system 091
By TeeKo0
1.1M 122K 5.8K
wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... More
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(6.4)
4.7K 598 62
By TeeKo0
Unicode
"သခင်လေးဟေးလစ်ခ်လို့ပြောလိုက်တာလား....."
အပြာရင့်ရောင့်ဆံပင်နှင့်ကလေးငယ်'အေ'ကမျက်လုံးလေးတွေပြူးကျယ်သွားလျက်မေးသည်။ကြည့်ရတာvampireခေါင်းဆောင်၏တစ်ဦးတည်းသောသားဖြစ်သူရဲ့နာမည်ကိုကြားဖူးကြဟန်ရသည်။
ရှောင်ကျန့်ကပြုံးသည်။
"အင်းလေ..."
ငါးနှစ်အရွယ်vampireလေးသုံးယောက်ကအံ့အားသင့်စွာပင့်သက်ရှိုက်လိုက်ကြသည်။သူတို့အနေနဲ့လျှောက်ပတ်ဆော့နေရင်းvampireခေါင်းဆောင်၏သားဖြစ်သူကိုတွေ့ဆုံခွင့်ရကြမည်ဟုမထင်မှတ်ထားခဲ့ကြပေ။
ယခုမနက်ပိုင်းမှာအတော်လေးစိတ်ကျေနပ်ဖွယ်ကောင်းခဲ့သည်။သွေးသန့်vampireငယ်သုံးယောက်နှင့်ရင်းနှီးခင်မင်ခွင့်ရခဲ့သည့်အပြင်ဟေးလစ်ခ်လေးအတွက်သူငယ်ချင်းအသစ်သုံးယောက်ကိုရှာဖွေပေးနိုင်ခဲ့သည်။
ရှောင်ကျန့်ကကလေးတွေကိုကစားနည်းတစ်ချို့ကိုသင်ကြားပေးသည်။သူတို့ကသွေးသန့်vampireငယ်လေးတွေဖြစ်တာနဲ့အညီလူသားကလေးတွေရဲ့ကစားနည်းထူးထူးဆန်းဆန်းတွေကိုတစ်ခါမှမမြင်ဘူးမတွေ့ဘူးကြချေ။မိဘတွေကိုယ်တိုင်ကလူသားတွေဆိုရင်အထင်သေးနှိမ့်ချကြတာကြောင့်အစားအစာနဲ့ပတ်သပ်ရင်တောင်ချို့တဲ့ကြသည်။
ရှောင်ကျန့်တောင်စဥ်းစားမိသွားသေးသည်။ဒီကမ္ဘာမှာရှိတဲ့vampireသွေးသန့်တိုင်းကဘာကြောင့်များလူသားဆိုရင်အထင်သေးရွံရှာကြမှန်းသူမသိပေ။ဒါပေမယ့်မူလလုမင်ယွင်ရဲ့vampireဖေဖေကတော့လူသားမိန်းကလေးတစ်ယောက်ကိုစိတ်ဆန္ဒအရလက်ထပ်ယူပေါင်းသင်းခဲ့သည်။ကြည့်ရတာဇီဇာကြောင်တဲ့vampireမှာတစ်ချို့တစ်ဝက်သာရှိဟန်ရ၏။
vampireငယ်လေးတွေကမှော်ပညာကိုအတော်လေးသဘောကျကြသည်။သူလှည့်ကွက်တစ်ချို့ပြလိုက်ရုံဖြင့်လေးယောက်လုံးကလက်ခုပ်အားရပါးရတီးခပ်အားပေးကြသည်။
ရှောင်ကျန့်ကသူတို့ကိုငါးဖမ်းနည်းသင်ပေးသည်။vampireငယ်လေးတွေ၏အင်အားမှာသာမန်လူကြီးတစ်ယောက်စာနှင့်အသာလေးနှိုင်းယှဥ်နိုင်တာကြောင့်ရေကန်ထဲဟပ်ထိုးလဲကျသွားမည်ကိုတော့မစိုးရိမ်ရတာကကံကောင်းသည်။အကယ်၍ငါးကြီးကြီးတစ်ကောင်သာရခဲ့ရင်ရှောင်ကျန့်ကသူ့ရဲ့ကောင်းမွန်လှတဲ့ဟင်းချက်စကေးဖြင့်ငါးကင်ပေးလိမ့်မည်။
vampireလေးတွေကတူတူပုန်းတမ်းကစားနည်းကိုအလွန်အမင်းကြိုက်နှစ်သက်ကြသည်။အထူးသဖြင့်ရှောင်ကျန့်ကလိုက်ရှာပြီးသူတို့ပုန်းရသည့်အချိန်တွင်မျောက်တွေတောင်အရှုံးပေးရလောက်သည်အထိချောင်ကြိုချောင်ကြား၊သစ်ပင်အမြင့်တွေပါမကျန်တတ်ပုန်းတတ်သေးသည်။
တစ်နေကုန်သူ့ဝက်ခန္ဓာကိုယ်ဖြင့်ကလေးမဟုတ်သူငယ်မဟုတ်လျှောက်ပတ်ဆော့နေသည့်ရှောင်ကျန့်မှာညနေစောင်းချိန်ရောက်မှအိမ်ပြန်ချိန်တန်ပြီမှန်းသတိထားမိလေသည်။နေ့လည်တုန်းက,ကလေးတွေကိုငါးကင်ဖြင့်သာအသေအချာဗိုက်ဖြည့်ကျွေးမွေး၍ပျင်းရိစရာစံအိမ်ကြီးသို့ပြန်သွားဖို့ရန်စဥ်းတောင်မစဥ်းစားချင်ခဲ့ပေ။
သို့သော်လည်းယခုအချိန်မှမပြန်ရင်အိမ်တော်ထိန်းဆိုဘတ်တစ်ယောက်သူတို့သခင်လေးပြန်ပေးဆွဲခံရသည်ဟုထင်နေပေလိမ့်မည်။
"တာ့တာ...ဟဲလစ်ခ်နဲ့အစ်ကိုကြီး...."
vampireအမွှာလေးသုံးယောက်ကရှောင်ကျန်တို့နှစ်ယောက်ကိုလက်ပြနှုတ်ဆတ်ရင်းထွက်ခွာသွားသည်။
"ကျွန်တော်တို့လည်းသွားရအောင်လေသခင်လေး...."
ဟဲလစ်ခ်လေးကခေါင်းငြှိမ့်ပြပြီးသူ့လက်သေးသေးလေးနှစ်ဖက်ကိုဆန့်ထုတ်လာသည်။ရှောင်ကျန့်မှာပထမနားမလည်ဖြစ်သွားပေမယ့်ချက်ချင်းသဘောပေါက်သွား၏။သူကပြုံးဖြီးနေသည့်မျက်နှာဝိုင်းဝိုင်းကြီးဖြင့်vampireသေးသေးလေးကိုကောက်ချီလိုက်သည်။ဟေးလစ်ခ်ကအလိုက်သင့်လေးသူ့လည်ပင်းကိုဖက်တွယ်လိုက်သည်။
ရှောင်ကျန့်ကလျှင်မြန်သည့်အရှိန်နှုန်းဖြင့်စံအိမ်ကြီးဆီဦးတည်လာသည်။သိပ်မကြာခင်မှာပဲကြီးမားသည့်စံအိမ်ကြီး၏အရှေ့တည့်တည့်သို့ရောက်ရှိလာခဲသည်။ရှောင်ကျန့်ကထိုအခါမှသာဟေးလစ်ခ်ကိုမြေပြင်ထက်သို့ချပေးသည်။
ကလေးငယ်ကဘာမှမဆိုပါပဲပန်းရောင်ယုန်ရုပ်လေးကိုလက်တစ်ဖက်ဖြင့်ပိုက်လျက်ကျန်တစ်ဖက်ကိုရှောင်ကျန့်ရဲ့အင်္ကျီအစအားဆွဲကိုင်ထားလေသည်။စံအိမ်ကြီးထဲသို့ဝင်ပြီးပြီးချင်းမှာပဲငြိမ်သက်တိတ်ဆိတ်နေသည့်အိမ်တော်ထိန်းဆိုဘတ်နဲ့vampireအစေခံတစ်ချို့အားမြင်တွေ့လိုက်ရတာကြောင့်အနည်းငယ်တော့ထူးဆန်းသွားသည်။
ဒါပေမယ့်လည်း၎င်းအကြောင်းအရင်းမှန်ကိုချင်ချင်းလက်ငင်းပဲသိရှိလိုက်ရသည်။ဒါကဧည့်ခန်းကဆိုဖာပေါ်မှာထိုင်နေသည့်ချောမောသောရုပ်ရည်ပိုင်ဆိုင်သောအမျိုးသားနှင့်အမျိုးသမီးတို့ကြောင့်ဖြစ်သည်။
အမျိုးသားတွင်ဂုတ်ထောက်လောက်ရှည်သည့်အနက်ရောင်ဆံပင်တွေပိုင်ဆိုင်ထားပြီးအနောက်တိုင်းဆန်ဆန်ရုပ်ရည်နှင့်အလွန်ချောမောခန့်ညားသည်။သူ့ဘေးပတ်လည်တွင်အေးစက်ခက်ထန်သည့်အရှိန်အဝါတစ်ရပ်ဝေ့ဝဲနေ၏။သူကသူ့ရဲ့ခြေတံရှည်တွေကိုထပ်လျက်ဘာကိုမှာဂရုမစိုက်သည့်ဟန်ဖြင့်ထိုင်နေသည်။
အမျိုးသမီးကတော့အေးစက်စက်ဖြင့်မာနကြီးဟန်ရပြီးဖြောင့်စင်းရှည်လျားတဲ့အနက်ရောင်ဆံနွယ်ရှည်တွေနဲ့အတူသွေးနီရောင်မျက်လုံးတစ်စုံရှိသည်။သူမကခေတ်ဆန်ဆန်လှပပြီးရဲတွတ်နေသည့်နှုတ်ခမ်းနီကိုဆိုးထားသေးသည်။၎င်းကသူမရဲ့ဖြူဖျော့တဲ့အသားအရည်နဲ့ဆန့်ကျင့်ဘက်ဖြစ်နေသော်လည်းတစ်မူထူးခြားစွာလိုက်ဖက်ညီလျက်ရှိနေသည်။
နှစ်ဦးလုံးကရှောင်ကျန့်တို့ကိုမြင်သည့်အခါတွင်သူတို့အာရုံမှာချက်ချင်းစိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာကြသည်။
လှပတဲ့အမျိုးသမီးကအေးတိအေးစက်မျက်နှာမှာရှောင်ကျန့်ရဲ့ဝတုတ်နေတဲ့ဖောင်းတစ်တစ်ကိုယ်လေးကိုမြင်သည့်အခါတွင်ချက်ချင်းအေးခဲသွားသည်။
သူမကသွေးနီရောင်မျက်ဝန်းတွေကိုအနည်းငယ်မှေးကျဥ်းလိုက်ကာဘာမှတော့ဆိုမလာချေ။
သုံးနှစ်အရွယ်ဟေးလစ်ခ်လေးကအမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်လုံးကိုဂရုစိုက်ခြင်းမရှိပါပဲရှောင်ကျန့်လက်ကိုဆွဲ၍အပေါ်ထပ်သို့ဆွဲခေါ်သွားဖို့ရန်လုပ်သည်။
"ဟေးလစ်ခ်...."
အမျိုးသား၏ခံစားချက်မရှိသည့်အေးတိအေးစက်အသံမှာတိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင်ထွက်ပေါ်လာ၏။vampireကလေးငယ်ကရပ်တန့်သွားသည်။ရှောင်ကျန့်ကအခုချိန်ထိ၎င်းကို့ယို့ကားယားအခြေအနေကြီးကိုနားမလည်နိုင်ဖြစ်နေတုန်းမှာပဲဟေးလစ်ခ်ကအိမ်တော်ထိန်းဆိုဘတ်ကိုအဓိပ္ပါယ်အပြည့်ဖြင့်စိုက်ကြည့်လိုက်သည်။
ဆိုဘတ်ကအနည်းငယ်လန့်ဖြန်သွားရှာပေမယ့်ရှောင်ကျန့်အနားကိုလျှောက်လာသည်။
"မင်ယွင်....သွားကြရအောင်...."
ဆိုဘတ်မှာသခင်ငယ်လေး၏အကြည့်ကြောင့်ရှောင်ကျန့်လက်ကိုဆွဲခေါ်သွားသည့်သူ့အကြံအစည်အားရုတ်သိမ်းလိုက်သည်။
သူကအဲ့ဒီခပ်အိအိလက်လေးကိုခဏလောက်ဖြစ်ဖြစ်ကိုင်ချင်မိလိုက်ရုံပါ။
ရှောင်ကျန့်ကဆိုဘတ်ခေါ်ရာနောက်ကြောင်တောင်တောင်ဖြင့်ပါသွားပြီးတဲ့နောက်ဧည့်ခန်းကြီးမှာတစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။vampireအစေခံတွေဟာလည်းသူတို့ဒီမှာရှိမနေသင့်တော့မှန်းနားလည်သွားသည့်အခါတွင်ရိုသေစွာဦးညွှတ်လျက်ထွက်ခွာသွားကြ၏။
ဧည့်ခန်းထဲ၌သုံးနှစ်အရွယ်vampireငယ်လေးရယ်၊ချောမောခန့်ညားတဲ့အမျိုးသားနဲ့လှပတဲ့အမျိုးသမီး၊စုစုပေါင်းသုံးဦးသာကျန်ရစ်ခဲ့သည်။
ဟေးလစ်ခ်ကပန်းရောင်ယုန်ရုပ်လေးကိုရင်ဘတ်ထဲပိုက်ထားလျက်ပင်လူနှစ်ယောက်ရဲ့မျက်နှာချင်းဆိုင်ဆိုဖာပေါ်သို့တတ်ထိုင်လိုက်သည်။ကလေးငယ်၏ရှောင်ကျန့်နဲ့ရှိစဥ်အခါကဖြူစင်အပြစ်ကင်းမှုအားလုံးမှာအစဖော်မရအောင်ပျောက်ပျက်နေခဲ့ပြီးဖြစ်သည်။
အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးနောက်ချောမောတဲ့အမျိုးသားကစကားစလာသည်။
"ဟေးလစ်ခ်....မင်းဘာလုပ်လုပ်ငါဘာမှမပြောဘူး....ဒါပေမယ့်မင်းရဲ့သွေးဆင့်ကဲပြောင်းလဲဖို့အချိန်ကသိပ်မလိုတော့ဘူးဆိုသတိရဦး....ဒီလိုအချိန်ကဘယ်လောက်အန္တရာယ်များလဲဆိုတာမင်းကိုယ်တိုင်သိနေတာပဲ...."
ဟေးလစ်ခ်ကဂရုမစိုက်စွာပြုမူနေဆဲသာ။သူကတစ်ဖက်သူတွေကိုကိုယ်ပျောက်လူသားတွေလိုမျိုးဆက်ဆံနေလေသည်။
ဒါကဒါကအမျိုးသားကိုသေလုအောင်ဒေါသထွက်သွားစေသည်။ထိုအမျိုးသားမှာတစ်ခြားမဟုတ်ပါပဲဟေးလစ်ခ်၏အဖေ၊တစ်နည်းအားဖြင့်တစ်ချိန်လုံးပျောက်ဆုံးနေသည့်ဒီကမ္ဘာရဲ့ဇာတ်လိုက်ကျော်ကြီး(gong)အယ်ဗင်သာဖြစ်ပေသည်။
အကယ်၍ရှောင်ကျန့်သာဒီနေရာမှာရှိနေခဲ့ရင်အနှီးဇာတ်လိုက်အား"ကလေးတစ်ယောက်ကိုဒီလိုပြောဆိုဆက်ဆံရကောင်းလား"ဆိုပြီးထဆဲဆိုလာမည်ကိုတောင်ကြောက်ရပေသည်။
ဟေးလစ်ခ်လေး၏အမူအရာကင်းမဲ့သည့်သွေးနီရောင်မျက်ဝန်းတွေမှာအယ်ဗင်ဆီကျရောက်လာသည်။အယ်ဗင်၏ခန္ဓာကိုယ်မှာကြောက်လန့်မှုကြောင့်တောင့်တင်းသွားပြီးသူ့ရဲ့မကျေနပ်မှုတွေကိုစိတ်ထဲမှာပင်ထည့်သိမ်းထားဖို့ရန်သာတတ်နိုင်သည်။
လူတိုင်းကဟေးလစ်ခ်ကိုသူ့သားဟုသာသိကြသော်လည်းအဖေဖြစ်သည့်သူကိုယ်တိုင်တောင်သားဖြစ်သူကိုကြောက်လန့်ရသည်ကိုတော့တစ်ယောက်စနှစ်ယောက်စသာသိကြသည်။
ဟေးလစ်ခ်ကသူ့သွေးသားဆိုတာမှန်သည်။ဒါပေမယ့်သူကသဘာဝအတိုင်းမွေးဖွားလာတာမျိုးမဟုတ်ပဲသူ့ရဲ့နှလုံးသွေးနှင့်ပေါက်ဖွားလာခြင်းဖြစ်သည်။ယေဘုယျအားဖြင့်သူ့ရဲ့သွေးကဖြစ်တည်လာသောဒီမကောင်းဆိုးဝါးလေးကိုသူ့ကိုကျော်လွန်သွားဖို့ရန်မှာမဖြစ်နိုင်ပေ။ယေဘုယျအတိုင်းဖြစ်မလာတာကတစ်မျိုးပေါ့။
ဒါပေမယ့်ဟဲလစ်ခ်ကမွေးကတည်းကထူးဆန်းလွန်းသည်။သူကသွေးကနေတစ်ဆင့်မွေးဖွားလာတာမို့တစ်နည်းတစ်ဖုံပြောရရင်သူ့(အယ်ဗင်)ထက်တောင်သူ့(ဟေးလစ်ခ်)သွေးကအဆပေါင်းများစွာပိုမိုသန့်စင်သေးသည်။
အကြီးအကဲတစ်ချို့ကဟေးလစ်ခ်၏ပြိုင်ဘက်ကင်းသွေးသန့်စင်မှုကိုအသုံးချ၍သူတို့ရဲ့ကိုယ်ပိုင်သွေးသန့်စင်မှုကိုမြှင့်တင်ချင်ကြသည်။သို့သော်.....
ထိုနေ့ကအဖြစ်အပျက်ကိုအယ်ဗင်ယခုထိတိုင်မှတ်မိနေသေးသည်။
သွေးသန့်vampireအကြီးအကဲတစ်ချို့ကဟေးလစ်ခ်ကိုယဒ်ပူဇော်ကာသူတို့ရဲ့သွေးကိုအမြင့်မြတ်ဆုံးနဲ့စွမ်းအားအကြီးဆုံးသွေးမျိုးဆက်အဖြစ်ပြောင်းလဲမြှင့်တင်ဖို့ရန်စီစဥ်ကြသည်။
တစ်ခြားသောသွေးသန့်vampireတွေကထိုအကြောင်းကိုကြားသောအခါတွင်အသည်းအသန်တားဆီးဖို့ရန်ပြေးသွားကြပြီးနောက်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကသူတို့ကိုဆီးကြိုသည်။
ယဒ်ပူဇော်ခန်းမတစ်ခုလုံးကသွေးချင်းချင်းနီရဲနေလျက်အကြီးအကဲတွေ၏ခြောက်ကပ်နေသည့်အလောင်းတွေမှာနေရာအနှံ့ပျံ့ကြံနေ၏။သွေးသန့်vampireတစ်ယောက်မှာလေပေါ်တွင်မည်သည့်အကူအညီမှမရှိပဲပေါလောပေါ်နေကာမျက်နှာတစ်ခုလုံးမှာအသက်ရှုကျပ်နေသလိုမျိုးနီရဲနေသည်။
၎င်းသွေးသန့်vampireကရောက်ရှိလာသည့်သူတွေကိုသွေးပျက်ခြောက်ခြားနေသည့်မျက်လုံးနီတွေနဲ့ကြည့်ကာတစ်ခုခုပြောချင်သလိုမျိုးပါးစပ်ကိုခက်ခက်ခဲခဲပွင့်ဟလာသည်။သို့ပေမယ့်ခန်းမအလည်မှာမတ်တပ်ရပ်နေသည့်ဟေးလစ်ခ်လေးကသူ့လက်သေးသေးလေးခပ်ဖွဖွလှုပ်ရှားလိုက်သည်။
ထိုသန့်စင်ဖြူဖွေးသည့်လက်သေးသေးလေးမှာတစ်စုံတစ်ခုကိုဖြစ်ညှစ်လိုက်သလိုမျိုးလက်သီးဆုပ်လိုက်သည့်အခါတွင်လေပေါ်ရှိသွေးသန့်vampire၏ခန္ဓာကိုယ်မှာတစ်စစီပေါက်ကွဲထွက်သွားသည်။
အူကလီစာအပိုင်းအစတွေအပြည့်ဖြင့်ယဒ်ပုလ္လင်ခန်းမအလည်တွင်အလွန်သေးငယ်လှတဲ့ဟေးလစ်ခ်လေးမှာဤနေရာနှင့်မသက်ဆိုင်သလိုမျိုးတစ်ကိုယ်လုံးသန့်ရှင်းနေလေသည်။သူ့ရင်ဘတ်လေးထဲအမြဲတစေပွေ့ပိုက်ထားတတ်သည့်ပန်းရောင်ယုန်ရုပ်လေးတောင်သွေးစတစ်စစွန်းထင်းခြင်းမရှိခဲ့ပေ။
ထိုအချိန်မှစ၍ဟေးလစ်ခ်ဆိုသည့်ဖြစ်တည်မှုအသေးစားလေးမှာvampireထိပ်ပိုင်းမျိုးနွယ်တွေ၏တားမြစ်ချက်နှင့်လျှို့ဝှက်ထိန်းသိမ်းထားရမည့်အချက်တစ်ချက်ပေါ်ပေါက်လာသည်။သေချာပေါက်အရာအားလုံးကိုvampireခေါင်းဆောင်ဖြစ်သည့်အယ်ဗင်၏ခေါင်းပေါ်သို့ပြုတ်ကျလာလေသည်။
အယ်ဗင်ကသူ့ရဲ့စိတ်ကိုအသက်ပြင်းအသာချရင်းထိန်းချုပ်လိုက်သည်။အကယ်၍သူဒေါသထွက်စိတ်ဆိုးရင်တောင်သူ့သားကိုသူမှမနိုင်တာ။ဒီတော့ကိုယ့်စိတ်ကိုယ်ထိန်းဖို့ကလွဲရင်မတတ်နိုင်ဘူး။
ဟေးလစ်ခ်ကဒေါသကိုတရားမှတ်လျက်ဖြေနေရရှာသည့်သူ့အဖေကိုဂရုတောင်စိုက်ခြင်းမရှိချေ။သူ့အတွက်ကိုကိုpigကလွဲရင်အရာအားလုံးစိတ်ပျက်စရာတွေချည်းပင်။
ပတ်ဝန်းကျင်တစ်ခုလုံးပြန်လည်တိတ်ဆိတ်သွားပြီးနောက်တစ်ချိန်လုံးငြိမ်သက်နေသည့်အမျိုးသမီးကစကားစလာသည်။
"ခုနကတူလေးလက်ဆွဲထားတဲ့တစ်ယောက်ကကလေးထိန်းအသစ်လား...."
ဟေးလစ်ခ်၏ဘာကိုမှဂရုမစိုက်သည့်အမူအရာမှာချက်ချင်းပျက်ယွင်းသွားသည်။vampireငယ်လေး၏သွေးနီရောင်မျက်ဝန်းတွေမှာရူးသွပ်မှုတစ်ချို့စတင်ကိန်းအောင်းလာသည်။
"မင်းဘာတွေလုပ်အုံးမလို့လဲအင်ဗာနာ...."
အယ်ဗင်ကအမျိုးသမီးကိုမျက်လွှာလေးသာပင့်ကြည့်လျက်ဆိုသည်။စင်စစ်အမျိုးသမီးမှာသွေးသန့်vampireလည်းဖြစ်သလိုဇာတ်လိုက်အယ်ဗင်ရဲ့တစ်ဦးတည်းသောအစ်မလည်းဖြစ်သည်။
အင်ဗာနာကဟေးလစ်ခ်၏ပြောင်းလဲသွားသည့်အမူအရာသေးသေးလေးကိုသတိမထားမိသေးပဲဆက်ပြောလာသည်။
"ငါကရိုးသားပါတယ်နော်....တူလေးရဲ့ကလေးထိန်းအသစ်ကအရမ်းချစ်ဖို့ကောင်းလွန်းနေလို့စိတ်မထိန်းနိုင်ပဲမေးမိတာပါ....နင်မမြင်လိုက်ဘူးလား.....သူကဝပေမယ့်ဘောလုံးလိုဖောင်းဖောင်းလုံးလုံးလေး....သူ့ပါးနှစ်ဖက်ကိုဆွဲမွပြစ်ချင်စရာကြီး....သူ့ကိုသာဖက်လိုက်ရရင်မွှေးပြီးအိနေမှာသေချာတယ်....."
အင်ဗာနာကသဘောကျသလိုတစ်ခစ်ခစ်ရယ်လျက်ရှင်းပြသည်။အယ်ဗင်ကခဏလောက်ကြောင်သွားပေမယ့်ရှောင်ကျန့်ရဲ့ပုံစံကိုစဥ်းစားမိသည့်အခါတွင်သူ့စိတ်ထဲကနေသဘောတူလိုက်မိသည်။
ရှောင်ကျန့်ပုံစံမှာမသိရင်ဘောလုံးလေးတစ်လုံးတစ်ရွေ့ရွေ့လှိမ့်လာသည်နှင့်တူလှသည်မဟုတ်ပါလား။
ဝုန်း!!!
အင်ဗာနာနဲ့အယ်ဗင်နှစ်ယောက်လုံးသူတို့ရှေ့ကတွင်းနက်ကြီးကိုကြောင်အစွာစိုက်ကြည့်မိလိုက်ကြသည်။ဟေးလစ်ခ်၏သေးငယ်သောလက်ဖဝါးလေးထက်တွင်သွေးနီရောင်အလုံးလေးတစ်လုံးမှာဝေ့ဝဲပေါ်ပေါက်လျက်ရှိနေသည်။
vampireငယ်လေး၏သွေးနီရောင်မျက်ဝန်းတစ်စုံမှာကြောက်ရွံ့ဖွယ်ကောင်းစွာရူးနှမ်းမှုတွေနှင့်ပြည့်လျှံနေ၏။ဟေးလစ်ခ်၏ကလေးဆန်ဆန်အသံလေးမှာယခုအချိန်၌အလွန်ကြက်သီးထဖွယ်ကောင်းစွာထွက်ပေါ်လာသည်။
"သူ့ကိုမထိနဲ့!!pigကငါ့လူ!!!"
သွေးသန့်vampireနှစ်ယောက်မှာဘာတစ်ခုကိုမှနားလည်သဘောပေါက်ခြင်းမရှိစွာဟေးလစ်ခ်ကိုပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိကြသည်။
သူတို့ချစ်ဖို့ကောင်းလို့ချစ်ဖို့ကောင်းတယ်ပြောလိုက်မိတာပါ။ဘာတွေများအထိမခံနိုင်ဖြစ်နေတာလဲ။ဟမ်။
ပို၍မထင်မှတ်နိုင်စရာကိစ္စရပ်မှာဟေးလစ်ခ်၏ရူးသွပ်မှုတွေမှာတစ်ဖြည်းဖြည်းတည်ငြိမ်လာခြင်းပင်ဖြစ်သည်။အရင်ချိန်တွေတုန်းကဆိုရင်သူရူးသွပ်ဒေါသထွက်ချိန်တိုင်းတစ်ယောက်မဟုတ်တစ်ယောက်ပေါက်ကွဲပြီးတစ်စစီဖြစ်သွားတတ်သည်။
vampireငယ်လေးကသူ့ကိုယ်ပိုင်ပြင်းထန်လွန်းသည့်စွမ်းအားတွေကိုပြည့်စုံစွာထိန်းချုပ်နိုင်သေးခြင်းမရှိတာကြောင့်ဒေါသပေါက်ကွဲထွက်သွားချိန်တိုင်းတစ်ခုမဟုတ်တစ်ခုဖြစ်တတ်လေသည်။
အမှန်တော့ဟေးလစ်ခ်သေးသေးလေးရဲ့စိတ်ထိန်းချုပ်နိုင်သွားသည့်ကိစ္စမှာအကြောင်းအရင်းရှိသည်။သူ့အရှေ့ကနှစ်ယောက်ကိုသာသတ်ဖြတ်မိသွားရင်သူ့ကိုကိုကသူ့အားမုန်းတီးရွံရှာသွားနိုင်သည်။
သူ့ကိုကိုအတွက်သူကဖြူစင်နူးညံ့ပြီးအပြစ်ကင်းစင်သည့်ကလေးငယ်တစ်ယောက်ဖြစ်ပေးနိုင်သည်။အကယ်၍သူ့ရဲ့အစစ်အမှန်စရိုက်နှင့်စိတ်ရူးပေါက်မှုတွေကိုသာသူ့ကိုကိုသိသွားရင်သူ့ကိုထားသွားလိမ့်မည်။
မဟုတ်ဘူး.....မဟုတ်ဘူး......
ကိုကိုကဒီလိုလုပ်မယ့်သူမဟုတ်ဘူး။ဒါပေမယ့်လည်းသူကိုယ်တိုင်ကလည်းဒီလိုအဖြစ်မခံမည်မဟုတ်ပေ။
ပြန်လည်တည်ငြိမ်သွားသည့်vampireငယ်လေးကအယ်ဗင်နဲ့အင်ဗာနာကိုတစ်ချက်မျှသာဝေ့ဝဲကြည့်၍အပေါ်ထပ်သို့ချက်ချင်းလှည့်ထွက်သွားသည်။သူကဘာတစ်ခုမှမဆိုတော့သော်လည်းဆိုဖာအရှေ့ရှိအနက်ရောင်အပေါက်ကြီးကသူ့လုပ်ရပ်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
__________________________________________________________
Zawgyi
"အင်းလေ..."
"ဟေးလစ်ခ်...."
"မင်ယွင်....သွားကြရအောင်...."