Tom and Jerry

By Thetmon2721

20.7K 2.1K 527

Jeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန... More

Intro🐰💙🐑
Tom and Jerry -ep-1💜💙
Tom and Jerry-ep-2💜💙
Tom & Jerry ep-3
Tom And Jerry ep-4
Tom & Jerry ep-5
Tom & Jerry.. ep-6
Tom & Jerry ep-7
Tom & Jerry...ep-8
Tom & Jerry...ep-9
Tom & Jerry...ep-10
Tom & Jerry...ep-12
Tom and Jerry...ep-13
Tom & Jerry...ep-14
Tom & Jerry...ep-15
Tom & Jerry...ep16
Tom & Jerry...ep-17
Tom & Jerry...ep-18
Tom & Jerry...FINAL

Tom & Jerry...ep-11

853 102 18
By Thetmon2721

Jk တို့ပရောဂျက်အသစ်အတွက် အစည်းအဝေးလုပ်နေကြခြင်းဖြစ်သည် ။

??"စီအီးအို တင်ပြတဲ့ပရောဂျက်အသစ်က အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်..ဒါမဲ့ ရင်းနှီးတာက အရမ်းများနေသလားလို့!

Jk"တစ်ခုကိုလိုချင်ရင် တစ်ခုကတော့ ပေးဆပ်ရမှာပဲမဟုတ်လား?တန်ဖိုးမြင့်တာကိုလိုချင်ရင်တော့ အရင်းအနှီးကြီးမှာက သဘာဝပဲ!

??"ဒါဆို ကျွန်တော်တို့ ထောက်ခံပါတယ်..စီအီးအိုကို ယုံကြည်ပါရစေ..

Jk"ဒါဆို အစည်းအဝေးက ဒီလောက်ပါပဲ!

ရှယ်ယာရှင်တွေအသီးသီးထွက်သွားပြီးသည့်နောက် သူဂျင့်ကို ကြည့်လိုက်တော့ ပစ္စည်းတွေကောက်သိမ်းနေသည် ။ဆော့ဂျင်လက်ကို လှမ်းဆုပ်ကိုင်လိုက်တော့ သူ့ကိုမော့ကြည့်လာသည် ။

"ကျစ်!လွှတ်စမ်းပါ!"

စိတ်ရှုပ်စွာပြောလာတဲ့ဆော့ဂျင်ဟာ သူ့လက်တွေကိုအတင်းဖယ်ချလျှက် ။သူလည်း အသာတကြည်လွှတ်ပေးလိုက်ပါသည် ။

"ငါမနက်ဖန်ရုံးမဆင်းဘူး!"

"ဘာလို့လဲ!? "

"ငါပြောပြီးပြီလေ ငါ့သူငယ်ချင်းတွေနဲ့ခရီးသွားမှာလို့!"

"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ?"

"ကျစ်..ရစ်နေတာတွေတော်တော့ မင်းကိုယ်မင်းမိန်းကလေးများမှတ်နေသလားဂျွန်ဂျောင်ကု!"

"မမှတ်ပါဘူး..ကိုယ့်ကောင်လေးကို မေးတာကရစ်တာဖြစ်သွားတာတော့ ကိုယ်လည်းမတတ်နိုင်ဘူး~"

"ဟက်..ဘယ်သူကမင်းကောင်လေးလဲ!!? "

"မင်းလေ!"

"......"

"ဘယ်လိုလဲ?ရင်ခုန်သွားပြီလား?"

"အင်း!"

"ဟားဟား..ကိုယ့်စကားကိုမင်းရင်ခုန်သွားမယ်လို့မထင်ဘူး~"

"ငါသာရင်မခုန်ရင် သေသွားမှာပေါ့!"

ဘုကလန့်ပြောလာတဲ့ဆော့ဂျင်စကားကြောင့်ဂျောင်ကုမှာ ရယ်ရခက်ခက်ပင် ဖြစ်သွားရသည် ။

"ဖယ်!"

သူ့ပခုံးကို ဇွတ်ဝင်တိုက်ပြီးထွက်သွားသော အနှီလူသား ။

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

ဂျယ်ဂျူကျွန်းတွင်~~~~~

Sj တို့ သူငယ်ချင်းသုံးယောက် ဂျယ်ဂျူသို့ အပန်းဖြေထွက်လာကြသည် ။

Hs"ဝါးးးးးပင်လယ်လေကြ​ီးက လတ်ဆက်လိုက်တာ~

လက်နှစ်ဖက်ကို လေမှာဆန့်တန်းပြီး သဘာဝတရားကြီးကို အပီအပြင်ခံစားနေသော ဟိုဆော့ ။

Jm"အခုမှပဲ ပေါ့ပါးသွားသလိုခံစားရတော့တယ်~

J"ငါ့အကြံကပိုင်တယ်မလား?

Hs"အေး..ဒီတစ်ခါမင်းပေးတဲ့အကြံ သိပ်ကိုကောင်းလွန်းတယ်~

Jm""ငါလည်း ခရီးသွားချင်တာကြာနေပြီ~ခုတောင် ငါးရင်ခွင့်ယူလာရတာ တစ်မျိုးတော့တစ်မျိုးကြီးပဲ~

Hs"ဆရာဝန်ဆိုတာ ကိုယ်တိုင်ကျန်းမာမှ လူနာတွေကို အများကြီးပိုပြီးဂရုစိုက်ပေးနိုင်မှာမလား?

J"ငါတို့ဟိုဆော့လေးတောင် ခံစားချက်တွေနဲ့ပြောတတ်လာပြီပဲ~

Hs"ချီး!

Jm""ပင်ပန်းလာပြီကွာ~နားချင်ပြီ~

Hs"ဒါဆိုလည်းသွားကြတာပေါ့~

ထို့နောက် ကြိုတင်မှာယူထားသည့်အခန်းအသီးသီးသို့ >>>

J's side>>>

Jin တစ်ယောက် အခန်းထဲမဝင်မှီတွေ့လိုက်ရသော ကျောပြင်​ကြောင့်ခဏတာ ဆွံ့အသွားခဲ့ရသည် ။သော့ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး..

"ဂျွန်ဂျောင်ကု?"

သူ့ကိုကျောပေးကာရပ်နေတဲ့ထိုလူဟာ တစ်ဖြည်းဖြည်းသူ့ဘက်လှည့်လာသည် ။မဟုတ်ပါစေနဲ့လို့ဆုတောင်းလိုက်ပေမဲ့ ဘုရားသခင်ကသူ့ဘက်မှာရှိမနေခဲ့ပေ ။

"အာညော်~bae bae~"

ဖြတ်ရိုက်ချင်စရာရုပ်နဲ့ဂျွန်ဂျောင်ကုကို ဆော့ဂျင်စိတ်ရှုပ်စွာ ကြည့်လိုက်သည် ။

"ဘာနှောင့်ဦးမလို့လဲ!? "

"အပန်းလာဖြေတာပါ..ဒီရက်ပိုင်း စိတ်ဖိစီးနေလို့~"

ဂျွန်ဂျောင်ကုက ဒီလိုလည်းမျက်နှာပြောင်တတ်ပါသေးသည် ။

"ဖယ်စမ်းပါ..ငါ့အခန်းရှေ့က!"

"မိန်းမ​တစ်ယောက်တည်းမနေရဲရင် ​ယောကျာ်းကိုပြောလို့ရတယ်နော်~ယောကျာ်း တူတူလာအိပ်ပေးမယ်~"

"ဂျွန်ဂျောင်ကု!!!!!"

ဒေါသတွေအားကြီးထွက်နေတဲ့ဆော့ဂျင်ကို ဂျောင်ကု ကျေကျေနပ်နပ်ကြီးပြုံးပြီးကြည့်နေသည် ။

"မင်းငါ့ကို လာမရှုပ်လို့ရမလား!"

"အနားယူတော့နော် ဘေဘေး~"

ဆော့ဂျင်ပါးကို ဖြတ်ခနဲနမ်းပြီး ပြေးထွက်သွားတဲ့ဂျွန်ဂျောင်ကု ။ဆော့ဂျင် အနမ်းခံရတဲ့ပါးတစ်ဖက်ကို အယောင်ယောင်အနနနှင့် ကိုင်ထားမိသည် ။

သူ့ကို လာပလေးနေတာလား ??

.
.
.
.
.
.
.
Jm's side>>>

Jm အခန်းထဲရောက်တော့ ကုတင်ပေါ် ဘုန်းကနဲ လှဲချပစ်လိုက်သည် ။မျက်လုံးအစုံတို့ကို ဖွင့်လိုက်ချိန်မှာတော့ အနီးကပ်မြင်လိုက်ရတဲ့ မျက်နှာကြောင့် လန့်သွားပြီး လက်သီးစာကျွေးလိုက်မိတော့သည် ။

ခွပ်!

"အ.့!"

Jm ကုတင်ပေါ်ကနေ အမြန်ကုန်းရုန်းထလိုက်ပြီး...

"မင်းက ဘယ်လိုလုပ်ငါ့အခန်းထဲရောက်နေရတာလဲ ကင်မ်ထယ်ယောင်း!? "

အထိုးခံရတဲ့ ထယ်ယောင်းမှာ ပါးလေးကို အသာအုပ်ကိုင်ထားပြီး..

"ကိုယ်~အား ကျွတ်ကျွတ်~မင်းအိပ်နေတာကို ကြည့်နေတာ...မနှိုးရက်လို့ ဒီတိုင်းပြန်သွားမလို့..မင်းကနိုးလာပြီး ကိုယ့်ကိုထိုးလိုက်တာ~".

မျက်နှာလေးရှုံ့မဲ့ကာ ပြောနေသောထယ်ယောင်းကို ဂျီမင် အမြန်ထူပေးလိုက်ပြီး..

"နာသွားလား?"

"အချစ်ကပေးတဲ့ဒဏ်ရာပဲ နာတယ်လို့မထင်ပါဘူး~"

"အပိုတွေ~"

မျက်စောင်းလှလှလေးထိုးကာ ပြောလိုက်သည် ။ထယ်ယောင်းကို ကုတင်ပေါ်ထိုင်စေပြီး လက်ဆွဲအိတ်ထဲက ဆေးသေတ္တာကို ယူလာလိုက်သည် ။ဂွမ်းစနဲ့အရက်ပြန်ကိုတို့လိုက်ပြီး ထယ်ယောင်းမျက်နှာပေါ်က ဒဏ်ရာတွေကို အသာအယာဆေးထည့်ပေးနေမိသည် ။မနာအောင် မှုတ်ပေးနေသည့်နှုတ်ခမ်းလေးက ထယ်ယောင်းကို မြှူဆွယ်နေသယောင် ။ထယ်ယောင်း ဂျီမင့်လက်ပေါ်ကနေ အုပ်မိုးပြီး ကိုင်လိုက်သည် ။သူ့ကို ကြည့်လာတဲ့မျက်ဝန်းလှလှလေးကို ထယ်ယောင်းအတန်ကြာစိုက်ကြည့် နေမိသည် ။

"ပြီး..ပြီးပြီ~"

"ချစ်တယ်~"

ခပ်သြသြအသံတို့ကြောင့် ဂျီမင့်ရင်ထဲမှာ လှိုက်ခနဲ ။ဂျီမင် ထယ်ယောင်းကို ကြည့်နေမိသည် ။သူထင်တာမမှားဘူးဆိုရင် ထယ်ယောင်းက သူ့နှုတ်ခမ်းတွေကိုစိုက်ကြည့်နေတာ~

"သွား..သွားတော့~"

""Omm~"

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

At morning🌤🌤🌤

Jin တစ်ယောက် တစ်ယောက်တည်း လေညှင်းခံဖို့ထွက်လာလိုက်သည် ။သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါပဲ အကြာကြီးလမ်းလျှောက်နေခဲ့သည် ။

"သဘောကျလား~? "

ထိုအသံပိုင်ရှင်ဟာ ဆော့ဂျင် နောက်ကထွက်ပေါ်လာ​ခြင်းဖြစ်သည် ။

"အင်း အများကြီးသဘောကျတယ်~"

"ငါ့ကိုရော~? "

"ဟင့်အင်း!"

"ဟက်!ဒါနဲ့ တစ်ယောက်တည်းလား?"

"ဘယ်နှစ်ယောက်မြင်လို့လဲ!? "

ဘုကလန့်နဲ့ပြန်ပြောလာတဲ့ဆော့ဂျင်..။အေးလေ ပြန်မပြောရင်ကင်မ်ဆော့ဂျင် ဘယ်ပီသပါတော့မလဲ??

"ကိုယ်အဖော် လုပ်ပေးမယ်လေ~"

"မလိုပါဘူး~"

ထိုစဥ် ကောင်းလေးတစ်သိုက်ဂျင်တို့နားကိုရောက်လာသည် ။

??"ဟို..အစ်ကို့မှာ ချစ်သူရှိလားဗျ?

"မရှိပါဘူး~"

"ဟိုလေ..အစ်ကို့လိုင်းအိုင်ဒီလေးပေးလို့ရမလား?"

"သူ့ယောကျာ်း.. အိုင်ဒီရော မယူချင်ဘူးလား?"

"ဗျာ?"

Jk Sj ရဲ့ခါးကို သူ့ဘက်ဆွဲကပ်ပြီး ဖက်လိုက်သည် ။ထိုကောင်လေးတွေက ခုထိပြူးကြောင်ပြီးကြည့်တုန်းးး

"ပိုင်ရှင်ရှိတဲ့လူကို နှိုက်မြည်းချင်နေတာလား?"

"သွား..သွားခွင့်ပြုပါဦး "

ထိုကောင်လေးတွေထွက်သွားတဲ့ထိ ဂျောင်ကုမှာ ဆော့ဂျင်ကိုဖက်ထားတာမလွှတ်ပေးသေး ။ဆော့ဂျင် တံတောင်နဲ့ဂျောင်ကုဗိုက်ကို ထိုးလိုက်သည် ။ထိုအခါမှ အော်သံနှင့်အတူ လွှတ်ပေးလာသည် ။

"မင်းနေရာမင်းနေစမ်းပါ!"

Jk ကို ဘုကြည့်ကြည့်ပြီးပြောလိုက်သည် ။

"ကိုယ့်နေရာကိုနေတာပဲလေ!"

"မင်းဘာဖြစ်နေတာလဲ!? "

"မင်းကိုချစ်နေတာလေ!"

"ရူးကြောင်ကြောင်လုပ်နေတာတွေ ရပ်လိုက်တော့ ဂျောင်ကု!မင်းငါ့ကို အနိုင်လိုချင်လို့ လုပ်နေတာဆိုရင်ပေါ့!"

"မင်းကို အနိုင်လိုချင်တယ်လို့ ပြောဖူးလား!!? "

"မပြောလည်း သိသာနေတာပဲ~"

"မင်းခုထိ ကလေးဆန်နေတုန်းပဲ ဆော့ဂျင်~"

"ဘယ်မှာကလေးဆန်နေလို့လဲ?"

"မင်းသာ ကလေးမဆန်ဘူးဆိုရင် ငါ့အချစ်တွေကိုမင်းမြင်မှာပေါ့!"

"တော်စမ်းပါ!ငါ့ကိုထပ်ပြီးမနှောင့်ယှက်နဲ့တော့!"

"မင်းကိုပိုးမယ်လို့ပြောခဲ့တယ်မလား?"

"အရူးထမနေနဲ့!"

"ငါက မင်းအချစ်ကိုသေချာပေါက်ရအောင်ယူမှာ ဆော့ဂျင်!"

"အိပ်မက်မက်နေလိုက် ဂျွန်ဂျောင်ကု!အဟင်း!"

"အိပ်မက်မဟုတ်ပဲ တစ်ကယ်ဖြစ်လာအောင် ဂျွန်ဂျောင်ကုတို့က လုပ်ယူမှာ~"

"ကြိုးစားလေ..ငါသနားရင်တော့မင်းကို ပြန်ချစ်လာနိုင်မှာပါ~အဟက်!"

"ဒါဆို ခုချိန်ကစပြီးမင်းကိုပိုးတော့မယ်နော်~ကိုယ့်ရဲ့ဆော့ဂျင်~"

"ဟမ်?"

"အဟင်း!အူယားစရာမလုပ်နဲ့ ကိုက်စားပစ်မိလိမ့်မယ်~"

"အ..အရူး!!"

ဂျောင်ကုကို အမြန်ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည် ။

ဒီနေ့မှ အဲ့ဂျွန်ဂျောင်ကုဆိုတဲ့လူရဲ့အသံက ဆွဲဆောင်မှုရှိနေရတာလဲ??ချီးပဲ!!

မကြာပါ သူ့ခြေထောက်လေးဟာ သဲသောင်နှင့်လွတ်ထွက်သွားပြီး ရင်ခွင်ကျယ်ကြီးထဲရောက်သွားရသည် ။ဂျွန်ဂျောင်ကု သူ့ကို ဘယ်လိုတွေလုပ်နေတာပါလိမ့်???မဖြစ်ဘူး ဆော့ဂျင် စိတ်ထိန်း..အသက်ကိုဝဝရှု!မင်းသူ့ကို အမှတ်ပေးလိုက်လို့မဖြစ်ဘူး!!

"ဘာလုပ်တာလဲ ဂျောင်ကု!ခုချက်ချင်းချပေးစမ်း!"

Jk ရဲ့ ခပ်မာမာ ရင်အုပ်တို့ကို တစ်ဖြန်းဖြန်းရိုက်ရင်းပြောလိုက်သည် ။ဂျောင်ကုကလည်း သူ့ကိုညုတုတုကြည့်ပြီး ပြုံးလာသည် ။တစ်ကယ်ပါ အဲ့တာ ဘယ်လိုအပြုံးကြီးပါလိမ့်??

"မင်းခြေထောက်နုနုလေးတွေ နာသွားမှာစိုးလို့လေ မိန်းမရဲ့~"

"ဘာမိန်းမလဲ!!ငါထိုးလိုက်ရသေတော့မယ်!"

လက်သီးဆုပ်ကာပြောလေတော့ တစ်ဟားဟားအော်ရယ်လာတဲ့ ဂျောင်ကု ။သွားတွေကိုသာ ရိုက်ချိုးပစ်လိုက်ချင်ပါတော့သည် ။

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

Hs တစ်ယောက် အိပ်ရာနိုးပြီး မနက်စာစားဖို့ထွက်လာခဲ့လိုက်သည် ။ယူထားတဲ့အခန်းတွေက တောင်အမေရိကနဲ့မြောက်အမေရိကလိုပဲ ဝေးကွာလှပေသည် ။ထို့ကြောင့် မနက်စာစားဖို့တစ်ယောက်တည်းထွက်လာရခြင်းဖြစ်သည် ။

စားပွဲအားလုံးမှာ နေရာလွတ်ဆိုတာမကျန်တော့ ။နိုင်ငံခြားသားတွေနဲ့ ပြည့်နှက်နေသည် ။ဘာလို့ဒီနေ့မှ လူများနေရတာပါလိမ့် ။နေရာလွတ်ကိ​ု မျက်လုံးနဲ့ဝှေ့ပြီးရှာကြည့်လိုက်သည် ။တွေ့ပါပြီတစ်နေရာတော့ ဒါမဲ့လူတစ်ယောက်တော့ထိုင်နေသည် ။ပြီးတော့မှာပါလေဆိုပြီး ထိုဝိုင်းကိုသာသွားလိုက်သည် ။

"တစ်ဆိတ်လောက်ပါ ကျွန်တော်ဒီမှာထိုင်လို့ရမလား?လူတွေပြည့်နေလို့ပါ"

ထိုလူက သူ့ကိုကျောပေးရက်ကနေ လှည့်ကြည့်လာသည် ။ဟိုဆော့ပါးစပ်အဟောင်းသားဖြစ်သွားရပေသည် ။ထိုလူက စီအီးအိုမင်ဖြစ်နေသည် ။စီအီးအိုမင်က အခြားနေရာတွေကို တစ်ချက်အကဲခတ်နေသည်ထင်ပါ့ ။

သူ့ကိုမယုံတာလားဟ!?

"ထိုင်!"

သူလည်း ယွန်းဂီရှေ့မှာသာ ထိုင်လိုက်သည် ။

ထို့နောက် ကိတ်အချို့နဲ့ ကော်ဖီတစ်ခွက်မှာလိုက်သည် ။

ယွန်းဂီကတော့ ထမင်းကြော်နဲ့ သစ်သီးဖျော်ရည်ကိုမှာလိုက်သည် ။ဘာလဲဟ?သူကလည်းခုမှရောက်တာလား?

နှစ်ယောက်သား ဘာစကားမှမဆိုကြချေ ။

ဟိုဆော့ကလည်း တစ်သျှူးတွေကိုသာ လက်နဲ့တို့တို့ပြီး ဆော့နေသည် ။

ဘယ်လိုလုပ် ဒီရောက်နေရတာလဲ?

"လက်မဆော့နဲ့လေ~"

"ဟမ်?"

သူပြူးကြောင်လျက်သားလေးပင် ။

"တစ်သျှူးကိုပြောတာ..ငြိမ်ငြိမ်နေလို့မရဘူးလား ကလေးကလားနဲ့!"

ဘာလဲဟ?ငါ့ကိုဆူနေတာလား?သူဆူတိုင်းငြိမ်ခံမနေနိုင်ပါဘူး..ခုချိန်က အလုပ်မှာမှမဟုတ်တာ ပြီးတော့သူကငါ့သူဠေးမဟုတ်ဘူး!

"ဆော့တော့ဘာဖြစ်လဲ!? "

"မျက်စိနောက်တယ်!"

"အဲ့တာဆို မျက်လုံးကိုမှိတ်ထားလိုက်လေ!"

ယွန်းဂီ သူ့ရှေ့ကနေသူ့ကိုတစ်ခွန်းမကျန်ပြန်​​ေပြာနေတဲ့ဟိုဆော့ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး..

"ကလေးစိတ်မကုန်သေးဘူးပဲ~"

"ဘာ!အဟား..လူကိုများ! "

"နားညီးတယ်!"

ကဲ ယတိပြတ်ကို​​ေပြာတော့တာပါပဲ!ဟိုဆော့လည်း မျက်စောင်းသာထိုးလိုက်ပြီး အငြိမ်နေလိုက်တော့သည် ။ဆက်ပြီးရန်တွေ့ချင်သေးပေမဲ့ လူအချို့က ဝိုင်းကြည့်နေသောကြောင့် ရပ်လိုက်ရသည် ။

Yg စိတ်ထဲကနေပြုံးလိုက်မိပါသည် ။ခုလိုလာတွေ့ရမယ်လို့မထင်မိဘူး~

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

ရှည်သလားလို့🙄
မနေ့ကအပ်ပေးမို့ကို ​ေမ့သွားတယ် 😖
I love my readers💜💙

Continue Reading

You'll Also Like

1.1M 59.6K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
400K 12.1K 93
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
275K 6.6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
1M 38.4K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...