system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(5.20)

6K 606 64
By TeeKo0

Unicode

တစ်လလောက်ကြာသည့်အခါတွင်တန်ဖေးမင်ဟာရှောင်ကျန့်ရဲ့ဆိုင်လေးဆီပြန်လည်ရောက်ရှိလာသည်။

တစ်ခုကွာခြားသွားသည်ကသူ့ဘေးတွင်အေးတိအေးစက်မျက်နှာနှင့်အတော်လေးချောမောခန့်ညားသည့်လူငယ်တစ်ဦးပါ,ပါရှိလာခြင်းဖြစ်သည်။ထိုလူငယ်ရဲ့မျက်နှာဟာအမူအရာမဲ့နေပေမယ့်တန်ဖေးမင်ရဲ့သေးသေးသွယ်သွယ်လက်ဖဝါးလေးကိုတော့နူးညံ့စွာဆုပ်ကိုင်ထားသည်။

တန်ဖေးမင်၏မျက်နှာလေးကြည့်ရသည်မှာလွန်စွာပျော်ရွှင်တတ်ကြွနေပုံရ၏။

"သူဌေး!!"

တန်ဖေးမင်ဟာအနှီးချောမောတဲ့အေးတိအေးစက်လူငယ်လေးအားဆွဲခေါ်လျက်ဆိုင်အတွင်းသို့ပျော်ရွှင်စွာပြေးဝင်လာသည်။

ထိုအချိန်လေးတွင်ရှောင်ကျန့်ကဇိမ်ခံထိုင်ခုံပေါ်တွင်ကျောမှီလျက်သက်တောင့်သက်သာထိုင်ကာစာဖတ်နေတာဖြစ်ပြီးတန်ဖေးမင်၏ကျယ်လောင်သည့်အသံလေးကိုကြားသည့်အခါတွင်သူ့မှာလန့်ဖြန့်သွားရသည်။

ချင်းမျိုးရိုးအမွှာနှစ်ယောက်မှာထုံးစံအတိုင်းရှောင်ကျန့်အနားလေး၌ပင်ငြိမ်ငြိမ်သက်သက်ထိုင်နေကြပြီးသူတို့နှစ်ဦး၏လက်တစ်ဖက်ဆီမှာတော့ယပ်တောင်တစ်ချောင်းစီကိုယ်စီရှိနေကြသည်။ဘေးနားရှိခုံပေါ်တွင်လည်းထုံးစံအတိုင်းလတ်လတ်ဆတ်ဆတ်စိတ်ဝိဥာဥ်အသီးမျိုးစုံရှိနေလေသည်။

ရှောင်ကျန့်အနည်းငယ်လန့်သွားသည်ကိုမြင်သည့်အခါတွင်ကျေကျေနပ်နပ်ကြီးရှောင်ကျန့်ကိုထိုင်ငမ်းလျက်ယပ်ခတ်ပေးနေသူအမွှာနှစ်ယောက်ဟာတန်ဖေးမင်ကိုသတိပေးသည့်ခပ်စူးစူးအကြည့်တစ်ချက်ပေးလိုက်ကြသည်။

ထိုအခါမှတန်ဖေးမင်ဟာသူနည်းနည်းအလောကြီးသွားမှန်းသိ၍ရှက်ကိုးရှက်ကန်းပါးလေးကိုကုပ်လိုက်သည်။

"အဟမ်း....သူဌေး...တံမြက်စည်းညီလေးရောမတွေ့မိပါလား....."

အရှက်ပြေအနေနဲ့တန်ဖေးမင်ဟာပါးစပ်ထဲတွေ့ကရာပြောချလိုက်မိသည်။

"....."

တံမြက်စည်းညီလေးကဘယ်သူကြီးတုန်း.....

ရှောင်ကျန့်ရဲ့အူကြောင်ကြောင်မျက်နှာလေးကိုမြင်သည့်အခါတွင်တန်ဖေးမင်ဟာသူ့စကားအဓိပ္ပါယ်သူနားလည်သွားပြီးသူ့မျက်နှာလေးမှာရှက်ရွံ့မှုကြောင့်ပန်းသီးလုံးလေးကဲ့သို့ရဲကနဲဖြစ်သွားလေသည်။

"ဟို....သူဌေးရဲ့ဆိုင်ကိုကျွန်တော်ရောက်ကာစအချိန်တုန်းကတံမြက်စည်းလှည်းနေတဲ့ကျင့်ကြံသူညီလေးကိုပြောတာ....."

ရှောင်ကျန့် : "....."

ရှောင်ကျန့်ဟာပါးစပ်လေးအဟောင်း​ဖြင့်သူ့ရဲ့တစ်ဦးတည်းသောဖောက်သည်ကိုကြည့်လိုက်မိသည်။

ဒီလိုနဲ့'တံမြက်စည်းဘွဲ့ခံ'ကျင့်ကြံသူဖြစ်သွားရရှာသည့်လဲ့ချင်းယန်သာကြားရင်တိုက်ပွဲတွေဖြစ်ကုန်တော့မှာသေချာသည်။

"ချင်းယန်ကဆေးဖော်စပ်ခြင်းစာသင်ဆောင်ကိုသွားတယ်...."

တန်ဖေးမင်ဟာကို့ယို့ကားယားတစ်ချက်ပြုံးလိုက်ရင်းသူ့အနောက်မှာရပ်နေတဲ့အေးတိအေးစက်လူငယ်လေးအားဆိုင်ထဲကခဏမျှထွက်သွားဖို့ရန်တောင်းဆိုလိုက်သည်။အေးတိအေးစက်ဖြင့်ချောမောတဲ့လူငယ်လေးဟာတုန့်ဆိုင်းသွားပေမယ့်ခေါင်းငြှိမ့်ကာနာနာခံခံဖြင့်ဆိုင်ထဲကထွက်သွား၏။

"သူကဝမ်မုခွေလား..."

တစ်ဖက်လူငယ်ထွက်သွားသည်နှင့်ရှောင်ကျန့်ရဲ့ပျင်းရိပျင်းတွဲပုံစံမှာချက်ချင်းပျောက်ကွယ်သွားပြီးတန်ဖေးမင်အားစိတ်ဝင်တစားမေးမြန်းလိုက်သည်။

တန်ဖေးမင်ဟာပြုံးရွှင်စွာပင်ခေါင်းငြှိမ့်ပြသည်။

"ဘယ်လိုလဲ....ငါပေးတဲ့အကြံအလုပ်ဖြစ်တယ်မလား...."

"တကယ်ကြီးအလုပ်ဖြစ်တယ်သူဌေး.....အခုဆိုကျွန်တော်တို့နှစ်ယောက်တာအိုလက်တွဲဖော်တွေဖြစ်သွားကြပြီ....."

"ဝိုး....ဂုဏ်ယူပါတယ်...."

"ဟီး....ဒါသူဌေးရဲ့ကျေးဇူးကြောင့်ပါဗျာ"

တန်ဖေးမင်ဟာအရှက်သည်းနေတဲ့မိန်းမပျိုလေးတစ်ယောက်လိုမျိုးသူ့မျက်နှာရဲရဲလေးကိုအုပ်ကိုင်၍ပြုံးရွှင်စွာဆိုသည်။

အရာအားလုံးကိုနောက်ပြန်ဆုတ်ပြီးပြောရရင်.....

လွန်ခဲ့တဲ့တစ်လလောက်ကတန်ဖေးမင်ဟာရှောင်ကျန့်အကြံပေးတဲ့အတိုင်းစတင်လုပ်ဆောင်ရာကနေစသည်။

တန်ဖေးမင်ဟာနှစ်ပေါင်းများစွာကြာအောင်ဝမ်မုခွေကိုတစ်ဖက်သပ်ချစ်လာခဲ့တာဖြစ်သည်။ယေဘုယျအားဖြင့်သူချစ်သည့်လူကိုဟိုးအရင်ချိန်တွေတည်းကပူညံပူညံလုပ်ပြီးအချိန်တိုင်းအသေးစိတ်ဂရုစိုက်ပေးကာလိုက်ကပ်နေကျဖြစ်သည်မှာပြောစရာမလိုပေ။

သူကမိန်းမအဝတ်အစားလှလှလေးတွေကိုသဘောကျပေမယ့်သူ့တွင်ယောက်ျားတစ်ယောက်၏မာနလည်းရှိသလိုတစ်ခြားယောက်ျားတစ်ယောက်ကိုအတင်းအကြပ်လိုက်ကပ်နေသည်ကဂုဏ်သိက္ခာအလူးအလဲကျဆင်းစေသည်။

ရှောင်ကျန့်ကအရင်ဦးစွာတန်ဖေးမင်အားဝမ်မုခွေကိုအရင်ချိန်တွေကအတိုင်းလိုက်ကပ်ခိုင်းသည်။ဒါပေမယ့်အရင်ချိန်တွေလိုသိပ်ပြီးထွေထွေထူးထူးပူညံပူညံလုပ်မနေတော့ပဲတစ်ဖက်လူလုပ်ဆောင်နေသည့်အရာတွေကိုအသေးစိတ်ကအစလိုက်လံကူညီပေး​ေစသည်။

တစ်နေ့ကိုဆယ်ကြိမ်လောက်တော့'ငါ့ကိုချစ်လား'ဟူ၍မေးမြန်းသည်။ဝမ်မုခွေဟာပထမနေ့တွေ၌တော့အတော်လေးစိတ်အနှောက်အယှက်ဖြစ်ကာဒေါသထွက်မည်ကတော့သေချာသည်။

သို့သော်လည်းနှစ်ပတ်လောက်ကြာမြင့်သွားသည့်အခါတွင်ဝမ်မုခွေဟာတန်ဖေးမင်ရဲ့လုပ်ရပ်တွေနဲ့တဖြည်းဖြည်းနေသားကျလာပေလိမ့်မည်။အရင်ကလောက်ဒေါသထွက်စိတ်တိုခြင်းမရှိတော့သလိုပုံမှန်အရာတစ်ခုလိုသတ်မှတ်လိုက်သည့်အချိန်လေးတွင်တန်ဖေးမင်ဟာရုတ်တရက်ကြီးသူ့ဆီလာရောက်ခြင်းမရှိတော့ပေ။

ပထမနေ့တွေ၌ဝမ်မုခွေဟာတန်ဖေးမင်မရှိတော့သည့်အတွက်သေချာပေါက်ကျေနပ်နေလေသည်။သူ့ကိုနှောင့်ယှက်မည့်လူမရှိတော့တာကြောင့်အေးအေးဆေးဆေးကျင့်ကြံနိုင်ပြီဟူ၍ပျော်တောင်ပျော်နေ​သေးသည်။

တစ်ရက်နှစ်ရက်လောက်ကတော့ဘာမှမခံစားရပေမယ့်သုံးရက်လောက်ကြာသည့်အခါတွင်သူ့ဘဝကြီးကတစ်ခုခုလစ်ဟာခြောက်ကပ်နေသလိုခံစားရသည်။သူ့ဝေရာဝစ္စတွေကိုမခိုင်းပဲနဲ့တစ်ဖက်သပ်အရူးလေးတစ်ယောက်လိုလိုက်လုပ်ပေးနေကျသူမရှိတော့သည့်အခါစိတ်ထဲတစ်မျိုးကြီးဖြစ်လာသည်။

တစ်ဖက်လူ၏ခြေရာလက်ရာရှိနေကျပစ္စည်းတွေအရာတွေအားလုံးကိုမြင်သည့်အခါတိုင်းတန်ဖေးမင်ကိုသာမြင်ယောင်နေပေလိမ့်မည်။တစ်ရက်ပြီးတစ်ရက်ကျော်လွန်လာပြီးနောက်သူ့ရဲ့အခြေအနေမှာပိုမိုဆိုးဝါးလာပြီးတန်ဖေးမင်ဘာလုပ်နေလဲဆိုတာပြင်းပြင်းထန်ထန်သိချင်လာသည်။မြင်တွေ့ချင်လာသည်။

ပြီးတော့တိတ်ဆိတ်နေတဲ့သူ့ပတ်ဝန်းကျင်မှာအချိန်တိုင်းသူကြားနေကျ'ငါ့ကိုချစ်လား'ဟူ၍မေးမြန်းသံသေးသေးလေးအားလွမ်းဆွတ်လာ၏။

ဤသို့ဖြင့်အရူးတစ်ယောက်လိုဂဏာမငြိမ်ဖြစ်လာသည့်ဝမ်မုခွေဟာဒီရက်တွေအတွင်းပျောက်နေသည့်တန်ဖေးမင်ကိုခိုးကြောင်ခိုးဝှက်လာရှာသည်။

ထိုအချိန်လေးတွင်တန်ဖေးမင်လုပ်ရန်လိုအပ်သည်ကချောမောသည့်သူစိမ်းယောက်ျားလေးတစ်ယောက်နှင့်'သူငယ်ချင်းတွေကဲ့သို့'ရင်းရင်းနှီးနှှီးနေပြလိုက်ရုံသာဖြစ်သည်။

တန်ဖေးမင်ကယောက်ျားလေးတွေကိုသာကြိုက်မှန်းလူတိုင်းသိကြသည်။သူကတစ်ခြားယောက်ျားတစ်ယောက်နှင့်မိတ်ဆွေသူငယ်ချင်းတွေလိုသာရိုးရိုးသားသားနေပြရင်တောင်တစ်ခြားသူတွေကပုံမှန်အတိုင်းတွေးကြမှာမဟုတ်ပေ။

အမှန်တော့ဝမ်မုခွေကိုယ်တိုင်လည်းထိုသို့သာစဥ်းစားမိသည်။

တန်ဖေးမင်ကိုတစ်ခြားယောက်ျားတစ်ယောက်နှင့်တဲဲမင်တွေ့လိုက်ရသည့်အခါတွင်ဒီရက်တွေအတွင်းသူမျိုသိပ်ထားခဲ့သမျှပေါက်ကွဲထွက်လာပြီးမနာလိုစိတ်ကြောင့်အရူးတစ်ယောက်ကဲ့သို့ဖြစ်သွား၏။

တန်ဖေးမင်ကသူ့ကိုမချစ်တော့ဘူး။

တန်ဖေးမင်ကသူ့ကိုထားသွားပြီ။

တန်ဖေးမင်ကသူ့ကိုမတွေ့ချင်တော့ဘူး။

တန်ဖေးမင်က...ဘလာ...ဘလာ...ဘလာ........ကျော်ချ။

ဝမ်မုခွေအနေနဲ့တန်ဖေးမင်တစ်ခြားသူတစ်ယောက်၏ရင်ခွင်ထဲတွင်ချစ်ခင်မြတ်နိုးသည့်မျက်လုံးလေးတွေနဲ့ကြည့်နေမှာကိုမလိုလားပါချေ။သူ့ကိုပြောခဲ့သည့်'ငါ့ကိုချစ်လား'ဆိုသည့်စကားလေးအားသူမဟုတ်သည့်တစ်ခြားသူအားလက်ဆင့်ကမ်းလိုက်မည်အားမမြင်ချင်ခဲ့သည်မှာသေချာ၏။

ဤသို့ဖြင့်စိတ်ခံစားချက်တွေပေါက်ကွဲထွက်လာသည့်ဝမ်မုခွေဟာတန်ဖေးမင်ကိုခပ်တည်တည်ဖြင့်ပြန်ပေးဆွဲလျက်အပိုင်သိမ်းပြစ်လိုက်လေတော့သည်။

အရာအားလုံးလွန်ကျူးပြီးသွားသည့်အခါတွင်နှစ်ဦးသား၏ခံစားချက်တွေအားလုံးမှာထိန်းမနိုင်သိမ်းမရထွက်ပေါ်လာပြီးအချင်းချင်းဖွင့်ဟဝန်ခံကြံရုံသာတတ်နိုင်ခဲ့သည်။

အမှန်တိုင်းပြောရရင်ဒီဖြစ်စဥ်တစ်ခုလုံးမှာ၂၁ရာစုမှာမြင်နေတွေ့နေကျခွေးသွေးဒရမ်မာတွေနဲ့တူညီလှသည်။

အရင်ဆုံးမင်းသမီးကမင်းသားကိုတစ်ဖက်သက်ကြိုက်။မင်းသားကအတင်းငြင်း။မင်းသမီးကအသည်းကွဲကြေခံစား။မင်းသမီးကလက်လျော့။မင်းသားကထဖောက်။ပုန်းကွယ်နေသည့်စိတ်ခံစားချက်တွေပေါ်ထွက်။မင်းသမီးရဲ့တန်ဖိုးကိုနားလည်လာ။မင်းသမီးကိုပြန်လိုက်။နှစ်ယောက်ကြိုက်။နောက်ဆုံးညား။

ဒါပေမယ့်တစ်ခုကွဲပြားသွားသည်ကဝမ်မုခွေဟာမနာလိုဖြစ်သွားတာနဲ့တစ်ပြိုင်နက်ချက်ချင်းကိုဆွဲစားလိုက်ခြင်းဖြစ်သည်။

အော်.....အတော်လေးလည်းတရားကျဖို့ကောင်းတာပါလား.....

မကြိုက်တော့လည်းမကြိုက်လို့.....ကြိုက်မယ့်ကြိုက်တော့လည်းဇွတ်straightကြီးကချက်ချင်းကိုအတင်းအကြပ်တွေဆွဲဆတ်လုပ်ချလိုက်တော့တာပဲ.....

တန်ဖေးမင်ကတော့အတော်လေးကျေနပ်နေလေသည်။သူကဝမ်မုခွေအားချစ်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တာကြောင့်ယခုလိုသူ့ကိုလက်ခံပြီးသည်းသည်းလှုပ်ချစ်ခင်သည့်ဟန်ဖြင့်ပြန်လည်တုံ့ပြန်လာသည့်အခါတွင်သူနှိုင်းမပြတတ်လောက်အောင်ပျော်ရွှင်ရသည်။

ဒါပေမယ့်ရှောင်ကျန့်ကတော့နားလည်သည်။ဒါကသူလမ်းညွှန်ပေးလိုက်သည့်အကြံဥာဏ်ကြောင့်ဟုပြော၍ရသော်လည်းဝမ်မုခွေသာတန်ဖေးမင်ကိုဟိုးအရင်ချိန်တွေကတည်းကခံစားချက်မရှိခဲ့ရင်ဤကဲ့သို့ဖြစ်မလာနိုင်ချေ။

ဖြစ်နိုင်သည်ကဝမ်မုခွေမှာတစ်ဖက်လူရဲ့တည်ရှိမှုကိုနေသားကျနေကျဖြစ်သလိုသူ့ကိုယ်ပိုင်ခံစားချက်တွေကိုသူကိုယ်တိုင်နားမလည်ခဲ့ခြင်းသာဖြစ်သည်။

"သူဌေးရဲ့အကြံဥာဏ်တွေကတကယ့်ကိုအဖိုးထိုက်တန်တာပဲဗျာ....ကျွန်တော်ကျေးဇူးတင်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး...."

တန်ဖေးမင်ဟာပြောရင်းဆိုရင်းဖြင့်မြင့်မြတ်ကျောက်တုံးတစ်ချို့အားထုတ်ယူလိုက်သည်။

၎င်းမှာထိပ်တန်းအဆင့်မြင့်မြတ်ကျောက်တုံးဖြစ်ပြီးကျင့်ကြံသူတိုင်းအတွက်တန်ဖိုးဖြတ်မရနိုင်လောက်အောင်တန်ဖိုးကြီးလှသည်။

"ဒါကိုကျွန်တော်ကျေးဇူးတစ်စိတ်တစ်ပိုင်းဆပ်တယ်လို့သာသဘောထားပေးပါ.....နောက်ပိုင်းအကူအညီလိုရင်ကျွန်တော်အကောင်းဆုံးကူညီပေးပါ့မယ်...."

ရှောင်ကျန့်ဟာမူမနေတော့ပဲတန်ဖေးမင်ပေးတဲ့ထိပ်တန်းမြင့်မြတ်ကျောက်တုံးတစ်ဒါဇင်ကျော်လောက်ကိုဆွဲယူလိုက်သည်။

ဟီး...ဟီး.....သူ့ရဲ့ဆိုင်စီးပွားရေးလေးကတကယ်မဆိုးပါလား.....

တန်ဖေးမင်၏အချစ်ရေးပြဿနာပြေလည်သွားပြီးနောက်တွင်ကျောင်းသားတွေနဲ့အကြီးအကဲတွေအားလုံးဟာလုံးဝထိတ်လန့်တုန်လှုပ်သွားကြသည်။

ကျင့်ကြံရေးလောကတွင်လိင်တူအတွဲတွေမရှိတာတော့မဟုတ်ပေမယ့်လွန်စွာရှားပါးလှသည်။အထူးသဖြင့်ဝမ်မုခွေဟာတစ်ကျောင်းလုံးရဲ့နံပါတ်တစ်ပါရမီရှင်ဖြစ်သလိုအတော်ဆုံးတပည့်လည်းဖြစ်သည်။လူကလွန်စွာအေးစက်ပေမယ့်သူကအရမ်းချောမောခန့်ညားသည့်အချက်ကိုတော့ငြင်းမရပေ။

လူတိုင်းကတန်ဖေးမင်တစ်ယောက်ဝမ်မုခွေကိုကြိုက်နေမှန်းသိကြပေမယ့်သူတို့နှစ်ဦးဟာအမှန်တကယ်ကြီးတာအိုလက်တွဲဖော်တွေဖြစ်သွားကြမှန်းမည်သူမှမထင်မှတ်ထားခဲ့ကြပေ။

ထိုအကြောင်းကြားသိကြစည့်ကျင့်ကြံသူမိန်းကလေးပေါင်းများစွာ၏ဖန်အသဲနှလုံးတွေမှာတစ်စစီကွဲကြေသွားကြသည်။

မိန်းကလေးတော်တော်များများ၏စိတ်ထဲတွင်ဝမ်မုခွေမှာအိမ်မက်မင်းသားလေးနှင့်တူသလိုလက်လှမ်းမမှီနိုင်သည့်နတ်ဘုရားကဲ့သို့အလားတူ၏။

သို့သော်လည်းယခုအခါတွင်သူမတို့၏နတ်ဘုရားကယောက်ျားလေးတစ်ဦးကိုတာအိုလက်တွဲဖော်အဖြစ်အတည်အတံ့ရွေးချယ်ကြေညာလိုက်သည့်အခါတွင်သူတို့အသည်းမှမကွဲရင်မှထူးဆန်းနေပေလိမ့်မည်ဖြစ်သည်။

ဒီလိုနဲ့သဘောကောင်းသူလေးတန်ဖေးမင်ဟာသူတို့နှစ်ယောက်ပေါင်းဖက်နိုင်သွားသည်မှာဖူဖူဆိုင်ပိုင်ရှင်သူဌေး၏ကျေးဇူးကြောင့်ဟူ၍သတင်းဖြန့်ချလိုက်သည်။

မူလကဖူဖူဆိုင်၏တည်ရှိမှုကိုလျစ်လျူရှု့ထားသူများမှာဆိုင်၏ဖြစ်တည်မှုကိုစတင်စိတ်ဝင်တစားရှိလာကြသည်။

လူချမ်းသာတစ်ချို့ရှောင်ကျန့်ရဲ့ဆိုင်လေးဆီလာရောက်စူးစမ်းဝင်ရောက်သွားရင်းအမြဲတမ်းပျော်ရွှင်တတ်ကြွနေသည့်မျက်နှာ၊ထိတ်လန့်အံ့အားသင့်နေသည့်မျက်နှာ၊မယုံကြည်နိုင်သည့်မျက်နှာထားအမျိုးမျိုးဖြင့်အရောင်အသွေးစုံလင်စွာပြန်ထွက်လာကြသည်။

ပြီ​နောက်ခေါင်းစီးကြီးနှင့်သတင်းတစ်ခုမှာကျောင်းတော်ကြီးအတွင်းသို့အရှိန်အဟုန်ပြင်းစွာရိုက်ခတ်လာ၏။

မည်မျှရှားပါးသည့်ရတနာဖြစ်ပါစေ၊ဘယ်လိုမှအဆင့်တတ်နိုင်ခြင်းမရှိပဲပိတ်ဆို့တားဆီးနေပါစေ၊သေလုနီးပါးရောဂါအမျိုးမျိုးပဲဖြစ်ဖြစ်၊ဖြေဆေးမရှိသည့်အဆိပ်မိထားသည်ပဲဖြစ်ဖြစ်၊သူတို့လိုချင်ဖြစ်ချင်သမျှအရာအားအားလုံးကိုလုံလောက်သည့်ငွေကြေးသာပေးအပ်ပါကမရဟူ၍မရှိပေ။

ဒါကရှေ့ဘက်ရှိဆိုင်းပုဒ်တွင်ရေးထားသည်နှင့်တစ်ထပ်တည်းတူညီသည်။

ပြင်ပလောကမှာငွေနဲ့ရှာဝယ်၍မရသည့်မည်သည့်ပစ္စည်းဥစ္စာကိုမဆိုဖူဖူဆိုင်လေးအတွင်း၌ပေါသောစွာရနိုင်သည်။ ထိုသတင်းမှာလုံးဝမဖြစ်နိုင်ပေမယ့်၎င်းမှာအမှန်တကယ်သာဖြစ်သည်။

ဆိုင်လေးအတွင်းသို့ဝင်သွားကြသည့်မည်သူမဆိုထိုအဖြစ်အပျက်ကိုမငြင်းဆိုကြပေ။

တဖြည်းဖြည်းဖြင့်ဖူဖူဆိုင်လေး၏နာမည်ဂုဏ်သတင်းမှာကျော်ကြားသထက်ကျော်ကြားလာပြီးစွမ်းအားမြင့်အတွင်းစည်းတပည့်၊အပြင်စည်းတည့်နှင့်အစစ်အမှန်တပည့်တွေအပြင်အကြီးအကဲတွေအထိပါလာရောက်ရောင်းဝယ်သည်အထိဖြစ်လာ၏။

ဤသို့ဖြင့်တစ်ခြားသောဆိုင်တွေ၏စီးပွားရေးမှာဖူဖူဆိုင်လေး၏တည်ရှိမှုကြောင့်ဆိုးဝါးသထက်ဆိုးဝါးလာသည်။

တစ်ချို့သောဆိုင်တွေကရှောင်ကျန့်တို့ဆီခဏခဏဆိုသလိုလာရောက်နှောင့်ယှက်ကာဆိုင်ပိတ်သိမ်းသစရန်ကြိုးစားလာကြသည်။ပိုမိုအင်အားကြီးကာစဥ်းစားဥာဏ်ပိုရှိသည့်ဆိုင်ပိုင်ရှင်တွေကတော့ဘာမှမလှုပ်ရှားသေးပဲစောင့်ကြည့်နေကြသည်။

ဒီ'ဖူဖူ'ဆိုသည့်ချစ်စရာနာမည်နှင့်ဆိုင်ဟာအလိုရှိသမျှအရာအားလုံးကိုငွေရှိသ၍အလွယ်တကူထုတ်ပေးနိုင်သည်။ဒီလိုထူးခြားဆန်းကျယ်သည့်ဆိုင်မျိုးကဘယ်လိုလုပ်သာမန်ဆိုင်လေးတစ်ခုဖြစ်နိုင်မှာတဲ့လဲ။

ရှောင်ကျန့်တို့အတွက်တော့ဒီအနှောင့်အယှက်လေးတွေမှာပြဿနာလို့တောင်ပြောမရတဲ့သေးသေးမွှာမွှားကိစ္စလေးတွေဖြစ်ပေမယ့်တစ်ခြားသူတွေကိုစာနာသောအားဖြင့်တစ်နေ့ကိုလူနှစ်ဆယ်သာအရောင်းအဝယ်လက်ခံမည်ဖြစ်ကြောင်းဆိုင်းပုဒ်ရှေ့ချရေးလိုက်သည်။

ကျင့်ကြံရေးလောကမှာငွေရှိတိုင်းဝယ်မရသည့်တန်ဖိုးကြီးအရာတွေများစွာရှိသည်။ထိုသို့သောအရာများကိုတစ်နေရာတည်းမှာတစ်စုတစ်စည်းတည်းရရှိနိုင်သည့်အခါတွင်မည်သူကရောစိတ်မလှုပ်ရှားပဲနေမည်နည်း။ဤကဲ့သို့လူအယောက်နှစ်ဆယ်သို့ရုတ်တရတ်ကြီးကန့်သတ်လိုက်သည့်အခါတွင်လူတိုင်းရုတ်ရုတ်သဲသဲဖြစ်သွားကြသည်မှာမလွဲပေ။

တစ်ခုတော့ကောင်းသွားသည်မှာထိုကန့်သတ်လိုက်သည့်အရာကြောင့်တစ်ခြားသောဆိုင်တွေအသက်ရှုချောင်သွားကြခြင်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ်ဖူဖူဆိုင်လေးရဲ့ဂုဏ်သတင်းကတော့မွှေးကြိုင်နေဆဲဖြစ်ပြီးအကန့်သတ်နှင့်ဝယ်ရခြင်းကြောင့်ပိုမိုတောင်ကျော်ကြားသွားစေသေးသည်။

အရေးကြီးဆုံးကဖူဖူဆိုင်ပိုင်ရှင်နှင့်ဆန့်ကျင်ဘက်စရိုက်​ဖြင့်အလွန်အကျူးချောမောလွန်းသောအမွှာနှစ်ဦးနှင့်အမြဲတစေတံမြက်စည်းလှည်းနေသည့်ဆယ်ကျော်သက်ကောင်ချောလေးတို့ဖြစ်သည်။

ဆိုင်ပိုင်ရှင်ဖူ၏လှပမှုနဲ့အမွှာနှစ်ယောက်၏ပြုစုမှုကြောင့်အမြဲတမ်းဇိမ်ခံနေတတ်ခြင်းမှာလည်းကျောင်းသားတွေကြားထင်ရှားသည်။

ဇာတ်လိုက်လဲ့ချင်းယန်ဆိုရင်အားနေတံမြက်စည်းလှည်းနေတာချည်းတွေ့နေရတာကြောင့်'တံမြက်စည်းညီလေး'ဟူ၍ကျင့်ကြံသူကျောင်းသားတွေကြားထဲတွင်နာမည်ကြီးသည်။

ကျင့်ကြံသူမိန်းကလေးတွေဆိုရင်ဇာတ်လိုက်ကို'တံမြတ်စည်းလေး'ဒါမှမဟုတ်'တံမြက်စည်းကိုကို'ဟုစနောက်၍ခေါ်သည်ကရှိသေး၏။

မည်သို့ပင်ဆိုစေကျင့်ကြံသူမိန်းကလေးတွေဟာလှပတဲ့ဆိုင်ပိုင်ရှင်နဲ့အမွှာနှစ်ယောက်ကိုတော့မစနောက်ရဲပါချေ။အမွှာနှစ်ယောက်ကိုတော့သူတို့ဟာသေလုအောင်ကြောက်လန့်ကြပြီးနှစ်ယောက်လုံးရဲ့အသည်းအသက်လေးဆိုင်ပိုင်ရှင်ကိုတော့မျက်စောင်းလေးနဲ့တောင်ကြည့်ဖို့မရဲကြပေ။

ဖူဖူဆိုင်လေးရဲ့နာမည်ဂုဏ်သတင်းမှကြီးကျယ်သထက်ကြီးကျယ်လာပြီးစွမ်းအားကြီးအကြီးအကဲတွေတောင်မှာကျောင်းသားတွေနဲ့အပြိုင်ဝယ်ယူနိုင်ဖို့အရေးလုယက်လာကြသည်အထိကိုဖြစ်လာ၏။

နောက်ဆုံးဖူဖူဆိုင်အတွင်းဝယ်ယူခွင့်နေရာအားလေလံတင်ရောင်းချသည်အထိကိုအခြေအနေမှာပြင်းထန်လာသည်။

ရှောင်ကျန့်ကတော့ဘယ်လိုပဲဖြစ်ဖြစ်အေးချမ်းဇိမ်ကျနေဆဲသာဖြစ်သည်။ရေသူဘုရင်ဖူလင်းတွင်မရေတွက်နိုင်သည့်တန်ဖိုးကြီးရတနာပေါင်းများစွာရှိသည်။ဒါပေမယ့်ယခုတစ်ခြားသူတွေဝယ်ယူသမျှအရာတိုင်းဟာသူ့ဆီကမဟုတ်ပေ။

၎င်းမှာထူးခြားဆန်းကြယ်သည့်ချင်းမျိုးရိုးအမွှာနှစ်ယောက်ဆီကဖြစ်ပြီးအရာအားလုံးကိုနှမြောတွန့်တိုမှုတစ်စက်ကလေးမှမရှိစွာဖြင့်ရှောင်ကျန့်ဆီအကုန်အပ်သည်။

ရှောင်ကျန့်ကလည်းကိုယ့်ယောက်ျားတွေပစ္စည်း၊ကိုယ့်ပစ္စည်းဟူ၍စိတ်နှလုံးသွင်း၍အကုန်ရောင်းထုတ်သည်။

အမွှာနှစ်ယောက်က၎င်းကိုလုံးဝစိတ်မဆိုးသည့်အပြင်တစ်ရက်တစ်ခါဘယ်ကထွက်လာမှန်းမသိ​ေသာတန်ဖိုးဖြတ်မရသည့်ရတနာတွေမှာသူ့အိတ်ကပ်ထဲခဏခဏအကုန်ဝင်သည်။

တစ်နေ့၌ရှောင်ကျန့်မထင်မှတ်ထားသည့်လူတစ်ယောက်ဟာဖူဖူဆိုင်လေးဆီသို့ရောက်ရှိလာသည်။

ထိုသူမှာတစ်ခြားတော့မဟုတ်။ချင်းယွမ်မူအိပ်စက်ရာဂူဗိမ္မာန်ဆီသို့သွားရာတောအုပ်လမ်းတွင်တွေ့ဆုံခဲ့သည့်နံပါတ်*၁*ဇာတ်လိုက်မ'လုလု'ဖြစ်သည်။

မှန်၏။ဇာတ်လိုက်မလုလုဟာလည်းနဂါးနဲ့ဖီးနစ်ကျောင်းတော်ကြီးဆီသို့ဝင်ရောက်လာသည်။

သူမကိုယ်တိုင်လည်းရှောင်ကျန့်တို့ကိုမြင်သည့်အခါလွန်စွာအံဩသွားခဲ့သည်။သူမ၏မျက်နှာမှာသာမန်ရွက်ကြမ်းရေကြိုအဖြစ်ရုပ်ဖျက်ထားဆဲသာဖြစ်ပြီးရှောင်ကျန့်ကိုနှုတ်ဆတ်လာသည်။

မထင်မှတ်ထားစွာပင်ဇာတ်လိုက်မလုလုဟာတန်ဖေးမင်ကဲ့သို့အကြံဥာဏ်တစ်ချို့အားဝယ်ယူခြင်းဖြစ်သည်။

သူမပြောသည်။

"ကျွန်မတစ်စုံတစ်ယောက်ကိုသဘောကျနေမိတာ....ဒါပေမယ့်သူမကမိန်းကလေးတစ်ယောက်လည်းဖြစ်နေတဲ့အပြင်စွမ်းအားမြင့်အကြီးအကဲတစ်ယောက်လည်းဖြစ်နေတယ်.....သူမဘယ်သူပဲဖြစ်ဖြစ်ကျွန်မသူ့ကိုချစ်တယ်.....ဒါ....ဒါကိုကူညီပေးလို့ရနိုင်မလား...."

လုလုရဲ့နောက်ဆုံးအသံလေးမှာတိုးဝင်သွားပြီးမျက်နှာလေးရဲတတ်သွားသည်။

ရှောင်ကျန့် : "....."

ငါဘာကြားလိုက်တာ.....

ဇာတ်လိုက်မကမိန်းကလေးတစ်ယောက်ကိုချစ်နေတာတဲ့.....

ေရှာင်ကျန့်ဟာပါးစပ်အဟောင်းသားဖြင့်ဆွံ့အ,စွာခဏမျှကြောင်နေမိရင်းဘာရယ်မဟုတ်တံမြက်စည်းလှည်းနေတဲ့ဇာတ်လိုက်လဲ့ချင်းယန်ကိုအသိမသာလှည့်ကြည့်မိသွားသည်။

ယခုအချိန်တွင်ရှောင်ကျန့်စိတ်ထဲစကားတစ်ခွန်းတည်းသာပြည့်နှက်နေ၏။

ငါ့သား.....မင်းတော့'ရှ'ပြီ.....

လဲ့ချင်းယန်ဟာသူ့အဖေသူ့ကိုကြည့်နေသည်အားမြင်သည့်အခါဘာမှမသိနားမလည်စွာအူကြောင်ကြောင်မျက်နှာဖြင့်ပြုံးပြလိုက်သည်။

ဘယ်လိုပဲသူ့သားအတွက်စိတ်မကောင်းဖြစ်နေပါစေ။သူလုပ်စရာရှိတာဆက်လုပ်သည်။

မူလဘဝမှာနာမည်ကြီးအတွေ့အကြုံရှိစာရေးဆရာတစ်ယောက်အနေနဲ့များပြားလှစွာသောအချစ်ဇာတ်လမ်းတွေကိုလွန်စွာရင်းနှီးကြွမ်းဝင်သည်။

ကျင့်ကြံခြင်းကလွဲ၍ဘာဆိုဘာမှမသိကြသည့်ကျင့်ကြံရေးလောကကြီးတွင်ရှောင်ကျန့်ရဲ့အကြံဥာဏ်တွေမှာအလွန်အဖိုးထိုက်တန်လှသည်။သူ့ရဲ့အကြံပေးစကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့တင်ဇာတ်လိုက်မလုလု၏မျက်လုံးတစ်စုံအားတောက်ပသွားစေသည်။

ဤသို့နှင့်စီးပွားရေးကိစ္စဖြင့်အတူဇိမ်ကျစွာလည်ပတ်နေရင်းရှောင်ကျန့်တို့အဖွဲ့နဂါးနဲ့ဖီးနစ်ကျောင်းတော်ကိုရောက်သည်မှာတစ်နှစ်ခန့်ကြာမြင့်သွားပြီဖြစ်သည်။

ဒီတစ်နှစ်အတောအတွင်းရှောင်​ကျန့်နဲ့အမွှာနှစ်ယောက်၏ဆက်ဆံရေးမှာလုံးဝနောက်တစ်ဆင့်သို့တိုးတတ်သွားခဲ့၏။အားနေသူ့ကိုလုနေတတ်သည့်အမွှာနှစ်ယောက်၏အကျင့်ဆိုးကိုတော့ယခုထက်ထိဖယ်ရှားမရသေးပေ။ထိုအချိန်တွေအတွင်းမှာပဲရှောင်ကျန့်ကျေးဇူးကြောင့်ဇာတ်လိုက်ရဲ့ကျင့်ကြံဆင့်တွေမှာဒုံးချည်ထက်လျှင်မြန်စွာဖြင့်ခုန်ပေါက်တိုးတတ်ကုန်သည်။

ရှောင်ကျန့်ရဲ့စီးပွားရေးလုပ်ငန်းမှာလည်းတဖြည်းဖြည်းတွင်ကျယ်လာရင်းတစ်နေ့ကိုလူအယောက်ငါးဆယ်သာရောင်းဝယ်မည်ဟုထပ်တိုးအမိန့်ထုတ်လိုက်ရသည်။

ဒါပေမယ့်ထိုဝယ်ယူခွင့်ကိုထောင်သောင်းချီတဲ့ကျင့်ကြံသူအပေါင်းဟာလုယူနေကြဆဲသာဖြစ်သည်။

ဒီလိုနဲ့ကျောင်းပေါင်းစုံသိုင်းပြိုင်ပွဲကျင်းပမည့်နေ့သို့ကျရောက်လာသည်။၎င်းမှာထိပ်တန်းကျောင်းတော်ကြီးလေးခုအလှည့်ကျဦးဆောင်၍တစ်ခြားသောပထမတန်းစားကျင့်ကြံရေးကျောင်းတော်​ရာချီကိုဖိတ်ခေါ်၍ကျင့်ကြံသူကျောင်းသားတွေအချင်းချင်းကျောင်းဂုဏ်ဆောင်၍ယှဥ်ပြိုင်တိုက်ခိုက်စေခြင်းဖြစ်သည်။

ထိုသိုင်းပြိုင်ပွဲကြီးကိုနှစ်ပေါင်း၁၀၀မှာတစ်ကြိမ်ကျင်းပပြီး၎င်းကကျောင်းတော်ကြီးလေးခုနဲ့တစ်ခြားသောပထမတန်းစားကျောင်းတော်ပေါင်းများစွာကိုအဆင့်သတ်မှတ်ပေးသည်။

သိုင်းပြိုင်ပွဲနေ့.....

ထိုနေ့တွင်နဂါးနဲ့ဖီးနစ်ကျောင်းတော်ကြီးအတွင်းကျောင်းသားကျောင်းသူအပေါင်းဆူညံပွက်လောရိုက်နေကြသည်။ဒီနှစ်သိုင်းပြိုင်ပွဲကိုနဂါးနဲ့ဖီးနစ်ကျောင်းတော်ကဦးဆောင်ကျင်းပရမည်ဖြစ်တာကြောင့်ကျင့်ကြံသူကျောင်းသားတွေဟာရင်ခုန်စိတ်လှုပ်ရှားနေကြသည်။လူတိုင်း၏မျက်လုံးအတွင်းရှိစိတ်အားထက်သန်မှုနှင့်ကိုယ့်ကိုယ်ကိုယုံကြည်မှုများကိုအလွယ်တကူမြင်တွေ့နေရသည်။

________________________________________________________________

Zawgyi

တစ္လေလာက္ၾကာသည့္အခါတြင္တန္ေဖးမင္ဟာေရွာင္က်န့္ရဲ႕ဆိုင္ေလးဆီျပန္လည္ေရာက္ရွိလာသည္။

တစ္ခုကြာျခားသြားသည္ကသူ႕ေဘးတြင္ေအးတိေအးစက္မ်က္ႏွာႏွင့္အေတာ္ေလးေခ်ာေမာခန့္ညားသည့္လူငယ္တစ္ဦးပါ,ပါရွိလာျခင္းျဖစ္သည္။ထိုလူငယ္ရဲ႕မ်က္ႏွာဟာအမူအရာမဲ့ေနေပမယ့္တန္ေဖးမင္ရဲ႕ေသးေသးသြယ္သြယ္လက္ဖဝါးေလးကိုေတာ့ႏူးညံ့စြာဆုပ္ကိုင္ထားသည္။

တန္ေဖးမင္၏မ်က္ႏွာေလးၾကည့္ရသည္မွာလြန္စြာေပ်ာ္႐ႊင္တတ္ႂကြေနပုံရ၏။

"သူေဌး!!"

တန္ေဖးမင္ဟာအႏွီးေခ်ာေမာတဲ့ေအးတိေအးစက္လူငယ္ေလးအားဆြဲေခၚလ်က္ဆိုင္အတြင္းသို႔ေပ်ာ္႐ႊင္စြာေျပးဝင္လာသည္။

ထိုအခ်ိန္ေလးတြင္ေရွာင္က်န့္ကဇိမ္ခံထိုင္ခုံေပၚတြင္ေက်ာမွီလ်က္သက္ေတာင့္သက္သာထိုင္ကာစာဖတ္ေနတာျဖစ္ၿပီးတန္ေဖးမင္၏က်ယ္ေလာင္သည့္အသံေလးကိုၾကားသည့္အခါတြင္သူ႕မွာလန့္ျဖန့္သြားရသည္။

ခ်င္းမ်ိဳးရိုးအမႊာႏွစ္ေယာက္မွာထုံးစံအတိုင္းေရွာင္က်န့္အနားေလး၌ပင္ၿငိမ္ၿငိမ္သက္သက္ထိုင္ေနၾကၿပီးသူတို႔ႏွစ္ဦး၏လက္တစ္ဖက္ဆီမွာေတာ့ယပ္ေတာင္တစ္ေခ်ာင္းစီကိုယ္စီရွိေနၾကသည္။ေဘးနားရွိခုံေပၚတြင္လည္းထုံးစံအတိုင္းလတ္လတ္ဆတ္ဆတ္စိတ္ဝိဥာဥ္အသီးမ်ိဳးစုံရွိေနေလသည္။

ေရွာင္က်န့္အနည္းငယ္လန့္သြားသည္ကိုျမင္သည့္အခါတြင္ေက်ေက်နပ္နပ္ႀကီးေရွာင္က်န့္ကိုထိုင္ငမ္းလ်က္ယပ္ခတ္ေပးေနသူအမႊာႏွစ္ေယာက္ဟာတန္ေဖးမင္ကိုသတိေပးသည့္ခပ္စူးစူးအၾကည့္တစ္ခ်က္ေပးလိုက္ၾကသည္။

ထိုအခါမွတန္ေဖးမင္ဟာသူနည္းနည္းအေလာႀကီးသြားမွန္းသိ၍ရွက္ကိုးရွက္ကန္းပါးေလးကိုကုပ္လိုက္သည္။

"အဟမ္း....သူေဌး...တံျမက္စည္းညီေလးေရာမေတြ႕မိပါလား....."

အရွက္ေျပအေနနဲ႕တန္ေဖးမင္ဟာပါးစပ္ထဲေတြ႕ကရာေျပာခ်လိဳက္မိသည္။

"....."

တံျမက္စည္းညီေလးကဘယ္သူႀကီးတုန္း.....

ရှောင်ကျန့်ရဲ့အူကြောင်ကြောင်မျက်နှာလေးကိုမြင်သည့်အခါတွင်တန်ဖေးမင်ဟာသူ့စကားအဓိပ္ပါယ်သူနားလည်သွားပြီးသူ့မျက်နှာလေးမှာရှက်ရွံ့မှုကြောင့်ပန်းသီးလုံးလေးကဲ့သို့ရဲကနဲဖြစ်သွားလေသည်။

"ဟို....သူေဌးရဲ႕ဆိုင္ကိုကြၽန္ေတာ္ေရာက္ကာစအခ်ိန္တုန္းကတံျမက္စည္းလွည္းေနတဲ့က်င့္ႀကံသူညီေလးကိုေျပာတာ....."

ေရွာင္က်န့္ : "....."

ေရွာင္က်န့္ဟာပါးစပ္ေလးအေဟာင္းျဖင့္သူ႕ရဲ႕တစ္ဦးတည္းေသာေဖာက္သည္ကိုၾကည့္လိုက္မိသည္။

ဒီလိုနဲ႕'တံျမက္စည္းဘြဲ႕ခံ'က်င့္ႀကံသူျဖစ္သြားရရွာသည့္လဲ့ခ်င္းယန္သာၾကားရင္တိုက္ပြဲေတြျဖစ္ကုန္ေတာ့မွာေသခ်ာသည္။

"ခ်င္းယန္ကေဆးေဖာ္စပ္ျခင္းစာသင္ေဆာင္ကိုသြားတယ္...."

တန္ေဖးမင္ဟာကို႔ယို႔ကားယားတစ္ခ်က္ၿပဳံးလိုက္ရင္းသူ႕အေနာက္မွာရပ္ေနတဲ့ေအးတိေအးစက္လူငယ္ေလးအားဆိုင္ထဲကခဏမွ်ထြက္သြားဖို႔ရန္ေတာင္းဆိုလိုက္သည္။ေအးတိေအးစက္ျဖင့္ေခ်ာေမာတဲ့လူငယ္ေလးဟာတုန့္ဆိုင္းသြားေပမယ့္ေခါင္းျငႇိမ့္ကာနာနာခံခံျဖင့္ဆိုင္ထဲကထြက္သြား၏။

"သူကဝမ္မုေခြလား..."

တစ္ဖက္လူငယ္ထြက္သြားသည္ႏွင့္ေရွာင္က်န့္ရဲ႕ပ်င္းရိပ်င္းတြဲပုံစံမွာခ်က္ခ်င္းေပ်ာက္ကြယ္သြားၿပီးတန္ေဖးမင္အားစိတ္ဝင္တစားေမးျမန္းလိုက္သည္။

တန္ေဖးမင္ဟာၿပဳံး႐ႊင္စြာပင္ေခါင္းျငႇိမ့္ျပသည္။

"ဘယ္လိုလဲ....ငါေပးတဲ့အႀကံအလုပ္ျဖစ္တယ္မလား...."

"တကယ္ႀကီးအလုပ္ျဖစ္တယ္သူေဌး.....အခုဆိုကြၽန္ေတာ္တို႔ႏွစ္ေယာက္တာအိုလက္တြဲေဖာ္ေတြျဖစ္သြားၾကၿပီ....."

"ဝိုး....ဂုဏ္ယူပါတယ္...."

"ဟီး....ဒါသူေဌးရဲ႕ေက်းဇူးေၾကာင့္ပါဗ်ာ"

တန္ေဖးမင္ဟာအရွက္သည္းေနတဲ့မိန္းမပ်ိဳေလးတစ္ေယာက္လိုမ်ိဳးသူ႕မ်က္ႏွာရဲရဲေလးကိုအုပ္ကိုင္၍ၿပဳံး႐ႊင္စြာဆိုသည္။

အရာအားလုံးကိုေနာက္ျပန္ဆုတ္ၿပီးေျပာရရင္.....

လြန္ခဲ့တဲ့တစ္လေလာက္ကတန္ေဖးမင္ဟာေရွာင္က်န့္အႀကံေပးတဲ့အတိုင္းစတင္လုပ္ေဆာင္ရာကေနစသည္။

တန္ေဖးမင္ဟာႏွစ္ေပါင္းမ်ားစြာၾကာေအာင္ဝမ္မုေခြကိုတစ္ဖက္သပ္ခ်စ္လာခဲ့တာျဖစ္သည္။ေယဘုယ်အားျဖင့္သူခ်စ္သည့္လူကိုဟိုးအရင္ခ်ိန္ေတြတည္းကပူညံပူညံလုပ္ၿပီးအခ်ိန္တိုင္းအေသးစိတ္ဂ႐ုစိုက္ေပးကာလိုက္ကပ္ေနက်ျဖစ္သည္မွာေျပာစရာမလိုေပ။

သူကမိန္းမအဝတ္အစားလွလွေလးေတြကိုသေဘာက်ေပမယ့္သူ႕တြင္ေယာက္်ားတစ္ေယာက္၏မာနလည္းရွိသလိုတစ္ျခားေယာက္်ားတစ္ေယာက္ကိုအတင္းအၾကပ္လိုက္ကပ္ေနသည္ကဂုဏ္သိကၡာအလူးအလဲက်ဆင္းေစသည္။

ေရွာင္က်န့္ကအရင္ဦးစြာတန္ေဖးမင္အားဝမ္မုေခြကိုအရင္ခ်ိန္ေတြကအတိုင္းလိုက္ကပ္ခိုင္းသည္။ဒါေပမယ့္အရင္ခ်ိန္ေတြလိုသိပ္ၿပီးေထြေထြထူးထူးပူညံပူညံလုပ္မေနေတာ့ပဲတစ္ဖက္လူလုပ္ေဆာင္ေနသည့္အရာေတြကိုအေသးစိတ္ကအစလိုက္လံကူညီေပးေစသည်။

တစ္ေန႕ကိုဆယ္ႀကိမ္ေလာက္ေတာ့'ငါ့ကိုခ်စ္လား'ဟူ၍ေမးျမန္းသည္။ဝမ္မုေခြဟာပထမေန႕ေတြ၌ေတာ့အေတာ္ေလးစိတ္အႏွောက္အယွက္ျဖစ္ကာေဒါသထြက္မည္ကေတာ့ေသခ်ာသည္။

သို႔ေသာ္လည္းႏွစ္ပတ္ေလာက္ၾကာျမင့္သြားသည့္အခါတြင္ဝမ္မုေခြဟာတန္ေဖးမင္ရဲ႕လုပ္ရပ္ေတြနဲ႕တျဖည္းျဖည္းေနသားက်လာေပလိမ့္မည္။အရင္ကေလာက္ေဒါသထြက္စိတ္တိုျခင္းမရွိေတာ့သလိုပုံမွန္အရာတစ္ခုလိုသတ္မွတ္လိုက္သည့္အခ်ိန္ေလးတြင္တန္ေဖးမင္ဟာ႐ုတ္တရက္ႀကီးသူ႕ဆီလာေရာက္ျခင္းမရွိေတာ့ေပ။

ပထမေန႕ေတြ၌ဝမ္မုေခြဟာတန္ေဖးမင္မရွိေတာ့သည့္အတြက္ေသခ်ာေပါက္ေက်နပ္ေနေလသည္။သူ႕ကိုႏွောင့္ယွက္မည့္လူမရွိေတာ့တာေၾကာင့္ေအးေအးေဆးေဆးက်င့္ႀကံနိုင္ၿပီဟူ၍ေပ်ာ္ေတာင္ေပ်ာ္ေနေသးသည္။

တစ္ရက္ႏွစ္ရက္ေလာက္ကေတာ့ဘာမွမခံစားရေပမယ့္သုံးရက္ေလာက္ၾကာသည့္အခါတြင္သူ႕ဘဝႀကီးကတစ္ခုခုလစ္ဟာေျခာက္ကပ္ေနသလိုခံစားရသည္။သူ႕ေဝရာဝစၥေတြကိုမခိုင္းပဲနဲ႕တစ္ဖက္သပ္အ႐ူးေလးတစ္ေယာက္လိုလိုက္လုပ္ေပးေနက်သဴမရွိေတာ့သည့္အခါစိတ္ထဲတစ္မ်ိဳးႀကီးျဖစ္လာသည္။

တစ္ဖက္လူ၏ေျခရာလက္ရာရွိေနက်ပစၥည္းေတြအရာေတြအားလုံးကိုျမင္သည့္အခါတိုင္းတန္ေဖးမင္ကိုသာျမင္ေယာင္ေနေပလိမ့္မည္။တစ္ရက္ၿပီးတစ္ရက္ေက်ာ္လြန္လာၿပီးေနာက္သူ႕ရဲ႕အေျခအေနမွာပိုမိုဆိုးဝါးလာၿပီးတန္ေဖးမင္ဘာလုပ္ေနလဲဆိုတာျပင္းျပင္းထန္ထန္သိခ်င္လာသည္။ျမင္ေတြ႕ခ်င္လာသည္။

ၿပီးေတာ့တိတ္ဆိတ္ေနတဲ့သူ႕ပတ္ဝန္းက်င္မွာအခ်ိန္တိုင္းသူၾကားေနက်'ငါ့ကိုခ်စ္လား'ဟူ၍ေမးျမန္းသံေသးေသးေလးအားလြမ္းဆြတ္လာ၏။

ဤသို႔ျဖင့္အ႐ူးတစ္ေယာက္လိုဂဏာမၿငိမ္ျဖစ္လာသည့္ဝမ္မုေခြဟာဒီရက္ေတြအတြင္းေပ်ာက္ေနသည့္တန္ေဖးမင္ကိုခိုးေၾကာင္ခိုးဝွက္လာရွာသည္။

ထိုအခ်ိန္ေလးတြင္တန္ေဖးမင္လုပ္ရန္လိုအပ္သည္ကေခ်ာေမာသည့္သူစိမ္းေယာက္်ားေလးတစ္ေယာက္ႏွင့္'သူငယ္ခ်င္းေတြကဲ့သို႔'ရင္းရင္းႏွီးႏွွီးေနျပလိုက္႐ုံသာျဖစ္သည္။

တန္ေဖးမင္ကေယာက္်ားေလးေတြကိုသာႀကိဳက္မွန္းလူတိုင္းသိၾကသည္။သူကတစ္ျခားေယာက္်ားတစ္ေယာက္ႏွင့္မိတ္ေဆြသူငယ္ခ်င္းေတြလိုသာရိုးရိုးသားသားေနျပရင္ေတာင္တစ္ျခားသူေတြကပုံမွန္အတိုင္းေတြးၾကမွာမဟုတ္ေပ။

အမွန္ေတာ့ဝမ္မုေခြကိုယ္တိုင္လည္းထိုသို႔သာစဥ္းစားမိသည္။

တန္ေဖးမင္ကိုတစ္ျခားေယာက္်ားတစ္ေယာက္ႏွင့္တဲဲမင္ေတြ႕လိုက္ရသည့္အခါတြင္ဒီရက္ေတြအတြင္းသူမ်ိဳသိပ္ထားခဲ့သမွ်ေပါက္ကြဲထြက္လာၿပီးမနာလိုစိတ္ေၾကာင့္အ႐ူးတစ္ေယာက္ကဲ့သို႔ျဖစ္သြား၏။

တန္ေဖးမင္ကသူ႕ကိုမခ်စ္ေတာ့ဘူး။

တန္ေဖးမင္ကသူ႕ကိုထားသြားၿပီ။

တန္ေဖးမင္ကသူ႕ကိုမေတြ႕ခ်င္ေတာ့ဘူး။

တန္ေဖးမင္က...ဘလာ...ဘလာ...ဘလာ........ေက်ာ္ခ်။

ဝမ္မုေခြအေနနဲ႕တန္ေဖးမင္တစ္ျခားသူတစ္ေယာက္၏ရင္ခြင္ထဲတြင္ခ်စ္ခင္ျမတ္နိုးသည့္မ်က္လုံးေလးေတြနဲ႕ၾကည့္ေနမွာကိုမလိုလားပါေခ်။သူ႕ကိုေျပာခဲ့သည့္'ငါ့ကိုခ်စ္လား'ဆိုသည့္စကားေလးအားသူမဟုတ္သည့္တစ္ျခားသူအားလက္ဆင့္ကမ္းလိုက္မည္အားမျမင္ခ်င္ခဲ့သည္မွာေသခ်ာ၏။

ဤသို႔ျဖင့္စိတ္ခံစားခ်က္ေတြေပါက္ကြဲထြက္လာသည့္ဝမ္မုေခြဟာတန္ေဖးမင္ကိုခပ္တည္တည္ျဖင့္ျပန္ေပးဆြဲလ်က္အပိုင္သိမ္းျပစ္လိုက္ေလေတာ့သည္။

အရာအားလုံးလြန္က်ဴးၿပီးသြားသည့္အခါတြင္ႏွစ္ဦးသား၏ခံစားခ်က္ေတြအားလုံးမွာထိန္းမနိုင္သိမ္းမရထြက္ေပၚလာၿပီးအခ်င္းခ်င္းဖြင့္ဟဝန္ခံႀကံ႐ုံသာတတ္နိုင္ခဲ့သည္။

အမွန္တိုင္းေျပာရရင္ဒီျဖစ္စဥ္တစ္ခုလုံးမွာ၂၁ရာစုမွာျမင္ေနေတြ႕ေနက်ေခြးေသြးဒရမ္မာေတြနဲ႕တူညီလွသည္။

အရင္ဆုံးမင္းသမီးကမင္းသားကိုတစ္ဖက္သက္ႀကိဳက္။မင္းသားကအတင္းျငင္း။မင္းသမီးကအသည္းကြဲေၾကခံစား။မင္းသမီးကလက္ေလ်ာ့။မင္းသားကထေဖာက္။ပုန္းကြယ္ေနသည့္စိတ္ခံစားခ်က္ေတြေပၚထြက္။မင္းသမီးရဲ႕တန္ဖိုးကိုနားလည္လာ။မင္းသမီးကိုျပန္လိုက္။ႏွစ္ေယာက္ႀကိဳက္။ေနာက္ဆုံးညား။

ဒါေပမယ့္တစ္ခုကြဲျပားသြားသည္ကဝမ္မုေခြဟာမနာလိုျဖစ္သြားတာနဲ႕တစ္ၿပိဳင္နက္ခ်က္ခ်င္းကိုဆြဲစားလိုက္ျခင္းျဖစ္သည္။

ေအာ္.....အေတာ္ေလးလည္းတရားက်ဖိဳ႕ေကာင္းတာပါလား.....

မႀကိဳက္ေတာ့လည္းမႀကိဳက္လို႔.....ႀကိဳက္မယ့္ႀကိဳက္ေတာ့လည္းဇြတ္straightႀကီးကခ်က္ခ်င္းကိုအတင္းအၾကပ္ေတြဆြဲဆတ္လုပ္ခ်လိဳက္ေတာ့တာပဲ.....

တန္ေဖးမင္ကေတာ့အေတာ္ေလးေက်နပ္ေနေလသည္။သူကဝမ္မုေခြအားခ်စ္ခဲ့တာႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီျဖစ္တာေၾကာင့္ယခုလိုသူ႕ကိုလက္ခံၿပီးသည္းသည္းလႈပ္ခ်စ္ခင္သည့္ဟန္ျဖင့္ျပန္လည္တုံ႕ျပန္လာသည့္အခါတြင္သူႏွိုင္းမျပတတ္ေလာက္ေအာင္ေပ်ာ္႐ႊင္ရသည္။

ဒါေပမယ့္ေရွာင္က်န့္ကေတာ့နားလည္သည္။ဒါကသူလမ္းၫႊန္ေပးလိုက္သည့္အႀကံဥာဏ္ေၾကာင့္ဟုေျပာ၍ရေသာ္လည္းဝမ္မုေခြသာတန္ေဖးမင္ကိုဟိုးအရင္ခ်ိန္ေတြကတည္းကခံစားခ်က္မရွိခဲ့ရင္ဤကဲ့သို႔ျဖစ္မလာနိုင္ေခ်။

ျဖစ္နိုင္သည္ကဝမ္မုေခြမွာတစ္ဖက္လူရဲ႕တည္ရွိမႈကိုေနသားက်ေနက်ျဖစ္သလိုသူ႕ကိုယ္ပိုင္ခံစားခ်က္ေတြကိုသူကိုယ္တိုင္နားမလည္ခဲ့ျခင္းသာျဖစ္သည္။

"သူေဌးရဲ႕အႀကံဥာဏ္ေတြကတကယ့္ကိုအဖိုးထိုက္တန္တာပဲဗ်ာ....ကြၽန္ေတာ္ေက်းဇူးတင္လြန္းလို႔ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး...."

တန္ေဖးမင္ဟာေျပာရင္းဆိုရင္းျဖင့္ျမင့္ျမတ္ေက်ာက္တုံးတစ္ခ်ိဳ႕အားထုတ္ယူလိုက္သည္။

၎မွာထိပ္တန္းအဆင့္ျမင့္ျမတ္ေက်ာက္တုံးျဖစ္ၿပီးက်င့္ႀကံသူတိုင္းအတြက္တန္ဖိုးျဖတ္မရနိုင္ေလာက္ေအာင္တန္ဖိုးႀကီးလွသည္။

"ဒါကိုကြၽန္ေတာ္ေက်းဇူးတစ္စိတ္တစ္ပိုင္းဆပ္တယ္လို႔သာသေဘာထားေပးပါ.....ေနာက္ပိုင္းအကူအညီလိုရင္ကြၽန္ေတာ္အေကာင္းဆုံးကူညီေပးပါ့မယ္...."

ေရွာင္က်န့္ဟာမူမေနေတာ့ပဲတန္ေဖးမင္ေပးတဲ့ထိပ္တန္းျမင့္ျမတ္ေက်ာက္တုံးတစ္ဒါဇင္ေက်ာ္ေလာက္ကိုဆြဲယူလိုက္သည္။

ဟီး...ဟီး.....သူ႕ရဲ႕ဆိုင္စီးပြားေရးေလးကတကယ္မဆိုးပါလား.....

တန္ေဖးမင္၏အခ်စ္ေရးျပႆနာေျပလည္သြားၿပီးေနာက္တြင္ေက်ာင္းသားေတြနဲ႕အႀကီးအကဲေတြအားလုံးဟာလုံးဝထိတ္လန့္တုန္လႈပ္သြားၾကသည္။

က်င့္ႀကံေရးေလာကတြင္လိင္တူအတြဲေတြမရွိတာေတာ့မဟုတ္ေပမယ့္လြန္စြာရွားပါးလွသည္။အထူးသျဖင့္ဝမ္မုေခြဟာတစ္ေက်ာင္းလုံးရဲ႕နံပါတ္တစ္ပါရမီရွင္ျဖစ္သလိုအေတာ္ဆုံးတပည့္လည္းျဖစ္သည္။လူကလြန္စြာေအးစက္ေပမယ့္သူကအရမ္းေခ်ာေမာခန့္ညားသည့္အခ်က္ကိုေတာ့ျငင္းမရေပ။

လူတိုင္းကတန္ေဖးမင္တစ္ေယာက္ဝမ္မုေခြကိုႀကိဳက္ေနမွန္းသိၾကေပမယ့္သူတို႔ႏွစ္ဦးဟာအမွန္တကယ္ႀကီးတာအိုလက္တြဲေဖာ္ေတြျဖစ္သြားၾကမွန္းမည္သူမွမထင္မွတ္ထားခဲ့ၾကေပ။

ထိုအေၾကာင္းၾကားသိၾကစည့္က်င့္ႀကံသူမိန္းကေလးေပါင္းမ်ားစြာ၏ဖန္အသဲႏွလုံးေတြမွာတစ္စစီကြဲေၾကသြားၾကသည္။

မိန္းကေလးေတာ္ေတာ္မ်ားမ်ား၏စိတ္ထဲတြင္ဝမ္မုေခြမွာအိမ္မက္မင္းသားေလးႏွင့္တူသလိုလက္လွမ္းမမွီနိုင္သည့္နတ္ဘုရားကဲ့သို႔အလားတူ၏။

သို႔ေသာ္လည္းယခုအခါတြင္သူမတို႔၏နတ္ဘုရားကေယာက္်ားေလးတစ္ဦးကိုတာအိုလက္တြဲေဖာ္အျဖစ္အတည္အတံ့ေ႐ြးခ်ယ္ေၾကညာလိုက္သည့္အခါတြင္သူတို႔အသည္းမွမကြဲရင္မွထူးဆန္းေနေပလိမ့္မည္ျဖစ္သည္။

ဒီလိုနဲ႕သေဘာေကာင္းသူေလးတန္ေဖးမင္ဟာသူတို႔ႏွစ္ေယာက္ေပါင္းဖက္နိုင္သြားသည္မွာဖူဖူဆိုင္ပိုင္ရွင္သူေဌး၏ေက်းဇူးေၾကာင့္ဟူ၍သတင္းျဖန့္ခ်လိဳက္သည္။

မူလကဖူဖူဆိုင္၏တည္ရွိမႈကိုလ်စ္လ်ဴရႈ႕ထားသူမ်ားမွာဆိုင္၏ျဖစ္တည္မႈကိုစတင္စိတ္ဝင္တစားရွိလာၾကသည္။

လူခ်မ္းသာတစ္ခ်ိဳ႕ေရွာင္က်န့္ရဲ႕ဆိုင္ေလးဆီလာေရာက္စူးစမ္းဝင္ေရာက္သြားရင္းအၿမဲတမ္းေပ်ာ္႐ႊင္တတ္ႂကြေနသည့္မ်က္ႏွာ၊ထိတ္လန့္အံ့အားသင့္ေနသည့္မ်က္ႏွာ၊မယုံၾကည္နိုင္သည့္မ်က္ႏွာထားအမ်ိဳးမ်ိဳးျဖင့္အေရာင္အေသြးစုံလင္စြာျပန္ထြက္လာၾကသည္။

ၿပီေနာက္ေခါင္းစီးႀကီးႏွင့္သတင္းတစ္ခုမွာေက်ာင္းေတာ္ႀကီးအတြင္းသို႔အရွိန္အဟုန္ျပင္းစြာရိုက္ခတ္လာ၏။

မည္မွ်ရွားပါးသည့္ရတနာျဖစ္ပါေစ၊ဘယ္လိုမွအဆင့္တတ္နိုင္ျခင္းမရွိပဲပိတ္ဆို႔တားဆီးေနပါေစ၊ေသလုနီးပါးေရာဂါအမ်ိဳးမ်ိဳးပဲျဖစ္ျဖစ္၊ေျဖေဆးမရွိသည့္အဆိပ္မိထားသည္ပဲျဖစ္ျဖစ္၊သူတို႔လိုခ်င္ျဖစ္ခ်င္သမွ်အရာအားအားလုံးကိုလုံေလာက္သည့္ေငြေၾကးသာေပးအပ္ပါကမရဟူ၍မရွိေပ။

ဒါကေရွ႕ဘက္ရွိဆိုင္းပုဒ္တြင္ေရးထားသည္ႏွင့္တစ္ထပ္တည္းတူညီသည္။

ျပင္ပေလာကမွာေငြနဲ႕ရွာဝယ္၍မရသည့္မည္သည့္ပစၥည္းဥစၥာကိုမဆိုဖူဖူဆိုင္ေလးအတြင္း၌ေပါေသာစြာရနိုင္သည္။ ထိုသတင္းမွာလုံးဝမျဖစ္နိုင္ေပမယ့္၎မွာအမွန္တကယ္သာျဖစ္သည္။

ဆိုင္ေလးအတြင္းသို႔ဝင္သြားၾကသည့္မည္သူမဆိုထိုအျဖစ္အပ်က္ကိုမျငင္းဆိုၾကေပ။

တျဖည္းျဖည္းျဖင့္ဖူဖူဆိုင္ေလး၏နာမည္ဂုဏ္သတင္းမွာေက်ာ္ၾကားသထက္ေက်ာ္ၾကားလာၿပီးစြမ္းအားျမင့္အတြင္းစည္းတပည့္၊အျပင္စည္းတည့္ႏွင့္အစစ္အမွန္တပည့္ေတြအျပင္အႀကီးအကဲေတြအထိပါလာေရာက္ေရာင္းဝယ္သည္အထိျဖစ္လာ၏။

ဤသို႔ျဖင့္တစ္ျခားေသာဆိုင္ေတြ၏စီးပြားေရးမွာဖူဖူဆိုင္ေလး၏တည္ရွိမႈေၾကာင့္ဆိုးဝါးသထက္ဆိုးဝါးလာသည္။

တစ္ခ်ိဳ႕ေသာဆိုင္ေတြကေရွာင္က်န့္တို႔ဆီခဏခဏဆိုသလိုလာေရာက္ႏွောင့္ယွက္ကာဆိုင္ပိတ္သိမ္းသစရန္ႀကိဳးစားလာၾကသည္။ပိုမိုအင္အားႀကီးကာစဥ္းစားဥာဏ္ပိုရွိသည့္ဆိုင္ပိုင္ရွင္ေတြကေတာ့ဘာမွမလႈပ္ရွားေသးပဲေစာင့္ၾကည့္ေနၾကသည္။

ဒီ'ဖူဖူ'ဆိုသည့္ခ်စ္စရာနာမည္ႏွင့္ဆိုင္ဟာအလိုရွိသမွ်အရာအားလုံးကိုေငြရွိသ၍အလြယ္တကူထုတ္ေပးနိုင္သည္။ဒီလိုထူးျခားဆန္းက်ယ္သည့္ဆိုင္မ်ိဳးကဘယ္လိုလုပ္သာမန္ဆိုင္ေလးတစ္ခုျဖစ္နိုင္မွာတဲ့လဲ။

ေရွာင္က်န့္တို႔အတြက္ေတာ့ဒီအႏွောင့္အယွက္ေလးေတြမွာျပႆနာလို႔ေတာင္ေျပာမရတဲ့ေသးေသးမႊာမႊားကိစၥေလးေတြျဖစ္ေပမယ့္တစ္ျခားသူေတြကိုစာနာေသာအားျဖင့္တစ္ေန႕ကိုလူႏွစ္ဆယ္သာအေရာင္းအဝယ္လက္ခံမည္ျဖစ္ေၾကာင္းဆိုင္းပုဒ္ေရွ႕ခ်ေရးလိုက္သည္။

က်င့္ႀကံေရးေလာကမွာေငြရွိတိုင္းဝယ္မရသည့္တန္ဖိုးႀကီးအရာေတြမ်ားစြာရွိသည္။ထိုသို႔ေသာအရာမ်ားကိုတစ္ေနရာတည္းမွာတစ္စုတစ္စည္းတည္းရရွိနိုင္သည့္အခါတြင္မည္သူကေရာစိတ္မလႈပ္ရွားပဲေနမည္နည္း။ဤကဲ့သို႔လူအေယာက္ႏွစ္ဆယ္သို႔႐ုတ္တရတ္ႀကီးကန့္သတ္လိုက္သည့္အခါတြင္လူတိုင္း႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကသည္မွာမလြဲေပ။

တစ္ခုေတာ့ေကာင္းသြားသည္မွာထိုကန့္သတ္လိုက္သည့္အရာေၾကာင့္တစ္ျခားေသာဆိုင္ေတြအသက္ရႈေခ်ာင္သြားၾကျခင္းျဖစ္သည္။

ဘယ္လိုပဲျဖစ္ျဖစ္ဖူဖူဆိုင္ေလးရဲ႕ဂုဏ္သတင္းကေတာ့ေမႊးႀကိဳင္ေနဆဲျဖစ္ၿပီးအကန့္သတ္ႏွင့္ဝယ္ရျခင္းေၾကာင့္ပိုမိုေတာင္ေက်ာ္ၾကားသြားေစေသးသည္။

အေရးႀကီးဆုံးကဖူဖူဆိုင္ပိုင္ရွင္ႏွင့္ဆန့္က်င္ဘက္စရိုက္ျဖင့္အလြန္အက်ဴးေခ်ာေမာလြန္းေသာအမႊာႏွစ္ဦးႏွင့္အၿမဲတေစတံျမက္စည္းလွည္းေနသည့္ဆယ္ေက်ာ္သက္ေကာင္ေခ်ာေလးတို႔ျဖစ္သည္။

ဆိုင္ပိုင္ရွင္ဖူ၏လွပမႈနဲ႕အမႊာႏွစ္ေယာက္၏ျပဳစုမႈေၾကာင့္အၿမဲတမ္းဇိမ္ခံေနတတ္ျခင္းမွာလည္းေက်ာင္းသားေတြၾကားထင္ရွားသည္။

ဇာတ္လိုက္လဲ့ခ်င္းယန္ဆိုရင္အားေနတံျမက္စည္းလွည္းေနတာခ်ည္းေတြ႕ေနရတာေၾကာင့္'တံျမက္စည္းညီေလး'ဟူ၍က်င့္ႀကံသူေက်ာင္းသားေတြၾကားထဲတြင္နာမည္ႀကီးသည္။

က်င့္ႀကံသူမိန္းကေလးေတြဆိုရင္ဇာတ္လိုက္ကို'တံျမတ္စည္းေလး'ဒါမွမဟုတ္'တံျမက္စည္းကိုကို'ဟုစေနာက္၍ေခၚသည္ကရွိေသး၏။

မည္သို႔ပင္ဆိုေစက်င့္ႀကံသူမိန္းကေလးေတြဟာလွပတဲ့ဆိုင္ပိုင္ရွင္နဲ႕အမႊာႏွစ္ေယာက္ကိုေတာ့မစေနာက္ရဲပါေခ်။အမႊာႏွစ္ေယာက္ကိုေတာ့သူတို႔ဟာေသလုေအာင္ေၾကာက္လန့္ၾကၿပီးႏွစ္ေယာက္လုံးရဲ႕အသည္းအသက္ေလးဆိုင္ပိုင္ရွင္ကိုေတာ့မ်က္ေစာင္းေလးနဲ႕ေတာင္ၾကည့္ဖို႔မရဲၾကေပ။

ဖူဖူဆိုင္ေလးရဲ႕နာမည္ဂုဏ္သတင္းမွႀကီးက်ယ္သထက္ႀကီးက်ယ္လာၿပီးစြမ္းအားႀကီးအႀကီးအကဲေတြေတာင္မွာေက်ာင္းသားေတြနဲ႕အၿပိဳင္ဝယ္ယူနိုင္ဖို႔အေရးလုယက္လာၾကသည္အထိကိုျဖစ္လာ၏။

ေနာက္ဆုံးဖူဖူဆိုင္အတြင္းဝယ္ယူခြင့္ေနရာအားေလလံတင္ေရာင္းခ်သည္အထိကိုအေျခအေနမွာျပင္းထန္လာသည္။

ေရွာင္က်န့္ကေတာ့ဘယ္လိုပဲျဖစ္ျဖစ္ေအးခ်မ္းဇိမ္က်ေနဆဲသာျဖစ္သည္။ေရသူဘုရင္ဖူလင္းတြင္မေရတြက္နိုင္သည့္တန္ဖိုးႀကီးရတနာေပါင္းမ်ားစြာရွိသည္။ဒါေပမယ့္ယခုတစ္ျခားသူေတြဝယ္ယူသမွ်အရာတိုင္းဟာသူ႕ဆီကမဟုတ္ေပ။

၎မွာထူးျခားဆန္းၾကယ္သည့္ခ်င္းမ်ိဳးရိုးအမႊာႏွစ္ေယာက္ဆီကျဖစ္ၿပီးအရာအားလုံးကိုႏွေျမာတြန့္တိုမႈတစ္စက္ကေလးမွမရွိစြာျဖင့္ေရွာင္က်န့္ဆီအကုန္အပ္သည္။

ေရွာင္က်န့္ကလည္းကိုယ့္ေယာက္်ားေတြပစၥည္း၊ကိုယ့္ပစၥည္းဟူ၍စိတ္ႏွလုံးသြင္း၍အကုန္ေရာင္းထုတ္သည္။

အမႊာႏွစ္ေယာက္က၎ကိုလုံးဝစိတ္မဆိုးသည့္အျပင္တစ္ရက္တစ္ခါဘယ္ကထြက္လာမွန္းမသိေသာတန်ဖိုးဖြတ်မရသည့်ရတနာတွေမှာသူ့အိတ်ကပ်ထဲခဏခဏအကုန်ဝင်သည်။

တစ္ေန႕၌ေရွာင္က်န့္မထင္မွတ္ထားသည့္လူတစ္ေယာက္ဟာဖူဖူဆိုင္ေလးဆီသို႔ေရာက္ရွိလာသည္။

ထိုသူမွာတစ္ျခားေတာ့မဟုတ္။ခ်င္းယြမ္မူအိပ္စက္ရာဂူဗိမၼာန္ဆီသို႔သြားရာေတာအုပ္လမ္းတြင္ေတြ႕ဆုံခဲ့သည့္နံပါတ္*၁*ဇာတ္လိုက္မ'လုလု'ျဖစ္သည္။

မွန္၏။ဇာတ္လိုက္မလုလုဟာလည္းနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ႀကီးဆီသို႔ဝင္ေရာက္လာသည္။

သူမကိုယ္တိုင္လည္းေရွာင္က်န့္တို႔ကိုျမင္သည့္အခါလြန္စြာအံဩသြားခဲ့သည္။သူမ၏မ်က္ႏွာမွာသာမန္႐ြက္ၾကမ္းေရႀကိဳအျဖစ္႐ုပ္ဖ်က္ထားဆဲသာျဖစ္ၿပီးေရွာင္က်န့္ကိုႏႈတ္ဆတ္လာသည္။

မထင္မွတ္ထားစြာပင္ဇာတ္လိုက္မလုလုဟာတန္ေဖးမင္ကဲ့သို႔အႀကံဥာဏ္တစ္ခ်ိဳ႕အားဝယ္ယူျခင္းျဖစ္သည္။

သူမေျပာသည္။

"ကြၽန္မတစ္စုံတစ္ေယာက္ကိုသေဘာက်ေနမိတာ....ဒါေပမယ့္သူမကမိန္းကေလးတစ္ေယာက္လည္းျဖစ္ေနတဲ့အျပင္စြမ္းအားျမင့္အႀကီးအကဲတစ္ေယာက္လည္းျဖစ္ေနတယ္.....သူမဘယ္သူပဲျဖစ္ျဖစ္ကြၽန္မသူ႕ကိုခ်စ္တယ္.....ဒါ....ဒါကိုကူညီေပးလို႔ရနိုင္မလား...."

လုလုရဲ႕ေနာက္ဆုံးအသံေလးမွာတိုးဝင္သြားၿပီးမ်က္ႏွာေလးရဲတတ္သြားသည္။

ေရွာင္က်န့္ : "....."

ငါဘာၾကားလိုက္တာ.....

ဇာတ္လိုက္မကမိန္းကေလးတစ္ေယာက္ကိုခ်စ္ေနတာတဲ့.....

ေရှာင်ကျန့်ဟာပါးစပ်အဟောင်းသားဖြင့်ဆွံ့အ,စြာခဏမွ်ေၾကာင္ေနမိရင္းဘာရယ္မဟုတ္တံျမက္စည္းလွည္းေနတဲ့ဇာတ္လိုက္လဲ့ခ်င္းယန္ကိုအသိမသာလွည့္ၾကည့္မိသြားသည္။

ယခုအခ်ိန္တြင္ေရွာင္က်န့္စိတ္ထဲစကားတစ္ခြန္းတည္းသာျပည့္ႏွက္ေန၏။

ငါ့သား.....မင္းေတာ့'ရွ'ၿပီ.....

လဲ့ခ်င္းယန္ဟာသူ႕အေဖသူ႕ကိုၾကည့္ေနသည္အားျမင္သည့္အခါဘာမွမသိနားမလည္စြာအူေၾကာင္ေၾကာင္မ်က္ႏွာျဖင့္ၿပဳံးျပလိုက္သည္။

ဘယ္လိုပဲသူ႕သားအတြက္စိတ္မေကာင္းျဖစ္ေနပါေစ။သူလုပ္စရာရွိတာဆက္လုပ္သည္။

မူလဘဝမွာနာမည္ႀကီးအေတြ႕အႀကဳံရွိစာေရးဆရာတစ္ေယာက္အေနနဲ႕မ်ားျပားလွစြာေသာအခ်စ္ဇာတ္လမ္းေတြကိုလြန္စြာရင္းႏွီးႂကြမ္းဝင္သည္။

က်င့္ႀကံျခင္းကလြဲ၍ဘာဆိုဘာမွမသိၾကသည့္က်င့္ႀကံေရးေလာကႀကီးတြင္ေရွာင္က်န့္ရဲ႕အႀကံဥာဏ္ေတြမွာအလြန္အဖိုးထိုက္တန္လွသည္။သူ႕ရဲ႕အႀကံေပးစကားတစ္ခြန္းႏွစ္ခြန္းေလာက္နဲ႕တင္ဇာတ္လိုက္မလုလု၏မ်က္လုံးတစ္စုံအားေတာက္ပသြားေစသည္။

ဤသို႔ႏွင့္စီးပြားေရးကိစၥျဖင့္အတူဇိမ္က်စြာလည္ပတ္ေနရင္းေရွာင္က်န့္တို႔အဖြဲ႕နဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ကိုေရာက္သည္မွာတစ္ႏွစ္ခန့္ၾကာျမင့္သြားၿပီျဖစ္သည္။

ဒီတစ္ႏွစ္အေတာအတြင္းေရွာင္က်န့္နဲ႕အမႊာႏွစ္ေယာက္၏ဆက္ဆံေရးမွာလုံးဝေနာက္တစ္ဆင့္သို႔တိုးတတ္သြားခဲ့၏။အားေနသူ႕ကိုလုေနတတ္သည့္အမႊာႏွစ္ေယာက္၏အက်င့္ဆိုးကိုေတာ့ယခုထက္ထိဖယ္ရွားမရေသးေပ။ထိုအခ်ိန္ေတြအတြင္းမွာပဲေရွာင္က်န့္ေက်းဇူးေၾကာင့္ဇာတ္လိုက္ရဲ႕က်င့္ႀကံဆင့္ေတြမွာဒုံးခ်ည္ထက္လွ်င္ျမန္စြာျဖင့္ခုန္ေပါက္တိုးတတ္ကုန္သည္။

ေရွာင္က်န့္ရဲ႕စီးပြားေရးလုပ္ငန္းမွာလည္းတျဖည္းျဖည္းတြင္က်ယ္လာရင္းတစ္ေန႕ကိုလူအေယာက္ငါးဆယ္သာေရာင္းဝယ္မည္ဟုထပ္တိုးအမိန့္ထုတ္လိုက္ရသည္။

ဒါေပမယ့္ထိုဝယ္ယူခြင့္ကိုေထာင္ေသာင္းခ်ီတဲ့က်င့္ႀကံသူအေပါင္းဟာလုယူေနၾကဆဲသာျဖစ္သည္။

ဒီလိုနဲ႕ေက်ာင္းေပါင္းစုံသိုင္းၿပိဳင္ပြဲက်င္းပမည့္ေန႕သို႔က်ေရာက္လာသည္။၎မွာထိပ္တန္းေက်ာင္းေတာ္ႀကီးေလးခုအလွည့္က်ဦးေဆာင္၍တစ္ျခားေသာပထမတန္းစားက်င့္ႀကံေရးေက်ာင္းေတာ္ရာခ်ီကိုဖိတ္ေခၚ၍က်င့္ႀကံသူေက်ာင္းသားေတြအခ်င္းခ်င္းေက်ာင္းဂုဏ္ေဆာင္၍ယွဥ္ၿပိဳင္တိုက္ခိုက္ေစျခင္းျဖစ္သည္။

ထိုသိုင္းၿပိဳင္ပြဲႀကီးကိုႏွစ္ေပါင္း၁၀၀မွာတစ္ႀကိမ္က်င္းပၿပီး၎ကေက်ာင္းေတာ္ႀကီးေလးခုနဲ႕တစ္ျခားေသာပထမတန္းစားေက်ာင္းေတာ္ေပါင္းမ်ားစြာကိုအဆင့္သတ္မွတ္ေပးသည္။

သိုင္းၿပိဳင္ပြဲေန႕.....

ထိုေန႕တြင္နဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ႀကီးအတြင္းေက်ာင္းသားေက်ာင္းသူအေပါင္းဆူညံပြက္ေလာရိုက္ေနၾကသည္။ဒီႏွစ္သိုင္းၿပိဳင္ပြဲကိုနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ကဦးေဆာင္က်င္းပရမည္ျဖစ္တာေၾကာင့္က်င့္ႀကံသူေက်ာင္းသားေတြဟာရင္ခုန္စိတ္လႈပ္ရွားေနၾကသည္။လူတိုင္း၏မ်က္လုံးအတြင္းရွိစိတ္အားထက္သန္မႈႏွင့္ကိုယ့္ကိုယ္ကိုယုံၾကည္မႈမ်ားကိုအလြယ္တကူျမင္ေတြ႕ေနရသည္။

________________________________________________________________

Continue Reading

You'll Also Like

46.1K 4.5K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
1.1M 61.3K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...