မုန်းလိုက်ချင်သည်/မုန္းလိုက္ခ...
By YaminTrb
34.4K 2.4K 105
အဖေကိုရရင်ရ မရရင်သားကိုယူမယ်ဆိုတဲ့ခင်များကို ကျွန်တော်သိပ်မုန်းတယ် အေဖကိုရရင္ရ မရရင္သားကိုယူမယ္ဆိုတဲ့ခင္မ်ားက... More
part 1
part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17(Final)
Extra
Part 12
1.6K 127 7
By YaminTrb
ဂျောင်ဂုအိမ်မကပ်တာ သုံးလလောက်ပင်ရှိနေချေပြီ။ဂျီမင်အိပ်ရာမနိုးခင် အလုပ်ထသွားကာ ဂျီမင်အိပ်ပျော်သွားမှ အိမ်ပြန်လာလေ့ရှိသည်တဲ့လေ။သုံးလလုံးလုံး ဂျောင်ဂုမျက်နှာလေးကို မမြင်ရလို့ ဘယ်လို ဘယ်ပုံရှိနေပြီလဲတောင် သူမသိတော့။ဆံပင်တွေများရှည်နေပြီလား၊နှုတ်ခမ်းမွေးလေးတွေရောပေါက်နေပြီ‌လား၊တက်တူးတွေရော ထပ်ဖြည့်ထားသေးလား သူမသိပါ။
ကိုယ်ကစပြီးဖွင့်ပြောလိုက်ပြီမလို့ ဂျီမင် ဂျောင်ဂုအချစ်ကိုမဝံ့မရဲတော့ မျှော်လင့်မိပါသည်။မတွေ့ရတာကြာပြီမလို့အရမ်းလဲ လွမ်းလှပါသည်။ဒီနေ့တော့ သူ ဂျောင်ဂုရဲ့ကုမ္ပဏီသို့လိုက်သွားမည်။မကြင်သူကနေနိုင်သော်ငှား ချစ်နေသူအဖို့တော့ မတွေ့ရသည့်ရက်များဟာ အလွန်ပင်မှ ခက်ခဲလှပါသည်။
"ဒုဥက္ကဌ အလုပ်ကိစ္စနဲ့ အပြင်သွားပါတယ်ရှင့် ဘယ်သူလို့ပြောလိုက်ရပါမလဲရှင့်"
"ဒုဥက္ကဌ နိုင်ငံခြားဧည့်သည်တွေနဲ့သွားတွေ့ပါတယ် ဘယ်သူလို့ပြောလိုက်ရမလဲရှင့်"
"ကြိုချိန်းထားတာရှိပါလားရှင့်"
"မရှိပါဘူး"
"အဲ့တာဆို ဒုဥက္ကဌက အရေးကြီးကိစ္စနဲ့အပြင်သွားနေလို့ ကြိုချိန်းယူပေးပါနော်"
"ရပါတယ် မလိုတော့ပါဘူး ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါရှင်"
တစ်ပတ်တိတိ သူ့ကုမ္ပဏီသို့ သွားခဲ့သော်လည်း မတွေ့ရတဲ့အပြင် ဝန်ထမ်းတွေကတောင် သူ့ကိုမျက်စိဆံပင်မွှေးဆူးနေပြီလားတောင်မသိ။သူ့ကိုမည်သူကမှ ဂျောင်ဂုယောကျာ်းမှန်းမသိခြင်းကြောင့် ဧည့်ခံဖို့မဆိုထားနှင့် ဂျောင်ဂုအားနှောက်ယှ‌က်နေသူဟု မထင်လျှင်‌တောင်ကံကောင်း။
ဂျီမင်ပြန်လှည့်သွားချိန် သူ့ဘေးမှတီးတိုးပြောကာ ဖြတ်လျှောက်သွားသော ဝန်ထမ်းမလေးနှစ်ယောက်၏စကားများကြောင့် ကမ္ဘာပျက်ရတော့သည်။
"ဟဲ့ နင်သိပြီးပြီလား ဒုဥက္ကဌက လက်ထက်တော့မှာတဲ့ ခုလဲ အဲ့အတွက်အရမ်းအလုပ်ရှုပ်နေတာတဲ့"
"ပြောပါဦး ဘာတွေကို အလုပ်ရှုပ်နေတာလဲ"
"ငါလဲအလုပ်ရှုပ်နေတယ်ပဲသိတာဟ"
"သူ့ချစ်သူက ဘယ်သူလဲမသိဘူးနော်"
"အေးဟ ဒါပေမဲ့ ဒီကုမ္ပဏီရဲ့ shareဝင် အမတစ်ယောက်နဲ့ အခုတလောအရမ်းတွဲနေတာနော်"
"ဟမ် အမဂျီဟိုလား"
"အင်း ဟုတ်တယ်လေ"
"သူတို့နှစ်ယောက်ဆိုရင်တော့ သဘောတူတယ် နှစ်ယောက်လုံးက ထက်ထက်မြတ်မြတ်ရှိကြတယ်ဟ"
"ဟုတ်တယ် အရမ်းလိုက်ဖတ်နေမှာပဲနော်"
တကယ်ပဲ ဂျောင်ဂုက အသစ်‌တွေ့နေပြီလား။သူကိုရော စွန့်ပစ်တော့မှာလား။ကွာရှင်းတော့မှာလား။လားပေါင်းများစွာသောအတွေးများက ဂျီမင်ရဲ့ရင်ကို ပူလောင်စေသည်။
ဒီညတော့ဂျီမင်အိပ်မပျော်ပါ ဘယ်လိုအိပ်ပျော်အောင်ကြိုးစားကြိုးစား စိတ်တွေအရမ်းလေးလံနေသောကြောင့် ဘယ်လိုမှအိပ်၍မရပါ။ကုတင်ထပ် လူးလှိမ့်နေရင်း တံခါးဖွင့်သံခပ်တိုးတိုးကြောင့် ဂျီမင်မျက်လုံးမှိတ်ကာငြိမ်နေလိုက်သည်။
"ဟုတ် မ ဒီညအရမ်းပျော်ခဲ့ရပါတယ်။
"ကျွန်တော် မ,ကိုအရင်တွေ့ခဲ့ရင်ကောင်းမှာပဲ"
"ဟုတ်တယ်ဗျာ ကျွန်တော်စိတ်ရူပ်နေခဲ့တာ မ,နဲ့တွေ့တာ ကျွန်တော်ကိုဘုရားမတာပဲ"
"အင်းပါဗျာ ဟုတ်ပါပြီ goodnight "
အရက်နံများနှင့် တစ်ဖက်အား phone နဲ့စကားပြောနေခြင်း။ဒါဘယ်လိုအဓိပ္ပာယ်တွေလဲ ရှင်းနေပါပြီ။သူနောက်တစ်ယောက်တွေ့နေပြီပဲ။‌မျှော်လင့်မိတာကိုကသူ့အမှားပဲလေ ဂျောင်ဂုကသူ့အပေါ်ကို သာယာမိတာ။တစ်ခါမှမခံစားဖူးတဲ့အရသာမို့ ပေါ်ပင်အနေနဲ့သာယာမိခြင်းသက်သက်သာ။
"Babyတောင်အိပ်ပျော်နေပြီပဲ goodnight"
ဆိုကာတစ်ဖက်သို့လှည့်အိပ်နေသောကောင်လေးအားဖက်ကာ ခါးသိမ်သိမ်လေးအားပွတ်သက်ရင်းအိပ်ပျော်သွားသောသူ။ကောင်လေးတစ်ယောက် ကြိတ်ငိုရလွန်းလို ရှိုက်သံသေးသေးလေးတွေထွက်နေတာတောင် ဂျောင်ဂုမသိတော့။
---------------------
"မောင် တကယ်လို့ မင်းမှာချစ်သူရှိနေရင် ငါ့ကိုပြောနော် ငါကွာရှင်ဖို့အတွက်ပြင်ဆင်သင့်တာပြင်ရအောင်လို့"
ဂျီမင် ညက တစ်ညလုံးအိပ်မရပါ ။မနက်ဂျောင်ဂုနိုးတဲ့အချိန်ထိ အိပ်မရခဲ့။ထို့ကြောင့် ဂျောင်ဂုနှင့်စကားပြောရန် အခွင့်အရေးရခဲ့သည်။
"မောင်တို့ကဘာလို့ကွာရှင်းရမှာလဲ နောက်တစ်ခါ အဲ့ကွာရှင်းမယ်ဆိုတာပြောကြည့် babyခြေထောက်တွေကို မောင်ကြိုးတုတ်ထားမှာ မောင့်မှာ babyမသိနိုင်တဲ့ သိရင်တောင် baby မထင်ထားနိုင်လောက်တဲ့ အင်းအားကြီးရှိတယ်ဆိုတာတော့ babyသိထား"
ပြောကာစိတ်တိုတိုနှင့် တံခါးဆောင့်ပိတ်သွားသောဂျောင်ဂုရယ်။ဂျီမင်လဲထမင်းစားခန်းထဲလိုက်ခဲ့ပြီး မနက်စာစားကြရင်း။
"မောင် ဒီနေ့ကုမ္ပဏီကိုငါလိုက်ခဲ့မယ်လေ နော်"
"ဘာလိုက်လုပ်မှာလဲ အိမ်မှာပဲနေခဲ့ ပျင်းနေရင်ဟိုဘက်ခြံက ညီအကိုနှစ်ယောက်ဆီသွားနေလေ ကုမ္ပဏီမှာက အလုပ်တွေရူပ်နေတာ babyပိုပျင်းနေလိမ့်မယ် နေခဲ့"
"မောင်ပဲ အကိုဟိုဆော့တို့နဲ့ပေါင်းတာမကြိုက်ဘူးဆို အဲ့တာကြောင့်...."
"တော်ပြီ အဲ့တာအရင်က အခုပျင်းနေရင်သွားလို့ရတယ် မောင်ကလွဲပြီးဘယ်သူနဲ့မှမဖောက်ပြန်ရင်ပြီးရော"
"ငါ..."
"ကျွန်တော်နောက်ကျနေပြီ သွားပြီbaby ...ပြွတ်"
ပြောမည့်စကားများအား ဖြတ်ပြောကာ ဂျီမင်နဖူးအားအနမ်းပေးပြီးထွက်ခွာသွားသောဂျောင်ဂု ။
-------------------
"ဒုဥက္ကဌနဲ့ကြိုချိန်းမထားရင် တွေ့လို့မရပါဘူးရှင့်။အခုအရေးကြီးတဲ့ဧည့်သည်နဲ့တွေ့နေရလို့ပါ"
ဂျီမင်ကိုမြင်တာနဲ့ ဂျီမင့်အပြောကိုတောင်မလို တစ်ခါတည်းဒုဥက္ကဌနဲ့တွေ့လို့မရဘူးဟုတန်းပြော‌လာသော ဧည့်ကြို‌မလေးအား
"မင်းတို့ ဒုဥက္ကဌရုံးခန်း ဘယ်မှာလဲ ငါ့ကိုလိုက်ပြ"
"ကြိုချိန်မထားရင်..."
"ငါကသူ့ယောကျာ် ကြိုချိန်ဖို့လိုသေးလား အခုချက်ချင်းလိုက်ပြ"
ဒေါသဖြင့်လိုက်လာသော ဂျီမင်မှာ ဧည့်ကြိုကောင်မလေးများအပေါ်၌ပုံချမိနေသည်။
"အဲ့လိုပြောတိုင်းဘယ်လိုလုပ်ပြီယုံရမှာလဲ ဒုဥက္ကဌလက်ထပ်တဲ့သီတင်းလဲမကြားမိပါဘူး ။ရှင်လျှောက်ပြောမနေပါနဲ့ ။ကျွန်မတို့ဒုဥက္ကဌကိုသိက္ခာချနေတာပဲ ရှင်က"
"မင်း ငါကိုလိုက်ပို့မှာလား အလုပ်ထုပ်ခံချင်လား"
မကောင်းဆိုးဝါးတစ်ကောင်လို ပြောင်းလဲသွားသောဂျီမင်မျက်လုံးများကြောင့် ကြောက်မိတာတော့အမှန်ပါ။သူ ဂျီမင်ကို ဘယ်လိုတုန့်ပြန်မိလဲတော့မသိ ဘေးကတစ်ယောက်မှ
"လာပါ ကျွန်မလိုက်ပို့ပါ့မယ် ဒီဘက်ကြွပါရှင့်"
"မရှိပါဘူး"
"ဟုတ်ကဲ့ပါရှင်"
"ဟမ် အမဂျီဟိုလား"
"အင်း ဟုတ်တယ်လေ"
---------------------
"ငါ..."
-------------------
"ကြိုချိန်မထားရင်..."
Continue Reading
You'll Also Like
432K 68.3K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
366K 38.3K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...
79.9K 11.1K 47
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...
1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...