္ႏွောင္ထိန္းခ်ဳပ္ထားခဲ့သည့္ႀကိဳးရွည္မွာျဖတ္ကနဲေပၚေပါက္လာသည္။werewolfေတြရဲ႕တိုက္ခိုက္မႈကိုေရွာင္ရွားရင္းသူ႕တြက္ခ်က္မႈထဲဝင္ေရာက္လာသည့္အခါႀကိဳးရွည္၏အစတစ္ဖက္ကိုwerewolfေတြရွိရာဆီသို႔ျပစ္လႊတ္လိုက္သည္။

ခိုင္မာသည့္ႀကိဳးရွည္ကအသက္ရွိေနသလိုမ်ိဳးwerewolf၁၁ေကာင္ကိုေႁမြလိမ္ေႁမြေကာက္သ႑ာန္ျဖင့္တစ္ၿပိဳင္တည္းရစ္ပတ္လိုက္သည္။တစ္ဖက္ႀကိဳးအစြန္းကိုတင္းတင္းၾကပ္ၾကပ္ကိုင္ေဆာင္ထား၍သူ႕ဆီအတင္းတိုးဝင္တိုက္ခိုက္လာေသာwerewolfတစ္ေကာင္၏တိုက္ခိုက္မႈကိုအေနာက္ခုန္ဆုတ္၍ေရွာင္လိုက္သည္။

ေခ်ာက္ကမ္းပါးရဲ႕အစြန္းေလး၌မတ္တပ္ရပ္လိုက္ၿပီးေနာက္ေရွာင္က်န့္ဟာထူးဆန္းသည့္အၿပဳံးတစ္ခုကိုလွစ္ဟျပလိုက္သည္။

"ငတုံးေတြ"

၎ေနာက္ေရွာင္က်န့္ဟာသူ႕ရဲ႕လက္ႏွစ္ဖက္လုံးကိုဆန့္လိုက္ရင္းေခ်ာက္နက္ထဲသို႔ေနာက္ျပန္ျပဳတ္က်ေစလိုက္သည္။ႀကိဳးရွည္ျဖင့္ခ်ည္ႏွောင္ရစ္ပတ္ျခင္းခံထားရသည့္werewolf၁၁ေကာင္လုံးမွာတင္းကနဲျဖစ္သြားသည့္ႀကိဳးနဲ႕အတူေခ်ာက္နက္ထဲသို႔တ႐ြတ္တိုက္ဆြဲပါသြားၾက၏။

ပတ္ဝန္းက်င္တစ္ခုလုံး႐ုတ္ခ်ည္းတိတ္ဆိတ္သြားသည္။ခုနေလးတင္တိုက္ခိုက္ခဲ့သည့္တိုက္ပြဲအရိပ္အေယာင္ေၾကာင့္သာမဟုတ္ရင္ထိုတိတ္ဆိတ္မႈကထင္ေယာင္ထင္မွားျဖစ္ရပ္တစ္ခုႏွင့္တူလြန္းလွသည္။

_________________________________________________________

واصل القراءة

ستعجبك أيضاً

344K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.3M 95K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.1M 56.8K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
48.7K 4.1K 91
❄ဆောင်းရာသီရဲ့ နှင်းမှုန်များကို ကြည့်ရင်း သူ့ကို လွမ်းမိတယ် တကယ်တော့ အသက်ရှူတိုင်း လွမ်းမိတာမို့ နှင်းကြောင့် လွမ်းတယ်ဆိုတာ အကြောင်းပြခ...