[Unicode]
လေးရက်ကြာပြီး နောက်မှာတော့ ပြိုင်ပွဲနေ့က ရောက်ရှိလို့လာလေပြီ။
နင်မုန့်က ပရိုဂရမ်စင်တာကို အစောကြီး ရောက်သွားတာကြောင့် ကျန်းရှန့်မေ နဲ့ လင်းချင်ပေ့တို့ကို မိတ်ကပ်ပြင်ပေးနေချိန်မှာ သူမကတော့ ထောင့်မှာ ထိုင်ရင်း တစ်ယောက်တည်း အတွေးများလို့နေ၏။
လင်းချင်ပေ့က သူမကို မိတ်ကပ်မှန်ထဲကနေ ခိုးကြည့်လိုက်သည်။
နင်မုန့်က ရုပ်တည်တည်နဲ့ သန်မာတဲ့ပုံ ဖမ်းထားပေမယ့် သူမ တခုခု ဖြစ်နေတယ်ဆိုတာ သူ ပြောနိုင်သည်။ ကျန်းရှန့်မေကို တချက်ကြည့်လိုက်ပြီး လွှတ်ကနဲ ထွက်သွားသလို ဟန်ဆောင်ပြောလိုက်သည်။ "ဒီနေ့ မိန်းကလေးနင်ရဲ့ ပုံစံက ပိုပြီး ကြည့်ကောင်းနေတဲ့ပုံပဲ"
မျှော်လင့်ထားသည့်အတိုင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို လင်းချင်ပေ့ သိပြီးသွားပြီဟု ကျန်းရှန့်မေက အထင်အလွဲသွားသည်။ သူမက လေးလံစွာ သက်ပြင်းချလိုက်ပြီး "သူမက ငါ့ထက်တောင် ပိုသနားဖို့ ကောင်းနေသေးတယ်။ အနည်းဆုံးတော့ ငါက လမ်းခွဲလိုက်လို့ ရပေမယ့် သူမကတော့ ကွာရှင်းလို့ မရဘူး!"
လင်းချင်ပေ့ ကြက်သေ သေသွေားပြီး သူ့ မျက်ဝန်းတွေက တောက်ပလာကာ "သူမက ကွာရှင်းချင်လို့လား"
ကျန်းရှန့်မေက နှုတ်ခမ်းတို့ကို စုကျုံ့လိုက်ပြီး "အကယ်၍ သူမ ကွာရှင်းချင်တယ် ဆိုရင်တောင် အဲ့လို မလုပ်နိုင်ပါဘူး။ သူမမှာ ကြီးကျယ်တဲ့လက်ထပ်ပွဲ ရှိခဲ့တာ! သူမယောက်ျားက ဖောက်ပြန်နေရင်တောင် သီးခံပြီး နေရမှာပဲ"
လင်းချင်ပေ့က သဘောပေါက်သွားသည်။ အစောတည်းက နင်မုန့် မပျော်မရွှင် ဖြစ်နေတယ်ဆိုတာ သူ သတိထားမိပြီးသား ဖြစ်သည်။ ဟိုးအရင်တည်းက သူမ ညည်းတွားခဲ့ပေမယ့် အခု အခြေအနေလောက်ထိ ရောက်နေခဲ့မှန်းတော့ သူ သတိမထားမိခဲ့။
ကိစ္စတွေက ဒီလို ဖြစ်လာတယ် ဆိုမှတော့....
ပျော်ရွှင်မှုနှင့် အတူ လင်းချင်ပေ့ရဲ့ မျက်လုံးတွေက စူးရှသွား၏။ အဲ့လိုဖြစ်တယ် ဆိုမှတော့ အဓိပ္ပာယ်က သူ့မှာ အခု အခွင့်အရေး ရှိလာပြီလို့ ဆိုလိုတာပဲ မလား?
***
မိတ်ကပ် တဝက်လောက် လိမ်းပြီးသွားတဲ့ အချိန်မှာ နင်မုန့်က မေးစေ့ကို ကိုင်လိုက်သည်။ လေးရက် ကြာပြီးနောက်မှာ သူမ အရင်ကထက် အများကြီး စိတ်အခြေအနေ တည်ငြိမ်လို့ သွားပြီဖြစ်သည်။ အကယ်၍ သူသာ ဖောက်ပြန်ခဲ့တယ် ဆိုရင်ရော...ပြဿနာ အကြီးကြီး မဟုတ်ဘူး။ သူမတို့ ကွာရှင်းလိုက်လို့ရတာပဲ။ ပြီးတော့ Lemon Entertainmentရဲ့ အခြေအနေတွေကလည်း တည်ငြိမ်သလောက် ဖြစ်နေပြီလေ။ novelထဲမှာ ဖော်ပြထားခဲ့တဲ့ ကံကြမ္မာဆိုးကြီးကလည်း မဖြစ်တော့ဘူး ဟုတ်တယ်မလား? သူမ အတွေးထဲ နစ်မြုပ်နေစဉ်မှာ ဖုန်းက တုန်ခါလာ၏။ နင်မုန့် ကြည့်လိုက်တဲ့အခါ ဖေးပိုင်ဆီမှ ဖြစ်လေသည်။
[ဘော့စ်က မဒမ့်ကို စိတ်ဆိုးအောင် လုပ်လိုက်တာလား]
ထိုစာကို မြင်တဲ့အခါ နင်မုန့်က အေးစက်စွာ ရယ်လိုက်ရင်းသာ စာရိုက်လိုက်သည် : [သူကတောင် ပိုပြီး သဘောပေါက်သင့်တာ]
တဖက်ဖုန်းဆီမှ ဟော်ပေ့ချန်ကတော့ ဘာကိစ္စမှန်း လုံး၀ စဉ်းစားလို့ကို မရ!
၄ရက် ရှိနေပြီ ဖြစ်တာတောင်မှ နင်မုန့်ကို သူ့ကို တစ်ခါတလေးတောင် မရှာခဲ့သလို သူမက သူ့ကို ဘာကောက်နေတာလဲ ဆိုတာလည်း ဘယ်သူမှ မသိပေ။ အမြဲတမ်း ဘယ်အရာကမှ သူ့ အလုပ်ကနေ စိတ်နဲ့လူ ကင်းကွာရလောက်အောင်ထိ မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ယခု အခါမှာတော့ ဖိုင်တွဲတွေ စီမံနေတဲ့ သူ့နှလုံးသားက မနားမနေ လှုပ်ရှားနေ၏။
သူမ ပြောတာကို ဖတ်ပြီးတဲ့နောက်မှာတော့ မျက်နှာချင်းဆိုင် ဖြေရှင်းတာက ပိုကောင်းမည်ဆိုတာ ဟော်ပေ့ချန် သဘောပေါက်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်ပြီး ခြေလှမ်းကျဲတွေနှင့် အပြင်ထွက်သွား၏။ တချိန်တည်းမှာပဲ သူ့ကို ပရိုဂရမ်စင်တာသို့ ခေါ်သွားပေးရန် ချီရှန်ကို အမိန့်ပေးလိုက်၏။ ချီရှန်က လွန်ခဲ့တဲ့ ၄ရက်လုံး စိတ်ဓာတ်ကျနေခဲ့တာမို့ တုံ့ပြန်မှုက နှေးကွေးလို့နေလေသည်။ "ဘယ် ပရိုဂရမ်စင်တာ ကိုလဲ?"
ဟော်ပေ့ချန်က သူ့ကို မျက်စိစပါးမွှေး စူးလာတာမို့ ချီရှန် လက်ထဲမှာ ကိုင်ထားတဲ့ ကားသော့တွေကို ဆွဲယူလိုက်သည်။ "မင်းကို ဒီနေ့ စောစော ဆင်းခိုင်းလိုက်ပြီ"
ချီရှန် ဘာတစ်ခုမှ မတုန့်ပြန်နိုင်ခင်မှာ ဟော်ပေ့ချန်ရဲ့ နောက်ထပ်ပြောလာတဲ့ စကားကို ကြားလိုက်ရသည်။ "မင်းပစ္စည်းတွေ ထုပ်ပြီး ကလပ်ကို ဒိုးတော့"
"...!!!"
***
ပရိုဂရမ် စင်တာမှာ ဖြစ်သည်။
လင်းချင်ပေ့နဲ့ ကျန်းရှန့်မေက နားနေခန်းကို သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီဖြစ်၏။
ကျန်းရှန့်မေနဲ့ နင်မုန့် အရှေ့ကနေ သူ ဦးဆောင် သွားလိုက်၏။ ကျန်းရှန့်မေက စင်ပေါ်တက်ရတော့မည် ဖြစ်တာမို့ နင်မုန့်ဆီကို သူမရဲ့ အိတ် ကမ်းပေးလိုက်သည်။ တုံ့ဆိုင်းနေတဲ့ နင်မုန့်ကို သူမ ကြည့်လိုက်သည်။
"လေးရက်တောင် ကြာနေပြီပဲ ဆိုတော့... ငါ နင့်ကို ထပ်မေးမယ်။ နင့် ယောက်ျားပေးခဲ့တဲ့ လက်ဆောင်ကို မလိုချင်ဘူးဆိုတာ သေချာရဲ့လား"
နင်မုန့်က အေးစက်စွာ ရယ်လိုက်သည်။ နင်မုန့် ဘာမှ မပြောရသေးခင်မှာ ကျန်းရှန့်မေက အရင်ဆုံး ဦးအောင် အမြန်ပြောလာ၏။
"ငါ ရှာကြည့်ပြီးပြီ အဲ့ဒါက ၂.၁၉သန်းတောင် တန်ကြေးရှိတာ!"
"??"
သူမတို့ နှစ်ယောက်လုံး တစ်ယောက်ကို တယောက် ဆယ်စက္ကန့်လောက် ကြည့်မိသွားသည်။ နောက်ဆုံးမှာတော့ နင်မုန့်က ပြောလာ၏ "ဝမ်းန် ဝမ်းန် ဝမ်းန်[1] ဟာသပဲ!"
[1] 汪汪汪 ဆိုတာ လူတစ်ယောက်က ဟာသအဖြစ်နဲ့ပဲ ဖြီးပစ်လိုက်တာကို ပြောတာပါ
"…"
သူမ နှုတ်ခမ်းက တချက် တွန့်သွားသည်။ သူမ ထင်ထားတာက ဒီအမျိုးသမီးက ပိုက်ဆံ အတွက်ဆို ဘာမဆို လုပ်မယ်လို့။ ကျန်းရှန့်မေက လက်ဆောင်ဘူးကို ထုတ်လိုက်ကာ နင်မုန့်ကို ပေးလိုက်ရင်း မျက်လုံးသာ လှိမ့်လိုက်ကာ နားနေခန်းထဲသို့ အရင်ထွက်သွားလိုက်လေ၏။ နင်မုန့် ခေါင်းငုံ့ကာ လက်ဆောင်ကို ကြည့်လိုက်လေသည်။
၂.၁၉သန်း....ဒီ နံပါတ်က....ဘာလို့များ အဲ့လောက် အရမ်း ရင်းနှီးနေရတာလဲ?
မရေရာ မသေချာစွာနဲ့ပဲ ဘူးကို ဖွင့်လိုက်တဲ့အခါ အထဲမှာ ငြိမ်သက်စွာ မြုပ်နေတဲ့ အရွယ်အစား ကြီးကြီး စိန်တုံး တစ်စုံကို တွေ့လိုက်ရလေတော့၏။
---------------------
[Zawgyi]
ေလးရက္ၾကာၿပီး ေနာက္မွာေတာ့ ၿပိဳင္ပြဲေန႔က ေရာက္ရွိလို႔လာေလၿပီ။
နင္မုန႔္က ပ႐ိုဂရမ္စင္တာကို အေစာႀကီး ေရာက္သြားတာေၾကာင့္ က်န္းရွန႔္ေမ နဲ႔ လင္းခ်င္ေပ့တို႔ကို မိတ္ကပ္ျပင္ေပးေနခ်ိန္မွာ သူမကေတာ့ ေထာင့္မွာ ထိုင္ရင္း တစ္ေယာက္တည္း အေတြးမ်ားလို႔ေန၏။
လင္းခ်င္ေပ့က သူမကို မိတ္ကပ္မွန္ထဲကေန ခိုးၾကည့္လိုက္သည္။
နင္မုန႔္က ႐ုပ္တည္တည္နဲ႔ သန္မာတဲ့ပုံ ဖမ္းထားေပမယ့္ သူမ တခုခု ျဖစ္ေနတယ္ဆိုတာ သူ ေျပာႏိုင္သည္။ က်န္းရွန႔္ေမကို တခ်က္ၾကည့္လိုက္ၿပီး လႊတ္ကနဲ ထြက္သြားသလို ဟန္ေဆာင္ေျပာလိုက္သည္။ "ဒီေန႔ မိန္းကေလးနင္ရဲ႕ ပုံစံက ပိုၿပီး ၾကည့္ေကာင္းေနတဲ့ပုံပဲ"
ေမွ်ာ္လင့္ထားသည့္အတိုင္း ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို လင္းခ်င္ေပ့ သိၿပီးသြားၿပီဟု က်န္းရွန႔္ေမက အထင္အလြဲသြားသည္။ သူမက ေလးလံစြာ သက္ျပင္းခ်လိုက္ၿပီး "သူမက ငါ့ထက္ေတာင္ ပိုသနားဖို႔ ေကာင္းေနေသးတယ္။ အနည္းဆုံးေတာ့ ငါက လမ္းခြဲလိုက္လို႔ ရေပမယ့္ သူမကေတာ့ ကြာရွင္းလို႔ မရဘူး!"
လင္းခ်င္ေပ့ ၾကက္ေသ ေသေသြားၿပီး သူ႔ မ်က္၀န္းေတြက ေတာက္ပလာကာ "သူမက ကြာရွင္းခ်င္လို႔လား"
က်န္းရွန႔္ေမက ႏႈတ္ခမ္းတို႔ကို စုက်ဳံ႔လိုက္ၿပီး "အကယ္၍ သူမ ကြာရွင္းခ်င္တယ္ ဆိုရင္ေတာင္ အဲ့လို မလုပ္ႏိုင္ပါဘူး။ သူမမွာ ႀကီးက်ယ္တဲ့လက္ထပ္ပြဲ ရွိခဲ့တာ! သူမေယာက္်ားက ေဖာက္ျပန္ေနရင္ေတာင္ သီးခံၿပီး ေနရမွာပဲ"
လင္းခ်င္ေပ့က သေဘာေပါက္သြားသည္။ အေစာတည္းက နင္မုန႔္ မေပ်ာ္မ႐ႊင္ ျဖစ္ေနတယ္ဆိုတာ သူ သတိထားမိၿပီးသား ျဖစ္သည္။ ဟိုးအရင္တည္းက သူမ ညည္းတြားခဲ့ေပမယ့္ အခု အေျခအေနေလာက္ထိ ေရာက္ေနခဲ့မွန္းေတာ့ သူ သတိမထားမိခဲ့။
ကိစၥေတြက ဒီလို ျဖစ္လာတယ္ ဆိုမွေတာ့....
ေပ်ာ္႐ႊင္မႈႏွင့္ အတူ လင္းခ်င္ေပ့ရဲ႕ မ်က္လုံးေတြက စူးရွသြား၏။ အဲ့လိုျဖစ္တယ္ ဆိုမွေတာ့ အဓိပၸာယ္က သူ႔မွာ အခု အခြင့္အေရး ရွိလာၿပီလို႔ ဆိုလိုတာပဲ မလား?
***
မိတ္ကပ္ တ၀က္ေလာက္ လိမ္းၿပီးသြားတဲ့ အခ်ိန္မွာ နင္မုန႔္က ေမးေစ့ကို ကိုင္လိုက္သည္။ ေလးရက္ ၾကာၿပီးေနာက္မွာ သူမ အရင္ကထက္ အမ်ားႀကီး စိတ္အေျခအေန တည္ၿငိမ္လို႔ သြားၿပီျဖစ္သည္။ အကယ္၍ သူသာ ေဖာက္ျပန္ခဲ့တယ္ ဆိုရင္ေရာ...ျပႆနာ အႀကီးႀကီး မဟုတ္ဘူး။ သူမတို႔ ကြာရွင္းလိုက္လို႔ရတာပဲ။ ၿပီးေတာ့ Lemon Entertainmentရဲ႕ အေျခအေနေတြကလည္း တည္ၿငိမ္သေလာက္ ျဖစ္ေနၿပီေလ။ novelထဲမွာ ေဖာ္ျပထားခဲ့တဲ့ ကံၾကမၼာဆိုးႀကီးကလည္း မျဖစ္ေတာ့ဘူး ဟုတ္တယ္မလား? သူမ အေတြးထဲ နစ္ျမဳပ္ေနစဥ္မွာ ဖုန္းက တုန္ခါလာ၏။ နင္မုန႔္ ၾကည့္လိုက္တဲ့အခါ ေဖးပိုင္ဆီမွ ျဖစ္ေလသည္။
[ေဘာ့စ္က မဒမ့္ကို စိတ္ဆိုးေအာင္ လုပ္လိုက္တာလား]
ထိုစာကို ျမင္တဲ့အခါ နင္မုန႔္က ေအးစက္စြာ ရယ္လိုက္ရင္းသာ စာ႐ိုက္လိုက္သည္ : [သူကေတာင္ ပိုၿပီး သေဘာေပါက္သင့္တာ]
တဖက္ဖုန္းဆီမွ ေဟာ္ေပ့ခ်န္ကေတာ့ ဘာကိစၥမွန္း လုံး၀ စဥ္းစားလို႔ကို မရ!
၄ရက္ ရွိေနၿပီ ျဖစ္တာေတာင္မွ နင္မုန႔္ကို သူ႔ကို တစ္ခါတေလးေတာင္ မရွာခဲ့သလို သူမက သူ႔ကို ဘာေကာက္ေနတာလဲ ဆိုတာလည္း ဘယ္သူမွ မသိေပ။ အၿမဲတမ္း ဘယ္အရာကမွ သူ႔ အလုပ္ကေန စိတ္နဲ႔လူ ကင္းကြာရေလာက္ေအာင္ထိ မစြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ယခု အခါမွာေတာ့ ဖိုင္တြဲေတြ စီမံေနတဲ့ သူ႔ႏွလုံးသားက မနားမေန လႈပ္ရွားေန၏။
သူမ ေျပာတာကို ဖတ္ၿပီးတဲ့ေနာက္မွာေတာ့ မ်က္ႏွာခ်င္းဆိုင္ ေျဖရွင္းတာက ပိုေကာင္းမည္ဆိုတာ ေဟာ္ေပ့ခ်န္ သေဘာေပါက္လိုက္သည္။ သူ မတ္တပ္ရပ္လိုက္ၿပီး ေျခလွမ္းက်ဲေတြႏွင့္ အျပင္ထြက္သြား၏။ တခ်ိန္တည္းမွာပဲ သူ႔ကို ပ႐ိုဂရမ္စင္တာသို႔ ေခၚသြားေပးရန္ ခ်ီရွန္ကို အမိန႔္ေပးလိုက္၏။ ခ်ီရွန္က လြန္ခဲ့တဲ့ ၄ရက္လုံး စိတ္ဓာတ္က်ေနခဲ့တာမို႔ တုံ႔ျပန္မႈက ေႏွးေကြးလို႔ေနေလသည္။ "ဘယ္ ပ႐ိုဂရမ္စင္တာ ကိုလဲ?"
ေဟာ္ေပ့ခ်န္က သူ႔ကို မ်က္စိစပါးေမႊး စူးလာတာမို႔ ခ်ီရွန္ လက္ထဲမွာ ကိုင္ထားတဲ့ ကားေသာ့ေတြကို ဆြဲယူလိုက္သည္။ "မင္းကို ဒီေန႔ ေစာေစာ ဆင္းခိုင္းလိုက္ၿပီ"
ခ်ီရွန္ ဘာတစ္ခုမွ မတုန႔္ျပန္ႏိုင္ခင္မွာ ေဟာ္ေပ့ခ်န္ရဲ႕ ေနာက္ထပ္ေျပာလာတဲ့ စကားကို ၾကားလိုက္ရသည္။ "မင္းပစၥည္းေတြ ထုပ္ၿပီး ကလပ္ကို ဒိုးေတာ့"
"...!!!"
***
ပ႐ိုဂရမ္ စင္တာမွာ ျဖစ္သည္။
လင္းခ်င္ေပ့နဲ႔ က်န္းရွန႔္ေမက နားေနခန္းကို သြားဖို႔အတြက္ အဆင္သင့္ ျဖစ္ေနၿပီျဖစ္၏။
က်န္းရွန႔္ေမနဲ႔ နင္မုန႔္ အေရွ႕ကေန သူ ဦးေဆာင္ သြားလိုက္၏။ က်န္းရွန႔္ေမက စင္ေပၚတက္ရေတာ့မည္ ျဖစ္တာမို႔ နင္မုန႔္ဆီကို သူမရဲ႕ အိတ္ ကမ္းေပးလိုက္သည္။ တုံ႔ဆိုင္းေနတဲ့ နင္မုန႔္ကို သူမ ၾကည့္လိုက္သည္။
"ေလးရက္ေတာင္ ၾကာေနၿပီပဲ ဆိုေတာ့... ငါ နင့္ကို ထပ္ေမးမယ္။ နင့္ ေယာက္်ားေပးခဲ့တဲ့ လက္ေဆာင္ကို မလိုခ်င္ဘူးဆိုတာ ေသခ်ာရဲ႕လား"
နင္မုန႔္က ေအးစက္စြာ ရယ္လိုက္သည္။ နင္မုန႔္ ဘာမွ မေျပာရေသးခင္မွာ က်န္းရွန႔္ေမက အရင္ဆုံး ဦးေအာင္ အျမန္ေျပာလာ၏။
"ငါ ရွာၾကည့္ၿပီးၿပီ အဲ့ဒါက ၂.၁၉သန္းေတာင္ တန္ေၾကးရွိတာ!"
"??"
သူမတို႔ ႏွစ္ေယာက္လုံး တစ္ေယာက္ကို တေယာက္ ဆယ္စကၠန႔္ေလာက္ ၾကည့္မိသြားသည္။ ေနာက္ဆုံးမွာေတာ့ နင္မုန႔္က ေျပာလာ၏ "၀မ္းန္ ၀မ္းန္ ၀မ္းန္[1] ဟာသပဲ!"
[1] 汪汪汪 ဆိုတာ လူတစ္ေယာက္က ဟာသအျဖစ္နဲ႔ပဲ ၿဖီးပစ္လိုက္တာကို ေျပာတာပါ
"…"
သူမ ႏႈတ္ခမ္းက တခ်က္ တြန႔္သြားသည္။ သူမ ထင္ထားတာက ဒီအမ်ိဳးသမီးက ပိုက္ဆံ အတြက္ဆို ဘာမဆို လုပ္မယ္လို႔။ က်န္းရွန႔္ေမက လက္ေဆာင္ဘူးကို ထုတ္လိုက္ကာ နင္မုန႔္ကို ေပးလိုက္ရင္း မ်က္လုံးသာ လွိမ့္လိုက္ကာ နားေနခန္းထဲသို႔ အရင္ထြက္သြားလိုက္ေလ၏။ နင္မုန႔္ ေခါင္းငုံ႔ကာ လက္ေဆာင္ကို ၾကည့္လိုက္ေလသည္။
၂.၁၉သန္း....ဒီ နံပါတ္က....ဘာလို႔မ်ား အဲ့ေလာက္ အရမ္း ရင္းႏွီးေနရတာလဲ?
မေရရာ မေသခ်ာစြာနဲ႔ပဲ ဘူးကို ဖြင့္လိုက္တဲ့အခါ အထဲမွာ ၿငိမ္သက္စြာ ျမဳပ္ေနတဲ့ အ႐ြယ္အစား ႀကီးႀကီး စိန္တုံး တစ္စုံကို ေတြ႕လိုက္ရေလေတာ့၏။