" အကိုလေး မနက်ဖြန် သွားမဲ့ ခရီးစဉ်က အဆင်သင့်ဖြစ်နေပါပြီ.."
"ထွက်ခွာဖို့ အကိုလေးဘက်က အဆင်သင့်ဖြစ်နေရင် ကျွန်တော် ခုချက်ချင်းပဲ စီစဉ်လိုက်လို့ရပါပြီခင်ဗျ"
ဖုန်းတစ်ဖက်ကနေ ၀လ္လာရဲ့ လက်ထောက်ဖြစ်သူ ကိုသော်တာကနေ စကားလုံးများကို သတိတထားနဲ့ ပြောလာနေတာကြောင့် ၀လ္လာသည် သေချာအာရုံစိုက်ပြီးနားထောင်နေလိုက်သည်။
မနေ့က မိုးသည်းထန်းစွာရွာနေတာကာတစ်ကြောင်း၊ နောက်ပြီး လင်တော်မောင်ဖြစ်သူက အခက်အခဲနဲ့ ရင်ဆိုင်နေရတာကတစ်ကြောင်းနဲ့ သူခရီးထွက်ဖို့ကိစ္စကို မေ့သလောက်တောင်ဖြစ်နေပြီပင်။
အမှန်တော့ သူ စလုံး ကိုသွားဖို့ခရီးစဉ်က လုံးဝဖျက်လို့မရခဲ့ပေ၊ သူသာ ဒီ အစီအစဉ်ကို ဖျက်လိုက်ပါက ကုမ္ပဏီဘက်ကနေ ဆုံးရူံးနစ်နာမူ့က အဆမတန်ကို မြင့်မားသွားလိမ့်မယ်ဖြစ်သည်။
"အကိုလေး နားထောင်နေလားဗျ"
"အင်း ဆက်ပြော.."
"ဘာမှတော့ ထွေ"ထူး" ပြောစရာမရှိတော့ပါဘူး၊ အကိုလေး အဆင်သင့်၊ ဖြစ်မဖြစ်ကိုပဲ ကျွန်တော်က အသိပေးရုံပါ"
" အင်း ငါသိပြီ"
"ဟုတ်ကဲ့ အကိုလေး၊ ဒါဆိုရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်"
"ကိုသော်တာ ခဏ"
"ဟုတ်ကဲ့ အကိုလေးပြောပါ"
"ဦးမြတ်မင်းရဲ့ ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ၊ ငါအားလုံးသိချင်တယ်..."
" အဲ့ဒါက ချောက်တွန်းခံရတာပါ အကိုလေး၊ တစ်ဖက် ပါတနာက ငွေစရင်းတွေကို လိမ်လည်လှည့်ဖြားခဲ့ပြီး သက်သက်မဲ့ လုပ်ကြံခဲ့တာပါ၊ အခုတော့ အကိုလေး ညွှန်ကြားတဲ့ အတိုင်းလိုက်ပြီးဆောင်ရွက်ခဲ့လို့ အားလုံး အဆင်ပြေသွားပါပြီ၊ ဦးမြတ်မင်းဘက်ကလည်း တစ်ဖက် ပါတနာကို အသေရေဖျက်မူ့နဲ့ တရားပြန်ဆွဲဆိုထားပါတယ်.."
" ရှယ်ယာရှင်တွေ ဘက်ကရော ဘယ်လိုအခြေအနေရှိလဲ"
"အရင်က ရှယ်ယာတွေ ပြန်ထုတ်ယူတဲ့ လုပ်ငန်းရှင်တွေကိုတော့ ဦးမြတ်မင်းဘက်ကနေ အပြီးတိုင် လက်တွဲဖြုတ်လိုက်ပါပြီ၊ ဦးမြတ်မင်းအပေါ်ကို ယုံကြည်တဲ့ လုပ်ငန်းရှင်တစ်ချို့နဲ့သာ ဆက်လက်လုပ်ကိုင်မယ်လို့ ပြောပါတယ် ခင်ဗျ.."
"ကောင်းပြီ၊ မင်း အားလုံးတာဝန်ကျေခဲ့ပါတယ်၊ အနားယူလိုက်ပါဦး.."
"ဟုတ်ကဲ့ ခင်ဗျ.. "
တစ်ဖက်က ကိုသော်တာ ဖုန်းချလိုက်တာနဲ့ ၀လ္လာသည် အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မာန်ထက်သျှား ကို လှည့်ကြည့်မိသည်။
နုနယ်လွန်းလှတဲ့ ပါးပြင်ထက်ဝယ် မှိန်ပြပြအလင်းရောင်အောက်မှာ ကော့ညွှတ်နေတဲ့ မျက်တောင်ဖျားများက နေရာယူလို့ထားသည်။
ရှည်လွန်းလှသည်ဟု မဆိုသာတဲ့ ဆံပင်လေးများက နဖူးပေါ်မှာဟိုတစ်စ ဒီတစ်စနဲ့ ကပိုကရိုနိုင်လှပြီး ကလေးရုပ်လေးပမာ ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေးက မွေ့ယာနဲ့ ခေါင်းအုံးကြားထဲမှာ နစ်မြုပ်လို့နေခဲ့၏။
ဝလ္လာသည် လက်လေးကိုလှမ်းလိုက်ကာ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်စလေူများကို သပ်တင်ပေးလိုက်သည်။
ထို အမျိုးကောင်းသားလေးက သူ့အသားထိရင် ယားကျိကျိဖြစ်လို့ထင်ပါ့ တစ်ချက်လောက် ခေါင်းလေးက ရမ်းလိုက်သေးသည်။
အိပ်နေတဲ့ အခါမျိုးဆိုရင် ထို အမျိုးကောင်းသားလေးက တကယ်ကို အပြစ်ကင်းစင်တဲ့ ကလေးငယ်လေးတစ်ဦးလိုပဲ၊ မာနတွေ အတ္တတွေ ဝေးစွအဆုံး တကယ်ကို ဖြူစင်သန့်ရှင်းတဲ့ အမျိုးကောင်းသားလေးပင်။
ဒီလူကို ဘယ်အချိန်ကတည်းက စချစ်မိသွားခဲ့ပါလိမ့်။
ထိုကောင်လေးနဲ့ သူနဲ့ တွေ့ဆုံမူ့က အချိန်ကောင်းမဟုတ်ခဲ့ပေ။ အတ္တတွေ မာနတွေကို ရှေ့တန်းတင်ခဲ့ပြီး ကိုယ့်ရဲ့ ဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကို ရှေ့တန်းတင်မိခဲ့ကြတယ်။
မတော်တဆတစ်ခုကြောင့်ပဲ အနှီလူကို လက်ထပ်ဖို့ ကံဇာတာက ပါလာခဲ့ပြီး ကံကြမ္မာကြီးက ဖူးစာအဖြစ် ဖန်တီးလိုက်ကာ သူနဲ့ကိုယ်နဲ့ကို တစ်အိုးတစ်အိမ်ထောင်အဖြစ် ထူထောင်ခွင့် ပေးခဲ့၏။
မတော်တဆတစ်ခုကြောင့် သူရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့ အချိန်မှာ သူဟာလည်း ကိုယ့်အပေါ်ကို ခံစားချက်တွေရှိနေခဲ့တယ်၊ ကိုယ်ကလည်း သူ့အပေါ်ကို ဘယ်အချိန်ကစပြီး ရင်ထဲ ထည့်မိခဲ့လည်း မသိ၊ အချစ်ဆိုတဲ့ ဝေါဟာရကြီးကို နှလုံးသားထဲထည့်ကာ အခုလို မြန်မြန်ကြီး သူ့ကို ချစ်မိသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ အတွေးမရှိခဲ့။
ထိုနေ့ရက်တွေကြားထဲမှာ သူ့အပေါ်ကို ဆိုးခဲ့တယ်၊ မိုက်ခဲ့တယ်၊ ဒါတှေကို သူ့ဘက်က အပြစ်မယူခဲ့ပဲ ကိုယ့်အပေါ်ကို နားလည်ကြင်နာပေးခဲ့တယ်။
သို့ပေမဲ့ လည်း ဒါတွေဟာ သူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်မရခင် စပ်ကြားလေးမှာ သူ့ရဲ့ နှလုံးသားဟာ မတည်ငြိမ်သေးလို့ပဲလို့ ကိုယ်ထင်မိခဲ့တယ်။
သူ့ အတိတ်ကိုပြန်သတိရတဲ့ အခါမှာ ကိုယ့်ကို မေ့ကောင်း မေ့သွားမှာပါလို့ တွေးခဲ့ပေမဲ့၊ တကယ်ထင်တဲ့ အတိုင်းပါပဲ။ဒီလူငယ်လေးဟာ တကယ်ကို မေ့ပစ်နိုင်အောင်ကြိုးစားခဲ့ပုံရသည်။
ဝလ္လာဆိုသည်မှာကလည်း သံယောဇဉ်တစ်ခုကိုလွယ်"ချည်နှောင်တက်တဲ့ လူမဟုတ်တာကြောင့် သူ့ရဲ့ စိတ်စေရာသည် သူ့ရဲ့ ပျော်ရွှင်မူ့သက်သက်သာလို့ပဲ မှတ်ယူခဲ့မိသည်။
ဒီလူငယ်လေးနဲ့ အတူရှိချိန်မှာ သူပျော်သည်။
ဒီလိုမျိုး လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိသွားခဲ့ပြီဆိုကတည်းက သူ ဒီအမျိုးကောင်းသားလေးကို လက်လွှတ် ဆုံးရူံးလိုက်ရဖို့ကို နည်းနည်းမှ မတွေးခဲ့။
ဒီလူငယ်လေး ပျော်ရွှင်နေပါက သူလည်း ထပ်တူပျော်အိသည်။
သူဟာ အတိတ်ကို ပြန်သတိရတဲ့ အချိန်မှာ ကိုယ့်အပေါ်ကို မုန်းနေလောက်မှာပဲလို့ အစကတည်းက ကြိုသိနေတဲ့သူမို့ တကယ့်လက်တွေ့နဲ့ ကြုံလိုက်ရတဲ့အချိန်မှာ ယူကျုံးမရ ဖြစ်ခဲ့ မိတာတော့ အမှန်ပေ။
သူဒီလူငယ်လေးကို ဖမ်းဆုပ်ခဲ့မိရမှာဆိုပြီး နည်းလမ်းမျိုးဆုံနဲ့ ကြိုးစားခဲ့မိသည်။
သို့ပေမဲ့ ဒီလူငယ်လေးက သစ်ငုပ်တိုကြီးပမာ ၀လ္လာဘက်ကို ယိုင်နဲ့ဖို့မပြောနဲ့ လှည့်လို့တောင် မကြည့်ခဲ့ပေ။
"သူတကယ်ကို မုန်းသွားတာပဲ" ဟုဆိုတဲ့ အတွေးနဲ့ သူ့အနားကို ထပ်ပြီး အနှောင့်အယှက်မပေးတော့ပဲ အဝေးကနေပဲ ဒီအတိုင်းလေး အရင်နေရာမှာပဲ ရပ်ကြည့်နေမိသည်။ တစ်ချို့စကားလုံးမျာကို ရင်ဝယ်ပိုက်လို့ထားပြီး
စကားလုံးအချို့ကို ဘယ်ဘက်ရင်အုံပေါ်သို့ နှလုံးသွင်းကာ
"သူပျော်နေရင် ကိုယ်လည်းပျော်တယ်" ဒါဟာ ကိုယ်က သူ့အတွက် ပေးနိုင်တဲ့ ဆုလာဒ်တစ်ပါး သာပင်လို့ပဲ နှလုံးသွင်းပြီး ထိုလူငယ်လေး ပျော်ဖို့အတွက် လမ်းကိုသာ ရှေ့ရူခဲ့သည်။
အခုလို အခြေအနေဖြစ်လာတယ်ဆိုတာကလည်း သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ဟာ မှန်ကန်ပေလို့လား၊ ဒါမှမဟုတ် ကံကြမ္မာကြီးကပဲ နောက်ထပ်တစ်ကြိမ် ပေါင်းစည်းခွင့် ပေးလိုက်သလားတော့ ၀လ္လာမသိပေ။
အခုတော့ ဒီလူသားလေးဟာ သူ့အပိုင်ပင်။
ဘယ်နည်းနဲ့မှ လက်လွှတ်ဆုံးရူံးခွင့် မပြုတော့သလို
နောက်ထပ်တစ်ကြိမ်လည်း သူ့ရင်ခွင်ထဲကနေ ထွက်ခွာခွင့် ပြုတော့မည်မဟုတ်ပေ။
ဒီလူသားလေးသာ သူ့အပိုင်။
မာန်ထက်သျှား ဆိုတဲ့ လူသားလေးက ဒီက တိမ်ဝလ္လာမိုးမြင့် ရဲ့ အပိုင်ပင်။
____________________
မိုးအေးအေးနဲ့ မို့ အပြင်က လေပြင်းလို့မဆိုသာတဲ့ လေတိုက်နူန်းကြောင့် အခန်းထဲမှာ အေးစိမ့်စိမ့်တောင်ဖြစ်လို့လာသည်။
သျှား သည် အအေးဒဏ်ကြောင့် ကျောထဲ စိမ့်တက်လာတာမို့ မွေ့ယာထဲ ပိုလို့ နစ်ဝင်သွားအောင် တိုးဝင်မိလိုက်သည်။ နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့မို့ တစ်ခုခုက မူမမှန်တဲ့ စိတ်က ခေါင်းထဲဆောင့်တိုးလာကာ မျက်လုံးများကို အသာယာ ဖွင့်ကြည့်လိုက်သည်။
လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်ရသည်။ နောက်ပြီး ထိုလူက သူ့ကို အပြုံးဘေးတစ်ပွင့်ဖြင့် ပြုံးပြနေတာမို့ သျှား ရဲ့ ရင်ထဲ ပျားပိတုန်းများက ပျံသန်းနေသလို ယားကျိကျိဖြစ်လို့လာပြီး ရင်ခုန်သံများက ပလောင်ဆူလို့လာခဲ့သည်။
ထိုအပြုံး ယခုပြုံးပြလိုက်တဲ့ ထိုလူရဲ့ အပြုံး သူ အရမ်းသဘောကျခဲ့ရတဲ့ လူတစ်ယောက်ရဲ့ အပြုံးပင်။
ထိုလူသည် ကမ္ဘာမှာ ရှိသမျှယောက်ကျားသားတွေထဲကမှ
သူအရမ်းမြတ်နိုးချစ်ခင်ရတဲ့ လင်ယောက်ကျားပင်တည်း။
"မင်း ဘာလုပ်နေတာလဲ၊ ဘယ်အချိန်ရှိနေပြီလဲ မအိပ်သေးဘူးလား.."
"အွန်း ကိုယ်အိပ်လို့မပျော်လို့.."
"မင်း ဆက်အိပ်လေ၊ ကိုယ်လည်း ခဏနေရင် အိပ်တော့မှာပါ"
"အွန်း အရမ်းနောက်မကျစေနဲ့ဦး"
"ဟုတ်ကဲ့ပါ ဗျာ.."
ဝလ္လာသည် မျက်လုံးလေးတွေမှိတ်ပြီး စကားကိုမပီကလာ၊ ပီကလာနဲ့ ပြောနေတဲ့ သျှား ကိုကြည့်ပြီး အသည်းယားလာတာမို့ ထိုအမျိုးသားလေးရဲ့ နှဖူးလေးကို အနမ်းခြွေလိုက်လေ၏။
နွေးကနဲ ဖြစ်သွားတဲ့ အထိအတွေကြောင့် သျှား မျက်လုံးလေးကို ခပ်မှေး"လေး ဖွင့်ကြည့်လိုက်လေ၏။
"မင်းက ငါ့ကို လာမြူစွယ်နေတာလား တိမ်ဝလ္လာမိုးမြင့်"
"ဟောဗျာ ကိုယ်က ဘာလုပ်မိလို့လဲ၊ အနမ်းလေးပေးတာကို မြူစွယ်တယ်လို့ မခေါ်ဘူး သျှားရဲ့၊ ဒါက ကိုယ့်ယောက်ကျေားလးကို အရမ်း အရမ်းကို ချစ်လို့ အကြင်နာပေးတယ်လို့ခေါ်တယ်..."
"နဖူးကို နမ်းတာက အကြင်နာပေးတယ်လို့ခေါ်တာလား၊ ငါသိတဲ့ အကြင်နာပေးတာက နူတ်ခမ်းအချင်းချင်း ထိတွေ့တာကို အကြင်နာပေးတာလို့ သိထားတာ.."
"ကိုယ့် အမျိုးသားလေးနဲ့တော့ ခက်လို့နေပြီ၊ အခုက ကိုယ်က မြူစွယ်နေတာလား၊ မင်းက ကိုယ့်ကို မြူစွယ်နေတာလား ဟင်..!!"
"ငါက မင်းကို ဘယ်မှာ မြူစွယ်နေလို့လဲ၊ တော်ပြီ မင်းနဲ့ စကား ဆက်မပြောချင်တော့ဘူး ငါ အိပ်ချင်နေပြီ.."
သျှား မှာ စကားအမြန်ပဲ လွှဲလိုက်ရသည်။
ကြာရင် စကားတွေက ဘယ်ရောက်လို ဘယ်ပေါက်မှန်း မသိတော့ပဲ မကောင်းတာတစ်ခုခုဖြစ်တော့မယ် ဆိုတဲ့ခံစားချက်ကြီးက သူ့အလိုလို သိနေတာမို့ အမြန်ပဲဝလ္လာဆီကနေ အကြည့်တို့ကို လွှဲလိုက်ကာ ကျောပေးထားလိုက်တော့သည်။
" အဟတ် လူလည်လေး"
ဝလ္လာသည် တစ်ချက်ခပ်ဟဟရီလိုက်ကာ ပြတင်းပေါက်ဘေးနား ရပ်လိုက်ကာ အပြင်က လေစိမ်းတွေ ကို တံခါးချပ်များဖြင်ွ့ ပိတ်ပင်ကာစီးလိုက်လေသည်။
အချိန်ကိုကြည့်လိုက်တော့ ည 11နာရီ ကျော်နေပြီမို့ အိပ်သင့်နေပြီဟုတွေးကာ ရုတ်တရပ်ပဲ အတွေးတစ်ခုက ခေါင်းထဲ တိုးဝင်လို့လာကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး
Contact ရှိတဲ့နေရာကို နိုပ်လိုက်ကာ ကိုသော်တာဆီကို ဖုန်းခေါ်ဆိုမူ့ပြုလိုက်လေသည်။
"ဟဲလို.."
ကိုသော်တာလား..!!
"ဟုတ်ကဲ့ ပြောပါ၊ အကိုလေး.."
"မနက်ဖြန် လေယာဉ်လက်မှတ်ကို တစ်ယောင်ထပ်တိုးလိုက်ပါ..."
"ဟုတ်ကဲ့ အကိုလေး၊ ကျွန်တော် ဆောင်ရွက်လိုက်ပါမယ်"
"ကောင်းပြီ၊ ခင်ဗျားကို နှောင့်ယှက်မိပြီ ဆောရီးဗျာ"
"မဟုတ်တာ၊ ရပါတယ်ဗျ ကျွန်တော် တာဝန်ကို ကျွန်တော်ယူတာပဲ နှောင့်ယှက်တယ်လို့ မပြောပါနဲ့ အကိုလေးရယ်"
"ဟုတ်ပြီ၊ မနက်ဖြန်ကျမှ ထပ်တွေ့ကျတာပေါ့"
ဖုန်းချလိုက်တာနဲ့ သျှားရဲ့ နံဘေးကို လှဲချလိုက်လေသည်။
ကိုသော်တာက တကယ်စိတ်ချရတဲ့ လက်ထောက်တစ်ဦးပင်။ ဘာအကြောင်းကိစ္စပဲ ဖြစ်ဖြစ် အထွန့်တက်တဲ့ စိတ်မျိုး သူ့မှာ မရှိပေ။
ဝလ္လာပေးအပ်တဲ့ တာဝန်ကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်တက်တဲ့သူ တစ်ဦးဖြစ်ပြီး ကောင်းခြင်းဆိုးခြင်း များကိုလည်း ဝေဖန် ပိုင်ခြားနိုင်တဲ့ သူတစ်ဦးပင်ဖြစ်သည်။ အခု ၀လ္လာပြောလိုက်တဲ့ ကိစ္စကိုလည်း ဘာကြောင့်လဲ၊ ဘယ်သူ့ အတွက်လည်း ဆိုတာ တစ်ခွန်းမှကို မမေးခဲ့ အမှန်တော့ သူသိနေနိုင်တာလည်း ဖြစ်နိုင်သည်ပင်။
နောက်ကျောက တစ်ရွ"ဖြစ်နေတာကြောင့် သျှား ဟည် ကိုယ်ကို ရှေ့ဘက်သို့ ပို၍တိုးမိလိုက်သည်။
ဝလ္လာက သူ့ရဲ့နောက်ကျောဘက်ကနေသူ့ ဘက်ကို မျက်နှာ မူထားတဲ့ ပုံပေါ်သည်။
သူ့ရဲဘ အသက်ရူသံများက နားရွက်နောက်နားကို လာထိခတ်နေတာမို့ သျှား ရဲ့ အရေပြားများက ပူလောင်လာသလိုတောင် ခံစားမိသည်။
အခုနက အေးစိမ့်စိမ့်ဖြစ်နေတဲ့ ခံစားချက်တောင် ဘယ်ရောက်သွားမှန်းမသိတော့ပေ။
" တိမ်ဝလ္လာမိုးမြင့် မင်း ဟိုဘက်လှည့်လို့မရဘူးလား၊ မင်းရဲ့ အသက်ရူသံက ပြင်းလွန်းလို့ ငါအိပ်လို့မရတော့ဘူး"
"ဘာလို့လဲ ခါတိုင်းလည်း အတူ အိပ်နေကျပဲကို၊ ဘာလဲ ကိုယ်က မင်းကို တစ်ခုခု လုပ်မှာကို ကြောက်လို့လား"
ဝလ္လာသည် ထိုစကားများကို တမင်တကာကို သျှားရဲ့ နား,နားကို ကပ်ပြောလိုက်ခြင်းဖြစ်သည်။
ခုချိန်မှာ သျှားရဲ့ မျက်နှာလေးကို သူမြင်တွေ့ချင်မိသည်။
မျက်နှာလေးက ရှက်စိတ်ကြောင်နီရဲလို့ နေမလား ဒါမှမဟုတ် နားရွက်ဖျားလေးများကပင် မီးလောင်ကျွမ်းဖို့ နီးနီး ဖြစ်လို့နေမလားကို သူမြင်တွေချင်မိသည်။
ခက်တာက တစ်ခန်းလုံးမှာ မီးများပိတ်လို့ထားတာမို့ ကုတင်ဘေးက မီးအိမ်ပျပျသာ ထွန်းလင်းလို့ထားတာမို့ ယခုအချိန်မှာ သျှား ရဲ့ မျက်နှာ အသွင်အပြင်ကို ခန့်မှန်းလို့ မရနိုင်ပေ။
" ကိုယ်မနက်ဖြန်ကျ စင်ကာပူ ကို ခရီးထွက်ရမယ်"
" အင်း ငါသိတယ်"
"ဘာလဲ သျှား၊ မင်းက သိနေတာတောင် ကိုယ့်ကို ဘာတစ်ခွန်းမှ မမေးဘူးပေါ့လေ.."
"မဟုတ်ပါဘူး၊ တမင်မမေးတာမဟုတ်ပါဘူး၊ မင်း အလုပ်ကို ငါ့ကြောင့် မထိခိုက်စေချင်လို့ပါ"
"ဘာပဲဖြစ်ဖြစ်ကွာ ကိုယ် စိတ်မကောင်းဖြစ်သွားပြီ.."
"အမှန်ဆိုရင် ကိုယ့်ကို မသွားဖို့ မင်းကတားရမှာလေ၊ ကိုယ်က ဟိုမှာ ညှိနိုင်းမူ့သာ အဆင်မပြေခဲ့ရင် လနဲ့ ချီပြီး နေရမှာလေ ဘာလဲ မင်းက ကိုယ့်ကိုအဲ့ချိန်ထိ ခွဲရက်နိုင်တယ်ပေါ့လေ..."
ဝလ္လာသည် လက်တစ်ဖက်က သျှားရဲ့ ကျစ်လစ်နေတဲ့ ခါးသွယ်သွယ်ကို သိုင်းဖက်လိုက်ကာ သူ့ရင်ခွင်ထဲကို ပိုပြီး တိုးဝင်စေခဲ့၏။
သူ့ရဲ့ မေးဖျားလေးက သျှား ရဲ့ ပုခုံးပေါ်ကို မှီတင်လို့ထားကာ မျက်နှာတစ်ခုလုံးကို သျှားရဲ့ လည်တိုင်ကြား နစ်မြုပ်လို့နေစေခဲ့၏။
ထိုလူငယ်လေးရဲ့ မွှေးပျံ့ပျံ့ ကိုယ်သင်းရနံ့လေးက နှာခေါင်းထဲတိုးဝင်လို့လာက ရင်ခုန်သံများက ပိုလို့တောင် ဆူညံလို့လာခဲ့သည်။
"မွှေးလိုက်တာ.."
"မင်း ဘာပြောလိုက်တာ.."
"မင်းရဲ့ ကိုယ့်သင်းရနံ့လေးက မွှေးလိုက်တာ၊ ကိုယ့်စေိတ်တွထိန်းလို့မရေတာ့လို့ မင်းကို ကိုက်ပစ်ချင်လာပြီ"
"မင်း မယုတ်မာနဲ့၊ ငါ့ကို အရမ်းကြီးလည်း ဖက်မထားနဲ့ ငါအသပ်ရူတွေကျပ်လာပြီ အဟွတ် အဟွတ်.."
သျှားက တမင်တကာကို ချောင်းနှစ်ချက်ဆိုးလိုက်တာကြောင့်....
"ပေါက်တက်ကရ ကိုယ့်အမျိုးသားလေးတော့ လုပ်ဇာတ်တွေ ခင်းနေပြန်ပါပြီ..."
ဝလ္လာမှာ ထိုလလူသားလေးကို ကိုက်ပစ်ချင်စိတ်တွေပေါက်လာတာကြောင့် သျှား ရဲ့ လည်တိုင်နုနုထက်ကို တစ်ချက်ဖိကိုက်ပစ်လိုက်တော့....
"အာ့.."
နာတယ်၊ တိမ်ဝလ္လာမိုးမြင့်ရဲ့...
" အဟင်း ဟင်း.."
ကိုယ်မင်းကို ပြောစရာရှိတယ်။
မနက်ဖြန် ကိုယ်နဲ့ စင်ကာပူကို လိုက်ခဲ့ရမယ်၊ကိုယ်အားလုံးစီစဉ်ထားပြီး ပြီ..."
"ဘယ်လို ဘယ်လို၊ မင်း ငါ့ကို မတိုင်ပင်ပဲနဲ့ ဘာတွေလျှောက်လုပ်နေတာလဲ၊ ငါ့ ရုတ်တရပ်ကြီး ဖေဖေ့ကို ဘယ်လို ပြောရမှာလဲ.."
။ ဒါတော့ မပူနဲ့၊ ကိုယ် ယွခမကြီးကို လှမ်းပြောထားလိုက်မယ်၊မင်းသာ ကိုယ်နဲ့ လိုက်ခဲ့ရင် ကိုယ့်အတွက် အားလုံးပြည့်စုံပြီ..."
"ဒါကြောင့် ကိုယ့်ကို အပြစ်မမြင်ပါနဲ့နော်၊ နောက်ပြီး ငြင်းလည်း မငြင်းပါနဲ့ ကိုယ်မင်းကို နောက်တစ်ကြိမ် ကိုယ့်ဆီကနေ ထွက်သွားခွင့် ပြုတော့မှာ မဟုတ်တော့လို့ ကိုယ်နဲ့အတူရှိ နေပေးပါနော် ကိုယ်မင်းကို တောင်းဆို နေတာပါ.."
ညင်သာနူးညံ့လွန်းတဲ့ ခပ်အုပ်အုပ် စကားသံလေးကြောင့် သျှား ရဲ့ ရင်တွေခုန်ရပြန်သည်။
ထိုလူသားလေးနဲ့လည်း သူထပ်ပြီး မဝေးချင်တော့ပါ။
ခပ်နွေး"အနမ်းတပွင့်က သူ့ပါးပြင်ထက်ကို ဆင်းသက်လာတာမို့ ရင်ခုန်သံတွေက ပိုလို့ မြန်လာခဲ့ပြန်သည်။
ကျောပေးထားတဲ့ ခန္ဓာကိုယ်ကို ၀လ္လာဘက်လှည့်လိုက်ပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်မိတော့ အကြည့်တွေကနေတစ်ဆင့် တစ်ယောက်ဆန္ဒတွေကို နောက်တစ်ယောက်က မြင်နေရပါသည်
"ငါမင်းကို ချစ်တယ် တိမ်ဝလ္လာမိုးမြင့်"
အရမ်း အရမ်းကို ငါမင်းကို ချစ်မိနေတာ....!!
တစ်ဖက်လူရဲ့ တုန့်ပြန်သံကို သူမစောင့်နိုင်တော့၊ ထိုခဏလေးအတွင်းမှာ နှစ်ယောက်သားရဲ့ နူတ်ခမ်းသားတွေက ထပ်တူကျသွားက အနမ်းတွေက ပိုလို့တောင် အသက်ဝင်လာခဲ့ ပေသည်။
🍁🍁🍁🍁🍁🍁
Vote လေူတွေ ပေးခဲ့ကြပါဦးနော်။
နောက်ပြီး အသစ်လေးတစ်ပုဒ်အစပျိုးထားပါသေးတယ်
"ကြင်ကြင်နာနာ သတို့သား" ပါတဲ့ရှင်။
Update ကတော့ ဒါလေးကို အဆုံးသတ်ပြီးမှ
မြန်ပါလိမ့်မယ်နော်။
ယနေ့ထိ ဖတ်ရူပေးကျတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော်🤍
စာလုံးပေါင်းသတ်ပုံတွေကို ပြန်မစစ်ထားတာကြောင့်
မှားခဲ့သည်ရှိသော ဖြည့်ဖတ်ပေးကျပါနော်။
နောက်မှ ပြန်ပြင်ပေးပါတော့မယ်။