ခ်စ္ေသာမိဖုရား(My dear Empres...

By HanMay77

493K 40.4K 2.1K

Top1တစ္ေက်ာင္းလုံးရဲ႕Top1 ပညာေရး အားကစား ေဖ်ာ္ေျဖေရး ေနာက္ဆုံး အလွဆုံးရုပ္ရည္ကိုပါ ပိုင္ဆိုင္ထားသည့္ ခ်င္ေခ... More

Intro
ေခ်ာင္အာ
new life
⊙.☉အိုးေက်းဇူး(ေခ်ာင္အာအေၾကာင္း တေစ့တေစာင္း)
ၾကာပန္းပြဲ
က်ဲက်ဲ
Trailer😂
ေခ်ာင္အာဟုေခၚသည္
အကိ်ဳး
🌸ဇီးပန္း🌸
To Loves(upတာဟုတ္ေသးပါဘူးေနာ္)
ေတြ႔ဆုံသူ
ေခ်ာင္အာကို လာမစမ္းနဲ႔
တစ္ခါကဇာတ္လမ္းေလး(extra part)
အပိုင္း ၁၆
လက္ေဆာင္တဲ့လား
႐ုပ္ဆိုးထိပ္ေျပာင္
အကူအညီေတာင္းခံျခင္း
ေတြ႔ၾကၿပီေပါ့
နန္းမူနန္းရာ ..... နန္းမဂၤလာ
မင္းေလး
ေႁမြ
ေလေျပ
ေလညင္း
Hiiiiiiiii
လျပည့္​ည
My Dear Empress 28
My Dear Empress 29
My Dear Empress 30
My Dear Empress 31
My dear Empress 32
My Dear Empress 33
My Dear Empress 34
My Dear Empress 35
My Dear Empress 36
My Dear Empress 37
My dear empress 38
My Dear Empress 39
My Dear Empress 40
Hi
My Dear empress 41
My Dear Empress -42🚨
My Dear Empress 43
My Dear Empress 44
My Dear Empress-45
My Dear Empress -46
My Dear Empress -47
My Dear Enpress-48
My Dear empress- 49
My Dear Empress- 50🚨🚨🚨
ဒါဒါ​ေလး​ေတြ​ေရ
My Dear empress-51
My dear Empress-52
My Dear Empress-53
My Dear Empress-54
My Dear Empress-55
My Dear Empress-56
My dear Empress-57🚨
My Dear Empress-58
My dear Empress-60

My Dear Empress-59

2.1K 123 38
By HanMay77

Unicode
...
၂နှစ်ကြာသော်
...
တဝေအင်ပါရာဘုရင်သည် မိဖုရားနှင့်အတူ အေးချမ်းရာအရပ်၌တရားအားထုတ်ရန်နန်းစွန့်ခဲ့လေသည်။ ထို့ကြောင့်အိမ်ရှေ့စံလီမင်က အင်ပါယာဘုရင်မြတ်ဖြစ်လာပြီး ချောင်အာကမိဖုရားခေါင်ကြီးဖြစ်လာကာ အနောက်ဆောင်ကိုတစ်ဦးထဲအပိုင်ရသည်။

အကဲပိုလွန်းတဲ့ဘုရင်နဲ့ ချောမောလှပသွက်လက်တဲ့မိဖုရားတို့၏ချစ်ခြင်းက တိုင်းသူပြည်သားတို့၏ပါးစပ်ဖျားမှမချနိုင်တဲ့ အချစ်ရာဇဝင်ပုံပြင်လေးဖြစ်လာလေတယ်။

နှစ်ဦးအတူရှိပါလျှင် လောကမှာရှိသောအတွဲတိုင်း မှေးမှိန်သွားရလောက်သည်ဟု တိုင်းသူပြည်သားများအကြား ဥပမာပြောစမှတ်တွင်ရလောက်သည့် စံပြပုဂ္ဂိုလ်များဖြစ်လာသည်။ အင်ပါယာဘုရင်မှာ နန်းသက်တစ်နှစ်ကျော်ပြီဖြစ်သော်လည်း နောက်ထပ်ဘာမိဖုရား ဘာကြင်ယာတော် ကိုယ်လုပ်တော့မှမတော်ကောက်ပေ။

ဤအခြင်းရာကို တိုင်းသူပြည်သားများမှာလည်း အထူးပင်ဂုဏ်ယူကျေနပ်ကြလေသည်။ အချို့ဆိုလျှင် ကြင်ရာတော်သစ်တော်ကောက်ပါက သောင်းကြန်းမည်ဟုကြွေးကြော်ရလောက်သည်အထိ ဘုရင့်ဇနီးမောင်နှံကိုဝန်းရံသူများရှိကြလေသည်။

တစ်ဖက်မှာလဲ မကျေနပ်သူများရှိကြလေသည်။ သူတို့မှာအတွင်းဝန်ကြီးများနှင့် မှူးမတ်များသာဖြစ်ကြလေသည်။ သူတို့၏ညီမ,သမီးတစ်ဦးဦးသာ တော်ကောက်ခံရမည်ဆိုလျှင် စစ်ရေးစစ်ရာသာမက ညီလာခံတွင်ပါအင်အားကြီးမားလာမည်မှာ အသေချာပင်။

သို့သော်အင်ပါယာဘုရင်မှာ မိဖုရားခေါင်ကြီးမှလွဲ၍မည်သူ့မှ လက်မခံဆိုတာကိုလည်းသိသည်။ ထို့ပြင်ငယ်ရွယ်သောမိန်းမငယ်လေးတစ်ဦးအားကောက်ယူရန် အကြံပြုလျှင်လည်း မိဖုရားခေါင်ကြီးမှာ၁၈နှစ်ကျော်သာရှိသေးကာ ပြစ်ချက်မရှိသည့်အလှမျိုးကိုပိုင်ဆိုင်ပြီး သူမတွင်ကျောထောက်နောက်ခံ ချောင်နိုင်ငံတစ်ခုလုံးရှိသေးလေသည်။ ထိုအရာအားလုံးထက်ကျော်လွန်လှပသည့်အမျိုးသမီးငယ်များမှာလည်း သူတို့ထံ၌မရှိကြပါလေ...

ဤမျှစိတ်ရှုပ်စရာကောင်းသော လောက်ကောင်တို့သည် ညီလာခံတွင်လည်း "မင်းကောင်းမင်းမြတ်တို့မည်သည် မိန်းမကောင်းများစွာတို့၏အလုပ်အကျွေးကိုခံယူထိုက်သည်။ သားသမီးမြေးမြစ်တိုးပွားစေရန် ကြင်ယာတော်များကို ရွေးချယ်တော်မူပါ" ဟုပင် အခွင့်ရေးရတာနဲ့တကျီကျီအော်နေတတ်ကြလေသည်။

ချောင်အာအနားအမြဲရှိသည့် ချိုင်ယွဲ့ကအနောက်ဆောင်ကိုဦးစီးရသည့် အထိန်းတော်ချုပ်ကြီးဖြစ်လာလေသည်။ လီမင့်အနားအမြဲရှိသည့်ကျန်းလော့အား စစ်သူကြီးအဖြစ်ချီးမြှောက်ခဲ့သော်လည်း သူ့သခင်အနားလဲနေလိုသည်ဆိုသည့်အကြောင်းပြချက်ဖြင့် လက်မခံခဲ့ဘဲဘုရင့်အနားခစားသည့် တော်ဝင်ကိုယ်ရံတော်ဖြစ်လာလေသည်။

......

ချောင်အာမှာ၂၁ရာစုမှမိန်းကလေးပီပီ ဟန်ဆောင်ခြင်းဆိုတဲ့အရာကို တစ်ဖက်ကမ်းတတ်ကျွမ်းလေသည်။ အခြားသူများရှေ့လည် အိန္ဒြေသိက္ခာနှင့်ပြည့်စုံသောမိဖုရားခေါင်ကြီးအဖြစ် တည်ရှိသော်လည်း သူမ၏ခင်ပွန်းရှေ့ဆိုလျှင် အပြစ်ကင်းစင်သည့်ကောင်မလေးအဖြစ်သာနေထိုင်လေသည်။

ခုလည်းကြည့်လေ ဥယျာဉ်တော်ထဲအချစ်စမ်းနေကြသည်မှာ နန်းတွင်းအစေခံတို့ခေါင်းတို့ မြေကြီးထဲကျွံမတတ်ငုံ့ထားကြရလေသည်။

ဖြောင့်မတ်တည်ကြည်စွာထိုင်နေသောဘုရင့်ပေါ်တွင် သေးသွယ်သည့်အလှလေးကစွဲမင်ဖွယ် လည်ပင်းကိုဖက်သိုင်းထားလျက်ထိုင်နေလေသည်။

လီမင့်ကိုစပျစ်သီးခွံ့ကျွေးကာမေးသည့် ချောင့်အာအသံချိုချိုလေးတစ်ခုတည်းကသာတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။
"ချိုတယ်မလား"

ချောမောသည့်သူ၏မျက်နှာပေါ်က မျက်ခုံးထင်းထင်းတို့ကပင့်တက်သွားပြီး သူ့၏နှုတ်ခမ်းတို့်ကအနည်းငယ်ပြုံးသွားလေသည်။" ဘယ်အရာတွေဘယ်လောက်ချိုချို ကိုယ်တော့်ပါးစပ်ထဲ မင်းလေးလောက်မချိုမြိန်ဘူး"

ဤအကြောင်းအားလုံးသည် အစေခံများသာမက အသက်ကြီးသောကုန်းကုန်းတို့၏ရင်ကိုပါ လှုပ်ခတ်စေသည်။ ခံစားရသည်။ ဘယ်အရာတို့ကဒီဘုရင်နဲ့မိဖုရားကို တအားတွေချစ်နေစေတာလဲ!!!!
....

ချောင်နိုင်ငံမင်းကြီးချောင်ဟန်သည် ကြင်ယာတော်လေးပါးအပြင် ကိုယ်လုပ်တော်၁၀ယောက်ထပ်မနည်း တော်ကောက်ခဲ့လေသည်။ မိဖုရားအနေနဲ့လန်လန်အပြင် နောက်ထပ်အပြိုင်မိဖုရားတစ်ယောက်ရှိသေးလေသည်။ သူမကိုသူကိုယ်တိုင်စစ်တိုက်ထွက်ကာသိမ်းခဲ့တဲ့မြို့ကနေ ခေါ်လာပြီးမိဖုရားအရာသို့ တိုက်ရိုက်ပေးလိုက်လေသည်။ ထိုအဖြစ်ပျက်ရဲ့နောက်ကွယ်က အကြောင်းပြချက်တစ်ခုကိုအားလုံးသတိထားမိလေသည်။

ထိုအရာမှာ သူမ၏နာမည်က ယင်းအာဖြစ်ပြီးအမူကျင့်များနှင့် အပြင်ဆင်များမှာ လက်ရှိတဝေမိဖုရားခေါင်ကြီးဖြစ်သည့် တချိန်ကချောင်အာမင်းသမီးလေးနှင့် တူနေသည်ဆိုသည့်အချက်ဖြစ်ပြီး မည်သူမျှထုတ်ဖော်မပြောရဲသည့်အချက်ဖြစ်လေသည်။

မိန်းမများ၏ပင်ကိုမနာလိုအကျင့်ကြောင့် အနောက်ဆောင်သည့်အမြဲရှုပ်ထွေးလျက်ရှိပြီး လန်လန်မိဖုရား၏ကျောထောက်နောက်ခံကြောင့် သူမကိုသာကြောက်ရွံကြရသည်။ သို့သော် ယင်းအာမိဖုရားကသူမထက်ပို၍ မင်းကြီး၏အလေးပေးမှုကိုရလေသည်။

မည်သို့ပင်ဆိုစေကာမူ ချောင်နိုင်ငံတွင်မိဖုရားခေါင်ကြီးနေရာမှာ လစ်လပ်နေလေသည်။ သို့ပေမယ့်လဲ စိတ်ထက်လက်မြန်ကာ ရက်စက်တတ်သည့်ချောင်ဟန်ကို ဘယ်သူမှမေးခွန်းမထုတ်ရဲပေ။

မင်းကြီး၏မယ်တော်ချွေ့ဟန်မှာ နန်းတက်သည့်နေ့မှာဘဲ မြောက်ပိုင်းနန်းဆောင်တွင်အကျယ်ချုပ်ဘဝ ပိတ်ထားခံခဲ့ရသည်။ ထို့နေ့ကအမိန့်ပြန်တမ်းကုန်းကုန်း၏ အသံမှာ နန်းတော်တစ်ခုလုံးကိုပဲ့တင်သံထပ်နေခဲ့သည်။

"မိဖုရားချွေ့ဟန်သည် မတော်လောဘကြီးကာ ငါကိုယ်တော်၏ဘဝကိုဖျက်ဆီးခဲ့တယ်။ သို့ပေမယ့်သားအမိသံယောဇဉ်ကိုထောက်ပြီး လိုလေသေးမရှိဖြည့်ဆည်းပေးမှာမို့ ဒီအိမ်တော်ဝန်းမှနေ၍ တစ်ဖဝါးမှထွက်ခွာခြင်းမပြုရ....."

🌸🌸🌸🌸🌸🌸🌸

#HanMay

Long time no see အသဲလေးတို့
ချစ်သောမိဖုရားလေး ဇာတ်သိမ်းဖို့မလိုတော့ကြောင်း
သတင်းကောင်းပါးပါရစေ❤ အသဲတို့ရဲ့စာတိုလေးတွေမေ့တွက်ချန့ခဲ့ပါဦးနော်



Zawgyi
..
၂ႏွစ္​ၾကာ​ေသာ္​
...
တ​ေဝအင္​ပါရာဘုရင္​သည္​ မိဖုရားႏွင့္​အတူ ​​ေအးခ်မ္​းရာအရပ္​၌တရားအားထုတ္​ရန္​နန္​းစြန္​႔ခဲ့​ေလသည္​။ ထို႔​ေၾကာင့္​အိမ္​​ေ႐ွ႕စံလီမင္​က အင္​ပါယာဘုရင္ျမတ္​ျဖစ္​လာၿပီး ​ေခ်ာင္​အာကမိဖုရား​ေခါင္​ႀကီးျဖစ္​လာကာ ​အ​ေနာက္​​ေဆာင္​ကိုတစ္​ဦးထဲအပိုင္​ရသည္​။

အကဲပိုလြန္​းတဲ့ဘုရင္​နဲ႔ ​ေခ်ာ​ေမာလွပသြက္​လက္​တဲ့မိဖုရားတို႔၏ခ်စ္​ျခင္​းက တိုင္​းသူျပည္​သားတို႔၏ပါးစပ္​ဖ်ားမွမခ်ႏိုင္​တဲ့ အခ်စ္​ရာဇဝင္​ပုံျပင္​​ေလးျဖစ္​လာ​ေလတယ္​။

ႏွစ္​ဦးအတူရိွပါလ်ွင္​ ​ေလာကမွာရိွ​ေသာအတြဲတိုင္​း ​ေမွးမိွန္​သြားရ​ေလာက္​သည္​ဟု တိုင္​းသူျပည္​သားမ်ားအၾကား ​ဥပမာေျပာစမွတ္​တြင္​ရ​ေလာက္​​သည့္​ စံျပပုဂိၢဳလ္​မ်ားျဖစ္​လာသည္​။ အင္​ပါယာဘုရင္​မွာ နန္းသက္​တစ္​ႏွစ္​​ေက်ာ္​ၿပီျဖစ္​​ေသာ္​လည္​း ​ေနာက္​ထပ္​ဘာမိဖုရား ဘာၾကင္​ယာ​ေတာ္​ ကိုယ္​လုပ္​​ေတာ့မွမ​ေတာ္​​ေကာက္​​ေပ။

ဤအျခင္​းရာကို တိုင္​းသူျပည္​သားမ်ားမွာလည္​း အထူးပင္​ဂုဏ္​ယူ​ေက်နပ္​ၾက​ေလသည္​။ အခိ်ဳ႕ဆိုလ်ွင္​ ၾကင္​ရာ​ေတာ္​သစ္​​ေတာ္​​ေကာက္​ပါက ​ေသာင္​းၾကန္​းမည္​ဟု​ေႂကြး​ေၾကာ္​ရ​ေလာက္​သည္​အထိ ဘုရင္​့ဇနီး​ေမာင္​ႏွံကိုဝန္​းရံသူမ်ားရိွၾက​ေလသည္​။

တစ္​ဖက္​မွာလဲ မ​ေက်နပ္​သူမ်ားရိွၾက​ေလသည္​။ သူတို႔မွာအတြင္​းဝန္​ႀကီးမ်ားႏွင့္​ မွဴးမတ္​မ်ားသာျဖစ္​ၾက​ေလသည္​။ သူတို႔၏ညီမ,သမီးတစ္​ဦးဦးသာ ​ေတာ္​​ေကာက္​ခံရမည္​ဆိုလ်ွင္ စစ္​​ေရးစစ္​ရာသာမက ညီလာခံတြင္​ပါအင္​အားႀကီးမားလာမည္​မွာ အ​ေသခ်ာပင္​။

သို႔​ေသာ္​အင္​ပါယာဘုရင္​မွာ မိဖုရား​ေခါင္​ႀကီးမွလြဲ၍မည္​သူ႔မွ လက္​မခံဆိုတာကိုလည္​းသိသည္​။ ထို႔ျပင္​ငယ္​ရြယ္​​ေသာမိန္​းမငယ္​​ေလးတစ္​ဦးအား​ေကာက္​ယူရန္​ အၾကံျပဳလ်ွင္​လည္​း မိဖုရား​ေခါင္​ႀကီးမွာ၁၈ႏွစ္​ေက်ာ္​သာရိွ​ေသးကာ ျပစ္​ခ်က္​မရိွသည့္​အလွမိ်ဳးကိုပိုင္​ဆိုင္​ၿပီး သူမတြင္​​ေက်ာ​ေထာက္​​ေနာက္​ခံ ​ေခ်ာင္​ႏိုင္​ငံတစ္​ခုလုံးရိွ​​ေသး​ေလသည္​။ ထိုအရာအားလုံးထက္​​ေက်ာ္​လြန္​လွပသည့္​အမိ်ဳးသမီးငယ္​မ်ားမွာလည္​း သူတို႔ထံ၌မရိွၾကပါ​ေလ...

ဤမ်ွစိတ္​႐ႈပ္​စရာ​​ေကာင္​း​ေသာ ​ေလာက္​​ေကာင္​တုိ႔သည္​ ညီလာခံတြင္​လည္​း "မင္​း​ေကာင္​းမင္​းျမတ္​တို႔မည္​သည္​ မိန္​းမ​ေကာင္​းမ်ားစြာတို႔၏အလုပ္​အ​ေကြၽးကိုခံယူထိုက္​သည္​။ သားသမီး​ေျမးျမစ္​တိုးပြား​ေစရန္​ ၾကင္​ယာ​ေတာ္​မ်ားကို ​ေရြးခ်ယ္​​ေတာ္​မူပါ" ဟုပင္​ အခြင့္​​ေရးရတာနဲ႔တကီ်ကီ်​ေအာ္​​ေနတတ္​ၾက​ေလသည္​။

​ေခ်ာင္​အာအနားအျမဲရိွသည့္​ ခိ်ဳင္​ယြဲ႔ကအ​ေနာက္​​ေဆာင္​ကိုဦးစီးရသည့္​ အထိန္​း​ေတာ္​ခ်ဳပ္​ႀကီးျဖစ္​လာ​ေလသည္​။ လီမင့္​အနားအျမဲရိွသည့္​က်န္​း​ေလာ့အား စစ္​သူႀကီးအျဖစ္​ခီ်း​ေျမႇာက္​ခဲ့​ေသာ္​လည္​း သူ႔သခင္​အနားလဲ​ေနလိုသည္​ဆိုသည့္​အ​ေၾကာင္​းျပခ်က္​ျဖင့့္​ လက္​မခံခဲ့ဘဲဘုရင့္​အနားခစားသည့္​ ​ေတာ္​ဝင္​ကိုယ္​ရံ​ေတာ္​ျဖစ္​လာ​ေလသည္​။

......

​ေခ်ာင္​အာမွာ၂၁ရာစုမွမိန္​းက​ေလးပီပီ ဟန္​​ေဆာင္​ျခင္​းဆိုတဲ့အရာကို တစ္​ဖက္​ကမ္​းတတ္​ကြၽမ္​း​ေလသည္​။ အျခားသူမ်ား​ေ႐ွ႕လည္​ အိ​ေျႏၵသိကၡာႏွင့္​ျပည့္စုံ​ေသာမိဖုရား​ေခါင္​ႀကီးအျဖစ္​ တည္​ရိွ​ေသာ္​လည္​း သူမ၏ခင္​ပြန္​း​ေ႐ွ႕ဆိုလ်ွင္​ အျပစ္​ကင္းစင္​သည့္​​ေကာင္​မ​ေလးအျဖစ္​သာ​ေနထိုင္​​ေလသည္​။

ခုလည္​းၾကည့္​​ေလ ဥယ်ာဥ္​​ေတာ္​ထဲအခ်စ္​စမ္​း​ေနၾကသည္​မွာ နန္​းတြင္​းအ​ေစခံတို႔​ေခါင္​းတို႔ ​ေျမႀကီးထဲက်ံြမတတ္​ငုံ႔ထားၾကရ​ေလသည္​။

​ေျဖာင့္​မတ္​တည္​ၾကည္​စြာထိုင္​​ေန​ေသာဘုရင့္​​ေပၚတြင္​ ​ေသးသြယ္​သည့္​အလွ​ေလးကစြဲမင္​ဖြယ္​ လည္​ပင္းကိုဖက္​သိုင္​းထားလ်က္​ထိုင္​​ေန​ေလသည္​။

လီမင့္ကို​စပ်စ္​သီးခြံ​့​ေကြၽးကာ​ေမးသည့္​ ​ေခ်ာင့္​အာအသံခိ်ဳခိ်ဳ​ေလးတစ္​ခုတည္​းကသာတိတ္​ဆိတ္​မႈကို ၿဖိဳခြဲလိုက္​​ေလသည္​။
"ခိ်ဳတယ္​မလား"

​ေခ်ာ​ေမာသည့္​သူ၏မ်က္​ႏွာ​ေပၚက မ်က္​ခုံး​ထင္​းထင္​းတို႔ကပင့္​တက္​သြားၿပီး သူ႔၏ႏႈတ္​ခမ္​းတို္​့ကအနည္​းငယ္​ျပဳံးသြား​ေလသည္​။" ဘယ္​အရာ​ေတြဘယ္​​ေလာက္​ခိ်ဳခိ်ဳ ကိုယ္​​ေတာ့္​ပါးစပ္​ထဲ မင္​း​ေလး​ေလာက္​မခိ်ဳၿမိန္​ဘူး"

ဤအ​ေၾကာင္​းအားလုံးသည္​ အ​ေစခံမ်ားသာမက အသက္​ႀကီး​ေသာကုန္​းကုန္​းတို႔၏ရင္​ကိုပါ လႈပ္​ခတ္​​ေစသည္​။ ခံစားရသည္​။ ဘယ္​အရာတို႔ကဒီဘုရင္​နဲ႔မိဖုရားကို တအား​ေတြခ်စ္​​ေန​ေစတာလဲ!!!!
....

​ေခ်ာင္​ႏိုင္​ငံမင္​းႀကီးေခ်ာင္​ဟန္​သည္​ ၾကင္​ယာ​ေတာ္​​ေလးပါးအျပင္​ ကိုယ္​လုပ္​​ေတာ္​၁၀​ေယာက္​ထပ္​မနည္​း ​ေတာ္​​ေကာက္​ခဲ့​ေလသည္​။ မိဖုရားအ​ေနနဲ႔လန္​လန္​အျပင္​​ ေနာက္​ထပ္​အၿပိဳင္​မိဖုရားတစ္​​ေယာက္​ရိွ​ေသး​ေလသည္​။ သူမကိုသူကိုယ္​တိုင္​စစ္​တိုက္​ထြက္​ကာသိမ္​းခဲ့တဲ့ၿမိဳ႕က​ေန ​ေခၚလာၿပီးမိဖုရားအရာသို႔ တိုက္​႐ိုက္​​ေပးလိုက္​​ေလသည္​။ ထိုအျဖစ္​ပ်က္​ရဲ႕​ေနာက္​ကြယ္​က အ​ေၾကာင္​းျပခ်က္​တစ္​ခုကိုအားလုံးသတိထားမိ​ေလသည္​။

ထိုအရာမွာ သူမ၏နာမည္​က ယင္​းအာျဖစ္​ၿပီးအမူက်င့္​မ်ားႏွင့္​ ​အျပင္​ဆင္​မ်ားမွာ လက္​ရိွတ​ေဝမိဖုရား​ေခါင္​ႀကီးျဖစ္​သည့္​ တခိ်န္​က​ေခ်ာင္​အာမင္​းသမီး​ေလးႏွင့္​ တူ​ေနသည္​ဆိုသည့္​အခ်က္​ျဖစ္​ၿပီး မည္​သူမ်ွထုတ္​​ေဖာ္​မ​ေျပာရဲသည့္​အခ်က္​ျဖစ္​​ေလသည္​။

မိန္​းမမ်ား၏ပင္​ကိုမနာလိုအက်င့္​​ေၾကာင့္​ အ​ေနာက္​​ေဆာင္​သည့္​အျမဲ႐ႈပ္​​ေထြးလ်က္​ရိွၿပီး လန္​လန္​မိဖုရား၏​ေက်ာ​ေထာက္​​ေနာက္​ခံ​ေၾကာင့္​ သူမကုိသာ​ေၾကာက္​ရြံၾကရသည္​။ သို႔​ေသာ္​ ယင္​းအာမိဖုရားကသူမထက္​ပို၍ မင္​းႀကီး၏အ​ေလး​ေပးမႈကိုရ​ေလသည္​။

မည္​သို႔ပင္​ဆို​ေစကာမူ ​ေခ်ာင္​ႏိုင္​ငံတြင္​မိဖုရား​ေခါင္​ႀကီး​ေနရာမွာ လစ္​လပ္​​ေန​ေလသည္​။ သို႔​ေပမယ့္​လဲ စိတ္​ထက္​လက္​ျမန္​ကာ ရက္​စက္​တတ္​သည့္​​ေခ်ာင္​ဟန္​ကို ​ဘယ္​သူမွ​ေမးခြန္​းမထုတ္​ရဲ​ေပ။

မင္​းႀကီး၏မယ္​​ေတာ္​​ေခြၽ့ဟန္​မွာ နန္​းတက္​သည့္​​ေန႔မွာဘဲ ​ေျမာက္​ပိုင္​းနန္​း​ေဆာင္​တြင္​အက်ယ္​ခ်ဳပ္​ဘဝ ပိတ္​ထားခံခဲ့ရသည္​။ ထို႔​ေန႔ကအမိန္​႔ျပန္​တမ္​းကုန္​းကုန္​း၏ အသံမွာ နန္​း​ေတာ္​တစ္​ခုလုံးကိုပဲ့တင္​သံထပ္​​ေနခဲ့​သည္​။

"မိဖုရား​ေခြၽ့ဟန္​သည္​ မ​ေတာ္​​ေလာဘႀကီးကာ ငါကိုယ္​​ေတာ္​၏ဘဝကိုဖ်က္​ဆီးခဲ့တယ္​။ သို႔​ေ​ပမယ့္​သားအမိသံ​ေယာဇဥ္​ကို​ေထာက္​ၿပီး လို​ေလ​ေသးမရိွျဖည့္​ဆည္​း​​ေပးမွာမို႔ ဒီအိမ္​​ေတာ္​ဝန္းမွ​ေန၍ တစ္​ဖဝါးမွထြက္​ခြာျခင္​းမျပဳရ....."

🌸🌸🌸🌸🌸🌸🌸

#HanMay

Long time no see အသဲ​ေလးတို႔
​ခ်စ္​​ေသာမိဖုရား​ေလး ဇာတ္​သိမ္​းဖို႔မလို​ေတာ့​ေၾကာင္​း
သတင္​း​ေကာင္​းပါးပါရ​ေစ❤ အသဲတို႔ရဲ႕စာတို​ေလး​ေတြ​ေမ့တြက္​ခ်န႔ခဲ့ပါဦး​ေနာ္​

Continue Reading

You'll Also Like

172K 24.5K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
41.2K 3K 25
ʙᴏᴏɴ ᴛʜᴀᴛ ᴄʜᴀɴɢᴇꜱ ᴇᴠᴇʀʏᴛʜɪɴɢ ᴏʀ ᴡɪʟʟ ɪᴛ? ɪꜱ ɪᴛ ᴀ ʙᴏᴏɴ ᴏʀ ᴡɪʟʟ ɪᴛ ʙᴇᴄᴏᴍᴇ ᴀ ᴄᴜʀꜱᴇ? ᴡᴏᴜʟᴅ ᴛʜᴇ ᴄʜᴀɴɢᴇ ʙᴇ ɢᴏᴏᴅ ᴏʀ ɴᴏᴛ? ᴡɪʟʟ ᴛʜᴇ ᴛʜɪʀꜱᴛ ᴏꜰ ᴛʜᴇ ᴀɢᴏɴʏ ᴏꜰ ᴀ ᴍ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
419K 51.1K 38
Jeon JungKook Kim Taehyung KookV