ကြမ္မာ ခုနစ်လီ

By No_Coz

125K 19.2K 746

ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတ... More

Description
နိဒါန်း
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
ရှောင်ရှန်းဇီ
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)/ က
အခန်း (၂၉)/ က
အခန်း (၂၉)/ ခ
အခန်း (၃၀)/ က
အခန်း (၃၀)/ ခ
အခန်း (၃၁)/ က
အခန်း (၃၁)/ ခ
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)/ က
အခန်း (၃၄)/ ခ
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)/ က
အခန်း (၃၇)/ ခ
အခန်း (၃၈)/ က
အခန်း (၃၈)/ ခ
အခန်း (၃၉)/ က
အခန်း (၃၉)/ ခ
အခန်း (၄၀)
အခန်း (၄၁)/ က
အခန်း (၄၁)/ ခ
အခန်း (၄၁)/ ဂ
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)/ က
အခန်း (၄၄)/ ခ
အခန်း (၄၅)/ က
အခန်း (၄၅)/ ခ
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)/ က
အခန်း (၅၁)/ ခ
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)

အခန်း (၂၈)/ ခ

1.4K 241 6
By No_Coz

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၂၈)/ ခ
__________

ငါ ဘာမှ ပြန်မပြောသေးတာတွေ့တော့ မင်းကြီးဟာ ရယ်ပြန်တယ်။

"ချင်းဟွေ့ မလန့်ပါနဲ့၊ ငါက မင်းကို ညီရင်းတစ်ယောက်လို ချစ်ခင်တာ၊ မင်းကို ဘယ်လိုလုပ် အပြစ်တင် အပြစ်ပေးရက်မှာလဲ"

သူ စာကြည့်စားပွဲဆီ ပြန်လျှောက်သွားလိုက်တယ်။ ဝတ်ရုံစကို အသာမပြီးနောက် ထိုင်ချလိုက်လေတယ်။

"ဒီနေ့ ကျန်း ချင်းဟွေ့ကို နန်းတော် ဆင့်ခေါ်လိုက်တာဟာ ပြောစရာတစ်ခု ရှိလို့ပဲ"

မင်းကြီးက စုတ်တံကို ​ကောက်ကိုင်လိုက်ပြီး စာရွက်အသစ်တစ်ရွက် ထပ်ထုတ်လိုက်တယ်။ ရေးနေရင်းက သူ ပြောလာတယ်။ "ဝေ့ပြည်ထောင်က ကျန်းတို့ကို စစ်ကြေညာမလားဆိုတာ မသိသေးဘူး၊ တကယ်လို့ စစ်ကြေညာခဲ့ရင် ချင်းဟွေ့တော့ ရှေ့တန်းထွက်တိုက်ရတော့မှာပဲ၊ ဒီစစ်ပွဲက နိုင်မှပဲ ဖြစ်မယ်၊ ဘယ်လို အကြောင်းနဲ့မှ ရှုံးလို့မရဘူး၊ မဟုတ်ရင် ကျန်းရော မင်းပါ အဆုံးသတ် တစ်ခုပဲ ရှိလိမ့်မှာပဲ"

သူ ငါ့ကို အဲဒီစာရွက် ပေးလိုက်တယ်။ စာရွက်ပေါ်မှာတော့ စာနှစ်လုံးပဲ၊ "သေခြင်း"တဲ့။ အနီရောင်နဲ့ ရေးထားတယ်။ ငါ နှုတ်ခမ်းကြောတွေ တွန့်မိပါရဲ့။ ဒီဘုရင်. . . တည့်တိုးကြီး ပြောဖို့လိုလာရင် တကယ်ကို တည့်တိုးကြီး ပြောချတာပါလား။ တော်ဝင်စာ​ကြည့်တောင်ကနေ ငါ ထွက်မလာသေးခင် ဘုရင်ရဲ့ အသံသဲ့သဲ့က လှမ်းပြောလိုက်သေးတယ်။ "ချင်းဟွေ့ စစ်ဟာ နီးကပ်လာပြီ၊ စစ်တပ်တံဆိပ်တုံးကို သေချာ ကာကွယ်ထိန်းသိမ်းထားပါ"တဲ့။

ငါ့ရင်ထဲ လေးသွားရပြီ။ ချွေးစေးတွေလည်း နဖူးက ပြိုက်ပြိုက်ကျလို့။ စစ်တပ် တံဆိပ်တော်. . . အဲဟာကြီးကို ငါ ဘယ်နားက သွားရှာထုတ်လာရမတုန်း။ ဒီစစ်သူကြီး ငါက ချူယိကို သွားမေးရမှာလား။ ငါ အရင်က စစ်တပ် တံဆိပ်တော်ကို ဘယ်နား ထားမိတာလဲ။ ဒီစစ်သူကြီးက အသုံးကို မကျဘူး။

စစ်သူကြီး အိမ်တော်ပြန်ရောက်တာနဲ့ ငါ ဘာကိုမှ ဂရုမစိုက်နိုင်ဘူး၊ ချူခုန်း အခန်းကို တည့်မတ်နေအောင် သွားလိုက်တော့တယ်။ ဒီတစ်ခါမှာတော့ သူ ဆန်ပြုတ်ကို ပျော်ပျော်ကြီး သောက်နေတာ။

ငါ့ ကျောတစ်ပြင်လုံးတော့ ချွေးတွေ နစ်နေပြီ။ အင်္ကျီပါ ကျောမှာ ကပ်လို့။ ငါ ရံရွှေတော်လက်ထဲက ဆန်ပြုတ်ပန်းကန်ကို လုပြီး ပြောလိုက်တယ်။ "ငါ ကျွေးလိုက်မယ်"

ရံရွှေတော်က ချူခုန်းကို ပြန်ကြည့်တယ်။ ချူခုန်းက "သွားလို့ရတယ်" ပြောမှ သွားတော့တာပဲ။

သူ ထွက်သွားပြီး တံခါးပိတ်သွားတာနဲ့ ငါ ချူခုန်း ကုတင်ပေါ် စွေ့ကနဲ ဝင်တိုင်လိုက်ပြီး သူ့ကို ငိုမဲ့မဲ့နဲ့ ကြည့်လိုက်မိတော့တယ်။

"သတင်းဆိုး အကြီးကြီးပဲ"

ဒီတစ်ခါမှာတော့ ချူခုန်း မှတ်သွားပြီ။ ငါ့ဆီကနေ ဆန်ပြုတ်ခွက်ကို ယူပြီး သူ့ဘာသာသောက်တယ်။ သောက်နေရင်းက သူ ပြောလေတယ်။ "မင်း နန်းတော်ထဲ မသွားခင်တုန်းကလည်း ဒီလို ပြောခဲ့တာပဲလေ"

ငါ စိတ်တွေ ဗျာများပြီး ပြန်အော်မိတော့တာပေါ့။ "အေး၊ ဒီတစ်ခါ ပိုဆိုးသွားပြီဟ...!"

နန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့သမျှကို ငါ ချူခုန်းဆီ ဖောက်သည်ပြန်ချလိုက်တယ်။ ပြီးတော့ သူ့ကို မေးလိုက်တယ်။ "ပြောပါဦး၊ မင်းကြီးက ဘာကို ဆိုလိုတာလဲ၊ ပြီးတော့ စစ်တပ်အမိန့်ပေး တံဆိပ်တော်ဆိုတာက ရှိသေးတယ်...! အရင်စစ်သူကြီးက အဲဟာကို ဘယ်နားသိမ်းထားလဲ ငါမှ မသိတာ၊ သူ ဘယ်နားဝှက်ထားလဲ ငါ ဘယ်လိုလုပ် သိမှာလဲ၊ ကိုယ်စစ်တပ်ရဲ့ အမိန့်ပေးတံဆိပ်ပြားတောင် ထုတ်မပြနိုင်တဲ့ စစ်သူကြီး... စောက်ကျိုးတွေနည်းပြီ၊ စစ်မြေပြင်ကို ခဏထားဦး၊ အဲဒီမရောက်နိုင်သေးခင် ဘုရင် သတ်လို့ ခေါင်းပြတ် သေတော့မှာပဲ"

ချူခုန်းကတော့ ဆန်ပြုတ်ကို အေးအေးလူလူသောက်နေနိုင်သေးတယ်။ ကုန်သွားတော့မှ ခွက်ကို ဘေးချတယ်၊ ပါးစပ်ကို သုတ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာလေတယ်။ "သြော် ဒါနဲ့ ငါ့ကို ပြောစမ်း၊ ဒီအရုပ်လေးက စစ်တပ် အမိန့်ပေးတံဆိပ်တော်နဲ့ တူလားလို့"

သူ့အင်္ကျီလက်ပွေ့ထဲကနေ ကျောက်စိမ်းဖြူနဲ့ လုပ်ထားတဲ့ ကျားရုပ်တစ်ရုပ်ထုတ်ပြလာတယ်။ အဲပေါ်မှာ ကျားပုံအနုထွင်းထားတဲ့ တံဆိပ်ရာလည်း ပါသေးတယ်။ ငါ အံ့သြမိတာပေါ့။ "နင် ဘယ်နားကနေ ခိုးထားတာလဲ"

"ငါတို့ ဒီဘဝ စကတည်းက ဒီဟာက ငါ့ဆီမှာ ရှိနေတာပဲ၊ အရင်က ဒါ ဘာကြီးမှန်း ငါ မသိခဲ့ဘူး၊ ဒါပေမဲ့ ပုံပန်းကြည့်တာနဲ့တင် ရောင်းစားရင် ငွေအများကြီးရမှာ သိသာတယ်၊ အဲဒါကြောင့် ငါ သွားလေရာ ဆောင်ထားလိုက်တာ၊ ငါတို့ တောင်ပေါ်မှာ သွားနေတဲ့အခါ ဒါကို ပေါင်စားပစ်မယ်ပေါ့၊ အေး. . . တကယ့်ရတနာကြီးဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး" 

ငါ လုံးဝလည်ထွက်သွားပြီ။

"နေပါဦး၊ စစ်သူကြီးရဲ့ တံဆိပ်ပြားက ဘယ်လိုလုပ် နင့်ဆီမှာ ရှိနေတာတုန်း၊ မင်းကြီး ဒီနေ့ ငါ့ကို ပြောတဲ့ပုံအရဆို မင်းကြီးနဲ့ မင်းသမီးက ဘက်မတူဘူး၊ ဆန့်ကျင်ဘက်ဆီမှာနော်. . . ရန်သူတွေဟ ရန်သူတွေ"

ချူခုန်းက ရယ်တယ်။ "ဒီအကြောင်းအကျိုးတွေ အကုန်လုံးကို ငါသခင်တော့ သိနားလည်ပြီးပြီ၊ မင်းကို ပြောပြစေချင်လား၊ မင်း သိချင်ရင် ငါ့ကို သခင်ကြီးလို့ ခေါ်လေ၊ မင်းအမှားကို တောင်းပန်ဝန်ချပေး"

"သခင်ကြီး ကျွန်မ မှားသွားပါတယ်" ငါ ပြောလိုက်တယ်။ "ကဲ မြန်မြန် ငါ့ကို ပြောပြတော့"

ငါ ချူခုန်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေလိုက်တယ်။ ချူခုန်းကတော့ အံတွေ ကြိတ်လိုက်တာ။ သူ အချိန်တော်တော်ကြာတဲ့အထိ ဘာစကားတစ်ခွန်းမှ မပြောသေးဘူး။ ငါ စဉ်းစားကြည့်လေလေ၊ ဒီမောက်မာတဲ့ ကောင်စုတ်လေး တစ်ရက်ထက်တစ်ရက် ပိုထူးဆန်းလာလေလေပဲ။

သူ့အလိုကို လိုက်ဖြည့်ဆည်းပေးနေဖို့က တယ်မလွယ်တဲ့ အရာပေပဲ။

သူ့အလိုအတိုင်း မလိုက်လျောပြန်ရင်လည်း မကျေနပ်ပြန်ဘူး။

လူကို တော်တော်လေး အဆင်မပြေအောင် လုပ်တတ်တာပဲဟာ...

ချူခုန်း ဘာမှ မပြောဘဲ တိတ်နေတာကြီး နောက်ဆုံးတော့ အဆုံးသတ်သွားတယ်။ သူ ဖြည်းဖြည်းချင်း ပြောပြတယ်။ "လက်ရှိဘုရင်ရဲ့ ရာဇအာဏာက မမြဲဘူးဆိုတာ မင်း သိလား"

"ငါက ဘယ်သိမှာလဲ"

"မင်းကို ပြန်ဖြေဖို့ ပြောမိလို့လား...!"

ချူခုန်း နဖူးကြောတွေကို ထောင်လို့။ သူ သက်ပြင်းအရှည်ကြီးချပြီးနောက် ဆက်ပြောလေတယ်။ "လက်ရှိ မယ်တော်ကြီးဆိုတာက မင်းကြီးရဲ့ မယ်တော်အရင်း မဟုတ်ဘူး၊ မင်းကြီးရဲ့ မယ်တော်ဆုံးသွားတော့ သူက ကျွေးမွေးစောင့်ရှောက်ထားခဲ့တာ၊ အရင်မင်းကြီးက အစောကြီး နတ်ရွာစံသွားတော့ မယ်တော်ကြီးဟာ ကန့်လန့်ကာ နောက်ကွယ်ကနေ တိုင်းရေးပြည်ရေးကို ဝင်စီမံတယ်၊ တစ်ပြည်ထောင်လုံးကို သူ ချုပ်ကိုင်ထားတယ်လို့ ပြောရမယ်၊ ဒါပေမဲ့ မင်းကြီးက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတယ်၊ မယ်တော်ကြီး ထိန်းချုပ်ဖို့လည်း မလွယ်တော့ဘူး၊ မယ်တော်ကြီးက မင်းကြီးကို ဖယ်ရှားပြီး ပလ္လင်ပေါ်ကို နောက်တစ်ယောက် တင်လိုက်ချင်တယ်၊ မင်းကြီးမှာ နန်းမွေနန်းလျာ ရင်သွေးမရှိထားတော့ ဘုရင်အသစ်လုပ်မဲ့သူ မရှိဘူးဖြစ်နေတာ၊ အဲ့သလို အခြေအနေမှာ မယ်တော်ကြီးရဲ့ သမီးတော်အရင်း ချင်းလင်မင်းသမီးက ကိုယ်ဝန်ရလာတယ်၊ မယ်တော်ကြီးက မင်းသမီးရဲ့ ကလေးကို ဘုရင်အသစ်အဖြစ် နန်းတင်ချင်တာ"

"ဒါပေမဲ့လေ မင်းသမီးဗိုက်ထဲက ကလေးက ယောက်ျားလေးဖြစ်မယ်မှန်း မယ်တော်ကြီး ဘယ်လိုလုပ်သိတာလဲ"

"ယောက်ျားလေး ဟုတ်တာ၊ မဟုတ်တာက အရေးမကြီးဘူး၊ မင်းသမီးက မကောင်းဆိုးဝါးလေး မွေးလာရင်တောင် မယ်တော်ကြီး ဆန္ဒရှိရင် သားယောက်ျားလေး ဖြစ်လို့ရတယ်"

ငါ သဘောပေါက်သွားပြီ။ "သူတို့ ကလေးကို လဲပစ်မှာပေါ့...!"

ချူခုန်း ခေါင်းညိတ်လိုက်တယ်။ "ဒီလိုဆို မင်းကြီးကို ဖယ်ရှားပစ်လို့ ရပြီ။ မယ်တော်ကြီးက ဘုရင်အသစ် ရွေးချယ်တင်မြောက်လိမ့်မယ်၊ တိုင်းပြည်ကို သူ ပိုပြီး ထိန်းချုပ်လာနိုင်မယ်။ မင်းသမီးက ကိုယ့်ကိုယ်ကိုယ် အဆိပ်သောက်ပစ်လိုက်တယ်လို့ ငါတော့ မထင်ဘူး၊ သူ့ကို ဝေ့ပြည်ထောင်က သူလျိုတွေ လုပ်ကြံတာပဲဖြစ်မယ်၊ အဲဒီတော့မှ မယ်တော်ကြီးနဲ့ မင်းကြီးက ရန်ဆက်ဖြစ်နေမှာ၊ နိုင်ငံမှာ အတွင်းရေးအဆင်မပြေရင် အကျိုးအများဆုံးရမှာက ဝေ့ပြည်ပဲ၊ အခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကြေညာလိမ့်မယ်၊ အဲဒါကြောင့် မင်း ဒီနေ့ နန်းတွင်းသွားတော့ မင်းကြီးက ကျေလည်း ကျေနပ်တယ်၊ စိုးလည်း စိုးရိမ်တယ်ပြောတာ၊ ဒါကြောင့်မို့ မင်းကို သူက အနီရောင် "သေခြင်း"စာလုံးအကြီးကြီးနဲ့ အချက်ပြလိုက်တာ၊ ဝေ့ပြည်နဲ့ စစ်သွားခင်းဖို့ဆိုပြီး. . . မင်း နိုင်ပဲ နိုင်ရမယ်၊ ရှုံးလို့ မဖြစ်ဘူး၊ ရှုံးသွားရင် မယ်တော်ကြီး စနက်ကြောင့် မဟုတ်ဘဲနဲ့ကို ဘုရင်အဖြစ်က ပြုတ်သွားရလိမ့်မယ်"

"မင်းကြီးကို ကာကွယ်ဖို့အတွက်နဲ့ ငါက စစ်တိုက်ထွက်ရမယ်ပေါ့" ငါ နားမလည်နိုင်တော့ဘူး။ "စစ်တပ်ဆိုတာဟာ တစ်ဦးတစ်ယောက်ကို ကာကွယ်ဖို့ရှိနေတာမှ မဟုတ်တာ"

ချူခုန်း မျက်ခုံးတွေ ပင့်လိုက်တယ်။ "မင်း မှန်တယ်၊ ဒါပေမဲ့ မင်း အခုချိန်မှာ သူ့ကို မကာကွယ်ပေးရင် ဘုရင်က မင်းကို သတ်တော့မယ်"

ငါ သက်ပြင်းချမိပါတယ်။ "လူတွေရဲ့ စိတ်တွေကနော်၊ ရှုပ်ထွေးလိုက်တာ"

ငါ မျက်နှာလွှဲလိုက်ပြီး ခဏလောက်စဉ်းစားနေလိုက်တယ်။ ပြီးတော့မှ ချူခုန်းကို မေးလိုက်တယ်။ "ဒီအခြေအနေကို နင် ဘယ်လိုလုပ်ပြီး ဒီလောက်အသေးစိတ် သိသွားတာလဲ"

ချူခုန်းက ပြုံးတယ်။ "မင်း နန်းတွင်းသွားနေတဲ့အချိန်မှာ မယ်တော်ကြီးကလည်း ငါ့ဆီ လူလွှတ်လိုက်တယ်၊ အဲဒီလူရဲ့ ပါးစပ်ကနေ ငါ လိုချင်တဲ့ သတင်းတွေအကုန် နှိုက်ထုတ်လိုက်တာပဲ၊ ငါကတော့ တစ်ယောက်သောသူလို့ သူများ အဆူအပြောခံပြီး ငြိမ်နေမဲ့ လူစား မဟုတ်ဘူးလေ" 

သူ့စကားတွေက ငါ့ကို ရန်စနေတာဆိုပေမဲ့ ငါ ဒီကိစ္စကို အတည်ယူပြီး မတွေးဘဲ မနေနိုင်ခဲ့ဘူး. . . ငါတို့နှစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက အကွာအဟကြီးမားလှပါလားလို့။

ချူခုန်း အိပ်ရာထဲမှာ လှဲလျက်က ပျော်ပျော်ကြီး ဆိုလာတယ်။ "အခု ငါတို့ အားလုံး သဘောပေါက်ပြီးသွားပြီ၊ လောလောဆယ်မှတော့ မြို့တော်ကနေ ထွက်ပြေးလို့ မရသေးဘူး၊ ဝေ့ပြည်ထောင်နဲ့ တာ့ချီပြည် စစ်ဖြစ်တဲ့အထိ စောင့်မှ... ရုတ်ရုတ်သဲသဲတွေ ကြားမှာ လူနှစ်ယောက်လောက် ပျောက်သွားတာက သဘာဝကျတယ်လေ"

ဒီလူ. . . ငါတို့ ထွက်ပြေးရမဲ့ အစီအစဉ်ကိုတောင်မှ သမာသမတ်ကျနေတဲ့ စကားအသုံးအနှုန်းကြီးနဲ့ ပြောနေနိုင်တာ။

ငါ မကျေနပ်တာကိုတော့ နှုတ်ခမ်းစူပြလိုက်တယ်။ ရုတ်တရက် မေးခွန်းတစ်ခု ငါ သွားစဉ်းစားမိတယ်။ "ချူခုန်း စစ်သူကြီးက ဘယ်လိုလုပ် သေသွားတာလဲ"

သူ့ကို ဘယ်သူ ဓားနဲ့ ထိုးသွားတာလဲ၊ ဒီစစ်သူကြီးက ဘယ်သူ့ကိုမဆို ယှဉ်ပြိုင်အနိုင်ယူနိုင်မဲ့ပုံရှိတာ။ ဒါပေမဲ့ ရုန်းရင်းဆန်ခတ် ခုခံထားတဲ့ သဘောတောင် ဘာလို့ မရှိရတာလဲ။

ချူခုန်း မျက်လုံးစုံမှိတ်လိုက်ပြီး ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်တယ်။ "အဲဒါ အရေးကြီးသေးလား၊ ဒီလောက်ကိစ္စကြီးတွေ ပတ်လည်ဝိုင်းနေတဲ့အရေးမှာ သူတို့ရဲ့ ချစ်ရေးချစ်ရာတွေကို ဘယ်သူက အဖက်လုပ်စဉ်းစားနေဦးမှာလဲ"

_____

[Zawgyi]

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန္း (၂၈)/ ခ
__________

ငါ ဘာမွ ျပန္မေျပာေသးတာေတြ့ေတာ့ မင္းႀကီးဟာ ရယ္ျပန္တယ္။

"ခ်င္းေဟြ့ မလန္႔ပါနဲ႔၊ ငါက မင္းကို ညီရင္းတစ္ေယာက္လို ခ်စ္ခင္တာ၊ မင္းကို ဘယ္လိုလုပ္ အျပစ္တင္ အျပစ္ေပးရက္မွာလဲ"

သူ စာၾကည့္စားပြဲဆီ ျပန္ေလ်ွာက္သြားလိုက္တယ္။ ဝတ္ရံုစကို အသာမၿပီးေနာက္ ထိုင္ခ်လိုက္ေလတယ္။

"ဒီေန့ က်န္း ခ်င္းေဟြ့ကို နန္းေတာ္ ဆင့္ေခၚလိုက္တာဟာ ေျပာစရာတစ္ခု ရိွလို႔ပဲ"

မင္းႀကီးက စုတ္တံကို ​ေကာက္ကိုင္လိုက္ၿပီး စာရြက္အသစ္တစ္ရြက္ ထပ္ထုတ္လိုက္တယ္။ ေရးေနရင္းက သူ ေျပာလာတယ္။ "ေဝ့ျပည္ေထာင္က က်န္းတို႔ကို စစ္ေၾကညာမလားဆိုတာ မသိေသးဘူး၊ တကယ္လို႔ စစ္ေၾကညာခဲ့ရင္ ခ်င္းေဟြ့ေတာ့ ေရ႔ွတန္းထြက္တိုက္ရေတာ့မွာပဲ၊ ဒီစစ္ပြဲက ႏိုင္မွပဲ ျဖစ္မယ္၊ ဘယ္လို အေၾကာင္းနဲ႔မွ ရႈံးလို႔မရဘူး၊ မဟုတ္ရင္ က်န္းေရာ မင္းပါ အဆံုးသတ္ တစ္ခုပဲ ရိွလိမ့္မွာပဲ"

သူ ငါ့ကို အဲ့ဒီစာရြက္ ေပးလိုက္တယ္။ စာရြက္ေပၚမွာေတာ့ စာႏွစ္လံုးပဲ၊ "ေသျခင္း"တဲ့။ အနီေရာင္နဲ႔ ေရးထားတယ္။ ငါ ႏႈတ္ခမ္းေၾကာေတြ တြန္႔မိပါရဲ့။ ဒီဘုရင္. . . တည့္တိုးႀကီး ေျပာဖို႔လိုလာရင္ တကယ္ကို တည့္တိုးႀကီး ေျပာခ်တာပါလား။ ေတာ္ဝင္စာ​ၾကည့္ေတာင္ကေန ငါ ထြက္မလာေသးခင္ ဘုရင္ရဲ့ အသံသဲ့သဲ့က လွမ္းေျပာလိုက္ေသးတယ္။ "ခ်င္းေဟြ့ စစ္ဟာ နီးကပ္လာၿပီ၊ စစ္တပ္တံဆိပ္တံုးကို ေသခ်ာ ကာကြယ္ထိန္းသိမ္းထားပါ"တဲ့။

ငါ့ရင္ထဲ ေလးသြားရၿပီ။ ေခြၽးေစးေတြလဲ နဖူးက ၿပိဳက္ၿပိဳက္က်လို႔။ စစ္တပ္ တံဆိပ္ေတာ္. . . အဲ့ဟာႀကီးကို ငါ ဘယ္နားက သြားရွာထုတ္လာရမတုန္း။ ဒီစစ္သူႀကီး ငါက ခ်ူယိကို သြားေမးရမွာလား။ ငါ အရင္က စစ္တပ္ တံဆိပ္ေတာ္ကို ဘယ္နား ထားမိတာလဲ။ ဒီစစ္သူႀကီးက အသံုးကို မက်ဘူး။

စစ္သူႀကီး အိမ္ေတာ္ျပန္ေရာက္တာနဲ႔ ငါ ဘာကိုမွ ဂရုမစိုက္ႏိုင္ဘူး၊ ခ်ူခုန္း အခန္းကို တည့္မတ္ေနေအာင္ သြားလိုက္ေတာ့တယ္။ ဒီတစ္ခါမွာေတာ့ သူ ဆန္ျပဳတ္ကို ေပ်ာ္ေပ်ာ္ႀကီး ေသာက္ေနတာ။

ငါ့ ေက်ာတစ္ျပင္လံုးေတာ့ ေခြၽးေတြ နစ္ေနၿပီ။ အက်ႌပါ ေက်ာမွာ ကပ္လို႔။ ငါ ရံေရႊေတာ္လက္ထဲက ဆန္ျပဳတ္ပန္းကန္ကို လုၿပီး ေျပာလိုက္တယ္။ "ငါ ေကြၽးလိုက္မယ္"

ရံေရႊေတာ္က ခ်ူခုန္းကို ျပန္ၾကည့္တယ္။ ခ်ူခုန္းက "သြားလို႔ရတယ္" ေျပာမွ သြားေတာ့တာပဲ။

သူ ထြက္သြားၿပီး တံခါးပိတ္သြားတာနဲ႔ ငါ ခ်ူခုန္း ကုတင္ေပၚ ေစြ့ကနဲ ဝင္တိုင္လိုက္ၿပီး သူ႔ကို ငိုမဲ့မဲ့နဲ႔ ၾကည့္လိုက္မိေတာ့တယ္။

"သတင္းဆိုး အႀကီးႀကီးပဲ"

ဒီတစ္ခါမွာေတာ့ ခ်ူခုန္း မွတ္သြားၿပီ။ ငါ့ဆီကေန ဆန္ျပဳတ္ခြက္ကို ယူၿပီး သူ႔ဘာသာေသာက္တယ္။ ေသာက္ေနရင္းက သူ ေျပာေလတယ္။ "မင္း နန္းေတာ္ထဲ မသြားခင္တုန္းကလဲ ဒီလို ေျပာခဲ့တာပဲေလ"

ငါ စိတ္ေတြ ဗ်ာမ်ားၿပီး ျပန္ေအာ္မိေတာ့တာေပါ့။ "ေအး၊ ဒီတစ္ခါ ပိုဆိုးသြားၿပီဟ...!"

နန္းေတာ္ထဲမွာ ျဖစ္ပ်က္ခဲ့သမ်ွကို ငါ ခ်ူခုန္းဆီ ေဖာက္သည္ျပန္ခ်လိုက္တယ္။ ၿပီးေတာ့ သူ႔ကို ေမးလိုက္တယ္။ "ေျပာပါၪီး၊ မင္းႀကီးက ဘာကို ဆိုလိုတာလဲ၊ ၿပီးေတာ့ စစ္တပ္အမိန္႔ေပး တံဆိပ္ေတာ္ဆိုတာက ရိွေသးတယ္...! အရင္စစ္သူႀကီးက အဲ့ဟာကို ဘယ္နားသိမ္းထားလဲ ငါမွ မသိတာ၊ သူ ဘယ္နားဝွက္ထားလဲ ငါ ဘယ္လိုလုပ္ သိမွာလဲ၊ ကိုယ္စစ္တပ္ရဲ့ အမိန္႔ေပးတံဆိပ္ျပားေတာင္ ထုတ္မျပႏိုင္တဲ့ စစ္သူႀကီး... ေစာက္က်ိဳးေတြနည္းၿပီ။ စစ္ေျမျပင္ကို ခဏထားၪီး၊ အဲ့မေရာက္ႏိုင္ေသးခင္ ဘုရင္ သတ္လို႔ ေခါင္းျပတ္ ေသေတာ့မွာပဲ"

ခ်ူခုန္းကေတာ့ ဆန္ျပဳတ္ကို ေအးေအးလူလူေသာက္ေနႏိုင္ေသးတယ္။ ကုန္သြားေတာ့မွ ခြက္ကို ေဘးခ်တယ္၊ ပါးစပ္ကို သုတ္ၿပီး တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျပာလာေလတယ္။ "ေၾသာ္ ဒါနဲ႔ ငါ့ကို ေျပာစမ္း၊ ဒီအရုပ္ေလးက စစ္တပ္ အမိန္႔ေပးတံဆိပ္ေတာ္နဲ႔ တူလားလို႔"

သူ႔အက်ႌလက္ေပြ့ထဲကေန ေက်ာက္စိမ္းျဖဴနဲ႔ လုပ္ထားတဲ့ က်ားရုပ္တစ္ရုပ္ထုတ္ျပလာတယ္။ အဲ့ေပၚမွာ က်ားပံုအႏုထြင္းထားတဲ့ တံဆိပ္ရာလဲ ပါေသးတယ္။ ငါ အံ့ၾသမိတာေပါ့။ "နင္ ဘာနားကေန ခိုးထားတာလဲ"

"ငါတို႔ ဒီဘဝ စကတည္းက ဒီဟာက ငါ့ဆီမွာ ရိွေနတာပဲ၊ အရင္က ဒါ ဘာႀကီးမွန္း ငါ မသိခဲ့ဘူး၊ ဒါေပမဲ့ ပံုပန္းၾကည့္တာနဲ႔တင္ ေရာင္းစားရင္ ေကြအမ်ားႀကီးရမွာ သိသာတယ္၊ အဲ့ဒါေၾကာင့္ ငါ သြားေလရာ ေဆာင္ထားလိုက္တာ။ ငါတို႔ ေတာင္ေပၚမွာ သြားေနတဲ့အခါ ဒါကို ေပါင္စားပစ္မယ္ေပါ့၊ ေအး. . . တကယ့္ရတနာႀကီးျဖစ္ေနမယ္လို႔ မထင္ခဲ့မိဘူး" 

ငါ လံုးဝလည္ထြက္သြားၿပီ။

"ေနပါၪီး၊ စစ္သူႀကီးရဲ့ တံဆိပ္ျပားက ဘယ္လိုလုပ္ နင့္ဆီမွာ ရိွေနတာတုန္း၊ မင္းႀကီး ဒီေန့ ငါ့ကို ေျပာတဲ့ပံုအရဆို မင္းႀကီးနဲ႔ မင္းသမီးက ဘက္မတူဘူး၊ ဆန္႔က်င္ဘက္ဆီမွာေနာ္. . . ရန္သူေတြဟ ရန္သူေတြ"

ခ်ူခုန္းက ရယ္တယ္။ "ဒီအေၾကာင္းအက်ိဳးေတြ အကုန္လံုးကို ငါသခင္ေတာ့ သိနားလည္ၿပီးၿပီ၊ မင္းကို ေျပာျပေစခ်င္လား၊ မင္း သိခ်င္ရင္ ငါ့ကို သခင္ႀကီးလို႔ ေခၚေလ၊ မင္းအမွားကို ေတာင္းပန္ဝန္ခ်ေပး"

"သခင္ႀကီး ကြၽန္မ မွားသြားပါတယ္" ငါ ေျပာလိုက္တယ္။ "ကဲ ျမန္ျမန္ ငါ့ကို ေျပာျပေတာ့"

ငါ ခ်ူခုန္းကို စိတ္အားထက္သန္စြာ စိုက္ၾကည့္ေနလိုက္တယ္။ ခ်ူခုန္းကေတာ့ အံေတြ ႀကိတ္လိုက္တာ။ သူ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ဘာစကားတစ္ခြန္းမွ မေျပာေသးဘူး။ ငါ စဉ္းစားၾကည့္ေလေလ၊ ဒီေမာက္မာတဲ့ ေကာင္စုတ္ေလး တစ္ရက္ထက္တစ္ရက္ ပိုထူးဆန္းလာေလေလပဲ။

သူ႔အလိုကို လိုက္ျဖည့္ဆည္းေပးေနဖို႔က တယ္မလြယ္တဲ့ အရာေပပဲ။

သူ႔အလိုအတိုင္း မလိုက္ေလ်ာျပန္ရင္လဲ မေက်နပ္ျပန္ဘူး။

လူကို ေတာ္ေတာ္ေလး အဆင္မေျပေအာင္ လုပ္တတ္တာပဲဟာ...

ခ်ူခုန္း ဘာမွ မေျပာဘဲ တိတ္ေနတာႀကီး ေနာက္ဆံုးေတာ့ အဆံုးသတ္သြားတယ္။ သူ ျဖည္းျဖည္းခ်င္း ေျပာျပတယ္။ "လက္ရိွဘုရင္ရဲ့ ရာဇအာဏာက မၿမဲဘူးဆိုတာ မင္း သိလား"

"ငါက ဘယ္သိမွာလဲ"

"မင္းကို ျပန္ေျဖဖို႔ ေျပာမိလို႔လား...!"

ခ်ူခုန္း နဖူးေၾကာေတြကို ေထာင္လို႔။ သူ သက္ျပင္းအရွည္ႀကီးခ်ၿပီးေနာက္ ဆက္ေျပာေလတယ္။ "လက္ရိွ မယ္ေတာ္ႀကီးဆိုတာက မင္းႀကီးရဲ့ မယ္ေတာ္အရင္း မဟုတ္ဘူး။ မင္းႀကီး မယ္ေတာ္ဆံုးသြားေတာ့ သူက ေကြၽးေမြးေစာင့္ေရွာက္ထားခဲ့တာ၊ အရင္မင္းႀကီးက အေစာႀကီး နတ္ရြာစံသြားေတာ့ မယ္ေတာ္ႀကီးဟာ ကန္႔လန္႔ကာ ေနာက္ကြယ္ကေန တိုင္းေရးျပည္ေရးကို ဝင္စီမံတယ္။ တစ္ျပည္ေထာင္လံုးကို သူ ခ်ဳပ္ကိုင္ထားတယ္လို႔ ေျပာရမယ္။ ဒါေပမဲ့ မင္းႀကီးက တျဖည္းျဖည္းနဲ႔ အရြယ္ေရာက္လာတယ္။ မယ္ေတာ္ႀကီး ထိန္းခ်ဳပ္ဖို႔လဲ မလြယ္ေတာ့ဘူး၊ မယ္ေတာ္ႀကီးက မင္းႀကီးကို ဖယ္ရွားၿပီး ပလႅင္ေပၚကို ေနာက္တစ္ေယာက္ တင္လိုက္ခ်င္တယ္၊ မင္းႀကီးမွာ နန္းေမြနန္းလ်ာ ရင္ေသြးမရိွထားေတာ့ ဘုရင္အသစ္လုပ္မဲ့သူ မရိွဘူးျဖစ္ေနတာ၊ အဲ့သလို အေျခအေနမွာ မယ္ေတာ္ႀကီးရဲ့ သမီးေတာ္အရင္း ခ်င္းလင္မင္းသမီးက ကိုယ္ဝန္ရလာတယ္။ မယ္ေတာ္ႀကီးက မင္းသမီးရဲ့ ကေလးကို ဘုရင္အသစ္အျဖစ္ နန္းတင္ခ်င္တာ"

"ဒါေပမဲ့ေလ မင္းသမီးဗိုက္ထဲက ကေလးက ေယာက္်ားေလးျဖစ္မယ္မွန္း မယ္ေတာ္ႀကီး ဘယ္လိုလုပ္သိတာလဲ"

"ေယာက္်ားေလး ဟုတ္တာ၊ မဟုတ္တာက အေရးမႀကီးဘူး၊ မင္းသမီးက မေကာင္းဆိုးဝါးေလး ေမြးလာရင္ေတာင္ မယ္ေတာ္ႀကီး ဆႏၵရိွရင္ သားေယာက္်ားေလး ျဖစ္လို႔ရတယ္"

ငါ သေဘာေပါက္သြားၿပီ။ "သူတို႔ ကေလးကို လဲပစ္မွာေပါ့...!"

ခ်ူခုန္း ေခါင္းညိတ္လိုက္တယ္။ "ဒီလိုဆို မင္းႀကီးကို ဖယ္ရွားပစ္လို႔ ရၿပီ။ မယ္ေတာ္ႀကီးက ဘုရင္အသစ္ ေရြးခ်ယ္တင္ေျမာက္လိမ့္မယ္၊ တိုင္းျပည္ကို သူ ပိုၿပီး ထိန္းခ်ဳပ္လာႏိုင္မယ္။ မင္းသမီးက ကိုယ့္ကိုယ္ကိုယ္ အဆိပ္ေသာက္ပစ္လိုက္တယ္လို႔ ငါေတာ့ မထင္ဘူး၊ သူ႔ကို ေဝ့ျပည္ေထာင္က သူလ်ိဳေတြ လုပ္ႀကံတာပဲျဖစ္မယ္၊ အဲ့ဒီေတာ့မွ မယ္ေတာ္ႀကီးနဲ႔ မင္းႀကီးက ရန္ဆက္ျဖစ္ေနမွာ၊ ႏိုင္ငံမွာ အတြင္းေရးအဆင္မေျပရင္ အက်ိဳးအမ်ားဆံုးရမွာက ေဝ့ျပည္ပဲ။ အေျခအေနကို အခြင့္ေကာင္းယူၿပီး စစ္ေၾကညာလိမ့္မယ္၊ အဲ့ဒါေၾကာင့္ မင္း ဒီေန့ နန္းတြင္းသြားေတာ့ မင္းႀကီးက ေက်လဲ ေက်နပ္တယ္၊ စိုးလဲ စိုးရိမ္တယ္ေျပာတာ။ ဒါေၾကာင့္မို႔ မင္းကို သူက အနီေရာင္ "ေသျခင္း"စာလံုးအႀကီးႀကီးနဲ႔ အခ်က္ျပလိုက္တာ၊ ေဝ့ျပည္နဲ႔ စစ္သြားခင္းဖို႔ဆိုၿပီး. . . မင္း ႏိုင္ပဲ ႏိုင္ရမယ္၊ ရႈံးလို႔ မျဖစ္ဘူး၊ ရႈံးသြားရင္ မယ္ေတာ္ႀကီး စနက္ေၾကာင့္ မဟုတ္ဘဲနဲ႔ကို ဘုရင္အျဖစ္က ျပဳတ္သြားရလိမ့္မယ္"

"မင္းႀကီးကို ကာကြယ္ဖို႔အတြက္နဲ႔ ငါက စစ္တိုက္ထြက္ရမယ္ေပါ့" ငါ နားမလည္ႏိုင္ေတာ့ဘူး။ "စစ္တပ္ဆိုတာဟာ တစ္ၪီးတစ္ေယာက္ကို ကာကြယ္ဖို႔ရိွေနတာမွ မဟုတ္တာ"

ခ်ူခုန္း မ်က္ခံုးေတြ ပင့္လိုက္တယ္။ "မင္း မွန္တယ္၊ ဒါေပမဲ့ မင္း အခုခ်ိန္မွာ သူ႔ကို မကာကြယ္ေပးရင္ ဘုရင္က မင္းကို သတ္ေတာ့မယ္"

ငါ သက္ျပင္းခ်မိပါတယ္။ "လူေတြရဲ့ စိတ္ေတြကေနာ္၊ ရႈပ္ေထြးလိုက္တာ"

ငါ မ်က္ႏွာလႊဲလိုက္ၿပီး ခဏေလာက္စဉ္းစားေနလိုက္တယ္။ ၿပီးေတာ့မွ ခ်ူခုန္းကို ေမးလိုက္တယ္။ "ဒီအေျခအေနကို နင္ ဘယ္လိုလုပ္ၿပီး ဒီေလာက္အေသးစိတ္ သိသြားတာလဲ"

ခ်ူခုန္းက ၿပံဳးတယ္။ "မင္း နန္းတြင္းသြားေနတဲ့အခ်ိန္မွာ မယ္ေတာ္ႀကီးကလဲ ငါ့ဆီ လူလႊတ္လိုက္တယ္။ အဲ့ဒီလူရဲ့ ပါးစပ္ကေန ငါ လိုခ်င္တဲ့ သတင္းေတြအကုန္ ႏိႈက္ထုတ္လိုက္တာပဲ၊ ငအကေတာ့ တစ္ေယာက္ေသာသူလို႔ သူမ်ား အဆူအေျပာခံၿပီး ၿငိမ္ေနမဲ့ လူစား မဟုတ္ဘူးေလ" 

သူ႔စကားေတြက ငါ့ကို ရန္စေနတာဆိုေပမဲ့ ငါ ဒီကိစၥကို အတည္ယူၿပီး မေတြးဘဲ မေနႏိုင္ခဲ့ဘူး. . . ငါတို႔ႏွစ္ေယာက္ရဲ့ ဉာဏ္ရည္ဉာဏ္ေသြးက အကြာအဟႀကီးမားလွပါလားလို႔။

ခ်ူခုန္း အိပ္ရာထဲမွာ လွဲလ်က္က ေပ်ာ္ေပ်ာ္ႀကီး ဆိုလာတယ္။ "အခု ငါတို႔ အားလံုး သေဘာေပါက္ၿပီးသြားၿပီ။ ေလာေလာဆယ္မွေတာ့ ၿမိဳ႔ေတာ္ကေန ထြက္ေျပးလို႔ မရေသးဘူး။ ေဝ့ျပည္ေထာင္နဲ႔ တာ့ခ်ီျပည္ စစ္ျဖစ္တဲ့အထိ ေစာင့္မွ၊ ရုတ္ရုတ္ သဲသဲေတြ ၾကားမွာ လူႏွစ္ေယာက္ေလာက္ ေပ်ာက္သြားတာက သဘာဝက်တယ္ေလ"

ဒီလူ. . . ငါတို႔ ထြက္ေျပးရမဲ့ အစီအစဉ္ကိုေတာင္မွ သမာသမတ္က်ေနတဲ့ စကားအသံုးအႏႈန္းႀကီးနဲ႔ ေျပာေနႏိုင္တာ။

ငါ မေက်နပ္တာကိုေတာ့ ႏႈတ္ခမ္းစူျပလိုက္တယ္။ ရုတ္တရက္ ေမးခြန္းတစ္ခု ငါ သြားစဉ္းစားမိတယ္။ "ခ်ူခုန္း စစ္သူႀကီးက ဘယ္လိုလုပ္ ေသသြားတာလဲ"
[NC:စစ္သူႀကီး မ်က္ခြက္နဲ႔ ႏႈတ္ခမ္းစူမွာေနာ္ 🌚]

သူ႔ကို ဘယ္သူ ဓားနဲ႔ ထိုးသြားတာလဲ၊ ဒီစစ္သူႀကီးက ဘယ္သူ႔ကိုမဆို ယွဉ္ၿပိဳင္အႏိုင္ယူႏိုင္မဲ့ပံုရိွတာ။ ဒါေပမဲ့ ရုန္းရင္းဆန္ခတ္ ခုခံထားတဲ့ သေဘာေတာင္ ဘာလို႔ မရိွရတာလဲ။

ခ်ူခုန္း မ်က္လံုးစံုမိွတ္လိုက္ၿပီး ပ်င္းရိပ်င္းတြဲ ျပန္ေျဖလိုက္တယ္။ "အဲ့ဒါ အေရးႀကီးေသးလား။ ဒီေလာက္ကိစၥႀကီးေတြ ပတ္လည္ဝိုင္းေနတဲ့အေရးမွာ သူတို႔ရဲ့ ခ်စ္ေရးခ်စ္ရာေတြကို ဘယ္သူက အဖက္လုပ္စဉ္းစားေနၪီးမွာလဲ"

Continue Reading

You'll Also Like

612K 52.6K 200
ရွမ်ကျူးကျူးတ‌ယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြ...
99.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
458K 52.9K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...
986K 72.8K 48
"ဟျောင့် မင်းအဲ့လောက်တောင်ငါ့အိမ်ကဟင်းတွေကြိုက်နေရင်ငါ့ကိုလင်တော်လိုက်ပါလား" "အဟွတ်အဟွတ် ဘာပြောတယ်မင်းကိုလင်တော်မဲ့အစားဟိုဘက်ရွာကအခြောက်နှစ်ယောက်ကိုပ...