မုန်းလိုက်ချင်သည်/မုန္းလိုက္ခ...
Oleh YaminTrb
33.2K 2.3K 105
အဖေကိုရရင်ရ မရရင်သားကိုယူမယ်ဆိုတဲ့ခင်များကို ကျွန်တော်သိပ်မုန်းတယ် အေဖကိုရရင္ရ မရရင္သားကိုယူမယ္ဆိုတဲ့ခင္မ်ားက... Lebih Banyak
part 1
part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17(Final)
Extra
Part 13
1.6K 130 10
Oleh YaminTrb
"ဒါကဘာဖြစ်နေကြတာလဲ!!!!!"
ဝန်ထမ်းရဲ့အကြောင်းကြားခြင်းကိုပင်မစောင့်ဘဲ ဂျီမင် ရုံးခန်းထဲဇွတ်အတင်းဝင်မိကာမှ မြင်ရတဲ့မြင်ကွင်းက ဂျောင်ဂုနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဆိုဖာပေါ်ထိုင်ကာ နမ်းနေကြခြင်းကို မျက်မြင်တွေ့လိုက်ရသည်။
ဂျောင်ဂုခေါင်းနှင့်ကွယ်နေ၍ နှုတ်ခမ်းချင်းအပ်နေသည်ကိုမမြင်ရသော်လည်း ဤမြင်ကွင်းအားကြည့်ရုံနှင့်လူတိုင်းသိသည်။
"ဂျောင်ဂု မင်းတခြားသူကိုတွဲချင်ရင် ငါ့ကိုကွာရှင်းလိုက် ငါနဲ့ပေါင်းနေရင်းနဲ့တော့ မဖောက်ပြန်နဲ့ ငါ့ကိုခုချက်ချင်းကွာရှင်းပေး"
"မဟုတ်ဘူး babyထင်သလိုမဟုတ်ဘူး မောင်နဲ့ အစ်မဂျီဟိုနဲ့ကရိုးရိုးသားသား...."
"ဘာရိုးရိုးသားသားလဲ ဒီလောက်လက်ပူးလက်ကျပ်မိနေတာကို မင်းတို့နှစ်ယောက်နမ်းနေကြတာ မြင်နေတာတောင် ငြင်းချင်သေးတာလား"
"မဟုတ်ဘူး အဲ့တာ.."
"တော်ပြီ ဂျောင်ဂု ငါ့ကိုဘာဖြေရှင်းချက်မှမပေးပါနဲ့တော့။ အင်းပေါ့ မင်းကငါ့ကိုချစ်မှမချစ်ပဲ သာယာခဲ့ရုံသက်သက်ပဲလေ။ငါတို့နှစ်ယောက်ကွာရှင်းကြမယ်"
ပြောရင်းငိုကာ လှည့်ထွက်သွားရန်ကြံနေသော ဂျီမင်လက်အား ဂျောင်ဂု ဆွဲကိုင်ရင်းဖက်ထားလိုက်တော့ အတင်းရုန်းနေပြန်သည်။
"တော်ပါတော့ ...ဟင့်..ဘာမှ..မ..ရှင်းပြ...နဲ့..ရွှတ်...ဘာသံ..မှမ..ကြားချင်....ဘူး"
"အင်း အင်းပါ"
"ဖယ်တော့..ငါပြန်...မယ်"
ရုန်းကန်နေသောကောင်လေးအားဂျောင်ဂုလွှတ်မပေးပါ။
"ဒီနေ့သွားစရာရှိတယ် လိုက်ခဲ့။အစက ညနေမှလာခေါ်မလို့"
ဂျောင်ဂုရင်ခွင်ထဲ၌မျက်နှာအပ်နေသောကောင်လေးသည် ခေါင်းမာစွာငြင်းဆန်နေပြန်သည်။ရှိုက်နေ၍ စကားမပြောနိုင်တော့ ခေါင်းလေးတရမ်းရမ်းဖြင့်။
"မလိုက်လို့မရဘူး။ လာ ဒီမှာလာထိုင်"
ဆန့်ကျင်၍မရတော့မှန်းဂျီမင်သိသည်။‌ေဂျာင်ဂုတစ်ခုခုကို စိတ်အားထက်သန်လာလျှင် သူခေါင်းမာပါတယ်ပြောနေတဲ့ ဂျီမင်တောင် သူ့ကိုအလျှော့ပေးရသည်။ထို့ကြောင့် သူပြောတဲ့နေရာမှာသာထိုင်နေရတော့သည်။
"Babyအတွက်‌ မောင်coffee သွားဖျော်လိုက်ဦးမယ် ခဏနော်"
"ဂျောင်ဂုထိုင်နေလိုက်ပါ အစ်မသွားဖျော်လိုက်မယ်"
ခုဏက ဂျီမင်ကိုရှင်းပြမယ်ဆိုတုန်းကတော့ အူကြောင်ကြောင်နဲ့ ခုကျတော့လဲအရိတ်တောင်ပြစရာမလို အကောင်ကိုတန်းနေအောင် မြင်‌ပြန်ရော အစ်မဂျီဟိုက တစ်ခါတစ်လေ နားလည်ရလွယ်ပေမဲ့ တစ်ခါတစ်လေ နားလည်ရခက်ပါသည် ။ဂျောင်ဂုနှင့်ဂျီဟို မျက်လုံးများနှင့်အချက်ပြနေခြင်းအား စိတ်တိုခြင်းနှင့်စိတ်မကောင်းဖြစ်ခြင်းနှစ်ခုပေါင်းခံစားနေရကာ ခေါင်းငုံထားသောကောင်လေးကတော့မမြင်လိုက်ပါ။
"ရော့ မောင်လေး coffee လေးသောက်လိုက်ဦး။အစ်မလက်ရာ မောင်လေးကြိုက်ပါ့မလားတော့မသိဘူး"
အပြုံးနုနုလေးနှင့်လာပေးသူအမျိုးသမီး ။တစ်နည်း ဂျောင်ဂုနှင့်ဖောက်ပြန်နေသောအမျိုးသမီးပေါ့။တကယ်ပါ ‌သူသာဂျောင်ဂုနှင့်မဖောက်ပြန်ခဲ့လျှင် ဂျီမင်သူ့ကိုအစ်မအရင်းတစ်ယောက်လို ခင်မိမှာ။
သူ့မျက်နှာမြင်ရုံနှင့်ကို သွေးသားရင်းချာ အစ်မအရင်းတစ်ယောက်၏ ရင်ခွင်ထဲခေါင်းတိုးဝင်ကာ မောင်လေးတစ်ယောက်လို ချွဲချင်လောက်အောင်ထိ ထိုအမျိုးသမီးမျက်နှာဟာ အားကိုးချင်စရာကောင်းလောက်တဲ့အထိကို ဆွဲဆောင်နေသည်။ဘာအစွန်းအထင်းမှမရှိ ၅၂၈မေတ္တာနှင့်ကို ဆွဲဆောင်မှုရှိပါသည်။
ဂျီမင်အတွေးများနှင့် coffee သောက်နေရင်းခေါင်းကမိုက်ကနဲဖြစ်လာသည်။သူဘာမှအစားမမှား ကိုယ်ဝန်မရှိသေးသော်လည်း သားအိမ်ပါသည့်ယောကျာ်းလေးတစ်ဦးမို့ ဒေါက်တာဂျင်ကိုမိသားစု ဆရာဝန်အဖြစ်ငှားထားရသည်။ဂျင်ရဲ့ညွှန်ကြားချက်အတိုင်းနေသည်၊စားသည်။ဂျင်ရော ကိုယ်တိုင်ကပါဂရုစိုက်တဲ့ကြားတည်းကနေ ။မဟုတ်မှ ‌coffeeထဲမှာများ။
"ခင်များကော်ဖီထဲမှာဘာတွေ ...."
ပြောနေရင်းဂျီမင် အမှောင်ကမ္ဘာသို့ရောက်ရှိသွားတော့သည်။
-------------------------
ဂျီမင်မျက်လုံးများဖွင့်မရပေမဲ့ အသိစိတ်ကပ်နေချိန်မှာ ခံစားမိတာ သူ့ကျောပြင်အောက်မှာနုနုညံ့ညံ့ဖြစ်နေခြင်း။ဒါဆို သူ့ကိုလမ်းဘေးမှာတော့စွန့်ပစ်မထားဘူးပဲ။လက်များလဲလှုပ်လို့ရပြီမို့ ဘေးဘီဝဲယာစမ်းကြည့်မိတော့ အိပ်ယာတစ်ခုပေါ်ရောက်ရှိနေခြင်း။နောက် သူအိပ်‌နေသောနေရာမှာ ငြိမ်သက်နေခြင်းမရှိ လှုပ်လိလှုပ်လဲ့ဖြင့် တိမ်းယိမ်းနေလျက်ရှိသည်။
အားယူကာမျက်လုံးများအားဖွင့်ကြည့်တော့ နေရာစိမ်းတစ်ခု။
"အ...ကျွတ်..ကျွတ်"
ဘေးနားက စားပွဲပေါ်၌သံပုရာရည်တစ်ခွက်။ခေါင်းနောက်နေခြင်းကြောင့် ဘာမှမစည်းစားတော့ပဲ မော့သောက်ပစ်လိုက်သည်။ခေါင်းကြည့်လာတော့မှ ဆက်စက်ကြည့်တော့ သင်္ဘောတစ်စီးပေါ်သူရောက်ရှိနေခြင်း။
လူကုန်ကူးတဲ့ဆီရောင်းစားလိုက်ပြီများလားဟုတွေးမိတော့ ခေါင်းနပန်းကြီးကာ လှိုက်တက်လာသောဝမ်းနည်းမှုများ။‌ဂျောင်ဂုကတကယ်ပဲ လူကုန်ကူးသူများထံ သူ့ကိုရောင်းစားရက်ပါ့မလား။
မချစ်ရင်တောင် အတူနေခဲ့တဲ့သံယောဇဉ်လေးတွေတော့ ထောက်ထားပြီးမလုပ်ရက်လောက်ပါဘူး။တကယ်ပဲလုပ်ခဲ့မယ်ဆိုရင်ရော။ဘယ်လိုပဲဖြစ်ဖြစ် သူဂျောင်ဂုကိုမုန်းနိုင်မည်မဟုတ်ပါ။ပထမဆုံးအချစ်က စိတ်ကစားတက်တဲ့ဆယ်ကျော်သက်အရွယ်မှာမဟုတ်ပဲ 23နှစ်နေမှ ဂျွန်ဂျောင်ဂုဆိုသော သူ့အားအမြင်မကြည်သူလေးနှင့်မှ စခဲ့ခြင်းကြောင့်မည်သည့်အကြောင်းပြချက်နှင့်မှမုန်း၍ရမည်မဟုတ်။
ထိုင်၍ဝမ်းနည်းနေလို့လဲ မဖြစ်သေးပါ။ဒါ‌ဘယ်နေရာလဲ ဘယ်ရောက်နေလဲ သူလေ့လာကြည့်ရမည်။လူကုန်ကူးသူထံပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် သူနည်းလမ်းရှာပြီး ထွက်နိုင်အောင်ကြိုးစားရမည်။ထို့ကြောင့်ထွက်ပေါက်ရှိရာသို့ သတိထားကာလျှောက်လာခဲ့သည်။သို့သော်ဂျီမင်အထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲနေခဲ့သည်။
အခုသူရောက်ရှိနေတဲ့သင်္ဘောကသာမန်သင်္ဘောမဟုတ် ။အပန်ဖြေသင်္ဘောကြီးတစ်ခု။
ကဲ ဘာဆက်ဖြစ်မလဲကတော့မျှော်ပါပေါ့နော်😁😁
ဒီအပိုင်းက စကားပြောတာနည်းတော့ပျင်းနေမလားတော့မသိဘူး😔
"ဒါကဘာဖြစ်နေကြတာလဲ!!!!!"
"မဟုတ်ဘူး အဲ့တာ.."
"အင်း အင်းပါ"
"ဖယ်တော့..ငါပြန်...မယ်"
"မလိုက်လို့မရဘူး။ လာ ဒီမှာလာထိုင်"
-------------------------
"အ...ကျွတ်..ကျွတ်"
Lanjutkan Membaca
Kamu Akan Menyukai Ini
232K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
497K 67.2K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
37.2K 4.5K 42
I don't wanna be right .