Part {33}

11.6K 636 16
                                    

တောင်တွေကာရံထား‌တဲ့ တောပတ်လမ်းတွေကို နက်ပြာရောင် BWMကား‌ေလးကတစ်‌ေရွ့ရွေ့ဖြတ်သန်းမောင်းနှင်နေလေရဲ့။

ထိုကားလေးထဲမှာ တည်ကြည်ခံ့ညားလှတဲ့ ရုပ်အသွင်ရှိတဲ့
တိမ်၀လ္လာမိုးမြင့်ဆိုတဲ့လူတစ်ယောက်ရယ်၊
သူခေါ်ဆောင်ရာနောက်ကို မလိုက်ချင်၊လိုက်ချင်ဖြင့်
မဖြစ်သာလို့သာ လိုက်လာခဲ့ဟန်ရှိတဲ့ စူပုပ်မျက်နှာထားနဲ့
မာန်ထက်သျှား ဆိုတဲ့ လူရယ်က ထိုအနက်ပြာရောင်ကားလေးထဲမှာ တစ်ယောက်နဲ့ ‌တစ်ယောက် စကားတစ်ခွန်းတစ်ပါဒမျှ မပြောကျပဲ လေထုအလည်ကို ဖြတ်ကေဖာ်ကာ  တောတောင် မြစ်ပင်လယ်တွေကို ဖြတ်သန်းပြီး၊
ချောင်းသာ ကမ်းခြေရှိရာ ပုသိမ်မြို့ လေးဆီသို့ ခရီးနှင်ခဲ့ကြလေသည်။

"ကားစီးရတာ အရမ်းပင်ပန်းနေပြီလား"
"မကြာခင်ရောက်တော့မှာပါ"

တိတ်ဆိတ်ငြိမ်သက်နေတဲ့ လေထုကို ၀လ္လာသည် ရီသန်သွေးကာ စကားစလိုက်တော့၊ တစ်ဖက်ကလူက မဖွင့်ချင်ဖွင့်ချင်ဖြစ်နေတဲ့ သူ့ရဲ့မျက်လုံးတွေကို ဖွင့်ဟကြည့်လိုက်လေသည်။
တကယ်တော့ ခရီးရှည်ကြီးကိုကားစီးရတာသိပ်ကိုပင်ပန်းလှတယ်ဆိုတာ အမှန်ပင်။
ရန်ကုန်နဲ့ ပုသိမ်ဆိုတာ နာရီပိုင်းလောက်သာ ကားစီးရပေမဲ့လို့ တကယ်တော့ သျှား သည် ဒီလောက်ခရီးရှည်ကို အခုမှ ပထမဦးဆုံး သွားဖူးတာဖြစ်သည်။
ကိုယ်ကမူးနောက်နေတဲ့ ခေါင်းကို လက်တစ်ဖက်ဖြင့်အသာဖိကိုင်ထားပြီး ကားတံခါးကနေ အပြင်က တရိပ်ရိပ်ဖြစ်နေတဲ့ ရူခင်းပဒေသာတွေကို ခံစားကြည့်နေရင်း ကြာတော့ မျက်လုံးက ဘယ်လိုမှ ဆက်မကြည့်နိုင်တော့ပဲ
အသာအယာ မျက်လုံးတွေကို မှိတ်ချထားလိုက်ကာ
မျက်မှောင် အနည်းငယ်ကြုတ်ထားမိ‌ေနတာ့ဖြစ်သည်။

ဒီနေ့ ကိုယ့်သဘောမပါပဲ လိုက်ခဲ့ရတာဆိုတော့ စိတ်က သိပ်မကြည်ပေ၊ ဒါကြောင့်မို့လည်း စကားတစ်ခွန်းမျှ မပြောပဲ၊ တစ်နည်းအားဖြင့် ပြောချင်စိတ်မရှိတာနဲ့ ကိုယ့်ဖာသာကို နေ နေတာဖြစ်သည်။

မနက်အစောကြီးအိမ်ကိုရောက်လာတယ်။
သူ့သဘောနဲ့ လူကို လုပ်ချင်သလိုလုပ်ပြီး အခုမှ ပြန်လာချော့တဲ့သူကို စိတ်ဆိုးသင့်တယ်ဆိုပေမဲ့ စိတ်က ဒီလူ့ကို မြင်ရင် ဘယ်လိုမှကို ရင်ခုန်သံတွေကို ထိန်းချုပ်လို့မရတာပင်။ ဒါကြောင့် ရင်ထဲမှာပြည့်သိပ်နေတဲ့ စိတ်ခံစားမူ့တွေကို ခဏတာမေ့ဖျောက်ပစ်လိုက်ပြီး ဒီလူကို တစ်ကြိမ်တစ်ခါဖြင့် ယုံကြည်လိုက်တာပင်။

{ ချည် } Donde viven las historias. Descúbrelo ahora