ကြမ္မာ ခုနစ်လီ

By No_Coz

125K 19.2K 746

ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတ... More

Description
နိဒါန်း
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
ရှောင်ရှန်းဇီ
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)/ က
အခန်း (၂၈)/ ခ
အခန်း (၂၉)/ က
အခန်း (၂၉)/ ခ
အခန်း (၃၀)/ က
အခန်း (၃၀)/ ခ
အခန်း (၃၁)/ က
အခန်း (၃၁)/ ခ
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)/ က
အခန်း (၃၄)/ ခ
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)/ က
အခန်း (၃၇)/ ခ
အခန်း (၃၈)/ က
အခန်း (၃၈)/ ခ
အခန်း (၃၉)/ က
အခန်း (၃၉)/ ခ
အခန်း (၄၀)
အခန်း (၄၁)/ က
အခန်း (၄၁)/ ခ
အခန်း (၄၁)/ ဂ
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)/ က
အခန်း (၄၅)/ က
အခန်း (၄၅)/ ခ
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)/ က
အခန်း (၅၁)/ ခ
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)

အခန်း (၄၄)/ ခ

1.2K 240 5
By No_Coz

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၄)/ ခ
__________

သူ ငါ့ခေါင်းကို ပွတ်လိုက်တယ်။ သူ့မျက်နှာထားက ကြင်နာနေပြီး မတတ်သာတော့ဟန်လည်း ပါတယ်။ သူ့မျက်နှာပေါ်မှာ ဒီလိုမျက်နှာထားမျိုးတွေ့ရတာ ဒါ ပထမဆုံးရယ်။ ငါ့ရင်ထဲ နှလုံးထဲ လစ်ဟာသွားတော့တာပဲ။ သူ ဘာလုပ်ချင်သလဲဆိုတာ ငါ သိလာသလိုလိုပဲ။ သူ့ကို မျက်လုံးအဝိုင်းသားနဲ့ပဲ ကြည့်နေခဲ့မိတယ်။ သူ့ကို ဆွဲထားလိုက်ချင်တယ်။ ငါ လက်လှမ်းလိုက်ချင်တယ်။ ဒါပေမဲ့ လက်ဖျားထိပ်ကလေးတွေတောင် လှုပ်လို့ မရခဲ့ဘူး။

သူ ငါ့ခေါင်းကနေ လက်ကိုဖယ်သွားပြီး လှည့်ထွက်သွားတော့တယ်။ သူ ရှေ့ဆက်လျှောက်သွားတယ်။ သူ့ခြေလှမ်းတွေကတော့ အခိုင်အမာ တည်ငြိမ်မြဲမြံလျက်ပဲ။ သူ ခြေတစ်လှမ်းလှမ်းပြီးတိုင်း ကြာပန်းတွေပွင့်လာတယ်။ သူ့အနောက်မှာ ချန်ရစ်ခဲ့တဲ့ ကြာပန်းတွေက အစွမ်းကုန်ပွင့်လို့ပေါ့။ သူ့ခန္ဓာက မကောင်းဆိုးဝါးအမှောင်ဓာတ်သက်ကို ခွင်းလို့သွားတယ်။ လင်းလွန်းလို့ ငါ မျက်စိကျိန်းပြီး ဘာမှ မမြင်ရတော့ဘူး။

အဲဒီအချိန်တုန်းက မားမားမတ်မတ် သူ့ကျောပြင်ဟာ တစ်လောကလုံးကို ထမ်းတင်ပေးထားမဲ့ သူရဲကောင်းတစ်ယောက်လို ဖြစ်နေခဲ့တယ်။

မကောင်းဆိုးဝါး အငွေ့အသက်တွေနဲ့ နတ်တန်ခိုးတွေ တိုက်ဆိုင်မိရာကနေ လေပွေလှိုင်းတွေ ထွက်ပေါ်လာပြီး ငါ့နံဘေးကို ပွတ်တိုက်လာတယ်။ ချူခုန်း ရွှေရောင်အလင်းတန်းသဖွယ် အသွင်ပြောင်းသွားပြီး ကျင်လျန်ကို ထိပ်တိုက် ဝင်တိုးလေတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်တဲ့ ကျင်လျန်ကို ကြပ်ကြပ်တင်းတင်း ချုပ်နှောင်ထားလိုက်တယ်။ ကျင်လျန့်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ မကောင်းဆိုးဝါး ဓာတ်သက်တွေ တဖြည်းဖြည်းနဲ့ သန့်စင်ပြောင်းလဲလာတော့လေတယ်။

ချူခုန်းက ကျင်လျန်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ သူ့ဝိညာဉ်အစွမ်းကိုပါ ယူသုံးရတော့မယ်ဆိုတာ ငါ နားလည်လိုက်တယ်။ ဝိညာဉ်စွမ်းအား မကုန်ခမ်းခင်မှာ သူ ကြိုးစားမှ ဖြစ်မယ်။ ဒါပေမဲ့... သူ သေသွားခဲ့မယ်ဆိုရင် တမလွန်ကို သွားနိုင်တော့မှာ မဟုတ်ဘူး။ သူ နောက်တစ်ဘဝ ဝင်စားနိုင်တော့မှာ မဟုတ်ဘူး။ သူ အမြဲထာဝရ ပျောက်ကွယ်သွားတော့လိမ့်မယ်။

ကျင်လျန်က နာနာကျင်ကျင် အော်ဟစ်နေတယ်။သူ့ကို ချည်တုပ်ထားတဲ့ ရွှေရောင် အလင်းလျှံကလည်း တုန်ခါလာတယ်။

ငါလည်း ချူခုန်း ငါ့အပေါ်ချုပ်နှောင်ထားခဲ့တဲ့ စည်းကို ရှိသမျှ အစွမ်းအစနဲ့ ဖောက်ထွက်ဖို့ ကြိုးစားတာပဲ။ အခုတစ်ခေါက်လောက် ငါ စောက်သုံးမကျတာကို မနာကျည်းဖူးဘူး။ ငါ့ကို "အရည်အသွေး မပြည့်မီ"တဲ့ အရာအဖြစ် ဖန်တီးခဲ့တဲ့ ယွဲ့လောင်ကိုလည်း ဘယ်တုန်းကမှ အခုလောက် စိတ်မနာခဲ့ဖူးဘူး။ ငါသာ ချူခုန်းလို အစွမ်းတန်ခိုးရှိနေမယ်ဆိုရင်. . . သူ့တစ်ဝက်လောက်သာ အစွမ်းရှိမယ်ဆိုရင် ရပါပြီ။ တစ်ဝက်ဆိုရင်တောင် ငါ ကျေနပ်တယ်။

ကျင်လျန်ရဲ့ ခန္ဓာကိုယ်လဲကျသွားတယ်။ သူ သေသွားပြီ။ ရှုံ့တွ ယိုယွင်းလုလု သူ့ခန္ဓာရုပ်ကြွင်းဟာလည်း အမှောင်ထုခြုံထည်ပမာ ပြောင်းလဲသွားပြီး ရွှေရောင်အလင်းတန်းနဲ့အတူ ရောထွေးသွားတော့တယ်။ ငါ့နားထဲ တိုးဝင်လာတဲ့ လေပွေသံကို နားယောင်ရင်းက ထိန်ထိန်ညီးနေတဲ့ အလင်းတန်းတစ်ခုက ငါ့အမြင်အာရုံထဲ ရောက်လာခဲ့တယ်။ ငါ အမြင်တွေ ဝေဝါးသွားခဲ့တယ်။ အချိန်တော်တော်ကြာထိတိုင်အောင်၊ တဖြည်းဖြည်းချင်းမှ ပြန်မြင်ရလာလေတယ်။

အရပ်လေးဘက်လေးတန်လုံး တိတ်ဆိတ်သွားပြီ။ မြေပြင်ကြီး အက်ကွဲကြေမွနေတာကြီးက ဒီနေရာမှာ တိုက်ပွဲတစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်ဆိုတာကို သတိပေးနေတာမှ မဟုတ်ရင်၊ ငါ အိပ်မက်ဆိုးမက်နေတယ်ပဲ ထင်မိမှာ။

မကောင်းဆိုးဝါး အငွေ့အသက်တွေ မရှိတော့ဘူး။ ချူခုန်းလည်း. . .  မရှိတော့ဘူး. . .

ငါ့တစ်ကိုယ်လုံး ပြေလျော့သွားတယ်။ ချူခုန်း ငါ လှုပ်လို့မရအောင် ချုပ်ထားခဲ့တဲ့ စည်းပြယ်သွားပြီလေ။ စည်းချပေးခဲ့တဲ့ သူမှ မရှိတော့တာ၊ စည်းက ဘယ်တည်မြဲနိုင်ပါဦးမလဲ။ ငါ ခြေနှစ်ဖက်က မခိုင်မြဲနိုင်တော့ဘူး၊ အသိစိတ်လက်လွတ်ကာ မြေပေါ်သာ ထိုင်ချလိုက်မိတော့တယ်။

"ဟိတ်..."

ငါ ကိုယ့်ခြေထောက်ကိုယ် လိမ်ဆွဲကြည့်တယ်။

"ဘာလို့လဲ... ဘေးကင်းသွားပြီလေ. . ."

ငါ့စိတ်အခြေအနေဟာလည်း ကစဉ့်ကလျားတွေ ဖြစ်လာတယ်။ တစ်စုံတစ်ယောက်က ငါ့ရင်ကို တူနဲ့ ထုနေသလိုပဲ၊ နှလုံးခုန်သံတွေလည်း မြန်လာတယ်။ ဒီလို ရင်တုန်ပန်းတုန်နဲ့ တလှပ်လှပ်ဖြစ်နေရတာ ငါ အသက်ရှူရတာပါ မွန်းကြပ်လာတော့တာပဲ။

ခဏလောက်တော့ ဒီအတိုင်း ငူငူကြီး ထိုင်နေမိပြီးမှ ငါ ချူခုန်းကို လိုက်ရှာရမယ်ဆိုတာ သတိရတယ်။ အခုလောက်ဆို သူ ကျောက်တုံးပုံအောက်မှာနေမယ်။

ငါ ထရပ်လိုက်ပြီး ကျောက်တုံးပုံနားကို ဒရောသောပါး ပြေးသွားလိုက်တယ်။ အဲဒီတုန်းက ငါ့မှာ နတ်တန်ခိုးတွေ ရှိသေးတာကို မေ့သွားခဲ့တယ်တူရဲ့၊ လက်ချည်းဗလာနဲ့သာ ကျောက်တုံး ကြီးငယ်လတ်မရွေး၊ အချွန်အတက်မရွေး ဖယ်မ နေခဲ့မိတယ်။ ကျောက်တုံးတွေ တစ်တုံးရွှေ့ပြီးသွားတိုင်း ငါ့အသည်းနှလုံးက ပိုအေးစက်လာရတယ်။ ဒီနှလုံးအေးနေရမှုဟာ သွေးကြောကနေ စီးဆင်းလာပြီး တစ်ကိုယ်လုံးကို ပြန့်သွားသလိုပဲ။ ခြေဖျားတွေရော လက်ဖျားတွေပါ အေးစက်လာတယ်။ ငါ့လက်ချောင်းထိပ်တွေ ပွန်းပဲ့ထိရှမိရာကနေ ထွက်လာတဲ့ သွေးတွေပါ အေးနေတာ။ ငါ ရှူသွင်းလိုက်တဲ့ လေတွေလည်း အေးနေတာပဲ။ ငါ့မျက်လုံးထဲက အရည်တွေပါ အေးစက်နေတယ်။

"ချူခုန်း ထောင်လွှားတဲ့ကောင်. . . . ." 

ငါ့ရင်ထဲ အကြောက်တရားတွေ လှိုက်တက်စပြုလာတာကို တားစီးလို့ မရခဲ့ဘူး။ ငါ အော်ခေါ်နေမိတယ်။ "တစ်ခါလေးပဲ ပြန်ထူးဟာ၊ တစ်ခါလေးပဲ ပြန်ထူးစမ်းပါ... ငါ နင့်ကို စိတ်မကောက်တော့ဘူး၊ နောက်ဆို ဘယ်တော့ ဘယ်တော့မှ စိတ်မဆိုးတော့ပါဘူး"

"နင် ငါ့ကို ရှာကျွေးမယ်ဆို၊ တာဝန်ယူမယ်ဆို၊ နင့်ကြောင့် ငါ ကြေးပြား ၁၀ ပြား လောင်းကြေးရှုံးသွားတာ၊ နင် ငါ့ကို ပြန်မလျော်ပေးရသေးဘူး၊ နင် မရှိတော့ရင် ငါ သူများနဲ့ လက်ထပ်လိုက်မှာနော်... ငါ ကောင်းကင်ဧကရာဇ်လီနဲ့ ယူလိုက်မယ်၊ ငါက ကောင်းကင်ဧကရာဇ်ရဲ့ မိဖုရားစိတ်ပုတ်ကြီး လုပ်ပြီး ကောင်းကင်ဘုံက နတ်ကောင်းတွေကို ဒုက္ခရောက်အောင် လုပ်ပစ်မယ်၊ ငါ. . ."

ဒီခြိမ်းခြောက်စကားတွေက အသုံးမဝင်ဘူး။ ချူခုန်းက ငါ့ကို တခြားလူနဲ့ လက်ထပ်လိုက်ဖို့တောင် မှာခဲ့သေးတာပဲ။ ဒီတစ်ခါမှာတော့ သူ ငါ့ကို အတည်ကြီး ထားရစ်ခဲ့ပြီ။

နောက်ဆုံးတော့ ငါ့မျက်လုံးထဲမှာ ပူနွေးမှုလေး တစ်စွန်းတစ်စကို ခံစားလိုက်ရပြီလေ။ ဒါပေမဲ့ အဲဒီအနွေးဓာတ်က ငါ့မျက်ရည်တွေ မျက်နှာတစ်ခုလုံးပေါ် လှိမ့်ဆင်းလာလို့သာ။ ချူခုန်းပဲဖြစ်ဖြစ်၊ မာနခဲခုန်းပဲ ဖြစ်ဖြစ်၊ ခုန်းမင်းသမီးဖြစ်ဖြစ်၊ လုဟိုင်ခုန်းဖြစ်ဖြစ်၊ ဒီတစ်ခါမှာတော့ အားလုံး မရှိကြတော့ဘူး။

သူ့ကို ငါ တမလွန်မှာ သွားရှာသင့်တယ်ထင်ရဲ့။ သူ့ဝိညာဉ် မပျက်စီးသေးတာလည်း ဖြစ်နိုင်တယ်။ သူ့ဝိညာဉ် တမလွန်ကို ရောက်နေတာလည်း ဖြစ်နိုင်တယ်။ သူ နောက်တစ်ဘဝ ဝင်စားပြီးရင် ငါနဲ့ တွေ့ခွင့်ပြန်ရမှာပါ။

ငါ့စိတ်နဲ့ နှလုံးသားက တစ်သားတည်းပဲ။ ငါ ဓားတစ်ချောင်းလောက် လှည့်ပတ်ရှာကြည့်လိုက်တယ်။ ရှာရင်းနဲ့ ကျောက်ခုတင်ဘက်ကို လှည့်ကြည့်မိတဲ့အခါမှာ ကျင်လော့ ထထိုင်လိုက်တာကို တွေ့ရလေတယ်။ သူ့ခန္ဓာကိုယ်က တကယ့်ကို ပါးလှပ်လှပ်လေး၊ တိုးလျိုးပေါက်ကို ကြည်နေတာ၊ လေလေးတစ်ချက်တိုက်လိုက်တာနဲ့ လွင့်ပါသွားတော့မှာလိုမျိုး။

ငါ သူ့ကို အကြာကြီး စိုက်ကြည့်နေလိုက်မိတယ်။ အခု ဒီနေရာမှာ သူနဲ့ ငါ နှစ်ယောက်သာ "အသက်ရှိလျက်" ကျန်တော့တာ။

အားလော့က ရုတ်တရက် ရယ်တယ်။ သူ့ရဲ့ အလင်းဖောက်မြင်နေနိုင်တဲ့ လက်တစ်ဖက်ကို မြှောက်ကာပြတယ်။ သူ့လက်ဖဝါးထဲမှာ ရုတ်တရက်ဆိုသလို ခရမ်းရောင် ပုလဲတစ်လုံး လင်းလာလေတယ်။ တော်တော်လေး တောက်ပတယ်။ အတော်လေးလည်း လှတယ်။

"ဇီဟွေ့ နှလုံးပါ" သူက ရယ်တယ်။ "ဇီဟွေ့လည်း ရှင်တို့ကို ကူညီချင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်"

သူက လက်ကို ဆန့်တန်းပြီး ခရမ်းရောင်ပုလဲကို ငါ့ဆီ ထိုးပေးတယ်။

"သေခြင်း ရှင်ခြင်းဆိုတာ မိုးနဲ့ မြေမှာ အကြီးမားဆုံး အရေးအရာပဲ၊ နှစ်တစ်သောင်း ကျောက်တုံးမိစ္ဆာရဲ့ နှလုံးမှာရှိတဲ့ အရာရာကို ပြန်လှန်ပြောင်းပစ်လို့ရတဲ့ အစွမ်းသတ္တိနဲ့ဆိုရင်တောင်မှ ကျွန်မ ဝိညာဉ်တစ်ခုကိုပဲ ပြန်စုစည်းပေးလို့ရမယ်"

အချိန်တော်တော်ကြာအောင် ငါ နှုတ်ဆိတ်နေမိတယ်။ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ငါ သိပ်နားမလည်နိုင်သေးဘူး။ အားလော့က နူးညံ့သိမ်မွေ့စွာ ပြုံးလာတယ်။ သူ့ခန္ဓာကိုယ်က ပိုပြီးတော့ ကြည်ပါးလာပြီ။ ပျောက်ကွယ်လုလုပဲ။ "ကျွန်မ ဒီလောက်ပဲ အလျော်အစားသဘော ပြန်ပေးဆပ်နိုင်တော့မယ်၊ တောင်းပန်ပါတယ်"

အားလော့ရဲ့ ကိုယ်ဟန်က လုံးလုံးကွယ်ပျောက်သွားတော့တယ်။ ဒီခရမ်းရောင်ပုလဲအနားမှာသာ အလင်းလုံး အနည်းငယ် ခဏလောက် လာလှည့်ပတ်နေရင်း ခရမ်းရောင်ပုလဲကို ငါ့ဆီ ခေါ်ဆောင်လာပေးတယ်။ ငါ ငေးငေးကြောင်ကြောင်နဲ့ပဲ လက်ဝါးဖြန့်လိုက်တော့ ပုလဲဟာ ငါ့ဖဝါးပေါ် လာဆင်းသက်ပေးတယ်။

အချိန်တော်တော်ကြာကြာထိ ငါ ငေးငိုင်နေခဲ့မိတယ်။ ရုတ်တရက် ငါ ဉာဏ်အလင်းပွင့်သွားပြီး အတွေးတွေအများကြီး တွေးမိသွားတဲ့ အထိပေါ့။ ငါ့နဖူးငါ ပြန်ရိုက်လိုက်တယ်။ မျက်ရည်တွေကို သုတ်လိုက်ပြီး ကိုယ့်ဟာကိုယ် လျှာကိုက်သတ်သေလိုက်တော့တယ်။

တမလွန်ကို သွားတဲ့ လမ်းတစ်လျှောက် ငါ ခရမ်းပုလဲကို လက်မှာ ဆုပ်ထားရင်း ယမမင်း နန်းဆောင်အထိ မရပ်မနား တန်းတန်းမတ်မတ် ပြေးသွားလိုက်မိတယ်။

အခုချိန်ထိ ယမမင်းက ပြန်မလာသေးဘူး။ တရားသူကြီးမင်းကတော့ စားပွဲမှာ ထိုင်ရင်း အလုပ်တွေ လုပ်နေတယ်။ သူ မော့ကြည့်လိုက်ပြီး အတင်းဝင်လာသူက ငါ ဖြစ်နေတာကို တွေ့တဲ့အခါမှာ မျက်မှောင်ကြုတ်လိုက်တော့တယ်။ "ဘာလို့ အစောကြီး ပြန်လာတာလဲ၊ ကျင်လျန်ကို အချိန်ဆွဲထားဖို့ ခင်ဗျားတို့ကို ခိုင်းထားတယ် မဟုတ်လား... ကြယ်နတ်မင်း ချူခုန်းရော ဘယ်မလဲ"

ငါ တရားသူကြီးမင်းကို လက်ထဲက ခရမ်းပုလဲကို ကြည့်စေလိုက်တယ်။ သူ မျက်မှောင်ကြီးကြုတ်ပြီး အဲဒါကို တော်တော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။ ရုတ်တရက် သူ့မျက်နှာထား ပြောင်းလဲလာတော့လေရဲ့။ "ချူခုန်းရဲ့ ဝိညာဉ်က ဘာလို့ ဒီထဲမှာ ရှိနေတာလဲ၊ ခင်ဗျားတို့နှစ်ယောက် ဒီတစ်ခါ ဘာပြဿနာရှာလာခဲ့ပြန်တာလဲ...!"

တရားသူကြီးမင်းက မတတ်သာဟန်နဲ့ သက်ပြင်းချလေတယ်။ "အစကတည်းက ကျုပ်တို့မှာ လူအင်အား မရှိပါဘူးဆိုနေမှ၊ အခု ခင်ဗျားတို့ နှစ်ယောက်တည်းက တစ်ယောက်လျော့သွားပြန်ပြီ...! ကိုယ့်အိမ်နောက်ဖေးကိုယ် မီးရှို့ရတာ ​ပျော်လား"

ငါ ခရမ်းပုလဲ ကိုင်ပြထားတဲ့ လက်ကို ပြန်ရုတ်လိုက်ပြီး တရားသူကြီးမင်း ပြောတဲ့ မညှာမတာစကားလုံးတွေကို ဥပေက္ခာပြုထားလိုက်တယ်။ ငါ သူ့ကို ပြောလိုက်တယ်။ "ချူခုန်း သေသွားပြီ၊ ကျင်လျန်ကို တားနိုင်ဖို့အတွက် သူ့ဝိညာဉ်ကို စတေးပြီး ကျင်လျန်နဲ့ အတူတူ သေပွဲဝင်သွားတာ၊ အသေးစိတ် သိချင်ရင်တော့ အတိတ်ကြေးမုံမှာ ကြည့်လိုက်"

အဲဒီတော့မှ တရားသူကြီးမင်း လန့်သွားပြီး မျက်နှာချိုး ပြင်သွားတော့တယ်။ ဘာမှ ပြန်မပြောတော့ဘဲ ယန်ဝမ့်စားပွဲပေါ်ကနေ အတိတ်ကြေးမုံကို သူ ယူကြည့်တယ်။ ကြေးမုံကို သူ အကြာကြီး တိတ်တဆိတ်ကြည့်နေခဲ့တယ်။ နောက်တော့ သူ ခေါင်းမော့လာပြီး ငါ့ကို ကြည့်လာတယ်။ "ဒီလိုဆိုရင်... ကျုပ် ကျောက်စိမ်းဧကရာဇ်ဆီ သတင်းပို့ရမှာပေါ့၊ ကြယ်နတ် ချူခုန်းအတွက် သေလွန်ပြီး ဘွဲ့မည် ချီးမြှင့်ပေးလို့ရအောင်"

"သေလွန်ချီးမြှင့် ဘွဲ့မည်တွေ ဘာတွေ သူ လိုချင်ခဲ့တာ မဟုတ်ဘူး၊ ဘာမှ လုပ်လို့ရတာလည်း မဟုတ်ဘဲနဲ့" ငါ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်တယ်။ "ကျွန်မကို ပြော... သူ နတ်ပြန်ဖြစ်လာအောင်လို့ လုပ်လို့ရမဲ့ နည်းလမ်းရှိသေးလား"

တရားသူကြီးမင်း မျက်မှောင်ကြုတ်ရင်း ငါ့ကို တစ်ခဏလောက် ကြည့်နေပြီးတော့မှ သက်ပြင်းချလေရဲ့။ "ရှိတော့ ရှိတယ်၊ ဒါပေမဲ့. . ."

"နည်းလမ်းရှိရင် ရပြီ၊ ကောင်းတယ်... ကျွန်မ အဲဒီနည်းလမ်းကိုပဲ သိချင်တာ"

ငါ ဘယ်လို တာဝန်မျိုး ယူပြီး သယ်ပိုးထမ်းဆောင်ထားရပါစေ၊ ငါ လုပ်မယ်။ ချူခုန်းကို ကြယ်နတ်ပြန်ဖြစ်အောင် ငါ လုပ်ပေးဖို့ လိုတယ်။ သူ ငါ့ရှေ့မှာ မားမားမတ်မတ်ရပ်လာပြီး တခြားဘယ်သူနဲ့မှ ငါ အိမ်ထောင်ပြုမရအောင် လုပ်တာမျိုး ငါ တွေ့ချင်တယ်။

"ဒီဝိညာဉ်အပိုင်းအစကို သံသရာစက်ဝန်းထဲ ဝင်ခိုင်းပြီး နောက်ဘဝ ဝင်စားစေရမယ်၊ မိုးနဲ့မြေသဘောတရားအရ သူ့ဝိညာဉ် တည်မြဲအောင် ထိန်းထားဖို့ အသွေးအသားနဲ့ တည်ဆောက်တဲ့ ရုပ်ခန္ဓာလိုအပ်တယ်၊ ပြီးရင်တော့ မင်းက လူသားဖြစ်နေတဲ့ ချူခုန်းရဲ့ မသေမျိုးဝိညာဉ်ပိုင်း နှစ်ပိုင်းနဲ့ သေမျိုးဝိညာဉ် ခြောက်ပိုင်းကို လိုက်ရှာရမယ်... ဒီဝိညာဉ် အပိုင်းတွေကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ၊ လက်သာလျှော့လိုက်ပါတော့"

ငါ ခဏလောက်တော့ စဉ်းစားနေလိုက်တယ်။ "ရှာတွေ့တယ်ဆိုရင်ရော၊ သူ ပြန်ရှင်နိုင်မှာလား"

"မသေမျိုးဝိညာဉ်နဲ့ သေမျိုးဝိညာဉ်တွေကို ရှာတွေ့ပြီးရင်တောင် သူ လူသာမန်အဖြစ်သာ အသက်ဆက်နိုင်မယ်... သူ နတ်အဖြစ်ကို ပြန်ရဖို့ဆိုတာကတော့ အစကနေ ကြိုးစားပြီး ထွက်ရပ်ပေါက်အောင် ကျင့်ကြံမှ ရတော့မယ်"

ငါ ခေါင်းညိတ်လိုက်ပြီး ခရမ်းပုလဲကို ကိုင်ကာ လှည့်ထွက်သွားဖို့ လုပ်တယ်။ ဒါပေမဲ့ တရားသူကြီးမင်းက ငါ့ကို တားလာတယ်။ "တိမ်နတ်သမီး၊ သေချာရော စဉ်းစားပြီးပြီလား၊ ဒါက တစ်ဘဝ နှစ်ဘဝလောက်နဲ့ လုပ်လို့ ပြီးမဲ့အရာ မဟုတ်ဘူးနော်... နှစ်တစ်ထောင်လောက် ကြာရင်လည်း ကြာသွားနိုင်တယ်"

ငါ တစ်ခါပြန်လှည့်လာပြီး တရားသူကြီးမင်းကို မျက်စောင်းထိုးမိတော့တယ်။ "ဘာတွေ ဒီလောက် ကြိုတွေးနေတာလဲ၊ ကျွန်မ မရှာချင်တော့တဲ့ အချိန်ထိ လိုက်ရှာမယ်၊ ရှာမတွေ့တော့မှ လက်လျှော့လည်း ရတာပဲ၊ ဒါပေမဲ့ နောင်တစ်ချိန် ဘယ်လောက်ကြာတော့မှ လက်လျှော့လျှော့ အခုချိန်မှာ လက်လျှော့လိုက်တာထက်စာရင် ကျွန်မ ဖြေသာမယ် ထင်တာပဲ... အနည်းဆုံးတော့ ကျွန်မ သူ့အတွက် ကြိုးစားခဲ့သေးတာပေါ့၊ နောင်တစ်ချိန် ဒီအကြောင်းတွေ တွေးမိတဲ့အခါ တစ်ယောက်ယောက်ကို အကြွေးတင်နေရတယ်ဆိုပြီး နောင်တမရချင်ဘူး"

ငါ ပြုံးလိုက်တယ်။ "ပြီးတော့ တခြားသူတွေအတွက်တော့ တစ်စုံတစ်ခု လိုက်ရှာရတာ ခက်ခဲကောင်း ခက်ခဲနိုင်တာပဲ၊ ဒါပေမဲ့ ကျွန်မက တိမ်နတ်သမီးလေ... ဒီလောကမှာ တိမ်မရှိတဲ့ နေရာ ရှိပါ့မလား"

တရားသူကြီးမင်းက ငါ့ကို ခဏလောက်ကြည့်နေပြီး ပြန်ပြုံးပြလိုက်တော့တယ်။ "ကောင်းပါပြီ၊ ခင်ဗျား သွားပေါ့၊ ယန်ဝမ် ပြန်လာတော့မှ ကျုပ် ရှင်းပြပေးလိုက်မယ်"

ငါ ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်လာလိုက်တယ်။ အဲအချိန်မှာ တစ်ခုသွားတွေးမိလိုက်တာပဲ။ ငါ တရားသူကြီးမင်းကို မေးကြည့်လိုက်တယ်။ "ရှင် အတိတ်ကြေးမုံကို ကြည့်ပြီးသွားပြီဆိုတော့ အားလော့နဲ့ ဇီဟွေ့တို့ကို တွေ့တယ် မဟုတ်လား၊ သူတို့ရော နောင်ဘဝ ဝင်စားနိုင်မှာလား"

"အဲဒီကျောက်တုံး မိစ္ဆာက ဘဝကံခေခဲ့တာပဲ၊ ဒါပေမဲ့ သူ့ဝိညာဉ်ကတော့ ထိခိုက်မသွားခဲ့ဘူး၊ ဒါပေါ့ သေချာပေါက် နောက်ဘဝရှိမှာပဲ၊ ဒါပေမဲ့ သူ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တယ်၊ သူ့နောက်ဘဝမှာ အခက်အခဲတွေနဲ့ ဆင်းရဲဒုက္ခတွေ တွေ့ကြုံခံစားရလိမ့်မယ်၊ ကျင်လော့နတ်သမီးကတော့ အစကတည်းက ဝိညာဉ် ပြိုကွဲသွားခဲ့ပြီ၊ သူ့ရဲ့ တည်ရှိမှုလေးတစ်ခုက ကျောက်တုံးမိစ္ဆာရဲ့ နှလုံးသားမှာ စွဲကပ်နေတဲ့ ဝိညာဉ်အပိုင်းလေးတစ်ခုကြောင့်မို့သာ... သူ သေသွားတာနဲ့ နောက်ထပ်ပြန်မဝင်စားနိုင်တဲ့ ကံကြမ္မာကဖန်ပြီးသားပဲ၊ နောက်ဆုံးမှာ သူ့မှာ ရှိသမျှ အင်အားကို သုံးပြီး ကြယ်နတ်မင်းချူခုန်းရဲ့ ပြိုကွဲသွားတဲ့ ဝိညာဉ်ကို စုယူပေးလိုက်တယ်၊ အဲဒါကြောင့် ဝိညာဉ်ပိုင်းလေးရဲ့ နောက်ဆုံးလက်ကျန် အစွမ်းသတ္တိတွေပါ ပျောက်ပျက်သွားခဲ့တာ... ကျင်လော့နတ်သမီးက နောင်ဘဝလုံးဝ မဝင်စားနိုင်တော့ဘူး၊ ကွယ်ပျောက်ပျက်စီးခြင်းအတိ ဖြစ်သွားခဲ့ပြီ"

ငါ ပါးစပ်ဟလိုက်မိပေမဲ့ ဘာပြောရမှန်း မသိတာ့ဘူး။ ငါ မတတ်သာတော့ဘဲ သက်ပြင်းသာ ချလိုက်တော့တယ်။ ဇီဟွေ့နဲ့ အားလော့... သူတို့က သိပ်လိုက်ဖက်ချစ်ခင်ကြတဲ့ စုံတွဲလေး...

အားလော့ မရှိတော့ဘူးဆိုတာကို ဇီဟွေ့သိရင် တော်တော်လေး နာကျင်သွားမှာပဲ။ ဒါပေမဲ့ ဒီဘဝပြီးရင် ဇီဟွေ့ အားလော့ကို မှတ်မိတော့မှာ မဟုတ်ဘူး၊ သူ ကိုယ်တိုင်လည်း ဇီဟွေ့ဖြစ်ခဲ့တာကို မေ့သွားတော့မှာ။ ဒီဘဝကြီးတစ်ခုလုံး ဘယ်လောက် ကြေကွဲနောင်တတွေနဲ့ ပြည့်နှက်နေခဲ့ပါစေ၊ သံသရာတကွေ့မှာ ခြစ်ရာလေးတစ်ခုသာသာ အဖြစ်နဲ့ ကျန်ခဲ့မှာ။ ဘယ်သူမှ မှတ်မိကြတော့မှာ မဟုတ်ဘူး။

_____

[Zawgyi]

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန္း (၄၄)/ ခ
__________

သူ ငါ့ေခါင္းကို ပြတ္လိုက္တယ္။ သူ႕မ်က္ႏွာထားက ၾကင္နာေနၿပီး မတတ္သာေတာ့ဟန္လည္း ပါတယ္။ သူ႕မ်က္ႏွာေပၚမွာ ဒီလိုမ်က္ႏွာထားမ်ိဳးေတြ႕ရတာ ဒါ ပထမဆုံးရယ္။ ငါ့ရင္ထဲ ႏွလုံးထဲ လစ္ဟာသြားေတာ့တာပဲ။ သူ ဘာလုပ္ခ်င္သလဲဆိုတာ ငါ သိလာသလိုလိုပဲ။ သူ႕ကို မ်က္လုံးအဝိုင္းသားနဲ႕ပဲ ၾကည့္ေနခဲ့မိတယ္။ သူ႕ကို ဆြဲထားလိုက္ခ်င္တယ္။ ငါ လက္လွမ္းလိုက္ခ်င္တယ္။ ဒါေပမဲ့ လက္ဖ်ားထိပ္ကေလးေတြေတာင္ လႈပ္လို႔ မရခဲ့ဘူး။

သူ ငါ့ေခါင္းကေန လက္ကိုဖယ္သြားၿပီး လွည့္ထြက္သြားေတာ့တယ္။ သူ ေရွ႕ဆက္ေလွ်ာက္သြားတယ္။ သူ႕ေျခလွမ္းေတြကေတာ့ အခိုင္အမာ တည္ၿငိမ္ၿမဲၿမံလ်က္ပဲ။ သူ ေျခတစ္လွမ္းလွမ္းၿပီးတိုင္း ၾကာပန္းေတြပြင့္လာတယ္။ သူ႕အေနာက္မွာ ခ်န္ရစ္ခဲ့တဲ့ ၾကာပန္းေတြက အစြမ္းကုန္ပြင့္လို႔ေပါ့။ သူ႕ခႏၶာက မေကာင္းဆိုးဝါးအေမွာင္ဓာတ္သက္ကို ခြင္းလို႔သြားတယ္။ လင္းလြန္းလို႔ ငါ မ်က္စိက်ိန္းၿပီး ဘာမွ မျမင္ရေတာ့ဘူး။

အဲဒီအခ်ိန္တုန္းက မားမားမတ္မတ္ သူ႕ေက်ာျပင္ဟာ တစ္ေလာကလုံးကို ထမ္းတင္ေပးထားမဲ့ သူရဲေကာင္းတစ္ေယာက္လို ျဖစ္ေနခဲ့တယ္။

မေကာင္းဆိုးဝါး အေငြ႕အသက္ေတြနဲ႕ နတ္တန္ခိုးေတြ တိုက္ဆိုင္မိရာကေန ေလေပြလွိုင္းေတြ ထြက္ေပၚလာၿပီး ငါ့နံေဘးကို ပြတ္တိုက္လာတယ္။ ခ်ဴခုန္း ေ႐ႊေရာင္အလင္းတန္းသဖြယ္ အသြင္ေျပာင္းသြားၿပီး က်င္လ်န္ကို ထိပ္တိုက္ ဝင္တိုးေလတယ္။ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနၿပီျဖစ္တဲ့ က်င္လ်န္ကို ၾကပ္ၾကပ္တင္းတင္း ခ်ဳပ္ေႏွာင္ထားလိုက္တယ္။ က်င္လ်န့္ခႏၶာကိုယ္ေပၚမွာရွိေနတဲ့ မေကာင္းဆိုးဝါး ဓာတ္သက္ေတြ တျဖည္းျဖည္းနဲ႕ သန့္စင္ေျပာင္းလဲလာေတာ့ေလတယ္။

ခ်ဴခုန္းက က်င္လ်န္ရဲ႕ ၿပိဳင္ဘက္မဟုတ္ဘူး။ သူ႕ဝိညာဥ္အစြမ္းကိုပါ ယူသုံးရေတာ့မယ္ဆိုတာ ငါ နားလည္လိုက္တယ္။ ဝိညာဥ္စြမ္းအား မကုန္ခမ္းခင္မွာ သူ ႀကိဳးစားမွ ျဖစ္မယ္။ ဒါေပမဲ့... သူ ေသသြားခဲ့မယ္ဆိုရင္ တမလြန္ကို သြားနိုင္ေတာ့မွာ မဟုတ္ဘူး။ သူ ေနာက္တစ္ဘဝ ဝင္စားနိုင္ေတာ့မွာ မဟုတ္ဘူး။ သူ အၿမဲထာဝရ ေပ်ာက္ကြယ္သြားေတာ့လိမ့္မယ္။

က်င္လ်န္က နာနာက်င္က်င္ ေအာ္ဟစ္ေနတယ္။သူ႕ကို ခ်ည္တုပ္ထားတဲ့ ေ႐ႊေရာင္ အလင္းလွ်ံကလည္း တုန္ခါလာတယ္။

ငါလည္း ခ်ဴခုန္း ငါ့အေပၚခ်ဳပ္ေႏွာင္ထားခဲ့တဲ့ စည္းကို ရွိသမွ် အစြမ္းအစနဲ႕ ေဖာက္ထြက္ဖို႔ ႀကိဳးစားတာပဲ။ အခုတစ္ေခါက္ေလာက္ ငါ ေစာက္သုံးမက်တာကို မနာက်ည္းဖူးဘူး။ ငါ့ကို "အရည္အေသြး မျပည့္မီ"တဲ့ အရာအျဖစ္ ဖန္တီးခဲ့တဲ့ ယြဲ႕ေလာင္ကိုလည္း ဘယ္တုန္းကမွ အခုေလာက္ စိတ္မနာခဲ့ဖူးဘူး။ ငါသာ ခ်ဴခုန္းလို အစြမ္းတန္ခိုးရွိေနမယ္ဆိုရင္. . . သူ႕တစ္ဝက္ေလာက္သာ အစြမ္းရွိမယ္ဆိုရင္ ရပါၿပီ။ တစ္ဝက္ဆိုရင္ေတာင္ ငါ ေက်နပ္တယ္။

က်င္လ်န္ရဲ႕ ခႏၶာကိုယ္လဲက်သြားတယ္။ သူ ေသသြားၿပီ။ ရႈံ႕တြ ယိုယြင္းလုလု သူ႕ခႏၶာ႐ုပ္ႂကြင္းဟာလည္း အေမွာင္ထုၿခဳံထည္ပမာ ေျပာင္းလဲသြားၿပီး ေ႐ႊေရာင္အလင္းတန္းနဲ႕အတူ ေရာေထြးသြားေတာ့တယ္။ ငါ့နားထဲ တိုးဝင္လာတဲ့ ေလေပြသံကို နားေယာင္ရင္းက ထိန္ထိန္ညီးေနတဲ့ အလင္းတန္းတစ္ခုက ငါ့အျမင္အာ႐ုံထဲ ေရာက္လာခဲ့တယ္။ ငါ အျမင္ေတြ ေဝဝါးသြားခဲ့တယ္။ အခ်ိန္ေတာ္ေတာ္ၾကာထိတိုင္ေအာင္၊ တျဖည္းျဖည္းခ်င္းမွ ျပန္ျမင္ရလာေလတယ္။

အရပ္ေလးဘက္ေလးတန္လုံး တိတ္ဆိတ္သြားၿပီ။ ေျမျပင္ႀကီး အက္ကြဲေၾကမြေနတာႀကီးက ဒီေနရာမွာ တိုက္ပြဲတစ္ခု ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့တယ္ဆိုတာကို သတိေပးေနတာမွ မဟုတ္ရင္၊ ငါ အိပ္မက္ဆိုးမက္ေနတယ္ပဲ ထင္မိမွာ။

မေကာင္းဆိုးဝါး အေငြ႕အသက္ေတြ မရွိေတာ့ဘူး။ ခ်ဴခုန္းလည္း. . .  မရွိေတာ့ဘူး. . .

ငါ့တစ္ကိုယ္လုံး ေျပေလ်ာ့သြားတယ္။ ခ်ဴခုန္း ငါ လႈပ္လို႔မရေအာင္ ခ်ဳပ္ထားခဲ့တဲ့ စည္းျပယ္သြားၿပီေလ။ စည္းခ်ေပးခဲ့တဲ့ သူမွ မရွိေတာ့တာ၊ စည္းက ဘယ္တည္ၿမဲနိုင္ပါဦးမလဲ။ ငါ ေျခႏွစ္ဖက္က မခိုင္ၿမဲနိုင္ေတာ့ဘူး၊ အသိစိတ္လက္လြတ္ကာ ေျမေပၚသာ ထိုင္ခ်လိဳက္မိေတာ့တယ္။

"ဟိတ္..."

ငါ ကိုယ့္ေျခေထာက္ကိုယ္ လိမ္ဆြဲၾကည့္တယ္။

"ဘာလို႔လဲ... ေဘးကင္းသြားၿပီေလ. . ."

ငါ့စိတ္အေျခအေနဟာလည္း ကစဥ့္ကလ်ားေတြ ျဖစ္လာတယ္။ တစ္စုံတစ္ေယာက္က ငါ့ရင္ကို တူနဲ႕ ထုေနသလိုပဲ၊ ႏွလုံးခုန္သံေတြလည္း ျမန္လာတယ္။ ဒီလို ရင္တုန္ပန္းတုန္နဲ႕ တလွပ္လွပ္ျဖစ္ေနရတာ ငါ အသက္ရႉရတာပါ မြန္းၾကပ္လာေတာ့တာပဲ။

ခဏေလာက္ေတာ့ ဒီအတိုင္း ငူငူႀကီး ထိုင္ေနမိၿပီးမွ ငါ ခ်ဴခုန္းကို လိုက္ရွာရမယ္ဆိုတာ သတိရတယ္။ အခုေလာက္ဆို သူ ေက်ာက္တုံးပုံေအာက္မွာေနမယ္။

ငါ ထရပ္လိုက္ၿပီး ေက်ာက္တုံးပုံနားကို ဒေရာေသာပါး ေျပးသြားလိုက္တယ္။ အဲဒီတုန္းက ငါ့မွာ နတ္တန္ခိုးေတြ ရွိေသးတာကို ေမ့သြားခဲ့တယ္တူရဲ႕၊ လက္ခ်ည္းဗလာနဲ႕သာ ေက်ာက္တုံး ႀကီးငယ္လတ္မေ႐ြး၊ အခြၽန္အတက္မေ႐ြး ဖယ္မ ေနခဲ့မိတယ္။ ေက်ာက္တုံးေတြ တစ္တုံးေ႐ႊ႕ၿပီးသြားတိုင္း ငါ့အသည္းႏွလုံးက ပိုေအးစက္လာရတယ္။ ဒီႏွလုံးေအးေနရမႈဟာ ေသြးေၾကာကေန စီးဆင္းလာၿပီး တစ္ကိုယ္လုံးကို ျပန့္သြားသလိုပဲ။ ေျခဖ်ားေတြေရာ လက္ဖ်ားေတြပါ ေအးစက္လာတယ္။ ငါ့လက္ေခ်ာင္းထိပ္ေတြ ပြန္းပဲ့ထိရွမိရာကေန ထြက္လာတဲ့ ေသြးေတြပါ ေအးေနတာ။ ငါ ရႉသြင္းလိုက္တဲ့ ေလေတြလည္း ေအးေနတာပဲ။ ငါ့မ်က္လုံးထဲက အရည္ေတြပါ ေအးစက္ေနတယ္။

"ခ်ဴခုန္း ေထာင္လႊားတဲ့ေကာင္. . . . ." 

ငါ့ရင္ထဲ အေၾကာက္တရားေတြ လွိုက္တက္စျပဳလာတာကို တားစီးလို႔ မရခဲ့ဘူး။ ငါ ေအာ္ေခၚေနမိတယ္။ "တစ္ခါေလးပဲ ျပန္ထူးဟာ၊ တစ္ခါေလးပဲ ျပန္ထူးစမ္းပါ... ငါ နင့္ကို စိတ္မေကာက္ေတာ့ဘူး၊ ေနာက္ဆို ဘယ္ေတာ့ ဘယ္ေတာ့မွ စိတ္မဆိုးေတာ့ပါဘူး"

"နင္ ငါ့ကို ရွာေကြၽးမယ္ဆို၊ တာဝန္ယူမယ္ဆို၊ နင့္ေၾကာင့္ ငါ ေၾကးျပား ၁၀ ျပား ေလာင္းေၾကးရႈံးသြားတာ၊ နင္ ငါ့ကို ျပန္မေလ်ာ္ေပးရေသးဘူး၊ နင္ မရွိေတာ့ရင္ ငါ သူမ်ားနဲ႕ လက္ထပ္လိုက္မွာေနာ္... ငါ ေကာင္းကင္ဧကရာဇ္လီနဲ႕ ယူလိုက္မယ္၊ ငါက ေကာင္းကင္ဧကရာဇ္ရဲ႕ မိဖုရားစိတ္ပုတ္ႀကီး လုပ္ၿပီး ေကာင္းကင္ဘုံက နတ္ေကာင္းေတြကို ဒုကၡေရာက္ေအာင္ လုပ္ပစ္မယ္၊ ငါ. . ."

ဒီၿခိမ္းေျခာက္စကားေတြက အသုံးမဝင္ဘူး။ ခ်ဴခုန္းက ငါ့ကို တျခားလူနဲ႕ လက္ထပ္လိုက္ဖို႔ေတာင္ မွာခဲ့ေသးတာပဲ။ ဒီတစ္ခါမွာေတာ့ သူ ငါ့ကို အတည္ႀကီး ထားရစ္ခဲ့ၿပီ။

ေနာက္ဆုံးေတာ့ ငါ့မ်က္လုံးထဲမွာ ပူေႏြးမႈေလး တစ္စြန္းတစ္စကို ခံစားလိုက္ရၿပီေလ။ ဒါေပမဲ့ အဲဒီအေႏြးဓာတ္က ငါ့မ်က္ရည္ေတြ မ်က္ႏွာတစ္ခုလုံးေပၚ လွိမ့္ဆင္းလာလို႔သာ။ ခ်ဴခုန္းပဲျဖစ္ျဖစ္၊ မာနခဲခုန္းပဲ ျဖစ္ျဖစ္၊ ခုန္းမင္းသမီးျဖစ္ျဖစ္၊ လုဟိုင္ခုန္းျဖစ္ျဖစ္၊ ဒီတစ္ခါမွာေတာ့ အားလုံး မရွိၾကေတာ့ဘူး။

သူ႕ကို ငါ တမလြန္မွာ သြားရွာသင့္တယ္ထင္ရဲ႕။ သူ႕ဝိညာဥ္ မပ်က္စီးေသးတာလည္း ျဖစ္နိုင္တယ္။ သူ႕ဝိညာဥ္ တမလြန္ကို ေရာက္ေနတာလည္း ျဖစ္နိုင္တယ္။ သူ ေနာက္တစ္ဘဝ ဝင္စားၿပီးရင္ ငါနဲ႕ ေတြ႕ခြင့္ျပန္ရမွာပါ။

ငါ့စိတ္နဲ႕ ႏွလုံးသားက တစ္သားတည္းပဲ။ ငါ ဓားတစ္ေခ်ာင္းေလာက္ လွည့္ပတ္ရွာၾကည့္လိုက္တယ္။ ရွာရင္းနဲ႕ ေက်ာက္ခုတင္ဘက္ကို လွည့္ၾကည့္မိတဲ့အခါမွာ က်င္ေလာ့ ထထိုင္လိုက္တာကို ေတြ႕ရေလတယ္။ သူ႕ခႏၶာကိုယ္က တကယ့္ကို ပါးလွပ္လွပ္ေလး၊ တိုးလ်ိဳးေပါက္ကို ၾကည္ေနတာ၊ ေလေလးတစ္ခ်က္တိုက္လိုက္တာနဲ႕ လြင့္ပါသြားေတာ့မွာလိုမ်ိဳး။

ငါ သူ႕ကို အၾကာႀကီး စိုက္ၾကည့္ေနလိုက္မိတယ္။ အခု ဒီေနရာမွာ သူနဲ႕ ငါ ႏွစ္ေယာက္သာ "အသက္ရွိလ်က္" က်န္ေတာ့တာ။

အားေလာ့က ႐ုတ္တရက္ ရယ္တယ္။ သူ႕ရဲ႕ အလင္းေဖာက္ျမင္ေနနိုင္တဲ့ လက္တစ္ဖက္ကို ျမႇောက္ကာျပတယ္။ သူ႕လက္ဖဝါးထဲမွာ ႐ုတ္တရက္ဆိုသလို ခရမ္းေရာင္ ပုလဲတစ္လုံး လင္းလာေလတယ္။ ေတာ္ေတာ္ေလး ေတာက္ပတယ္။ အေတာ္ေလးလည္း လွတယ္။

"ဇီေဟြ႕ ႏွလုံးပါ" သူက ရယ္တယ္။ "ဇီေဟြ႕လည္း ရွင္တို႔ကို ကူညီခ်င္လိမ့္မယ္လို႔ ကြၽန္မ ထင္တယ္"

သူက လက္ကို ဆန့္တန္းၿပီး ခရမ္းေရာင္ပုလဲကို ငါ့ဆီ ထိုးေပးတယ္။

"ေသျခင္း ရွင္ျခင္းဆိုတာ မိုးနဲ႕ ေျမမွာ အႀကီးမားဆုံး အေရးအရာပဲ၊ ႏွစ္တစ္ေသာင္း ေက်ာက္တုံးမိစာၦရဲ႕ ႏွလုံးမွာရွိတဲ့ အရာရာကို ျပန္လွန္ေျပာင္းပစ္လို႔ရတဲ့ အစြမ္းသတၱိနဲ႕ဆိုရင္ေတာင္မွ ကြၽန္မ ဝိညာဥ္တစ္ခုကိုပဲ ျပန္စုစည္းေပးလို႔ရမယ္"

အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ငါ ႏႈတ္ဆိတ္ေနမိတယ္။ ဒီစကားလုံးေတြရဲ႕ အဓိပၸာယ္ကို ငါ သိပ္နားမလည္နိုင္ေသးဘူး။ အားေလာ့က ႏူးညံ့သိမ္ေမြ႕စြာ ၿပဳံးလာတယ္။ သူ႕ခႏၶာကိုယ္က ပိုၿပီးေတာ့ ၾကည္ပါးလာၿပီ။ ေပ်ာက္ကြယ္လုလုပဲ။ "ကြၽန္မ ဒီေလာက္ပဲ အေလ်ာ္အစားသေဘာ ျပန္ေပးဆပ္နိုင္ေတာ့မယ္၊ ေတာင္းပန္ပါတယ္"

အားေလာ့ရဲ႕ ကိုယ္ဟန္က လုံးလုံးကြယ္ေပ်ာက္သြားေတာ့တယ္။ ဒီခရမ္းေရာင္ပုလဲအနားမွာသာ အလင္းလုံး အနည္းငယ္ ခဏေလာက္ လာလွည့္ပတ္ေနရင္း ခရမ္းေရာင္ပုလဲကို ငါ့ဆီ ေခၚေဆာင္လာေပးတယ္။ ငါ ေငးေငးေၾကာင္ေၾကာင္နဲ႕ပဲ လက္ဝါးျဖန့္လိုက္ေတာ့ ပုလဲဟာ ငါ့ဖဝါးေပၚ လာဆင္းသက္ေပးတယ္။

အခ်ိန္ေတာ္ေတာ္ၾကာၾကာထိ ငါ ေငးငိုင္ေနခဲ့မိတယ္။ ႐ုတ္တရက္ ငါ ဉာဏ္အလင္းပြင့္သြားၿပီး အေတြးေတြအမ်ားႀကီး ေတြးမိသြားတဲ့ အထိေပါ့။ ငါ့နဖူးငါ ျပန္ရိုက္လိုက္တယ္။ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး ကိုယ့္ဟာကိုယ္ လွ်ာကိုက္သတ္ေသလိုက္ေတာ့တယ္။

တမလြန္ကို သြားတဲ့ လမ္းတစ္ေလွ်ာက္ ငါ ခရမ္းပုလဲကို လက္မွာ ဆုပ္ထားရင္း ယမမင္း နန္းေဆာင္အထိ မရပ္မနား တန္းတန္းမတ္မတ္ ေျပးသြားလိုက္မိတယ္။

အခုခ်ိန္ထိ ယမမင္းက ျပန္မလာေသးဘူး။ တရားသူႀကီးမင္းကေတာ့ စားပြဲမွာ ထိုင္ရင္း အလုပ္ေတြ လုပ္ေနတယ္။ သူ ေမာ့ၾကည့္လိုက္ၿပီး အတင္းဝင္လာသူက ငါ ျဖစ္ေနတာကို ေတြ႕တဲ့အခါမွာ မ်က္ေမွာင္ၾကဳတ္လိုက္ေတာ့တယ္။ "ဘာလို႔ အေစာႀကီး ျပန္လာတာလဲ၊ က်င္လ်န္ကို အခ်ိန္ဆြဲထားဖို႔ ခင္ဗ်ားတို႔ကို ခိုင္းထားတယ္ မဟုတ္လား... ၾကယ္နတ္မင္း ခ်ဴခုန္းေရာ ဘယ္မလဲ"

ငါ တရားသူႀကီးမင္းကို လက္ထဲက ခရမ္းပုလဲကို ၾကည့္ေစလိုက္တယ္။ သူ မ်က္ေမွာင္ႀကီးၾကဳတ္ၿပီး အဲဒါကို ေတာ္ေတာ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့တယ္။ ႐ုတ္တရက္ သူ႕မ်က္ႏွာထား ေျပာင္းလဲလာေတာ့ေလရဲ႕။ "ခ်ဴခုန္းရဲ႕ ဝိညာဥ္က ဘာလို႔ ဒီထဲမွာ ရွိေနတာလဲ၊ ခင္ဗ်ားတို႔ႏွစ္ေယာက္ ဒီတစ္ခါ ဘာျပႆနာရွာလာခဲ့ျပန္တာလဲ...!"

တရားသူႀကီးမင္းက မတတ္သာဟန္နဲ႕ သက္ျပင္းခ်ေလတယ္။ "အစကတည္းက က်ဳပ္တို႔မွာ လူအင္အား မရွိပါဘူးဆိုေနမွ၊ အခု ခင္ဗ်ားတို႔ ႏွစ္ေယာက္တည္းက တစ္ေယာက္ေလ်ာ့သြားျပန္ၿပီ...! ကိုယ့္အိမ္ေနာက္ေဖးကိုယ္ မီးရွို႔ရတာ ​ေပ်ာ္လား"

ငါ ခရမ္းပုလဲ ကိုင္ျပထားတဲ့ လက္ကို ျပန္႐ုတ္လိုက္ၿပီး တရားသူႀကီးမင္း ေျပာတဲ့ မညွာမတာစကားလုံးေတြကို ဥေပကၡာျပဳထားလိုက္တယ္။ ငါ သူ႕ကို ေျပာလိုက္တယ္။ "ခ်ဴခုန္း ေသသြားၿပီ၊ က်င္လ်န္ကို တားနိုင္ဖို႔အတြက္ သူ႕ဝိညာဥ္ကို စေတးၿပီး က်င္လ်န္နဲ႕ အတူတူ ေသပြဲဝင္သြားတာ၊ အေသးစိတ္ သိခ်င္ရင္ေတာ့ အတိတ္ေၾကးမုံမွာ ၾကည့္လိုက္"

အဲဒီေတာ့မွ တရားသူႀကီးမင္း လန့္သြားၿပီး မ်က္ႏွာခ်ိဳး ျပင္သြားေတာ့တယ္။ ဘာမွ ျပန္မေျပာေတာ့ဘဲ ယန္ဝမ့္စားပြဲေပၚကေန အတိတ္ေၾကးမုံကို သူ ယူၾကည့္တယ္။ ေၾကးမုံကို သူ အၾကာႀကီး တိတ္တဆိတ္ၾကည့္ေနခဲ့တယ္။ ေနာက္ေတာ့ သူ ေခါင္းေမာ့လာၿပီး ငါ့ကို ၾကည့္လာတယ္။ "ဒီလိုဆိုရင္... က်ဳပ္ ေက်ာက္စိမ္းဧကရာဇ္ဆီ သတင္းပို႔ရမွာေပါ့၊ ၾကယ္နတ္ ခ်ဴခုန္းအတြက္ ေသလြန္ၿပီး ဘြဲ႕မည္ ခ်ီးျမႇင့္ေပးလို႔ရေအာင္"

"ေသလြန္ခ်ီးျမႇင့္ ဘြဲ႕မည္ေတြ ဘာေတြ သူ လိုခ်င္ခဲ့တာ မဟုတ္ဘူး၊ ဘာမွ လုပ္လို႔ရတာလည္း မဟုတ္ဘဲနဲ႕" ငါ ဘြင္းဘြင္းရွင္းရွင္းပဲ ေျပာလိုက္တယ္။ "ကြၽန္မကို ေျပာ... သူ နတ္ျပန္ျဖစ္လာေအာင္လို႔ လုပ္လို႔ရမဲ့ နည္းလမ္းရွိေသးလား"

တရားသူႀကီးမင္း မ်က္ေမွာင္ၾကဳတ္ရင္း ငါ့ကို တစ္ခဏေလာက္ ၾကည့္ေနၿပီးေတာ့မွ သက္ျပင္းခ်ေလရဲ႕။ "ရွိေတာ့ ရွိတယ္၊ ဒါေပမဲ့. . ."

"နည္းလမ္းရွိရင္ ရၿပီ၊ ေကာင္းတယ္... ကြၽန္မ အဲဒီနည္းလမ္းကိုပဲ သိခ်င္တာ"

ငါ ဘယ္လို တာဝန္မ်ိဳး ယူၿပီး သယ္ပိုးထမ္းေဆာင္ထားရပါေစ၊ ငါ လုပ္မယ္။ ခ်ဴခုန္းကို ၾကယ္နတ္ျပန္ျဖစ္ေအာင္ ငါ လုပ္ေပးဖို႔ လိုတယ္။ သူ ငါ့ေရွ႕မွာ မားမားမတ္မတ္ရပ္လာၿပီး တျခားဘယ္သူနဲ႕မွ ငါ အိမ္ေထာင္ျပဳမရေအာင္ လုပ္တာမ်ိဳး ငါ ေတြ႕ခ်င္တယ္။

"ဒီဝိညာဥ္အပိုင္းအစကို သံသရာစက္ဝန္းထဲ ဝင္ခိုင္းၿပီး ေနာက္ဘဝ ဝင္စားေစရမယ္၊ မိုးနဲ႕ေျမသေဘာတရားအရ သူ႕ဝိညာဥ္ တည္ၿမဲေအာင္ ထိန္းထားဖို႔ အေသြးအသားနဲ႕ တည္ေဆာက္တဲ့ ႐ုပ္ခႏၶာလိုအပ္တယ္၊ ၿပီးရင္ေတာ့ မင္းက လူသားျဖစ္ေနတဲ့ ခ်ဴခုန္းရဲ႕ မေသမ်ိဳးဝိညာဥ္ပိုင္း ႏွစ္ပိုင္းနဲ႕ ေသမ်ိဳးဝိညာဥ္ ေျခာက္ပိုင္းကို လိုက္ရွာရမယ္... ဒီဝိညာဥ္ အပိုင္းေတြကို ရွာေတြ႕ဖို႔ဆိုတာ မျဖစ္နိုင္တဲ့အရာပဲ၊ လက္သာေလွ်ာ့လိုက္ပါေတာ့"

ငါ ခဏေလာက္ေတာ့ စဥ္းစားေနလိုက္တယ္။ "ရွာေတြ႕တယ္ဆိုရင္ေရာ၊ သူ ျပန္ရွင္နိုင္မွာလား"

"မေသမ်ိဳးဝိညာဥ္နဲ႕ ေသမ်ိဳးဝိညာဥ္ေတြကို ရွာေတြ႕ၿပီးရင္ေတာင္ သူ လူသာမန္အျဖစ္သာ အသက္ဆက္နိုင္မယ္... သူ နတ္အျဖစ္ကို ျပန္ရဖို႔ဆိုတာကေတာ့ အစကေန ႀကိဳးစားၿပီး ထြက္ရပ္ေပါက္ေအာင္ က်င့္ႀကံမွ ရေတာ့မယ္"

ငါ ေခါင္းညိတ္လိုက္ၿပီး ခရမ္းပုလဲကို ကိုင္ကာ လွည့္ထြက္သြားဖို႔ လုပ္တယ္။ ဒါေပမဲ့ တရားသူႀကီးမင္းက ငါ့ကို တားလာတယ္။ "တိမ္နတ္သမီး၊ ေသခ်ာေရာ စဥ္းစားၿပီးၿပီလား၊ ဒါက တစ္ဘဝ ႏွစ္ဘဝေလာက္နဲ႕ လုပ္လို႔ ၿပီးမဲ့အရာ မဟုတ္ဘူးေနာ္... ႏွစ္တစ္ေထာင္ေလာက္ ၾကာရင္လည္း ၾကာသြားနိုင္တယ္"

ငါ တစ္ခါျပန္လွည့္လာၿပီး တရားသူႀကီးမင္းကို မ်က္ေစာင္းထိုးမိေတာ့တယ္။ "ဘာေတြ ဒီေလာက္ ႀကိဳေတြးေနတာလဲ၊ ကြၽန္မ မရွာခ်င္ေတာ့တဲ့ အခ်ိန္ထိ လိုက္ရွာမယ္၊ ရွာမေတြ႕ေတာ့မွ လက္ေလွ်ာ့လည္း ရတာပဲ၊ ဒါေပမဲ့ ေနာင္တစ္ခ်ိန္ ဘယ္ေလာက္ၾကာေတာ့မွ လက္ေလွ်ာ့ေလွ်ာ့ အခုခ်ိန္မွာ လက္ေလွ်ာ့လိုက္တာထက္စာရင္ ကြၽန္မ ေျဖသာမယ္ ထင္တာပဲ... အနည္းဆုံးေတာ့ ကြၽန္မ သူ႕အတြက္ ႀကိဳးစားခဲ့ေသးတာေပါ့၊ ေနာင္တစ္ခ်ိန္ ဒီအေၾကာင္းေတြ ေတြးမိတဲ့အခါ တစ္ေယာက္ေယာက္ကို အေႂကြးတင္ေနရတယ္ဆိုၿပီး ေနာင္တမရခ်င္ဘူး"

ငါ ၿပဳံးလိုက္တယ္။ "ၿပီးေတာ့ တျခားသူေတြအတြက္ေတာ့ တစ္စုံတစ္ခု လိုက္ရွာရတာ ခက္ခဲေကာင္း ခက္ခဲနိုင္တာပဲ၊ ဒါေပမဲ့ ကြၽန္မက တိမ္နတ္သမီးေလ... ဒီေလာကမွာ တိမ္မရွိတဲ့ ေနရာ ရွိပါ့မလား"

တရားသူႀကီးမင္းက ငါ့ကို ခဏေလာက္ၾကည့္ေနၿပီး ျပန္ၿပဳံးျပလိုက္ေတာ့တယ္။ "ေကာင္းပါၿပီ၊ ခင္ဗ်ား သြားေပါ့၊ ယန္ဝမ္ ျပန္လာေတာ့မွ က်ဳပ္ ရွင္းျပေပးလိုက္မယ္"

ငါ ေခါင္းညိတ္လိုက္ၿပီး လွည့္ထြက္လာလိုက္တယ္။ အဲအခ်ိန္မွာ တစ္ခုသြားေတြးမိလိုက္တာပဲ။ ငါ တရားသူႀကီးမင္းကို ေမးၾကည့္လိုက္တယ္။ "ရွင္ အတိတ္ေၾကးမုံကို ၾကည့္ၿပီးသြားၿပီဆိုေတာ့ အားေလာ့နဲ႕ ဇီေဟြ႕တို႔ကို ေတြ႕တယ္ မဟုတ္လား၊ သူတို႔ေရာ ေနာင္ဘဝ ဝင္စားနိုင္မွာလား"

"အဲဒီေက်ာက္တုံး မိစာၦက ဘဝကံေခခဲ့တာပဲ၊ ဒါေပမဲ့ သူ႕ဝိညာဥ္ကေတာ့ ထိခိုက္မသြားခဲ့ဘူး၊ ဒါေပါ့ ေသခ်ာေပါက္ ေနာက္ဘဝရွိမွာပဲ၊ ဒါေပမဲ့ သူ အျပစ္ေတြ အမ်ားႀကီး က်ဴးလြန္ခဲ့တယ္၊ သူ႕ေနာက္ဘဝမွာ အခက္အခဲေတြနဲ႕ ဆင္းရဲဒုကၡေတြ ေတြ႕ႀကဳံခံစားရလိမ့္မယ္၊ က်င္ေလာ့နတ္သမီးကေတာ့ အစကတည္းက ဝိညာဥ္ ၿပိဳကြဲသြားခဲ့ၿပီ၊ သူ႕ရဲ႕ တည္ရွိမႈေလးတစ္ခုက ေက်ာက္တုံးမိစာၦရဲ႕ ႏွလုံးသားမွာ စြဲကပ္ေနတဲ့ ဝိညာဥ္အပိုင္းေလးတစ္ခုေၾကာင့္မို႔သာ... သူ ေသသြားတာနဲ႕ ေနာက္ထပ္ျပန္မဝင္စားနိုင္တဲ့ ကံၾကမၼာကဖန္ၿပီးသားပဲ၊ ေနာက္ဆုံးမွာ သူ႕မွာ ရွိသမွ် အင္အားကို သုံးၿပီး ၾကယ္နတ္မင္းခ်ဴခုန္းရဲ႕ ၿပိဳကြဲသြားတဲ့ ဝိညာဥ္ကို စုယူေပးလိုက္တယ္၊ အဲဒါေၾကာင့္ ဝိညာဥ္ပိုင္းေလးရဲ႕ ေနာက္ဆုံးလက္က်န္ အစြမ္းသတၱိေတြပါ ေပ်ာက္ပ်က္သြားခဲ့တာ... က်င္ေလာ့နတ္သမီးက ေနာင္ဘဝလုံးဝ မဝင္စားနိုင္ေတာ့ဘူး၊ ကြယ္ေပ်ာက္ပ်က္စီးျခင္းအတိ ျဖစ္သြားခဲ့ၿပီ"

ငါ ပါးစပ္ဟလိုက္မိေပမဲ့ ဘာေျပာရမွန္း မသိတာ့ဘူး။ ငါ မတတ္သာေတာ့ဘဲ သက္ျပင္းသာ ခ်လိဳက္ေတာ့တယ္။ ဇီေဟြ႕နဲ႕ အားေလာ့... သူတို႔က သိပ္လိုက္ဖက္ခ်စ္ခင္ၾကတဲ့ စုံတြဲေလး...

အားေလာ့ မရွိေတာ့ဘူးဆိုတာကို ဇီေဟြ႕သိရင္ ေတာ္ေတာ္ေလး နာက်င္သြားမွာပဲ။ ဒါေပမဲ့ ဒီဘဝၿပီးရင္ ဇီေဟြ႕ အားေလာ့ကို မွတ္မိေတာ့မွာ မဟုတ္ဘူး၊ သူ ကိုယ္တိုင္လည္း ဇီေဟြ႕ျဖစ္ခဲ့တာကို ေမ့သြားေတာ့မွာ။ ဒီဘဝႀကီးတစ္ခုလုံး ဘယ္ေလာက္ ေၾကကြဲေနာင္တေတြနဲ႕ ျပည့္ႏွက္ေနခဲ့ပါေစ၊ သံသရာတေကြ႕မွာ ျခစ္ရာေလးတစ္ခုသာသာ အျဖစ္နဲ႕ က်န္ခဲ့မွာ။ ဘယ္သူမွ မွတ္မိၾကေတာ့မွာ မဟုတ္ဘူး။

Continue Reading

You'll Also Like

99.3K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
570K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
8.2K 680 89
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
386K 33.3K 62
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)