Part {3}

15.6K 1K 51
                                    

ကံကြမ္မာကပဲ သူတို့နှစ်ယောက်ကို‌ေတွ့ ဆုံလာဖို့မျက်နှာသာပေးနေတာလား၊ ဒါမှ မဟုတ်ရှေးဘ၀က ပြုခဲ့ဖူးတဲ့ရေစက်တွေကြောင့် ဒီဘ၀မှာ လာဆုံတွေ့နေရတာလားကွယ်။

အဲ့လူရဲ့ အိမ်မှန်းသိရင် သူအစကတည်းက မလာခဲ့ပါဘူး။
အခုတော့ လူအများရဲ့ ရှေ့မှာ အရှက်ကွဲခံနေရတာ၊ ဖြစ်နိုင်ရင် အဲ့လူရဲ့မျက်နှာကို အားရပါးရ၊ ထိုးပစ်ချင်ပါ၏။

အနားမှာက လူကြီးတွေသာမက၊ ရွယ်တူယောက်ျားလေးတွေရော၊ မိန်းခလေးတွေရောက သူ့ကို ကြည့်နေတာမို့ မျက်လွှာကိုချ ခေါင်းကို ငုံ့ထားလိုက်တယ်။
"အဟတ်...သည်းခံထားရတဲ့စိတ်က တကယ်ကိုမလွယ်ပါလားနော်...."

"အစ်မမာလာ ပြန်ဖို့အဆင်သင့်ဖြစ်ရင် ပြန်ကျရအောင်လား..?"

သျှားသည် တစ်ဖက်လူရဲ့စကားတွေကို မကြားချင်ယောင်သာဆောင်ထားလိုက်တယ်၊ အခုသူလာတာက ကိစ္စရှိလို့လာတာ၊ ထိုလူနဲ့ စကားနိုင်လုနေနိုင်လောက်အောင် အချိန်တွေ ပေါမနေပေ...!!

"နေဦး...သျှား...ငါအမေကို သွားခေါ်လိုက်ဦးမယ်.."

မာလာက ဝလ္လာအမေနဲ့ စကားကောင်းနေတဲ့ ဒေါ်မာလာဒေဝီဆီကို သွား‌‌ေခါ်တော့၊ သျှားက ခေါင်းတစ်ချက်ငြိမ့်ပြကာ ခဏစောင့်နေလိုက်၏။

"ဘာလဲ..."
မင်းက ငါ့စကားတွေကို ဂရုမစိုက်ဘူးပေါ့လေ။
ဘာလဲ...ငါပေးတဲ့ ငါးသိန်းက မင်းအတွက်နည်းနေလို့လား?

ဝလ္လာက ဝိုင်ခွက်ကို လက်ကကိုင်ရင်း နေရာကနေ ထရပ်လိုက်တယ်။

လူအားလုံးရဲ့ အကြည့်တွေက သူတို့နှစ်ယောက်ဆီမှာပင်။

"ဟဲ့ရေ..."
သူတို့ ဘာအကြောင်းကို ပြောနေတာလဲဟ၊ ငါးသိန်းဆိုတာကရော ငါထင်နေတဲ့ ဟာတော့မဟုတ်ပါဘူးနော်။
အဟိ....အဟိ။

"ကောင်မ နင်ကတော့ ဒါပဲတွေးနေ.."
နင် BLကားတွေ အကြည့်များသွားပြီ၊ တိမ်၀လ္လာမိုးမြင့်လို့ ဒီလိုခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် ငါ့ကြိုက်တဲ့ Typeနဲ့ ကွက်တိကျနေတဲ့ကောင်လေးက မသိရင်မှတ်ထား၊ဘယ်တော့မှ မ‌gayဘူး၊ Straightစစ်စစ်ဟဲ့၊ strightစစ်စစ်....လုံး၀ရေမရောဘူး...!!

{ ချည် } Where stories live. Discover now