နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [4]

1.8K 173 8
By Lazy_Little_Meow


Unicode

Chapter 4  The Enthusiastic Literary Director

နဉ်ရှီဟာ တစ်နွေလုံးရုပ်ရှင်ရိုက်ရင်း သူ(မ)ရဲ့ဇာတ်ဝင်ခန်းတွေအားလုံး ရိုက်ကူးဖို့စောင့်နေရင်းနှင့်ပင် အချိန်ကုန်ဆုံးခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ကဇာတ်ကားတစ်ခုလုံးကို အပြီးသတ်ခဲ့တဲ့အချိန် ဆောင်းဦးအစကိုပင်ရောက်နေနှင့်ပြီ။

ရုပ်ရှင်မြို့တော်မှထွက်လာပြီးနောက် မြို့တော်ကိုပြန်မည့်လေယာဉ်ပေါ်ရောက်မှသာလျှင် နဉ်ရှီသည်နောက်ဆုံးစိတ်လျှော့သွားရကာ သက်သာရာရသွားလေ၏။ ရိုက်ကူးရေးအဖွဲ့သားတွေက သူတို့၏အချိန်ဇယားကို ခပ်မြန်မြန်အမှီလိုက်ရန်နှင့် အချိန်မှီအပြီးသတ်ဖို့ရန်အတွက် သူတို့လည်းပြီးခဲ့တဲ့နှစ်ပတ်လုံး ကောင်းကောင်းမအိပ်ခဲ့ရချေ။ ဒုတိယအမျိုးသမီးဇာတ်ဆောင်အနေဖြင့် နဉ်ရှီလည်း ခက်ခဲကြမ်းတမ်းသော အလုပ်မှကင်းလွတ်ခွင့်မရှိနေပေ။

လေယာဉ်စတင်ပျံသန်းသည့်အခါဝယ် နဉ်ရှီသည်သူ(မ)မျက်လုံးတွေကိုပိတ်ပြီး အိပ်ပျော်သွားလေ၏။ လေယာဥ်ဆင်းသက်ခါနီး တုန်ခါမှုအနည်းငယ်ကိုမကြုံလိုက်ရမချင်း သူ(မ)မနိုးလာခဲ့ဘူး။ ဖြစ်ချင်တော့ သူတို့တွေလေယာဥ်ဆင်းသက်ဖို့ အဆင်သင့်ဖြစ်ခါနီးနေပြီ။

နဥ်ရှီကနာရီကြည့်ဖို့ သူ(မ)၏လက်ကို မြှောက်လိုက်သည်။ မွန်းလွဲ၃နာရီပင်ရှိနေပြီ။ သူ(မ)ရဲ့နဖူးကိုနှိပ်နယ်လိုက်ပြီး မူးနောက်နောက်ဖြစ်နေကာ ထိုင်ခုံအထက်ပြန်လှဲချလိုက်၏။

ရှောင်ယန်က နဉ်ရှီရဲ့ဒူးထိလျှောကျနေတဲ့စောင်ကို ဂရုတစိုက်နဲ့ပြန်တင်ပေးပြီး သူမကိုမေးလိုက်သည်။

"အစ်မရှီ, အဆင်ပြေရဲ့လား?"

"ထွေထွေထူးထူးမဟုတ်ပါဘူး" နဉ်ရှီ ပြုံးလိုက်၏။ "ကျွန်မ ဒီတစ်လော ကောင်းကောင်းမအိပ်ထားရလို့လေ"

ပြီးခဲ့တဲ့ရက်တွေက မအားလပ်နိုင်အောင် များပြားလှတဲ့ ရိုက်ကူးရေးတွေကိုသတိရသွားကာ ရှောင်ယန်၏မျက်နှာက ရှုံ့မဲ့သွား၏။ သရုပ်ဆောင်တွေဘဝက တကယ်ကို မလွယ်ကူဘူးပဲ။

သူတို့လေဆိပ်ကထွက်လာသည်နှင့်တစ်ပြိုင်နက် နဥ်ရှီဟာဆူညံနေတဲ့မြင်ကွင်းနှင့် ဆုံလိုက်ရကာ ဖန်တစ်ယောက်ကိုဝင်တိုက်မိသွားသည်။ နဥ်ရှီဟာ မိန်းကလေးတစ်ယောက်ကြောင့် မြေပေါ်ကိုပြုတ်ကျလုနီးနီးပင်။ သူ(မ)ကကြမ်းခင်းပေါ်ကို လက်တစ်ဖက်ဖြင့်ထောက်ထားရာ ခုလေးတင်ဖြတ်သွားတဲ့မိန်းကလေးကို မမြင်နိုင်ခဲ့ပေ။

"ဆောရီးနော် တောင်းပန်ပါတယ်!"

မိန်းမငယ်လေးက သူ(မ)တစ်စုံတစ်ယောက်ကို မတော်တဆတိုက်မိလိုက်ကြောင်း သတိထားမိသွား၏။ သူ(မ)တောင်းပန်လိုက်ပြီး သူ(မ)သဘောကျတဲ့ သရုပ်ဆောင်တွေရဲ့ဓာတ်ပုံတွေရိုက်နေတာကို ရပ်တန့်လိုက်ကာ နဥ်ရှီကိုကူညီဖို့ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

"အစ်မရှီ!"

ရှောင်ယန်ထိတ်လန့်သွား၏။ သူ(မ)ကခရီးဆောင်အိတ်ကို ဘေးမှာချထားလိုက်ပြီး မိန်းကလေးနှင့်အတူနဥ်ရှီကို မတ်တတ်ရပ်ဖို့ကူညီရန် ကိုယ်ကိုညွှတ်လိုက်သည်။

"အဆင်ပြေပါတယ်" နဥ်ရှီကသူ(မ)၏ဆံပင်ကို နားနောက်သို့ ကြော့ရှင်းစွာသိမ်းလိုက်ပြီး မိန်းမငယ်လေးကိုပြုံးပြလိုက်၏။

မိန်းမငယ်လေးကသူ(မ)ကို သတိလက်လွတ်နှင့်စိုက်ကြည့်နေမိပြီး စက္ကန့်အနည်းငယ်ကြာမှသာ သတိပြန်ဝင်လာသည်။

"ရှင် ဘယ်နားထိသွားသေးလဲ? ကျွန်မကိုဆရာဝန်ဆီခေါ်သွားခွင့်ပြုပါ"

"မစိုးရိမ်ပါနဲ့ ကျွန်မအဆင်ပြေပါတယ်" နဥ်ရှီကသူ(မ)၏သွယ်လျတဲ့လက်ချောင်းဖြင့် အရှေ့ကိုညွှန်ပြလိုက်သည်။ သူ(မ)ညင်သာစွာပြုံးကာ ပြောလိုက်၏။ "မင်းသဘောကျတဲ့သရုပ်ဆောင်က လျှောက်ထွက်သွားတော့မယ်ထင်တယ်"

"ဘာကြီး?!"

မိန်းမငယ်လေးက သူ(မ)ရဲ့idolနောက်ကိုလိုက်ဖို့ အဲ့ဒီမှာရှိနေကြောင်းသတိရသွားပြီး ချက်ချင်းလူအုပ်နောက်အမှီလိုက်ဖို့ပြေးသွားကာ နဥ်ရှီကိုနောက်တစ်ကြိမ်တောင်းပန်လိုက်သည်။

မိန်းမငယ်လေးကို နောက်ထပ်မမြင်ရတော့သည်အထိစောင့်ရင်း နဥ်ရှီသည်သူ(မ)၏လက်ကောက်ဝတ်မှဒဏ်ရာကို မှုတ်နေခဲ့သည်။ သူ(မ)ရဲ့imageကိုသတိမထားမိဘဲပေါ့။ သူ(မ)ကဝမ်းနည်းတဲ့မျက်နှာထားကိုပြုလုပ်ထားရင်း ပြော၏။

"ညတုန်းကပန်းကန်လုံးကွဲတဲ့အကြောင်း အိပ်မက်မက်တာ မဆန်းတော့ပါဘူး"

"ဘာများလဲ?" ရှောင်ယန်ကဇဝေဇဝါနှင့် မေးလိုက်သည်။ "အဲ့ဒါကဘယ်လို ဆက်စပ်နေလို့လဲ?"

နဉ်ရှီမျက်ခုံးပင့်လိုက်သည်။

"အဲ့ဒါက ကျွန်မဒီနေ့အခက်အခဲတွေနဲ့လုံးပန်းရတော့မယ်ဆိုတဲ့ လက္ခဏာပဲလေ"

ရှောင်ယန်မရေမရာနှင့်သာခေါင်းငြိမ့်လိုက်လေ၏။ "အိုး" သူ(မ)နဉ်ရှီကိုကြည့်လိုက်ရင်း မတတ်နိုင်ပေမယ့် တွေးလိုက်မိသည်။ အနှီအစ်မရှီသည် တကယ့်ကိုညင်သာတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တာမို့ လူတွေက သူ(မ)လိုအလွန်တရာငယ်ရွယ်ပြီး ကြင်နာတတ်သူကို နာကျင်အောင်လုပ်မိဖို့ကို တွန့်ဆုတ်နေကြလိမ့်မည်။

သူ(မ)ကထူထဲလှတဲ့လူအုပ်ကြီးကို လှမ်းကြည့်တော့ ဖန်တွေက'ထာဝရ ငါ့အချစ်'လိူ့ရေးထားတဲ့ စာတန်းလိုမျိုးတွေကိုင်ထားတာ တွေ့လိုက်ရ၏။

အခြေအနေကထိန်းချုပ်ဖွယ်ရာမရှိတာ မဆန်းတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချူးဟန်ဟာ ရေပန်းစားနေတဲ့Idol dramaတစ်ခုထဲမှာ ဒီတစ်လောကမှ ပါဝင်သရုပ်ဆောင်ထားလေရာ သူဟာမိန်းကလေးတွေကြား အလွန်အကြူးကိုနာမည်ကျော်ကြားနေတော့၏။ ဒီလူတွေဒီမှာသူ့ကိုတွေ့ရဖို့လာကြတယ်ဆိုတာ အံ့သြဖွယ်ရာမရှိတော့ချေ။

နဥ်ရှီရဲနှလုံးက အခုချိန်မှာကြွေမွနေလေပြီ။ သူ(မ)ဒီကနေ ခုန်ထွက်သွားဖို့ကို မစောင့်နိုင်တော့ဘူး။ ဒါပေမယ့် သူ(မ)၏ဂုဏ်သရေ၊ လှပမှုနှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရမည်ဖြစ်ကာ အဲ့ဒီလိုယဥ်ကျေးမှုမရှိတဲ့လုပ်ရပ်ကို ဘယ်လုပ်နိုင်ပါ့မလဲ?

ဒါကြောင့် သူမကိုယ်သူမပြန်ထိန်းထားလိုက်သည်။

အနီးအနားကနားနေခန်းတစ်ခုမှာ မီးခိုးရောင်suitဝတ်ထားတဲ့ အမျိုးသားတစ်ယောက်က သူ့သူငယ်ချင်းကိုကော်ဖီတစ်ခွက်ကမ်းပေးလိုက်သည်။

"အဲ့အမျိုးသမီးကလှလွန်းလို့ ဒီလူမှာ သူ(မ)ပြုတ်ကျသွားတာကို မခံနိင်ဘူးကွယ်"

သူ၏သူငယ်ချင်းက ကော်ဖီတစ်ခွက်ကိုချထားလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ဝေ့ကြည့်ဖို့ ခေါင်းမော့လိုက်သည်။ သူက ဝင်ပေါက်နားမှာတိုးပိတ်နေတဲ့ ဖန်တွေတစ်သိုက်ရဲ့ သက်ဝင်လှုပ်ရှားဖွယ်မြင်ကွင်းကိုသာ မြင်လိုက်ရ၏။

သူ့သူငယ်ချင်းကပြန်မဖြေတာတွေ့ပေမယ့်လည်း ထိုလူကစိတ်မရှိလေဘူး။ သူကပြုံးသာပြုံးပြီး မေးလိုက်သည်။

"လာမဲ့ရက်အနည်းငယ်အတွင်း ငါတို့တွေပါတီတစ်ခုကျင်းပဖို့ရှိတယ်, မင်းရောလာချင်လား?"

သူငယ်ချင်းဆိုသူကကော်ဖီခွက်ကိုကြည့်ပြီး တည်ငြိမ်စွာပြန်ပြောလိုက်ကာ, "အဲ့ဒီအကြောင်းနောက်မှပြောရအောင်" သူကလူတွေ ပျားပန်းခတ်သွားလာလှုပ်ရှားနေကြတာကို ကြည့်ဖို့​ပြန်လှည့်သွားကာ သူ့မျက်လုံးတွေက ပျင်းရိနေပုံရသည်။

နဥ်ရှီကနှစ်ရက်လောက်အနားယူဖို့အတွက် တိုက်ခန်းကိုပြန်သွားခဲ့သည်။ ပြီးနောက် သူ(မ)ကုမ္ပဏီကိုပြန်သွားသောအခါ ကျန်းချင်းယွင်က သူ(မ)ရဲ့လက်ထဲကိုဇာတ်ညွှန်းတစ်ပုဒ် ထိုးပေးလာ၏။

"ဒီဟာက ဘာဒရာမာအမျိုးအစားလဲ?"

နဥ်ရှီကဇာတ်ညွှန်းကိုလှန်လှောပြီးဖတ်ကြည့်တော့ အဲ့ဒါက မော်ဒန်ခေတ်ရုပ်ရှင်ဖြစ်ပြီး သူမရဲ့ကာရိုက်တာကလည်း အခန်းကဏ္ဍများများစားစားမပါရှိချေ။

'သူရဲကောင်းရဲ့ရည်းစားဦးလား?'

'ဒါမှမဟုတ်ရင် သေနှင့်ပြီးတဲ့ အချစ်ဦးလား?'

"တိုးတက်ဖို့ကအချိန်တွေရှိသေးတယ်...မင်းကအခုချိန်မှာမအောင်မြင်သေးဘူး...အနာဂတ်မှာကိုယ့်ကိုကိုယ်တိုးတက်အောင်မြင်လာဖို့က ဇာတ်ကောင်ကောင်းကောင်းတွေမှာ သရုပ်ဆောင်ပြီး လေ့ကျင့်ထားတာက ကောင်းတယ်လေ" ကျန်းချင်းယွင်က ရှင်းပြသည်။ "ဒီဇာတ်ကားက ထုတ်လုပ်ရေးအကြီးစားတော့မဟုတ်ပေမဲ့ ဇာတ်လိုက်ကလတ်တလောမှာ နာမည်ကြီးနေတော့ box officeက အရမ်းကြီး ဆိုးနေမှာတော့မဟုတ်ပါဘူး"

[T/N: box officeကရုပ်ရှင်ရုံမှာ လက်မှတ်ရောင်းတဲ့နေရာပါတဲ့ ဆိုလိုတာကဇာတ်ကားက အရမ်းကြီးမကောင်းရင်တောင် ပါတဲ့ဇာတ်လိုက်ကြောင့် လက်မှတ်ကရောင်းသင့်သလောက်တော့ရောင်းရမှာပေါ့]

နဥ်ရှီခေါင်းငြိမ့်လိုက်၏။ ကျန်းချင်းယွင်အတွက် ဒီလိုသဘောတူညီချက်တွေ လုပ်ဖို့အထိဆိုတာက သူ(မ)ရဲ့အလုပ်အကိုင်တိုးတက်မှုအပေါ် ဘယ်လောက်ဂရုစိုက်ကြောင်း ပြနေတာကို သူ(မ)ရှင်းရှင်းလင်းလင်း နားလည်ပါ၏။

နဥ်ရှီသဘောတူတာမြင်လေတော့ ကျန်းချင်းယွင်အလွန်ကျေနပ်သွားရသည်။ ထိုင်ခုံပေါ်မှာရှိနေတဲ့သူ့ရဲ့suitအင်္ကျီကို ကောက်ယူလိုက်ကာ,

"သွားရအောင်, အစ်ကိုမင်းကို ဒါရိုက်တာနဲ့အဖွဲ့သားတွေဆီ တွေ့ဖို့ခေါ်သွားပေးမယ်"

'ကိုယ့်နှလုံးသားက မင်းကိုပဲတမ်းတနေမိတယ်'

ဒီဇာတ်ကား၏ရိုက်ကူးရေးက အဆုံးကိုရောက်ဖို့နီးနေလေပြီ။ ရိုက်ဖို့ကျန်နေသေးတဲ့ဇာတ်ကွက်တွေဆိုလို့ ဇာတ်လိုက်ရဲ့အချစ်ဦးနှင့်ပက်သက်သည့် ဇာတ်ဝင်ခန်းအနည်းငယ်ပင်။ ဒီဇာတ်ကားဟာ နာမည်ကြီးweb novelတစ်ခုကနေ ပြောင်းလဲရိုက်ကူးထားခြင်းဖြစ်ပြီး ဝတ္ထုထဲမှာဆိုလျှင်ဖြင့် သူရဲကောင်း၏အချစ်ဦးကို ဖော်ပြထားသည်မှာ မရှိသလောက်ရှား၏။ သို့ပေမယ့် သူရဲကောင်း၏စကားအနည်းငယ်အရတော့ သူ(မ)ကသူ့အတွက် ပကတိပြည့်စုံနေသည်ကို သိနိုင်ပေ၏။ မဟုတ်လျှင်သူရဲကောင်းက ဇာတ်လိုက်မနှင့်ချစ်မိသွားသည်ထိတိုင် သူ့နှလုံးသားတွင်သူ(မ)ကနှစ်ပေါင်းများစွာတိုင်အောင် တည်ရှိနေမည်မဟုတ်ပေ။

ရိုက်ကူးရေးမစတင်မီက အဖွဲ့သားတွေဟာဒီဇာတ်ကောင်အတွက် သင့်တော်သည့်သရုပ်ဆောင်တစ်ယောက်ကို ရှာနေခဲ့သည်။ ဒါပေမယ့် ဇာတ်လိုက်ကရုတ်တရက်ကြီး ပေါ်ပြူလာဖြစ်လာမယ်လို့ ဘယ်သူကသိမှာလဲ? အလုပ်ပမာဏကတိုးပွားလာသည်နှင့်အမျှ သူတို့ကဒီသေးငယ်တဲ့ဇာတ်ကောင်ကို လျစ်လျူရှုလိုက်တော့သည်။

အနုပညာလောကမှာ ဒီလိုအရာမျိုးတွေဆိုတာ ဖြစ်နေကျပင်။ သရုပ်ဆောင်မင်းသမီး(နဥ်ရှီ)က အလွန်လှနေသောကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေလည်း အကျဥ်းအကျပ်ဖြစ်အောင်မလုပ်ချင်သဖြင့် အဆုံးမှာသုံးနေကျနည်းလမ်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။

အခုတော့ထိုရုပ်ရှင်က ပြီးခါနီးနေပြီဖြစ်ရာ ဒါရိုက်တာက ဇာတ်လိုက်နှင့်အချစ်ဦးနေရာတွင် သရုပ်ဆောင်ရမည့်သူတို့ရိုက်ရမည့်အခန်းတွေကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။ ကျန်းချင်းယွင်နှင့်ဒါရိုက်တာက သူငယ်ချင်းတွေဖြစ်ပုံရသည်။ ကျန်းချင်းယွင်က ဒီရုပ်ရှင်ထုတ်လုပ်ရေးမှာဖြစ်နေတဲ့အခြေအနေကို သိသည်နှင့် သူဟာနဥ်ရှီ၏ကိုယ်ရေးမှတ်တမ်းစာရွက်ကို သွားယူကာ ဒါရိုက်တာကိုပြလိုက်သည်။ သည်လိုနှင့်ဇာတ်ကောင်က အခုတော့ထိုရုပ်ရှင်က ပြီးခါနီးနေပြီဖြစ်ရာ ဒါရိုက်တာက ဇာတ်လိုက်နှင့်အချစ်ဦးနေရာတွင် သရုပ်ဆောင်ရမည့်သူတို့ရိုက်ရမည့်အခန်းတွေကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။ ကျန်းချင်းယွင်နှင့်ဒါရိုက်တာက သူငယ်ချင်းတွေဖြစ်ပုံရသည်။ ကျန်းချင်းယွင်က ဒီရုပ်ရှင်ထုတ်လုပ်ရေးမှာဖြစ်နေတဲ့အခြေအနေကို သိသည်နှင့် သူဟာနဥ်ရှီ၏ကိုယ်ရေးမှတ်တမ်းစာရွက်ကို သွားယူကာ ဒါရိုက်တာကိုပြလိုက်သည်။ သည်လိုနှင့်ဇာတ်ကောင်က သူမဆီပေးအပ်ခြင်းခံလိုက်ရလေ၏။

နဥ်ရှီရိုက်ကွင်းကိုရောက်တော့ အပြင်မှာမိုးရွာနေပြီဖြစ်ကာ ဒါရိုက်တာကသူ(မ)ကိုအဝတ်လဲခန်းထဲခေါ်သွားဖို့ ဝန်ထမ်းတစ်ယောက်ကိုပြောလိုက်သည်။ ထို့နောက်သူဆက်ပြော၏။

"ရာသီဥတုကတော့ ဘုရားမတာပဲဟေ! အခု မိုးရေထဲမှာအချစ်ဦးနဲ့တွေ့မဲ့ အခန်းနှစ်ခုကို ရိုက်လိုက်ရအောင်!"

အချစ်ဦးအနေဖြင့် သရုပ်ဆောင်နေရသည့် နဥ်ရှီ: "....."

ထုံးစံအတိုင်းပင် မှော်ဆန်တဲ့မိတ်ကပ်တချို့တင်လိုက်သည်နှင့် နဥ်ရှီဟာ ချက်ချင်းပဲ၂၃နှစ်အရွယ်မိန်းမပျိုလေးကနေ ၁၇နှစ်အရွယ်မိန်းကလေးအဖြစ် ပြောင်းလဲသွားသည်။ သူ(မ)မှန်ထဲကိုကြည့်လိုက်ရာ ဖြူဝင်းတဲ့အသားအရောင်, မည်းနက်ပြီးဖြောင့်တန်းတဲ့ဆံပင်ကိုတွေ့လိုက်ရ၏။ ဘာ​ကြောင့်​ဇာတ်ကားတိုင်းလိုလိုကအချစ်ဦးတွေက အဖြူရောင်ဂါဝန်ဝတ်ရလဲဆိုတာ သူ(မ)မတတ်နိုင်ဘဲ တွေးလိုက်မိသည်။

'နည်းနည်းလေးပိုပြီးတော့ ဖန်တီးနိုင်စွမ်းမရှိဘူးလား အနီရောင်ဂါဝန်ပြောင်းရင်ပဲဖြစ်ဖြစ် မဟုတ်လည်းအမည်းရောင်စကတ်ပဲဖြစ်ဖြစ် အကွက်ဆင်တွေပါတဲ့စကတ်ပဲဖြစ်ဖြစ်ပေါ့?'

သူ(မ)အဝတ်လဲခန်းကထွက်လာသောအခါ ဒါရိုက်တာကသူ(မ)ဆီချဥ်းကပ်လာ၏။

"ဒီဇာတ်ဝင်ခန်းကအရမ်းအရေးကြီးတယ်။မင်းမှာပြောရမဲ့စာသားတွေမရှိပေမဲ့ မင်းအနေနဲ့မျက်လုံးနဲ့အချိတ်အဆက်မိအောင်လုပ်ရမယ်...မင်းပြုံးတဲ့ပုံစံ...မင်းပြေးတဲ့ပုံစံတွေပေါ့။ မင်းကပန်းတစ်ပွင့်...မင်းကနွေဦးလေပြေဖြစ်တဲ့အပြင် မင်းကကမ္ဘာပေါ်မှာအလှပဆုံးရတနာမင်းကကမ္ဘာပေါ်မှာအလှပဆုံးရတနာပဲ။ မိုးစက်ကတောင်မှ မင်းရဲ့နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိတာကို မဖုံးကွယ်နိုင်ဘူး။ ငါပြောတာကိုနားလည်လား?" ဒါရိုက်တာကစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "ဘယ်ယောကျ်ားမဆိုမင်းကိုမြင်လိုက်တာနဲ့ သူကချစ်ခြင်းဆိုတဲ့ခံစားချက်ကို အောက်မေ့သွားရမှာ...ရပြီလား?"

နဉ်ရှီပါးစပ်ကိုဖွင့်ဟလိုက်ပေမယ့် သူ(မ)မပြောလိုက်ရခင်မှာပဲ ဒါရိုက်တာကသူ့လက်တွေကိုဝှေ့ရမ်းကာ ကြားဖြတ်ပြောလာ၏။

"နားမလည်လည်း ဘာမှမဖြစ်ဘူး...ဇာတ်ကွက်ကိုနှစ်ခါလောက်ပြန်ရိုက်ရင် ရသွားလိမ့်မယ်" ဒါရိုက်တာကကောင်းကင်ကိုကြည့်ပြီးနောက် နဥ်ရှီကိုကြည့်ပြန်သည်။ "မင်းဒီဇာတ်ဝင်ခန်းကိုrain machineနဲ့မရိုက်ရတာ ကံကောင်းတယ်။ အဲ့ထဲကရေတွေကလုံးလုံးကြီး သန့်ရှင်းနေတာမဟုတ်ဘူး"

[T/N: Rain machineလေး]

(Photo source from Google)

မြို့တော်ကမိုးရေက အလွန်ကိုသန့်စင်ပြီး ကြည်လင်နေသည့်အတိုင်းပင်။(ရွဲ့ပြော​တာxD) နဉ်ရှီကနီရဲနေတဲ့မျက်လုံးတွေနဲ့ စိတ်လှုပ်ရှားနေသည့် ဒါရိုက်တာကိုကြည့်ကာ တိတ်တိတ်သာနေလိုက်တော့၏။

ဇာတ်ဝင်ခန်းအကြောင်းတွေကို နဥ်ရှီကို​ပြောပြပြီးနောက် ဒါရိုက်တာကအမျိုးသားဇာတ်လိုက်ကိုရှာပြီး ရိုက်ကူးရေးနှင့်စပ်လျဥ်း၍ စကားစမြည်ပြောရန် လှည့်သွားလေသည်။ ရိုက်ကူးရေးအဖွဲ့သားတွေက ရိုက်ကွင်းသုံးပစ္စည်းတွေကို စတင်ရွှေ့ပြောင်းနေကြပြီ။ ကင်မရာမန်း, ရိုက်ကူးရေးအဖွဲ့သားတွေနှင့် အခုလေးတင်အဖွဲ့ထဲဝင်လာသည့် နဥ်ရှီတို့အားလုံး လမ်းမဆီတရွေ့ရွေ့သွားနေကြသည်။

"မစိုးရိမ်နဲ့ ,ဒီလမ်းကရိုက်ကူးရေးအတွက် ပိတ်ထားပြီးသား...ဘယ်လမ်းသွားယာဥ်မှ ငါတို့ကိုမနှောင့်ယှက်နိုင်ဘူး"

နဥ်ရှီလမ်းဘက်ကိုလျှောက်သွားစဥ်မှာ ဒါရိုက်တာကသူမကို လေးလေးနက်နက်ပြောလာခဲ့သည်။

နဥ်ရှီက သူ(မ)၏ရိုက်ကူးရေးမှာသုံးရမည့်ပစ္စည်းဖြစ်သည့် ထီးကိုကိုင်ထားရင်း အမျိုးသားဇာတ်လိုက်ချူးဟန်ဆီသွားပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်၏။

ချူးဟန်ကလတ်တလောမှာ အလွန်ကျော်ကြားနေပေမဲ့ သူကထောင်လွှားခြင်းမရှိလေဘူး။ သူကယဥ်ကျေးစွာဖြင့် သူ(မ)နှင့်အတူ စကားအနည်းငယ်ပြောနေကာ သူ(မ)သရုပ်ဆောင်တာကိုကြည့်ဖို့ ဘေးကိုလျှောက်သွားလိုက်၏။

ဇာတ်ကားတွေကဗီဒီယို၏အရည်အသွေးကို ပို၍လိုအပ်ကာ ဒီမှာဆိုရင် TV series ရိုက်စဥ်ကထက်ကို camera တွေပိုများလေသည်။ ဒါကြောင့်မို့ကင်မရာရှေ့မှာ တစ်ခုခုလွဲမှားသွားမည်ဆိုလျှင် အမှားကပုံကြီးချဲ့လိုက်သလို သိသာထင်ရှားနေလိမ့်မည်။

မိုးဖွဲလေးတွေရယ် ထီးလေးတစ်ချောင်းရယ် လူတွေရယ်ပေါ့...

မိုးရွာတဲ့ညနေခင်းဖြစ်တာကြောင့် လမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ သိပ်မရှိလေဘူး။ အဖြူရောင်ချည်သားဂါဝန်ဝတ်ထားသည့် ထီးတစ်ချောင်းနှင့်မိန်းကလေးက ချိုသာပြီးတစ်မူထူးကဲတဲ့ အပြုံးတစ်ခုကိုပန်ဆင်ရင်း လျှောက်နေသည်။

သူ(မ)ရဲ့မျက်ခုံးတွေက ရယ်လိုက်တဲ့အခါ အလွန်တရာလှပလွန်းလို့ ပန်းပွင့်လာသလိုပင်...မမေ့ရက်နိုင်စရာ ဖြစ်နေ၏။

ကင်မရာမှန်ဘီလူးက သူ(မ)ဆီမှာပုံကြီးချဲ့ထားသည့်အလျောက် သူတို့ကမိန်းကလေး၏မျက်တောင်တွေကို မြင်နိုင်၏။ အဲ့ဒီအချိန်မှာပဲ သူ(မ)ကရုတ်တရက်လမ်းလျှောက်တာကို ရပ်လိုက်ပြီး ချက်ချင်းဆိုသလို နောက်နှစ်လှမ်းဆုတ်လိုက်သည်။

ထိုနေရာကိုကားတစ်စီးကဖြတ်သွားတာကြောင့် သူ(မ)ကရွှံ့ရေတွေ သူ(မ)၏အဖြူ​ရောင်စကတ်ကို လာစင်မိမှာစိုး၍ဖြစ်သည်။

ညဘက်ကိုတဖြည်းဖြည်းရောက်လာသည်နှင့်အမျှ လမ်းကမှောင်စပြုလာကာ မိန်းကလေးဟာလမ်းပေါ်မှာရှိနေတဲ့ အထင်းလင်းဆုံးတည်ရှိမှုတစ်ခုဖြစ်လေသည်။ ဘက်စ်ကားပေါ်မှာထိုင်နေတဲ့ အမျိုးသားဇာတ်လိုက်က ပြတင်းပေါက်ကနေ သူ(မ)ကိုသတိထားမိလိုက်၏။

ထိုအခန်းကိုရိုက်ပြီးသွားတော့ သူမ၏အနီးကပ်ပုံတွေကို နည်းနည်းထပ်ရိုက်ပြီး ဒါရိုက်တာက နဥ်ရှီသရုပ်ဆောင်သွားတာနှင့်ပက်သက်၍ အလွန်စိတ်ကျေနပ်နေ၏။

"ဟုတ်တယ် ဒါပဲ!အဲ့ဒီခံစားချက်ပဲ! ယောကျ်ားတွေကိုဆွဲဆောင်နိုင်တဲ့ခံစားချက်! ကောင်းတယ်! နေုက်တစ်ခန်းကျရင် မင်းသေတဲ့အခါ မြင်ကွင်းကလှပနေဖို့ကိုမှတ်ထား!သေရင်လည်း လှလှပပသေရမယ်!"

နဥ်ရှီ၏နှုတ်ခမ်းထောင့်စွန်းက တွန့်သွားသည်။ သူ(မ)က ကျန်းချင်းယွင်ပေးလာတဲ့ ပဝါကိုယူကာ သူ(မ)ရဲ့လက်တွေကို၎င်းပေါ်မှသုတ်လိုက်၏။

"အရှေ့မှာရှိတဲ့လမ်းဖြတ်တစ်နေရာကို ပိတ်ထားတယ်။ ကြည့်ရတာရုပ်ရှင်ရိုက်နေကြတာထင်တယ်"

အနီးအနားကကားတစ်စီးထဲမှာ ဒရိုင်ဘာကသူဌေးဖြစ်သူကိုပြောလိုက်သည်။ ဘော့စ်ရဲ့ဘေးမှာထိုင်နေတဲ့အတွင်းရေးမှုးက ရှင်းလင်းနေတဲ့လမ်းပေါ်မှာ ကင်မရာနှစ်လုံး၊ ပါကင်ထိုးထားတဲ့ bus တစ်စီးနှင့် လွန်ခဲ့တဲ့ဆယ်စုနှစ်ခန့်ကဖက်ရှင်ကို ဝတ်ထားတဲ့လူတွေကိုတွေ့လိုက်ရသည်။ သူပြောလိုက်၏။

"ကြည့်ရတာ ကျွန်တော်တို့ဒီလမ်းကို ဖြတ်သွားလို့မရလောက်ဘူးထင်တယ်"

"အဆင်ပြေတယ်"

သူဌေးဖြစ်သူကပြတင်းပေါက်အပြင်ကို ကြည့်လိုက်ပြီး အဖြူရောင်စကတ်ဝတ်ထားတဲ့ သရုပ်ဆောင်မင်းသမီးက လမ်းမပေါ်မှာပြေးနေရင်း ကားကိုဝင်တိုးမိသည်ကိုမြင်သွား၏။ သူ(မ)ကပြုတ်ကျသွားကာ သူ(မ)ဆံပင်ကလည်းမြေပြင်ပေါ်က ရွှံ့ရေထဲကျနေလေသည်။ သူ(မ)ကိုကြည့်ရတာ ဒီအခက်ကြုံနေတဲ့အခြေအနေမှာ အလွန်သနားစရာကောင်းနေ၏။

"ရပ်လိုက်!"

သူရုတ်တရက်အော်လိုက်သည်။ ကားရပ်ပြီးနောက် သူတမန်းကတန်းကားထဲကထွက်သွားကာ ရိုက်ကူးရေးလုပ်ရာနေရာဆီ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေ၏။

အတွင်းရေးမှူးက တစ်စက္ကန့်လောက်ထိတ်လန့်သွားပေမယ့် သူကချက်ချင်းပဲ ထီးတစ်ချောင်းယူလိုက်ကာ ထိုသူ့နောက်လိုက်သွားလေ၏။

*********************
[T/N: ကိုင်လိုက်တဲ့အပုဒ်တိုင်းentertainment industry ဖြစ်နေတော့ သရုပ်ဆောင်တွေဘဝကို အလိုလိုနေရင်းလန့်လာပြီ") ]

**********************

Zawgyi

Chapter 4  The Enthusiastic Literary Director

နဥ္ရွီဟာ တစ္ေႏြလုံး႐ုပ္ရွင္႐ိုက္ရင္း သူ(မ)ရဲ႕ဇာတ္ဝင္ခန္းေတြအားလုံး ႐ိုက္ကူးဖို႔ေစာင့္ေနရင္းႏွင့္ပင္ အခ်ိန္ကုန္ဆုံးခဲ့သည္။ ႐ိုက္ကူးေရးအဖြဲ႕ကဇာတ္ကားတစ္ခုလုံးကို အၿပီးသတ္ခဲ့တဲ့အခ်ိန္ ေဆာင္းဦးအစကိုပင္ေရာက္ေနႏွင့္ၿပီ။

႐ုပ္ရွင္ၿမိဳ႕ေတာ္မွထြက္လာၿပီးေနာက္ ၿမိဳ႕ေတာ္ကိုျပန္မည့္ေလယာဥ္ေပၚေရာက္မွသာလွ်င္ နဥ္ရွီသည္ေနာက္ဆုံးစိတ္ေလွ်ာ့သြားရကာ သက္သာရာရသြားေလ၏။ ႐ိုက္ကူးေရးအဖြဲ႕သားေတြက သူတို႔၏အခ်ိန္ဇယားကို ခပ္ျမန္ျမန္အမွီလိုက္ရန္ႏွင့္ အခ်ိန္မွီအၿပီးသတ္ဖို႔ရန္အတြက္ သူတို႔လည္းၿပီးခဲ့တဲ့ႏွစ္ပတ္လုံး ေကာင္းေကာင္းမအိပ္ခဲ့ရေခ်။ ဒုတိယအမ်ိဳးသမီးဇာတ္ေဆာင္အေနျဖင့္ နဥ္ရွီလည္း ခက္ခဲၾကမ္းတမ္းေသာ အလုပ္မွကင္းလြတ္ခြင့္မရွိေနေပ။

ေလယာဥ္စတင္ပ်ံသန္းသည့္အခါဝယ္ နဥ္ရွီသည္သူ(မ)မ်က္လုံးေတြကိုပိတ္ၿပီး အိပ္ေပ်ာ္သြားေလ၏။ ေလယာဥ္ဆင္းသက္ခါနီး တုန္ခါမႈအနည္းငယ္ကိုမႀကဳံလိုက္ရမခ်င္း သူ(မ)မႏိုးလာခဲ့ဘူး။ ျဖစ္ခ်င္ေတာ့ သူတို႔ေတြေလယာဥ္ဆင္းသက္ဖို႔ အဆင္သင့္ျဖစ္ခါနီးေနၿပီ။

နဥ္ရွီကနာရီၾကည့္ဖို႔ သူ(မ)၏လက္ကို ေျမႇာက္လိုက္သည္။ မြန္းလြဲ၃နာရီပင္ရွိေနၿပီ။ သူ(မ)ရဲ႕နဖူးကိုႏွိပ္နယ္လိုက္ၿပီး မူးေနာက္ေနာက္ျဖစ္ေနကာ ထိုင္ခုံအထက္ျပန္လွဲခ်လိုက္၏။

ေရွာင္ယန္က နဥ္ရွီရဲ႕ဒူးထိေလွ်ာက်ေနတဲ့ေစာင္ကို ဂ႐ုတစိုက္နဲ႔ျပန္တင္ေပးၿပီး သူမကိုေမးလိုက္သည္။

"အစ္မရွီ, အဆင္ေျပရဲ႕လား?"

"ေထြေထြထူးထူးမဟုတ္ပါဘူး" နဥ္ရွီ ၿပဳံးလိုက္၏။ "ကြၽန္မ ဒီတစ္ေလာ ေကာင္းေကာင္းမအိပ္ထားရလို႔ေလ"

ၿပီးခဲ့တဲ့ရက္ေတြက မအားလပ္ႏိုင္ေအာင္ မ်ားျပားလွတဲ့ ႐ိုက္ကူးေရးေတြကိုသတိရသြားကာ ေရွာင္ယန္၏မ်က္ႏွာက ရႈံ႕မဲ့သြား၏။ သ႐ုပ္ေဆာင္ေတြဘဝက တကယ္ကို မလြယ္ကူဘူးပဲ။

သူတို႔ေလဆိပ္ကထြက္လာသည္ႏွင့္တစ္ၿပိဳင္နက္ နဥ္ရွီဟာဆူညံေနတဲ့ျမင္ကြင္းႏွင့္ ဆုံလိုက္ရကာ ဖန္တစ္ေယာက္ကိုဝင္တိုက္မိသြားသည္။ နဥ္ရွီဟာ မိန္းကေလးတစ္ေယာက္ေၾကာင့္ ေျမေပၚကိုျပဳတ္က်လုနီးနီးပင္။ သူ(မ)ကၾကမ္းခင္းေပၚကို လက္တစ္ဖက္ျဖင့္ေထာက္ထားရာ ခုေလးတင္ျဖတ္သြားတဲ့မိန္းကေလးကို မျမင္ႏိုင္ခဲ့ေပ။

"ေဆာရီးေနာ္ ေတာင္းပန္ပါတယ္!"

မိန္းမငယ္ေလးက သူ(မ)တစ္စုံတစ္ေယာက္ကို မေတာ္တဆတိုက္မိလိုက္ေၾကာင္း သတိထားမိသြား၏။ သူ(မ)ေတာင္းပန္လိုက္ၿပီး သူ(မ)သေဘာက်တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ဓာတ္ပုံေတြ႐ိုက္ေနတာကို ရပ္တန္႔လိုက္ကာ နဥ္ရွီကိုကူညီဖို႔ ကိုယ္ကိုကိုင္းၫႊတ္လိုက္သည္။

"အစ္မရွီ!"

ေရွာင္ယန္ထိတ္လန္႔သြား၏။ သူ(မ)ကခရီးေဆာင္အိတ္ကို ေဘးမွာခ်ထားလိုက္ၿပီး မိန္းကေလးႏွင့္အတူနဥ္ရွီကို မတ္တတ္ရပ္ဖို႔ကူညီရန္ ကိုယ္ကိုၫႊတ္လိုက္သည္။

"အဆင္ေျပပါတယ္" နဥ္ရွီကသူ(မ)၏ဆံပင္ကို နားေနာက္သို႔ ေၾကာ့ရွင္းစြာသိမ္းလိုက္ၿပီး မိန္းမငယ္ေလးကိုၿပဳံးျပလိုက္၏။

မိန္းမငယ္ေလးကသူ(မ)ကို သတိလက္လြတ္ႏွင့္စိုက္ၾကည့္ေနမိၿပီး စကၠန္႔အနည္းငယ္ၾကာမွသာ သတိျပန္ဝင္လာသည္။

"ရွင္ ဘယ္နားထိသြားေသးလဲ? ကြၽန္မကိုဆရာဝန္ဆီေခၚသြားခြင့္ျပဳပါ"

"မစိုးရိမ္ပါနဲ႔ ကြၽန္မအဆင္ေျပပါတယ္" နဥ္ရွီကသူ(မ)၏သြယ္လ်တဲ့လက္ေခ်ာင္းျဖင့္ အေရွ႕ကိုၫႊန္ျပလိုက္သည္။ သူ(မ)ညင္သာစြာၿပဳံးကာ ေျပာလိုက္၏။ "မင္းသေဘာက်တဲ့သ႐ုပ္ေဆာင္က ေလွ်ာက္ထြက္သြားေတာ့မယ္ထင္တယ္"

"ဘာႀကီး?!"

မိန္းမငယ္ေလးက သူ(မ)ရဲ႕idolေနာက္ကိုလိုက္ဖို႔ အဲ့ဒီမွာရွိေနေၾကာင္းသတိရသြားၿပီး ခ်က္ခ်င္းလူအုပ္ေနာက္အမွီလိုက္ဖို႔ေျပးသြားကာ နဥ္ရွီကိုေနာက္တစ္ႀကိမ္ေတာင္းပန္လိုက္သည္။

မိန္းမငယ္ေလးကို ေနာက္ထပ္မျမင္ရေတာ့သည္အထိေစာင့္ရင္း နဥ္ရွီသည္သူ(မ)၏လက္ေကာက္ဝတ္မွဒဏ္ရာကို မႈတ္ေနခဲ့သည္။ သူ(မ)ရဲ႕imageကိုသတိမထားမိဘဲေပါ့။ သူ(မ)ကဝမ္းနည္းတဲ့မ်က္ႏွာထားကိုျပဳလုပ္ထားရင္း ေျပာ၏။

"ညတုန္းကပန္းကန္လုံးကြဲတဲ့အေၾကာင္း အိပ္မက္မက္တာ မဆန္းေတာ့ပါဘူး"

"ဘာမ်ားလဲ?" ေရွာင္ယန္ကဇေဝဇဝါႏွင့္ ေမးလိုက္သည္။ "အဲ့ဒါကဘယ္လို ဆက္စပ္ေနလို႔လဲ?"

နဥ္ရွီမ်က္ခုံးပင့္လိုက္သည္။

"အဲ့ဒါက ကြၽန္မဒီေန႔အခက္အခဲေတြနဲ႔လုံးပန္းရေတာ့မယ္ဆိုတဲ့ လကၡဏာပဲေလ"

ေရွာင္ယန္မေရမရာႏွင့္သာေခါင္းၿငိမ့္လိုက္ေလ၏။ "အိုး" သူ(မ)နဥ္ရွီကိုၾကည့္လိုက္ရင္း မတတ္ႏိုင္ေပမယ့္ ေတြးလိုက္မိသည္။ အႏွီအစ္မရွီသည္ တကယ့္ကိုညင္သာတဲ့ပုဂၢိဳလ္တစ္ေယာက္ျဖစ္တာမို႔ လူေတြက သူ(မ)လိုအလြန္တရာငယ္႐ြယ္ၿပီး ၾကင္နာတတ္သူကို နာက်င္ေအာင္လုပ္မိဖို႔ကို တြန္႔ဆုတ္ေနၾကလိမ့္မည္။

သူ(မ)ကထူထဲလွတဲ့လူအုပ္ႀကီးကို လွမ္းၾကည့္ေတာ့ ဖန္ေတြက'ထာဝရ ငါ့အခ်စ္'လိူ႔ေရးထားတဲ့ စာတန္းလိုမ်ိဳးေတြကိုင္ထားတာ ေတြ႕လိုက္ရ၏။

အေျခအေနကထိန္းခ်ဳပ္ဖြယ္ရာမရွိတာ မဆန္းေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဴးဟန္ဟာ ေရပန္းစားေနတဲ့Idol dramaတစ္ခုထဲမွာ ဒီတစ္ေလာကမွ ပါဝင္သ႐ုပ္ေဆာင္ထားေလရာ သူဟာမိန္းကေလးေတြၾကား အလြန္အၾကဴးကိုနာမည္ေက်ာ္ၾကားေနေတာ့၏။ ဒီလူေတြဒီမွာသူ႔ကိုေတြ႕ရဖို႔လာၾကတယ္ဆိုတာ အံ့ၾသဖြယ္ရာမရွိေတာ့ေခ်။

နဥ္ရွီရဲႏွလုံးက အခုခ်ိန္မွာေႂကြမြေနေလၿပီ။ သူ(မ)ဒီကေန ခုန္ထြက္သြားဖို႔ကို မေစာင့္ႏိုင္ေတာ့ဘူး။ ဒါေပမယ့္ သူ(မ)၏ဂုဏ္သေရ၊ လွပမႈႏွင့္ ဂုဏ္သိကၡာကိုထိန္းသိမ္းထားရမည္ျဖစ္ကာ အဲ့ဒီလိုယဥ္ေက်းမႈမရွိတဲ့လုပ္ရပ္ကို ဘယ္လုပ္ႏိုင္ပါ့မလဲ?

ဒါေၾကာင့္ သူမကိုယ္သူမျပန္ထိန္းထားလိုက္သည္။

အနီးအနားကနားေနခန္းတစ္ခုမွာ မီးခိုးေရာင္suitဝတ္ထားတဲ့ အမ်ိဳးသားတစ္ေယာက္က သူ႔သူငယ္ခ်င္းကိုေကာ္ဖီတစ္ခြက္ကမ္းေပးလိုက္သည္။

"အဲ့အမ်ိဳးသမီးကလွလြန္းလို႔ ဒီလူမွာ သူ(မ)ျပဳတ္က်သြားတာကို မခံနိင္ဘူးကြယ္"

သူ၏သူငယ္ခ်င္းက ေကာ္ဖီတစ္ခြက္ကိုခ်ထားလိုက္ၿပီး ျပတင္းေပါက္အျပင္ဘက္ကို ေဝ့ၾကည့္ဖို႔ ေခါင္းေမာ့လိုက္သည္။ သူက ဝင္ေပါက္နားမွာတိုးပိတ္ေနတဲ့ ဖန္ေတြတစ္သိုက္ရဲ႕ သက္ဝင္လႈပ္ရွားဖြယ္ျမင္ကြင္းကိုသာ ျမင္လိုက္ရ၏။

သူ႔သူငယ္ခ်င္းကျပန္မေျဖတာေတြ႕ေပမယ့္လည္း ထိုလူကစိတ္မရွိေလဘူး။ သူကၿပဳံးသာၿပဳံးၿပီး ေမးလိုက္သည္။

"လာမဲ့ရက္အနည္းငယ္အတြင္း ငါတို႔ေတြပါတီတစ္ခုက်င္းပဖို႔ရွိတယ္, မင္းေရာလာခ်င္လား?"

သူငယ္ခ်င္းဆိုသူကေကာ္ဖီခြက္ကိုၾကည့္ၿပီး တည္ၿငိမ္စြာျပန္ေျပာလိုက္ကာ, "အဲ့ဒီအေၾကာင္းေနာက္မွေျပာရေအာင္" သူကလူေတြ ပ်ားပန္းခတ္သြားလာလႈပ္ရွားေနၾကတာကို ၾကည့္ဖို႔​ျပန္လွည့္သြားကာ သူ႔မ်က္လုံးေတြက ပ်င္းရိေနပုံရသည္။

နဥ္ရွီကႏွစ္ရက္ေလာက္အနားယူဖို႔အတြက္ တိုက္ခန္းကိုျပန္သြားခဲ့သည္။ ၿပီးေနာက္ သူ(မ)ကုမၸဏီကိုျပန္သြားေသာအခါ က်န္းခ်င္းယြင္က သူ(မ)ရဲ႕လက္ထဲကိုဇာတ္ၫႊန္းတစ္ပုဒ္ ထိုးေပးလာ၏။

"ဒီဟာက ဘာဒရာမာအမ်ိဳးအစားလဲ?"

နဥ္ရွီကဇာတ္ၫႊန္းကိုလွန္ေလွာၿပီးဖတ္ၾကည့္ေတာ့ အဲ့ဒါက ေမာ္ဒန္ေခတ္႐ုပ္ရွင္ျဖစ္ၿပီး သူမရဲ႕ကာ႐ိုက္တာကလည္း အခန္းက႑မ်ားမ်ားစားစားမပါရွိေခ်။

'သူရဲေကာင္းရဲ႕ရည္းစားဦးလား?'

'ဒါမွမဟုတ္ရင္ ေသႏွင့္ၿပီးတဲ့ အခ်စ္ဦးလား?'

"တိုးတက္ဖို႔ကအခ်ိန္ေတြရွိေသးတယ္...မင္းကအခုခ်ိန္မွာမေအာင္ျမင္ေသးဘူး...အနာဂတ္မွာကိုယ့္ကိုကိုယ္တိုးတက္ေအာင္ျမင္လာဖို႔က ဇာတ္ေကာင္ေကာင္းေကာင္းေတြမွာ သ႐ုပ္ေဆာင္ၿပီး ေလ့က်င့္ထားတာက ေကာင္းတယ္ေလ" က်န္းခ်င္းယြင္က ရွင္းျပသည္။ "ဒီဇာတ္ကားက ထုတ္လုပ္ေရးအႀကီးစားေတာ့မဟုတ္ေပမဲ့ ဇာတ္လိုက္ကလတ္တေလာမွာ နာမည္ႀကီးေနေတာ့ box officeက အရမ္းႀကီး ဆိုးေနမွာေတာ့မဟုတ္ပါဘူး"

[T/N: box officeက႐ုပ္ရွင္႐ုံမွာ လက္မွတ္ေရာင္းတဲ့ေနရာပါတဲ့ ဆိုလိုတာကဇာတ္ကားက အရမ္းႀကီးမေကာင္းရင္ေတာင္ ပါတဲ့ဇာတ္လိုက္ေၾကာင့္ လက္မွတ္ကေရာင္းသင့္သေလာက္ေတာ့ေရာင္းရမွာေပါ့]

နဥ္ရွီေခါင္းၿငိမ့္လိုက္၏။ က်န္းခ်င္းယြင္အတြက္ ဒီလိုသေဘာတူညီခ်က္ေတြ လုပ္ဖို႔အထိဆိုတာက သူ(မ)ရဲ႕အလုပ္အကိုင္တိုးတက္မႈအေပၚ ဘယ္ေလာက္ဂ႐ုစိုက္ေၾကာင္း ျပေနတာကို သူ(မ)ရွင္းရွင္းလင္းလင္း နားလည္ပါ၏။

နဥ္ရွီသေဘာတူတာျမင္ေလေတာ့ က်န္းခ်င္းယြင္အလြန္ေက်နပ္သြားရသည္။ ထိုင္ခုံေပၚမွာရွိေနတဲ့သူ႔ရဲ႕suitအက်ႌကို ေကာက္ယူလိုက္ကာ,

"သြားရေအာင္, အစ္ကိုမင္းကို ဒါ႐ိုက္တာနဲ႔အဖြဲ႕သားေတြဆီ ေတြ႕ဖို႔ေခၚသြားေပးမယ္"

'ကိုယ့္ႏွလုံးသားက မင္းကိုပဲတမ္းတေနမိတယ္'

ဒီဇာတ္ကား၏႐ိုက္ကူးေရးက အဆုံးကိုေရာက္ဖို႔နီးေနေလၿပီ။ ႐ိုက္ဖို႔က်န္ေနေသးတဲ့ဇာတ္ကြက္ေတြဆိုလို႔ ဇာတ္လိုက္ရဲ႕အခ်စ္ဦးႏွင့္ပက္သက္သည့္ ဇာတ္ဝင္ခန္းအနည္းငယ္ပင္။ ဒီဇာတ္ကားဟာ နာမည္ႀကီးweb novelတစ္ခုကေန ေျပာင္းလဲ႐ိုက္ကူးထားျခင္းျဖစ္ၿပီး ဝတၳဳထဲမွာဆိုလွ်င္ျဖင့္ သူရဲေကာင္း၏အခ်စ္ဦးကို ေဖာ္ျပထားသည္မွာ မရွိသေလာက္ရွား၏။ သို႔ေပမယ့္ သူရဲေကာင္း၏စကားအနည္းငယ္အရေတာ့ သူ(မ)ကသူ႔အတြက္ ပကတိျပည့္စုံေနသည္ကို သိႏိုင္ေပ၏။ မဟုတ္လွ်င္သူရဲေကာင္းက ဇာတ္လိုက္မႏွင့္ခ်စ္မိသြားသည္ထိတိုင္ သူ႔ႏွလုံးသားတြင္သူ(မ)ကႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ တည္ရွိေနမည္မဟုတ္ေပ။

႐ိုက္ကူးေရးမစတင္မီက အဖြဲ႕သားေတြဟာဒီဇာတ္ေကာင္အတြက္ သင့္ေတာ္သည့္သ႐ုပ္ေဆာင္တစ္ေယာက္ကို ရွာေနခဲ့သည္။ ဒါေပမယ့္ ဇာတ္လိုက္က႐ုတ္တရက္ႀကီး ေပၚျပဴလာျဖစ္လာမယ္လို႔ ဘယ္သူကသိမွာလဲ? အလုပ္ပမာဏကတိုးပြားလာသည္ႏွင့္အမွ် သူတို႔ကဒီေသးငယ္တဲ့ဇာတ္ေကာင္ကို လ်စ္လ်ဴရႈလိုက္ေတာ့သည္။

အႏုပညာေလာကမွာ ဒီလိုအရာမ်ိဳးေတြဆိုတာ ျဖစ္ေနက်ပင္။ သ႐ုပ္ေဆာင္မင္းသမီး(နဥ္ရွီ)က အလြန္လွေနေသာေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕သားေတြလည္း အက်ဥ္းအက်ပ္ျဖစ္ေအာင္မလုပ္ခ်င္သျဖင့္ အဆုံးမွာသုံးေနက်နည္းလမ္းျဖင့္သာ ကိုင္တြယ္ေျဖရွင္းခဲ့ၾကသည္။

အခုေတာ့ထို႐ုပ္ရွင္က ၿပီးခါနီးေနၿပီျဖစ္ရာ ဒါ႐ိုက္တာက ဇာတ္လိုက္ႏွင့္အခ်စ္ဦးေနရာတြင္ သ႐ုပ္ေဆာင္ရမည့္သူတို႔႐ိုက္ရမည့္အခန္းေတြကို အဆုံးသတ္ဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ။ က်န္းခ်င္းယြင္ႏွင့္ဒါ႐ိုက္တာက သူငယ္ခ်င္းေတြျဖစ္ပုံရသည္။ က်န္းခ်င္းယြင္က ဒီ႐ုပ္ရွင္ထုတ္လုပ္ေရးမွာျဖစ္ေနတဲ့အေျခအေနကို သိသည္ႏွင့္ သူဟာနဥ္ရွီ၏ကိုယ္ေရးမွတ္တမ္းစာ႐ြက္ကို သြားယူကာ ဒါ႐ိုက္တာကိုျပလိုက္သည္။ သည္လိုႏွင့္ဇာတ္ေကာင္က အခုေတာ့ထို႐ုပ္ရွင္က ၿပီးခါနီးေနၿပီျဖစ္ရာ ဒါ႐ိုက္တာက ဇာတ္လိုက္ႏွင့္အခ်စ္ဦးေနရာတြင္ သ႐ုပ္ေဆာင္ရမည့္သူတို႔႐ိုက္ရမည့္အခန္းေတြကို အဆုံးသတ္ဖို႔ အဆင္သင့္ျဖစ္ေနေလၿပီ။ က်န္းခ်င္းယြင္ႏွင့္ဒါ႐ိုက္တာက သူငယ္ခ်င္းေတြျဖစ္ပုံရသည္။ က်န္းခ်င္းယြင္က ဒီ႐ုပ္ရွင္ထုတ္လုပ္ေရးမွာျဖစ္ေနတဲ့အေျခအေနကို သိသည္ႏွင့္ သူဟာနဥ္ရွီ၏ကိုယ္ေရးမွတ္တမ္းစာ႐ြက္ကို သြားယူကာ ဒါ႐ိုက္တာကိုျပလိုက္သည္။ သည္လိုႏွင့္ဇာတ္ေကာင္က သူမဆီေပးအပ္ျခင္းခံလိုက္ရေလ၏။

နဥ္ရွီ႐ိုက္ကြင္းကိုေရာက္ေတာ့ အျပင္မွာမိုး႐ြာေနၿပီျဖစ္ကာ ဒါ႐ိုက္တာကသူ(မ)ကိုအဝတ္လဲခန္းထဲေခၚသြားဖို႔ ဝန္ထမ္းတစ္ေယာက္ကိုေျပာလိုက္သည္။ ထို႔ေနာက္သူဆက္ေျပာ၏။

"ရာသီဥတုကေတာ့ ဘုရားမတာပဲေဟ! အခု မိုးေရထဲမွာအခ်စ္ဦးနဲ႔ေတြ႕မဲ့ အခန္းႏွစ္ခုကို ႐ိုက္လိုက္ရေအာင္!"

အခ်စ္ဦးအေနျဖင့္ သ႐ုပ္ေဆာင္ေနရသည့္ နဥ္ရွီ: "....."

ထုံးစံအတိုင္းပင္ ေမွာ္ဆန္တဲ့မိတ္ကပ္တခ်ိဳ႕တင္လိုက္သည္ႏွင့္ နဥ္ရွီဟာ ခ်က္ခ်င္းပဲ၂၃ႏွစ္အ႐ြယ္မိန္းမပ်ိဳေလးကေန ၁၇ႏွစ္အ႐ြယ္မိန္းကေလးအျဖစ္ ေျပာင္းလဲသြားသည္။ သူ(မ)မွန္ထဲကိုၾကည့္လိုက္ရာ ျဖဴဝင္းတဲ့အသားအေရာင္, မည္းနက္ၿပီးေျဖာင့္တန္းတဲ့ဆံပင္ကိုေတြ႕လိုက္ရ၏။ ဘာ​ေၾကာင့္​ဇာတ္ကားတိုင္းလိုလိုကအခ်စ္ဦးေတြက အျဖဴေရာင္ဂါဝန္ဝတ္ရလဲဆိုတာ သူ(မ)မတတ္ႏိုင္ဘဲ ေတြးလိုက္မိသည္။

'နည္းနည္းေလးပိုၿပီးေတာ့ ဖန္တီးႏိုင္စြမ္းမရွိဘူးလား အနီေရာင္ဂါဝန္ေျပာင္းရင္ပဲျဖစ္ျဖစ္ မဟုတ္လည္းအမည္းေရာင္စကတ္ပဲျဖစ္ျဖစ္ အကြက္ဆင္ေတြပါတဲ့စကတ္ပဲျဖစ္ျဖစ္ေပါ့?'

သူ(မ)အဝတ္လဲခန္းကထြက္လာေသာအခါ ဒါ႐ိုက္တာကသူ(မ)ဆီခ်ဥ္းကပ္လာ၏။

"ဒီဇာတ္ဝင္ခန္းကအရမ္းအေရးႀကီးတယ္။မင္းမွာေျပာရမဲ့စာသားေတြမရွိေပမဲ့ မင္းအေနနဲ႔မ်က္လုံးနဲ႔အခ်ိတ္အဆက္မိေအာင္လုပ္ရမယ္...မင္းၿပဳံးတဲ့ပုံစံ...မင္းေျပးတဲ့ပုံစံေတြေပါ့။ မင္းကပန္းတစ္ပြင့္...မင္းကေႏြဦးေလေျပျဖစ္တဲ့အျပင္ မင္းကကမာၻေပၚမွာအလွပဆုံးရတနာမင္းကကမာၻေပၚမွာအလွပဆုံးရတနာပဲ။ မိုးစက္ကေတာင္မွ မင္းရဲ႕ႏွစ္လိုဖြယ္ေကာင္းၿပီး ဆြဲေဆာင္မႈရွိတာကို မဖုံးကြယ္ႏိုင္ဘူး။ ငါေျပာတာကိုနားလည္လား?" ဒါ႐ိုက္တာကစိတ္လႈပ္ရွားစြာျဖင့္ေျပာလိုက္သည္။ "ဘယ္ေယာက်္ားမဆိုမင္းကိုျမင္လိုက္တာနဲ႔ သူကခ်စ္ျခင္းဆိုတဲ့ခံစားခ်က္ကို ေအာက္ေမ့သြားရမွာ...ရၿပီလား?"

နဥ္ရွီပါးစပ္ကိုဖြင့္ဟလိုက္ေပမယ့္ သူ(မ)မေျပာလိုက္ရခင္မွာပဲ ဒါ႐ိုက္တာကသူ႔လက္ေတြကိုေဝွ႔ရမ္းကာ ၾကားျဖတ္ေျပာလာ၏။

"နားမလည္လည္း ဘာမွမျဖစ္ဘူး...ဇာတ္ကြက္ကိုႏွစ္ခါေလာက္ျပန္႐ိုက္ရင္ ရသြားလိမ့္မယ္" ဒါ႐ိုက္တာကေကာင္းကင္ကိုၾကည့္ၿပီးေနာက္ နဥ္ရွီကိုၾကည့္ျပန္သည္။ "မင္းဒီဇာတ္ဝင္ခန္းကိုrain machineနဲ႔မ႐ိုက္ရတာ ကံေကာင္းတယ္။ အဲ့ထဲကေရေတြကလုံးလုံးႀကီး သန္႔ရွင္းေနတာမဟုတ္ဘူး"

[T/N: Rain machineေလး]

(Photo source from Google)

ၿမိဳ႕ေတာ္ကမိုးေရက အလြန္ကိုသန္႔စင္ၿပီး ၾကည္လင္ေနသည့္အတိုင္းပင္။(႐ြဲ႕ေျပာ​တာxD) နဥ္ရွီကနီရဲေနတဲ့မ်က္လုံးေတြနဲ႔ စိတ္လႈပ္ရွားေနသည့္ ဒါ႐ိုက္တာကိုၾကည့္ကာ တိတ္တိတ္သာေနလိုက္ေတာ့၏။

ဇာတ္ဝင္ခန္းအေၾကာင္းေတြကို နဥ္ရွီကို​ေျပာျပၿပီးေနာက္ ဒါ႐ိုက္တာကအမ်ိဳးသားဇာတ္လိုက္ကိုရွာၿပီး ႐ိုက္ကူးေရးႏွင့္စပ္လ်ဥ္း၍ စကားစျမည္ေျပာရန္ လွည့္သြားေလသည္။ ႐ိုက္ကူးေရးအဖြဲ႕သားေတြက ႐ိုက္ကြင္းသုံးပစၥည္းေတြကို စတင္ေ႐ႊ႕ေျပာင္းေနၾကၿပီ။ ကင္မရာမန္း, ႐ိုက္ကူးေရးအဖြဲ႕သားေတြႏွင့္ အခုေလးတင္အဖြဲ႕ထဲဝင္လာသည့္ နဥ္ရွီတို႔အားလုံး လမ္းမဆီတေ႐ြ႕ေ႐ြ႕သြားေနၾကသည္။

"မစိုးရိမ္နဲ႔ ,ဒီလမ္းက႐ိုက္ကူးေရးအတြက္ ပိတ္ထားၿပီးသား...ဘယ္လမ္းသြားယာဥ္မွ ငါတို႔ကိုမေႏွာင့္ယွက္ႏိုင္ဘူး"

နဥ္ရွီလမ္းဘက္ကိုေလွ်ာက္သြားစဥ္မွာ ဒါ႐ိုက္တာကသူမကို ေလးေလးနက္နက္ေျပာလာခဲ့သည္။

နဥ္ရွီက သူ(မ)၏႐ိုက္ကူးေရးမွာသုံးရမည့္ပစၥည္းျဖစ္သည့္ ထီးကိုကိုင္ထားရင္း အမ်ိဳးသားဇာတ္လိုက္ခ်ဴးဟန္ဆီသြားၿပီး ယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္၏။

ခ်ဴးဟန္ကလတ္တေလာမွာ အလြန္ေက်ာ္ၾကားေနေပမဲ့ သူကေထာင္လႊားျခင္းမရွိေလဘူး။ သူကယဥ္ေက်းစြာျဖင့္ သူ(မ)ႏွင့္အတူ စကားအနည္းငယ္ေျပာေနကာ သူ(မ)သ႐ုပ္ေဆာင္တာကိုၾကည့္ဖို႔ ေဘးကိုေလွ်ာက္သြားလိုက္၏။

ဇာတ္ကားေတြကဗီဒီယို၏အရည္အေသြးကို ပို၍လိုအပ္ကာ ဒီမွာဆိုရင္ TV series ႐ိုက္စဥ္ကထက္ကို camera ေတြပိုမ်ားေလသည္။ ဒါေၾကာင့္မို႔ကင္မရာေရွ႕မွာ တစ္ခုခုလြဲမွားသြားမည္ဆိုလွ်င္ အမွားကပုံႀကီးခ်ဲ႕လိုက္သလို သိသာထင္ရွားေနလိမ့္မည္။

မိုးဖြဲေလးေတြရယ္ ထီးေလးတစ္ေခ်ာင္းရယ္ လူေတြရယ္ေပါ့...

မိုး႐ြာတဲ့ညေနခင္းျဖစ္တာေၾကာင့္ လမ္းေပၚမွာ လမ္းသြားလမ္းလာေတြ သိပ္မရွိေလဘူး။ အျဖဴေရာင္ခ်ည္သားဂါဝန္ဝတ္ထားသည့္ ထီးတစ္ေခ်ာင္းႏွင့္မိန္းကေလးက ခ်ိဳသာၿပီးတစ္မူထူးကဲတဲ့ အၿပဳံးတစ္ခုကိုပန္ဆင္ရင္း ေလွ်ာက္ေနသည္။

သူ(မ)ရဲ႕မ်က္ခုံးေတြက ရယ္လိုက္တဲ့အခါ အလြန္တရာလွပလြန္းလို႔ ပန္းပြင့္လာသလိုပင္...မေမ့ရက္ႏိုင္စရာ ျဖစ္ေန၏။

ကင္မရာမွန္ဘီလူးက သူ(မ)ဆီမွာပုံႀကီးခ်ဲ႕ထားသည့္အေလ်ာက္ သူတို႔ကမိန္းကေလး၏မ်က္ေတာင္ေတြကို ျမင္ႏိုင္၏။ အဲ့ဒီအခ်ိန္မွာပဲ သူ(မ)က႐ုတ္တရက္လမ္းေလွ်ာက္တာကို ရပ္လိုက္ၿပီး ခ်က္ခ်င္းဆိုသလို ေနာက္ႏွစ္လွမ္းဆုတ္လိုက္သည္။

ထိုေနရာကိုကားတစ္စီးကျဖတ္သြားတာေၾကာင့္ သူ(မ)က႐ႊံ႕ေရေတြ သူ(မ)၏အျဖဴ​ေရာင္စကတ္ကို လာစင္မိမွာစိုး၍ျဖစ္သည္။

ညဘက္ကိုတျဖည္းျဖည္းေရာက္လာသည္ႏွင့္အမွ် လမ္းကေမွာင္စျပဳလာကာ မိန္းကေလးဟာလမ္းေပၚမွာရွိေနတဲ့ အထင္းလင္းဆုံးတည္ရွိမႈတစ္ခုျဖစ္ေလသည္။ ဘက္စ္ကားေပၚမွာထိုင္ေနတဲ့ အမ်ိဳးသားဇာတ္လိုက္က ျပတင္းေပါက္ကေန သူ(မ)ကိုသတိထားမိလိုက္၏။

ထိုအခန္းကို႐ိုက္ၿပီးသြားေတာ့ သူမ၏အနီးကပ္ပုံေတြကို နည္းနည္းထပ္႐ိုက္ၿပီး ဒါ႐ိုက္တာက နဥ္ရွီသ႐ုပ္ေဆာင္သြားတာႏွင့္ပက္သက္၍ အလြန္စိတ္ေက်နပ္ေန၏။

"ဟုတ္တယ္ ဒါပဲ!အဲ့ဒီခံစားခ်က္ပဲ! ေယာက်္ားေတြကိုဆြဲေဆာင္ႏိုင္တဲ့ခံစားခ်က္! ေကာင္းတယ္! ေနုက္တစ္ခန္းက်ရင္ မင္းေသတဲ့အခါ ျမင္ကြင္းကလွပေနဖို႔ကိုမွတ္ထား!ေသရင္လည္း လွလွပပေသရမယ္!"

နဥ္ရွီ၏ႏႈတ္ခမ္းေထာင့္စြန္းက တြန္႔သြားသည္။ သူ(မ)က က်န္းခ်င္းယြင္ေပးလာတဲ့ ပဝါကိုယူကာ သူ(မ)ရဲ႕လက္ေတြကို၎ေပၚမွသုတ္လိုက္၏။

"အေရွ႕မွာရွိတဲ့လမ္းျဖတ္တစ္ေနရာကို ပိတ္ထားတယ္။ ၾကည့္ရတာ႐ုပ္ရွင္႐ိုက္ေနၾကတာထင္တယ္"

အနီးအနားကကားတစ္စီးထဲမွာ ဒ႐ိုင္ဘာကသူေဌးျဖစ္သူကိုေျပာလိုက္သည္။ ေဘာ့စ္ရဲ႕ေဘးမွာထိုင္ေနတဲ့အတြင္းေရးမႈးက ရွင္းလင္းေနတဲ့လမ္းေပၚမွာ ကင္မရာႏွစ္လုံး၊ ပါကင္ထိုးထားတဲ့ bus တစ္စီးႏွင့္ လြန္ခဲ့တဲ့ဆယ္စုႏွစ္ခန္႔ကဖက္ရွင္ကို ဝတ္ထားတဲ့လူေတြကိုေတြ႕လိုက္ရသည္။ သူေျပာလိုက္၏။

"ၾကည့္ရတာ ကြၽန္ေတာ္တို႔ဒီလမ္းကို ျဖတ္သြားလို႔မရေလာက္ဘူးထင္တယ္"

"အဆင္ေျပတယ္"

သူေဌးျဖစ္သူကျပတင္းေပါက္အျပင္ကို ၾကည့္လိုက္ၿပီး အျဖဴေရာင္စကတ္ဝတ္ထားတဲ့ သ႐ုပ္ေဆာင္မင္းသမီးက လမ္းမေပၚမွာေျပးေနရင္း ကားကိုဝင္တိုးမိသည္ကိုျမင္သြား၏။ သူ(မ)ကျပဳတ္က်သြားကာ သူ(မ)ဆံပင္ကလည္းေျမျပင္ေပၚက ႐ႊံ႕ေရထဲက်ေနေလသည္။ သူ(မ)ကိုၾကည့္ရတာ ဒီအခက္ႀကဳံေနတဲ့အေျခအေနမွာ အလြန္သနားစရာေကာင္းေန၏။

"ရပ္လိုက္!"

သူ႐ုတ္တရက္ေအာ္လိုက္သည္။ ကားရပ္ၿပီးေနာက္ သူတမန္းကတန္းကားထဲကထြက္သြားကာ ႐ိုက္ကူးေရးလုပ္ရာေနရာဆီ ေျခလွမ္းက်ဲက်ဲျဖင့္ ေလွ်ာက္သြားေလ၏။

အတြင္းေရးမႉးက တစ္စကၠန႔္ေလာက္ထိတ္လန႔္သြားေပမယ့္ သူကခ်က္ခ်င္းပဲ ထီးတစ္ေခ်ာင္းယူလိုက္ကာ ထိုသူ႔ေနာက္လိုက္သြားေလ၏။

*********************

[T/N: ကိုင္လိုက္တဲ့အပုဒ္တိုင္းentertainment industry ျဖစ္ေနေတာ့ သ႐ုပ္ေဆာင္ေတြဘဝကို အလိုလိုေနရင္းလန္႔လာၿပီ") ]

**********************

Continue Reading

You'll Also Like

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
228K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်