Part (38)

9.8K 610 26
                                    

ဒီနေ့မနက်ခင်းက ကိစ္စကြောင့် သျှား သည် စိတ်သိပ်မကြည်လင်နေပါ။ ၀လ္လာမှာ မိန်းခလေး သူငယ်ချင်းရှိသည်ဟုလည်း တစ်ခါမှ မကြားဖူးခဲ့ပေ။
သူနဲ့ပတ်သတ်တဲ့ လူတစ်ချို့နဲ့တော့ သျှား သိပါသေးသည်။ ဒါပေမဲ့ ဒီမိန်းခလေးကိုတော့ ဒီနေ့မှသာ မြင်ဖူးခဲ့တာဖြစ်သည်။
သူမကြည့်ရတာကလည်း ၀လ္လာနဲ့ အတော်လေးကို ရင်းနှီးမဲ့ပုံပေါ်သည်၊ စကားပြောတာကစ တရင်းတနှီးနဲ့ အခုမှ သိခဲ့ကျတဲ့ သူတွေတော့ မဟုတ်လောက်ပေ။

"ဒုန်း...ဒုန်း...ဂျိမ်း"

သျှားသည် အတွေးများကို နယ်ချဲ့နေတဲ့ အချိန်မှာ ဘေးတစ်ဖက်မှ လာခဲ့တဲ့ကားကို အမူ့မထားမိပဲ နှစ်ဖက်စလုံး၏ကားမှာ ခေါင်းချင်းဆက်သွားရသည်။

"အားးးး"

တစ်ဖက်ကကားသည်လည်းပဲ အရှိန်နဲ့လာတာဖြစ်တာကြောင့် ထိခိုက်မူ့ကြီး"မား"ဖြစ်သွားရသည်။
နေရာမှာတင် တိတ်ဆိတ်ငြိမ်သက်နေကာ လမ်းတစ်ဖက် တစ်ချက်ကို ထိုးကျသွားသဖြင့် ကားလမ်းပေါ်မှာရှိတဲ့ ယဉ်ကြောတွေအားလုံးကလည်း ရပ်တန့်သွားချေ၏။

သျှားသည် ထိခိုက်မိသွားတဲ့ ဦးခေါင်းကို လက်တစ်ဖက်နဲ့ ဖိကိုင်လိုက်ကာ ကားတံခါးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီး တစ်ယိမ်းတစ်ယိုင် အခြေအနေဖြင့် ကားထဲမှ ထွက်လာချေခဲ့၏။

ထိုနေရာမှာ လူအများရဲ့ အုပ်"ကျွတ်"ဖြစ်မူ့နှင့် ကားနှစ်စီးရဲ့ ထိခတ်သွားမူ့ကြောင့် မီးခိုးငွေ့များက ပလူပျံလို့နေကာ ကောင်း‌ကင်ယံပေါ်ကို တစ်ငွေ့"နှင့် တက်သွားလေပြီ။

နှဖူးထက်မှ စီးကျလာတဲ့ ပူပူနွေးနွေး အထိအတွေ့ကို လက်ဖဝါးနဲ့ ဖိသုတ်လိုက်ကာ ထိုအရာများသည် သွေးများဖြစ်လို့နေ၏။

"အားး..သွေးတွေစီးကျနေတာပဲ" ဟု နူတ်ကနေ ရေရွတ်လိုက်ရင်းနဲ့ မပီမပြင်ဝိုးတဝါးဖြစ်လာတဲ့ မျက်၀န်းငယ်တွေက လေးလံလို့နေကာ နောက်‌ဆုံးတွင် အမြင်အာရုံများဝေဝါးလာပြီး လူတွေရဲ့ စကားပြောသံများသာ နားစည်ထဲ တိုး၀င်လို့လာကာ နောက်ဆုံး ဘယ်လိုဖြစ်ခဲ့သည်လဲကို သူမသိတော့ပေ။

~~~~~~~~~~~~~~~~~

"နောက်ထပ်တင်ပြပေးမဲ့ သတင်းတစ်ပုဒ်ကတော့ လိူင်သာယာမြို့နယ်(.......)တွင် ယဉ်မတော်တဆမူ့ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထို လူသုံးဦး အနက် တစ်ဦးမှာ အပြင်းအထန် ထိခိုက်မိသွားပါသဖြင့် နီးစပ်ရာ တာ၀န်ရှိများက ဆေးရုံးသို့ ပို့ပေးခဲ့ကြရာ အခုထက်ထိ သုံးဦးစလုံးမှာ လုံး၀သတိမရသေးသောကြောင့် အသက်အန္တာရာယ် အင်မတန်စိုးရိမ်ရပါသဖြင့် ယဉ်မောင်းသူများသည် မိမိတို့၏ ယဉ်ကြီး၊ ယဉ်ငယ်များကို စနစ်တကျ စည်းကမ်းလိုက်နာကြပြီး "ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည် ညာပြန်ကြည့်" စတဲ့ ဆောင်ပုဒ်နဲ့ အညီ လိုက်နာဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်"

{ ချည် } Where stories live. Discover now