Part {31}

11.8K 694 19
                                    

"အဒေါ်ကြီးရေ၊ အဒေါ်ကြီး"

၀လ္လာရဲ့ အော်ခေါ်မူ့ကြောင့် မီးဖိုချောင်ထဲက လုပ်လက်စတွေကို အမြန်ပစ်ချခဲ့ကာ အိမ်ရှေ့သို့ မိညို မှာအပြေးလေး ပြေးထွက်လာခဲ့၏။

"အစ်ကိုလေး၊ ဘာခိုင်းစရာရှိလို့လဲ မိညို လုပ်ပေးမယ်၊ အဒေါ်ကြီးက ၀ယ်ချင်တာတွေများလို့ဆိုပြီး ဈေးကို စောစောလေး ထွက်သွားတယ်"

မိညိုမှာ ဧည့်ခန်းက နာရီကို  လှမ်းကြည့်လိုက်တော့ မနက် 6:30 ပဲရှိသေးသည်။ ခါတိုင်းဆိုရင် ၀လ္လာမှာ ဒီအချိန်နဲ့ ဘယ်တော့မှ အိပ်ရာစော"မထတက်ပေ။
မိညို ဘာကြောင့်လဲဆိုတာ သိတော့သိနေပေမဲ့လို့
မမေးရဲတာနဲ့ ဒီအတိုင်းသာ နေလိုက်နေတာ့၏။

"မိညို မနက်စာ ပြင်ပေးရတော့မလား"

"မလိုဘူး"

"ငါ့ဒီနေ့ အပြင်သွားစရာရှ်ိတယ်၊ ရက်အနည်းငယ်ကြာလိမ့်မယ် ဒါကြောင့် အိမ်ကို ဂရုစိုက်"
မေမေကလည်း ဒီရက်ပိုင်း အိမ်ပြန်လာဖြစ်မှာမဟုတ်လောက်ဘူး၊ ငါ ဘာပြောချင်လဲဆိုတာ သိတယ်မို့လား"

"ဟုတ်..ဟုတ်ကဲ့ "
"အစ်ကိုလေး"

"ဒါနဲ့ အစ်ကိုလေးက အခုသွားတော့မှာမို့လို့လား"
"ဟိုလေ..ဟို..."

မိညိုမှာ မေးချင်တဲ့စကားလုံးတွေက များနေတော့ ပါးစပ်ကပြောလို့မထွက်ပဲ လည်ချောင်းထဲတွင် နင်နေမိ၏။
လူကလည်း နဂိုတည်းက စပ်စုရတာဝါသနာပါတော့ မမေးပဲနဲ့ကလည်း မနေနိုင်ပေ။
ဒါကြောင့်...
ဒီခရီးမှာ အစ်ကိုလေး သျှား ပါတယ်မို့လား လို့ မေးလိုက်လေသည်။မိညိုရဲ့ အမေးကြောင့် ၀လ္လာမှာ မသိလိုက်ဖာသာ ကိုယ်လေး တစ်ချက် ရို့ သွား၏။
သူမျက်နှာကြည့်ရတာ စိတ်ဆိုးဒေါသဖြစ်နေတဲ့ပုံတော့မပေါ်ချေ။

"အင်း"

၀လ္လာမှာ စကားအပိုမ ပြောတက်တဲ့ လူတစ်ယောက်ဖြစ်သည်။ မိညို ရဲ့ အမေးကို "အင်း" ဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့သာ ပြောလိုက်ရင်းဖြင့် တစ်ဖက်လူရဲ့ အပြောကို ပိတ်လိုက်တာပင်ဖြစ်သည်။

ညတုန်းက သောက်ထားတဲ့ အရှိန်ကြောင့် ၀လ္လာမှာ ခေါင်း အနည်းငယ်ကိုက်နေတာတော့ အမှန်ပေ။
ဘယ်သူက သူ့ကို အိမ်ရောက်အောင် လိုက်ပို့ပေးတာလည်းဆိုတာလည်း သိပ်မမှတ်မိချင်ပေ။
သူ အိမ်ကို တန်း"မက်" ပြန်ရောက်တာတော့သိသည်၊
နောက်ပြီး မျက်လုံးထဲပြန်မြင်လာတာက သူ့ကို အမူးပြေ စွပ်ပြုတ် တိုက်ကျွေးနေတဲ့ လူတစ်ဦး။
အဒေါ်ကြီးက စွပ်ပြုတ်လုပ်မယ်လို့ပြောသည်။
ဒါပေမဲ့ ၀လ္လာက တားလိုက်ကာ ဒေးစ်ကို ကိုယ်တိုင် လုပ်ခိုင်းလိုက်တာ မပြီမပြင် ‌ဝိုးတဝါး ပုံရိပ်တွေက မျက်၀န်းထဲမှာ ဖျက်ကနဲ" နဲ့ ပေါ်လာတော့သည်။

{ ချည် } Where stories live. Discover now