Unicode
စီမာဟွေ့က အရာရှိကိုယဉ်ကျေးသမှုနဲ့အားတင်ပြီးပြန် ပြုံးပြလိုက်တယ်။
ရှောင်ဟုန်ယုက ဟေးချန်ဒီရဲ့ညာဘက်ကနေလိုက်ပါလာတယ်။
သူကရယ်မောရင်းနဲ့မြင်းကိုကြာပွတ်နဲ့ရိုက်ပြီး သူ့အရာရှိဖြစ်သူနောက်နေအမှီလိုက်လာတယ်။
ရှေ့တန်းကိုတပ်ကူအနေနဲ့သွားရောက်ပြီးတဲ့နောက်မှာသူတို့ဆုံးရူံးမှုတွေကို10ရာခိုင်နှုန်းထက်လျော့နည်းအောင် စီမံနိုင်ခဲ့တယ်၊ ဒါကတကယ်ကိုကိစ္စရပ်ကြီးဘဲဒီတော့အပြန်လမ်းမှာလူတိုင်းရဲ့ခံစားချက်တွေကကောင်းမွန်နေတယ်။
စစ်မြေပြင်မှာသတ်ဖြတ်ခဲ့ကြတဲ့စစ်သားတွေတောင်မှပျော်ရွှင်မှုကြောင့်ပြုံးရွှင်နေကြတယ်၊ ရှေ့တန်းမှာစွမ်းဆောင်ခဲ့တဲ့ရှောင်ဟုန်ယုကလဲ အောင်မြင်မှုရဲ့တစ်စိတ်တပိုင်းဖြစ်တယ်။
အောင်ပွဲရတပ်ခွဲရဲ့ကြားကလေထုအခြေအနေကတကယ်ကိုကောင်းမွန်တယ်၊ ဒါကစစ်ပွဲစတင်ကတည်းက သူတို့အတွက် အကောင်းဆုံးအခြေအနေဖြစ်တယ်၊ ဒါကြောင့်သူတို့တွေကရှေ့တန်းကနေအပြန်လမ်းမှာအလျင်လိုနေတာမျိူးမရှိဘူး၊ ဟေးစန်းလန်ရဲ့တပ်ခွဲတစ်ခုထဲကသာအသက်လုပြေးနေရသလိုအလျင်စလိုဖစ်နေတယ်။
“အကိုဟေးတစ်ခုခုအရေးကြီးနေတာလား”
ဟေးချန်ဒီကမီးခိုးရောင်သားမွှေးခြုံထည်အနက်ရောင်စစ်ဝတ်စုံပေါ်မှာထပ်ပြီး ဝတ်ဆင်ထားတယ်၊ရှောင်ဟုန်ယုရဲ့မေးခွန်းကိုကြားတော့ဟေးစန်း လန်ကနောက်လှည့်ကြည့်ပြီး ဖြေလာတယ်”မင်းတို့မရီးကဒီေန့ စစ်တပ်ထဲကိုေရာက်မှာ”
ဘာဖြစ်တယ်၊ ရှောင်ဟုန်ယုရဲ့မျက်လုံးတွေကအံ့ဩပြီး ပြူးကျယ်လာတယ်။
“မရီးကဒီနေ့လာမှာလား”
ဟေးစန်းလန်ကသူကိုအရူးလားဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
“အကိုဟေးရာဘာလို့မပြောတာလဲ”ရှောင်ဟုန်ယုကပြောရင်း ဆိုရင်းနဲ့သူ့ မြင်းကိုအသားကုန်နှင်ပြီး တဟုန်ထိုးပြေးထွက်သွားတယ်။
ဟေးချန်ဒီရဲ့အမူအရာကမည်းမှောင်သွားပီတော့ရှောင်ဟုန်ယုကိုအမှီလိုက်လာတယ်။
ဒီအရူးကောင်ကတော့ချူးလျန်ကသူမိန်းမကိုဒီကောင်ကဘာလို့အမြန်ကြီးပြေးသွားရတာလဲ၊ ဒီကောင်အသက်ရှင်ရတာပင်ပန်းနေပြီနဲ့ တူတယ်။
အမှန်တကယ်တော့ရှောင်ဟုန်ယုကချူးလျန်အတွက်အပြေးအလွှားသွားတာမဟုတ်ဘူး၊ သူစိတ်ထဲမှာချူးလျန်ဆိုတာအရသာရှိတဲ့အစားအသောက်တွေဆန်ပြုတ်တွေနဲ့ညီမျှနေတယ်။
ရှေ့တန်းနဲ့နယ်ခြားစောင့်တပ်ရဲ့အကွာအဝေးကအနည်းငယ်တော့လှမ်းသေးတယ်။
ညီအစ်ကို၂ဦးကအပြန်ခရီးမှာအပြိုင်စီးရင်စကားစမြည်ပြောလာကြတယ်။
" အကိုဟေး ၊မရီးကဘာလို့စစ်တပ်ထဲကိုလာတာလဲ "
“မယ်တော်ကြီးရဲ့အမိန့်နဲ့လာတာ”ဟေးချန်ဒီကတိုတိုတုတ်တုတ်ပြန်ဖြေတယ်၊ သူကနဂိုကတည်းကစကားနည်းသူဖြစ်တယ်။
ရှောင်ဟုန်ယုကလည်း ဉာဏ်ကောင်းတဲ့သူဖြစ်တော့ ဘာပြောလဲဆိုတာကိုနားလည်သွားပြီး ခေါင်းညိမ့်ပြလိုက်တယ်။
" အကိုဟေး ကျွန်တော်တော့ မရီးကို တကယ်ဘဲ လေးစားမိသွားပြီ၊ အဖေက ကျွန်တော့်ကို ဒီစစ်တပ်ထဲ လာဖို့ တုတ်နဲ့ ရိုက်ပြီး ကြိမ်းမောင်းခဲ့တာ၊ မရီးလို နုနုနယ်နယ် မိန်းမငယ်လေး တစ်ဦးအတွက်တော့ ဒီလိုနေရာကြီးကို လာဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး "
ရှောင်ဟုန်ယုရဲ့ သာမန်ကာလျှံကာပြောလိုက်တဲ့ စကားလုံးတွေက ဟေးချန်ဒီကို တောင့်တင်းသွားစေတယ်၊ သူ့ရဲ့ မူလကလို အေးစက်နေတဲ့ ပုံစံကတောင်အနည်းငယ်လျော့ကျသွားတယ်၊။
ဒါပေမာ့် ရှောင်ဟုန်ယုကတော့ သူ့ရဲ့ သာမန်စကားလုံးလေးတွေက ဟေးချန်ဒီရဲ့ နှလုံးသားထဲမှာ ဘယ်လောက်တောင် ပျားပန်းခတ်လှုပ်ရှားသွားမှန်း မသိခဲ့ဘူး။
ရုတ်တရက် ရှောင်ဟုန်ယုက တစ်ခုခုကို သတိရသွားတယ်၊ သူ့မျက်နှာပေါ်က ရွှင်လန်းမှုက ပျောက်ကွယ်သွားပြီးတော့ ရုတ်တရက် ရှက်ကိုး ရှက်ကန်းဖြစ်လာတယ်။
ရှောင်ဟုန်ယုက ခဏလောက်တုန့်ဆိုင်းနေပြီးတော့ မေးလာတယ် " အကိုဟေး မရီးက ကျွန်တော်တို့တဲထဲတော့ သွားမနေလောက်ဘူး မဟုတ်လား "
ဟေးချန်ဒီက မျက်မှောင်ကြုံ့ပြီး ပြန်ဖြေလာတယ် " အကိုကောင်းက မင်းတို့မရီးကို ငါတို့တဲဆီ ခေါ်သွားလောက်တယ် ၊ဘာမှားနေလို့လဲ "
ဟေးစန်းလန်ရဲ့ အဖြေကို ကြားလိုက်ရတော့ ရှောင်ဟုန်ယုက အလန့်တကြား အော်ဟစ်လိုက်မိတယ်၊ ပြီးမှ တိတ်တိတ်လေး ဟေးစန်းလန်ကို ပြန်ခိုးကြည့်လိုက်တယ်၊ ကံမကောင်းစွာနဲ့ဘဲ ဟေးစန်းလန်ရဲ့ ပြင်းထန်တဲ့ အကြည့်တွေကို မြင်လိုက်ရတော့ ဘာကိုမှ မဖုံးကွယ်ရဲတော့ဘဲ သူ့လုပ်ရပ်တွေကို အတိအကျဝန်ခံလိုက်တယ် ။
" ဘာ ! နောက်တခေါက် ထပ်ပြောလိုက်စမ်း " ဟေးချန်ဒီကတော့ ဒီလူမိုက်ကောင်ကို မြင်းပေါ်ကနေ ကန်သာ ချလိုက်ချင်တော့တယ်။
" အကိုဟေး ဒီတကြိမ်လောက်တော့ ခွင့်လွှတ်ပေးပါဗျာ ၊ ဒါက တကာ်ကို မရည်ရွယ်ပါဘူး၊ အကိုကောင်းက ကျွန်တော်တို့တဲဆီ လာရှာမှာ ကြောက်လို့ပါ၊ ကျွန်တော် ဒါကို နောက်ကျ ငှားပေးမယ်လေဗျာ၊ ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဒါကို သေချာ ဖွက်ထားပါတယ်၊ မရီးသေချာပေါက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး "
ဟေးချန်ဒီရဲ့ မျက်နှာကတော့ ဒယ်အိုးဖင်ကြီးလို မည်းတူးလို့နေပြီ၊ ရှောင်ဟုန်ယုဆိုတဲ့ အကောင်နဲ့ စကားဆက်ပြောချင်စိတ်ကို မရှိတော့ဘူး။
ရှောင်ဟုန်ယုက ဟေးစန်းလန်နောက်ကနေ ရိုရိုကျိုးကျိုးလေးနဲ့ လိုက်လာတယ်၊ ဒီတကြိမ်တော့ ဟေးစန်းလန်ကို ညစ်ညမ်းအောင် သူလုပ်ခဲ့မိမှန်း သူသိသွားပြီ၊။
ဒါပေမယ့် သူ့စိတ်ထဲ မကျေနပ်သလို ခံစားနေရတယ်၊ ရှောင်ဟုန်ယုမှာ အခုထိ သူဘာအမှားမှ မလုပ်မိဘူးလို့ ထင်နေတုန်းဘဲ ။
သူတိူ့တွေ အားလုံးက အိမ်ထောင်ကျပြီးသားဖြစ်နေပြီးတော့ အစ်ကိုဖြစ်သူရဲ့ ဇနီးသည်က သူ့ကို တွေ့ဖို့ မိုင်ထောင်ချီခရီးနှင်လာခဲ့တယ်၊ သူတို့နှစ်ယောက်တွေ့ဆုံတာနဲ့ ချစ်စဖွယ်တီတီတာတာလေးတွေ ပြောကြမှာ အသေအချာဘဲ၊ သူက အဖွဲ့ထဲမှာ တစ်ဦးသော တကိုယ်တည်းသမားလေးဖြစ်နေတာကို သူတိူ့တွေက သူ့စိတ်ဖိအားတွေ လျှော့ချဖို့ အပြာစာအုပ်ပုံရိပ်တွေ ကြည့်ရှုခြင်းကိုတောင် ခွင့်မပြုပေးကြဘူး။
ရှောင်ဟုန်ယုမှာတော့ ဟေးစန်းလန်အစား သူကဘဲ မတရားခံရသူလို ခံစားနေရတယ်။
မျှော်လင့်ထားတဲ့ အတိုင်းဘဲ ဟေးချန်ဒီ တပ်ခွဲဆီ ပြန်ရောက်ချိန်မှာ ချူးလျန်က သူ့တဲထဲမှာ ရှိနေကြောင်းသတင်းပို့ချက်ရလိုက်တယ် ။
ဟေးချန်ဒီသည် ရှောင်ဟုန်ယုကို စူးရှပြင်းထန်စွာဘဲ စိုက်ကြည့်လိုက်တယ်။
ရှောင်ဟုန်ယုကတော့ နှာခေါင်းကိုပွတ်ကာ မသိသလိုနဲ့ အခြားတပ်ဖွဲ့ဝင်များနဲ့ အတူ ထွက်ပြေးသွားပြီး ဟေးချန်ဒီကို ချူးလျန်နဲ့ နှစ်ယောက်တည်း ထားရစ်ခဲ့တယ်။
ဟေးချန်ဒီက သူ့တဲ အရှေ့ကို ရောက်တဲ့ အချိန်မှာ အမျိုးသမီးတပ်သား သူံးဦးက အဝတ်လျှော်နေတာကို မြင်လိုက်ရတော့ သူ့ မျက်ခုံးတွေ တွန့်ချိုးသွားတယ်။
ဟေးချန်ဒီ မျက်ခုံးတွေ ပင့်လိုက်မိတယ် " မင်းတို့က ဒီမှာ ဘာလုပ်နေကြတာလဲ "
သူ့အကြည့်တွေက အဝတ်လျှော်တဲ့ စင်ပေါ်ကို ရောက်သွားပြီးတော့ အထဲမှာ ရှိနေတာက သူ့အဝတ်တွေမှန်း သတိပြုမိသွားတယ် ။
ရှောင်ယန်နဲ့ အခြားသူတွေက ဟေးချန်ဒီ ဒီလောက်အစောကြီး ပြန်ရောက်လာမယ် မထင်ထားမိလို့ သူတို့မျက်နှာတွေမှာ အံ့ဩမှုတွေက အတိုင်းသားေ ပါ်လွင်နေတယ်၊ ရှောင်ယန်ကတော့ စီမာဟွေ့ကို ခစားစဉ်ကတည်းက မမျှော်လင့်တဲ့ အခြေနေတွေကို ကြုံတွေ့ခဲ့ဖူးပြီးပြီဆိုတော့ သူက အလျင်အမြန်ဘဲ သတိပြန်ဝင်လာတယ်။
ရှောင်ယန်က သူမက မှားယွင်းဆက်ဆံခံနေရကြောင်းကို ပေါ်လွင်စေဖို့ရာ မြင်မကောင်းစွာ နီရဲနေတဲ့ လက်တွေကို အဝတ်စိုတွေ အပေါ်ကနေ ပိုမိုပေါ်လွင်အောင်မတင်လိုက်တယ်။
သူမက တမင်ကိုဘဲ အသံကို အားနည်းနေအောင်လုပ်ပြီးတော့ ပြောလာတယ် " ခေါင်းဆောင်ဟေး ကျွန်မတို့က ဒီနေရာကို အမျိုးသမီးကျင်းယီကို လိုက်ပို့တာပါ၊ ကျွန်မတို့ စစ်သူကြီးက အမျိုးသမီးကျင်းယီရဲ့ အမိန့်ကို နာခံဖို့ အမိန့်ပေးထားလို့ အမျိုးသမီးကျင်းယီက အဝတ်တွေ လျှော်ဖို့ေပးတာကို လျှော်နေကြတာပါ၊ ဒီအစေခံက ဘယ်လိုဘဲ နိမ့်ကျစွာ မွေးဖွားလာတာဆိုပေမယ့် ကျွန်မက စစ်သူကြီးရဲ့ ကိုယ်ရေးလက်ထောက်အစေခံ ဖြစ်နေတုန်းပါဘဲ "
ရှောင်ယန်ပြောတာလည်း မှန်တယ်၊ ဝမ်လန်ကို ချူးလျန်က တကယ်ဘဲ ဒီအဝတ်တွေ ယူပြီး သွားပေးဖို့ ခိုင်းစေခဲ့တယ်၊ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒါကို သူမက မညီမျှတဲ့ အမိန့်တစ်ခုဖြစ်စေဖို့ စကားလေး နည်းနည်း ထပ်ဖြည့်လိုက်ရုံလေးဘဲလေ။
ရှောင်ယန်က စကားပြောနေရင်းနဲ့ ဟေးချန်ဒီရဲ့ အမူအရာကို အာရုံစိုက်နေတယ် ။
ကံမကောင်းစွာနဲ့ဘဲ ဟေးချန်ဒီရဲ့ အေးစက်စက်နဲ့ ချောမောတဲ့ မျက်နှာပေါ်မှာ ဘာအမူအရာကိုမှ ဖမ်းဆုပ်လို့မရနိုင်တော့ သူမရဲ့ အကြံစည်က အလုပ်ဖြစ်သလားဆိုတာကို မသိနိုင်ဘူးဖြစ်နေတယ်။
သူမက အံတင်းတင်းကြိတ်ပြီး ဆက်ပြောလာတယ် "ဒီအစေခံက ပြောရရင်တော့ အမျိုးသမီးကျင်းယီက ကိစ္စတွေကို အများကြီး တွေးနေမိပုံပါဘဲ၊ ကျွန်မတို့ စစ်သူကြီးက မရိုးသားတာ တစ်ခုမှ မလုပ်ဖူးပေမယ့် အမျိုးသမီးကျင်းယီကတော့ အညွှန့်ကတည်းက ဖျက်ဆီးချင်နေတဲ့ သဘောရှိနေတယ်၊ ဒီအစေခံကတော့ ဒါမျိုးကို တခါမှကို မကြုံဖူးပါဘူး "
ရှောင်ယန်က ပြောပြီးတာနဲ့ ကျောကို မြင့်ပြီး ခေါင်းကို မော့ထားလိုက်တယ်။
သူမ စိတ်တွင်းမှာတော့ အနည်းငယ်ကျေနပ်သွားတယ်၊ ဒီလောက်ဆိုရင်တော့ ခေါင်းဆောင်ဟေးလည်း သူ့ဇနီးသည်က ဘယ်လောက်တောင် အကျင့်ဆိုး လည်း သိသွားလောက်ပြီ။
ဒါက ဘာမှ မဟုတ်သေးပါဘူး၊ စီမာဟွေ့က သူတို့ အိမ်ထောင်ရေးမှာ ခြိမ်းခြောက်မှုတောင် မရှိသေးဘူး၊ ဒါတောင်မှ ချူးလျန်က စီမာဟွေ့ရဲ့ ကိုယ်ရေးအစေခံဖြစ်သူကို အနိုင်ကျင့်ဖို့ ကြိုးစားနေတယ်၊ ဒီလောက်ဆိုကင် ဟေးချန်ဒီက သူ့ရဲ့ မနာလိုတတ်ပြီး စိတ်သဘောထားသေးငယ်တဲ့ ဇနီးဖြစ်သူကို သေချာပေါက် မုန်းတီးသွားလိမ့်မယ်။
ဝမ်ချင်းနဲ့ ဝမ်လန်က တဲ အတွင်းဘက်ကနေ အကုန်လူံးကို ကြားသိနေရတယ်၊ သူတိူ့ရဲ့ မျက်နှာထားတွေက ဒေါသကြောင့် နီမြန်းလို့နေပြီ ၊ဝမ်လန်က ပြေးထွက်ပြီး ရှောင်ယန်ကို အော်ဟစ်ကြိမ်းမောင်းပစ်လိုက်ချင်ပေမယ့် ချူးလျန်က သူမကို ပြန်ဆွဲထားတယ် ။
ချူးလျန်က အသံမထွက်ဘဲ ခေါင်းယမ်းပြလာတယ်၊ ဝမ်လန်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ခြေထောက်ကို ဆောင့်နင်းပြီး တဲဝင်ပေါက်နဲ့ ဝေးရာကို ထွက်ခွာသွားတယ်၊ မျက်ကွယ်ပြုလိုက်တော့ ဒေါသလည်းအေးရော ၊အပြင်ဘက်က စကားသံတွေကို သာ မကြားရရင် ဒေါသပြေသွားနိုင်လောက်တယ်၊။
ဒါပေမယ့် ချူးလျန်ကတော့ တဲ လိုက်ကာစရဲ့ ဘေးမှာ မလှုပ်မယှက်နဲ့ ရပ်နေတယ်၊ သူမ မျက်နှာမှာ ဘာအမူအရာမှ မပေါ်လွင်နေပေမယ့် လက်ဝကျယ် အကျီလက်ထဲက သူမ လက်သီးဆုပ်လေးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်နေတယ်။
ဟေးချန်ဒီက အရပ်မြင့်တဲ့ ယောက်ျားတစ်ဦးဖြစ်တယ်၊ ရှောင်ယန်ကလည်း အရပ်ပုတဲ့ အထဲ မပါဝင်ပေမယ့် သူ့အရပ်ကနေဆို ရှောင်ယန်ကို စီးမိုးကြည့်နေရတုန်းဘဲ ။
သူက အမျိုးသမီး သုံးယောက်ကို အေးစက်နေတဲ့ အကြည့်တွေနဲ့ သိမ်းကျုံးကြည့်လိုက်တယ်၊ နောက်ပြီး သူ့ရဲ့ နှုတ်ခမ်းဖျားကနေ တိုးလျပြီး သံလိုက်လိုဆွဲငင်နေတဲ့ အသံတစ်ခု ထွက်လာတယ်၊ သူပြောလိုက်တာက တခွန်းတည်းဘဲ။
" ထွက်သွား "
ထိုစကားလေး တခွန်းတည်းကဘဲ ရှောင်ယန်နဲ့ အခြားလူတွေကို အထိတ်တလန့်ဖြစ်သွားေစတယ်။
သူတို့ရဲ့ မျက်လုံးတွေက မယုံနိုင်လောက်စွာ ပြူးကျယ်လာကြတယ်၊ဟေးချန်ဒီက ဒီလိုပုံစံပြုမူတယ်ဆိုတာကို မယုံနိုင်လောက်အောင်ဘဲ။
ဟေးစန်းလန်ရဲ့ မျက်ဝန်းရေအိုင်ထဲမှာတော့ မုန်တိုင်းထန်လို့နေပြီ၊ သူက အေးစက်လွန်းတဲ့ အကြည့်တွေကြောင့် အသက်ရှူရခက်ခဲနေတဲ့ ရှောင်ယန်ကို တည့်တည့်စိုက်ကြည့်ပြီး ထပ်ပြောလိုက်တယ် " ဘာလဲ ၊ ငါပြောနေတာကို မကြားဘူးလား ? ထွက်သွားကြ "
အမျိုးသမီး သုံးဦးမှာ သစ်သားဇလုံထဲက ရေအေးတွေက သူတိူ့ ခေါင်းပေါ်တည့်တည့် လောင်းချခံလိုက်ရသလိူမျိုး တုန်ယင်လာကြတယ်။
ခဏကြောင်နေကြပြီးမှ သူံးဦးသား ဒရောသောပါးနဲ့ မြန်နိုင်သမျှ မြန်မြန် ပြေးထွက်လာကြတယ် ။
အနီးအနားမှာ ရပ်နေသော တပ်သားက သူ့ခေါင်းဆောင်ဖြစ်သူကို လေးလေးနက်နက် ကြည့်ပြီး လှံတချောင်းလို ဖြောင့်တန်းစွာ ရပ်လိုက်တယ် ။
ဟေးစန်းလန်ရဲ့ အကြည့်တွေက သစ်သားဇလုံဆီ ရောက်သွားတယ်၊ သူ့ အဝတ်အစားတွေကို ဒီ အမျိုးသမီး တပ်သားတွေက ဘယ်လိူ ကိုင်တွယ်ခဲ့လဲဆိုတာကို ပြန်တွေးမိသွားတော့ သူ့မျက်ခုံးတွေက တွန့်ချိုးသွားတော့တယ်၊ နောက်ပြီး သူက အမိန့်ပေးလိုက်တယ် " ဒီဇလုံထဲက အဝတ်တွေ အကုန်လူံးကို လွှင့်ပစ်လိုက် "
Zawgyi
စီမာေဟြ႕က အရာ႐ွိကိုယဥ္ေက်းသမႈနဲ႔အားတင္ၿပီးျပန္ ျပဳံးျပလိုက္တယ္။
ေ႐ွာင္ဟုန္ယုက ေဟးခ်န္ဒီရဲ႕ညာဘက္ကေနလိုက္ပါလာတယ္။
သူကရယ္ေမာရင္းနဲ႔ျမင္းကိုၾကာပြတ္နဲ႔႐ိုက္ၿပီး သူ႕အရာ႐ွိျဖစ္သူေနာက္ေနအမွီလိုက္လာတယ္။
ေ႐ွ႕တန္းကိုတပ္ကူအေနနဲ႔သြားေရာက္ၿပီးတဲ့ေနာက္မွာသူတို႔ဆုံး႐ူံးမႈေတြကို10ရာခိုင္ႏႈန္းထက္ေလ်ာ့နည္းေအာင္ စီမံႏိုင္ခဲ့တယ္၊ ဒါကတကယ္ကိုကိစၥရပ္ႀကီးဘဲဒီေတာ့အျပန္လမ္းမွာလူတိုင္းရဲ႕ခံစားခ်က္ေတြကေကာင္းမြန္ေနတယ္။
စစ္ေျမျပင္မွာသတ္ျဖတ္ခဲ့ၾကတဲ့စစ္သားေတြေတာင္မွေပ်ာ္႐ႊင္မႈေၾကာင့္ျပဳံး႐ႊင္ေနၾကတယ္၊ ေ႐ွ႕တန္းမွာစြမ္းေဆာင္ခဲ့တဲ့ေ႐ွာင္ဟုန္ယုကလဲ ေအာင္ျမင္မႈရဲ႕တစ္စိတ္တပိုင္းျဖစ္တယ္။
ေအာင္ပြဲရတပ္ခြဲရဲ႕ၾကားကေလထုအေျခအေနကတကယ္ကိုေကာင္းမြန္တယ္၊ ဒါကစစ္ပြဲစတင္ကတည္းက သူတို႔အတြက္ အေကာင္းဆုံးအေျခအေနျဖစ္တယ္၊ ဒါေၾကာင့္သူတို႔ေတြကေ႐ွ႕တန္းကေနအျပန္လမ္းမွာအလ်င္လိုေနတာမ်ိဴးမ႐ွိဘူး၊ ေဟးစန္းလန္ရဲ႕တပ္ခြဲတစ္ခုထဲကသာအသက္လုေျပးေနရသလိုအလ်င္စလိုဖစ္ေနတယ္။
“အကိုေဟးတစ္ခုခုအေရးႀကီးေနတာလား”
ေဟးခ်န္ဒီကမီးခိုးေရာင္သားေမႊးျခဳံထည္အနက္ေရာင္စစ္ဝတ္စုံေပၚမွာထပ္ၿပီး ဝတ္ဆင္ထားတယ္၊ေ႐ွာင္ဟုန္ယုရဲ႕ေမးခြန္းကိုၾကားေတာ့ေဟးစန္း လန္ကေနာက္လွည့္ၾကည့္ၿပီး ေျဖလာတယ္”မင္းတို႔မရီးကဒီေန႔ စစ္တပ္ထဲကိုေရာက္မွာ”
ဘာျဖစ္တယ္၊ ေ႐ွာင္ဟုန္ယုရဲ႕မ်က္လုံးေတြကအံ့ဩၿပီး ျပဴးက်ယ္လာတယ္။
“မရီးကဒီေန႔လာမွာလား”
ေဟးစန္းလန္ကသူကိုအ႐ူးလားဆိုတဲ့အၾကည့္နဲ႔ၾကည့္လိုက္တယ္။
“အကိုေဟးရာဘာလို႔မေျပာတာလဲ”ေ႐ွာင္ဟုန္ယုကေျပာရင္း ဆိုရင္းနဲ႔သူ႕ ျမင္းကိုအသားကုန္ႏွင္ၿပီး တဟုန္ထိုးေျပးထြက္သြားတယ္။
ေဟးခ်န္ဒီရဲ႕အမူအရာကမည္းေမွာင္သြားပီေတာ့ေ႐ွာင္ဟုန္ယုကိုအမွီလိုက္လာတယ္။
ဒီအ႐ူးေကာင္ကေတာ့ခ်ဴးလ်န္ကသူမိန္းမကိုဒီေကာင္ကဘာလို႔အျမန္ႀကီးေျပးသြားရတာလဲ၊ ဒီေကာင္အသက္႐ွင္ရတာပင္ပန္းေနၿပီနဲ႔ တူတယ္။
အမွန္တကယ္ေတာ့ေ႐ွာင္ဟုန္ယုကခ်ဴးလ်န္အတြက္အေျပးအလႊားသြားတာမဟုတ္ဘူး၊ သူစိတ္ထဲမွာခ်ဴးလ်န္ဆိုတာအရသာ႐ွိတဲ့အစားအေသာက္ေတြဆန္ျပဳတ္ေတြနဲ႔ညီမွ်ေနတယ္။
ေ႐ွ႕တန္းနဲ႔နယ္ျခားေစာင့္တပ္ရဲ႕အကြာအေဝးကအနည္းငယ္ေတာ့လွမ္းေသးတယ္။
ညီအစ္ကို၂ဦးကအျပန္ခရီးမွာအၿပိဳင္စီးရင္စကားစျမည္ေျပာလာၾကတယ္။
" အကိုေဟး ၊မရီးကဘာလို႔စစ္တပ္ထဲကိုလာတာလဲ "
“မယ္ေတာ္ႀကီးရဲ႕အမိန္႔နဲ႔လာတာ”ေဟးခ်န္ဒီကတိုတိုတုတ္တုတ္ျပန္ေျဖတယ္၊ သူကနဂိုကတည္းကစကားနည္းသူျဖစ္တယ္။
ေ႐ွာင္ဟုန္ယုကလည္း ဉာဏ္ေကာင္းတဲ့သူျဖစ္ေတာ့ ဘာေျပာလဲဆိုတာကိုနားလည္သြားၿပီး ေခါင္းညိမ့္ျပလိုက္တယ္။
" အကိုေဟး ကြၽန္ေတာ္ေတာ့ မရီးကို တကယ္ဘဲ ေလးစားမိသြားၿပီ၊ အေဖက ကြၽန္ေတာ့္ကို ဒီစစ္တပ္ထဲ လာဖို႔ တုတ္နဲ႔ ႐ိုက္ၿပီး ႀကိမ္းေမာင္းခဲ့တာ၊ မရီးလို ႏုႏုနယ္နယ္ မိန္းမငယ္ေလး တစ္ဦးအတြက္ေတာ့ ဒီလိုေနရာႀကီးကို လာဖို႔ဆိုတာ လြယ္ကူမွာ မဟုတ္ဘူး "
ေ႐ွာင္ဟုန္ယုရဲ႕ သာမန္ကာလွ်ံကာေျပာလိုက္တဲ့ စကားလုံးေတြက ေဟးခ်န္ဒီကို ေတာင့္တင္းသြားေစတယ္၊ သူ႕ရဲ႕ မူလကလို ေအးစက္ေနတဲ့ ပုံစံကေတာင္အနည္းငယ္ေလ်ာ့က်သြားတယ္၊။
ဒါေပမာ့္ ေ႐ွာင္ဟုန္ယုကေတာ့ သူ႕ရဲ႕ သာမန္စကားလုံးေလးေတြက ေဟးခ်န္ဒီရဲ႕ ႏွလုံးသားထဲမွာ ဘယ္ေလာက္ေတာင္ ပ်ားပန္းခတ္လႈပ္႐ွားသြားမွန္း မသိခဲ့ဘူး။
႐ုတ္တရက္ ေ႐ွာင္ဟုန္ယုက တစ္ခုခုကို သတိရသြားတယ္၊ သူ႕မ်က္ႏွာေပၚက ႐ႊင္လန္းမႈက ေပ်ာက္ကြယ္သြားၿပီးေတာ့ ႐ုတ္တရက္ ႐ွက္ကိုး ႐ွက္ကန္းျဖစ္လာတယ္။
ေ႐ွာင္ဟုန္ယုက ခဏေလာက္တုန္႔ဆိုင္းေနၿပီးေတာ့ ေမးလာတယ္ " အကိုေဟး မရီးက ကြၽန္ေတာ္တို႔တဲထဲေတာ့ သြားမေနေလာက္ဘူး မဟုတ္လား "
ေဟးခ်န္ဒီက မ်က္ေမွာင္ၾကဳံ႕ၿပီး ျပန္ေျဖလာတယ္ " အကိုေကာင္းက မင္းတို႔မရီးကို ငါတို႔တဲဆီ ေခၚသြားေလာက္တယ္ ၊ဘာမွားေနလို႔လဲ "
ေဟးစန္းလန္ရဲ႕ အေျဖကို ၾကားလိုက္ရေတာ့ ေ႐ွာင္ဟုန္ယုက အလန္႔တၾကား ေအာ္ဟစ္လိုက္မိတယ္၊ ၿပီးမွ တိတ္တိတ္ေလး ေဟးစန္းလန္ကို ျပန္ခိုးၾကည့္လိုက္တယ္၊ ကံမေကာင္းစြာနဲ႔ဘဲ ေဟးစန္းလန္ရဲ႕ ျပင္းထန္တဲ့ အၾကည့္ေတြကို ျမင္လိုက္ရေတာ့ ဘာကိုမွ မဖုံးကြယ္ရဲေတာ့ဘဲ သူ႕လုပ္ရပ္ေတြကို အတိအက်ဝန္ခံလိုက္တယ္ ။
" ဘာ ! ေနာက္တေခါက္ ထပ္ေျပာလိုက္စမ္း " ေဟးခ်န္ဒီကေတာ့ ဒီလူမိုက္ေကာင္ကို ျမင္းေပၚကေန ကန္သာ ခ်လိုက္ခ်င္ေတာ့တယ္။
" အကိုေဟး ဒီတႀကိမ္ေလာက္ေတာ့ ခြင့္လႊတ္ေပးပါဗ်ာ ၊ ဒါက တကာ္ကို မရည္႐ြယ္ပါဘူး၊ အကိုေကာင္းက ကြၽန္ေတာ္တို႔တဲဆီ လာ႐ွာမွာ ေၾကာက္လို႔ပါ၊ ကြၽန္ေတာ္ ဒါကို ေနာက္က် ငွားေပးမယ္ေလဗ်ာ၊ ဘာဘဲျဖစ္ျဖစ္ ကြၽန္ေတာ္ ဒါကို ေသခ်ာ ဖြက္ထားပါတယ္၊ မရီးေသခ်ာေပါက္ကို ႐ွာေတြ႕ႏိုင္မွာ မဟုတ္ဘူး "
ေဟးခ်န္ဒီရဲ႕ မ်က္ႏွာကေတာ့ ဒယ္အိုးဖင္ႀကီးလို မည္းတူးလို႔ေနၿပီ၊ ေ႐ွာင္ဟုန္ယုဆိုတဲ့ အေကာင္နဲ႔ စကားဆက္ေျပာခ်င္စိတ္ကို မ႐ွိေတာ့ဘူး။
ေ႐ွာင္ဟုန္ယုက ေဟးစန္းလန္ေနာက္ကေန ႐ို႐ိုက်ိဳးက်ိဳးေလးနဲ႔ လိုက္လာတယ္၊ ဒီတႀကိမ္ေတာ့ ေဟးစန္းလန္ကို ညစ္ညမ္းေအာင္ သူလုပ္ခဲ့မိမွန္း သူသိသြားၿပီ၊။
ဒါေပမယ့္ သူ႕စိတ္ထဲ မေက်နပ္သလို ခံစားေနရတယ္၊ ေ႐ွာင္ဟုန္ယုမွာ အခုထိ သူဘာအမွားမွ မလုပ္မိဘူးလို႔ ထင္ေနတုန္းဘဲ ။
သူတိူ႕ေတြ အားလုံးက အိမ္ေထာင္က်ၿပီးသားျဖစ္ေနၿပီးေတာ့ အစ္ကိုျဖစ္သူရဲ႕ ဇနီးသည္က သူ႕ကို ေတြ႕ဖို႔ မိုင္ေထာင္ခ်ီခရီးႏွင္လာခဲ့တယ္၊ သူတို႔ႏွစ္ေယာက္ေတြ႕ဆုံတာနဲ႔ ခ်စ္စဖြယ္တီတီတာတာေလးေတြ ေျပာၾကမွာ အေသအခ်ာဘဲ၊ သူက အဖြဲ႕ထဲမွာ တစ္ဦးေသာ တကိုယ္တည္းသမားေလးျဖစ္ေနတာကို သူတိူ႕ေတြက သူ႕စိတ္ဖိအားေတြ ေလွ်ာ့ခ်ဖို႔ အျပာစာအုပ္ပုံရိပ္ေတြ ၾကည့္႐ႈျခင္းကိုေတာင္ ခြင့္မျပဳေပးၾကဘူး။
ေ႐ွာင္ဟုန္ယုမွာေတာ့ ေဟးစန္းလန္အစား သူကဘဲ မတရားခံရသူလို ခံစားေနရတယ္။
ေမွ်ာ္လင့္ထားတဲ့ အတိုင္းဘဲ ေဟးခ်န္ဒီ တပ္ခြဲဆီ ျပန္ေရာက္ခ်ိန္မွာ ခ်ဴးလ်န္က သူ႕တဲထဲမွာ ႐ွိေနေၾကာင္းသတင္းပို႔ခ်က္ရလိုက္တယ္ ။
ေဟးခ်န္ဒီသည္ ေ႐ွာင္ဟုန္ယုကို စူး႐ွျပင္းထန္စြာဘဲ စိုက္ၾကည့္လိုက္တယ္။
ေ႐ွာင္ဟုန္ယုကေတာ့ ႏွာေခါင္းကိုပြတ္ကာ မသိသလိုနဲ႔ အျခားတပ္ဖြဲ႕ဝင္မ်ားနဲ႔ အတူ ထြက္ေျပးသြားၿပီး ေဟးခ်န္ဒီကို ခ်ဴးလ်န္နဲ႔ ႏွစ္ေယာက္တည္း ထားရစ္ခဲ့တယ္။
ေဟးခ်န္ဒီက သူ႕တဲ အေ႐ွ႕ကို ေရာက္တဲ့ အခ်ိန္မွာ အမ်ိဳးသမီးတပ္သား သူံးဦးက အဝတ္ေလွ်ာ္ေနတာကို ျမင္လိုက္ရေတာ့ သူ႕ မ်က္ခုံးေတြ တြန္႔ခ်ိဳးသြားတယ္။
ေဟးခ်န္ဒီ မ်က္ခုံးေတြ ပင့္လိုက္မိတယ္ " မင္းတို႔က ဒီမွာ ဘာလုပ္ေနၾကတာလဲ "
သူ႕အၾကည့္ေတြက အဝတ္ေလွ်ာ္တဲ့ စင္ေပၚကို ေရာက္သြားၿပီးေတာ့ အထဲမွာ ႐ွိေနတာက သူ႕အဝတ္ေတြမွန္း သတိျပဳမိသြားတယ္ ။
ေ႐ွာင္ယန္နဲ႔ အျခားသူေတြက ေဟးခ်န္ဒီ ဒီေလာက္အေစာႀကီး ျပန္ေရာက္လာမယ္ မထင္ထားမိလို႔ သူတို႔မ်က္ႏွာေတြမွာ အံ့ဩမႈေတြက အတိုင္းသားေ ပၚလြင္ေနတယ္၊ ေ႐ွာင္ယန္ကေတာ့ စီမာေဟြ႕ကို ခစားစဥ္ကတည္းက မေမွ်ာ္လင့္တဲ့ အေျခေနေတြကို ၾကဳံေတြ႕ခဲ့ဖူးၿပီးၿပီဆိုေတာ့ သူက အလ်င္အျမန္ဘဲ သတိျပန္ဝင္လာတယ္။
ေ႐ွာင္ယန္က သူမက မွားယြင္းဆက္ဆံခံေနရေၾကာင္းကို ေပၚလြင္ေစဖို႔ရာ ျမင္မေကာင္းစြာ နီရဲေနတဲ့ လက္ေတြကို အဝတ္စိုေတြ အေပၚကေန ပိုမိုေပၚလြင္ေအာင္မတင္လိုက္တယ္။
သူမက တမင္ကိုဘဲ အသံကို အားနည္းေနေအာင္လုပ္ၿပီးေတာ့ ေျပာလာတယ္ " ေခါင္းေဆာင္ေဟး ကြၽန္မတို႔က ဒီေနရာကို အမ်ိဳးသမီးက်င္းယီကို လိုက္ပို႔တာပါ၊ ကြၽန္မတို႔ စစ္သူႀကီးက အမ်ိဳးသမီးက်င္းယီရဲ႕ အမိန္႔ကို နာခံဖို႔ အမိန္႔ေပးထားလို႔ အမ်ိဳးသမီးက်င္းယီက အဝတ္ေတြ ေလွ်ာ္ဖို႔ေပးတာကို ေလွ်ာ္ေနၾကတာပါ၊ ဒီအေစခံက ဘယ္လိုဘဲ နိမ့္က်စြာ ေမြးဖြားလာတာဆိုေပမယ့္ ကြၽန္မက စစ္သူႀကီးရဲ႕ ကိုယ္ေရးလက္ေထာက္အေစခံ ျဖစ္ေနတုန္းပါဘဲ "
ေ႐ွာင္ယန္ေျပာတာလည္း မွန္တယ္၊ ဝမ္လန္ကို ခ်ဴးလ်န္က တကယ္ဘဲ ဒီအဝတ္ေတြ ယူၿပီး သြားေပးဖို႔ ခိုင္းေစခဲ့တယ္၊ ဘယ္လိုဘဲ ျဖစ္ျဖစ္ ဒါကို သူမက မညီမွ်တဲ့ အမိန္႔တစ္ခုျဖစ္ေစဖို႔ စကားေလး နည္းနည္း ထပ္ျဖည့္လိုက္႐ုံေလးဘဲေလ။
ေ႐ွာင္ယန္က စကားေျပာေနရင္းနဲ႔ ေဟးခ်န္ဒီရဲ႕ အမူအရာကို အာ႐ုံစိုက္ေနတယ္ ။
ကံမေကာင္းစြာနဲ႔ဘဲ ေဟးခ်န္ဒီရဲ႕ ေအးစက္စက္နဲ႔ ေခ်ာေမာတဲ့ မ်က္ႏွာေပၚမွာ ဘာအမူအရာကိုမွ ဖမ္းဆုပ္လို႔မရႏိုင္ေတာ့ သူမရဲ႕ အၾကံစည္က အလုပ္ျဖစ္သလားဆိုတာကို မသိႏိုင္ဘူးျဖစ္ေနတယ္။
သူမက အံတင္းတင္းႀကိတ္ၿပီး ဆက္ေျပာလာတယ္ "ဒီအေစခံက ေျပာရရင္ေတာ့ အမ်ိဳးသမီးက်င္းယီက ကိစၥေတြကို အမ်ားႀကီး ေတြးေနမိပုံပါဘဲ၊ ကြၽန္မတို႔ စစ္သူႀကီးက မ႐ိုးသားတာ တစ္ခုမွ မလုပ္ဖူးေပမယ့္ အမ်ိဳးသမီးက်င္းယီကေတာ့ အၫႊန္႔ကတည္းက ဖ်က္ဆီးခ်င္ေနတဲ့ သေဘာ႐ွိေနတယ္၊ ဒီအေစခံကေတာ့ ဒါမ်ိဳးကို တခါမွကို မၾကဳံဖူးပါဘူး "
ေ႐ွာင္ယန္က ေျပာၿပီးတာနဲ႔ ေက်ာကို ျမင့္ၿပီး ေခါင္းကို ေမာ့ထားလိုက္တယ္။
သူမ စိတ္တြင္းမွာေတာ့ အနည္းငယ္ေက်နပ္သြားတယ္၊ ဒီေလာက္ဆိုရင္ေတာ့ ေခါင္းေဆာင္ေဟးလည္း သူ႕ဇနီးသည္က ဘယ္ေလာက္ေတာင္ အက်င့္ဆိုး လည္း သိသြားေလာက္ၿပီ။
ဒါက ဘာမွ မဟုတ္ေသးပါဘူး၊ စီမာေဟြ႕က သူတို႔ အိမ္ေထာင္ေရးမွာ ၿခိမ္းေျခာက္မႈေတာင္ မ႐ွိေသးဘူး၊ ဒါေတာင္မွ ခ်ဴးလ်န္က စီမာေဟြ႕ရဲ႕ ကိုယ္ေရးအေစခံျဖစ္သူကို အႏိုင္က်င့္ဖို႔ ႀကိဳးစားေနတယ္၊ ဒီေလာက္ဆိုကင္ ေဟးခ်န္ဒီက သူ႕ရဲ႕ မနာလိုတတ္ၿပီး စိတ္သေဘာထားေသးငယ္တဲ့ ဇနီးျဖစ္သူကို ေသခ်ာေပါက္ မုန္းတီးသြားလိမ့္မယ္။
ဝမ္ခ်င္းနဲ႔ ဝမ္လန္က တဲ အတြင္းဘက္ကေန အကုန္လူံးကို ၾကားသိေနရတယ္၊ သူတိူ႕ရဲ႕ မ်က္ႏွာထားေတြက ေဒါသေၾကာင့္ နီျမန္းလို႔ေနၿပီ ၊ဝမ္လန္က ေျပးထြက္ၿပီး ေ႐ွာင္ယန္ကို ေအာ္ဟစ္ႀကိမ္းေမာင္းပစ္လိုက္ခ်င္ေပမယ့္ ခ်ဴးလ်န္က သူမကို ျပန္ဆြဲထားတယ္ ။
ခ်ဴးလ်န္က အသံမထြက္ဘဲ ေခါင္းယမ္းျပလာတယ္၊ ဝမ္လန္ကလည္း စိတ္ပ်က္လက္ပ်က္ျဖင့္ ေျခေထာက္ကို ေဆာင့္နင္းၿပီး တဲဝင္ေပါက္နဲ႔ ေဝးရာကို ထြက္ခြာသြားတယ္၊ မ်က္ကြယ္ျပဳလိုက္ေတာ့ ေဒါသလည္းေအးေရာ ၊အျပင္ဘက္က စကားသံေတြကို သာ မၾကားရရင္ ေဒါသေျပသြားႏိုင္ေလာက္တယ္၊။
ဒါေပမယ့္ ခ်ဴးလ်န္ကေတာ့ တဲ လိုက္ကာစရဲ႕ ေဘးမွာ မလႈပ္မယွက္နဲ႔ ရပ္ေနတယ္၊ သူမ မ်က္ႏွာမွာ ဘာအမူအရာမွ မေပၚလြင္ေနေပမယ့္ လက္ဝက်ယ္ အက်ီလက္ထဲက သူမ လက္သီးဆုပ္ေလးေတြကေတာ့ စိတ္လႈပ္႐ွားမႈေၾကာင့္တုန္ယင္ေနတယ္။
ေဟးခ်န္ဒီက အရပ္ျမင့္တဲ့ ေယာက်္ားတစ္ဦးျဖစ္တယ္၊ ေ႐ွာင္ယန္ကလည္း အရပ္ပုတဲ့ အထဲ မပါဝင္ေပမယ့္ သူ႕အရပ္ကေနဆို ေ႐ွာင္ယန္ကို စီးမိုးၾကည့္ေနရတုန္းဘဲ ။
သူက အမ်ိဳးသမီး သုံးေယာက္ကို ေအးစက္ေနတဲ့ အၾကည့္ေတြနဲ႔ သိမ္းက်ံဳးၾကည့္လိုက္တယ္၊ ေနာက္ၿပီး သူ႕ရဲ႕ ႏႈတ္ခမ္းဖ်ားကေန တိုးလ်ၿပီး သံလိုက္လိုဆြဲငင္ေနတဲ့ အသံတစ္ခု ထြက္လာတယ္၊ သူေျပာလိုက္တာက တခြန္းတည္းဘဲ။
" ထြက္သြား "
ထိုစကားေလး တခြန္းတည္းကဘဲ ေ႐ွာင္ယန္နဲ႔ အျခားလူေတြကို အထိတ္တလန္႔ျဖစ္သြားေစတယ္။
သူတို႔ရဲ႕ မ်က္လုံးေတြက မယုံႏိုင္ေလာက္စြာ ျပဴးက်ယ္လာၾကတယ္၊ေဟးခ်န္ဒီက ဒီလိုပုံစံျပဳမူတယ္ဆိုတာကို မယုံႏိုင္ေလာက္ေအာင္ဘဲ။
ေဟးစန္းလန္ရဲ႕ မ်က္ဝန္းေရအိုင္ထဲမွာေတာ့ မုန္တိုင္းထန္လို႔ေနၿပီ၊ သူက ေအးစက္လြန္းတဲ့ အၾကည့္ေတြေၾကာင့္ အသက္႐ွဴရခက္ခဲေနတဲ့ ေ႐ွာင္ယန္ကို တည့္တည့္စိုက္ၾကည့္ၿပီး ထပ္ေျပာလိုက္တယ္ " ဘာလဲ ၊ ငါေျပာေနတာကို မၾကားဘူးလား ? ထြက္သြားၾက "
အမ်ိဳးသမီး သုံးဦးမွာ သစ္သားဇလုံထဲက ေရေအးေတြက သူတိူ႕ ေခါင္းေပၚတည့္တည့္ ေလာင္းခ်ခံလိုက္ရသလိူမ်ိဳး တုန္ယင္လာၾကတယ္။
ခဏေၾကာင္ေနၾကၿပီးမွ သူံးဦးသား ဒေရာေသာပါးနဲ႔ ျမန္ႏိုင္သမွ် ျမန္ျမန္ ေျပးထြက္လာၾကတယ္ ။
အနီးအနားမွာ ရပ္ေနေသာ တပ္သားက သူ႕ေခါင္းေဆာင္ျဖစ္သူကို ေလးေလးနက္နက္ ၾကည့္ၿပီး လွံတေခ်ာင္းလို ေျဖာင့္တန္းစြာ ရပ္လိုက္တယ္ ။
ေဟးစန္းလန္ရဲ႕ အၾကည့္ေတြက သစ္သားဇလုံဆီ ေရာက္သြားတယ္၊ သူ႕ အဝတ္အစားေတြကို ဒီ အမ်ိဳးသမီး တပ္သားေတြက ဘယ္လိူ ကိုင္တြယ္ခဲ့လဲဆိုတာကို ျပန္ေတြးမိသြားေတာ့ သူ႕မ်က္ခုံးေတြက တြန္႔ခ်ိဳးသြားေတာ့တယ္၊ ေနာက္ၿပီး သူက အမိန္႔ေပးလိုက္တယ္ " ဒီဇလုံထဲက အဝတ္ေတြ အကုန္လူံးကို လႊင့္ပစ္လိုက္ "