ဒေါက်..ဒေါက်...
"ဘယ်သူလဲ"
"ပတ်ဂျီမင်းပါ ပြောစရာရှိလို့"
"အင်း ဝင်ခဲ့လေ"
"ဟို...ငါ မင်းရဲ့စာကြည့်ခန်းမှာ စောင့်နေပါ့မယ်"
ဂျီမင်းကမာနသိပ်ကြီးပါသည်။တခါကဂျောင်ဂုရဲ့အခန်းထဲ သန့်ရှင်းရေးလုပ်နေတုန်း ဂျောင်ဂုရောက်လာကာ သူ့အခန်းထဲမည်သည့်အကြောင်းပြချက်နဲ့မှ မဝင်ရ။သန့်ရှင်းရေးလဲသူကိုယ်တိုင်လုပ်မည့်အကြောင်း။ဂေးတစ်ယောက်သူ့အခန်းထဲဝင်တာ မသတီကြောင်းပြောမိခြင်းကြောင့် ဘယ်တော့မှဂျောင်ဂုအခန်းထဲကိုမဝင်တော့ပါ။
"ဂျီမင် ဘာပြောစရာရှိလို့လဲ ပြောလေ"
ဂျောင်ဂု ဂျီမင်အပေါ် အရင်လိုတော့မမောက်မာတော့ပါ
"ဟို....အိမ်အလုပ်က ငါရှိနေတာပဲ ထပ်ခေါ်စရာမလိုပါဘူး။အခုဟာကလဲငါပေါ့စမိလို့ တောင်းပန်ပါတယ်။နောက်ဆိုသတိထားပါ့မယ်"
"မဟုတ်ဘူး ခင်များလဲသက်သာအောင်လို့ပါ။တစ်ယောက်တည်းမလုံလောက်လို့ ခေါ်တာမဟုတ်ပါဘူး။ခင်များလဲ နေ့လယ်နေ့ခင်း တစ်ယောက်တည်းမပျင်းတော့အောင်လို့"
"ရပါတယ် အဲ့အတွက်ဆိုရင်။အဲ့အစား ဟို......"
မပြောပဲစဉ်းစားနေတဲ့ဂျီမင်
"ပွင့်ပွင့်လင်းလင်းပြောပါ ဘာလဲ"
"အဲ့အစား ဟို......တစ်ခြားသူကိုပေးမယ့်လစာရဲ့တဝက်လောက်တော့ငါ့ကိုပေးပါလား"
"....."
"ငါအခွင့်အရေးယူတာမဟုတ်ပါဘူး။ငါလဲလိုအပ်တာလေးတွေဝယ်ဖို့ပါ"
ဂျောင်ဂုတကယ် ကိုယ့်ကိုယ်ကိုစိတ်ပျက်မိသည်။ဘူဆန်ကနေခေါ်လာပြီးသူ့ကိုအိမ်ထဲမှာပိတ်လှောင်ထားခဲ့သည်။အပြင်ထွက်ခွင့်ကိုလဲ ဟင်းချက်ရန်အတွက်ဈေးလောက်ပဲသွားခွင့်ပေးခဲ့သည်။ဂျီမင်ကလဲ ဝယ်ပြီးလို့ပိုတဲ့ပိုက်ဆံ အကုန်လုံးစာရင်းနဲ့ပြန်အမ်းခဲ့တာကြည့်ပဲ။
ကိုယ်ကိုတိုင်ကသူ့အတွက် ဘာမှမစဉ်းစားခဲ့မိ။သူကလဲအိမ်နဲ့ဈေးသာသိသောသူ။တာဝန်မဲ့ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုအရမ်းကိုစိတ်ပျက်မိပါသည်။
"လစာတောင်းစရာမလိုပါဘူး ရော့"
black card ထုပ်ပေးလိုက်သော ဂျောင်ဂု။ဂျီမင်ကလဲမယူပဲ ခံစားချက်မဲ့သောမျက်ဝန်းများဖြင့်ဂျောင်ဂုကို စိုက်ကြည့်နေသည်။
"ရော့ ယူလေ"
"ဘာအတွက်လဲ"
"ခင်များလိုအပ်တာတွေဝယ်ဖို့လေ.... ယူထားလိုက်ပါ ရော့"
"အဲ့ဟာက မင်းအတွက်အသုံးဝင်ပေမဲ့ ငါ့အတွက်ကပ်ထူစက္ကူတစ်ခုအပြင်မပိုဘူး။ငါ့ကျင်လည်တဲ့ပတ်ဝန်းကျင်က ငွေသားစက္ကူကသာအသုံးဝင်တာမို့ အဲ့ card ကိုမင်းပဲသိမ်းထားပြီး ငါ့ကိုလစာရဲ့တဝက်ပဲပေးပါ"
"ဘာလို့တဝက်လဲ။ဘာလို့တလစာအပြည့်မဟုတ်တာလဲ"
"တဝက်ကငါလိုတာသုံးဖို့ ကျန်တဝက်ကဦးရဲ့ကျေးဇူးတွေက ငါတို့မိသားစုအပေါ်အရမ်းများတယ်။အဲ့ကျေးဇူးတွေကြောင့်"
"အဟက်...ခင်များကပွင့်လင်းသားပဲ ပတ်ဂျီမင်ရှီးးး"
ဒါပေမဲ့လည်း ဂျီမင်းအတွက်လစာပေးတဲ့အပြင် အိမ်အကူအဒေါ်ကြီးတစ်ယောက်နှင့်ကလေးသာသာကောင်းမလေးတစ်ယောက်ငှားပေးထားသည်။ထို့ကြောင့် နောက်ပိုင်း ဂျီမင်အရမ်းမပင်ပန်းတော့။
တကယ်ဆိုဘာမှလုပ်စရာမလို့ပါ။ဂျောင်ဂုက ထိုနှစ်ယောက်ကိုသာ အရာအားလုံးခိုင်းတော့သည်။ဂျီမင်ကလဲ ပိုက်ဆံအလကားမယူချင်ဟုဆိုကာ အိမ်အလုပ်ဝိုင်းကူလုပ်ပေးသည်။မလုပ်ပါရန်ဘယ်လိုမှပြောမရ။
--------------------------
အခုနောက်ပိုင်း ဂျောင်ဂုအိမ်ကပ်လာသည်။မနက်ကိုးနာရီထိုးမှသာကုမ္ပဏီသို့သွားကာ ညနေ့လေးနာရီထိုးပြီးတာနဲ့အိမ်ပြန်ရောက်သည်။အိမ်ပြန်ရောက်တိုင်းလဲ မျက်လုံးများကဂျီမင်ကိုရှာနေတက်သည်။
နောက်ပိုင်း ဂျောင်ဂုသိလိုက်ရသည်က ဂျီမင်သည် ဟိုဘက်ကပ်လျက်ခြံကအမွှာညီအကိုနှစ်ယောက်နှင့်အရမ်းခင်သည်ဆိုတာပင်။
"အဒေါ်ကြီး ဂျီမင်ကိုမတွေ့ဘူးနော် ဘယ်သွားလဲ"
"ဟိုဘက်ခြံကို သွားလည်တယ်ထင်ပါရဲ့ကွယ် အဒေါ်ကြီးတို့က မိန်းမသားတွေဆိုတော့ သူလဲ ယောကျာ်းလေးအပေါင်းအသင်းလိုချင်မှာပေါ့ကွယ်"
ဂျောင်ဂုအဲ့လိုမျိုးတွေတကယ်မကြိုက်ပါ သူဘာလဲသိနေတော့ အရွယ်ရောက်ပြီးသားမည်သူနဲ့မဆိုစိတ်မချပါ။အဲ့ဒါကြောင့်လဲ အသက်ကြီးတဲ့သူနဲ့ ကလေးသာသာအရွယ်ကိုသာသေချာရှာထားရတာ။
ဂျောင်ဂုသူ့ခံစားချက်တွေကို သူရိတ်မိသည်။ဒါကြောင့်အရင်ကလစ်လျူရူခဲ့သည်။မရပါ။လွမ်းရတာပဲအဖတ်တင်သည်။ဒါကြောင့်လဲစိတ်ခံစားချက်နောက်ကိုသာလိုက်တော့မည်။
"ငါတို့ဂျီမင်လေးကချစ်ဖို့ကောင်းလိုက်တာ"
"ဟုတ်ပါ့ ငါတို့မင်နီလေးကဘယ်လိုနေနေချစ်ဖို့ကောင်းနေတာပဲ"
ဟိုဘက်ခြံက အမွှာနှစ်ယောက်ရဲ့အသံတွေက ဂျောင်ဂုအတွက်တော့ နားခါးစရာ။ကိုယ်တောင်ချစ်တယ်မပြောရသေး သူတို့ကချစ်တဲ့အကြောင်းကို ထမင်းစားရေသောက်သလိုအလွယ်တကူပြောနေကြသည်လေ။
"ဟား..ဟား....ဟျောင်းတို့ကတော့နောက်ပြီ"
ကိုယ်နဲ့ကျမာနခဲ၊သူများနဲ့ကျ မျက်နှာကပုရွက်ဆိတ်တောင်တက်တော့မယ်။ဂျီမင်ကိုလဲစိတ်တိုမိသည်။
"ကိုကို ဒီမှာဘာလုပ်နေတာလဲ ကလေးပြန်ရောက်နေတာတောင်သတိမထားမိဘူး"
ဒီတော့မှဂျောင်ဂုသတိရတော့သည်။သူဂျန်ဆီနဲ့ကိစ္စမဖြတ်ရသေးဘူးပဲ။ဂျီမင်ကိုချစ်နေမှတော့ဂျန်ဆီကိုအဆက်ဖြတ်ရမည်။ဒါပေမဲ့ ဂျန်ဆီကဖြတ်ဖို့တော့မလွယ် အဲ့လိုဆိုတော့မှလဲ အားနည်းချက်ကိုရအောင်ရှာပြီး မငြင်းနိုင်အောင်အကျပ်ကိုင်ပြီး ဖြတ်ရမည်။
"အင်း...ဂျန်ဆီ အရင်ဝင်နှင့်နော် ကိုကိုပြီးရင်လိုက်ခဲ့မယ်"
ဂျန်ဆီအောင့်သက်သက်နှင့် အိမ်ထဲဝင်သွားရသည်။အဘယ်ကြောင့်ဆို ဂျောင်ဂုက သူ့ကို ကလေးလို့မခေါ်ဘဲ နာမည်ကိုသာခေါ်လိုက်ခြင်းကြောင့်။
"ဘာများလုပ်နေကြတာပါလိမ့်လို့ babyကမောင်တစ်ယောက်လုံးရှိနေတာကို သူများသွားပြီးကပ်ချွဲနေတာပဲ လာတော့baby"
ဂျီမင် နှစ်မီနစ်လောက်ဆွံ့အမိသွားသည်။
#ဘာလား။ဒီကောင်ဘယ်သူ့ကိုပြောနေတာလဲ။သူ့ရည်းစားနဲ့ကလဲ ကိုကိုနဲ့ကလေးလို့ခေါ်ပြောကြတာပါ။babyနဲ့မောင်ကဘယ်သူ့ကိုပြောနေတာလဲ
ဂျီမင်အတွေးများနဲ့အတူ ယောင်ယမ်းကာ ဘေးတဘက်တချက်ဆီကို ကြည့်မိလိုက်သည်။တခြားတစ်ယောက်ကိုများ ပြောနေလားပေါ့။
"baby လာလေ ဘာကြောင်နေတာလဲ"
ပြောကာ ဂျီမင်လက်ကို ညင်သာစွာဆွဲယူရင်း ခေါ်ချသွားသော ဂျောင်ဂုပါလေ။
ဂျောင်ဂုအဲ့ဘက်ခြံကအမွှာနှစ်ယောက်နဲ့ တကယ်စိတ်မချပါ။ဘာလို့ဆို အကြီးတစ်ယောက်ရဲ့အပြုံးတွေက တကယ်နွေးထွေးသည်။ကြင်နာတက်တဲ့ပုံစံမျိုးရှိပြီး လူတိုင်းနှင့် လိုက်လျောညီထွေ နေတက်သည်။
အငယ်တစ်ယောက်က လူကြီးလူကောင်းဆန်တဲ့ရုပ်ရည် ထပ်မြတ်ပြီးအရာရာကို ဦးဆောင်နိုင်သည့် ပညာရှိပုံစံမျိုး။
သူတို့နာမည်က
ဟိုဆော့နဲ့နမ်ဂျွန်း
ဒေါက်..ဒေါက်...
"ဘယ်သူလဲ"
"အင်း ဝင်ခဲ့လေ"
"....."
"ရော့ ယူလေ"
"ဘာမတွက်လဲ"
--------------------------
"baby လာလေ ဘာကြောင်နေတလဲ"
သူတို့နာမည်က
ဟိုဆော့နဲ့နမ်ဂျွန်း