Part {43} ZG

3.3K 146 2
                                    

" အကိုလေး မနက်ဖြန် သွားမဲ့ ခရီးစဉ်က အဆင်သင့်ဖြစ်နေပါပြီ.."

"ထွက်ခွာဖို့ အကိုလေးဘက်က အဆင်သင့်‌ဖြစ်နေရင် ကျွန်တော် ခုချက်ချင်းပဲ စီစဉ်လိုက်လို့ရပါပြီခင်‌ဗျ"

ဖုန်းတစ်ဖက်ကနေ ၀လ္လာရဲ့ လက်ထောက်ဖြစ်သူ ကိုသော်တာကနေ စကားလုံးများကို သတိတထားနဲ့ ပြောလာနေတာကြောင့် ၀လ္လာသည် သေချာအာရုံစိုက်ပြီးနားထောင်နေလိုက်သည်။

မနေ့က မိုးသည်းထန်းစွာရွာနေတာကာတစ်ကြောင်း၊ နောက်ပြီး လင်တော်မောင်ဖြစ်သူက အခက်အခဲနဲ့ ရင်ဆိုင်နေရတာကတစ်ကြောင်းနဲ့ သူခရီးထွက်ဖို့ကိစ္စကို မေ့သလောက်တောင်ဖြစ်နေပြီပင်။
အမှန်တော့ သူ စလုံး ကိုသွားဖို့ခရီးစဉ်က လုံးဝဖျက်လို့မရခဲ့ပေ၊ သူသာ ဒီ အစီအစဉ်ကို ဖျက်လိုက်ပါက ကုမ္ပဏီဘက်ကနေ ဆုံးရူံးနစ်နာမူ့က အဆမတန်ကို မြင့်မားသွားလိမ့်မယ်ဖြစ်သည်။

"အကိုလေး နားထောင်နေလားဗျ"

"အင်း ဆက်ပြော.."

"ဘာမှတော့ ထွေ"ထူး" ပြောစရာမရှိတော့ပါဘူး၊ အကိုလေး အဆင်သင့်၊ ဖြစ်မဖြစ်ကိုပဲ ကျွန်တော်က အသိပေးရုံပါ"

" အင်း ငါသိပြီ"

"ဟုတ်ကဲ့ အကိုလေး၊ ဒါဆိုရင် ကျွန်တော် ဖုန်းချလိုက်တော့မယ်နော်"

"ကိုသော်တာ ခဏ"

"ဟုတ်ကဲ့ အကိုလေးပြောပါ"

"ဦးမြတ်မင်းရဲ့ ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ၊ ငါအားလုံးသိချင်တယ်..."

" အဲ့ဒါက ချောက်တွန်းခံရတာပါ အကိုလေး၊ တစ်ဖက် ပါတနာက ငွေစရင်းတွေကို လိမ်လည်လှည့်ဖြားခဲ့ပြီး သက်သက်မဲ့ လုပ်ကြံခဲ့တာပါ၊ အခုတော့ အကိုလေး ညွှန်ကြားတဲ့ အတိုင်းလိုက်ပြီးဆောင်ရွက်ခဲ့လို့ အားလုံး အဆင်ပြေသွားပါပြီ၊ ဦးမြတ်မင်းဘက်ကလည်း တစ်ဖက် ပါတနာကို အသေရေဖျက်မူ့နဲ့ တရားပြန်ဆွဲဆိုထားပါတယ်.."

" ရှယ်ယာရှင်တွေ ဘက်ကရော ဘယ်လိုအခြေအနေရှိလဲ"

"အရင်က ရှယ်ယာတွေ ပြန်ထုတ်ယူတဲ့ လုပ်ငန်းရှင်တွေကိုတော့ ဦးမြတ်မင်းဘက်ကနေ အပြီးတိုင် လက်တွဲဖြုတ်လိုက်ပါပြီ၊ ဦးမြတ်မင်းအပေါ်ကို ယုံကြည်တဲ့ လုပ်ငန်းရှင်တစ်ချို့နဲ့သာ ဆက်လက်လုပ်ကိုင်မယ်လို့ ပြောပါတယ် ခင်ဗျ.."

{ ချည် } Where stories live. Discover now