Unicode
ရှောင်ကျန့်ကဆိုဘတ်၏ဦးဆောင်ရာအတိုင်းလိုက်သွားရင်းအိမ်အောက်ထပ်ရှိပေါက်ကွဲသံကျယ်ကြီးကြောင့်အတော်လေးလန့်ဖြန့်သွားရရှာသည်။အိမ်အောက်ထပ်မှာဟေးလစ်ခ်တစ်ယောက်တည်းကျန်ခဲ့တာကိုသတိရတော့သူ့ရဲ့စိုးရိမ်စိတ်မှာထိန်းမရအောင်ထိုးတတ်လာသည်။
သူအောက်ထပ်ပြေးဆင်းဖို့ရန်ကြံရွယ်လိုက်ပြီးသိပ်မကြာခင်လေးမှာပဲဟေးလစ်ခ်မှာအပေါ်ထပ်သို့ပြေးတတ်လာသည်ကိုတွေ့လိုက်လေသည်။ရှောင်ကျန့်မှာမေးချိန်မရလိုက်သေးလိုက်ပါပဲvampireငယ်လေးကသူ့ရင်ခွင်ထဲခုန်ဝင်ပွေ့ဖက်လာ၏။
သူပြာသွားသည်။ဟေးလစ်ခ်လေး၏မျက်နှာကိုကြည့်လိုက်တော့ချစ်စဖွယ်မျက်နှာလုံးလုံးလေးထက်၌မျက်ရည်တွေဝဲတတ်နေသည်ကိုတွေ့လိုက်ရသည်။နှုတ်ခေါင်းထိပ်လေးတွေမှာအနည်းငယ်နီရဲနေလျက်ရှောင်ကျန့်ရင်ခွင်ထဲအတင်းအကျပ်တိုးဝေ့ထားတာကြောင့်ငွေဖြူရောင်ဆံနွယ်တွေမှာအနည်းငယ်ရှုပ်ပွနေလေသည်။
ငို....ငိုနေတယ်!!!
"ဘာ....ဘာဖြစ်လို့လဲသခင်လေးရဲ့....."
စိုးရိမ်စိတ်တွေထိန်းမနိုင်သိမ်းမရထိုးတတ်လာသည့်ရှောင်ကျန့်မှာကလေးငယ်၏ပါးနုနုထက်ရှိမျက်ရည်တွေကိုဂရုတစိုက်သုတ်ပေးလိုက်ရင်းမေးသည်။
"ဖေဖေက ဒေါ...ဒေါသထွက်ပြီးကျွန်တော့်အရှေ့မှာတင်ကြမ်းပြင်ကိုဖောက်ခွဲပြစ်လိုက်တယ်.....pig...ကျွန်တော်အရမ်းကြောက်တာပဲ...."
vampireငယ်လေးကနှာတစ်ရှုံ့ရှုံ့ဖြင်ရှောင်ကျန့်ရင်ခွင်ထဲကနေတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလျက်တုန်တုန်ရီရီလေးဆိုသည်။
အကယ်၍ဟေးလစ်ခ်၏စကားကိုအယ်ဗင်များကြားခဲ့လို့ကတော့ရင်နာလွန်းလို့ရင်ဘတ်ကိုတစ်ဒုန်းဒုန်းထုနေရလောက်သည်။
မအေဘေးလေး!!
အဲ့ဒါမင်းလုပ်တာလေ!!!
ဘာမှမသိသည့်ရှောင်ကျန့်၏မျက်လုံးတွေမှာတော့ချက်ချင်းတင်းမာခက်ထန်သွားသည်။
လက်စသက်တော့အဲ့လူကမအေဘေးဇာတ်လိုက်ဖြစ်နေတာကိုး။
ကိုယ့်သားကိုဒီလိုဆက်ဆံတာဖအေတစ်ယောက်မှဟုတ်ရဲ့လားပဲ။ဂါး.....ဒေါသထွက်လိုက်တာနော်။
ရှောင်ကျန့်ကမျက်ရည်တွေဘူးသီးလုံးလောက်ကျနေသည့်သခင်ငယ်လေးကိုအသေအချာပွေ့ချီလျက်နှစ်သိမ့်ချော့မြူပေးရင်းအိပ်ခန်းဆီသို့ဦးတည်ခေါ်သွားလိုက်သည်။
ဆိုဘတ် : "....."
ခုနကသခင်လေးလူယုတ်မာပြုံး,ပြုံးလိုက်တာမလား....ဟမ်....ဟုတ်တယ်မလား.....
တစ်ချိန်လုံးအနားမှာရပ်နေဆိုဘတ်ဟာရှောင်ကျန့်ရဲ့လည်ပင်းကိုခပ်တင်းတင်းပွေ့ဖက်ထားရင်းရူးသွပ်စွဲလမ်းသည့်ကြောက်စရာအပြုံးကြီးဖြင့်သုံးနှစ်အရွယ်သခင်လေးကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည်။
သူ့မှာကြောင်အ,နေလွန်းလို့ဘာအသံထွက်ရမှန်းတောင်မသိတော့ချေ။ဒါနဲ့သခင်ကြီးကသခင်လေးကိုဒီလိုခက်ခက်ထန်ထန်ပြုမူသွားတယ်ဆိုတာဖြစ်ရောဖြစ်နိုင်ပါ့မလား။တကယ်လုပ်ချင်ရင်တောင်သခင်ကြီးမှာလုပ်နိုင်စွမ်းမရှိကြောင်းသူကောင်းကောင်းသိနေတာပဲလေ။
အိုက်ယား။ဒီသခင်လေးကသွေးအေးရက်စက်ရုံတင်မကဘူး။အခုတော့ဗလောင်းဗလဲနဲ့မီးသွေးခဲကိုစိန်ဖြစ်အောင်တောင်ပြောတတ်နေပါရောလား။
သခင်ကြီးဘဝအတွက်တော့ရင်လေးစရာပဲ.....ကျွတ်...ကျွတ်....။
ဆိုဘတ်မှာသူ့ရဲ့သနားစရာသခင်ကြီးဘဝကိုတွေးပြီးခေါင်းသာခါယမ်းလိုက်မိသည်။
နောက်နေ့မနက်၌အယ်ဗင်ဟာမွှေးပျံ့သည့်ရနံ့ကြောင့်အိပ်ပျော်နေရာကနေနိုးလာသည်။အရွယ်ရောက်ပြီးသားvampireတွေကအိပ်ရန်မလိုအပ်ပေမယ့်တစ်ခါတစ်လေပျင်းရိသည့်အခါတွေ၌အိပ်တတ်သည်ကပုံမှန်ပင်။
လေထုထဲကိုနှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ရင်းအယ်ဗင်ဟာထူးထူးဆန်းဆန်းဗိုက်ဆာလာသလိုတောင်ခံစားလိုက်ရသည်။ကမန်းကတန်းကိုယ်လက်သန့်စင်လိုက်ရင်းကိုယ်ရှိန်ကိုယ်ဝါအပြည့်ဖြင့်အိမ်အောက်ထပ်ဆင်းလာသည်။
မြင်လိုက်ရသည်ကစားပွဲပေါ်ရှိသရေကျဖွယ်အစားအသောက်တွေနှင့်ခုံပေါ်တွင်ပလုတ်ပလောင်းစားနေသည့်ဟေးလစ်ခ်သာဖြစ်သည်။အိမ်တော်ထိန်းဆိုဘတ်ကရင်တွင်းမျက်ရည်ကျလျက်စားပွဲပေါ်ရှိစားစရာတွေကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။
ရှောင်ကျန့်ကဟေးလစ်ခ်၏ပန်းကန်ထဲသို့ဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေး၍အသေအချာဂရုစိုက်ပေးသည်။
အယ်ဗင်ကအိမ်အောက်ထပ်ကိုဆင်းလာရင်းမနက်စာဝိုင်းသို့ခပ်တည်တည်ဝင်ထိုင်သည်။သူထိုင်ပြီးပြီးချင်းမှာပဲသူ့လက်ထဲသို့ပဲနို့ဗူးအရွယ်သွေးသွေးထည့်ထားသောဗူးတစ်ခုရောက်ရှိလာသည်။တရားခံကိုကြည့်လိုက်တော့ပြုံးပြုံးလေးနှင့်အမောင်ရှောင်ကျန့်။
သူကချိုမြန်သည့်အပြုံးလေးတစ်ခုကိုမျက်လုံးလေးတွေပိတ်သည်အထိပြုံးထားပြီးvampireခေါင်းဆောင်ကြီးကိုလက်မထောင်ပြလိုက်သည်။
အယ်ဗင် : "....."
သူကသူ့အရှေ့ရှိဟင်းပွဲတွေကိုကြည့်ပြီးသူကိုယ်တိုင်အရသာခံစားလို့မရနိုင်မှန်းချက်ချင်းသတိရသွားသည်။သူ့အရှေ့ကအရောင်အသွေးစုံလင်သည့်ဟင်းပွဲတွေကိုတစ်လှည့်လက်ထဲကသွေးဗူးကိုတစ်လှည့်ကြည့်ရင်းပိုက်ကနေတစ်ဆင့်သွေးထိုင်စုပ်နေလိုက်သည်။
ဒီနေ့ကျမှသောက်နေကျတိရစ္ဆာန်သွေးမှာအရသာတစ်စက်လေးမှမရှိတော့သလိုခံစားရသည်။သူ့အရှေ့ကစားကောင်းသောက်ဖွယ်ရာတွေကိုကြည့်ရင်းvampireဖြစ်ရသည့်ဘဝကိုစတင်မုန်းတီးလာမိသည်။
အိမ်တော်ထိန်းဆိုဘတ်ကသူ့သခင်ရဲ့ပြိုတော့မည့်မိုးလိုစိတ်နေစိတ်ထားကိုကြည့်ရင်းဘာရယ်မသိစိတ်ထဲအတော်လေးပျော်သွားရှာသည်။
နောက်ဆုံးတော့ဒီအစားအသောက်အနံ့တွေရဲ့နှိပ်စက်သမျှဒဏ်တွေကိုသူတစ်ယောက်တည်းခံရတာမဟုတ်တော့ပါပဲသခင်ဖြစ်သူပါထိုနည်း၎င်းဖြစ်နေသည်အားမြင်သည့်အခါသူအတော်လေးကျေနပ်သွား၏။အနည်းဆုံးတော့သူတစ်ယောက်တည်းသရေကျတာမဟုတ်ပဲသခင်ဖြစ်သူကိုယ်တိုင်ကပါအဖော်အနေနဲ့အတူတူငတ်ခွင့်ရလာသည်လေ။
ဟီး...ဟီး.....
အရာအားလုံးရဲ့အဓိကတရားခံ၊အစဖြစ်သူရှောင်ကျန့်ကဇာတ်လိုက်၏သနားစဖွယ်တုံ့ပြန်မှုကိုမြင်သည့်အခါတွင်စိတ်ထဲကနေကျေကျေနပ်နပ်ကြီးပြုံးလိုက်သည်။သူ,မနက်အစောကြီးမွှေးကြိုင်သင်းပျံ့လှသည့်စားကောင်းသောက်ဖွယ်ရာတွေကိုပြင်ဆင်ခဲ့သည်မှာအလကားမှမဟုတ်ပဲ။
ဇာတ်လိုက်အယ်ဗင်ဟင်းရဲ့မွှေးရနံ့ကိုမရမှာစိုးလို့တောင်ပန်ကာအသေးလေးနဲ့အိမ်အနှံ့သို့ဟင်းရဲ့သရေကျဖွယ်ရနံ့တွေလှိုင်သွားစေသည်အထိကြိုးစားခဲ့သည်မဟုတ်ပါလား။မြင်နေရာပါသော်လည်းမစားရမသောက်ရသည့်ဘဝကိုတစ်နုံ့နုံ့နှင့်ခံစားစေချင်သည်။
ဒါကဟေးလစ်ခ်လေးကိုမနေ့တုန်းကငိုအောင်ခြောက်လှန့်ခဲ့သည့်အတွက်ရှောင်ကျန့်ရဲ့ကလဲ့စားဖြစ်သည်။အကယ်၍အယ်ဗင်သာထိုအကြောင်းတွေကိုကြားရင်,ရင်ဘတ်ထုလျက်အော်ငိုမည်မှာစိုးရပေသည်။
ငါကအပြစ်ကင်းစင်ပါတယ်ကွာ.....ဘောက်မဲ့ကြောင့်ငါ့ကိုချည်းမဲနေကြတာတုန်း....
အယ်ဗင်မှာမနေ့တည်းကထွက်သွားပြီဖြစ်တဲ့အစ်မဖြစ်သူကိုတောင်သတိရသွားမိသည်။သူတို့ကမောင်နှမဖြစ်ပေမယ့်အင်ဗာနာမှာခရီးထွက်ရတာကြိုက်နှစ်သက်တာကြောင့်စံအိမ်၌မရှိသည်ကများသည်။မနေ့ကပဲအိမ်ပြန်ရောက်သည်သော်လည်းသိပ်မကြာခင်မှာပင်ပြန်လည်ထွက်ခွာသွားသည်ကိုကြည့်ခြင်းဖြင့်သိနိုင်သည်။
အမှန်ဆိုသူအင်ဗာနာကိုဆွဲထားလိုက်သင့်သည်။သူတစ်ယောက်တည်းဒီဒုက္ခကိုခံစားရတာထက်အဲ့ဒီသူငယ်နာမစင်ချင်တဲ့အစ်မကိုပါတစ်ပါတည်းအတူတူခံစားစေချင်သည်။
သူကလူ့တွေစားတဲ့အစားအသောက်တွေကိုနှစ်ခြိုက်ခြင်းမရှိပါသော်လည်းဒီဟင်းပွဲတွေကအရမ်းသရေကျစရာကောင်းလွန်းနေသည်။အထူးသဖြင့်သူ့'သား'ဖြစ်သူကအလွန်အမင်းနှစ်ခြိုက်သလိုမျိုးသူ့ရှေ့မှာပလုတ်ပလောင်းစားသောက်နေသည့်အခါတွင်တကယ့်ငရဲဆိုသည့်အဓိပ္ပါယ်ကိုနားလည်လာသလိုခံစားလိုက်ရသည်။
မြင်သာမြင်၊မကြင်ရသည့်ဘဝမှာရင်နာစရာကောင်းလွန်းလှသည်။
ကံကောင်းစွာဖြင့်သူကဂုဏ်သရေရှိvampireမျိုးနွယ်စုရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်နေဆဲပင်။တစ်ချိန်လုံးမျက်နှာမပျက်ထိန်းလိုက်နိုင်ဆဲဖြစ်သည်။
ဤသို့ဖြင့်ယေဘုယျနေ့စဥ်လုပ်ငန်းစဥ်တွေမှာစတင်လာခဲ့သည်။မနက်၊နေ့ခင်းနဲ့ညနေတိုင်းရှောင်ကျန့်ကဖွယ်ဖွယ်ရာရာဟင်းမျိုးစုံဖြင့်တစ်နေ့တစ်မျိုးမရိုးရအောင်ချက်ကျွေးသည်။ဗိုက်ဖြည့်ပြီးသွားတိုင်းvampireငယ်လေးအတွက်အချိုပွဲမျိုးစုံကိုလုပ်ပေးသေးသည်။
ထိုအချိန်တွေဆိုအယ်ဗင်ကမျက်နှာသေဖြင့်စားပွဲတွင်ထိုင်ကာပိုက်တပ်ထားသည့်သွေးဗူးနှင့်သွေးကိုစုပ်သောက်နေပေလိမ့်မည်။
အိမ်တော်ထိန်းဆိုဘတ်နှင့်သွေးသန့်vampireမျိုးနွယ်ခေါင်းဆောင်ကြီးတို့နှစ်ယောက်မှာခံစားချက်မရှိသည့်မျက်နှာသေဖြင့်တစ်နေ့တစ်နေ့ဟင်းပွဲတွေနဲ့အချိုပွဲအမျိုးမျိုးကိုထိုင်ကြည့်နေကြသည်မှာအကျင့်တစ်ခုလိုဖြစ်လာသည်။
ဘယ်လိုပဲဖြစ်ဖြစ်သူတို့မစားရရင်တောင်အနံ့ခံနိုင်ကြသေးတာပဲလေ။ဒါကဒုက္ခကြီးတစ်ခုဖြစ်နေသော်လည်း၎င်းဒုက္ခကိုစွဲလမ်းနေသလိုမျိုးခံစားချက်မှာအတော်လေးဆိုးဝါးလှသည်။
ရှင်းရှင်းလင်းလင်းပြောပြရရင်အနိုင်ကျင့်ခံနေရမှန်းသိသော်လည်းဒါကိုပဲကြိုက်နှစ်သက်နေသည့်M*တွေနှင့်အတော်လေးတူသည်။
ရှောင်ကျန့်ကအားရင်အားသလိုဟေးလစ်ခ်ကိုတောအုပ်ထဲသို့ဆွဲခေါ်၌အမွှာသုံးယောက်နှင့်ခဏခဏကစားပေးသည်။အမွှာသုံးယောက်လုံးမှာရှောင်ကျန့်ကိုမူလတုန်းကလိုမစိမ်းသက်တော့ပါပဲ'အစ်ကိုကြီး'ဆိုတာကိုပါးစပ်ကမချတော့ချေ။
ဟေးလစ်ခ်၏သဘောထားကတော့အမွှာသုံးယောက်ကိုသဘောကျသည်လည်းမဟုတ်၊သဘောမကျသည်လည်းမဟုတ်ပါပဲရှောင်ကျန့်နဲ့ရှိနေသ၍ပျော်ရွှင်ကျေနပ်သည်။
တစ်ဖြည်းဖြည်းနှင့်အချိန်တွေမှာတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်။ရှောင်ကျန့်ရဲ့တစ်နေ့တာလုပ်ငန်းစဥ်မှာမနက်ပိုင်းတွင်သခင်ငယ်လေးကိုပြုစုစောင့်ရှောက်ရန်နှင့်ညဘက်တွင်သခင်ငယ်လေးကိုပြုစုစောင့်ရှောက်ရန်သာဖြစ်သည်။
ညဘက်ဆိုရင်ဟေးလစ်ခ်လေးကရှောင်ကျန့်နဲ့အတူအိပ်ရန်အတင်းတောင်းဆိုတတ်လာသည်။သူကပုံပြင်ပြောပြလျှင်vampireငယ်လေးကသူ့ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်တိုးဝင်ပွေ့ဖက်လျက်နှစ်နှစ်ခြိုက်ခြိုက်နားထောင်ပေလိမ့်မည်။အချိန်တန်အိပ်ပျော်သွားရင်တောင်ရှောင်ကျန့်ကိုလုံးဝလွှတ်ပေးခြင်းမရှိသည်အထိကပ်တွယ်လွန်းလှ၏။
အမောင်ရှောင်ကျန့်ကတော့၎င်းကိုပဲကျေနပ်နေရှာသည်။
ဒီလိုနဲ့ရှောင်ကျန့်ရဲ့ကျေနပ်စရာနေ့စဥ်ဘဝမှာလေးလမျှကုန်ဆုံးသွားသည်။
"ဒါနဲ့အစ်ကိုကြီး...."
ရှောင်ကျန်က'လီ'ကိုပြုံးပြုံးလေးသာလှည့်ကြည့်၍သူ့ဘေးရှိဟေးလစ်အတွက်ပဲနို့အေးတစ်ခွက်ကိုအသာချပေးလိုက်သည်။
အမွှာသုံးယောက်လုံးကသူ့ဘေးနားတွင်ဝိုင်းထိုင်၍အချိုပွဲတွေကိုကျေကျေနပ်နပ်ကြီးထိုင်စားနေကြသည်။အကြီးဆုံးဖြစ်သူအဖြူရောင်ဆံပင်လုံးလုံးနှင့်'လီ'ကအရင်ဆုံးစကားစလာခဲ့ခြင်းဖြစ်သည်။
"နောက်နှစ်ရက်နေရင်သွေးလပြည့်တဲ့နေ့ရောက်တော့မယ်နော်အစ်ကိုကြီး...."
ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်ဝဝလေးမှာခဏမျှတောင့်ကနဲဖြစ်သွားသည်။
သွေးလပြည့်နေ့.....
၎င်းကနှစ်ပေါင်းငါးရာမှတစ်ခါပြည့်သည့်vampireတွေအတွက်အထိန်းအမှတ်ပွဲတော်ဖြစ်သည်။သာမန်လူသားတွေကသွေးနီရောင်လပြည့်ကြီးကိုမြင်တွေ့နိုင်ခြင်းမရှိသော်လည်းပဲvampireတွေအတွက်ကတော့ခြားနားသည်။
ထိုနေ့၌vampireတွေရဲ့သွေးဆာရက်စက်သည့်သဘာဝမှာထိန်းမနိုင်သိမ်းမရပေါ်ပေါက်လာတတ်ပြီးသူတို့ရဲ့အသိစိတ်တစ်ဝက်လောက်ကိုသွေးဆာစိတ်ဖုံးလွှမ်းသွားတတ်သည်။ဒါပေမယ့်တစ်ခြားမျိုးနွယ်တွေနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ကြောင့်လူသားမျိုးနွယ်တွေဆီသွားရောက်တိုက်ခိုက်ခွင့်ကိုအကြီးအကျယ်ပိတ်ပင်ထားကြသည်။
ချွင်းချက်အနေနဲ့ထိုရက်တွင်vampireပိုင်နက်အတွင်းသို့ကျူးကျော်ဝင်ရောက်လာသူလူသားတွေကိုတော့ကိုယ့်စိတ်ကြိုက်ပွဲတော်တည်ခွင့်ရှိပေသည်။
မူလဇာတ်ကြောင်းထဲ၌သွေးလမပြည့်ခင်တစ်ရက်အလိုညတွင်ဇာတ်လိုက်(shou)နှင့်သူ့သူငယ်ချင်းအုပ်စုတို့မှာတောကြီးထဲလမ်းပျောက်၍vampireစံအိမ်သို့စရောက်လာခဲ့ခြင်းဖြစ်သည်။
သူသတိမထားလိုက်မိခင်မှာပဲမူလဇာတ်ကြောင်းကြီးကစတင်လာပေတော့မည်။သူကvampireသွေးနှောမို့အန္တရာယ်မရှိသော်လည်းလူသားတွေအတွက်မူခြားနားသည်။စံအိမ်ကြီးရဲ့ညဘက်vampireအလုပ်သမားတွေကရာနဲ့ချီပြီးရှိသည်။ဒါကိုကြည့်ခြင်းအားဖြင့်စံအိမ်ကြီးနှင့်ခြံရဲ့အကျယ်အဝန်းကိုသိရှိနိုင်သည်။
သူကကယ်ချင်စိတ်ရှိရင်တောင်စိတ်လွတ်သွေးဆာနေသည့်ရာနဲ့ချီတဲ့vampireတွေကိုတစ်ယောက်တည်းမထိန်းချုပ်နိုင်ပေ။အထူးသဖြင့်ထိုသူတွေထဲတွင်တကယ့်စွမ်းအားကြီးမားလွန်းနေတဲ့သွေးသန့်vampireကြီးဇာတ်လိုက်(gong)အယ်ဗင်ရှိနေသည်။
စိတ်လွတ်သွားသည့်အဲ့ဒီvampireကြီးကိုအနိုင်ယူနိုင်ချေမှာကမ္ဘာစည်းမျဥ်းတွေရဲ့ထိန်းချုပ်မှုကြောင့်10%နှုန်းလောက်သာရှိတော့သည်။
ဒီတာဝန်ကြီးကအသေခက်တယ်ဟ.....ငါ့ကိုသာလာသတ်လိုက်ကြပါတော့လား.....
ရှောင်ကျန့်ကစိတ်ဓာတ်ကျစွာသက်ပြင်းအသာချလိုက်သည်။သူကတော့သူ့တာဝန်အပြင်လူသားချင်းစာနာစိတ်ကြောင့်ဒီအဖွဲ့ကိုအတတ်နိုင်ဆုံးစံအိမ်ထဲကအချိန်မှီထွက်သွားနိုင်စေရန်ကြိုးစားရပေမည်။
_________________________________________________________
Zawgyi
ေရွာင္က်န့္ကဆိုဘတ္၏ဦးေဆာင္ရာအတိုင္းလိုက္သြားရင္းအိမ္ေအာက္ထပ္ရွိေပါက္ကြဲသံက်ယ္ႀကီးေၾကာင့္အေတာ္ေလးလန့္ျဖန့္သြားရရွာသည္။အိမ္ေအာက္ထပ္မွာေဟးလစ္ခ္တစ္ေယာက္တည္းက်န္ခဲ့တာကိုသတိရေတာ့သူ႕ရဲ႕စိုးရိမ္စိတ္မွာထိန္းမရေအာင္ထိုးတတ္လာသည္။
သူေအာက္ထပ္ေျပးဆင္းဖို႔ရန္ႀကံ႐ြယ္လိုက္ၿပီးသိပ္မၾကာခင္ေလးမွာပဲေဟးလစ္ခ္မွာအေပၚထပ္သို႔ေျပးတတ္လာသည္ကိုေတြ႕လိုက္ေလသည္။ေရွာင္က်န့္မွာေမးခ်ိန္မရလိုက္ေသးလိုက္ပါပဲvampireငယ္ေလးကသူ႕ရင္ခြင္ထဲခုန္ဝင္ေပြ႕ဖက္လာ၏။
သူျပာသြားသည္။ေဟးလစ္ခ္ေလး၏မ်က္ႏွာကိုၾကည့္လိုက္ေတာ့ခ်စ္စဖြယ္မ်က္ႏွာလုံးလုံးေလးထက္၌မ်က္ရည္ေတြဝဲတတ္ေနသည္ကိုေတြ႕လိုက္ရသည္။ႏႈတ္ေခါင္းထိပ္ေလးေတြမွာအနည္းငယ္နီရဲေနလ်က္ေရွာင္က်န့္ရင္ခြင္ထဲအတင္းအက်ပ္တိုးေဝ့ထားတာေၾကာင့္ေငြျဖဴေရာင္ဆံႏြယ္ေတြမွာအနည္းငယ္ရႈပ္ပြေနေလသည္။
ငို....ငိုေနတယ္!!!
"ဘာ....ဘာျဖစ္လို႔လဲသခင္ေလးရဲ႕....."
စိုးရိမ္စိတ္ေတြထိန္းမနိုင္သိမ္းမရထိုးတတ္လာသည့္ေရွာင္က်န့္မွာကေလးငယ္၏ပါးႏုႏုထက္ရွိမ်က္ရည္ေတြကိုဂ႐ုတစိုက္သုတ္ေပးလိုက္ရင္းေမးသည္။
"ေဖေဖက ေဒါ...ေဒါသထြက္ၿပီးကြၽန္ေတာ့္အေရွ႕မွာတင္ၾကမ္းျပင္ကိုေဖာက္ခြဲျပစ္လိုက္တယ္.....pig...ကြၽန္ေတာ္အရမ္းေၾကာက္တာပဲ...."
vampireငယ္ေလးကႏွာတစ္ရႈံ႕ရႈံ႕ျဖင္ေရွာင္က်န့္ရင္ခြင္ထဲကေနတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားလ်က္တုန္တုန္ရီရီေလးဆိုသည္။
အကယ္၍ေဟးလစ္ခ္၏စကားကိုအယ္ဗင္မ်ားၾကားခဲ့လို႔ကေတာ့ရင္နာလြန္းလို႔ရင္ဘတ္ကိုတစ္ဒုန္းဒုန္းထုေနရေလာက္သည္။
မေအေဘးေလး!!
အဲ့ဒါမင္းလုပ္တာေလ!!!
ဘာမွမသိသည့္ေရွာင္က်န့္၏မ်က္လုံးေတြမွာေတာ့ခ်က္ခ်င္းတင္းမာခက္ထန္သြားသည္။
လက္စသက္ေတာ့အဲ့လူကမေအေဘးဇာတ္လိုက္ျဖစ္ေနတာကိုး။
ကိုယ့္သားကိုဒီလိုဆက္ဆံတာဖေအတစ္ေယာက္မွဟုတ္ရဲ႕လားပဲ။ဂါး.....ေဒါသထြက္လိုက္တာေနာ္။
ေရွာင္က်န့္ကမ်က္ရည္ေတြဘူးသီးလုံးေလာက္က်ေနသည့္သခင္ငယ္ေလးကိုအေသအခ်ာေပြ႕ခ်ီလ်က္ႏွစ္သိမ့္ေခ်ာ့ျမဴေပးရင္းအိပ္ခန္းဆီသို႔ဦးတည္ေခၚသြားလိုက္သည္။
ဆိုဘတ္ : "....."
ခုနကသခင္ေလးလူယုတ္မာၿပဳံး,ၿပဳံးလိုက္တာမလား....ဟမ္....ဟုတ္တယ္မလား.....
တစ္ခ်ိန္လုံးအနားမွာရပ္ေနဆိုဘတ္ဟာေရွာင္က်န့္ရဲ႕လည္ပင္းကိုခပ္တင္းတင္းေပြ႕ဖက္ထားရင္း႐ူးသြပ္စြဲလမ္းသည့္ေၾကာက္စရာအၿပဳံးႀကီးျဖင့္သုံးႏွစ္အ႐ြယ္သခင္ေလးကိုမ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္ရသည္။
သူ႕မွာေၾကာင္အ,ေနလြန္းလို႔ဘာအသံထြက္ရမွန္းေတာင္မသိေတာ့ေခ်။ဒါနဲ႕သခင္ႀကီးကသခင္ေလးကိုဒီလိုခက္ခက္ထန္ထန္ျပဳမူသြားတယ္ဆိုတာျဖစ္ေရာျဖစ္နိုင္ပါ့မလား။တကယ္လုပ္ခ်င္ရင္ေတာင္သခင္ႀကီးမွာလုပ္နိုင္စြမ္းမရွိေၾကာင္းသူေကာင္းေကာင္းသိေနတာပဲေလ။
အိုက္ယား။ဒီသခင္ေလးကေသြးေအးရက္စက္႐ုံတင္မကဘူး။အခုေတာ့ဗေလာင္းဗလဲနဲ႕မီးေသြးခဲကိုစိန္ျဖစ္ေအာင္ေတာင္ေျပာတတ္ေနပါေရာလား။
သခင္ႀကီးဘဝအတြက္ေတာ့ရင္ေလးစရာပဲ.....ကြၽတ္...ကြၽတ္....။
ဆိုဘတ္မွာသူ႕ရဲ႕သနားစရာသခင္ႀကီးဘဝကိုေတြးၿပီးေခါင္းသာခါယမ္းလိုက္မိသည္။
ေနာက္ေန႕မနက္၌အယ္ဗင္ဟာေမႊးပ်ံ့သည့္ရနံ႕ေၾကာင့္အိပ္ေပ်ာ္ေနရာကေနနိုးလာသည္။အ႐ြယ္ေရာက္ၿပီးသားvampireေတြကအိပ္ရန္မလိုအပ္ေပမယ့္တစ္ခါတစ္ေလပ်င္းရိသည့္အခါေတြ၌အိပ္တတ္သည္ကပုံမွန္ပင္။
ေလထုထဲကိုႏွာေခါင္းတစ္ရႈံ႕ရႈံ႕လုပ္ရင္းအယ္ဗင္ဟာထူးထူးဆန္းဆန္းဗိုက္ဆာလာသလိုေတာင္ခံစားလိုက္ရသည္။ကမန္းကတန္းကိုယ္လက္သန့္စင္လိုက္ရင္းကိုယ္ရွိန္ကိုယ္ဝါအျပည့္ျဖင့္အိမ္ေအာက္ထပ္ဆင္းလာသည္။
ျမင္လိုက္ရသည္ကစားပြဲေပၚရွိသေရက်ဖြယ္အစားအေသာက္ေတြႏွင့္ခုံေပၚတြင္ပလုတ္ပေလာင္းစားေနသည့္ေဟးလစ္ခ္သာျဖစ္သည္။အိမ္ေတာ္ထိန္းဆိုဘတ္ကရင္တြင္းမ်က္ရည္က်လ်က္စားပြဲေပၚရွိစားစရာေတြကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနသည္။
ေရွာင္က်န့္ကေဟးလစ္ခ္၏ပန္းကန္ထဲသို႔ဟင္းေတြတစ္ခုၿပီးတစ္ခုထည့္ေပး၍အေသအခ်ာဂ႐ုစိုက္ေပးသည္။
အယ္ဗင္ကအိမ္ေအာက္ထပ္ကိုဆင္းလာရင္းမနက္စာဝိုင္းသို႔ခပ္တည္တည္ဝင္ထိုင္သည္။သူထိုင္ၿပီးၿပီးခ်င္းမွာပဲသူ႕လက္ထဲသို႔ပဲနို႔ဗူးအ႐ြယ္ေသြးေသြးထည့္ထားေသာဗူးတစ္ခုေရာက္ရွိလာသည္။တရားခံကိုၾကည့္လိုက္ေတာ့ၿပဳံးၿပဳံးေလးႏွင့္အေမာင္ေရွာင္က်န့္။
သူကခ်ိဳျမန္သည့္အၿပဳံးေလးတစ္ခုကိုမ်က္လုံးေလးေတြပိတ္သည္အထိၿပဳံးထားၿပီးvampireေခါင္းေဆာင္ႀကီးကိုလက္မေထာင္ျပလိုက္သည္။
အယ္ဗင္ : "....."
သူကသူ႕အေရွ႕ရွိဟင္းပြဲေတြကိုၾကည့္ၿပီးသူကိုယ္တိုင္အရသာခံစားလို႔မရနိုင္မွန္းခ်က္ခ်င္းသတိရသြားသည္။သူ႕အေရွ႕ကအေရာင္အေသြးစုံလင္သည့္ဟင္းပြဲေတြကိုတစ္လွည့္လက္ထဲကေသြးဗူးကိုတစ္လွည့္ၾကည့္ရင္းပိုက္ကေနတစ္ဆင့္ေသြးထိုင္စုပ္ေနလိုက္သည္။
ဒီေန႕က်မွေသာက္ေနက်တိရစ္ဆာန္ေသြးမွာအရသာတစ္စက္ေလးမွမရွိေတာ့သလိုခံစားရသည္။သူ႕အေရွ႕ကစားေကာင္းေသာက္ဖြယ္ရာေတြကိုၾကည့္ရင္းvampireျဖစ္ရသည့္ဘဝကိုစတင္မုန္းတီးလာမိသည္။
အိမ္ေတာ္ထိန္းဆိုဘတ္ကသူ႕သခင္ရဲ႕ၿပိဳေတာ့မည့္မိုးလိုစိတ္ေနစိတ္ထားကိုၾကည့္ရင္းဘာရယ္မသိစိတ္ထဲအေတာ္ေလးေပ်ာ္သြားရွာသည္။
ေနာက္ဆုံးေတာ့ဒီအစားအေသာက္အနံ႕ေတြရဲ႕ႏွိပ္စက္သမွ်ဒဏ္ေတြကိုသူတစ္ေယာက္တည္းခံရတာမဟုတ္ေတာ့ပါပဲသခင္ျဖစ္သူပါထိုနည္း၎ျဖစ္ေနသည္အားျမင္သည့္အခါသူအေတာ္ေလးေက်နပ္သြား၏။အနည္းဆုံးေတာ့သူတစ္ေယာက္တည္းသေရက်တာမဟုတ္ပဲသခင္ျဖစ္သူကိုယ္တိုင္ကပါအေဖာ္အေနနဲ႕အတူတူငတ္ခြင့္ရလာသည္ေလ။
ဟီး...ဟီး.....
အရာအားလုံးရဲ႕အဓိကတရားခံ၊အစျဖစ္သူေရွာင္က်န့္ကဇာတ္လိုက္၏သနားစဖြယ္တုံ႕ျပန္မႈကိုျမင္သည့္အခါတြင္စိတ္ထဲကေနေက်ေက်နပ္နပ္ႀကီးၿပဳံးလိုက္သည္။သူ,မနက္အေစာႀကီးေမႊးႀကိဳင္သင္းပ်ံ့လွသည့္စားေကာင္းေသာက္ဖြယ္ရာေတြကိုျပင္ဆင္ခဲ့သည္မွာအလကားမွမဟုတ္ပဲ။
ဇာတ္လိုက္အယ္ဗင္ဟင္းရဲ႕ေမႊးရနံ႕ကိုမရမွာစိုးလို႔ေတာင္ပန္ကာအေသးေလးနဲ႕အိမ္အႏွံ႕သို႔ဟင္းရဲ႕သေရက်ဖြယ္ရနံ႕ေတြလွိုင္သြားေစသည္အထိႀကိဳးစားခဲ့သည္မဟုတ္ပါလား။ျမင္ေနရာပါေသာ္လည္းမစားရမေသာက္ရသည့္ဘဝကိုတစ္ႏုံ႕ႏုံ႕ႏွင့္ခံစားေစခ်င္သည္။
ဒါကေဟးလစ္ခ္ေလးကိုမေန႕တုန္းကငိုေအာင္ေျခာက္လွန့္ခဲ့သည့္အတြက္ေရွာင္က်န့္ရဲ႕ကလဲ့စားျဖစ္သည္။အကယ္၍အယ္ဗင္သာထိုအေၾကာင္းေတြကိုၾကားရင္,ရင္ဘတ္ထုလ်က္ေအာ္ငိုမည္မွာစိုးရေပသည္။
ငါကအျပစ္ကင္းစင္ပါတယ္ကြာ.....ေဘာက္မဲ့ေၾကာင့္ငါ့ကိုခ်ည္းမဲေနၾကတာတုန္း....
အယ္ဗင္မွာမေန႕တည္းကထြက္သြားၿပီျဖစ္တဲ့အစ္မျဖစ္သူကိုေတာင္သတိရသြားမိသည္။သူတို႔ကေမာင္ႏွမျဖစ္ေပမယ့္အင္ဗာနာမွာခရီးထြက္ရတာႀကိဳက္ႏွစ္သက္တာေၾကာင့္စံအိမ္၌မရွိသည္ကမ်ားသည္။မေန႕ကပဲအိမ္ျပန္ေရာက္သည္ေသာ္လည္းသိပ္မၾကာခင္မွာပင္ျပန္လည္ထြက္ခြာသြားသည္ကိုၾကည့္ျခင္းျဖင့္သိနိုင္သည္။
အမွန္ဆိုသူအင္ဗာနာကိုဆြဲထားလိုက္သင့္သည္။သူတစ္ေယာက္တည္းဒီဒုကၡကိုခံစားရတာထက္အဲ့ဒီသူငယ္နာမစင္ခ်င္တဲ့အစ္မကိုပါတစ္ပါတည္းအတူတူခံစားေစခ်င္သည္။
သူကလူ႕ေတြစားတဲ့အစားအေသာက္ေတြကိုႏွစ္ၿခိဳက္ျခင္းမရွိပါေသာ္လည္းဒီဟင္းပြဲေတြကအရမ္းသေရက်စရာေကာင္းလြန္းေနသည္။အထူးသျဖင့္သူ႕'သား'ဖြစ်သူကအလွန်အမင်းနှစ်ခြိုက်သလိုမျိုးသူ့ရှေ့မှာပလုတ်ပလောင်းစားသောက်နေသည့်အခါတွင်တကယ့်ငရဲဆိုသည့်အဓိပ္ပါယ်ကိုနားလည်လာသလိုခံစားလိုက်ရသည်။
ျမင္သာျမင္၊မၾကင္ရသည့္ဘဝမွာရင္နာစရာေကာင္းလြန္းလွသည္။
ကံေကာင္းစြာျဖင့္သူကဂုဏ္သေရရွိvampireမ်ိဳးႏြယ္စုရဲ႕ေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနဆဲပင္။တစ္ခ်ိန္လုံးမ်က္ႏွာမပ်က္ထိန္းလိုက္နိုင္ဆဲျဖစ္သည္။
ဤသို႔ျဖင့္ေယဘုယ်ေန႕စဥ္လုပ္ငန္းစဥ္ေတြမွာစတင္လာခဲ့သည္။မနက္၊ေန႕ခင္းနဲ႕ညေနတိုင္းေရွာင္က်န့္ကဖြယ္ဖြယ္ရာရာဟင္းမ်ိဳးစုံျဖင့္တစ္ေန႕တစ္မ်ိဳးမရိုးရေအာင္ခ်က္ေကြၽးသည္။ဗိုက္ျဖည့္ၿပီးသြားတိုင္းvampireငယ္ေလးအတြက္အခ်ိဳပြဲမ်ိဳးစုံကိုလုပ္ေပးေသးသည္။
ထိုအခ်ိန္ေတြဆိုအယ္ဗင္ကမ်က္ႏွာေသျဖင့္စားပြဲတြင္ထိုင္ကာပိုက္တပ္ထားသည့္ေသြးဗူးႏွင့္ေသြးကိုစုပ္ေသာက္ေနေပလိမ့္မည္။
အိမ္ေတာ္ထိန္းဆိုဘတ္ႏွင့္ေသြးသန့္vampireမ်ိဳးႏြယ္ေခါင္းေဆာင္ႀကီးတို႔ႏွစ္ေယာက္မွာခံစားခ်က္မရွိသည့္မ်က္ႏွာေသျဖင့္တစ္ေန႕တစ္ေန႕ဟင္းပြဲေတြနဲ႕အခ်ိဳပြဲအမ်ိဳးမ်ိဳးကိုထိုင္ၾကည့္ေနၾကသည္မွာအက်င့္တစ္ခုလိုျဖစ္လာသည္။
ဘယ္လိုပဲျဖစ္ျဖစ္သူတို႔မစားရရင္ေတာင္အနံ႕ခံနိုင္ၾကေသးတာပဲေလ။ဒါကဒုကၡႀကီးတစ္ခုျဖစ္ေနေသာ္လည္း၎ဒုကၡကိုစြဲလမ္းေနသလိုမ်ိဳးခံစားခ်က္မွာအေတာ္ေလးဆိုးဝါးလွသည္။
ရွင္းရွင္းလင္းလင္းေျပာျပရရင္အနိုင္က်င့္ခံေနရမွန္းသိေသာ္လည္းဒါကိုပဲႀကိဳက္ႏွစ္သက္ေနသည့္M*ေတြႏွင့္အေတာ္ေလးတူသည္။
ေရွာင္က်န့္ကအားရင္အားသလိုေဟးလစ္ခ္ကိုေတာအုပ္ထဲသို႔ဆြဲေခၚ၌အမႊာသုံးေယာက္ႏွင့္ခဏခဏကစားေပးသည္။အမႊာသုံးေယာက္လုံးမွာေရွာင္က်န့္ကိုမူလတုန္းကလိုမစိမ္းသက္ေတာ့ပါပဲ'အစ္ကိုႀကီး'ဆိုတာကိုပါးစပ္ကမခ်ေတာ့ေခ်။
ေဟးလစ္ခ္၏သေဘာထားကေတာ့အမႊာသုံးေယာက္ကိုသေဘာက်သည္လည္းမဟုတ္၊သေဘာမက်သည္လည္းမဟုတ္ပါပဲေရွာင္က်န့္နဲ႕ရွိေနသ၍ေပ်ာ္႐ႊင္ေက်နပ္သည္။
တစ္ျဖည္းျဖည္းႏွင့္အခ်ိန္ေတြမွာတစ္ရက္ၿပီးတစ္ရက္ကုန္ဆုံးသြားသည္။ေရွာင္က်န့္ရဲ႕တစ္ေန႕တာလုပ္ငန္းစဥ္မွာမနက္ပိုင္းတြင္သခင္ငယ္ေလးကိုျပဳစုေစာင့္ေရွာက္ရန္ႏွင့္ညဘက္တြင္သခင္ငယ္ေလးကိုျပဳစုေစာင့္ေရွာက္ရန္သာျဖစ္သည္။
ညဘက္ဆိုရင္ေဟးလစ္ခ္ေလးကေရွာင္က်န့္နဲ႕အတူအိပ္ရန္အတင္းေတာင္းဆိုတတ္လာသည္။သူကပုံျပင္ေျပာျပလွ်င္vampireငယ္ေလးကသူ႕ရင္ခြင္ထဲတင္းတင္းၾကပ္ၾကပ္တိုးဝင္ေပြ႕ဖက္လ်က္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နားေထာင္ေပလိမ့္မည္။အခ်ိန္တန္အိပ္ေပ်ာ္သြားရင္ေတာင္ေရွာင္က်န့္ကိုလုံးဝလႊတ္ေပးျခင္းမရွိသည္အထိကပ္တြယ္လြန္းလွ၏။
အေမာင္ေရွာင္က်န့္ကေတာ့၎ကိုပဲေက်နပ္ေနရွာသည္။
ဒီလိုနဲ႕ေရွာင္က်န့္ရဲ႕ေက်နပ္စရာေန႕စဥ္ဘဝမွာေလးလမွ်ကုန္ဆုံးသြားသည္။
"ဒါနဲ႕အစ္ကိုႀကီး...."
ေရွာင္က်န္က'လီ'ကိုၿပဳံးၿပဳံးေလးသာလွည့္ၾကည့္၍သူ႕ေဘးရွိေဟးလစ္အတြက္ပဲနို႔ေအးတစ္ခြက္ကိုအသာခ်ေပးလိုက္သည္။
အမႊာသုံးေယာက္လုံးကသူ႕ေဘးနားတြင္ဝိုင္းထိုင္၍အခ်ိဳပြဲေတြကိုေက်ေက်နပ္နပ္ႀကီးထိုင္စားေနၾကသည္။အႀကီးဆုံးျဖစ္သူအျဖဴေရာင္ဆံပင္လုံးလုံးႏွင့္'လီ'ကအရင္ဆုံးစကားစလာခဲ့ျခင္းျဖစ္သည္။
"ေနာက္ႏွစ္ရက္ေနရင္ေသြးလျပည့္တဲ့ေန႕ေရာက္ေတာ့မယ္ေနာ္အစ္ကိုႀကီး...."
ေရွာင္က်န့္ရဲ႕ခႏၶာကိုယ္ဝဝေလးမွာခဏမွ်ေတာင့္ကနဲျဖစ္သြားသည္။
ေသြးလျပည့္ေန႕.....
၎ကႏွစ္ေပါင္းငါးရာမွတစ္ခါျပည့္သည့္vampireေတြအတြက္အထိန္းအမွတ္ပြဲေတာ္ျဖစ္သည္။သာမန္လူသားေတြကေသြးနီေရာင္လျပည့္ႀကီးကိုျမင္ေတြ႕နိုင္ျခင္းမရွိေသာ္လည္းပဲvampireေတြအတြက္ကေတာ့ျခားနားသည္။
ထိုေန႕၌vampireေတြရဲ႕ေသြးဆာရက္စက္သည့္သဘာဝမွာထိန္းမနိုင္သိမ္းမရေပၚေပါက္လာတတ္ၿပီးသူတို႔ရဲ႕အသိစိတ္တစ္ဝက္ေလာက္ကိုေသြးဆာစိတ္ဖုံးလႊမ္းသြားတတ္သည္။ဒါေပမယ့္တစ္ျခားမ်ိဳးႏြယ္ေတြနဲ႕ၿငိမ္းခ်မ္းေရးသေဘာတူညီမႈစာခ်ဳပ္ေၾကာင့္လူသားမ်ိဳးႏြယ္ေတြဆီသြားေရာက္တိုက္ခိုက္ခြင့္ကိုအႀကီးအက်ယ္ပိတ္ပင္ထားၾကသည္။
ခြၽင္းခ်က္အေနနဲ႕ထိုရက္တြင္vampireပိုင္နက္အတြင္းသို႔က်ဴးေက်ာ္ဝင္ေရာက္လာသူလူသားေတြကိုေတာ့ကိုယ့္စိတ္ႀကိဳက္ပြဲေတာ္တည္ခြင့္ရွိေပသည္။
မူလဇာတ္ေၾကာင္းထဲ၌ေသြးလမျပည့္ခင္တစ္ရက္အလိုညတြင္ဇာတ္လိုက္(shou)ႏွင့္သူ႕သူငယ္ခ်င္းအုပ္စုတို႔မွာေတာႀကီးထဲလမ္းေပ်ာက္၍vampireစံအိမ္သို႔စေရာက္လာခဲ့ျခင္းျဖစ္သည္။
သူသတိမထားလိုက္မိခင္မွာပဲမူလဇာတ္ေၾကာင္းႀကီးကစတင္လာေပေတာ့မည္။သူကvampireေသြးႏွောမို႔အႏၱရာယ္မရွိေသာ္လည္းလူသားေတြအတြက္မူျခားနားသည္။စံအိမ္ႀကီးရဲ႕ညဘက္vampireအလုပ္သမားေတြကရာနဲ႕ခ်ီၿပီးရွိသည္။ဒါကိုၾကည့္ျခင္းအားျဖင့္စံအိမ္ႀကီးႏွင့္ၿခံရဲ႕အက်ယ္အဝန္းကိုသိရွိနိုင္သည္။
သူကကယ္ခ်င္စိတ္ရွိရင္ေတာင္စိတ္လြတ္ေသြးဆာေနသည့္ရာနဲ႕ခ်ီတဲ့vampireေတြကိုတစ္ေယာက္တည္းမထိန္းခ်ဳပ္နိုင္ေပ။အထူးသျဖင့္ထိုသူေတြထဲတြင္တကယ့္စြမ္းအားႀကီးမားလြန္းေနတဲ့ေသြးသန့္vampireႀကီးဇာတ္လိုက္(gong)အယ္ဗင္ရွိေနသည္။
စိတ္လြတ္သြားသည့္အဲ့ဒီvampireႀကီးကိုအနိုင္ယူနိုင္ေခ်မွာကမၻာစည္းမ်ဥ္းေတြရဲ႕ထိန္းခ်ဳပ္မႈေၾကာင့္10%ႏႈန္းေလာက္သာရွိေတာ့သည္။
ဒီတာဝန္ႀကီးကအေသခက္တယ္ဟ.....ငါ့ကိုသာလာသတ္လိုက္ၾကပါေတာ့လား.....
ေရွာင္က်န့္ကစိတ္ဓာတ္က်စြာသက္ျပင္းအသာခ်လိဳက္သည္။သူကေတာ့သူ႕တာဝန္အျပင္လူသားခ်င္းစာနာစိတ္ေၾကာင့္ဒီအဖြဲ႕ကိုအတတ္နိုင္ဆုံးစံအိမ္ထဲကအခ်ိန္မွီထြက္သြားနိုင္ေစရန္ႀကိဳးစားရေပမည္။
_________________________________________________________