ဓာတ်မှန်အဖြေကိုတော့ ဂျောင်ဂုတစ်ယောက်ပဲသွားယူသည်။ဆီခုံနားတစ်ဝိုက်ကိုပဲဓာတ်မှန်ရိုက်တာမလို့ ဂျီမင်စိုးရိမ်မိသည်။ဘာမှ မထိခိုက်ပါစေနဲ့ဟုသာ ကြိတ်ဆုတောင်းနေရသည်။
တစ်ဖတ်တွင်တော့ ဓာတ်မှန်ကိုကြည့်ရင်း bam bamမှ
"ဂျောင်ဂုရေ ဂျီမင်ဆီမှာသားအိမ်ရှိနေတာ်ကွ"
"ဘယ်လို?"
"ဟုတ်တယ် ငါ့အထင်တော့ သဘာဝအတိုင်းမဟုတ်လောက်ဘူး"
"ဟုတ်လား ဂျီမင်အတွက်ရော အန္တရာယ်ရှိနိုင်လား"
"အဲ့ဒါကတော့ OG နဲ့ပဲတိုင်ပင်သင့်တယ် ငါ့အသိအကိုတစ်ယောက်ရှိတယ် ။မင်းနဲ့ချိတ်ပေးမယ် ။တစ်ခုပဲ သူကအပေါက်တော့ဆိုးတယ်။စိတ်ရင်းကောင်းတယ်။အရည်အချင်းရိှတယ်။ကမ္ဘာပေါ်မှာ သူသာလျှင်အချောဆုံးလို့ထင်နေတာ။သူ့အကြောင်းကို မင်းကိုသိအောင် ပြောထားတာ"
"အင်းပါ ဒါနဲ့သူနာမည်က?"
"ကင်ဆော့ဂျင် တဲ့"
-------------------------
"အကိုဂျင် ဒီမှာ ကျွန်တော်ပြောတဲ့ ဂျောင်ဂုဆိုတာလေ"
"ဪ သားအိမ်ရှိနေတဲ့ကောင်လေးရဲ့ ယောကျာ်းဆိုတာလား"
"အင်း ဟုတ်တယ်"
Bam bam ကဂျင်ကို ဂျောင်ဂုနှင့် မိတ်ဆက်ပေးနေခြင်းဖြစ်သည်။
ဂျင်က
"အဲ့တာက ကာယကံရှင်ကိုခေါ်ခဲ့မှာရမှာကွ ကာယကံရှင်မပါတော့ ငါကဘယ်လိုလုပ်ပြီး သိနိုင်မလဲ"
"ဟုတ်ကဲ့ ဟိုလေ သူ့ကိုကြည့်ပြီရင်လေ ကျွန်တော့်နဲ့ပဲသက်သက်ပြောပါနော်"
"အေးပါကွာ"
ဘာလို့လဲ ဂျင်မေးမနေပါ။ဒါက သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲလေ။
"ဒါနဲ့......ဓာတ်မှန်ကိုကြည့်ရတာတော့ သဘာဝအတိုင်းမဖြစ်နိုင်ဘူး။ခွဲစိတ်ပြီး ထည့်ထားတာဖြစ်ဖို့များတယ်။ဒါပေမဲ့ တော်တော်တော့ ကြာနေလောက်ပြီ။"
"ဗျာ.....ဟို.....ခန့်မှန်းခြေ ဘယ်နှစ်နှစ်လောက်ရှိလောက်ပြီလဲဟင်"
"၃နှစ်နီးပါတော့ ရှိလောက်ပြီ"
"ဪ ဟုတ်ကဲ့"
အဲ့အချိန်က ဂျောင်ဂုအဖေနဲ့ ဂျီမင်လက်ထပ်ဖို့ ပြင်ဆင်ခဲ့တဲ့အချိန်မဟုတ်ပါလား။
#တကယ်ပဲ အဖေအပေါ် အဲ့လောက်ထိပေးဆပ်ဖို့ စဉ်းစားထားတာလား babyရယ်
OGသေချာကြည့်ပြီးရင်တော့ ဂျီမင်ကို အသေးစိတ်သေချာမေးရမည်။ဘာရည်ရွယ်ချက်နဲ့ဒီလောက်ထိတောင်လုပ်လဲ သူ့တကယ်သိချင်မိသည်။
-----------------------
ဂျီမင်ဗိုက်ကိုစမ်းသပ်ပြီးနောက်
"ဂျောင်ဂု ရုံးခန်းထဲခဏလိုက်ခဲ့ပါ"
"ဟုတ်ကဲ့"
ဂျင့်ရုံးခန်းထဲရောက်သော်
"အားလုံးအဆင်ပြေပါတယ် ဂျီမင်က တင်ရှိတော့ အရမ်းမစိုးရိမ်ရပါဘူး။ပြီးတော့ သားအိမ်ကလဲ အသားကျနေပြီမို့ မိန်းကလေးတွေလို ကိုယ်ဝန်ဆောင်လို့လွယ်ပါတယ်။ပြီတော့ အစကတည်းက စနစ်တကျ ဆေးသောက်ထားပုံရပါတယ်။အားလုံးအဆင်ပြေတယ်"
"ဒါဆို ကိုယ်ဝန်ဆောင်လဲ ဘာမှမဖြစ်ဘူးပေါ့နော် ဆရာ"
"အင်း....ဘာမှမဖြစ်ပေမဲ့ ကိုယ်ဝန်ရှိလာရင်တော့ဂရုစိုက်မှရမယ်။သဘာဝအတိုင်းမဟုတ်တော့ စိတ်အတက်အကျ အရမ်းမြန်နိုင်တယ်။အဲ့အချိန်ကျ သူ့ကိုသေချာဂရုစိုက်ရမယ်။စိတ်ပျော်အောင်ထားရမယ်။ကျွန်တော် ပြောတာနားလည်တယ်မလား"
"ဟုတ်ကဲ့ ဒါဆိုကျွန်တော်တို့ ပြန်လို့ရပြီလား"
"ဟုတ်ကဲ့ ရပါပြီ"
ဂျီမင်နဲ့သူ သာမာန်မိသားစုတွေလို ကလေးရှိနိုင်လို့ ဂျောင်ဂုပျော်ပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့အတွက်ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်လို့ စိတ်မကောင်းဖြစ်ရပြန်သည်။
"ဘာပဲဖြစ်ဖြစ် ငါနဲ့ဖူးစားမှန်လို့ ငါနဲ့ရတာပဲ။မဟုတ်တာတွေ လျှောက်မတွေးနဲ့ ဂျောင်ဂု။ဟုတ်တယ် ဂျီမင်က ငါ့အပိုင်ပဲ"
တစ်ယောက်တည်းရေရွတ်ကာ ဂျီမင်ရှိရာသို့ လျှောက်လာတဲ့ဂျောင်ဂု
"ဂျောင်ဂု ဆရာဝန်က ဘာပြောလိုက်လဲဟင် ငါ ဘာဖြစ်လို့တဲ့လဲ ပြောပါဦး"
"မောင်"
အစမရှိအဆုံးမရှိ ဂျောင်ဂုသုံးလိုက်လိုက်သော နမ်စားကြောင့် ဂျီမင်ကြောင်သွားရသည်
"ဟမ်"
"မောင်လို့ခေါ် ။ဒီနေ့ကစပြီး မောင်လို့ပဲခေါ်ရမယ်။ပြန်မယ် အိမ်ရောက်ရင်မေးစရာရှိတယ်"
----------------
"ကဲ..ပြောပါဦး ယောကျာ်လေးတစ်ယောက်ရဲ့ ဗိုက်ထဲမှာ သားအိမ်ရှိနေတဲ့အကြောင်းလေး"
"ဟင်..မင်း...မင်း ဘယ်လိုသိ..."
"အဲ့ဒါအရေးမကြီးပါဘူး မောင်မေးတာအရင်ဖြေ"
"ဟို..ဟို..အဲ့တာ...."
ဂျီမင်တကယ်စိုးရိမ်မိပါသည်။သူ့သားအိမ်ကိုထုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ။အကုန်သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။ဂျောင်ဂု သူ့ကိုဂရုစိုက်တာတွေကို အချစ်လို့ခေါင်းစဉ်မတပ်ချင်ပါ။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင်သူ့ဘဝ ဆုတ်ပျက်သတ်သွားနိုင်သည်။
"အမှန်အတိုင်းဖြေ baby"
"ငါ့ကိုကတိတစ်ခုပေး အဲ့ဆို အမှန်အတိုင်းဖြေမယ်"
"ဘာကတိလဲ ပြောလေ"
"ငါ့သားအိမ်ကို ထုပ်မပစ်ရဘူး"
ဂျောင်ဂု တကယ့်ကိုစိတ်မကောင်းဖြစ်မိပါသည်။သူဒီလောက် ဂရုစိုက်မှုတွေပေးနေတာတောင် ဂျီမင် သူ့ကိုမယုံသေး။သူ့ဂရုစိုက်မှုတွေကမလုံလောက်ပေးလို့များလား။ဂျီမင်ကို သူဒီထပ်ပိုပြီးဂရုစိုက်ရမည်ဟုတွေးလိုက်မိသည်။
သို့ပေမဲ့ဂျီမင် သူ့ဆီကထွက်ပြေးချင်နေတာ သူသိသည်။ဂျီမင်ထွက်မပြေးဖို့ နိုင်ကွက်ရသွားတာပေါ့လေ။
"ခင်များသာကျုပ်အနားမှာ တသက်လုံးရှိနေရင် ခင်များသားအိမ်ကလဲ ခင်များဗိုက်ထဲမှာ တသက်လုံးရှိနေမှာ"
သဘောက ဂျီမင်သာထွက်ပြေးသွားရင် ဂျီမင်ရဲ့သားအိမ်ကိုထုပ်ပြစ်မယ်ပေါ့။
"ကောင်းပြီ မင်းကတိ မင်းတည်နော်"
"ကဲ ပြောတော့"
"ငါ မင်းအဖေနဲ့လက်ထပ်တော့မယ်လို့ သတင်းလွှင့်ပြီး ၃လလောက်ပျောက်သွားတာလေ အဲ့တာ ဆရာဝန်နဲ့တိုင်ပင်ပြီး အခုလို သွားလုပ်တာ"
"....."
"မင်းအဖေနဲ့ငါက နာမည်ခံလက်ထပ်မှာ ဆိုပေမယ့် ဦး စိတ်ပြောင်းသွားရင်"
"အဖေ"
"ဟမ်"
"အဖေလို့ခေါ်။ဦးမဟုတ်တော့ဘူးလေ မောင့်အဖေဆိုတော့ babyအဖေပဲပေါ့"
#ဂျောင်ဂုဘာဖြစ်နေတာလဲ အစမရှိအဆုံးမရှိတွေ ထထပြောနေတာ။ကြာရင် ငါရူးသွားနိုင်တယ်။
"ဟူးးးးး"
ဂျီမင်အပြင်မှာပါ သက်ပြင်းချမိသည်။ပြီးမှဂျောင်ဂုကိုခိုးကြည့်ရသည်။သူပြောတာကို သက်ပြင်းချတာသိရင် ရစ်နေဦးမည်။
"အဖေ စိတ်ပြောင်းသွားလို့ တကယ်ယူဖြစ်ခဲ့ရင်လဲ သူ့ကိုမိသားစုဘဝလေးနဲ့ပျော်ရွှင်အောင်ထားချင်လို့"
"ကျွန်တော်ရှိနေတာပဲ ။သူ့သား ကျွန်တော်တစ်ယောက်လုံးရှိတယ်လေ။အဖေက တစ်ကောင်ကြွက်မှမဟုတ်တာ"
"ဒါပေမဲ့ မင်းနဲ့သူက အနေစိမ်းလွန်းတယ်လေ။ငါကဦး အဲ အဖေ့ကိုနွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စေချင်တာလေ"
ဂျောင်ဂု ပြောစရာစကားများမရှိတော့ပါ။ဂျီမင်ပြောတာတွေကလဲ အမှန်တွေပဲလေ။ သူကိုယ်တိုင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တာ။သူရည်မှန်းချက်အတိုင်း အသက် ၂၀ကျော်လေးနဲ့အောင်မြင်နေသော်ညား သူ့စံချိန် တခြားသူအချိုးမခံနိုင်ရန် ပိုလို့ပင်ကြိုးစားမိသည်။
တစ်ဖတ်ကိုအားရုံစိုက်နေရတော့ တစ်ဖတ်ကိုလစ်ဟင်းမိသည်။စီးပွားရေးမှာအပတ်တကုတ်ကြိုးစားနေမိတော့ မိသားစုရေးမှာ အေးစက်လာမိသည်။ဂျီမင်နဲ့သူ့ရဲ့ မိသားစုလေးတော့ ဒီလိုအဖြစ်မခံပါ။အဖေကိုလဲ ဆိုးလ်မှာလာနေချင်လျှင်ခေါ်ထားရမည်။ဘူဆန်မှာနေချင်လျှင်လဲ အေးစက်မသွားအောင် ခဏခဏ အလည်သွားရမည်။ကိုးရီးယားက ကျင်းကျင်းလေးပါ။
"ဂျောင်ဂုရေ ဂျီမင်ဆီမှာသားအိမ်ရှိနေတ်ာကွ"
"ဘယ်လို?"
"အင်းပါ ဒါနဲ့သူနာမည်က?"
"ကင်ဆော့ဂျင် တဲ့"
-------------------------
"အင်း ဟုတ်တယ်"
ဂျင်က
"အေးပါကွာ"
"ဪ ဟုတ်ကဲ့"
-----------------------
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ ရပါပြီ"
"မောင်"
"ဟမ်"
----------------
"ဟင်..မင်း...မင်း ဘယ်လိုသိ..."
"ဟို..ဟို..အဲ့တာ...."
"အမှန်အတိုင်းဖြေ baby"
"ဘာကတိလဲ ပြောလေ"
"ကဲ ပြောတော့"
"....."
"အဖေ"
"ဟမ်"
"ဟူးးးးး"
"အဖေ စိတ်ပြောင်းသွားလို့ တကယ်ယူဖြစ်ခဲ့ရင်လဲ သူ့ကိုမိသားစုဘဝလေးနဲ့ပျေည်ရွှင်အောင်ထားချင်လို့"