system 091
נכתב על ידי TeeKo0
1.1M 121K 5.8K
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(5.22)
6K 642 87
נכתב על ידי TeeKo0
Unicode
"အဖေ သားအလှည့်ရောက်ပြီ.....အားပေးဦးနော်...."
ရှောင်ကျန့်ကလက်မထောင်ပြသည်။လဲ့ချင်းယန်ဟာခေါင်းမော့ရင်ကော့ရင်းစင်မြင့်ပေါ်သို့ခုန်တတ်သွား၏။ထိုအချိန်လေး၌ရှောင်ကျန့်ဟာတစ်စုံတစ်ခုကိုသတိရသွားပြီးဇာတ်လိုက်ကိုတားဆီးရန်လုပ်လိုက်ပေမယ့်နောက်ကျသွားပြီဖြစ်သည်။
ငါ့သား.....တံမြက်စည်း....တံမြက်စည်းကြီးပါသွားပြီ.....
လဲ့ချင်းယန်စင်မြင့်ပေါ်တတ်လာသည်နှင့်လူတိုင်း၏အကြည့်မှာသူ့လက်ထဲကတံမြက်စည်းကြီးပေါ်သို့စိုက်စိုက်မြိုက်မြိုက်ကျရောက်သွားသည်။နဂါးနဲ့ဖီးနစ်ကျောင်းတော်ရှိကျင့်ကြံသူမိန်းကလေးတွေဟာသဘောကျစွာစနောက်အော်ပြောကြသည်။
"တံမြက်စည်းကိုကို....တိုက်ပွဲစင်မြင့်ကိုသန့်ရှင်းရေးလုပ်မလို့လား...."
လဲ့ချင်းယန်၏ပြိုင်ဘက်ကျင့်ကြံသူယောက်ျားလေးဟာလည်းပါးစပ်အဟောင်းသားဖြင့်ကြည့်နေသည်။
"အိုး....တောင်းပန်ပါတယ်....လက်ကအကျင့်ပါနေတော့ဆိုင်မှာထားခဲ့ဖို့မေ့သွားတာ....."
လဲ့ချင်းယန်ဟာရှက်ကိုးရှက်ကန်းဖြင့်သူ့လက်ထဲကတံမြက်စည်းကိုအနောက်ဘက်သို့ဖွက်လိုက်ရင်းသူ့ရဲ့ပြိုင်ဘက်ကျင့်ကြံသူအားသွားဖြဲပြလိုက်သည်။
ကျင့်ကြံသူ : "....."
ဒါဘယ်လိုသောက်ရူးလဲ.....
ဇာတ်လိုက်ရဲ့ပြိုင်ဘက်ကမဟူရာလေနက်ကျောင်းတော်၏ထိပ်တန်းကျောင်းတော်သားတစ်ယောက်ဖြစ်သည်။ထိုသူဟာအနက်ရောင်အငိုမျက်နှာဖုံးကိုဝတ်ဆင်ထားပြီးလဲ့ချင်းယန်၏ရုပ်ချောချောလေးနဲ့မှမလိုက်ပေါချာချာနိုင်ပုံကိုအထင်သေးစွာကြည့်၍နှာခါင်းတစ်ချက်ရှုံ့လိုက်သည်။
သူကမဟူရာလေနက်ကျောင်းတော်အတွင်းမှာတောင်Top10အသန်မာဆုံးစာရင်းဝင်နိုင်သည်အထိစွမ်းအားကြီးသည်။သူကအသက်၅၄၀ဖြင့်နတ်ဘုရားအဆင့်၇ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားပြီးဖြစ်သည်။ဘယ်နေရာကနေကြည့်ကြည့်သူ့လိုပါရမီရှင်တစ်ယောက်ကဒီပေါကြောင်ကြောင်ငတုံးနှင့်ယှဥ်ပြိုင်ရမည်မှာလွန်စွာသိက္ခာကျသည်ဟုခံစားရသည်။
"မင်းမြန်မြန်အရှုံးပေးလိုက်ရင်ကောင်းမယ်.....မဟုတ်ရင်ငါ့လက်လွန်သွားမှအဆိုးမဆိုနဲ့...."
မဟူရာလေနက်ကျောင်းတော်၏ပြိုင်ဘက်ကျောင်းသားဟာငေါ့တော့သည့်လေသံဖြင့်အထင်သေးစွာဖြင့်ဆိုသည်။သူ့ကြည့်ရသည်မှာဇာတ်လိုက်ကိုအလွယ်တကူနင်းခြေလို့ရနိုင်သည့်ပုရွက်ဆိတ်လေးတစ်ကောင်ဟုသတ်မှတ်ထားပုံရသည်။
လဲ့ချင်းယန်ကမျက်တောင်တစ်ဖျက်ဖျက်ခတ်လိုက်ရင်းတစ်ဖက်လူကိုအရူးတစ်ယောက်ကဲ့သို့ကြည့်လိုက်မိသည်။
"မင်း!!!"
ပြိုင်ဘက်ကျင့်ကြံသူဟာသူ့အကြည့်ကြောင့်ဒေါသထွက်သွားသည်။
"မင်းငါ့ကိုမညှာဘူးလို့တော့လာမပြောနဲ့...."
ဒေါသအကြီးအကျယ်ထွက်သွားသည့်ကျင့်ကြံသူဟာသူ့ရဲ့ကျင့်ကြံဆင့်ကိုဖော်ထုတ်လိုက်ပြီးသာမန်မျက်စိဖြင့်မမြင်နိုင်သည့်အမြန်နှုန်းဖြင့်လဲ့ချင်းယန်ဆီပြေးဝင်သွားသည်။
၎င်းကအရမ်းမြန်လွန်းတာကြောင့်စွမ်းအားမြင့်အကြီးအကဲတွေမှာလွဲ၍ကျင့်ကြံသူတော်တော်များများမှာအရိပ်တောင်မဖမ်းမိလိုက်ပေ။လူတိုင်း၏အံ့အားသင့်နေသည့်အကြည့်အောက်တွင်ပြိုင်ဘက်ကျင့်ကြံသူ၏ညာဘက်လက်တွင်နှစ်ပေလောက်ရှည်သည့်အနက်ရောင်သံချွန်ကြီးတစ်ခုပေါ်ပေါက်လာပြီးလဲ့ချင်းယန်ကိုအညှာအတာကင်းမဲ့စွာစတင်တိုက်ခိုက်လိုက်သည်။
သို့သော်......
သူ့ရဲ့တိုက်ခိုက်မှုမှာဇာတ်လိုက်အနားသို့ရောက်သည့်အခါတွင်တစ်ချိန်လုံးငြိမ်သက်နေသည့်လဲ့ချင်းယန်မှာစတင်လှုပ်ရှားလာသည်။
ဝှီးကနဲ​ေလသံနှင့်အတူပြိုင်ဘက်ကျင့်ကြံသူရဲ့ညာလက်အတွင်းရှိသံချွန်ကြီးမှာကန်ထုတ်ခြင်းခံလိုက်ရပြီးအနက်ရောင်အငိုမျက်နှာဖုံးကြီးထက်သို့ခြေထောက်တစ်ဖက်ရောက်ရှိသွားသည်။
ဝုန်း!!
ထိုခဏလေး၌မဟူရာလေနက်ကျောင်းတော်ရှိကျင့်ကြံသူကျောင်းတော်သား၏မျက်နှာထက်ကမျက်နှာဖုံးမှာတစ်စစီကွဲကြေသွားပြီးခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာပြိုင်ပွဲစင်မြင့်ထက်ကနေလွင့်ထွက်သွားသည်။
သနားစရာကျင့်ကြံသူဟာသူ့ရဲ့ဖုံးကွယ်ထားသည့်မျက်နှာဖုံးမှာကွဲကြေသွားသည့်အပြင်မျက်နှာထက်၌ဖိနပ်ရာကြီးတစ်ခုမှာထင်ထင်ရှားရှားမြင်တွေ့နေရ၏။ပြီးနောက်........ထိုသူမှာလုံးဝသတိလစ်မေ့မြောသွားသည်။
လူတိုင်း : "....."
"တောင်းပန်ပါတယ်....တောင်းပန်ပါတယ်.....ခင်ဗျားကဒီလောက်ထိပျော့ညံ့လိမ့်မယ်လို့ကျွန်တော်မထင်ထားလို့ပါ....."
လဲ့ချင်းယန်၏အူကြောင်ကြောင်စကားကိုကြားသည့်အခါတွင်ကျင့်ကြံသူအုပ်စုမှာရယ်ချင်လာပါသော်လည်းမည်းပုတ်နေသည့်လေထုတွေပတ်လည်ဝိုင်းနေသောမဟူရာလေနက်ကျောင်းတော်သားအုပ်စုကြောင့်ပုခုံးတွေတုန်နေရုံသာတတ်နိုင်ကြသည်။
ဤသို့ဖြင့်ကြီးကြီးကျယ်ကျယ်မတိုက်ခိုက်လိုက်ရပါပဲဇာတ်လိုက်လဲ့ချင်းယန်၏ယှဥ်ပြိုင်ပွဲမှာခြေကန်ချက်နှစ်ချက်၊ရယ်စရာအဖြစ်အပျက်နှင့်အဆုံးသတ်သွားခဲ့သည်။
နောက်ဆက်တွဲပွဲတွေ၌လဲ့ချင်းယန်ဟာအမြဲတမ်းပြိုင်ဘက်၏မျက်နှာတွေချည်းသာဖြတ်ကန်နေတာကြောင့်သူနဲ့မဲကျသူတိုင်းဟာတဖြည်းဖြည်းလန့်ဖြန့်လာသည်အထိပင်။သူတို့မှာသေလုအောင်ဒေါသထွက်ပေမယ့်ဒီမကောင်းဆိုးဝါးကိုကြောက်လည်းကြောက်ရသေးသည်။
နောက်ပိုင်းပွဲစဥ်တွေမှာပို၍ပို၍အကြိတ်အနယ်ဖြစ်လာသည်။ရှောင်ကျန့်ကတော့သူ့သားတိုက်ခိုက်ချိန်မှလွဲ၍ကျန်တိုက်ပွဲတွေကိုစောင့်ကြည့်ရမည်တောင်ပျင်းရိလှသည်။
ချင်းယွမ်အန်းခွံ့ကျွေးသည့်စပျစ်သီးနှင့်ဆင်တူသောစိတ်ဝိဥာဥ်သစ်သီးအားပါးစပ်ဟကာကိုက်ဝါးလိုက်ရင်းရှောင်ကျန့်၏မျက်လုံးတွေမှာပျင်းရိမှုကြောင့်မှေးဆင်းလာသည်။
ဝုန်း!!!!!!!!!!!!
ရုတ်တရက်ကမ္ဘာပြိုသွားသလိုမျိုးဝုန်းကနဲအသံထွက်ပေါ်လာတာကြောင့်ရှောင်ကျန့်မှာဇိမ်ခံမှေးနေရာကနေအလန့်တကြားထခုန်မိမတတ်တောင်ဖြစ်သွား၏။
ယှဥ်ပြိုင်နေသည့်ပြိုင်ပွဲဝင်နှစ်ဦးအပါအဝင်ပွဲစဥ်ကိုကြည့်ရှု့နေကြသည့်စွမ်းအားမြင့်အကြီးအကဲတွေ၊ထောင်သောင်းချီတဲ့ကျင့်ကြံသူအုပ်စုလိုက်ကြီးဟာလည်းအတော်လေးထိတ်လန့်သွားကြသည်။
ပြိုင်ပွဲဝင်နှစ်ဦးဟာတိုက်ခိုက်နေရာမှရပ်တန့်သွားပြီးလူတိုင်း၏အကြည့်မှာကောင်းကင်ထက်သို့ရောက်ရှိသွားကြသည်။
မူလကကြည်လင်နေသည့်ကောင်းကင်ရံကြီးမှာတိမ်မည်းတစ်ချို့အုပ်ဆိုင်းလာပြီးကြမ်းတမ်းခက်ထန်သည့်လျှပ်စီးတစ်ချို့မှာရုတ်တရတ်ဆန်စွာဝင်းလက်သွားသည်။အနက်ရောင်သဏ္ဍာန်အရာတစ်ခုမှာလူတိုင်း၏အကြည့်အောက်တွင်ကွင်းပြင်လွတ်ကြီးတစ်ခုဆီသို့ဝုန်းကနဲပြုတ်ကျသွား၏။
၎င်း၏ပြင်းထန်သည့်အရှိန်ကြောင့်အစီအရင်တစ်ချို့ဖြင့်အကာအကွယ်ပေးထားသောမြေပြင်တောင်၁၀မီတာလောက်နက်သည်အထိတွင်းချိုင့်ကြီးတစ်ခုဖြစ်တည်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေ၏။တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူတစ်ယောက်ဟာလူတိုင်းရဲ့အကြည့်အောက်မှာတင်တွင်းနက်ကြီးထဲကနေခုန်တတ်လာသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာဒဏ်ရာဒဏ်ချက်အမျိုးမျိုးဖြင့်စုတ်ပျက်နေ၏။
ကောင်းကင်ယံထက်၌ပေါက်ကွဲသံတစ်သံထပ်မံပေါ်ပေါက်လာပြီးနောက်ထပ်အနက်ရောင်ဝတ်ကျင့်ကြံသူနှစ်ဦးနှင့်ညှို့ငင်နိုင်စွမ်းပြင်းထန်သည့်အနီရောင်ဆံပင်ပိုင်ရှင်အမျိုးသားတစ်ဦးဟာတိုက်ခိုက်နေသည်။
အနီရောင်ဆံပင်နှင့်အမျိုးသားမှာတစ်ခြားသူမဟုတ်ပါပဲဟူယွဲ့ပင်ဖြစ်သည်။ယခုအချိန်လေးတွင်ဟူယွဲ့၏မျက်နှာမှာလုံးဝတည်ကြည်လေးနက်နေပြီးတစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်ကျင့်ကြံသူနှစ်ဦးနှင့်အသေအကြေတိုက်ခိုက်နေကြသည်။
အနက်ရောင်ဝတ်ကျင့်ကြံသူနှစ်ဦးမှာအံ့အားသင့်စရာကောင်းစွာပင်ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့်၉၌ရောက်ရှိနေကြသည်။ပုံမှန်အားဖြင့်ထိုသူနှစ်ယောက်ကအထွတ်အထိပ်အဆင့်မှာရပ်တည်နေတဲ့ဟူယွဲ့ကိုဖိနှိပ်ဖို့ရန်မဖြစ်နိုင်ပေမယ့်ထူးခြားဆန်းကျယ်သည့်လက်နက်တွေနဲ့အတူမြေခွေးတွေကိုဖိနှိပ်နိုင်သည့်ဆေးဝါးတစ်မျိုးအားလိမ်းထားကြသည်။
ထိုဆေးကအတော်လေးထူးဆန်းလွန်းလှပြီးဟူယွဲ့အပေါ်လွန်စွာဖိအားပေးထား၏။တိုက်ပွဲကအသေပြင်းထန်သည်။လူသုံးဦး၏တိုက်ခိုက်မှုကြောင့်လေဟာနယ်တွေအက်ကွဲပျက်စီးလာပြီးသာယာနေသည့်ရာသီဥတုတောင်မှာညှို့မှိုင်းပြောင်းလဲလာသည်။
၎င်းကကျင့်ကြံရေးလောက၏အထွတ်အထိပ်အဆင့်မှာရှိတဲ့ပုဂ္ဂိုလ်တွေကြားတိုက်ပွဲဖြစ်သည်။တိုက်ပွဲပတွင်းထွက်ပေါ်လာသည့်လှိုင်းသေးသေးလေးတစ်ခုကတောင်မြေပြင်ထက်ရှိဘုမသိဘမသိကျင့်ကြံသူလေးတွေကို'ဂိ'ကနဲလဲသေသွားစေနိုင်သည်။
သို့သော်အလွန်အမင်းထူးဆန်းစွာပင်ကောင်းကင်ထက်ရှိမည်သည့်အားလှိုင်းတစ်ခုကမှမြေပြင်ထက်သို့ရိုက်ခတ်လာခြင်းမရှိခဲ့ပါပေ။မသိရင်ခိုင်ခံ့သည့်အကာအရံကြီးတစ်ခုကတားဆီးပိတ်ပင်ထားသလိုမျိုး။
ထို့ကြောင့်မူလကရုတ်ရုတ်သဲသဲထွက်ပြေးမည်လုပ်နေသူတိုင်းဟာ၎င်းမမြင်ရသည့်အကာအရံကြီးကြောင့်အူတိအူကြောင့်မူလနေရာမှာတင်ထိုင်ကြည့်နေရုံသာတတ်နိုင်ကြသည်။
မြေပြင်ထက်သို့ပြုတ်ကျလာသည့်အနက်ရောင်ဝတ်ကျင့်ကြံသူဟာလည်းမြေပြင်ထက်ရှိကျင့်ကြံသူသန်းချီအားအာရုံမစိုက်နိုင်ပါပဲဒေါသတကြီးဖြင့်ကောင်းပင်ပေါ်ပြေးတတ်သွားလျက်သူ့အပေါင်းအဖော်နှစ်ယောက်အားကူညီပေးသည်။
ဟူယွဲ့မှာပြိုင်ဘက်နှစ်ယောက်မှာသုံးယောက်တိတိတိုးလာတာကြောင့်သူခံစားရသည့်ဖိအားမှပိုမိုပြင်းထန်လာသည်။
အချိန်တွေကြာလာသည်နှင့်အမျှဆေးကြောင့်တဖြည်းဖြည်းအားနည်းလာသောဟူယွဲ့ဟာအံတင်းတစ်ချက်ကြိတ်ကာဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချလိုက်သည်။
အသက်ကိုပြင်းပြင်းရှု.....
ပါးစပ်ကိုဟပြီး......
ဟူယွဲ့ : "အဖေရေ!!!!!!!!ကယ်ပါဦး!!!!!"
အနက်ရောင်ဝတ်ကျင့်ကြံသူသုံးဦး : "....."????
လူတိုင်း : "....."????
ရှောင်ကျန့် : "....."
ရှောင်ကျန့်၏မူလကအေးအေးဆေးဆေးဟန်ပန်လေးမှာဟူယွဲ့၏အော်သံကြောင့်ချက်ချင်းတောင့်တင်းသွားသည်။
သို့ပေမယ့်လူအများ၏အမြင်မှာအလွန်အမင်းစွမ်းအားကြီးကာကြီးမြတ်လှသည့်ကျောင်းအုပ်ကြီးမှာထပ်မံအော်ပြောလာပြန်သည်။
"မွေးစားအဖေ!!!ကျွန်တော်မခံနိုင်တော့ဘူးလို့!!!!သူတို့ကကျွန်တော့်ကိုအားနည်းစေတဲ့ဆေးတစ်မျိုးလိမ်းထားကြတယ်!!!အော်ဂလီဆန်စရာအနံ့ကြီးနဲ့!!ဝေါ့!!!!"
ဟူယွဲ့ဟာပြောရင်းဆိုရင်းနဲ့အော့အန်ချင်လာသလိုပင်။သူတကယ်သာမခံနိုင်တော့လို့မဟုတ်ရင်သူ့မွေးစားအဖေကိုအကူအညီတောင်းမည်မဟုတ်သည်မှာသေချာသည်။
ဒီဆေးနံ့ကြီးကသူ့လိုမြေခွေးတစ်ကောင်အတွက်သေသွားသည်ထက်ပင်ခံရဆိုးသေးသည်။သူကသေရမှာမကြောက်ရင်တောင်ဒီအော်ဂလီဆန်စရာအနံ့ကြီးကိုလုံးဝသည်းမခံနိုင်တော့ပေ။
ရှောင်ကျန့်ကတစ်ခြားသူတွေနည်းတူကောင်းကင်ပေါ်သို့မော့ကြည့်လျက်ချင်းယွမ်အန်းခွံ့ကျွေးသည့်စပျစ်သီးအားပါးစပ်လေးအသာဟကာစားလိုက်သည်။
"အဖေရေ!!!!ဒီမှာအဖေ့သားသေတော့မယ်ဗျ!!!!ဝူး....ဝူး....ဝေါ့!!!"
ဟူယွဲ့ကမျက်ရည်တောင်ကျချင်လာပြီဖြစ်သည်။ဒီဘယ်ချောင်ကြိုချောင်ကြားကထွက်လာမှန်းမသိသည့်လူသုံးယောက်နှင့်တိုက်ခိုက်ရသည်ထက်သူ့ဦးလေးလုံဖုချန်နှိပ်စက်တာကိုသာခံယူလိုတော့သည်။
မြေပြင်ထက်ရှိသန်းနှင့်ချီသောကျင့်ကြံသူတိုင်းဟာကလေးတစ်ယောက်ကဲ့သို့အော်ငိုနေသည့်ကျောင်းအုပ်ကြီးအားပါးစပ်အဟောင်းသားဖြင့်စိုက်ကြည့်နေမိကြသည်။
တော်တော်များများကဟူယွဲ့ကိုမသိကြပေမယ့်တစ်ချို့သိသောတစ်ယောက်စနှစ်ယောက်စကနေတစ်ဆင့်သူ့သရုပ်မှန်မှာဘူးပေါ်သလိုပေါ်ပေါက်လာသည်။ထိုအခါ၌ဤအပြုအမူမှာပို၍တောင်ရှင်းပြရခက်ခဲသွားသေးသည်။လူတိုင်း၏မျက်နှာမှာတစ်ဖြည်းဖြည်းထူးဆန်းလာသည်။
"ကျောင်းအုပ်ကဒီလူတွေနဲ့တိုက်ရင်းခိုက်ရင်းခေါင်းထိသွားတာများလား....."
"မင်းပြောတာဖြစ်နိုင်ချေရှိတယ်"
"....."
လူတွေဘာပြောပြောဟူယွဲ့ကတော့မျက်ရည်တောင်ကျချင်နေပေပြီ။
"ကျွန်တော်နောက်တစ်ခါဆိုပင်လယ်ထဲမှာပဲငြိမ်ငြိမ်သက်သက်လေးနေပါတော့မယ်အဖေ!!!!ကျွန်တော်တစ်ကယ်မခံ....ေအာ့!!!"
ရုတ်တရတ်ဟူယွဲ့၏ဖြူဖျော့နေသည့်မျက်နှာမှာအနက်ရောင်ဝတ်လူသုံးဦးနဲ့တိုက်ခိုက်နေရင်းကနေအကြီးအကျယ်ပျက်ယွင်းသွားသည်။
သူ့နောက်ကျောဘက်တွင်အန္တရာယ်အငွေ့အသက်တစ်မျိုးခံစားမိလာပြီးသတိထားမိချိန်လေး၌ရှောင်တိမ်းရန်ခက်ခဲသွားပြီဖြစ်သည်။ကြီးမားသည့်အနက်ရောင်အရိုးလက်ကြီးတစ်ခုဟာအနက်ရောင်အငွေ့တွေယှက်သန်းလျက်ဟူယွဲ့၏နှလုံးသို့ဦးတည်ထားသည်။
တစ်ချိန်လုံးပွဲကြည့်သလိုငြိမ်သက်နေသည့်ရှောင်ကျန့်၏မျက်ဝန်းနက်လေးတွေမှာပင်လယ်ပြာရောင်လက်ကနဲတောက်ပသွား၏။
အလစ်အငိုက်တိုက်ခိုက်မှုကိုအချိန်မှီမရှောင်တိမ်းလိုက်နိုင်သည့်ဟူယွဲ့အနောက်တွင်ကြည်လင်တောက်ပသည့်အပြာရောင်ရေတံတိုင်းတစ်ခုမှာခိုင်ခံစွာတိုက်စားမှုအပြည့်ဖြင့်အနက်ရောင်အရိုးလက်ကြီးအားတားဆီးထားသည်။ဆိုးယုတ်သည့်အရိုးလက်ကြီးနှင့်သန့်စင်တောက်ပသည့်ရေမျက်နှာပြင်တို့ထိတွေ့သွားသည့်အခါတွင်တစ်ရှဲရှဲမြည်သံတွေထွက်ပေါ်လာသည်။
အခွင့်အရေးရသွားသည်နှင့်ဟူယွဲ့ဟာအနံ့အသက်ဆိုးတွေပြည့်နေသည့်ထိုနေရာမှာရှောင်ကျန့်တို့အဖွဲ့ထိုင်နေရာစင်မြင့်ဆီသို့ပြေးဝင်သွားသည်။
ကျင့်ကြံသူတိုင်းဟာထိုရုတ်တရတ်ဆန်သောအဖြစ်အပျက်နှင့်ဟူယွဲ့၏ထိုအပြုအမူကိုလုံးဝနားမလည်နိုင်ကြပေ။လူတိုင်းထွက်ပြေးလို့မရအောင်ပိတ်လှောင်ထား​ေသာမမြင်ရသည့်အကာအရံကြီးမှာလုံးဝပျောက်ကွယ်သွားဟန်ဖြင့်ဟူယွဲ့ဟာအတားအဆီးမရှိပါပဲရှောင်ကျန့်တို့နားသို့အမြန်ဆင်းသက်လိုက်နိုင်သည်။
ကောင်းကင်ထက်၌အရိုးလက်ကြီး၏စတင်တိုက်ခိုက်ရာနေရာတွင်ခါးကုန်းကုန်းနှင့်အရိုးခြောက်တစ်ခုလိုပိန်လှီ၍ကြောက်စရာကောင်းသည့်အဘိုးအိုတစ်ဦးမှာလေဟာနယ်အတွင်းမှထွက်ပေါ်လာသည်။သူ့ပတ်ပတ်လည်တွင်ဆိုးယုတ်လွန်းလှသည့်မကောင်းမှုအငွေ့အသက်တွေမှာလုံးဝယစ်ဝဲနေသည်။ကြည့်လိုက်တာနဲ့ထိုလူမှာနတ်ဆိုးတစ်ကောင်ဖြစ်မှန်းသိသာသည်။
မှန်၏။ထိုအဘိုးအိုမှာလူသားတစ်ယောက်မဟုတ်မှန်းနတ်ဆိုးတစ်ကောင်သာဖြစ်နေခဲ့သည်။ထိုအခါမှလူတိုင်းဟာကျန်သည့်တစ်ကိုယ်လုံးအနက်ရောင်ဝတ်လူသုံးဦး၌လည်းနတ်ဆိုးအငွေ့အသက်တွေထွက်ပေါ်နေကြောင်းသတိထားမိသွားကြသည်။
အခုလောလောဆည်တွင်တော့ပိန်လှီနေသည့်ခါးကုန်းအဘိုးအို၏မျက်လုံးအတွင်း၌အံ့အားသင့်နေမှုတစ်ချို့မှာဟူယွဲ့ကိုကြည့်ရင်းထွက်ပေါ်နေသည်။သူကခုနကအတားအဆီးကိုဟူယွဲ့ပြုလုပ်လိုက်သည်ဟုသာထင်မှတ်နေခြင်းဖြစ်သည်။
ဟူယွဲ့ကတော့အန္တရာယ်မှလွတ်ကင်းသွားသည်နှင့်ကုန်းပေါ်ရောက်သည့်ငါးတစ်ကောင်လိုလေကိုအငမ်းမရရှုသွင်းနေလေသည်။အနံ့အသက်နဲ့တင်သေချင်စိတ်ပေါက်သည့်ထိုနေရာမှလွတ်မြောက်လာသောကြောင့်မျက်ရည်တောင်ထွက်ကျချင်လာသည်။
ရွှတ်....ရွှတ်....ငါအသက်ရှင်နေသေးတယ်....
ထိုအချိန်လေးတွင်လဲ့ချင်းယန်၏အင်္ကျီလက်စအတွင်းမှမြွေသေးသေးလေးတစ်ကောင်မှာအပြာရောင်အလင်းတန်းနှင့်ဝှစ်ကနဲဟူယွဲ့ဆီပြေးထွက်သွားသည်။ဟူယွဲ့အနားရောက်သည်နှင့်၎င်းမြွေသေးသေးလေးမှာအပြာရောင်ဆံပင်ဖြင့်လွန်စွာလွန်စွာချောမောခန့်ညားသောအမျိုးသားအဖြစ်ပြောင်းလဲသွားလေသည်။
လုံဖုချန်မှမနေနိုင်မထိုင်နိုင်ဖြင့်သူ့သနားစရာတူလေး၏နောက်ကျောကိုသက်သာလိုသက်သာညားခပ်ဖွဖွထုပေးနေလိုက်သည်။သူတို့ကအမြဲတစေရန်ဖြစ်နေတတ်ပေမယ့်တကယ့်အရေးကြုံရင်အချင်းချင်းလျစ်လျူမရှု့ထားနိုင်ကြပါချေ။
ကျင့်ကြံသူအုပ်စုမှာထိုရုတ်တရတ်ပေါ်လာသည့်နတ်တစ်မျှချောမောသောအမျိုးသားနှင့်နှစ်သိမ့်ခံနေရသည့်ကျောင်းအုပ်တို့အားကြည့်ကာအခုချိန်ထိဘာဆိုဘာကိုမှနားမလည်ကြသေးပေ။မိန်းကလေးတစ်ချို့ကတော့ကျောင်းအုပ်နဲ့အပြာရောင်ဆံပင်ပိုင်ရှင်အမျိုးသားအားသရေကျမတတ်ငမ်းနေကြသည်။
ဒါပေမယ့်လူတိုင်းဟာကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေတာကြောင့်တစ်ကိုယ်လုံးတောင့်ခဲလျက်မလှုပ်မယက်ဖြင့်ဇာတ်လိုက်လေးအားသတိမထားမိလိုက်ကြချေ။
လဲ့ချင်းယန်၏အမြဲတစေတတ်ကြွနေတတ်သည့်ပေါ်ချာချာမျက်နှာချောချောလေးမှာမယုံကြည်နိုင်မှုနှင့်အတူမျက်လုံးတွေမှာပြူးကျယ်နေ၏။
၎င်းမှာခါးကုန်းကုန်းဖြင့်အဘိုးအိုစတင်ထွက်ပေါ်လာချိန်ကတည်းကဖြစ်သည်။လဲ့ချင်းယန်၏တစ်ချိန်လုံးအလိုအလျောက်ချတ်ပိတ်ခြင်းခံထားရသောမှတ်ဥာဏ်ပေါင်းများစွာမှာရေကာတာကျိုးသလိုထွက်ပေါ်လာသည်။
နေရာအနှံ့ကအနက်ရောင်မီးတောက်တွေ.....
လူပေါင်းများစွာရဲ့သွေးပျက်မတတ်အော်ဟစ်သံ......
မိန်းကလေးတွေနဲ့ကလေးငယ်တွေရဲ့လူမဆန်စွာခံစားခဲ့ရမှုတွေ.......
သူ့မိဘနှစ်ပါး......
သူ့အစ်ကို......
အကုန်....အကုန်.....
လဲ့ချင်းယန်၏မျက်လုံးနက်နက်အတွင်း၌နာကြည်းမုန်းတီးမှုတွေနဲ့အတူသတ်ဖြတ်ချင်စိတ်မှာတားမရဆီးမရထွက်ပေါ်လာသည်။
ဒီလူ.....ဒီလူကသူ့အိမ်ကိုဖျက်ဆီးခဲ့တဲ့သူတွေထဲကတစ်ယောက်အပါအဝင်ဆိုတာသေချာ၏။
လဲ့ချင်းယန်၏အသိစိတ်မှာလုံးဝလွတ်ထွက်သွားသည်။သို့သော်ထိုအချိန်လေး၌နွေးထွေးနူးညံ့တဲ့လက်ဖဝါးလေးတစ်ဖက်မှာသူ့ခေါင်းပေါ်ခပ်ဖွဖွပွတ်သပ်ပေးလာသည်။
လဲ့ချင်းယန်၏အသိစိတ်မှာပြန်လည်ဝင်ရောက်လာပြီးအံ့ဩတကြီးမော့ကြည့်လိုက်မိသည်။
သူ့အရှေ့တွင်ဘယ်အချိန်မရောက်ရှိနေမှန်းမသိသည့်ရှောင်ကျန့်ဟာနူးညံ့စွာပြုံးလျက်သူ့ခေါင်းကိုပုတ်ပေးနေသည်။ကြည့်ရတာသူ့ခံစားချက်တွေအတွက်နှစ်သိမ့်ပေးနေဟန်ရသည်။
လဲ့ချင်းယန်ရဲ့လှိုင်းထနေတဲ့ခံစားချက်မျိုးစုံမှာချက်ချင်းအေးချမ်းကာတည်ငြိမ်သွားသည်။သူဘာကြောင့်ရယ်မှန်းမသိပဲခပ်ဆဆလေးပြုံးလိုက်မိသည်။
သူအရာအားလုံးကိုမှတ်မိသွားပြီးနောက်ထိုသူမှာလုံးဝသူ့အဖေမဟုတ်မှန်းသိရှိသွားခဲ့ပြီဖြစသည်။ပြောရရင်သူတို့ကနည်းနည်းလေးတောင်သွေးသားတော်စပ်တာမျိုးမရှိပေ။
ဒါပေမယ့်.....
ဒီလူကသူ့ကိုဒုတိယ'အိမ်'ဆိုတဲ့အရာမျိုးပေးခဲ့သည်။
သူ့ကိုဂရုစိုက်ပေးမယ့်'အဖေ'၊အမြဲတမ်းသူ့ကိုရိုက်နှက်ကြည့်ချင်သလိုကြည့်နေတတ်တဲ့အမွှာ'အမေ'နှစ်ယောက်၊သူနဲ့သေဖော်သေဖက်ညှိချင်တဲ့မြေခွေး'အစ်ကို'၊နောက်ဆုံး......သူ့ရဲ့ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်'ဦးလေး'ဆိုသူရယ်.....
ထိုသူကြောင့်သူ့ရဲ့အတိတ်မေ့ခဲ့သမျှနေ့ရက်တွေဟာလွန်စွာပျော်ရွှင်ကျေနပ်ခဲ့ရသည်မဟုတ်ပါလား။
ဒါကြောင့်ထိုသူဟာသူ့နှလုံးသားထဲမှာတော့အမြဲတမ်းသူ့'အဖေ'သာဖြစ်နေပေလိမ့်မည်။
ဒီအချိန်လေးမှာလဲ့ချင်းယန်ဟာသူကိုရိုက်နှက်ချင်သလိုစူးစူးစိုက်စိုက်ကြည့်နေသည့်အမွှာနှစ်ယောက်၏ကြောက်မက်ဖွယ်ရာအကြည့်ကိုတောင်သိပ်မကြောက်တော့သလိုခံစားလိုက်ရသည်။
"စိတ်မပူနဲ့....ဒီအဖေကငါ့သားတွေအတွက်ကလဲ့စားချေပေးမယ်....."
ရှောင်ကျန့်ကသူ့ရင်ဘတ်ကိုသတ္တိရှိရှိပုတ်ပြလျက်ဆိုသည်။
ရှောင်ကျန့်ရဲ့စကားကသိပ်မကျယ်ပေမယ့်တိုးလည်းမတိုးပေ။ဒါကြောင့်အကြားအာရုံကောင်းသည့်ကျင့်ကြံသူတိုင်းဟာထိုစကား​ကြောင့်လုံးဝတိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ငါတို့ဘာကြားလိုက်တာ???
အဖေ???
ဟမ်???
လူတိုင်းဟာမတိုင်မီအချိန်လေးတင်အော်ငိုခဲ့သည့်ကျောင်းအုပ်၏စကားတွေကိုပြန်လည်ကြားယောင်မိသွားသည်။
"အဖေရေ!!!!!!!!ကယ်ပါဦး!!!!!"
"မွေးစားအဖေ!!!ကျွန်တော်မခံနိုင်တော့ဘူးလို့!!!!သူတို့ကကျွန်တော့်ကိုအားနည်းစေတဲ့ဆေးတစ်မျိုးလိမ်းထားကြတယ်!!!အော်ဂလီဆန်စရာအနံ့ကြီးနဲ့!!ဝေါ့!!!!"
"အဖေရေ!!!!ဒီမှာအဖေ့သားသေတော့မယ်ဗျ!!!!ဝူး....ဝူး....ဝေါ့!!!"
"ကျွန်တော်နောက်တစ်ခါဆိုပင်လယ်ထဲမှာပဲငြိမ်ငြိမ်သက်သက်လေးနေပါတော့မယ်အဖေ!!!!ကျွန်တော်တစ်ကယ်မခံ....အော့!!!"
ဟူယွဲ့၏စကားထဲတွင်'အဖေ'ဟူသည့်နာမ်စားမှာလုံးဝမပါမဖြစ်ပါနေသည်ကိုလူတိုင်းသိကြသည်။ဒါပေမယ့်သူတို့ဟာဒါကိုကျောင်းအုပ်ကြီးခေါင်းနည်းနည်းချောင်နေလို့လျှောက်အော်ပြောတာလို့ထင်နေကြတာဖြစ်တာကြောင့်ရှောင်ကျန့်ကသူ့ကိုယ်သူ'အဖေ'ဟူ၍ထသုံးလိုက်သည့်အခါတွင်........
လူတိုင်း : "....."
ငါတို့နားတွေကန်းကုန်တာပဲဖြစ်လိမ့်မယ်.....ဟ...ဟ...ဟုတ်တယ်...ဒီလိုပဲ.....ဟ..ဟ...
အထူးသဖြင့်ရှောင်ကျန့်နဲ့ရင်းနှီးခဲ့ဖူးသည့်ဈေးဝယ်သူတွေဆိုရင်မျက်လုံးတွေပါကျွတ်ကျမတတ်ပြူးကျယ်ကုန်ကြသည်။
ဆုဖေးယွဲ့တောင်မှထိုမျက်လုံးပြူးရသည့်အဖွဲ့တွင်ပါလေသည်။သူမကသူမတို့ရဲ့ကြီးမြတ်တဲ့ကျောင်းအုပ်ကြီးမှာရေသူဘုရင်၏'သား'တစ်ယောက်ဖြစ်နေမှန်းတကယ်မထင်ထားခဲ့ပေ။
လူတိုင်းအူတိအူကြောင်ဖြစ်နေသည့်အချိန်တွင်ကောင်းကင်ထက်ကလူအိုကြီးဟာတော့မျက်မှောင်ကြုတ်နေလေသည်။ဘာကြောင့်လည်းဆိုတော့ရှောင်ကျန့်၏စကားဆုံးသည်နှင့်လက်ခံသလိုမျိုးဖြင့်တောက်ပသွားတဲ့ဟူယွဲ့၏မျက်လုံးတစ်စုံကြောင့်ဖြစ်သည်။ထိုမျက်လုံးတွေမှာလိမ်ညာလှည့်ဖြားပုံတစ်စက်ကလေးမှမရှိပါပဲရှောင်ကျန့်အားအကြွင်းမဲ့ယုံကြည်အားကိုးနေလေသည်။
လူအိုကြီးမသက်မသာခံစားလိုက်ရသည်။
ဒါကြောင့်တစ်ခြားသူတွေသူ့ကိုသတိမထားမိခင်သူ့ဘက်ကအရင်ဦးစွာအလစ်အငိုက်တိုက်ခိုက်ဖို့ရန်ဆုံးဖြတ်လိုက်သည်။
ခါးကုန်းလူအိုကြီး၏လက်တွေမှာစွန်ရဲသဏ္ဍာန်ကုတ်ကွေးသွားကြီးမြေပြင်ထက်သို့ရိုက်ချလိုက်သည်။ဧရာမအနက်ရောင်ချီလက်ဝါးကြီးတစ်ခုမှာရှောင်ကျန့်တို့ရှိရာစင်မြင့်ထက်သို့ဦးတည်၍မြေပြင်တစ်ခုလုံးအားဖိချေလာသည်။
ကျောင်းတော်ကြီးလေးခုရဲ့အကြီးအကဲတွေအားလုံးမှာလုံးဝပြာဝေသွားပြီးသူတို့မှာရှိသမျှရတနာမျိုးစုံဖြင့်သူတို့ကိုယ်တိုင်နဲ့ကျောင်းတော်သားတွေကိုအသည်းအသန်ကာကွယ်ပေးဖို့ရန်လုပ်လီုက်သည်။ဒါပေမယ့်စွမ်းအင်အဆင့်တွေဟာမိုးနှင့်မြေလိုကွာခြားနေသည့်အခါတွင်မည်သည့်အကာအကွယ်ရတနာကမှအသုံးမဝင်တော့ပေ။
လူတိုင်းကကိုယ့်ကိုယ်ကို'သေပြီ'ဟုသတ်မှတ်လိုက်သည့်အခါတွင်ငွေရောင်အလင်းနှင့်အစိမ်းရောင်အလင်းတန်းတစ်ခုမှာတစ်ပြိုင်တည်းတောက်ပလာပြီးရှောင်ကျန့်ကိုဗဟိုပြုလျက်ကွင်းပြင်တစ်ခုလုံးဖုံးလွှမ်းသွားသည်။
လူတိုင်းမျက်လုံးအသာဖွင့်ကြည့်လာသည့်အခါတွင်ရှောင်ကျန့်ရဲ့ဘေးတစ်ဖက်တစ်ချပ်ဆီ၌နေရာယူထားကြသူအမွှာနှစ်ယောက်ဆီမှပျံ့လွင့်လာခြင်းဖြစ်ကြောင်းသတိထားမိသွားကြသည်။
နှစ်ယောက်လုံး၏ဘေးပတ်ပတ်လည်၌အေးစက်သည့်အရိပ်အငွေ့တွေရစ်သိုင်းလာပြီးကျင့်ကြံသူပေါင်းများစွာ၏အကြည့်အောက်တွင်အမွှာနှစ်ဦး၏ဆံပင်အရောင်မှာစတင်ပြောင်းလဲလာသည်။
နှစ်သန်းချီရေခဲတောင်ထက်တောင်အေးစက်ခက်ထန်သည့်လူ၏ဆံပင်မှာငွေဖြူရောင်လုံးဝပြောင်းလဲတောက်ပသွားကာသူ့မျက်ဆံပယင်းရောင်မှာမူလထက်ပိုမိုလှပရွှန်းလဲ့လာသလိုပိုတောင်အေးစက်သွားသည်။
ကျန်တစ်ယောက်၏ဆံပင်အရောင်ဟာတော့မြစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွားကာသူ၏အမြဲတမ်းနူးညံ့ညင်သာနေတတ်သည့်အစိမ်းရောင်မျက်ဝန်းတစ်စုံမှာဖျက်စီးအားပြင်းထန်သောနျူးကလီးယားဗုံးထက်တောင်အခြေအနေဆိုးဝါးလာသေးသည်။
အထင်ရှားဆုံးပြောင်းလဲမှုကတော့အမွှာနှစ်ယောက်၏ရုပ်ရည်သွင်ပြင်နဲ့ခန္ဓာကိုယ်အချိုးအစားပင်ဖြစ်သည်။
နှစ်ဦးလုံး၏ခန္ဓာကိုယ်မှာအလွန်အမင်းအချိုးအစားကျနလာပြီးအရပ်လည်းအလွန်မြင့်တတ်လာသည်။သူတို့နှစ်ဦး၏မျက်နှာဆိုလျှင်နတ်ဘုရားတွေကတောင်မနာလိုရလွန်းလို့ရူးသွပ်သွားနိုင်သည်အထိပြောမပြတတ်နိုင်လောက်အောင်ချောမောခန့်ညားလွန်းနေသည်။
ဒီမျက်နှာနှစ်ခုမှာတစ်ထပ်တည်းတူညီလွန်းလှသလိုနဖူးအလည်ရှိသွေးစက်ကဲ့သို့အနီရောင်အစက်လေးကတောင်တစ်ပုံစံတည်းပင်။
သူတို့မျက်နှာအားမြင်တွေ့လိုက်ရသူမည်သူ့ဆိုအတော်လေးအရူးအမူးဖြင့်ရူးသွပ်သွားစေနိုင်သည်အထိချောမောလှပလွန်းလှသည်။
အမွှာနှစ်ယောက်ကသူတို့ရဲ့သရုပ်မှန်ကိုထပ်မံမဖုံးကွယ်ထားတော့ပေ။ယခုလောလောဆည်တွင်ထိုအိုကြီးအိုမကသူတို့နှစ်ဦးလုံး၏နည်းနည်းလေးတောင်အမှားမခံသည့်ပြောင်ပြန်အကြေးခွံကိုထိကိုင်လိုက်ပြီဖြစ်သည်။
ပြောစရာမလိုအောင်ပင်အမွှာနှစ်ယောက်၏ပြောင်းပြန်အကြေးခွံလေးမှာသူတို့အသည်းအသက်လေးရှောင်ကျန့်သာဖြစ်လေသည်။
ရှောင်ကျန့်ကိုသာဒီလောက်ထိတုန်နေအောင်မချစ်၊မမြတ်နိုးခဲ့လျှင်ကြီးမြတ်လှစွာသောအမွှာနှစ်ဦးဟာယခုလိုမျိုးကပ်ဖားရပ်ဖားဖြင့်ကျွန်လေးတွေလိုပြုမူမည်မဟုတ်ပေ။
ရှောင်ကျန့်ကျေနပ်ပျော်ရွှင်ဖို့အတွက်အရာအားလုံးပေးဆပ်နိုင်သလို၊အရာအားလုံးကိုလည်းပြုလုပ်ပေးနိုင်သည်။
ဒါကိုဒီလိုပုရွက်ဆိတ်လေးတစ်ကောင်ကခိုးကြောင်ခိုးဝှက်အတိအကျကြီးဦးတည်တိုက်ခိုက်လာသည်ဆိုမှတော့.....
ေရှာင်ကျန့်တောင်ဒီအဘိုးကြီးအတွက်သနားလာသလိုခံစားလိုက်ရသည်။
________________________________________________________________
စာရေးသူမှာပြောစရာရှိပါတယ်။
စာရေးသူ : ကျွန်တော်အရင်လိုစာတင်မမှန်တော့တာကအကြောင်းတော့ရှိပါတယ်ဗျ.....ဘာဖြစ်လို့လဲဆိုတော့ဒီစာရေးသူလေးလည်းအလုပ်နဲ့အကိုင်နဲ့ဖြစ်သွားပြီလေ....ဟီး....ဟီး....
ဟုတ်ပါတယ်.....ကျွန်တော်တစ်နေကုန်ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာကြောင့်ဖုန်းကိုင်ချိန်မရလို့ပါ....အားတဲ့အချိန်ဆိုလို့ညဘက်လေးတစ်ချိန်ပဲရှိတာကြောင့်စာနည်းနည်းပဲရေးလိုက်နိုင်ပါတယ်.....အလုပ်ရတော့ပျော်လိုက်တာသေအောင်ပဲ....အဖေနဲ့အမေကပိုက်ဆံထက်အတွေ့အကြုံရအောင်စက်ချုပ်ပေးသင်တာ....အခုဆိုဝင်တောင်ချုပ်နေပြီ....ဟီးဟီး....ပျော်လိုက်တာ😆😆😆"
**********************************************************
Zawgyi
ကျင့်ကြံသူ : "....."
ဒါဘယ်လိုသောက်ရူးလဲ.....
"မင်း!!!"
သို့သော်......
ဝွီးကနဲေလသံနှင့်အတူပြိုင်ဘက်ကျင့်ကြံသူရဲ့ညာလက်အတွင်းရှိသံချွန်ကြီးမှာကန်ထုတ်ခြင်းခံလိုက်ရပြီးအနက်ရောင်အငိုမျက်နှာဖုံးကြီးထက်သို့ခြေထောက်တစ်ဖက်ရောက်ရှိသွားသည်။
ဝုန်း!!
လူတိုင်း : "....."
ဝုန်း!!!!!!!!!!!!
ပါးစပ်ကိုဟပြီး......
ဟူယွဲ့ : "အဖေရေ!!!!!!!!ကယ်ပါဦး!!!!!"
လူတိုင်း : "....."????
ရှောင်ကျန့် : "....."
"....."
သူ့မိဘနှစ်ပါး......
သူ့အစ်ကို......
အကုန်....အကုန်.....
ဒါပေမယ့်.....
ငါတို့ဘာကြားလိုက်တာ???
အဖေ???
ဟမ်???
"အဖေရေ!!!!!!!!ကယ်ပါဦး!!!!!"
လူတိုင်း : "....."
ေရှာင်ကျန့်တောင်ဒီအဘိုးကြီးအတွက်သနားလာသလိုခံစားလိုက်ရသည်။
________________________________________________________________
**********************************************************
המשך קריאה
You'll Also Like
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
368K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
15.1K 1.2K 20
CFY×LYX= Love Starting date- 9.6.2020 Finish date- 3.8.2020
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...