Part {36}

10K 583 24
                                    

သျှား သည်  ၀လ္လာရဲ့ ခန္ဓာကိုယ်ကြီးကို ကူထိန်းပေးရတာကြောင့် ကြာတော့ လက်တွေကညောင်းလို့လာ၏။
ဒီကိုယ်လုံးကြီးကို အသာထိန်းကိုင်ပြီး  အပေါ်ထပ်ကို တက်ရတာ အတော်လေးကိုမှ လေးဖင့်တာပင်။

အိပ်ခန်းထဲကိုရောက်တာနဲ့ လုံး၀ကိုမရတော့တာမို့ ၀လ္လာကို ဆိုဖာပေါ်သို့ ပစ်ချလိုက်တယ်။
ဘယ်လောက်တောင် သောက်လာတာလည်းမသိ တစ်ကိုယ်လုံးမှာ အရက်စော်က နံဟောင်နေသည်။
တစ်ခါမှ ၀လ္လာက လူမှန်းသူမှန်းမသိအောင် မသောက်တာ အတော်ကြာပြီပင်ဖြစ်သည်။
ခါတိုင်း Dinner တွေရှိရင်တောင် ဝိုင် ကိုတောင်မှ အနည်း အပါးလေးပဲသောက်တက်ဪပဲလား၊ ဒါမှ မဟုတ် ကုမ္မဏီ မှာများ အခက်အခဲတစ်ခုခုရှိလို့ပဲလားဆိုတာတော့ သျှားမပြောတက်ပေ။

ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် အမူးလွန်ပြီး အိပ်ပျော်နေတဲ့ တိမ်၀လ္လာမိုးမြင့်ကို ကြည့်ရင်း သျှား သက်ပြင်းချမိတော့သည်၊ ဒီညသည်  ညတာရှည်တာလွန်းခဲ့သည်။

"အား.."

"ကျွတ်"

"ကျွတ်"

လက်နှစ်ဖက်ဖြင့် ခေါင်းနားထင်ကြောကို ဖိနိုပ်နေရင်းနဲ့
လေးဖင့်လွန်းလှတဲ့ မျက်ခွံတွေကို အသာအယာ ဖွင့်ကြည့်လိုက်သည်။ မိုးတောင် လင်းနေပြီပင်။

နံဘေးက အိပ်ယာထက်ကို လက်တစ်ဖက်ဖြင့် စမ်းကြည့်လိုက်တော့ ထိုနံဘေးက လူသည် အိပ်ရာထသွားတာ အတော်တောင် ကြာသွားလောက်ပြီ။
ဘာလို့ဆို ၀လ္လာ ထိတွေ့ ဆုတ်ကိုင်လိုက်တဲ့ အိပ်ရာခင်းက အလွန်အေးစက်နေခဲ့လို့ပင်။

"ကျွတ်"

"ကျွတ်"

၀လ္လာသည် ညကသောက်တာများသွားလို့ဖြစ်မည်။
ဒီနေ့မနက်ခေါင်း အင်မတန်ကိုက်နေတာကြောင့် ဆတ်ခနဲ မထဝံ့ပဲ သာသာယာယာဖြင့် ထထိုင်လိုက်ကာ ကုတင်စွန်းကို နောက်ကျောမှီနေတုန်းအခိုက်မှာ အိပ်ခန်းတံခါး၀ကရုတ်တရပ်ပွင့်သွားပြီး စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ အထဲကို ၀င်လာတဲ့ မာန်ထက်သျှားကို မော့ကြည့်လိုက်၏။

"နိုးတာ ကြာပြီလား"

"အွန်း"
အခုမှ နိုးတာ!!

{ ချည် } Nơi câu chuyện tồn tại. Hãy khám phá bây giờ