Uni
"မြန်မြန်လာလို့"
ရေပတ်ခံထွက်ရန် ပြင်ဆင်နေသော ကိုကိုက မပြီးတော့တာမို့ လပြည့်ဝန်း အမြန်ပြောနေရသည်။
နှစ်ယောက်သား အဖြူရောင် shirt အင်္ကျီကိုမှ ဘောင်းဘီအနက်နဲ့ တွဲဝတ်ထားသည်မှာ နှစ်ယောက်လုံး လိုက်ဖက်နေလေသည်။
ရေစိုမှာ ဖြစ်တာကြောင့် ဇေရဲမာန် လဲ ဆံပင်ကို လှန်မတင်ထားပေ။ လပြည့်ဝန်း မျက်လုံး ထဲမှာတော့ လူငယ်ဆန်သွားသော ဇေရဲမာန် ကြောင့် သိပ်မကြိုက်....
"ပြီးပါပြီကွာ"
"အဲ့ဆံပင်က ဘာလုပ်ထားတာလဲ"
"ချထားတာလေ"
"မရဘူး...ခုပြန်လှန်တင်"
"ဘာလို့လဲ ကလေးရ...ရေစိုမှာပဲလေ။ ပြီးတော့ ဦးထုပ်လဲ ဆောင်းမှာဆိုတော့"
ဇေရဲမာန် ပြောတာလဲ မှန်နေတာမို့ နောက်ဆုံးတော့ လပြည့်ဝန်း လဲ ခွင့်လွှတ်လိုက်လေသည်။
"သွားရအောင် ကြယ်စင် နဲ့ Jelly တို့ကိုလဲ ဝင်ခေါ်ရဦးမှာလေ"
"ဟုတ်ပါပြီကွာ....လာခဲ့ဦး" ဆိုကာ ခေါက်တင်ထားသောလက်ကို ပြန်ချပေးနေလေသည်။
"နေတွေပူမှာ လုံအောင်နေဦး တော်ကြာဖျားမယ်"
"ကိုကိုကလဲ သင်္ကြန်လည်လို့ ဖျားတဲ့သူမရှိပါဘူး"
"အဲ့တာတွေကိုယ်မသိဘူး။ ကိုယ်သိတာ ဟောဒီက ကိုယ်ကိုယ့်နှစ်လုံးသားလေး ဘာမှမဖြစ်ဖို့ပဲ"
"ခြွေနေပြန်ပြီမွ"
နှုတ်ခမ်းကိုအနမ်းပေးကာ ကားပေါ်ပြေးတတ်သွားလေရဲ့ ဇေရဲမာန်လဲ လပြည့်ဝန်း ချမ်းရင်ခြုံဖို့ သပါတ်အကြီးကော လိုအပ်တာတွေပါ ကားထဲထည့်လိုက်ကာ သူလဲ လပြည့်ဝန်း အနောက်တွင်ဝင်နေရာယူလိုက်သည်။
ကားကိုလဲ Driver ငှားကာမောင်းထားတာကြောင့် ဇေရဲမာန် က လပြည့်ဝန်း ကို အပြည့်စောင့်ရှောက်လို့ရသည်ပင်။
ကြယ်စင် နဲ့ ဥက္ကာ တို့ လင်လင်တွေကိုပါ တစ်ပါတည်းဝင်ခေါ်လာခဲ့ပြီး မဏ္ဍပ် တစ်ခုပြီး တစ်ခုသို့......
နေ့လည်ရောက်လာတာနဲ့အမျှ နေပူကလဲ တဖြည်းဖြည်းပြင်းလာလေသည်။ ဒါကြောင့် ဇေရဲမာန် တို့လဲ တစ်နေရာတွင်နားဖို့ရွေး ပင်မဲ့ အမွှေစိန် ၃ယောက်က အထမ်းသည်တွေရှိတဲ့နေရာသာရွေးနားကြလေသည်။
ဇေရဲမာန် မှာတော့ တစ်ပွဲပြီးတစ်ပွဲစားနေသူကြောင့် ကြည့်နေရသေးသည်။ မဟုတ်ရင် သူလေးက လစ်ရင်လစ်သလို လုပ်မှာ....
စားသောက်ပြီးမှ Hotel တစ်ခုသို့ဝင်ကာ အဝတ်အစားလဲ ခဏနားပြီးမှ ခရီးဆက်ဖို့လုပ်ကြသည်။
ညနေခင်းရောက်တော့ ပို၍ပင်တတ်ကြွနေပင်မဲ့ ကားမောင်းတဲ့အရှိန်ကြောင့်တစ်ချက်ချက် တုန်သွားတတ်သော လပြည့်ဝန်း ကို ဇေရဲမာန် မှာ ပါလာတဲ့ သပါတ်နဲ့ ခြုံထားပြီး ရင်ခွင်ထဲထည့်ကာ ထွေးပွေ့ထားမိသည်။
လူတစ်ချို့၏အကြည့်ကို ရင်ဆိုင်ရပင်မဲ့ နှစ်ယောက်လုံး အလေးမထား....
ရင်ခွင်ထဲခိုဝင်ကာ အနွေးဓာတ်ကို အပြည့်အဝယူနေလေသည်။
"ပြန်ရင်လေ ဝက်သားဒုတ်ထိုးစားမယ်နော်။"
"မရဘူး အစားတွေစုံနေပြီ"
နေ့ခင်းကစားထားတာတွေရယ်ကြောင့် ခွင့်မပြုချင်ပေ။
"ကိုကိုကလဲ တစ်ခါတစ်လေ ကို"
"ကလေး ဗိုက်မကောင်းပဲနေမယ်..."
ခုတော့ လပြည့်ဝန်း နှုတ်ခမ်းဆူသွားကာ တစ်ဖက်သို့လှည့်သွားလေပြီ....တစ်လျှောက်လုံးလဲ စကားမပြောတော့ကာ ငြိမ်ကျသွားတာမို့ နောက်ဆုံး ဇေရဲမာန် ပဲ လက်လျော့ရတော့သည်။
"ကဲ...အများကြီးတော့မရဘူး"
"တကယ်လား...အင်း...နည်းနည်းပဲ"
နည်းနည်းပဲစားမယ်ဆိုတဲ့အကြောင်း လက်ကလေးနဲ့ကပြသေး...
သန့်ရှင်းမည့်ဆိုင်ကိုရွေးကာ လပြည့်ဝန်း တို့ ချီတတ်လိုက်သည်။ ခုံပေါ်တွင် ထိုင်လိုက်ပြီး အရှေ့ကဒုတ်ထိုးတစ်ချောင်းကိုယူကာ ပါးစပ်ထဲ ထည့်မည်ကြံတုန်း...
"အော့...." ဆိုပြီး ထဖြစ်ပါလေရော....
လပြည့်ဝန်း လဲ ဒုတ်ကိုပြစ်ချကာ အမြန်ထသွားလိုက်ရသည်။ မဟုတ်ရင် သူ့ကြောင့် အခြားစားနေသူတွေ စိတ်ဒုက္ခမဖြစ်စေချင်။
"ဘာဖြစ်တာလဲ...ကိုကို့ကိုကြည့်စမ်း"
မျက်ရည်ဥလေးတွေပါ တွဲခိုနေသောမျက်ဝန်းကြောင့် စိုးရိမ်သွားလေသည်။
"ညှီတယ်ကိုကို...သားမစားနိုင်တော့ဘူး။ ပျို့တတ်လာတယ်"
"ဟုတ်ပြီ...ကိုယ်အခုပဲ ဆေးရုံလိုက်ပို့ပေးမယ်နော်"
ဆိုကာ ကားထဲအမြန်ဝင်ပြီး ဆေးရုံဆီသို့ ကျန်တဲ့သူတွေလဲ စိတ်ပူကာ အမြန်ပြေးတတ်လာကြသည်။
.
.
.
"ဝမ်းသာစရာပဲ ခုဆို ညီ့ဆီမှာ ကိုယ်ဝန်၃ပတ်ရှိနေပြီ"
ဆရာဝန်စကားကြောင့် နှစ်ယောက်သား ဆွံ့အသွားကာ
"တကယ်လား ဆရာ"
"တကယ်ပါဗျာ....ပြီးရင် သက်ဆိုင်ရာဆရာဝန်နဲ့ ချိတ်ပေးမယ်။ ထက်စစ်ကြည့်ပေါ့"
ဇေရဲမာန် လဲ ပျော်သွားကာ လပြည့်ဝန်း ကို ဖက်ပြီး
"ကျေးဇူးပါ ကလေးရာ...ကိုယ့်အတွက် ကလေးက လမင်းကြီးဆို ဗိုက်ထဲက ကလေးက ကြယ်တာရာလေးပါ"
လပြည့်ဝန်း လဲ ပျော်ပြီး မျက်ရည်တွေပါ ကျနေလေရဲ့
"ခုဆို ကိုကို စောင့်ရှောက်ဖို့အတွက် နောက်တစ်ယောက် ထက်တိုးပြီနော်...ကိုကိုက သားတို့ရှေ့မှာ ဒိုင်းကာကြီးလိုရှိပေးနော်..."
"စိတ်ချပါကွာ"
နှစ်ဦးသားရဲ့ပျော်ရွှင်မှုက ဆရာဝန် ဆီကိုပါ ကူးစက်သွားလေသည်။ ဆရာဝန်ကလဲ ဘန်ကောက်ထိသွားတုန်းက အစစအရာရာ လိုက်ကူညီထားဖူးသူမို့ အကုန်သိနေသည်။
အပြင်ထွက်လာတော့ ကျန်ခဲ့တဲ့သူတွေကလဲ စိုးရိမ်တကြီးမေးကြည်။
သိလဲသိသွားရော ကြယ်စင်မက ထိပ်ဆုံးက ယောက္ခကြီးလို့ခေါ်လို့ လပြည့်ဝန်း ရဲ့ လက်စာပင်မိသွားသေး....
ဘဝထဲသို့ ဝင်လာတော့မည့် သူလေးတွေကြောင့် နှစ်ဦးသား ပျော်မဆုံးဖြစ်နေကြလေသည်။
နောက်ဆို ဇေရဲမာန် တို့အိမ်က ဆဲလ်လဲသံလေးတွေဖြင့် သာယာနေပေတော့မည်။
________________
ဆန်ပြုတ်တိုက်လဲ ခွန့်သာတိုက်နေသူကြောင့် ထူးစစ်သော် အနေခတ်နေတာတော့အမှန်ပင်။
ချစ်သော်လဲ ခုလို ချက်ချင်ကြီးရင်းနှီးဖို့ကျတော့ မရဲပေ။
"တော်ပြီ"
"ကုန်အောင်သောက်လိုက်ပါကွာနော်..."
"ဒါဆို ဆန်ပြုတ်တော့မသောက်ချင်ဘူး။"
"ဘာစားချင်လဲပြော"
"Pizza"
"ကိုယ် ဆရာဝန် ကိုမေးလိုက်ဦးမယ်။ ရရင်ကျွေးမယ်"
ထူးစစ်သော် လဲ ခုမှ ပြုံးသွားလေသည်။
ဆရာဝန်ကလဲ လက်ခံသောကြောင့် Pizza မှာကာ စားရတော့သည်။
"ဆရာ...."
တပည့်ဖြစ်သူရောက်လာသောကြောင့် ထူးစစ်သော် လဲ ပြုံးကာ
"ရောက်လာပြီလား။ ဘာထူးသေးလဲ။ Death သတင်းကော ရပြီလား။ ပုန်းနေတဲ့နေရာကောတွေ့ပြီလား။ သူက Roshan ဆိုတဲ့သူနဲ့သေချာပေါက် အဆက်အသွယ်ရှိမှာပဲ"
"ဖြည်းဖြည်းပေါ့ဆရာရယ်။ ကျွန်တော်ဖြင့် ထိုင်တောင်မထိုင်ရသေးဘူး။ ထိုင်ခွင့်တော့ပေးပါ။"
ဒီတော့မှ ထူးစစ်သော် လဲ ပြုံးစိစိဖြစ်သွားလေသည်။ လွန်းထက်သာ ကတော့ မနိုင်ဘူးဆိုတဲ့အကြည့်ဖြင့်..
ထက်ပိုင် လဲ ထိုင်လိုက်ကာ
"မတွေ့သေးဘူး။ သူတော်တော်အပုန်းကောင်းတယ်။ နောက်ပြီး Roshan ဆိုတဲ့သူက အေးဆေးပဲ ဆေးရုံသွားတယ် အိမ်ပြန်တယ် အားလပ်ချိန် သူ့အိမ်မှာ ဒါမဟုတ် Coffee ဆိုင်မှာ စာဖတ်တယ်။ လုံးဝကိုအေးဆေးပဲ။ သူငယ်ချင်း တစ်ယောက်လုံး ဝရမ်းပါတာတောင် သူသိပ်မတုန်လှုပ်သလိုပဲ"
"ဘယ်တုန်လှုပ်မလဲ သူကအားလုံးသိထားတာကို...သူ့ကိုမလွတ်စေနဲ့။ ဒီက တာဝန်ရှိရဲတွေကို ငါတစ်ရက်တွေ့ချင်သေးတယ်။ ငါလဲ ဆေးရုံဆင်းရတော့မှာပါ။ ပြီးတော့ ဟိုအလောင်းကကော"
"စစ်ဆေးချက်ယူနေတုန်း မသိရသေးဘူး။ နောက်ပြီး အဲ့အလောင်းက ဒီနိုင်ငံသားမဟုတ်ဘူး။ ဒါကြောင့် သူ့နောက်ကြောင်းရှာမတွေ့ဘူး။ လူပျောက်တိုင်တာတောင်မရှိဘူး။"
"ထက်သိရရင် ငါ့ကိုပြောဦး"
"စိတ်ချပါ ဆရာရယ်။ ခုတော့ နားနားနေနေ နေပါဦး..."
"ငါသက်သာနေပါပြီ...ဒီလောက်ကတော့ အေးဆေးပါ။"
ဆရာ တပည့်နှစ်ယောက်ကို ကြည့်ရင်း လွန်းထက်သာ ကတော့ ပြုံးရုံသာပြုံးနေလေသည်။
အလုပ်နဲ့ပက်သက်ရင် လူကြီးလေးလိုဖြစ်သွားတာက လွန်းထက်သာ အသည်းတယားယား ဘာပဲဖြစ်ဖြစ် ဒီကောင်လေး ထက်ထိခိုက်မဲ့အရာမှန်သမျှ သူကာကွယ်မယ်....
"နောက်မှပြောကြတော့ Pizza စားကြ မအေးခင်..."
"ဟုတ်သား မေ့တောင်သွားတယ်။"
လွန်းထက်သာ က သဘောကျကာ ခေါင်းလေးကိုဖွပြီး
"ဆေးရုံဆင်းရင် အလုပ်အရမ်းလုပ်လို့ကတော့ တွေ့ဦးမယ်"
ဒါက ချစ်လို့ ထိခိုက်မှာ စိုးရိမ်လို့ပါ...ဒါကိုနားလည်မယ်လို့ ကိုယ်ယုံကြည်တယ်။
_____________
11.08.22
Khine Lay
ကြားထဲမှာ သင်တန်းစာမေးပွဲကြောင့် ကြာသွားတာပါ.....
Zaw
"ျမန္ျမန္လာလို႔"
ေရပတ္ခံထြက္ရန္ ျပင္ဆင္ေနေသာ ကိုကိုက မၿပီးေတာ့တာမို႔ လျပည့္ဝန္း အျမန္ေျပာေနရသည္။
ႏွစ္ေယာက္သား အျဖဴေရာင္ shirt အကၤ်ီကိုမွ ေဘာင္းဘီအနက္နဲ႕ တြဲဝတ္ထားသည္မွာ ႏွစ္ေယာက္လုံး လိုက္ဖက္ေနေလသည္။
ေရစိုမွာ ျဖစ္တာေၾကာင့္ ေဇရဲမာန္ လဲ ဆံပင္ကို လွန္မတင္ထားေပ။ လျပည့္ဝန္း မ်က္လုံး ထဲမွာေတာ့ လူငယ္ဆန္သြားေသာ ေဇရဲမာန္ ေၾကာင့္ သိပ္မႀကိဳက္....
"ၿပီးပါၿပီကြာ"
"အဲ့ဆံပင္က ဘာလုပ္ထားတာလဲ"
"ခ်ထားတာေလ"
"မရဘူး...ခုျပန္လွန္တင္"
"ဘာလို႔လဲ ကေလးရ...ေရစိုမွာပဲေလ။ ၿပီးေတာ့ ဦးထုပ္လဲ ေဆာင္းမွာဆိုေတာ့"
ေဇရဲမာန္ ေျပာတာလဲ မွန္ေနတာမို႔ ေနာက္ဆုံးေတာ့ လျပည့္ဝန္း လဲ ခြင့္လႊတ္လိုက္ေလသည္။
"သြားရေအာင္ ၾကယ္စင္ နဲ႕ Jelly တို႔ကိုလဲ ဝင္ေခၚရဦးမွာေလ"
"ဟုတ္ပါၿပီကြာ....လာခဲ့ဦး" ဆိုကာ ေခါက္တင္ထားေသာလက္ကို ျပန္ခ်ေပးေနေလသည္။
"ေနေတြပူမွာ လုံေအာင္ေနဦး ေတာ္ၾကာဖ်ားမယ္"
"ကိုကိုကလဲ သၾကၤန္လည္လို႔ ဖ်ားတဲ့သူမရွိပါဘူး"
"အဲ့တာေတြကိုယ္မသိဘူး။ ကိုယ္သိတာ ေဟာဒီက ကိုယ္ကိုယ့္ႏွစ္လုံးသားေလး ဘာမွမျဖစ္ဖို႔ပဲ"
"ေႁခြေနျပန္ၿပီမြ"
ႏႈတ္ခမ္းကိုအနမ္းေပးကာ ကားေပၚေျပးတတ္သြားေလရဲ႕ ေဇရဲမာန္လဲ လျပည့္ဝန္း ခ်မ္းရင္ၿခဳံဖို႔ သပါတ္အႀကီးေကာ လိုအပ္တာေတြပါ ကားထဲထည့္လိုက္ကာ သူလဲ လျပည့္ဝန္း အေနာက္တြင္ဝင္ေနရာယူလိုက္သည္။
ကားကိုလဲ Driver ငွားကာေမာင္းထားတာေၾကာင့္ ေဇရဲမာန္ က လျပည့္ဝန္း ကို အျပည့္ေစာင့္ေရွာက္လို႔ရသည္ပင္။
ၾကယ္စင္ နဲ႕ ဥကၠာ တို႔ လင္လင္ေတြကိုပါ တစ္ပါတည္းဝင္ေခၚလာခဲ့ၿပီး မ႑ပ္ တစ္ခုၿပီး တစ္ခုသို႔......
ေန႕လည္ေရာက္လာတာနဲ႕အမွ် ေနပူကလဲ တျဖည္းျဖည္းျပင္းလာေလသည္။ ဒါေၾကာင့္ ေဇရဲမာန္ တို႔လဲ တစ္ေနရာတြင္နားဖို႔ေ႐ြး ပင္မဲ့ အေမႊစိန္ ၃ေယာက္က အထမ္းသည္ေတြရွိတဲ့ေနရာသာေ႐ြးနားၾကေလသည္။
ေဇရဲမာန္ မွာေတာ့ တစ္ပြဲၿပီးတစ္ပြဲစားေနသူေၾကာင့္ ၾကည့္ေနရေသးသည္။ မဟုတ္ရင္ သူေလးက လစ္ရင္လစ္သလို လုပ္မွာ....
စားေသာက္ၿပီးမွ Hotel တစ္ခုသို႔ဝင္ကာ အဝတ္အစားလဲ ခဏနားၿပီးမွ ခရီးဆက္ဖို႔လုပ္ၾကသည္။
ညေနခင္းေရာက္ေတာ့ ပို၍ပင္တတ္ႂကြေနပင္မဲ့ ကားေမာင္းတဲ့အရွိန္ေၾကာင့္တစ္ခ်က္ခ်က္ တုန္သြားတတ္ေသာ လျပည့္ဝန္း ကို ေဇရဲမာန္ မွာ ပါလာတဲ့ သပါတ္နဲ႕ ၿခဳံထားၿပီး ရင္ခြင္ထဲထည့္ကာ ေထြးေပြ႕ထားမိသည္။
လူတစ္ခ်ိဳ႕၏အၾကည့္ကို ရင္ဆိုင္ရပင္မဲ့ ႏွစ္ေယာက္လုံး အေလးမထား....
ရင္ခြင္ထဲခိုဝင္ကာ အႏြေးဓာတ္ကို အျပည့္အဝယူေနေလသည္။
"ျပန္ရင္ေလ ဝက္သားဒုတ္ထိုးစားမယ္ေနာ္။"
"မရဘူး အစားေတြစုံေနၿပီ"
ေန႕ခင္းကစားထားတာေတြရယ္ေၾကာင့္ ခြင့္မျပဳခ်င္ေပ။
"ကိုကိုကလဲ တစ္ခါတစ္ေလ ကို"
"ကေလး ဗိုက္မေကာင္းပဲေနမယ္..."
ခုေတာ့ လျပည့္ဝန္း ႏႈတ္ခမ္းဆူသြားကာ တစ္ဖက္သို႔လွည့္သြားေလၿပီ....တစ္ေလွ်ာက္လုံးလဲ စကားမေျပာေတာ့ကာ ၿငိမ္က်သြားတာမို႔ ေနာက္ဆုံး ေဇရဲမာန္ ပဲ လက္ေလ်ာ့ရေတာ့သည္။
"ကဲ...အမ်ားႀကီးေတာ့မရဘူး"
"တကယ္လား...အင္း...နည္းနည္းပဲ"
နည္းနည္းပဲစားမယ္ဆိုတဲ့အေၾကာင္း လက္ကေလးနဲ႕ကျပေသး...
သန့္ရွင္းမည့္ဆိုင္ကိုေ႐ြးကာ လျပည့္ဝန္း တို႔ ခ်ီတတ္လိုက္သည္။ ခုံေပၚတြင္ ထိုင္လိုက္ၿပီး အေရွ႕ကဒုတ္ထိုးတစ္ေခ်ာင္းကိုယူကာ ပါးစပ္ထဲ ထည့္မည္ႀကံတုန္း...
"ေအာ့...." ဆိုၿပီး ထျဖစ္ပါေလေရာ....
လျပည့္ဝန္း လဲ ဒုတ္ကိုျပစ္ခ်ကာ အျမန္ထသြားလိုက္ရသည္။ မဟုတ္ရင္ သူ႕ေၾကာင့္ အျခားစားေနသူေတြ စိတ္ဒုကၡမျဖစ္ေစခ်င္။
"ဘာျဖစ္တာလဲ...ကိုကို႔ကိုၾကည့္စမ္း"
မ်က္ရည္ဥေလးေတြပါ တြဲခိုေနေသာမ်က္ဝန္းေၾကာင့္ စိုးရိမ္သြားေလသည္။
"ညွီတယ္ကိုကို...သားမစားနိုင္ေတာ့ဘူး။ ပ်ိဳ႕တတ္လာတယ္"
"ဟုတ္ၿပီ...ကိုယ္အခုပဲ ေဆး႐ုံလိုက္ပို႔ေပးမယ္ေနာ္"
ဆိုကာ ကားထဲအျမန္ဝင္ၿပီး ေဆး႐ုံဆီသို႔ က်န္တဲ့သူေတြလဲ စိတ္ပူကာ အျမန္ေျပးတတ္လာၾကသည္။
.
.
.
"ဝမ္းသာစရာပဲ ခုဆို ညီ့ဆီမွာ ကိုယ္ဝန္၃ပတ္ရွိေနၿပီ"
ဆရာဝန္စကားေၾကာင့္ ႏွစ္ေယာက္သား ဆြံ႕အသြားကာ
"တကယ္လား ဆရာ"
"တကယ္ပါဗ်ာ....ၿပီးရင္ သက္ဆိုင္ရာဆရာဝန္နဲ႕ ခ်ိတ္ေပးမယ္။ ထက္စစ္ၾကည့္ေပါ့"
ေဇရဲမာန္ လဲ ေပ်ာ္သြားကာ လျပည့္ဝန္း ကို ဖက္ၿပီး
"ေက်းဇူးပါ ကေလးရာ...ကိုယ့္အတြက္ ကေလးက လမင္းႀကီးဆို ဗိုက္ထဲက ကေလးက ၾကယ္တာရာေလးပါ"
လျပည့္ဝန္း လဲ ေပ်ာ္ၿပီး မ်က္ရည္ေတြပါ က်ေနေလရဲ႕
"ခုဆို ကိုကို ေစာင့္ေရွာက္ဖို႔အတြက္ ေနာက္တစ္ေယာက္ ထက္တိုးၿပီေနာ္...ကိုကိုက သားတို႔ေရွ႕မွာ ဒိုင္းကာႀကီးလိုရွိေပးေနာ္..."
"စိတ္ခ်ပါကြာ"
ႏွစ္ဦးသားရဲ႕ေပ်ာ္႐ႊင္မႈက ဆရာဝန္ ဆီကိုပါ ကူးစက္သြားေလသည္။ ဆရာဝန္ကလဲ ဘန္ေကာက္ထိသြားတုန္းက အစစအရာရာ လိုက္ကူညီထားဖူးသူမို႔ အကုန္သိေနသည္။
အျပင္ထြက္လာေတာ့ က်န္ခဲ့တဲ့သူေတြကလဲ စိုးရိမ္တႀကီးေမးၾကည္။
သိလဲသိသြားေရာ ၾကယ္စင္မက ထိပ္ဆုံးက ေယာကၡႀကီးလို႔ေခၚလို႔ လျပည့္ဝန္း ရဲ႕ လက္စာပင္မိသြားေသး....
ဘဝထဲသို႔ ဝင္လာေတာ့မည့္ သူေလးေတြေၾကာင့္ ႏွစ္ဦးသား ေပ်ာ္မဆုံးျဖစ္ေနၾကေလသည္။
ေနာက္ဆို ေဇရဲမာန္ တို႔အိမ္က ဆဲလ္လဲသံေလးေတြျဖင့္ သာယာေနေပေတာ့မည္။
________________
ဆန္ျပဳတ္တိုက္လဲ ခြန့္သာတိုက္ေနသူေၾကာင့္ ထူးစစ္ေသာ္ အေနခတ္ေနတာေတာ့အမွန္ပင္။
ခ်စ္ေသာ္လဲ ခုလို ခ်က္ခ်င္ႀကီးရင္းႏွီးဖို႔က်ေတာ့ မရဲေပ။
"ေတာ္ၿပီ"
"ကုန္ေအာင္ေသာက္လိုက္ပါကြာေနာ္..."
"ဒါဆို ဆန္ျပဳတ္ေတာ့မေသာက္ခ်င္ဘူး။"
"ဘာစားခ်င္လဲေျပာ"
"Pizza"
"ကိုယ္ ဆရာဝန္ ကိုေမးလိုက္ဦးမယ္။ ရရင္ေကြၽးမယ္"
ထူးစစ္ေသာ္ လဲ ခုမွ ၿပဳံးသြားေလသည္။
ဆရာဝန္ကလဲ လက္ခံေသာေၾကာင့္ Pizza မွာကာ စားရေတာ့သည္။
"ဆရာ...."
တပည့္ျဖစ္သူေရာက္လာေသာေၾကာင့္ ထူးစစ္ေသာ္ လဲ ၿပဳံးကာ
"ေရာက္လာၿပီလား။ ဘာထူးေသးလဲ။ Death သတင္းေကာ ရၿပီလား။ ပုန္းေနတဲ့ေနရာေကာေတြ႕ၿပီလား။ သူက Roshan ဆိုတဲ့သူနဲ႕ေသခ်ာေပါက္ အဆက္အသြယ္ရွိမွာပဲ"
"ျဖည္းျဖည္းေပါ့ဆရာရယ္။ ကြၽန္ေတာ္ျဖင့္ ထိုင္ေတာင္မထိုင္ရေသးဘူး။ ထိုင္ခြင့္ေတာ့ေပးပါ။"
ဒီေတာ့မွ ထူးစစ္ေသာ္ လဲ ၿပဳံးစိစိျဖစ္သြားေလသည္။ လြန္းထက္သာ ကေတာ့ မနိုင္ဘူးဆိုတဲ့အၾကည့္ျဖင့္..
ထက္ပိုင္ လဲ ထိုင္လိုက္ကာ
"မေတြ႕ေသးဘူး။ သူေတာ္ေတာ္အပုန္းေကာင္းတယ္။ ေနာက္ၿပီး Roshan ဆိုတဲ့သူက ေအးေဆးပဲ ေဆး႐ုံသြားတယ္ အိမ္ျပန္တယ္ အားလပ္ခ်ိန္ သူ႕အိမ္မွာ ဒါမဟုတ္ Coffee ဆိုင္မွာ စာဖတ္တယ္။ လုံးဝကိုေအးေဆးပဲ။ သူငယ္ခ်င္း တစ္ေယာက္လုံး ဝရမ္းပါတာေတာင္ သူသိပ္မတုန္လႈပ္သလိုပဲ"
"ဘယ္တုန္လႈပ္မလဲ သူကအားလုံးသိထားတာကို...သူ႕ကိုမလြတ္ေစနဲ႕။ ဒီက တာဝန္ရွိရဲေတြကို ငါတစ္ရက္ေတြ႕ခ်င္ေသးတယ္။ ငါလဲ ေဆး႐ုံဆင္းရေတာ့မွာပါ။ ၿပီးေတာ့ ဟိုအေလာင္းကေကာ"
"စစ္ေဆးခ်က္ယူေနတုန္း မသိရေသးဘူး။ ေနာက္ၿပီး အဲ့အေလာင္းက ဒီနိုင္ငံသားမဟုတ္ဘူး။ ဒါေၾကာင့္ သူ႕ေနာက္ေၾကာင္းရွာမေတြ႕ဘူး။ လူေပ်ာက္တိုင္တာေတာင္မရွိဘူး။"
"ထက္သိရရင္ ငါ့ကိုေျပာဦး"
"စိတ္ခ်ပါ ဆရာရယ္။ ခုေတာ့ နားနားေနေန ေနပါဦး..."
"ငါသက္သာေနပါၿပီ...ဒီေလာက္ကေတာ့ ေအးေဆးပါ။"
ဆရာ တပည့္ႏွစ္ေယာက္ကို ၾကည့္ရင္း လြန္းထက္သာ ကေတာ့ ၿပဳံး႐ုံသာၿပဳံးေနေလသည္။
အလုပ္နဲ႕ပက္သက္ရင္ လူႀကီးေလးလိုျဖစ္သြားတာက လြန္းထက္သာ အသည္းတယားယား ဘာပဲျဖစ္ျဖစ္ ဒီေကာင္ေလး ထက္ထိခိုက္မဲ့အရာမွန္သမွ် သူကာကြယ္မယ္....
"ေနာက္မွေျပာၾကေတာ့ Pizza စားၾက မေအးခင္..."
"ဟုတ္သား ေမ့ေတာင္သြားတယ္။"
လြန္းထက္သာ က သေဘာက်ကာ ေခါင္းေလးကိုဖြၿပီး
"ေဆး႐ုံဆင္းရင္ အလုပ္အရမ္းလုပ္လို႔ကေတာ့ ေတြ႕ဦးမယ္"
ဒါက ခ်စ္လို႔ ထိခိုက္မွာ စိုးရိမ္လို႔ပါ...ဒါကိုနားလည္မယ္လို႔ ကိုယ္ယုံၾကည္တယ္။
_____________
11.08.22
Khine Lay
ၾကားထဲမွာ သင္တန္းစာေမးပြဲေၾကာင့္ ၾကာသြားတာပါ.....