နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Par Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Plus

Note
Description
Chapter [1]
Chapter [2]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [3]

1.9K 176 1
Par Lazy_Little_Meow


Unicode

မိန်းမလှမျိုးစုံကို ကျိုးကျန်းချွမ် မြင်ဖူးသည်။ ဖြူစင်သော၊ Sexy ကျသော၊ တက်ကြွသော၊ စသည်ဖြင့် မျိုးစုံမြင်ဖူးသည်။

သူအံ့ဩသွားရခြင်းမှာ နဉ်ရှီက သူမြင်ဖူးသမျှ သရုပ်ဆောင်တွေထက် ပိုလှပ၍မဟုတ်၊ သူ့စိတ်ထဲပုံဖော်ထားသော ဒုတိယဇာတ်ကောင်၏ပုံရိပ်နှင့် တစ်ထပ်တည်း တူနေသောကြောင့်ပင်။

အရည်အချင်းရှိသော သရုပ်ဆောင်တစ်ယောက်ပီပီ ကျိုးကျန်းချွမ်သည် ကင်မရာရှေ့ရောက်တိုင်း သူ့ကိုယ်သူ သရုပ်ဆောင်ရမည့် ဇာတ်ကောင်အဖြစ် စိတ်နှစ်မြုပ်ထားတတ်သည်။ တွဲသရုပ်ဆောင်ရမည့် ဇာတ်ကောင်စရိုက်ကိုလည်း အကြမ်းဖျဉ်း ပုံဖော်ကြည့်လေ့ရှိသည်။ ဤသို့ဖြင့် သူ့ဇာတ်ကောင်၏စရိုက်ကို ပိုမိုနားလည်လာနိုင်၏။

ကျင်းရုန်ယန်ဟူသော ဒုတိယအမျိုးသမီးဇာတ်ကောင်၏ စရိုက်ပုံစံကိုလည်း ပုံဖော်ကြည့်ခဲ့သည်။ သူမသည် အနက်ရောင်ဆံနွယ်များဖြင့် အသားဖြူကာ ချောမောလှပသော မိန်းမငယ်လေးတစ်ဦး ဖြစ်ရမည်။ ချမ်းသာသော မိသားစုကြီးတစ်ခု၏ သခင်မလေးပီပီ အသုံးအဖြုန်းကြီးကာ မောက်မာထောင်လွှားခြင်းအပြည့်၊ သူမကိုမြင်သူတိုင်း ဦးညွှတ်ရလိမ့်မည်။

ဒုတိယအမျိုးသမီးဇာတ်ကောင်ဟာ ဒီဇာတ်လမ်းအတွက် အရေးကြီးသော ဇာတ်ရုပ်တစ်ခုပင်။ ထိုဇာတ်ကောင်ကို သူ့ရဲ့ဂျူနီယာအသစ်လေး သရုပ်ဆောင်မယ်လို့ ကြားလိုက်ရတဲ့အချိန် အတော်စိတ်ပျက်သွားခဲ့သည်။ ဒီလောက်ကောင်းမွန်တဲ့ ဇာတ်ကောင်တစ်ခု၊ ကံဆိုးချင်တော့ လူသစ်တစ်ယောက်ကြောင့် ပျက်ဆီးရတော့မည်။

ယခုမူ ကျိုးကျန်းချွမ်တစ်ယောက် နဉ်ရှီ၏ဖြတ်ရိုက်ခြင်း ခံလိုက်ရသလို ပါးပြင်တစ်ခုလုံး ပူလောင်နေ၏။ ကံကောင်းစွာဖြင့် သရုပ်ဆောင်ကောင်းတစ်ယောက်ပီပီ သူ့ရဲ့မျက်နှာပျက်ယွင်းမှုကို တစ်ဖက်လူအား မမြင်တွေ့စေခဲ့ပေ။

"အစ်ကိုကျိုး.."

နဉ်ရှိက ကျိုးကျန်းချွမ်အား ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"နောက်ဇာတ်ကွက်ဆို အစ်ကိုတို့ သရုပ်ဆောင်ရမှာ.. စိတ်မလှုပ်ရှားနဲ့နော်.."

ကျိုးကျန်းချွမ်က နဉ်ရှီကို သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူမစိတ်လှုပ်ရှားနေမည်ကို စိုးရိမ်သောကြောင့် မိနစ်အတော်ကြာ သူမနှင့် စနောက်နေခဲ့သည်။

အရိပ်တစ်ခုအောက်မှာ ထိုင်နေရင်း ဇာတ်ညွှန်းဖတ်နေသော ကျူးကျာ့ဖေးက သူမ၏လက်ထောက်ကို ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"အစ်ကိုကျူးက ဂျူနီယာလေးတွေကို အရမ်းဂရုစိုက်ပေးတယ်လို့ ကြားဖူးခဲ့တာ.. ဒီနေ့တော့ ကောလဟာလမဟုတ်မှန်း သေချာသိလိုက်ရပြီ...."

လက်ထောက်လေးက သူမကို ယပ်ခပ်ပေးနေရင်း အလျင်စလို ပြန်ဖြေလိုက်သည်။

"မနက်က ဆရာကျိုးဖုန်းပြောနေတဲ့အချိန် သူ့ရဲ့မျက်နှာက သိပ်မကောင်းဘူး.."

ကျူးကျာ့ဖေး၏မျက်နှာက အနည်းငယ် ဖျော့တော့သွားပြီး အသံနိမ့်နိမ့်ဖြင့် ပြန်ပြောလိုက်သည်။

"အခုကစပြီး အဲ့လိုစကားမျိုး ထပ်မပြောနဲ့.. အပြင်ကိုပေါက်ကြားသွားရင် ငါလည်း တာဝန်မယူနိုင်ဘူး.."

ကျိုးကျန်းချွမ်က ဘယ်လိုပုံစံနဲ့ ဖုန်းပြောနေပါစေ၊ ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေပါစေ၊ သူမနဲ့မသက်ဆိုင်ဘူး။ ဝင်ပြီးပက်သက်မှာလည်း မဟုတ်ဘူး။ အကယ်၍ ကျိုးကျန်းချွမ်က သူ့ရဲ့ဂျူနီယာလေးကို မကျေမနပ်ဖြစ်နေတဲ့အကြောင်း၊ ထိုသတင်းရဲ့ရင်းမြစ်က သူမဆီကနေ ထွက်လာတာပါဆိုပြီး သတင်းထွက်သွားခဲ့ရင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်လိမ့်မယ်မဟုတ်လား..?

ကျိုးကျန်းချွမ်နဲ့ ဒုတိယအမျိုးသမီးသရုပ်ဆောင်က ကုမ္ပဏီတူတူပဲ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးဆိုရင်တောင် အချင်းချင်း မျက်နှာပျက်ခံမှာမဟုတ်ဘူး။ နောက်ဆုံးတော့ အပြင်လူဖြစ်တဲ့၊ သတင်းပျံ့အောင်လုပ်လိုက်တဲ့ သူမကိုပဲ ဝိုင်းမုန်းကြလိမ့်မယ်။

ကျူးကျာ့ဖေး၏ မျက်နှာအမူအယာက သိပ်မကောင်းတော့တာကြောင့် လက်ထောက်လည်း ဆက်မပြောရဲတော့ပဲ ပါးစပ်ပိတ်လိုက်ရသည်။ ကျူးကျာ့ဖေးကိုသာ ယပ်ခပ်ပေးနေရင်း ရိုက်ကွင်းစတင်မည့်အချိန်ကို စောင့်နေလိုက်သည်။

"စိတ်မလှုပ်ရှားနဲ့နော်.. အသက်ပြင်းပြင်းရှူလိုက်.."

ရိုက်ကွင်းမစမီ ကျိုးကျန်းချွမ်က နဉ်ရှီအား စိတ်သက်သာစေရန် နှစ်သိမ့်ပေးလိုက်သည်။

နဉ်ရှီကလည်း ပြန်လည်ပြုံးပြကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် စားပွဲတွင် ဝင်ထိုင်လိုက်သည်။

တကယ်တမ်းတော့ ဒါရိုက်တာဖြစ်သူက ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။ ကျို့ကျီကုမ္ပဏီမှ သရုပ်ဆောင်အသစ်လေးက ကောင်းကောင်း သရုပ်မဆောင်နိုင်ပဲ သူ့ရဲ့ဇာတ်လမ်းအား ဖျက်ဆီးပစ်လိုက်မှာကို စိုးရိမ်နေခဲ့သည်။ သရုပ်ဆောင်နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေတာကို မြင်လိုက်ရသည်နှင့် လက်ကိုမြှောက်ကာ လူတိုင်း၏အာရုံကို ဆွဲခေါ်လိုက်၏။

"1,2,3 အက်ရှင်..!"

ရုပ်ရှင်၏ဇာတ်ကြောင်းက သရုပ်ဆောင်နှင့်အတူ အသက်ဝင်လာခဲ့သည်။ အပေါ်ယံတွင် ဇာတ်လိုက်၏သရုပ်မှာ ပြဿနာရှာရတာ အလွန်ကြိုက်သော သူဌေးသားတစ်ဦး ဖြစ်၏။ သို့သော် တကယ်တမ်းမှာတော့ နိုင်ငံခြားအထိပင် ဩဇာအာဏာကြီးသော အဖွဲ့အစည်းကြီးတစ်ခု၏ အဓိကအဖွဲ့ဝင်တစ်ယောက် ဖြစ်နေခဲ့သည်။

ဇာတ်ညွှန်းထဲ၌ အသက်ရူမှားဖွယ်ရာ ဇာတ်ကွက်တော်တော်များများ ပါဝင်နေသည်။ ဇာတ်ကွက်များမှာလည်း တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိသည်။ ဇာတ်ရှိန်အနိမ့်အမြင့်ကို ထိန်းချုပ်ထားနိုင်သရွေ့ ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။

ကျင်းရုန်ယန်၊ နဉ်ရှီသရုပ်ဆောင်သော ထိုဇာတ်ကောင်သည်လည်း ရုပ်ရှင်အတွက် အရေးပါသော ဇာတ်ကောင်တစ်ခုဖြစ်သည်။ သူမ၏ဖခင်မှာ နိုင်ငံရေးအသင်းတစ်ခု၏ အမှုဆောင်အရာရှိတစ်ဦး ဖြစ်နေသောကြောင့်ပင်။ ပြည်ပအင်အားစုနှင့် ပူးပေါင်းကာ နိုင်ငံတော်အား သစ္စာဖောက်ရန် ကြံစည်နေသော အင်အားကြီးအဖွဲ့ကြီးတစ်ခုဖြစ်သည်။

ဇာတ်လမ်း၏အလယ်၌ ကျင်းရုန်ယန်၏ ဖခင်ဖြစ်သူက အဓိကဇာတ်လိုက်၏ အဖွဲ့အစည်းနှင့် တိတ်တဆိတ် ပူးပေါင်းလိုက်သည်။ လျှို့ဝှက်ကြံစည်မှု တော်တော်များများနှင့် ပါဝင်ပက်သက်နေခဲ့တာကြောင့် သူ့ရဲ့မိသားစုကို မပြောပြခဲ့ပေ။ သို့သော် ပြဿနာတွေဖြစ်ပေါ်လာချိန်၌ ကျင်းရုန်ယန်တစ်ယောက် သူမဖခင်၏ လုပ်ရပ်အကုန်လုံးကို သိသွားခဲ့သည်။ သူမ၏ဖခင်၊ အဓိကဇာတ်လိုက်နှင့် အသင်းဝင်များကို ကာကွယ်ရန်အတွက် သူမ၏လက်တစ်ဖက်ကိုပင် ဆုံးရှုံးခဲ့ရပြီး မျက်နှာလည်း ပျက်ဆီးသွားခဲ့ရသည်။ နောက်ဆုံးတော့ နိုင်ငံခြားသို့ ထွက်ခွာသွားတော့သည်။

လက်ရှိ ကျိုးကျန်းချွမ်နှင့် နဉ်ရှီတို့ ရိုက်ကူးရမည့်ဇာတ်ကွက်မှာ ကျင်းရုန်ယန်က အဓိကဇာတ်လိုက်အပေါ် သူမ၏ချစ်မေတ္တာကို ဖော်ပြနေသည့်ဇာတ်ကွက်ပင်။ သို့သော် ဇာတ်လိုက်က လျစ်လျူရှုသွားခဲ့သည်။ သူတို့နှစ်ဦး ကျောခိုင်းထွက်ခွာသွားခဲ့သည်။

"သခင်လေးချန်း ဒေါသထွက်အောင် ဘယ်သူကများ ရန်စလိုက်တာပါလိမ့်..?"

ကျင်းရုန်ယန်က ထိုင်နေခဲ့သည်။ စားပွဲထိုးကို လက်ပြလိုက်ကာ ချန်းရှောင်ရှန်းအား ညွှန်ပြ၍..

"ဒီကလူကြီးမင်းအတွက် ကော်ဖီတစ်ခွက်၊ သကြားမပါစေနဲ့။ ကျေးဇူးပါ.."

"မစ်ကျင်း..?"

ချန်းရှောင်ရှန်းက ကျင်းရုန်ယန်ကို သတိပြုမိသွားခဲ့သည်။ အိပ်ကပ်ထဲ လက်ထည့်ထားရင်း သူ့ရဲ့နှုတ်ခမ်းများဟာ အပြုံးတစ်ခုအဖြစ် ဖော်ဆောင်နေခဲ့၏။ သူမ၏ရှေ့၌ ဝင်ထိုင်လိုက်ကာ..

"ဒီလောက်လှပတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် ကော်ဖီဝယ်တိုက်ခိုင်းရက်ပါ့မလဲ.."

"စိတ်ထဲမထားပါနဲ့.. ဒီသခင်မလေးက သခင်လေးလို လူတစ်ယောက်ကို ဝယ်တိုက်ချင်ပါတယ်.."

စကားပြောနေရင်း သူမက ချန်းရှောင်ရှန်း၏ခန္ဓာကိုယ်ကို ဆံပင်ဖျားမှသည် ရင်ဘတ်အထိ အသေးစိတ်ကြည့်လိုက်သည်။ ထို့နောက် ငွေဇွန်းလေးဖြင့် ကော်ဖီခွက်ကို မွှေနေလိုက်သည်။

"ဒုတိယကင်မရာ.. သူမရဲ့လက်ကို အနီးကပ်ရိုက်၊ တတိယကင်မရာ.. သူမရဲ့ဘေးတိုက်ပုံစံကို သေချာချိန်ထား.."

ဒါရိုက်တာချန်းက ညွှန်ကြားလိုက်ပြီးနောက် Screen ကို ဆက်ကြည့်လိုက်သည်။

သိပ်မွေ့နူးညံ့ကာ ဖြူစွတ်နေသော လက်ကောက်ဝတ်လှလှလေးထက်၌ အနက်ရောင်ပုလဲပုတီးလေးကို ဆင်မြန်းထား၏။ ကင်မရာအောက် တလက်လက် တောက်ပလျက် လှပသောမြင်ကွင်းတစ်ခုကို ဖော်ဆောင်နေခဲ့သည်။

"ကျွန်မတို့မတွေ့ဖြစ်ကြတာ တစ်နှစ်ကျော်တောင် ကြာခဲ့ပြီပဲ.. သခင်လေးချန်းက အရင်ထက် ပိုချောလာတယ်.."

ကျင်းရုန်ယန်က ငွေဇွန်းလေးကို ဘေးသို့ချလိုက်သည်။ ပြီးနောက် ချန်းရှောင်ရှန်းအားကြည့်ကာ ပြုံးပြလိုက်၏။ သူမ၏မျက်ဝန်းများထဲ၌ သူမကိုယ်တိုင်ပင် သတိမထားမိသော နွေးထွေးမှုများ ပါဝင်နေခဲ့သည်။

ထိုမျက်ဝန်းများကြောင့် ကျိုးကျန်းချွမ်၏ နှလုံးသားမှာ တုန်ယင်သွားရပြီး နှလုံးခုန်နှုန်း မြန်လာခဲ့သည်။ သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပဲ အတွေးများနေခဲ့သည်။

ချန်း‌ရှောင်ရှန်းက သူမလိုထက်မြက်တဲ့ မိန်းမလှလေးကို မမြင်နိုင်ခဲ့တာ ကန်းနေလို့ပဲဖြစ်မယ်။

ကံကောင်းစွာဖြင့် ဝါရင့်နေပြီဖြစ်တာကြောင့် ထိုခံစားချက်မှာ ကင်မရာရှေ့မှ သူ့ရဲ့သရုပ်ဆောင်မှုအပေါ် သက်ရောက်မှုမရှိခဲ့ပေ။ ထိုဇာတ်ကွက်ကို အောင်မြင်စွာ ရိုက်ကူးနိုင်လိုက်သည်။

ရိုက်ကူးနေစဉ်အတွင်း ဒါရိုက်တာလည်း တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ဝန်ထမ်းများပင်လျှင် ယုံကြည်စိတ်ချ၍ရသော သရုပ်ဆောင်အသစ်လေးကြောင့် အလွန်ကံကောင်းသလို ခံစားသွားကြရသည်။ သရုပ်ဆောင်အသစ်လေး ရိုက်ကွင်းကို ဖျက်ဆီးပစ်မှာကိုလည်း စိုးရိမ်နေစရာ မလိုအပ်တော့ဘူး။

နှစ်ရက်ခန့် ရိုက်ကူးပြီးနောက် ဒါရိုက်တာချန်းက ကျိုးကျန်းချွမ်နှင့် စကားလက်ဆုံကျနေခဲ့သည်။

"မင်းတို့ကုမ္ပဏီက လူသစ်ပျိုးထောင်တဲ့နေရာမှာ တကယ်တော်သားပဲ.."

ကျိုးကျန်းချွမ်က ပြုံးလိုက်ကာ..

"ကျွန်တော်ကြားတာတော့ နိုင်ငံခြားကနေ ခေါ်လာခဲ့တာတဲ့.. ဥက္ကဋ္ဌက သူမကို တော်တော်လေး အလေးအနက်ထားတယ်.."

သူ့ကိုသတိပေးနေခြင်းဖြစ်ကြောင်း ဒါရိုက်တာချန်းသိသည်။ ထို့ကြောင့် ပြုံးရယ်လိုက်ကာ..

"အရည်အချင်းရှိရင် ဘယ်သူက အသိအမှတ်မပြုပဲ နေပါ့မလဲ..?"

နှစ်ယောက်စလုံး ပြုံးရယ်နေခဲ့သည်။ အတော်ကြာအောင် စကားမဆက်ကြပေ။

ရိုက်ကွင်းပြီးနောက် နဉ်ရှီသည် မိတ်ကပ်ပြင်သည့်ထိုင်ခုံပေါ်၌ ထိုင်နေခဲ့၏။ ရာသီဥတုပူလောင်လွန်းသောကြောင့် မိတ်ကပ်ပျက်လွယ်သည်။ ထို့ကြောင့် ဇာတ်ကွက်တစ်ခုပြီးတိုင်း ကင်မရာရှေ့၌ ကြည့်ကောင်းစေရန် အနည်းငယ် မိတ်ကပ်ပြန်ပြင်ရလေ့ရှိသည်။

"အနားကဟိုတယ်မှာလေ လူစည်နေရောပဲ.. ကြားတာတော့ ဒုတိယမျိုးဆက်သစ် သူဌေးသားတစ်ယောက်ရဲ့ စေ့စပ်ပွဲတဲ့.."

သူမ၏လက်ထောက်ဖြစ်သူ ရှောင်ယန်က ပဲနို့အေးတစ်ခွက်ကို ကိုင်ဆောင်ကာ ဝင်ရောက်လာခဲ့သည်။ သူမ၏လေသံမှာ အားကျမှုအပြည့်။

"အပြင်မှာရပ်ထားတဲ့ ကားတစ်စီးစီရဲ့တန်ဖိုး ကျွန်မရဲ့ တစ်ဘဝစာ လုပ်အားခလောက် ရှိတယ်.. တစ်သက်လုံး ကုန်းရုန်းရှာဖွေမှ ဝယ်နိုင်လိမ့်မယ်.."

နဉ်ရှီက ပဲနို့တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ ရှောင်ယန်ရဲ့မေးဖျားလေးကို သူမ၏လက်ချောင်းဖြင့် ပင့်လိုက်၏။

"ဘယ်လိုဇိမ်ခံကားမျိုးမလို့ ရှောင်ယန်ရဲ့ တစ်ဘဝလုံးစာ လုပ်အားခနဲ့တောင် ထိုက်တန်နေရတာလဲ..?"

အလှလေးရဲ့ ကျီစားခံလိုက်ရတာကြောင့် ရှောင်ယန်၏ မျက်နှာတစ်ခုလုံး ပူလောင်သွားခဲ့သည်။ သူမ၏နှလုံးခုန်နှုန်းမှာလည်း မြန်ဆန်လာခဲ့သည်။

Oh My God.. မိန်းကလေးတစ်ယောက်ဆိုပေမယ့် ယောက်ျားလေးတစ်ယောက်လို ဆွဲဆောင်ခံလိုက်ရပြီ..!

ရှက်နေသော သူမ၏လက်ထောက်လေးကိုကြည့်ကာ နဉ်ရှီက ရယ်မောလိုက်သည်။

"အရမ်းသိချင်ရင် သွားကြည့်လေ.. ဒီမှာလည်း လုပ်စရာမှ မရှိတော့တာ.."

ရှောင်ယန်က တုံ့ဆိုင်းသွားခဲ့ပြီး ခေါင်းခါရမ်းပြသည်။

"အစ်ကိုကျန်းက အလုပ်နေရာကနေ လျှောက်မသွားဖို့ ပြောထားတယ်.."

"ကိစ္စမရှိဘူး.. ကျွန်မ ခွင့်ပြုနေတာပဲကို.. လစာထဲက မနှုတ်လောက်ပါဘူး.." နဉ်ရှီက ဇာတ်ညွန်းကို နောက်စာမျက်နှာသို့ လှန်လိုက်ပြီး.. "အချိန်တော့ မမေ့နဲ့နော်.."

"အဲ့တာဆိုရင် ဓာတ်ပုံရိုက်ပြီး ပြန်လာခဲ့မယ်.." ရှောင်ယန်၏မျက်ဝန်းများမှာ တောက်ပသွားခဲ့ပြီး မတ်တပ်ထရပ်လိုက်၏။ "သိပ်မကြာစေရဘူး.."

"နင့်ရဲ့လက်ထောက်လည်း သွားကြည့်ချင်နေတာလား..?"

ကျူးကျာ့ဖေးက နဉ်ရှီးဘေးနား၌ ဝင်ထိုင်လိုက်ကာ ကူကယ်ရာမဲ့ ပြုံးပြလာခဲ့သည်။

"အစ်မဖေး.." နဉ်ရှီက ဇာတ်ညွန်းစာအုပ်ကို အောက်ချလိုက်ပြီး ကျူးကျာ့ဖေးအား ရင်းနှီးခင်မင်စွာ ပြုံးပြလိုက်သည်။ "သူက ငယ်သေးတယ်လေ.. ပျော်ပွဲရွှင်ပွဲတွေကို သဘောကျတတ်တာ ပုံမှန်ပါပဲ.."

"အသက်ဘယ်လောက်ရှိပြီလဲ..?" ကျူးကျာ့ဖေးက လျှပ်စစ်ပန်ကာသေးသေးလေးကို သူမ၏အိတ်ထဲမှ ထုတ်ယူလိုက်ကာ နဉ်ရှီထံ ကမ်းပေးလိုက်သည်။ ထို့နောက် သူမ၏ပန်ကာကို ခလုပ်ဖွင့်လိုက်ပြီး.. "သရုပ်ဆောင် အရမ်းတော်တယ်နော်.."

"အရေးမကြီးတဲ့ ဇာတ်ရုပ်လေးတွေမှာပဲ အနည်းအကျဉ်း သရုပ်ဆောင်ဖူးတာပါ.."

နဉ်ရှီက ပန်ကာလေးကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"သရုပ်ဆောင်လောကမှာ လူတော်တော်များများက ဒီလိုမျိုးတဆင့်ချင်း တက်လာကြတာပဲလေ.." ကျူးကျာ့ဖေးက နဉ်ရှီအပေါ် အထင်သေးတဲ့အမူယာမျိုးမရှိ။ "မင်းက ငယ်သေးတာပဲ.. နောက်ဆို အခွင့်အရေးတွေအများကြီး ရလာလိမ့်မယ်.."

သူမနဲ့တော့ မတူဘူးပေါ့။ အသက်သုံးဆယ်ကျော်နေတာတောင် ဇာတ်ရံအဖြစ်ပဲ သရုပ်ဆောင်နေရတာ။ တစ်ခါတစ်လေဆို စိတ်ဓာတ်ကျမိသည်။ ထို့ကြောင့်ပင် မိက်ကပ်ထူထူဖြင့် သူမ၏အားနည်းချက်ကို ဖုံးကွယ်ထားရသည်။

နှစ်ဆယ့်သုံးနှစ်၊ ငယ်ရွယ်နုပျိုခြင်းရဲ့ အချိန်ကောင်းပဲ။

ရှောင်ယန်ပြန်မရောက်လာခင်အထိ နှစ်ယောက်သား စကားမပြောဖြစ်ကြတော့ပေ။ ရှောင်ယန်က သူမရဲ့ဖုန်းကိုကိုင်ကာ နဉ်ရှီအနားသို့ ရောက်လာပြီး..

"အစ်မနဉ်ရှီ.. မင်္ဂလာဆောင်နေတဲ့စုံတွဲကလေ ချမ်းသာရုံတင်မကဘူး.. နှစ်ယောက်လုံး အရမ်းချောတာပဲ.. ရိုက်ကွင်းအဖွဲ့က လူတစ်ချို့ပြောတာကို ကြားခဲ့ရတယ်.. သူတို့တွေလည်း ဖျော်ဖြေရေးလောကထဲကပဲတဲ့.."

"အဲ့လိုလား..?" ကျူးကျာ့ဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်.."

ရှောင်ယန်က သေချာကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမဖုန်းထဲမှ စုံတွဲပုံကို ရှာဖွေလိုက်ကာ ကျူးကျာ့ဖေးလက်ထဲသို့ ကမ်းပေးလိုက်၏။

ကျူးကျာ့ဖေးက ဓာတ်ပုံကို ကြည့်လိုက်သည်။ ဓာတ်ပုံထဲရှိ အမျိုးသားမှာ Three-piece suit ကို ဝတ်ဆင်ထားပြီး အမျိုးသမီးက အဆင့်အတန်းမြင့်ကာ လှပသော တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။ အလွန်ကြည့်ကောင်းလှသည်။

"ချန်းမိသားစုရဲ့ သခင်လေးမဟုတ်ဘူးလား..? နောက်ဆုံးတော့ သူတို့နှစ်ယောက် စေ့စပ်သွားပြီပေါ့.. ဝေ့မိသားစုရဲ့ သခင်မလေးနဲ့ဆိုတော့ တကယ့်ကို လိုက်ဖက်ညီတာပဲ.."

ကျူးကျာ့ဖေးက ထိုစုံတွဲကို မှတ်မိသွားခဲ့သည်။ သူမ၏လေသံမှာ သိပ်မထူးခြားသလိုပင်။

နာမည်မရှိသေးသော သရုပ်ဆောင်အသစ်လေးများနှင့် ဆော့ကစားရင်း လက်ထပ်သွားကြသည့် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားတော်တော်များများကို သူမ,မြင်ဖူးသည်။ မီဒီယာများက 'သတို့သားလေးဟာ အချစ်မှာနစ်မွန်းသွားပြီး သတို့သမီးလေးက အလွန်ကံကောင်းတဲ့အကြောင်း' များမကြာမီ အလုအယက် တင်ကြလိမ့်မည်။

ထိုစကားကိုကြားပြီးနောက် နဉ်ရှီက ရယ်မောလိုက်သည်။ ရှောင်ယန်၏ဖုန်းထဲမှ ဓာတ်ပုံကို လှမ်းကြည့်လိုက်၏။ သူမ၏အကြည့်မှာ တသွင်သွင်စီးဆင်းနေသော စမ်းရေကဲ့သို့။

"သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်လွန်းတယ်.. အရမ်းကောင်းတယ်.."

"ဟုတ်ယ်.. နှစ်ပေါင်းတစ်ရာတိုင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးတယ်.."

ကျူးကျာ့ဖေးက အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျူးကျာ့ဖေးရဲ့စကားကြောင့် နဉ်ရှီ၏နှုတ်ခမ်းလေးများမှာ အပြုံးတစ်ခုအဖြစ် ကော့တက်သွားခဲ့၏။

..................................
Translated by Melinoe_Megami
.......................................

Zawgyi

မိန္းမလွမ်ိဳးစုံကို က်ိဳးက်န္းခြၽမ္ ျမင္ဖူးသည္။ ျဖဴစင္ေသာ၊ Sexy က်ေသာ၊ တက္ႂကြေသာ၊ စသည္ျဖင့္ မ်ိဳးစုံျမင္ဖူးသည္။

သူအံ့ဩသြားရျခင္းမွာ နဥ္ရွီက သူျမင္ဖူးသမွ် သ႐ုပ္ေဆာင္ေတြထက္ ပိုလွပ၍မဟုတ္၊ သူ႔စိတ္ထဲပုံေဖာ္ထားေသာ ဒုတိယဇာတ္ေကာင္၏ပုံရိပ္ႏွင့္ တစ္ထပ္တည္း တူေနေသာေၾကာင့္ပင္။

အရည္အခ်င္းရွိေသာ သ႐ုပ္ေဆာင္တစ္ေယာက္ပီပီ က်ိဳးက်န္းခြၽမ္သည္ ကင္မရာေရွ႕ေရာက္တိုင္း သူ႔ကိုယ္သူ သ႐ုပ္ေဆာင္ရမည့္ ဇာတ္ေကာင္အျဖစ္ စိတ္ႏွစ္ျမဳပ္ထားတတ္သည္။ တြဲသ႐ုပ္ေဆာင္ရမည့္ ဇာတ္ေကာင္စ႐ိုက္ကိုလည္း အၾကမ္းဖ်ဥ္း ပုံေဖာ္ၾကည့္ေလ့ရွိသည္။ ဤသို႔ျဖင့္ သူ႔ဇာတ္ေကာင္၏စ႐ိုက္ကို ပိုမိုနားလည္လာႏိုင္၏။

က်င္း႐ုန္ယန္ဟူေသာ ဒုတိယအမ်ိဳးသမီးဇာတ္ေကာင္၏ စ႐ိုက္ပုံစံကိုလည္း ပုံေဖာ္ၾကည့္ခဲ့သည္။ သူမသည္ အနက္ေရာင္ဆံႏြယ္မ်ားျဖင့္ အသားျဖဴကာ ေခ်ာေမာလွပေသာ မိန္းမငယ္ေလးတစ္ဦး ျဖစ္ရမည္။ ခ်မ္းသာေသာ မိသားစုႀကီးတစ္ခု၏ သခင္မေလးပီပီ အသုံးအျဖဳန္းႀကီးကာ ေမာက္မာေထာင္လႊားျခင္းအျပည့္၊ သူမကိုျမင္သူတိုင္း ဦးၫႊတ္ရလိမ့္မည္။

ဒုတိယအမ်ိဳးသမီးဇာတ္ေကာင္ဟာ ဒီဇာတ္လမ္းအတြက္ အေရးႀကီးေသာ ဇာတ္႐ုပ္တစ္ခုပင္။ ထိုဇာတ္ေကာင္ကို သူ႔ရဲ႕ဂ်ဴနီယာအသစ္ေလး သ႐ုပ္ေဆာင္မယ္လို႔ ၾကားလိုက္ရတဲ့အခ်ိန္ အေတာ္စိတ္ပ်က္သြားခဲ့သည္။ ဒီေလာက္ေကာင္းမြန္တဲ့ ဇာတ္ေကာင္တစ္ခု၊ ကံဆိုးခ်င္ေတာ့ လူသစ္တစ္ေယာက္ေၾကာင့္ ပ်က္ဆီးရေတာ့မည္။

ယခုမူ က်ိဳးက်န္းခြၽမ္တစ္ေယာက္ နဥ္ရွီ၏ျဖတ္႐ိုက္ျခင္း ခံလိုက္ရသလို ပါးျပင္တစ္ခုလုံး ပူေလာင္ေန၏။ ကံေကာင္းစြာျဖင့္ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ပီပီ သူ႔ရဲ႕မ်က္ႏွာပ်က္ယြင္းမႈကို တစ္ဖက္လူအား မျမင္ေတြ႕ေစခဲ့ေပ။

"အစ္ကိုက်ိဳး.."

နဥ္ရွိက က်ိဳးက်န္းခြၽမ္အား ယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္သည္။

"ေနာက္ဇာတ္ကြက္ဆို အစ္ကိုတို႔ သ႐ုပ္ေဆာင္ရမွာ.. စိတ္မလႈပ္ရွားနဲ႔ေနာ္.."

က်ိဳးက်န္းခြၽမ္က နဥ္ရွီကို သိမ္ေမြ႕စြာ ၿပဳံးျပလိုက္သည္။ သူမစိတ္လႈပ္ရွားေနမည္ကို စိုးရိမ္ေသာေၾကာင့္ မိနစ္အေတာ္ၾကာ သူမႏွင့္ စေနာက္ေနခဲ့သည္။

အရိပ္တစ္ခုေအာက္မွာ ထိုင္ေနရင္း ဇာတ္ၫႊန္းဖတ္ေနေသာ က်ဴးက်ာ့ေဖးက သူမ၏လက္ေထာက္ကို ရယ္ရယ္ေမာေမာျဖင့္ ေျပာလိုက္သည္။

"အစ္ကိုက်ဴးက ဂ်ဴနီယာေလးေတြကို အရမ္းဂ႐ုစိုက္ေပးတယ္လို႔ ၾကားဖူးခဲ့တာ.. ဒီေန႔ေတာ့ ေကာလဟာလမဟုတ္မွန္း ေသခ်ာသိလိုက္ရၿပီ...."

လက္ေထာက္ေလးက သူမကို ယပ္ခပ္ေပးေနရင္း အလ်င္စလို ျပန္ေျဖလိုက္သည္။

"မနက္က ဆရာက်ိဳးဖုန္းေျပာေနတဲ့အခ်ိန္ သူ႔ရဲ႕မ်က္ႏွာက သိပ္မေကာင္းဘူး.."

က်ဴးက်ာ့ေဖး၏မ်က္ႏွာက အနည္းငယ္ ေဖ်ာ့ေတာ့သြားၿပီး အသံနိမ့္နိမ့္ျဖင့္ ျပန္ေျပာလိုက္သည္။

"အခုကစၿပီး အဲ့လိုစကားမ်ိဳး ထပ္မေျပာနဲ႔.. အျပင္ကိုေပါက္ၾကားသြားရင္ ငါလည္း တာဝန္မယူႏိုင္ဘူး.."

က်ိဳးက်န္းခြၽမ္က ဘယ္လိုပုံစံနဲ႔ ဖုန္းေျပာေနပါေစ၊ ဘယ္လိုမ်က္ႏွာထားမ်ိဳး ျဖစ္ေနပါေစ၊ သူမနဲ႔မသက္ဆိုင္ဘူး။ ဝင္ၿပီးပက္သက္မွာလည္း မဟုတ္ဘူး။ အကယ္၍ က်ိဳးက်န္းခြၽမ္က သူ႔ရဲ႕ဂ်ဴနီယာေလးကို မေက်မနပ္ျဖစ္ေနတဲ့အေၾကာင္း၊ ထိုသတင္းရဲ႕ရင္းျမစ္က သူမဆီကေန ထြက္လာတာပါဆိုၿပီး သတင္းထြက္သြားခဲ့ရင္ မ်က္ႏွာပ်က္စရာေတြ ျဖစ္ကုန္လိမ့္မယ္မဟုတ္လား..?

က်ိဳးက်န္းခြၽမ္နဲ႔ ဒုတိယအမ်ိဳးသမီးသ႐ုပ္ေဆာင္က ကုမၸဏီတူတူပဲ။ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးက သိပ္မေကာင္းဘူးဆိုရင္ေတာင္ အခ်င္းခ်င္း မ်က္ႏွာပ်က္ခံမွာမဟုတ္ဘူး။ ေနာက္ဆုံးေတာ့ အျပင္လူျဖစ္တဲ့၊ သတင္းပ်ံ႕ေအာင္လုပ္လိုက္တဲ့ သူမကိုပဲ ဝိုင္းမုန္းၾကလိမ့္မယ္။

က်ဴးက်ာ့ေဖး၏ မ်က္ႏွာအမူအယာက သိပ္မေကာင္းေတာ့တာေၾကာင့္ လက္ေထာက္လည္း ဆက္မေျပာရဲေတာ့ပဲ ပါးစပ္ပိတ္လိုက္ရသည္။ က်ဴးက်ာ့ေဖးကိုသာ ယပ္ခပ္ေပးေနရင္း ႐ိုက္ကြင္းစတင္မည့္အခ်ိန္ကို ေစာင့္ေနလိုက္သည္။

"စိတ္မလႈပ္ရွားနဲ႔ေနာ္.. အသက္ျပင္းျပင္းရႉလိုက္.."

႐ိုက္ကြင္းမစမီ က်ိဳးက်န္းခြၽမ္က နဥ္ရွီအား စိတ္သက္သာေစရန္ ႏွစ္သိမ့္ေပးလိုက္သည္။

နဥ္ရွီကလည္း ျပန္လည္ၿပဳံးျပကာ အသက္ျပင္းျပင္းရႉလိုက္၏။ ထို႔ေနာက္ စားပြဲတြင္ ဝင္ထိုင္လိုက္သည္။

တကယ္တမ္းေတာ့ ဒါ႐ိုက္တာျဖစ္သူက ပို၍ပင္ စိတ္လႈပ္ရွားေနခဲ့သည္။ က်ိဳ႕က်ီကုမၸဏီမွ သ႐ုပ္ေဆာင္အသစ္ေလးက ေကာင္းေကာင္း သ႐ုပ္မေဆာင္ႏိုင္ပဲ သူ႔ရဲ႕ဇာတ္လမ္းအား ဖ်က္ဆီးပစ္လိုက္မွာကို စိုးရိမ္ေနခဲ့သည္။ သ႐ုပ္ေဆာင္ႏွစ္ေယာက္လုံး အဆင္သင့္ျဖစ္ေနတာကို ျမင္လိုက္ရသည္ႏွင့္ လက္ကိုေျမႇာက္ကာ လူတိုင္း၏အာ႐ုံကို ဆြဲေခၚလိုက္၏။

"1,2,3 အက္ရွင္..!"

႐ုပ္ရွင္၏ဇာတ္ေၾကာင္းက သ႐ုပ္ေဆာင္ႏွင့္အတူ အသက္ဝင္လာခဲ့သည္။ အေပၚယံတြင္ ဇာတ္လိုက္၏သ႐ုပ္မွာ ျပႆနာရွာရတာ အလြန္ႀကိဳက္ေသာ သူေဌးသားတစ္ဦး ျဖစ္၏။ သို႔ေသာ္ တကယ္တမ္းမွာေတာ့ ႏိုင္ငံျခားအထိပင္ ဩဇာအာဏာႀကီးေသာ အဖြဲ႕အစည္းႀကီးတစ္ခု၏ အဓိကအဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေနခဲ့သည္။

ဇာတ္ၫႊန္းထဲ၌ အသက္႐ူမွားဖြယ္ရာ ဇာတ္ကြက္ေတာ္ေတာ္မ်ားမ်ား ပါဝင္ေနသည္။ ဇာတ္ကြက္မ်ားမွာလည္း တစ္ခုႏွင့္တစ္ခု အခ်ိတ္အဆက္မိသည္။ ဇာတ္ရွိန္အနိမ့္အျမင့္ကို ထိန္းခ်ဳပ္ထားႏိုင္သေ႐ြ႕ ပရိသတ္အမ်ားအျပားကို ဆြဲေဆာင္ႏိုင္လိမ့္မည္ျဖစ္သည္။

က်င္း႐ုန္ယန္၊ နဥ္ရွီသ႐ုပ္ေဆာင္ေသာ ထိုဇာတ္ေကာင္သည္လည္း ႐ုပ္ရွင္အတြက္ အေရးပါေသာ ဇာတ္ေကာင္တစ္ခုျဖစ္သည္။ သူမ၏ဖခင္မွာ ႏိုင္ငံေရးအသင္းတစ္ခု၏ အမႈေဆာင္အရာရွိတစ္ဦး ျဖစ္ေနေသာေၾကာင့္ပင္။ ျပည္ပအင္အားစုႏွင့္ ပူးေပါင္းကာ ႏိုင္ငံေတာ္အား သစၥာေဖာက္ရန္ ႀကံစည္ေနေသာ အင္အားႀကီးအဖြဲ႕ႀကီးတစ္ခုျဖစ္သည္။

ဇာတ္လမ္း၏အလယ္၌ က်င္း႐ုန္ယန္၏ ဖခင္ျဖစ္သူက အဓိကဇာတ္လိုက္၏ အဖြဲ႕အစည္းႏွင့္ တိတ္တဆိတ္ ပူးေပါင္းလိုက္သည္။ လွ်ိဳ႕ဝွက္ႀကံစည္မႈ ေတာ္ေတာ္မ်ားမ်ားႏွင့္ ပါဝင္ပက္သက္ေနခဲ့တာေၾကာင့္ သူ႔ရဲ႕မိသားစုကို မေျပာျပခဲ့ေပ။ သို႔ေသာ္ ျပႆနာေတြျဖစ္ေပၚလာခ်ိန္၌ က်င္း႐ုန္ယန္တစ္ေယာက္ သူမဖခင္၏ လုပ္ရပ္အကုန္လုံးကို သိသြားခဲ့သည္။ သူမ၏ဖခင္၊ အဓိကဇာတ္လိုက္ႏွင့္ အသင္းဝင္မ်ားကို ကာကြယ္ရန္အတြက္ သူမ၏လက္တစ္ဖက္ကိုပင္ ဆုံးရႈံးခဲ့ရၿပီး မ်က္ႏွာလည္း ပ်က္ဆီးသြားခဲ့ရသည္။ ေနာက္ဆုံးေတာ့ ႏိုင္ငံျခားသို႔ ထြက္ခြာသြားေတာ့သည္။

လက္ရွိ က်ိဳးက်န္းခြၽမ္ႏွင့္ နဥ္ရွီတို႔ ႐ိုက္ကူးရမည့္ဇာတ္ကြက္မွာ က်င္း႐ုန္ယန္က အဓိကဇာတ္လိုက္အေပၚ သူမ၏ခ်စ္ေမတၱာကို ေဖာ္ျပေနသည့္ဇာတ္ကြက္ပင္။ သို႔ေသာ္ ဇာတ္လိုက္က လ်စ္လ်ဴရႈသြားခဲ့သည္။ သူတို႔ႏွစ္ဦး ေက်ာခိုင္းထြက္ခြာသြားခဲ့သည္။

"သခင္ေလးခ်န္း ေဒါသထြက္ေအာင္ ဘယ္သူကမ်ား ရန္စလိုက္တာပါလိမ့္..?"

က်င္း႐ုန္ယန္က ထိုင္ေနခဲ့သည္။ စားပြဲထိုးကို လက္ျပလိုက္ကာ ခ်န္းေရွာင္ရွန္းအား ၫႊန္ျပ၍..

"ဒီကလူႀကီးမင္းအတြက္ ေကာ္ဖီတစ္ခြက္၊ သၾကားမပါေစနဲ႔။ ေက်းဇူးပါ.."

"မစ္က်င္း..?"

ခ်န္းေရွာင္ရွန္းက က်င္း႐ုန္ယန္ကို သတိျပဳမိသြားခဲ့သည္။ အိပ္ကပ္ထဲ လက္ထည့္ထားရင္း သူ႔ရဲ႕ႏႈတ္ခမ္းမ်ားဟာ အၿပဳံးတစ္ခုအျဖစ္ ေဖာ္ေဆာင္ေနခဲ့၏။ သူမ၏ေရွ႕၌ ဝင္ထိုင္လိုက္ကာ..

"ဒီေလာက္လွပတဲ့ မိန္းကေလးတစ္ေယာက္ကို ဘယ္လိုလုပ္ ေကာ္ဖီဝယ္တိုက္ခိုင္းရက္ပါ့မလဲ.."

"စိတ္ထဲမထားပါနဲ႔.. ဒီသခင္မေလးက သခင္ေလးလို လူတစ္ေယာက္ကို ဝယ္တိုက္ခ်င္ပါတယ္.."

စကားေျပာေနရင္း သူမက ခ်န္းေရွာင္ရွန္း၏ခႏၶာကိုယ္ကို ဆံပင္ဖ်ားမွသည္ ရင္ဘတ္အထိ အေသးစိတ္ၾကည့္လိုက္သည္။ ထို႔ေနာက္ ေငြဇြန္းေလးျဖင့္ ေကာ္ဖီခြက္ကို ေမႊေနလိုက္သည္။

"ဒုတိယကင္မရာ.. သူမရဲ႕လက္ကို အနီးကပ္႐ိုက္၊ တတိယကင္မရာ.. သူမရဲ႕ေဘးတိုက္ပုံစံကို ေသခ်ာခ်ိန္ထား.."

ဒါ႐ိုက္တာခ်န္းက ၫႊန္ၾကားလိုက္ၿပီးေနာက္ Screen ကို ဆက္ၾကည့္လိုက္သည္။

သိပ္ေမြ႕ႏူးညံ့ကာ ျဖဴစြတ္ေနေသာ လက္ေကာက္ဝတ္လွလွေလးထက္၌ အနက္ေရာင္ပုလဲပုတီးေလးကို ဆင္ျမန္းထား၏။ ကင္မရာေအာက္ တလက္လက္ ေတာက္ပလ်က္ လွပေသာျမင္ကြင္းတစ္ခုကို ေဖာ္ေဆာင္ေနခဲ့သည္။

"ကြၽန္မတို႔မေတြ႕ျဖစ္ၾကတာ တစ္ႏွစ္ေက်ာ္ေတာင္ ၾကာခဲ့ၿပီပဲ.. သခင္ေလးခ်န္းက အရင္ထက္ ပိုေခ်ာလာတယ္.."

က်င္း႐ုန္ယန္က ေငြဇြန္းေလးကို ေဘးသို႔ခ်လိုက္သည္။ ၿပီးေနာက္ ခ်န္းေရွာင္ရွန္းအားၾကည့္ကာ ၿပဳံးျပလိုက္၏။ သူမ၏မ်က္ဝန္းမ်ားထဲ၌ သူမကိုယ္တိုင္ပင္ သတိမထားမိေသာ ေႏြးေထြးမႈမ်ား ပါဝင္ေနခဲ့သည္။

ထိုမ်က္ဝန္းမ်ားေၾကာင့္ က်ိဳးက်န္းခြၽမ္၏ ႏွလုံးသားမွာ တုန္ယင္သြားရၿပီး ႏွလုံးခုန္ႏႈန္း ျမန္လာခဲ့သည္။ သူ႔ကိုယ္သူပင္ မထိန္းခ်ဳပ္ႏိုင္ေတာ့ပဲ အေတြးမ်ားေနခဲ့သည္။

ခ်န္း‌ေရွာင္ရွန္းက သူမလိုထက္ျမက္တဲ့ မိန္းမလွေလးကို မျမင္ႏိုင္ခဲ့တာ ကန္းေနလို႔ပဲျဖစ္မယ္။

ကံေကာင္းစြာျဖင့္ ဝါရင့္ေနၿပီျဖစ္တာေၾကာင့္ ထိုခံစားခ်က္မွာ ကင္မရာေရွ႕မွ သူ႔ရဲ႕သ႐ုပ္ေဆာင္မႈအေပၚ သက္ေရာက္မႈမရွိခဲ့ေပ။ ထိုဇာတ္ကြက္ကို ေအာင္ျမင္စြာ ႐ိုက္ကူးႏိုင္လိုက္သည္။

႐ိုက္ကူးေနစဥ္အတြင္း ဒါ႐ိုက္တာလည္း ေတာ္ေတာ္ေလး စိတ္သက္သာရာ ရသြားခဲ့သည္။ ဝန္ထမ္းမ်ားပင္လွ်င္ ယုံၾကည္စိတ္ခ်၍ရေသာ သ႐ုပ္ေဆာင္အသစ္ေလးေၾကာင့္ အလြန္ကံေကာင္းသလို ခံစားသြားၾကရသည္။ သ႐ုပ္ေဆာင္အသစ္ေလး ႐ိုက္ကြင္းကို ဖ်က္ဆီးပစ္မွာကိုလည္း စိုးရိမ္ေနစရာ မလိုအပ္ေတာ့ဘူး။

ႏွစ္ရက္ခန႔္ ႐ိုက္ကူးၿပီးေနာက္ ဒါ႐ိုက္တာခ်န္းက က်ိဳးက်န္းခြၽမ္ႏွင့္ စကားလက္ဆုံက်ေနခဲ့သည္။

"မင္းတို႔ကုမၸဏီက လူသစ္ပ်ိဳးေထာင္တဲ့ေနရာမွာ တကယ္ေတာ္သားပဲ.."

က်ိဳးက်န္းခြၽမ္က ၿပဳံးလိုက္ကာ..

"ကြၽန္ေတာ္ၾကားတာေတာ့ ႏိုင္ငံျခားကေန ေခၚလာခဲ့တာတဲ့.. ဥကၠ႒က သူမကို ေတာ္ေတာ္ေလး အေလးအနက္ထားတယ္.."

သူ႔ကိုသတိေပးေနျခင္းျဖစ္ေၾကာင္း ဒါ႐ိုက္တာခ်န္းသိသည္။ ထို႔ေၾကာင့္ ၿပဳံးရယ္လိုက္ကာ..

"အရည္အခ်င္းရွိရင္ ဘယ္သူက အသိအမွတ္မျပဳပဲ ေနပါ့မလဲ..?"

ႏွစ္ေယာက္စလုံး ၿပဳံးရယ္ေနခဲ့သည္။ အေတာ္ၾကာေအာင္ စကားမဆက္ၾကေပ။

႐ိုက္ကြင္းၿပီးေနာက္ နဥ္ရွီသည္ မိတ္ကပ္ျပင္သည့္ထိုင္ခုံေပၚ၌ ထိုင္ေနခဲ့၏။ ရာသီဥတုပူေလာင္လြန္းေသာေၾကာင့္ မိတ္ကပ္ပ်က္လြယ္သည္။ ထို႔ေၾကာင့္ ဇာတ္ကြက္တစ္ခုၿပီးတိုင္း ကင္မရာေရွ႕၌ ၾကည့္ေကာင္းေစရန္ အနည္းငယ္ မိတ္ကပ္ျပန္ျပင္ရေလ့ရွိသည္။

"အနားကဟိုတယ္မွာေလ လူစည္ေနေရာပဲ.. ၾကားတာေတာ့ ဒုတိယမ်ိဳးဆက္သစ္ သူေဌးသားတစ္ေယာက္ရဲ႕ ေစ့စပ္ပြဲတဲ့.."

သူမ၏လက္ေထာက္ျဖစ္သူ ေရွာင္ယန္က ပဲႏို႔ေအးတစ္ခြက္ကို ကိုင္ေဆာင္ကာ ဝင္ေရာက္လာခဲ့သည္။ သူမ၏ေလသံမွာ အားက်မႈအျပည့္။

"အျပင္မွာရပ္ထားတဲ့ ကားတစ္စီးစီရဲ႕တန္ဖိုး ကြၽန္မရဲ႕ တစ္ဘဝစာ လုပ္အားခေလာက္ ရွိတယ္.. တစ္သက္လုံး ကုန္း႐ုန္းရွာေဖြမွ ဝယ္ႏိုင္လိမ့္မယ္.."

နဥ္ရွီက ပဲႏို႔တစ္ငုံေသာက္လိုက္သည္။ ထို႔ေနာက္ ၿပဳံးလိုက္ကာ ေရွာင္ယန္ရဲ႕ေမးဖ်ားေလးကို သူမ၏လက္ေခ်ာင္းျဖင့္ ပင့္လိုက္၏။

"ဘယ္လိုဇိမ္ခံကားမ်ိဳးမလို႔ ေရွာင္ယန္ရဲ႕ တစ္ဘဝလုံးစာ လုပ္အားခနဲ႔ေတာင္ ထိုက္တန္ေနရတာလဲ..?"

အလွေလးရဲ႕ က်ီစားခံလိုက္ရတာေၾကာင့္ ေရွာင္ယန္၏ မ်က္ႏွာတစ္ခုလုံး ပူေလာင္သြားခဲ့သည္။ သူမ၏ႏွလုံးခုန္ႏႈန္းမွာလည္း ျမန္ဆန္လာခဲ့သည္။

Oh My God.. မိန္းကေလးတစ္ေယာက္ဆိုေပမယ့္ ေယာက္်ားေလးတစ္ေယာက္လို ဆြဲေဆာင္ခံလိုက္ရၿပီ..!

ရွက္ေနေသာ သူမ၏လက္ေထာက္ေလးကိုၾကည့္ကာ နဥ္ရွီက ရယ္ေမာလိုက္သည္။

"အရမ္းသိခ်င္ရင္ သြားၾကည့္ေလ.. ဒီမွာလည္း လုပ္စရာမွ မရွိေတာ့တာ.."

ေရွာင္ယန္က တုံ႔ဆိုင္းသြားခဲ့ၿပီး ေခါင္းခါရမ္းျပသည္။

"အစ္ကိုက်န္းက အလုပ္ေနရာကေန ေလွ်ာက္မသြားဖို႔ ေျပာထားတယ္.."

"ကိစၥမရွိဘူး.. ကြၽန္မ ခြင့္ျပဳေနတာပဲကို.. လစာထဲက မႏႈတ္ေလာက္ပါဘူး.." နဥ္ရွီက ဇာတ္ၫြန္းကို ေနာက္စာမ်က္ႏွာသို႔ လွန္လိုက္ၿပီး.. "အခ်ိန္ေတာ့ မေမ့နဲ႔ေနာ္.."

"အဲ့တာဆိုရင္ ဓာတ္ပုံ႐ိုက္ၿပီး ျပန္လာခဲ့မယ္.." ေရွာင္ယန္၏မ်က္ဝန္းမ်ားမွာ ေတာက္ပသြားခဲ့ၿပီး မတ္တပ္ထရပ္လိုက္၏။ "သိပ္မၾကာေစရဘူး.."

"နင့္ရဲ႕လက္ေထာက္လည္း သြားၾကည့္ခ်င္ေနတာလား..?"

က်ဴးက်ာ့ေဖးက နဥ္ရွီးေဘးနား၌ ဝင္ထိုင္လိုက္ကာ ကူကယ္ရာမဲ့ ၿပဳံးျပလာခဲ့သည္။

"အစ္မေဖး.." နဥ္ရွီက ဇာတ္ၫြန္းစာအုပ္ကို ေအာက္ခ်လိုက္ၿပီး က်ဴးက်ာ့ေဖးအား ရင္းႏွီးခင္မင္စြာ ၿပဳံးျပလိုက္သည္။ "သူက ငယ္ေသးတယ္ေလ.. ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို သေဘာက်တတ္တာ ပုံမွန္ပါပဲ.."

"အသက္ဘယ္ေလာက္ရွိၿပီလဲ..?" က်ဴးက်ာ့ေဖးက လွ်ပ္စစ္ပန္ကာေသးေသးေလးကို သူမ၏အိတ္ထဲမွ ထုတ္ယူလိုက္ကာ နဥ္ရွီထံ ကမ္းေပးလိုက္သည္။ ထို႔ေနာက္ သူမ၏ပန္ကာကို ခလုပ္ဖြင့္လိုက္ၿပီး.. "သ႐ုပ္ေဆာင္ အရမ္းေတာ္တယ္ေနာ္.."

"အေရးမႀကီးတဲ့ ဇာတ္႐ုပ္ေလးေတြမွာပဲ အနည္းအက်ဥ္း သ႐ုပ္ေဆာင္ဖူးတာပါ.."

နဥ္ရွီက ပန္ကာေလးကို လွမ္းယူလိုက္ၿပီး ေက်းဇူးတင္စကား ေျပာလိုက္သည္။

"သ႐ုပ္ေဆာင္ေလာကမွာ လူေတာ္ေတာ္မ်ားမ်ားက ဒီလိုမ်ိဳးတဆင့္ခ်င္း တက္လာၾကတာပဲေလ.." က်ဴးက်ာ့ေဖးက နဥ္ရွီအေပၚ အထင္ေသးတဲ့အမူယာမ်ိဳးမရွိ။ "မင္းက ငယ္ေသးတာပဲ.. ေနာက္ဆို အခြင့္အေရးေတြအမ်ားႀကီး ရလာလိမ့္မယ္.."

သူမနဲ႔ေတာ့ မတူဘူးေပါ့။ အသက္သုံးဆယ္ေက်ာ္ေနတာေတာင္ ဇာတ္ရံအျဖစ္ပဲ သ႐ုပ္ေဆာင္ေနရတာ။ တစ္ခါတစ္ေလဆို စိတ္ဓာတ္က်မိသည္။ ထို႔ေၾကာင့္ပင္ မိက္ကပ္ထူထူျဖင့္ သူမ၏အားနည္းခ်က္ကို ဖုံးကြယ္ထားရသည္။

ႏွစ္ဆယ့္သုံးႏွစ္၊ ငယ္႐ြယ္ႏုပ်ိဳျခင္းရဲ႕ အခ်ိန္ေကာင္းပဲ။

ေရွာင္ယန္ျပန္မေရာက္လာခင္အထိ ႏွစ္ေယာက္သား စကားမေျပာျဖစ္ၾကေတာ့ေပ။ ေရွာင္ယန္က သူမရဲ႕ဖုန္းကိုကိုင္ကာ နဥ္ရွီအနားသို႔ ေရာက္လာၿပီး..

"အစ္မနဥ္ရွီ.. မဂၤလာေဆာင္ေနတဲ့စုံတြဲကေလ ခ်မ္းသာ႐ုံတင္မကဘူး.. ႏွစ္ေယာက္လုံး အရမ္းေခ်ာတာပဲ.. ႐ိုက္ကြင္းအဖြဲ႕က လူတစ္ခ်ိဳ႕ေျပာတာကို ၾကားခဲ့ရတယ္.. သူတို႔ေတြလည္း ေဖ်ာ္ေျဖေရးေလာကထဲကပဲတဲ့.."

"အဲ့လိုလား..?" က်ဴးက်ာ့ေဖးက သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။

"ဟုတ္တယ္.."

ေရွာင္ယန္က ေသခ်ာေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ သူမဖုန္းထဲမွ စုံတြဲပုံကို ရွာေဖြလိုက္ကာ က်ဴးက်ာ့ေဖးလက္ထဲသို႔ ကမ္းေပးလိုက္၏။

က်ဴးက်ာ့ေဖးက ဓာတ္ပုံကို ၾကည့္လိုက္သည္။ ဓာတ္ပုံထဲရွိ အမ်ိဳးသားမွာ Three-piece suit ကို ဝတ္ဆင္ထားၿပီး အမ်ိဳးသမီးက အဆင့္အတန္းျမင့္ကာ လွပေသာ တ႐ုတ္႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားသည္။ အလြန္ၾကည့္ေကာင္းလွသည္။

"ခ်န္းမိသားစုရဲ႕ သခင္ေလးမဟုတ္ဘူးလား..? ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္ ေစ့စပ္သြားၿပီေပါ့.. ေဝ့မိသားစုရဲ႕ သခင္မေလးနဲ႔ဆိုေတာ့ တကယ့္ကို လိုက္ဖက္ညီတာပဲ.."

က်ဴးက်ာ့ေဖးက ထိုစုံတြဲကို မွတ္မိသြားခဲ့သည္။ သူမ၏ေလသံမွာ သိပ္မထူးျခားသလိုပင္။

နာမည္မရွိေသးေသာ သ႐ုပ္ေဆာင္အသစ္ေလးမ်ားႏွင့္ ေဆာ့ကစားရင္း လက္ထပ္သြားၾကသည့္ ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ သူေဌးသားေတာ္ေတာ္မ်ားမ်ားကို သူမ,ျမင္ဖူးသည္။ မီဒီယာမ်ားက 'သတို႔သားေလးဟာ အခ်စ္မွာနစ္မြန္းသြားၿပီး သတို႔သမီးေလးက အလြန္ကံေကာင္းတဲ့အေၾကာင္း' မ်ားမၾကာမီ အလုအယက္ တင္ၾကလိမ့္မည္။

ထိုစကားကိုၾကားၿပီးေနာက္ နဥ္ရွီက ရယ္ေမာလိုက္သည္။ ေရွာင္ယန္၏ဖုန္းထဲမွ ဓာတ္ပုံကို လွမ္းၾကည့္လိုက္၏။ သူမ၏အၾကည့္မွာ တသြင္သြင္စီးဆင္းေနေသာ စမ္းေရကဲ့သို႔။

"သူတို႔ႏွစ္ေယာက္က အရမ္းလိုက္ဖက္လြန္းတယ္.. အရမ္းေကာင္းတယ္.."

"ဟုတ္ယ္.. ႏွစ္ေပါင္းတစ္ရာတိုင္ ေပါင္းဖက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးတယ္.."

က်ဴးက်ာ့ေဖးက အၿပဳံးေလးျဖင့္ ေျပာလိုက္သည္။

က်ဴးက်ာ့ေဖးရဲ႕စကားေၾကာင့္ နဥ္ရွီ၏ႏႈတ္ခမ္းေလးမ်ားမွာ အၿပဳံးတစ္ခုအျဖစ္ ေကာ့တက္သြားခဲ့၏။

..................................
Translated by Melinoe_Megami
......................................

Continuer la Lecture

Vous Aimerez Aussi

12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
773K 33.6K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
121K 18.4K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...
606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...