Part {35}

10.1K 570 16
                                    

သဲဖြူကျွန်းဆိုသည်မှာက ပင်လယ်ပြင်ထဲမှာ တည်ရှိနေတဲ့ ကျွန်းလေးတစ်ကျွန်း။

ထိုကျွန်းလေးဆီကိုရောက်အောင် သွားဖို့ဆိုရင် စက်လှေ၊ သို့မဟုတ် မော်တော်ဘုတ်နဲ့မှသာ သွားလို့ရသည်။
ကမ်းစပ်ကနေ ထိုနေရာလေးကို လှမ်းမျှော်ကာကြည့်လိုက်ရင်ဖြင့် အဖြူရောင် စုရပ်လေးဖြစ်တဲ့ ထိုကျွန်းငယ်လေးကို ခပ်ရေးရေးလေးမြင်ရပေသည်။

ကျွန်းလေးက သိပ်ကြီးကြီးမားမားတော့ ဟုတ်မနေပေ။
ပင်လယ်ရေပြင်လယ်မှာ ဘုရားတစ်ဆူကို တည်ထားကိုးကွယ်ထားပြီး ဘေးပတ်လည်ကာရံထားတဲ့ရေပြင်အထက်မှာ အဖြူရောင် သဲပွင့်လေးတွေဖြင့် ၀န်းရံ၊ ခြံရံထားတာမို့ အဝေးတစ်နေရာက ကြည့်လိုက်ရင် ထို သဲဖြူလေးတွေကနေတစ်ဆင့် အဖြူရောင် မြေပြင်ကျယ်လေးဖြစ်တဲ့ ထို ကျွန်းစုလေးကို မြင်တွေ့ရတာပင်။

ပင်လယ်ရေလိူင်းတွေက တရိူက်မက်မက် ရိုက်ခက်လို့နေတယ်။ မော်တော်ဘုတ်နဲ့ သွားဖို့ စီစဉ်ထားသောလည်း နောက်ဆုံး အကြောင်း အမျိုးမျိုးတွေကြောင့် စက်လှေနဲ့ပဲ ထွက်လာလိုက်ရတာဖြစ်သည်။

အငံဓာတ်တွေကြွယ်၀နေတဲ့ ထိုရေလိူင်းများက စက်တစ်ခါ ခုတ်လိုက်တိုင်းမှာ ရေမူန်၊ရေမွှား ရေစက် ကလေးများက သျှား ရဲ့ နားထင်၊ သို့မဟုတ် နူတ်ခမ်း စတဲ့၊စတဲ့ မျက်နှာပြင် တစ်ခုလုံးကို ဘယ်နေရာဖြစ်ဖြစ် လာစင်နေတော့ ထို အငံဓာတ်တွေ ပြည့်၀နေတဲ့ အရသာတစ်ချို့ကြောင့် တစ်ခါ၊တစ်ခါကျ လျှာပါ သပ်မိတဲ့ အခိုက်အတန့်တွေလည်းရှိ၏။

ငံကျိကျိအရသာက နူတ်ခမ်းပါးနဲ့ ထိတွေ့‌လိုက်တော့ သျှား ‌မျက်မှောင် အနည်းငယ်ကြုတ်မိသည်။
"တော်တော်ငံတာပဲ"
နူတ်ခမ်း၀မှာလာ စင်တဲ့ ရေမုန်၊ရေမွှားများကို လက်ဖနှောင့်နဲ့ ဖိကပ်သုတ်ပစ်လိုက်၏။

"အထဲ၀င်ထိုင်ပါလား၊ ဘာလို့ လှေဦးထိပ်မှာ ရပ်နေရတာလဲ"

အနားကိုလျှောက်လာတဲ့ လူက သူ့ပုခုံးပေါ်ကို အင်္ကျီတစ်ထည်ဖြင့် လာခြုံလွှမ်းပေးလို့လာပြီး၊ သျှား ရဲ့ ပါူတစ်ဖက်ကို သူ့လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်လိုက်ရင်း သျှားကို အပြုံး ကြီးကြီးတွေနဲ့ ပြုံးပြနေတာဖြစ်သည်။

{ ချည် } Where stories live. Discover now