Unicode
ဇွန်လဖြစ်၍ မြို့တော်၏အပူချိန်က အလွန်အမင်း ပူပြင်းနေတော့သည်။
နဉ်ရှီက လေယာဉ်ကွင်းထဲမှ ထွက်လာလိုက်ပြီး လူအုပ်ကြားထဲမှ အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်နေကာမျက်မှန်ကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးကို ရှာဖွေလိုက်သည်။ ထိုလူငယ်လေး၏လက်ထဲ၌ သူမ၏နာမည်ကို ရေးသားထားသည့် ဘုတ်ပြားတစ်ခုကို ကိုင်ဆောင်ထား၏။ ထို့ကြောင့် နဉ်ရှီလည်း ထိုအမျိုးသားဆီသို့ လျှောက်သွားလိုက်သည်။
ဝမ်ဟယ်တစ်ယောက် ဒေါပွနေခဲ့သည်။ ယခုကဲ့သို့ ပူပြင်းသည့်နေ့မျိုး၌ ကုမ္ပဏီအတွက် လူသစ်တစ်ယောက်ကို သွားကြိုပေးသည့်လူတိုင်း ပျော်ရွှင်နိုင်မည်မဟုတ်။ အဆက်အသွယ်မရှိပဲ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နေရသည့် လူတစ်ယောက်အတွက် အခြေတကျဖြစ်နိုင်ရန် ကြိုးစားရချေဦးမည်။ ထို့ကြောင့် သူ့ရဲ့နှလုံးသားထဲ၌ စိတ်မပျော်မရွှင် ဖြစ်နေပါသော်ငြား မျက်နှာပေါ်၌ ထုတ်မပြခဲ့ချေ။
နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် သူ့စောင့်နေသည့်လေယာဉ်က ဆိုက်ရောက်တော့မည်ဖြစ်ကြောင်း ကြေညာသည့်အသံကို ကြားလိုက်ရသည်နှင့် ဝမ်ဟယ့်လည်း စိတ်သက်သာရာရသွားခဲ့သည်။
သူကြိုရမည့်လူ ထွက်မလာသေးတာကြောင့် အတွေးလွန်နေသည့်အချိန် သူ့ဆီကို လှမ်းလာနေသည့် အမျိုးသမီးလေးတစ်ဦးကို တွေ့လိုက်သည်။ ထိုအမျိုးသမီးလေးက ဖြူဖွေးသည့် အသားအရေနှင့် ရွှန်းစိုတောက်ပနေသည့် နှုတ်ခမ်းဖူးဖူး၊ အနက်ရောင်ဆံနွယ်လှိုင်းများဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှပလွန်းပါ၏။
ထိုအမျိုးသမီး သူ့အနားသို့ နီးကပ်လာသည်နှင့်တပြိုင်နက် မွှေးပျံသည့်ကိုယ်သင်းနံ့ကို ခပ်ရေးရေး ရလိုက်တာကြောင့် သူ့ရဲ့ပါးပြင်နှစ်ဖက်လုံး မထိန်းချုပ်ထားနိုင်လောက်အောင် နီရဲသွားရသည်။
"Hello.. ကျွန်မက နင်ရှီပါ.."
နင်ရှီက လူငယ်လေးဆီကို ချဉ်းကပ်သွားလိုက်ပြီး ပြုံးပြလိုက်သည်။
ဝမ်ဟယ်က သူ့လက်ထဲမှ ဆိုင်းဘုတ်ကို အောက်ချလိုက်ကာ နင်ရှီကို လေးလေးစားစား နှုတ်ဆက်လိုက်သည်။
"ဒါဆို မင်းက မိန်းကလေးနဉ်ပေါ့..? ကျွန်တော့်နာမည်က ဝမ်ဟယ်ပါ.. မင်းကိုကြိုဖို့ ကုမ္ပဏီက စီစဉ်ပေးလိုက်တဲ့လူပါ.. ကျွန်တော့်ကို ရှောင်ဝမ်လို့ ခေါ်လို့ရပါတယ်.."
ပြောပြီးသည်နှင့် လက်ကိုပွတ်လိုက်ပြီး နဉ်ရှီဆီသို့ ဆန့်ထုတ်လိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုဝမ်.." နဉ်ရှီက သူ့ရဲ့လက်ကိုကိုင်ကာ နှုတ်ဆက်လိုက်ပြီး.. "ဒီနေ့ ရှင့်ကိုပဲ အနှောင့်အယှက်ပေးရတော့မယ်.."
"အနှောင့်အယှက်မဖြစ်ပါဘူး.. အနှောင့်အယှက်မဖြစ်ပါဘူး.." ဝမ်ဟယ်က အပြုံးဖြင့် ငြင်းဆန်လိုက်ပြီး.. "အိမ်ပြန်ရောက်ရုံပဲရှိသေးတာ.. ကုမ္ပဏီအသစ်နဲ့လည်း လက်မှတ်ထိုးပြီးပြီဆိုတော့ အခက်အခဲရှိခဲ့ရင် ကျွန်တော့်ကို ပြောလို့ရပါတယ်.."
နဉ်ရှီဘယ်ကပြန်လာမှန်း သူ,မသိပါချေ။ သို့သော်လည်း နိုင်ငံခြားမှာ ရှိနေစဉ်မှာပင် လျိုခွင်း၊ ကျန်းချင်းယွင်တို့နှင့် သီးသန့်လက်မှတ်ထိုးနိုင်ခဲ့သည့်အပြင် ကုမ္ပဏီကလည်း သူမအတွက် အကောင်းဆုံးစီစဉ်ပေးခဲ့သည်။ ထို့ကြောင့် သူမက ပါရမီပါရှင်တစ်ဦး ဖြစ်ချေလိမ့်မည်။ ထို့ကြောင့်ပင် အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသော်ငြား ဝမ်ဟယ်က စောဒကမတက်ရဲခဲ့ပေ။
လေယာဉ်ကွင်းမှ ထွက်ခွာလာကြရင်း နှစ်ယောက်သား စကားစမြည် ပြောလာခဲ့သည်။ နဉ်ရှိခမျာ နေအပူရှိန်ကြောင့် သူမရဲ့ခန္ဓာကိုယ်က လောင်ကျွမ်းသွားရသလို ခံစားလိုက်ရတာကြောင့် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ဟယ်၏ကားက သိပ်မဝေးသောကြောင့် အချိန်အကြာကြီး လမ်းမလျှောက်လိုက်ရပေ။
အဲယားကွင်းဖွင့်လိုက်တော့မှ နဉ်ရှီလည်း စိတ်သက်သာရာရသွားသလို အသက်ရှူထုတ်လိုက်သည်။ သူမ၏ဖုန်းကို ထုတ်ပြီးကြည့်လိုက်တော့ မွန်းလွဲချိန်ဖြစ်နေချေပြီ။
ဝမ်ဟယ်က နဉ်ရှီကို နေ့လယ်စာစားရန် စားသောက်ဆိုင်တစ်ခုသို့ လိုက်ပို့ခဲ့ပြီးနောက် ကုမ္ပဏီမှ စီစဉ်ပေးခဲ့သည့် အဆင့်မြင့်တိုက်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားလိုက်သည်။ ထိုတိုက်ခန်း၌ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ မီးဖိုအပြည့်အစုံ ပါဝင်သလို အနီးပတ်ဝန်းကျင်ကလည်း စိမ်းစိမ်းစိုစိုဖြင့် သစ်ပင်ပန်းမာန်များ ပြည့်နှက်နေသည့် နေရာကောင်းတစ်ခုပင်။ ဝမ်ဟယ်က နဉ်ရှီရဲ့လက်ဆွဲအိတ်ကို ကူသယ်ပေးလိုက်ပြီး အခန်းတံခါးကိုဖွင့်ကာ သော့ကိုလက်လွှဲပေးလိုက်သည်။
"မိန်းကလေးနဉ်.. ဒီနေရာက ယာယီနေထိုင်ဖို့ပါ.. ကုမ္ပဏီက မင်းအတွက် နေရာထိုင်ခင်း စီစဉ်နေပါတယ်.. အဆင်မပြေခဲ့ရင် ကုမ္ပဏီက ပိုကောင်းတဲ့နေရာတစ်ခုကို ပြောင်းရွှေ့ပေးမှာမို့ ကျေးဇူးပြုပြီး စောင့်ပေးပါနော်.."
ဝမ်ဟယ်က အခန်းထောင့်၌ လက်ဆွဲအိတ်ကို နေရာချပေးလိုက်သည်။ သူ့ရဲ့စိတ်ထဲ၌ အနည်းငယ် ထူးဆန်းသွားရသည်။ မိန်းကလေးနဉ်က နိုင်ငံရပ်ခြားမှာ နှစ်အတော်ကြာအောင် နေထိုင်ခဲ့ရပေမယ့် ပစ္စည်းများများစားစား မပါလာခဲ့ဘူး။
တိုက်ခန်းထဲ၌ အိမ်ထောင်ပရိဘောဂများအပြည့်။ အိပ်ရာခုတင်ကိုလည်း အိပ်ရာခင်းအသစ် လဲထားပေးသည်။ ကုမ္ပဏီက သူမကိုအလေးထားကြောင်း ခံစားမိလိုက်တာကြောင့် နဉ်ရှီလည်း ပြုံးလိုက်ပြီး ဝမ်ဟယ်ကို ကျေးဇူးတင်စကားပြောလိုက်သည်။
ဝမ်ဟယ်က စကားပြောယဉ်ကျေးသည်။ သူက နဉ်ရှီကို အနီးတဝိုက်ရှိ ယာဉ်လမ်းကြောင်းများနှင့် ဈေးဝယ်စင်တာများအကြောင်း အသေးစိတ်ပြောပြလာခဲ့သည်။ ထို့နောက် မြို့တော်၏မြေပုံကို သူမလက်ထဲသို့ ထည့်ပေးခဲ့ပြီး ထွက်သွားခဲ့သည်။
နဉ်ရှီက ယဉ်ယဉ်ကျေးကျေးဖြင့် တားမြစ်ဟန်ပြုကာ ထွက်သွားခွင့်ပြုလိုက်သည်။
သယ်ဆောင်လာသည့် ပစ္စည်းများကို နေရာချနေသည့်အချိန် ဖုန်းသံမြည်လာခဲ့သည်။ ဖုန်းခေါ်လာသည့်လူက ကျန်းချင်းယွင်ပင်။
"အစ်ကိုကျန်း.."
နဉ်ရှီက ပြတင်းပေါက်အနားသို့ လျှောက်သွားလိုက်ပြီး လိုက်ကာကိုဖွင့်လိုက်ကာ ပတ်ဝန်းကျင်မှ စိမ်းစိမ်းစိုစို အလှတရားကို ခံစားလိုက်သည်။ ထိုမြင်ကွင်းက အရမ်းလှပပြီး စိတ်ကြည်နူးဖွယ်ရာပင်။
တစ်ဖက်လူပြောသည်ကို နားထောင်ပြီးနောက် နဉ်ရှီက ပြုံးလိုက်ပြီး..
"ဟုတ်ကဲ့.. မနက်ဖြန် လာခဲ့လိုက်ပါ့မယ်.."
ဖုန်းချလိုက်ပြီးနောက် ရေချိုးလိုက်ပြီး ဆံပင်အခြောက်ခံလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး ညဝတ်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး အိပ်ယာပေါ်လှဲကာ Laptop ကို ဖွင့်လိုက်သည်။ နိုင်ငံရပ်ခြားမှာ ရှိနေသည့် သူမ၏သူငယ်ချင်းများထံသို့ Email ပို့လိုက်ပြီးနောက် Laptop ကို ဖယ်ထားလိုက်ပြီး ဘာမှမရှိသည့် နေရာလွတ်တစ်ခုသို့ စိုက်ကြည့်နေမိတော့သည်။
တိုက်ခန်းတွင်း၌ စမ်းချောင်းအလား အေးစိမ့်နေလေ၏။ ညနေရောက်လာပြီဖြစ်တာကြောင့် အရမ်းမပူတော့ပေ။ ထို့ကြောင့် နဉ်ရှီက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။
ညစာစားချိန်ဖြစ်တာကြောင့် Supermarket အတွင်း၌ လူစည်းကားလျက်ရှိ၏။ နဉ်ရှီက လက်တွန်းလှည်းတစ်ခုကို ဖြည်းဖြည်းချင်းတွန်းနေရင်း ဒိန်ချဉ်တစ်ဘူးယူရန် လက်လှမ်းလိုက်သည်။ တချိန်တည်းမှာပင် တခြားလက်တစ်ခုကလည်း ဘူးတစ်ခုတည်းကို လက်လှမ်းလာခဲ့သည်။
ဒိန်ချဉ်ဗူးပေါ်မှ လက်လှလှလေးကို မြင်လိုက်ရသည့်အချိန် စွန်းရှို့မိန်လည်း မတတ်နိုင်သလို သက်ပြင်းချလိုက်သည်။ ထိုလက်လေးပေါ်မှာ ဝင်ဆင်ထားသည့် ငွေရောင်လက်ကောက်လေးက အလွန်တရာ လှပလွန်းသည်။
"စိတ်မကောင်းပါဘူး.."
တစ်ဖက်လူက စိတ်မကောင်းကြောင်းပြောပြီး တစ်ခြားဗူးတစ်ခုကို ယူသွားခဲ့သည်။
နားဝင်ချိုလှသည့် ထိုအသံကြောင့် သူမ၏နှလုံးသားက အနည်းငယ် တုန်ယင်သွားရသည်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လောက်အောင် တစ်ဖက်အမျိုးသမီးကို ကြိမ်ဖန်များစွာ လှည့်ကြည့်နေမိ၏။ သူမ၏အသွင်သဏ္ဍာန်က ရင်းနှီးလွန်းနေသည်။ ထို့ကြောင့် မသေချာသလို ထုတ်မေးလိုက်သည်။
"နင်... နဉ်ရှီလား..?"
လက်တွန်းလှည်းထဲသို့ ဒိန်ချဉ်ဘူးကို ထည့်နေခဲ့သည့် နဉ်ရှီတစ်ယောက် မသိမသာ စိတ်ရှုပ်ထွေးသွားခဲ့ပြီး ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
နိုင်ငံခြားမှာ ရှိနေခဲ့စဉ်က ဒီမှာကျန်ရစ်ခဲ့တဲ့ သူမရဲ့အတန်းဖော်ဟောင်းတွေကို အဆက်အသွယ် သိပ်မလုပ်ခဲ့ပေ။ ၅ နှစ် သို့မဟုတ် ၆ နှစ်ကျော် ကြာခဲ့သည့်တိုင်အောင် သူမကိုမှတ်မိနေသည့်လူ ရှိနေခြင်းက အလွန်အံ့အားသင့်ဖွယ်ပင်။
နဉ်ရှီက ဘာမှပြန်မပြောပဲ ထိုအမျိုးသမီးကို စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့သည်။
"နဉ်ရှီ.. နင်ဟုတ်တယ်မလား..?"
စွန်းရှို့မိန်လည်း အလွန်အံ့ဩသွားခဲ့သည်။ ဦးထုပ်ကိုဖယ်လိုက်ပြီး သူမရဲ့မျက်နှာကို ပြလိုက်ကာ..
"ငါလေ.. ရှို့မိန်..!"
ရုတ်တရက်ဆန်လွန်းသည်။ စွန်းရှို့မိန်က မိန်းမကောင်းလေးတစ်ယောက်ပင်။ နဉ်ရှီက သူမနှင့် သိပ်မရင်းနှီးခဲ့ပါသော်ငြား သူမတို့နှစ်ဦး၏ဆက်ဆံရေးက သိပ်မဆိုးခဲ့ပါ။
လွန်ခဲ့သည့်လေးနှစ် တရုတ်ပြည်သို့ ပြန်လာခဲ့စဉ်က လမ်းမပေါ်၌ မတော်တဆ တွေ့ဆုံခဲ့ဖူးသေးသည်။ ထို့ကြောင့် သူမကိုမှတ်မိနေသည်မှာ မထူးဆန်းချေ။ ထိုအကြောင်းကို တွေးမိသည်နှင့် နဉ်ရှီက ပြုံးလိုက်ပြီး..
"မတွေ့တာကြာပြီနော်.."
"ဟုတ်တယ်.. မတွေ့တာ အတော်ကြာပြီ.."
စွန်းရှို့မိန်က နဉ်ရှီကို ခေါင်းစခြေဆုံးကြည့်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့်လေသံဖြင့်..
"လေးနှစ်ကြာခဲ့ပြီ.. နင်က ပိုပြီးပိန်သွားသလို အရမ်းလှလာတယ်.."
နောက်ဆုံးတစ်ကြိမ် နဉ်ရှီနှင့်တွေ့ခဲ့စဉ်က သူရဲ့ခန္ဓာကိုယ်က အထက်တန်းကျောင်းတုန်းကထက် ပိုမိုပိန်သွားခဲ့သော်ငြား သူမ၏စိတ်အခြေအနေက သိပ်ပြီးကောင်းသည့်ပုံမပေါ်ခဲ့ပေ။ မြင်တဲ့လူတိုင်း စိုးရိမ်သွားစေလောက်သည်။
နဉ်ရှီဖြစ်ပျက်သမျှတွေကို ကြားသိခဲ့ပြီးနောက် ပို၍ပင် စိုးရိမ်ခဲ့ရသည်။ ယခုတော့ သူမ၏အရှေ့၌ လှပကျော့ရှင်းစွာ ရပ်တန့်နေလေ၏။ သူမကိုကြည့်ရသည်မှာ ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရဟန်တူသည်။ စွန်းရှို့မိန်လည်း စိတ်သက်သာရာရသွားသလို အပြစ်မကင်းသလို ခံစားချက်ကလည်း တစ်ဝက်ခန့် လျော့ပါးသွားရသည်။
အရွယ်ရောက်လာပြီးနောက် လူတိုင်းက ပိုမိုရင့်ကျက်လာကြသည်။ နဉ်ရှီကိုမြင်လိုက်သည့်အချိန် လွန်ခဲ့သည့် ၆ နှစ်ခန့်က အဖြစ်အပျက်များကို ပြန်လည်သတိရခဲ့သည်။ သူမ,မပါဝင်ခဲ့သော်လည်း ရှက်ရွံ့မိနေဆဲ။ ထိုအခန်းဖော် အပြောင်အပျက်ကောင်များနှင့် အလွန်နီးကပ်နေခဲ့မိသည်။
"နင်.. ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား..?"
စွန်းရှို့မိန်က သူမအနားကို လျှောက်သွားလိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။
"အရမ်းကောင်းတယ်.." နဉ်ရှီက လှည့်ကြည့်လိုက်ပြီး "နင်ရော ဘယ်လိုလဲ..?"
"ငါလည်း ကောင်းပါတယ်.."
စွန်းရှို့မိန်က ခေါင်းညိတ်ပြလိုက်သည်။ Supermarket အတွင်းရှိ အမျိုးသားနှင့်အမျိုးသမီးများက နဉ်ရှီကို တိတ်တဆိတ် အကဲခတ်နေကြသည်ကို သတိပြုမိလိုက်သည်။
"ဒီတစ်ခေါက်ပြန်လာတာ အမျိုးတွေဆီကို လာလည်တာပဲလား..?"
"ဒီမှာအခြေချဖို့ ပြန်လာခဲ့တာ.."
နဉ်ရှီက သူမရဲ့ဦးခေါင်းကို အသာခါရမ်းလိုက်ပြီး သူမ၏တွန်းလှည်းကို ငွေရှင်းကောင်တာရှေ့သို့ တွန်းသွားလိုက်ကာ..
"ဇာတိမြေက အစားအသောက်တွေကို နှစ်သက်နေတုန်းပဲ.."
"ဒါပေါ့.. ငါတို့အစားအသောက်တွေက အရသာရှိတယ်.."
စွန်းရှို့မိန်လည်း ဘာအကြောင်းဆက်ပြောရမှန်း မသိတော့ချေ။ ထို့ကြောင့် သံယောင်လိုက်ကာ ပြန်ဖြေလိုက်သည်။
နောက်ဆုံးတော့ နဉ်ရှီရဲ့အလှည့်ဖြစ်တာကြောင့် Cashier က သူမရဲ့ပစ္စည်းများကို စစ်ကြည့်လိုက်ပြီး..
"310 ယွမ်ပါ.."
နဉ်ရှီက ယွမ် 400 ထုတ်ပေးလိုက်သည်။ Cashier က ပြန်မေးလာခဲ့သည်။
"အကြွေရှိလား..?"
နဉ်ရှီက ခေါင်းယမ်းပြလိုက်သည်။ စွန်းရှို့မိန်က သူမမှာရှိကြောင်း ပြောတော့မည့်အချိန် အမျိုသားတစ်ဦးက နဉ်ရှီထံသို့ အကြွေကမ်းပေးလိုက်ပြီး..
"ကျွန်တော့မှာရှိတယ်.. ယူလိုက်ပါ.."
"ကျေးဇူပါ.."
နဉ်ရှီက ထိုလူငယ်လေးကို ပြုံးပြလိုက်ပြီး ပန်းသီးတစ်လုံး ပြန်ပေးလိုက်သည်။
"မဟုတ်တာ.. ရပါတယ်.."
လူငယ်လေးက နဉ်ရှီကမ်းပေးလာသည့် ပန်းသီကိုကြည့်လိုက်သည်။ သူ့ရဲ့မျက်နှာက နီရဲသွားခဲ့ပြီး သူမ၏စိတ်ကောင်းစေတနာကို လက်ခံလိုက်ကာ ပန်းသီးကို ဆုပ်ကိုင်လိုက်တော့သည်။
ထိုအခြေအနေကြောင့် နဉ်ရှီပင် မတတ်သာပဲ ပြုံးလိုက်မိသည်။
Supermarket အပြင်ကိုရောက်သည်နှင့် ရာသီဥတုက အရမ်းပူပြင်းနေကြောင်း စွန်းရှို့မိန်က သတိထားမိလိုက်သည်။ အပူရှိန်က ပြင်းထန်လွန်းတာကြောင့် နဉ်ရှီ၏ပါးပြင်ပင်လျှင် နီရဲနေတော့သည်။ စွန်းရှို့မိန်က သူမရဲ့ Business Card ကို ကမ်းပေးလိုက်ပြီး..
"ဒီမှာမနေတာကြာတော့ တချို့နေရာတွေကို မရင်းနှီးလောက်ဘူး.. ကိစ္စရှိလာခဲ့ရင် ငါ့ကိုဖုန်းခေါ်လိုက်.."
"ကျေးဇူး..."
နဉ်ရှီက Business Card ကို လှမ်းယူလိုက်ပြီး သူမ၏ပိုက်ဆံအိတ်ထဲသို့ ထည့်လိုက်သည်။ စွန်းရှို့မိန်နှင့် ထပ်မံဆက်သွယ်ဖို့ရာ သိပ်ပြီးမဖြစ်နိုင်သော်လည်း သူမ၏စိတ်ကောင်းစေတနာကို ဝမ်းပန်းတသာ လက်ခံထားလိုက်သည်။
သူမ၏ အလွန်ယဉ်ကျေးသည့်အမူအယာကိုကြည့်ရင်း စွန်းရှို့မိန်က ဘာပြောရမှန်းမသိအောင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
"အဲ့တာဆိုလည်း နောက်မှတွေ့မယ်နော်.. အခွင့်အရေးရှိရင် ပြန်ဆုံကြသေးတာပေါ့.."
"Goodbye.."
နဉ်ရှီက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဈေးဝယ်အိတ်နှစ်လုံးကို ဆွဲကိုင်လိုက်ပြီး ကားပါကင်ထိုးထားသည့်နေရာသို့ သွားရန်ပြင်လိုက်သည့်အချိန် စွန်းရှို့မိန်က တားဆီးလိုက်ပြန်သည်။
"နဉ်ရှီ.. ချန်းယီကျွင်းနဲ့ ဝေစစ်ချီတို့ နောက်တစ်ပတ်ထဲမှာ မင်္ဂလာဆောင်တော့မယ်.." စွန်းရှို့မိန်လည်း ပြောရင်းကောင်းမလား၊ မကောင်းဘူးလားဆိုတာ တွေဝေနေခဲ့သည်။ "နင်သွားမှာလား..?"
"သူတို့နှစ်ယောက်က အတူရှိနေတုန်းလား..?"
စွန်းရှို့မိန်က နဉ်ရှီ၏မျက်နှာပေါ်၌ အပြုံးတစ်ခုကို တွေ့လိုက်ရလေ၏။ သို့သော်လည်း ထိုအပြုံးက အနည်းငယ် ထူးဆန်းနေခဲ့သည်။
"အို့.. ဟတ်ထိသွားပြီ.. အချစ်ဆိုတာကို ထပ်ယုံမိတော့မလိုပဲ.." နဉ်ရှီက မျက်ခုံးပင့်လိုက်ပြီး သူမ၏ပုခုံးပေါ်မှ ဆံနွယ်များကို အနောက်ဘက်သို့ သိမ်းလိုက်ကာ.. "သတိရတယ်လို့ ပြောပေးပါ.. နောက်တစ်ပတ်က အလုပ်ရှုပ်မှာဆိုတော့ မသွားတော့ပါဘူး.."
စွန်းရှို့မိန်က ခပ်မြန်မြန် ခေါင်းညိတ်ပြလာခဲ့သည်။ အမှန်တကယ်တော့ နဉ်ရှီကို ထိုအကြောင်းပြောပြမိသည့်အတွက် နောင်တရနေခဲ့သည်။ ကံကောင်းစွာပင် နဉ်ရှီ၏တုံ့ပြန်မှုက အရမ်းမဆိုးဝါးခဲ့။ မဟုတ်ပါက အနာဂါတ်တွင် မျက်နှာပျက်ရလိမ့်မည်။
အိမ်သို့ပြန်ရောက်သည်နှင့် နဉ်ရှီက စားမကောင်းသည့် ကြက်ဥခေါက်ဆွဲတစ်ပန်းကန် ပြုတ်လိုက်သည်။ ထို့နောက် လိုင်းပေါ်ခနတက်လိုက်ပြီး အိပ်ရာဝင်လိုက်တော့သည်။
မနက်ဖြန် သူမရဲ့ကိုယ်စားလှယ်၊ ပြီးတော့ အကြီးပိုင်းလူကြီးတွေနဲ့တွေ့ဖို့ ကုမ္ပဏီကို သွားရဦးမယ်။ သူတို့ရှေ့မှာ မျက်ကွင်းညိုပြီး အိပ်ရေးမဝတဲ့ပုံစံမျိုး ပြလို့မဖြစ်ဘူး။
'ကျို့ကျီ' ဖျော်ဖြေရေးကုမ္ပဏီက တရုတ်ပြည်၏ ဖျော်ဖြေရေးကုမ္ပဏီများအနက် အလွန်ဆန်းသစ်လွန်းပြီး ကဏ္ဌတော်တော်များများက နေရာယူထားနိုင်ခဲ့သည်။ ပထမအဆင့် ကုမ္ပဏီများဖြင့်ပင် ယှဉ်ပြိုင်နိုင်ပြီး တိုးတက်လာသည့် အရှိန်အဟုန်က ပြင်းထန်လွန်းသည်။
"ကျို့ကျီ' ဖျော်ဖြေရေးကုမ္ပဏီက သရုပ်ဆောင်များကို မြေတောင်မြှောက်ပေးသည်။ ဆယ်ကျော်သက်အဆိုတော်များနှင့် အနုပညာလောက၏ 'အိမ်ရှေ့မင်းသား၊ ရှင်ရှင်ဧကရာဇ်'များကိုပင် မွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း မည်သည့်အရာမျှ ပြီးပြည့်စုံသည်မရှိချေ။ ကျို့ကျီကုမ္ပဏီလည်း ထိုနိယာမမှ လွတ်မြောက်ခြင်းမရှိခဲ့။ ကုမ္ပဏီ၌ ဆွဲငြို့အားကောင်းသည့် အမျိုးသမီးအနုပညာရှင်မျိုး မရှိပါချေ။
(TN : အိမ်ရှေ့မင်းသား၊ ရုပ်ရှင်ဧကရာဇ်ဆိုတာ အရမ်းနာမည်ကြီးလွန်းပြီး လွှမ်းမိုးနိုင်စွမ်းပြင်းတဲ့ တစ်ခေါတ်မှာတစ်ယောက်ပဲ ပေါ်ထွက်နိုင်တဲ့လူမျိုးကို ဆိုလိုတာပါ။)
ကုမ္ပဏီက ကံဆိုးနေသည်လားမသိ။ ကုမ္ပဏီ Agent များက အမျိုးသားသရုပ်ဆောင်များကိုသာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ကုမ္ပဏမှာရှိနေသည့် အမျိုးသမီးသရုပ်ဆောင်တိုင်းက နာမည်မကြီးကြသလို နာမည်ကြီးလျှင်လည်း ကြာရှည်မခံသည်မှာ ကျိန်စာမိနေသလိုပင်။
ထို့ကြောင့် တက်သစ်စ အမျိုးသမီးသရုပ်ဆောင်တိုင်းက ကျို့ကျီကုမ္ပဏီနှင့် လက်တွဲရန် ကြောက်လန့်နေခဲ့ကြသည်။ အမျိုးသားသရုပ်ဆောင်များကတော့ နာမည်မကြီးချင်တဲ့လူ ရှိပါ့မလား..? ဒါပေမဲ့ အမျိုးသမီးသရုပ်ဆောင်တိုင်း နာမည်မကြီးတဲ့ကုမ္ပဏီမျိုးကို ဘယ်သူဝင်ရောက်ချင်မှာလဲ..?
ထိပ်သီးဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖြစ်လာနိုင်စေရန် အမျိုးသားသရုပ်ဆောင်သာမက အမျိုးသမီးသရုပ်ဆောင်များပါ အောင်မြင်ဖို့လိုအပ်သည်။ အမျိုးသားသရုပ်ဆောင်သာရှိပြီး အမျိုးသမီးသရုပ်ဆောင်သာ မရှိပါက ထိုကုမ္ပဏီသည် ဧကန်မုချ ငြင်းပယ်ခံရလိမ့်မည်။
ကုမ္ပဏီ၏သူဌေးအတွက်တော့ ထိုပြဿနာက အလွန်ခေါင်းကိုက်စရာပင်။ ထို့ကြောင့် ကျန်းချင်းယွင်က နိုင်ငံခြားမှပြန်လာသည့် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်နှင့် လက်မှတ်ထိုးလိုက်ကြောင်း ကြားသိလိုက်ရသည့်အချိန် ထိုမိန်းကလေးက နိုင်ငံခြားရုပ်သံပေါ်၌ ဇာတ်ရံအဖြစ်သာ ပါဝင်ခဲ့ဖူးသော်ငြား လူချင်းတွေ့ချင်လာခဲ့မိသည်။
သေနေတဲ့မြင်းကို ကုသပေးဖို့ကြိုးစားရင်း တကယ်အသက်ပြန်ရှင်လာခဲ့ရင်ရော..?
................................
Translated by Melinoe_Megami
....................................
Zawgyi
ဇြန္လျဖစ္၍ ၿမိဳ႕ေတာ္၏အပူခ်ိန္က အလြန္အမင္း ပူျပင္းေနေတာ့သည္။
နဥ္ရွီက ေလယာဥ္ကြင္းထဲမွ ထြက္လာလိုက္ၿပီး လူအုပ္ၾကားထဲမွ အျဖဴေရာင္ရွပ္အက်ႌႏွင့္ အနက္ေရာင္ေနကာမ်က္မွန္ကို ဝတ္ဆင္ထားသည့္ လူငယ္ေလးတစ္ဦးကို ရွာေဖြလိုက္သည္။ ထိုလူငယ္ေလး၏လက္ထဲ၌ သူမ၏နာမည္ကို ေရးသားထားသည့္ ဘုတ္ျပားတစ္ခုကို ကိုင္ေဆာင္ထား၏။ ထို႔ေၾကာင့္ နဥ္ရွီလည္း ထိုအမ်ိဳးသားဆီသို႔ ေလွ်ာက္သြားလိုက္သည္။
ဝမ္ဟယ္တစ္ေယာက္ ေဒါပြေနခဲ့သည္။ ယခုကဲ့သို႔ ပူျပင္းသည့္ေန႔မ်ိဳး၌ ကုမၸဏီအတြက္ လူသစ္တစ္ေယာက္ကို သြားႀကိဳေပးသည့္လူတိုင္း ေပ်ာ္႐ႊင္ႏိုင္မည္မဟုတ္။ အဆက္အသြယ္မရွိပဲ ကိုယ့္ေျခေထာက္ေပၚ ရပ္တည္ေနရသည့္ လူတစ္ေယာက္အတြက္ အေျခတက်ျဖစ္ႏိုင္ရန္ ႀကိဳးစားရေခ်ဦးမည္။ ထို႔ေၾကာင့္ သူ႔ရဲ႕ႏွလုံးသားထဲ၌ စိတ္မေပ်ာ္မ႐ႊင္ ျဖစ္ေနပါေသာ္ျငား မ်က္ႏွာေပၚ၌ ထုတ္မျပခဲ့ေခ်။
ႏွစ္နာရီခန႔္ ၾကာျမင့္ခဲ့ၿပီးေနာက္ သူ႔ေစာင့္ေနသည့္ေလယာဥ္က ဆိုက္ေရာက္ေတာ့မည္ျဖစ္ေၾကာင္း ေၾကညာသည့္အသံကို ၾကားလိုက္ရသည္ႏွင့္ ဝမ္ဟယ့္လည္း စိတ္သက္သာရာရသြားခဲ့သည္။
သူႀကိဳရမည့္လူ ထြက္မလာေသးတာေၾကာင့္ အေတြးလြန္ေနသည့္အခ်ိန္ သူ႔ဆီကို လွမ္းလာေနသည့္ အမ်ိဳးသမီးေလးတစ္ဦးကို ေတြ႕လိုက္သည္။ ထိုအမ်ိဳးသမီးေလးက ျဖဴေဖြးသည့္ အသားအေရႏွင့္ ႐ႊန္းစိုေတာက္ပေနသည့္ ႏႈတ္ခမ္းဖူးဖူး၊ အနက္ေရာင္ဆံႏြယ္လႈိင္းမ်ားျဖင့္ ရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ လွပလြန္းပါ၏။
ထိုအမ်ိဳးသမီး သူ႔အနားသို႔ နီးကပ္လာသည္ႏွင့္တၿပိဳင္နက္ ေမႊးပ်ံသည့္ကိုယ္သင္းနံ႔ကို ခပ္ေရးေရး ရလိုက္တာေၾကာင့္ သူ႔ရဲ႕ပါးျပင္ႏွစ္ဖက္လုံး မထိန္းခ်ဳပ္ထားႏိုင္ေလာက္ေအာင္ နီရဲသြားရသည္။
"Hello.. ကြၽန္မက နင္ရွီပါ.."
နင္ရွီက လူငယ္ေလးဆီကို ခ်ဥ္းကပ္သြားလိုက္ၿပီး ၿပဳံးျပလိုက္သည္။
ဝမ္ဟယ္က သူ႔လက္ထဲမွ ဆိုင္းဘုတ္ကို ေအာက္ခ်လိုက္ကာ နင္ရွီကို ေလးေလးစားစား ႏႈတ္ဆက္လိုက္သည္။
"ဒါဆို မင္းက မိန္းကေလးနဥ္ေပါ့..? ကြၽန္ေတာ့္နာမည္က ဝမ္ဟယ္ပါ.. မင္းကိုႀကိဳဖို႔ ကုမၸဏီက စီစဥ္ေပးလိုက္တဲ့လူပါ.. ကြၽန္ေတာ့္ကို ေရွာင္ဝမ္လို႔ ေခၚလို႔ရပါတယ္.."
ေျပာၿပီးသည္ႏွင့္ လက္ကိုပြတ္လိုက္ၿပီး နဥ္ရွီဆီသို႔ ဆန႔္ထုတ္လိုက္သည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္ အစ္ကိုဝမ္.." နဥ္ရွီက သူ႔ရဲ႕လက္ကိုကိုင္ကာ ႏႈတ္ဆက္လိုက္ၿပီး.. "ဒီေန႔ ရွင့္ကိုပဲ အေႏွာင့္အယွက္ေပးရေတာ့မယ္.."
"အေႏွာင့္အယွက္မျဖစ္ပါဘူး.. အေႏွာင့္အယွက္မျဖစ္ပါဘူး.." ဝမ္ဟယ္က အၿပဳံးျဖင့္ ျငင္းဆန္လိုက္ၿပီး.. "အိမ္ျပန္ေရာက္႐ုံပဲရွိေသးတာ.. ကုမၸဏီအသစ္နဲ႔လည္း လက္မွတ္ထိုးၿပီးၿပီဆိုေတာ့ အခက္အခဲရွိခဲ့ရင္ ကြၽန္ေတာ့္ကို ေျပာလို႔ရပါတယ္.."
နဥ္ရွီဘယ္ကျပန္လာမွန္း သူ,မသိပါေခ်။ သို႔ေသာ္လည္း ႏိုင္ငံျခားမွာ ရွိေနစဥ္မွာပင္ လ်ိဳခြင္း၊ က်န္းခ်င္းယြင္တို႔ႏွင့္ သီးသန႔္လက္မွတ္ထိုးႏိုင္ခဲ့သည့္အျပင္ ကုမၸဏီကလည္း သူမအတြက္ အေကာင္းဆုံးစီစဥ္ေပးခဲ့သည္။ ထို႔ေၾကာင့္ သူမက ပါရမီပါရွင္တစ္ဦး ျဖစ္ေခ်လိမ့္မည္။ ထို႔ေၾကာင့္ပင္ အေတာ္ၾကာေအာင္ ေစာင့္ဆိုင္းေနခဲ့ရေသာ္ျငား ဝမ္ဟယ္က ေစာဒကမတက္ရဲခဲ့ေပ။
ေလယာဥ္ကြင္းမွ ထြက္ခြာလာၾကရင္း ႏွစ္ေယာက္သား စကားစျမည္ ေျပာလာခဲ့သည္။ နဥ္ရွိခမ်ာ ေနအပူရွိန္ေၾကာင့္ သူမရဲ႕ခႏၶာကိုယ္က ေလာင္ကြၽမ္းသြားရသလို ခံစားလိုက္ရတာေၾကာင့္ စိတ္မသက္မသာ ျဖစ္သြားခဲ့သည္။ ကံေကာင္းေထာက္မစြာျဖင့္ ဝမ္ဟယ္၏ကားက သိပ္မေဝးေသာေၾကာင့္ အခ်ိန္အၾကာႀကီး လမ္းမေလွ်ာက္လိုက္ရေပ။
အဲယားကြင္းဖြင့္လိုက္ေတာ့မွ နဥ္ရွီလည္း စိတ္သက္သာရာရသြားသလို အသက္ရႉထုတ္လိုက္သည္။ သူမ၏ဖုန္းကို ထုတ္ၿပီးၾကည့္လိုက္ေတာ့ မြန္းလြဲခ်ိန္ျဖစ္ေနေခ်ၿပီ။
ဝမ္ဟယ္က နဥ္ရွီကို ေန႔လယ္စာစားရန္ စားေသာက္ဆိုင္တစ္ခုသို႔ လိုက္ပို႔ခဲ့ၿပီးေနာက္ ကုမၸဏီမွ စီစဥ္ေပးခဲ့သည့္ အဆင့္ျမင့္တိုက္ခန္းတစ္ခုသို႔ ေခၚေဆာင္သြားလိုက္သည္။ ထိုတိုက္ခန္း၌ အိပ္ခန္းတစ္ခန္း၊ ေရခ်ိဳးခန္း၊ မီးဖိုအျပည့္အစုံ ပါဝင္သလို အနီးပတ္ဝန္းက်င္ကလည္း စိမ္းစိမ္းစိုစိုျဖင့္ သစ္ပင္ပန္းမာန္မ်ား ျပည့္ႏွက္ေနသည့္ ေနရာေကာင္းတစ္ခုပင္။ ဝမ္ဟယ္က နဥ္ရွီရဲ႕လက္ဆြဲအိတ္ကို ကူသယ္ေပးလိုက္ၿပီး အခန္းတံခါးကိုဖြင့္ကာ ေသာ့ကိုလက္လႊဲေပးလိုက္သည္။
"မိန္းကေလးနဥ္.. ဒီေနရာက ယာယီေနထိုင္ဖို႔ပါ.. ကုမၸဏီက မင္းအတြက္ ေနရာထိုင္ခင္း စီစဥ္ေနပါတယ္.. အဆင္မေျပခဲ့ရင္ ကုမၸဏီက ပိုေကာင္းတဲ့ေနရာတစ္ခုကို ေျပာင္းေ႐ႊ႕ေပးမွာမို႔ ေက်းဇူးျပဳၿပီး ေစာင့္ေပးပါေနာ္.."
ဝမ္ဟယ္က အခန္းေထာင့္၌ လက္ဆြဲအိတ္ကို ေနရာခ်ေပးလိုက္သည္။ သူ႔ရဲ႕စိတ္ထဲ၌ အနည္းငယ္ ထူးဆန္းသြားရသည္။ မိန္းကေလးနဥ္က ႏိုင္ငံရပ္ျခားမွာ ႏွစ္အေတာ္ၾကာေအာင္ ေနထိုင္ခဲ့ရေပမယ့္ ပစၥည္းမ်ားမ်ားစားစား မပါလာခဲ့ဘူး။
တိုက္ခန္းထဲ၌ အိမ္ေထာင္ပရိေဘာဂမ်ားအျပည့္။ အိပ္ရာခုတင္ကိုလည္း အိပ္ရာခင္းအသစ္ လဲထားေပးသည္။ ကုမၸဏီက သူမကိုအေလးထားေၾကာင္း ခံစားမိလိုက္တာေၾကာင့္ နဥ္ရွီလည္း ၿပဳံးလိုက္ၿပီး ဝမ္ဟယ္ကို ေက်းဇူးတင္စကားေျပာလိုက္သည္။
ဝမ္ဟယ္က စကားေျပာယဥ္ေက်းသည္။ သူက နဥ္ရွီကို အနီးတဝိုက္ရွိ ယာဥ္လမ္းေၾကာင္းမ်ားႏွင့္ ေဈးဝယ္စင္တာမ်ားအေၾကာင္း အေသးစိတ္ေျပာျပလာခဲ့သည္။ ထို႔ေနာက္ ၿမိဳ႕ေတာ္၏ေျမပုံကို သူမလက္ထဲသို႔ ထည့္ေပးခဲ့ၿပီး ထြက္သြားခဲ့သည္။
နဥ္ရွီက ယဥ္ယဥ္ေက်းေက်းျဖင့္ တားျမစ္ဟန္ျပဳကာ ထြက္သြားခြင့္ျပဳလိုက္သည္။
သယ္ေဆာင္လာသည့္ ပစၥည္းမ်ားကို ေနရာခ်ေနသည့္အခ်ိန္ ဖုန္းသံျမည္လာခဲ့သည္။ ဖုန္းေခၚလာသည့္လူက က်န္းခ်င္းယြင္ပင္။
"အစ္ကိုက်န္း.."
နဥ္ရွီက ျပတင္းေပါက္အနားသို႔ ေလွ်ာက္သြားလိုက္ၿပီး လိုက္ကာကိုဖြင့္လိုက္ကာ ပတ္ဝန္းက်င္မွ စိမ္းစိမ္းစိုစို အလွတရားကို ခံစားလိုက္သည္။ ထိုျမင္ကြင္းက အရမ္းလွပၿပီး စိတ္ၾကည္ႏူးဖြယ္ရာပင္။
တစ္ဖက္လူေျပာသည္ကို နားေထာင္ၿပီးေနာက္ နဥ္ရွီက ၿပဳံးလိုက္ၿပီး..
"ဟုတ္ကဲ့.. မနက္ျဖန္ လာခဲ့လိုက္ပါ့မယ္.."
ဖုန္းခ်လိုက္ၿပီးေနာက္ ေရခ်ိဳးလိုက္ၿပီး ဆံပင္အေျခာက္ခံလိုက္သည္။ ထို႔ေနာက္ ေပါ့ေပါ့ပါးပါး ညဝတ္အက်ႌကို ဝတ္ဆင္လိုက္ၿပီး အိပ္ယာေပၚလွဲကာ Laptop ကို ဖြင့္လိုက္သည္။ ႏိုင္ငံရပ္ျခားမွာ ရွိေနသည့္ သူမ၏သူငယ္ခ်င္းမ်ားထံသို႔ Email ပို႔လိုက္ၿပီးေနာက္ Laptop ကို ဖယ္ထားလိုက္ၿပီး ဘာမွမရွိသည့္ ေနရာလြတ္တစ္ခုသို႔ စိုက္ၾကည့္ေနမိေတာ့သည္။
တိုက္ခန္းတြင္း၌ စမ္းေခ်ာင္းအလား ေအးစိမ့္ေနေလ၏။ ညေနေရာက္လာၿပီျဖစ္တာေၾကာင့္ အရမ္းမပူေတာ့ေပ။ ထို႔ေၾကာင့္ နဥ္ရွီက ပိုက္ဆံအိတ္ကို ေကာက္ကိုင္လိုက္ၿပီး အျပင္ထြက္ရန္ ျပင္လိုက္သည္။
ညစာစားခ်ိန္ျဖစ္တာေၾကာင့္ Supermarket အတြင္း၌ လူစည္းကားလ်က္ရွိ၏။ နဥ္ရွီက လက္တြန္းလွည္းတစ္ခုကို ျဖည္းျဖည္းခ်င္းတြန္းေနရင္း ဒိန္ခ်ဥ္တစ္ဘူးယူရန္ လက္လွမ္းလိုက္သည္။ တခ်ိန္တည္းမွာပင္ တျခားလက္တစ္ခုကလည္း ဘူးတစ္ခုတည္းကို လက္လွမ္းလာခဲ့သည္။
ဒိန္ခ်ဥ္ဗူးေပၚမွ လက္လွလွေလးကို ျမင္လိုက္ရသည့္အခ်ိန္ စြန္းရႈိ႕မိန္လည္း မတတ္ႏိုင္သလို သက္ျပင္းခ်လိုက္သည္။ ထိုလက္ေလးေပၚမွာ ဝင္ဆင္ထားသည့္ ေငြေရာင္လက္ေကာက္ေလးက အလြန္တရာ လွပလြန္းသည္။
"စိတ္မေကာင္းပါဘူး.."
တစ္ဖက္လူက စိတ္မေကာင္းေၾကာင္းေျပာၿပီး တစ္ျခားဗူးတစ္ခုကို ယူသြားခဲ့သည္။
နားဝင္ခ်ိဳလွသည့္ ထိုအသံေၾကာင့္ သူမ၏ႏွလုံးသားက အနည္းငယ္ တုန္ယင္သြားရသည္။ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ တစ္ဖက္အမ်ိဳးသမီးကို ႀကိမ္ဖန္မ်ားစြာ လွည့္ၾကည့္ေနမိ၏။ သူမ၏အသြင္သ႑ာန္က ရင္းႏွီးလြန္းေနသည္။ ထို႔ေၾကာင့္ မေသခ်ာသလို ထုတ္ေမးလိုက္သည္။
"နင္... နဥ္ရွီလား..?"
လက္တြန္းလွည္းထဲသို႔ ဒိန္ခ်ဥ္ဘူးကို ထည့္ေနခဲ့သည့္ နဥ္ရွီတစ္ေယာက္ မသိမသာ စိတ္ရႈပ္ေထြးသြားခဲ့ၿပီး ထိုအမ်ိဳးသမီးကို လွည့္ၾကည့္လိုက္သည္။
ႏိုင္ငံျခားမွာ ရွိေနခဲ့စဥ္က ဒီမွာက်န္ရစ္ခဲ့တဲ့ သူမရဲ႕အတန္းေဖာ္ေဟာင္းေတြကို အဆက္အသြယ္ သိပ္မလုပ္ခဲ့ေပ။ ၅ ႏွစ္ သို႔မဟုတ္ ၆ ႏွစ္ေက်ာ္ ၾကာခဲ့သည့္တိုင္ေအာင္ သူမကိုမွတ္မိေနသည့္လူ ရွိေနျခင္းက အလြန္အံ့အားသင့္ဖြယ္ပင္။
နဥ္ရွီက ဘာမွျပန္မေျပာပဲ ထိုအမ်ိဳးသမီးကို စိတ္ရႈပ္ေထြးစြာ ၾကည့္ေနခဲ့သည္။
"နဥ္ရွီ.. နင္ဟုတ္တယ္မလား..?"
စြန္းရႈိ႕မိန္လည္း အလြန္အံ့ဩသြားခဲ့သည္။ ဦးထုပ္ကိုဖယ္လိုက္ၿပီး သူမရဲ႕မ်က္ႏွာကို ျပလိုက္ကာ..
"ငါေလ.. ရႈိ႕မိန္..!"
႐ုတ္တရက္ဆန္လြန္းသည္။ စြန္းရႈိ႕မိန္က မိန္းမေကာင္းေလးတစ္ေယာက္ပင္။ နဥ္ရွီက သူမႏွင့္ သိပ္မရင္းႏွီးခဲ့ပါေသာ္ျငား သူမတို႔ႏွစ္ဦး၏ဆက္ဆံေရးက သိပ္မဆိုးခဲ့ပါ။
လြန္ခဲ့သည့္ေလးႏွစ္ တ႐ုတ္ျပည္သို႔ ျပန္လာခဲ့စဥ္က လမ္းမေပၚ၌ မေတာ္တဆ ေတြ႕ဆုံခဲ့ဖူးေသးသည္။ ထို႔ေၾကာင့္ သူမကိုမွတ္မိေနသည္မွာ မထူးဆန္းေခ်။ ထိုအေၾကာင္းကို ေတြးမိသည္ႏွင့္ နဥ္ရွီက ၿပဳံးလိုက္ၿပီး..
"မေတြ႕တာၾကာၿပီေနာ္.."
"ဟုတ္တယ္.. မေတြ႕တာ အေတာ္ၾကာၿပီ.."
စြန္းရႈိ႕မိန္က နဥ္ရွီကို ေခါင္းစေျခဆုံးၾကည့္လိုက္သည္။ ထို႔ေနာက္ စိတ္လႈပ္ရွားေနသည့္ေလသံျဖင့္..
"ေလးႏွစ္ၾကာခဲ့ၿပီ.. နင္က ပိုၿပီးပိန္သြားသလို အရမ္းလွလာတယ္.."
ေနာက္ဆုံးတစ္ႀကိမ္ နဥ္ရွီႏွင့္ေတြ႕ခဲ့စဥ္က သူရဲ႕ခႏၶာကိုယ္က အထက္တန္းေက်ာင္းတုန္းကထက္ ပိုမိုပိန္သြားခဲ့ေသာ္ျငား သူမ၏စိတ္အေျခအေနက သိပ္ၿပီးေကာင္းသည့္ပုံမေပၚခဲ့ေပ။ ျမင္တဲ့လူတိုင္း စိုးရိမ္သြားေစေလာက္သည္။
နဥ္ရွီျဖစ္ပ်က္သမွ်ေတြကို ၾကားသိခဲ့ၿပီးေနာက္ ပို၍ပင္ စိုးရိမ္ခဲ့ရသည္။ ယခုေတာ့ သူမ၏အေရွ႕၌ လွပေက်ာ့ရွင္းစြာ ရပ္တန႔္ေနေလ၏။ သူမကိုၾကည့္ရသည္မွာ ေကာင္းေကာင္းမြန္မြန္ ေနထိုင္ခဲ့ရဟန္တူသည္။ စြန္းရႈိ႕မိန္လည္း စိတ္သက္သာရာရသြားသလို အျပစ္မကင္းသလို ခံစားခ်က္ကလည္း တစ္ဝက္ခန႔္ ေလ်ာ့ပါးသြားရသည္။
အ႐ြယ္ေရာက္လာၿပီးေနာက္ လူတိုင္းက ပိုမိုရင့္က်က္လာၾကသည္။ နဥ္ရွီကိုျမင္လိုက္သည့္အခ်ိန္ လြန္ခဲ့သည့္ ၆ ႏွစ္ခန႔္က အျဖစ္အပ်က္မ်ားကို ျပန္လည္သတိရခဲ့သည္။ သူမ,မပါဝင္ခဲ့ေသာ္လည္း ရွက္႐ြံ႕မိေနဆဲ။ ထိုအခန္းေဖာ္ အေျပာင္အပ်က္ေကာင္မ်ားႏွင့္ အလြန္နီးကပ္ေနခဲ့မိသည္။
"နင္.. ဒီႏွစ္ေတြမွာ အဆင္ေျပရဲ႕လား..?"
စြန္းရႈိ႕မိန္က သူမအနားကို ေလွ်ာက္သြားလိုက္ၿပီး ခပ္တိုးတိုးေမးလိုက္သည္။
"အရမ္းေကာင္းတယ္.." နဥ္ရွီက လွည့္ၾကည့္လိုက္ၿပီး "နင္ေရာ ဘယ္လိုလဲ..?"
"ငါလည္း ေကာင္းပါတယ္.."
စြန္းရႈိ႕မိန္က ေခါင္းညိတ္ျပလိုက္သည္။ Supermarket အတြင္းရွိ အမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ားက နဥ္ရွီကို တိတ္တဆိတ္ အကဲခတ္ေနၾကသည္ကို သတိျပဳမိလိုက္သည္။
"ဒီတစ္ေခါက္ျပန္လာတာ အမ်ိဳးေတြဆီကို လာလည္တာပဲလား..?"
"ဒီမွာအေျခခ်ဖို႔ ျပန္လာခဲ့တာ.."
နဥ္ရွီက သူမရဲ႕ဦးေခါင္းကို အသာခါရမ္းလိုက္ၿပီး သူမ၏တြန္းလွည္းကို ေငြရွင္းေကာင္တာေရွ႕သို႔ တြန္းသြားလိုက္ကာ..
"ဇာတိေျမက အစားအေသာက္ေတြကို ႏွစ္သက္ေနတုန္းပဲ.."
"ဒါေပါ့.. ငါတို႔အစားအေသာက္ေတြက အရသာရွိတယ္.."
စြန္းရႈိ႕မိန္လည္း ဘာအေၾကာင္းဆက္ေျပာရမွန္း မသိေတာ့ေခ်။ ထို႔ေၾကာင့္ သံေယာင္လိုက္ကာ ျပန္ေျဖလိုက္သည္။
ေနာက္ဆုံးေတာ့ နဥ္ရွီရဲ႕အလွည့္ျဖစ္တာေၾကာင့္ Cashier က သူမရဲ႕ပစၥည္းမ်ားကို စစ္ၾကည့္လိုက္ၿပီး..
"310 ယြမ္ပါ.."
နဥ္ရွီက ယြမ္ 400 ထုတ္ေပးလိုက္သည္။ Cashier က ျပန္ေမးလာခဲ့သည္။
"အေႂကြရွိလား..?"
နဥ္ရွီက ေခါင္းယမ္းျပလိုက္သည္။ စြန္းရႈိ႕မိန္က သူမမွာရွိေၾကာင္း ေျပာေတာ့မည့္အခ်ိန္ အမ်ိဳသားတစ္ဦးက နဥ္ရွီထံသို႔ အေႂကြကမ္းေပးလိုက္ၿပီး..
"ကြၽန္ေတာ့မွာရွိတယ္.. ယူလိုက္ပါ.."
"ေက်းဇူပါ.."
နဥ္ရွီက ထိုလူငယ္ေလးကို ၿပဳံးျပလိုက္ၿပီး ပန္းသီးတစ္လုံး ျပန္ေပးလိုက္သည္။
"မဟုတ္တာ.. ရပါတယ္.."
လူငယ္ေလးက နဥ္ရွီကမ္းေပးလာသည့္ ပန္းသီကိုၾကည့္လိုက္သည္။ သူ႔ရဲ႕မ်က္ႏွာက နီရဲသြားခဲ့ၿပီး သူမ၏စိတ္ေကာင္းေစတနာကို လက္ခံလိုက္ကာ ပန္းသီးကို ဆုပ္ကိုင္လိုက္ေတာ့သည္။
ထိုအေျခအေနေၾကာင့္ နဥ္ရွီပင္ မတတ္သာပဲ ၿပဳံးလိုက္မိသည္။
Supermarket အျပင္ကိုေရာက္သည္ႏွင့္ ရာသီဥတုက အရမ္းပူျပင္းေနေၾကာင္း စြန္းရႈိ႕မိန္က သတိထားမိလိုက္သည္။ အပူရွိန္က ျပင္းထန္လြန္းတာေၾကာင့္ နဥ္ရွီ၏ပါးျပင္ပင္လွ်င္ နီရဲေနေတာ့သည္။ စြန္းရႈိ႕မိန္က သူမရဲ႕ Business Card ကို ကမ္းေပးလိုက္ၿပီး..
"ဒီမွာမေနတာၾကာေတာ့ တခ်ိဳ႕ေနရာေတြကို မရင္းႏွီးေလာက္ဘူး.. ကိစၥရွိလာခဲ့ရင္ ငါ့ကိုဖုန္းေခၚလိုက္.."
"ေက်းဇူး..."
နဥ္ရွီက Business Card ကို လွမ္းယူလိုက္ၿပီး သူမ၏ပိုက္ဆံအိတ္ထဲသို႔ ထည့္လိုက္သည္။ စြန္းရႈိ႕မိန္ႏွင့္ ထပ္မံဆက္သြယ္ဖို႔ရာ သိပ္ၿပီးမျဖစ္ႏိုင္ေသာ္လည္း သူမ၏စိတ္ေကာင္းေစတနာကို ဝမ္းပန္းတသာ လက္ခံထားလိုက္သည္။
သူမ၏ အလြန္ယဥ္ေက်းသည့္အမူအယာကိုၾကည့္ရင္း စြန္းရႈိ႕မိန္က ဘာေျပာရမွန္းမသိေအာင္ ပါးစပ္အေဟာင္းသား ျဖစ္ေနခဲ့သည္။
"အဲ့တာဆိုလည္း ေနာက္မွေတြ႕မယ္ေနာ္.. အခြင့္အေရးရွိရင္ ျပန္ဆုံၾကေသးတာေပါ့.."
"Goodbye.."
နဥ္ရွီက ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ ေဈးဝယ္အိတ္ႏွစ္လုံးကို ဆြဲကိုင္လိုက္ၿပီး ကားပါကင္ထိုးထားသည့္ေနရာသို႔ သြားရန္ျပင္လိုက္သည့္အခ်ိန္ စြန္းရႈိ႕မိန္က တားဆီးလိုက္ျပန္သည္။
"နဥ္ရွီ.. ခ်န္းယီကြၽင္းနဲ႔ ေဝစစ္ခီတို႔ ေနာက္တစ္ပတ္ထဲမွာ မဂၤလာေဆာင္ေတာ့မယ္.." စြန္းရႈိ႕မိန္လည္း ေျပာရင္းေကာင္းမလား၊ မေကာင္းဘူးလားဆိုတာ ေတြေဝေနခဲ့သည္။ "နင္သြားမွာလား..?"
"သူတို႔ႏွစ္ေယာက္က အတူရွိေနတုန္းလား..?"
စြန္းရႈိ႕မိန္က နဥ္ရွီ၏မ်က္ႏွာေပၚ၌ အၿပဳံးတစ္ခုကို ေတြ႕လိုက္ရေလ၏။ သို႔ေသာ္လည္း ထိုအၿပဳံးက အနည္းငယ္ ထူးဆန္းေနခဲ့သည္။
"အို႔.. ဟတ္ထိသြားၿပီ.. အခ်စ္ဆိုတာကို ထပ္ယုံမိေတာ့မလိုပဲ.." နဥ္ရွီက မ်က္ခုံးပင့္လိုက္ၿပီး သူမ၏ပုခုံးေပၚမွ ဆံႏြယ္မ်ားကို အေနာက္ဘက္သို႔ သိမ္းလိုက္ကာ.. "သတိရတယ္လို႔ ေျပာေပးပါ.. ေနာက္တစ္ပတ္က အလုပ္ရႈပ္မွာဆိုေတာ့ မသြားေတာ့ပါဘူး.."
စြန္းရႈိ႕မိန္က ခပ္ျမန္ျမန္ ေခါင္းညိတ္ျပလာခဲ့သည္။ အမွန္တကယ္ေတာ့ နဥ္ရွီကို ထိုအေၾကာင္းေျပာျပမိသည့္အတြက္ ေနာင္တရေနခဲ့သည္။ ကံေကာင္းစြာပင္ နဥ္ရွီ၏တုံ႔ျပန္မႈက အရမ္းမဆိုးဝါးခဲ့။ မဟုတ္ပါက အနာဂါတ္တြင္ မ်က္ႏွာပ်က္ရလိမ့္မည္။
အိမ္သို႔ျပန္ေရာက္သည္ႏွင့္ နဥ္ရွီက စားမေကာင္းသည့္ ၾကက္ဥေခါက္ဆြဲတစ္ပန္းကန္ ျပဳတ္လိုက္သည္။ ထို႔ေနာက္ လိုင္းေပၚခနတက္လိုက္ၿပီး အိပ္ရာဝင္လိုက္ေတာ့သည္။
မနက္ျဖန္ သူမရဲ႕ကိုယ္စားလွယ္၊ ၿပီးေတာ့ အႀကီးပိုင္းလူႀကီးေတြနဲ႔ေတြ႕ဖို႔ ကုမၸဏီကို သြားရဦးမယ္။ သူတို႔ေရွ႕မွာ မ်က္ကြင္းညိဳၿပီး အိပ္ေရးမဝတဲ့ပုံစံမ်ိဳး ျပလို႔မျဖစ္ဘူး။
'က်ိဳ႕က်ီ' ေဖ်ာ္ေျဖေရးကုမၸဏီက တ႐ုတ္ျပည္၏ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားအနက္ အလြန္ဆန္းသစ္လြန္းၿပီး ကဏၭေတာ္ေတာ္မ်ားမ်ားက ေနရာယူထားႏိုင္ခဲ့သည္။ ပထမအဆင့္ ကုမၸဏီမ်ားျဖင့္ပင္ ယွဥ္ၿပိဳင္ႏိုင္ၿပီး တိုးတက္လာသည့္ အရွိန္အဟုန္က ျပင္းထန္လြန္းသည္။
"က်ိဳ႕က်ီ' ေဖ်ာ္ေျဖေရးကုမၸဏီက သ႐ုပ္ေဆာင္မ်ားကို ေျမေတာင္ေျမႇာက္ေပးသည္။ ဆယ္ေက်ာ္သက္အဆိုေတာ္မ်ားႏွင့္ အႏုပညာေလာက၏ 'အိမ္ေရွ႕မင္းသား၊ ရွင္ရွင္ဧကရာဇ္'မ်ားကိုပင္ ေမြးထုတ္ေပးႏိုင္ခဲ့သည္။ သို႔ေသာ္လည္း မည္သည့္အရာမွ် ၿပီးျပည့္စုံသည္မရွိေခ်။ က်ိဳ႕က်ီကုမၸဏီလည္း ထိုနိယာမမွ လြတ္ေျမာက္ျခင္းမရွိခဲ့။ ကုမၸဏီ၌ ဆြဲၿငိဳ႕အားေကာင္းသည့္ အမ်ိဳးသမီးအႏုပညာရွင္မ်ိဳး မရွိပါေခ်။
(TN : အိမ္ေရွ႕မင္းသား၊ ႐ုပ္ရွင္ဧကရာဇ္ဆိုတာ အရမ္းနာမည္ႀကီးလြန္းၿပီး လႊမ္းမိုးႏိုင္စြမ္းျပင္းတဲ့ တစ္ေခါတ္မွာတစ္ေယာက္ပဲ ေပၚထြက္ႏိုင္တဲ့လူမ်ိဳးကို ဆိုလိုတာပါ။)
ကုမၸဏီက ကံဆိုးေနသည္လားမသိ။ ကုမၸဏီ Agent မ်ားက အမ်ိဳးသားသ႐ုပ္ေဆာင္မ်ားကိုသာ ေမြးထုတ္ေပးႏိုင္ခဲ့သည္။ ကုမၸဏမွာရွိေနသည့္ အမ်ိဳးသမီးသ႐ုပ္ေဆာင္တိုင္းက နာမည္မႀကီးၾကသလို နာမည္ႀကီးလွ်င္လည္း ၾကာရွည္မခံသည္မွာ က်ိန္စာမိေနသလိုပင္။
ထို႔ေၾကာင့္ တက္သစ္စ အမ်ိဳးသမီးသ႐ုပ္ေဆာင္တိုင္းက က်ိဳ႕က်ီကုမၸဏီႏွင့္ လက္တြဲရန္ ေၾကာက္လန႔္ေနခဲ့ၾကသည္။ အမ်ိဳးသားသ႐ုပ္ေဆာင္မ်ားကေတာ့ နာမည္မႀကီးခ်င္တဲ့လူ ရွိပါ့မလား..? ဒါေပမဲ့ အမ်ိဳးသမီးသ႐ုပ္ေဆာင္တိုင္း နာမည္မႀကီးတဲ့ကုမၸဏီမ်ိဳးကို ဘယ္သူဝင္ေရာက္ခ်င္မွာလဲ..?
ထိပ္သီးေဖ်ာ္ေျဖေရးကုမၸဏီတစ္ခု ျဖစ္လာႏိုင္ေစရန္ အမ်ိဳးသားသ႐ုပ္ေဆာင္သာမက အမ်ိဳးသမီးသ႐ုပ္ေဆာင္မ်ားပါ ေအာင္ျမင္ဖို႔လိုအပ္သည္။ အမ်ိဳးသားသ႐ုပ္ေဆာင္သာရွိၿပီး အမ်ိဳးသမီးသ႐ုပ္ေဆာင္သာ မရွိပါက ထိုကုမၸဏီသည္ ဧကန္မုခ် ျငင္းပယ္ခံရလိမ့္မည္။
ကုမၸဏီ၏သူေဌးအတြက္ေတာ့ ထိုျပႆနာက အလြန္ေခါင္းကိုက္စရာပင္။ ထို႔ေၾကာင့္ က်န္းခ်င္းယြင္က ႏိုင္ငံျခားမွျပန္လာသည့္ အမ်ိဳးသမီးသ႐ုပ္ေဆာင္တစ္ေယာက္ႏွင့္ လက္မွတ္ထိုးလိုက္ေၾကာင္း ၾကားသိလိုက္ရသည့္အခ်ိန္ ထိုမိန္းကေလးက ႏိုင္ငံျခား႐ုပ္သံေပၚ၌ ဇာတ္ရံအျဖစ္သာ ပါဝင္ခဲ့ဖူးေသာ္ျငား လူခ်င္းေတြ႕ခ်င္လာခဲ့မိသည္။
ေသေနတဲ့ျမင္းကို ကုသေပးဖို႔ႀကိဳးစားရင္း တကယ္အသက္ျပန္ရွင္လာခဲ့ရင္ေရာ..?
................................
Translated by Melinoe_Megami
....................................