Part{37}

9.2K 587 20
                                    

မြို့လယ်ခေါင်မှာရှိတဲ့ Matsuyaကုမ္မဏီ လက်ခွဲဖြစ်တဲ့ အဆောက်အဦးက သိပ်ကိုမြင့်မားလွန်းတယ်ဆိုတာ သျှားအခုမှပဲသိတော့သည်။
ခါတိုင်းပုံမှန်ဆိုရင် သူ တိမ်၀လ္လာမိုးမြင့် ဆီကို လာလေ့မရှိပေ။ နှစ်ယောက်သားက ကိုယ့်ဝါသနာပါတဲ့ လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကျတာမို့ မည်သူကမှ တစ်ယောက်လုက်ငန်းတစ်ယောက်ကို ပါ၀င်စွက်ဖက်လေ့မရှိကြပေ။

ဒီနေ့က သျှား၊ တိမ်၀လ္လာမိုးမြင့် ကုမ္မဏီကို လိုက်လာခဲ့တာ ဒီအကြိမ်နဲ့ဆိုရင် နှစ်ကြိမ်မြောက်သာရှိသေးသည်။
ပထမတစ်ခါက သူတို့ကို မြေမရောင်းပါဘူးဆိုပြီး၊ နောက်ဆုံးကိုယ့်ဖက်ကပဲ ရှေ့မျက်နှာနောက်ထားပြီးလာခဲ့ရတဲ့အချိန်ကဖြစ်သည်။

သျှားက နဂိုကတည်းက ကုမ္မဏီလုပ်ငန်းတွေကို စိတ်မ၀င်စားတဲ့သူတစ်ယောက်ဖြစ်တာမို့ အဖေဖြစ်သူ ဦးမြတ်မင်းရဲ့ ကုမ္မဏီကိုတောင် တစ်လမှ တစ်ခါလောက်တောင် မရောက်ဖြစ်ပေ။
အခု ၀လ္လာနဲ့ လက်ထပ်ပြီး‌ေတာ့လည်း ၀လ္လာရဲ့ ကုမ္မဏီကို သွားရောက်လည်ပတ်လေ့မရှိပေ။
၀လ္လာဘက်က ‌တစ်ခါတလေကျ သူ့လုပ်ငန်းကို စိတ်မ၀င်စားဘူးလားလို့ မေးတက်သည်။
သူနဲ့ အလုပ်တွဲလုပ်ဖို့ကိုလည်း မေးတက်သေးသည်။
သို့ပေမဲ့ သျှားက ဒီလုပ်ငန်းတွေကို စိတ်မ၀င်စားတာမို့
သူမလုပ်ချင်ဘူးလို့သာ ငြင်းလိုက်၏။

အခု ဒီကိုလာတာလည်း ၀လ္လာသည်ကအရေးကြီးတဲ့ ဖိုင်တစ်ခုကို အိမ်မှာမေ့ကျန်ခဲ့တာမို့ သျှား မှာ လမ်းကြုံတာနဲ့ ၀င်ပေးဖြစ်တာဖြစ်သည်။
နမို့ဆိုလည်း သျှားက သိပ်အလေးအနက်ထားနေ‌မှာမဟုတ်ပေ၊ ညက ဒီဖိုင်အကြောင်းနဲ့ ပတ်သတ်ပြီး ကုမ္မဏီက တာ၀န်ရှိတဲ့သူတစ်ဦးနဲ့ ဖုန်းပြော‌ေနတာကို သူကြားလိုက်သည်။
ဘယ်သူဘယ်ဝါ လည်းတော့ သျှားလည်းမသိပေ။
သေချာတာကတော့အရေးကြီးတဲ့ အကြောင်းကိုတော့သူသိသည်။ ကံ‌မကောင်းစွာနဲ့ပဲ ၀လ္လာက ဒီဖိုင်ကို အိမ်မှာမေ့လို့ကျန်ခဲ့သည်။ သျှား လည်း သိမ်းရင်းဆည်းရင်းနဲ့ပဲ ရုတ်တရပ်တွေ့လိုက်တာနဲ့ အခုလို ၀င်ပေးဖို့အကြောင်းဖန်လာတာပင်။

"တိမ်၀လ္လာမို့မြင့် အထဲမှာရှိလား'

ကုမ္မဏီရဲ့ အတွင်းပိုင်းကို ၀င်လိုက်တာနဲ့ ၀န်ထမ်းမလေးက သူ့ကို ဦးညွှတ်နူတ်ဆတ်လာ၏။
သျှားလည်း ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ ၀လ္လာရှိမရှိကိုသာ ဦးတည်မေးလိုက်၏။

{ ချည် } Where stories live. Discover now