Part (39)ZG

4.9K 148 1
                                    

ဆေးရုံမှာ ရက်အနည်းငယ်ကြာတော့ သျှား ရဲ့ ကိုယ်ခန္ဓာကလည်း အတော်အသင့်ပြန်ကောင်းလာပြီပင်ဖြစ်သည်။
မကြာခင်မှာပဲ ဆေးရုံးယအမြန်ဆင်းရတော့၏။

သို့သော်...
သူသည် ၀လ္လာရဲ့ခေါ်ဆောင်ရာဆီသို့ သူမလိုက်ခဲ့ပေ။
မလိုက်ဘူး၊ မပြန်ချင်ဘူးလို့သာ ဇွတ်ငြင်းပြီး သူ့အရင်နေခဲ့တဲ့ အိမ်ကိုသာ ပြန်လိုက်သွား၏။
အခုချိန်က သျှားရဲ့ ကျန်းမာရေးကလည်း သိပ်အကောင်းကြီးမဟုတ်သေးတာကြောင့် သျှား ရဲ့ဖေဖေကလည်း သ့ရဲ့သားကို အတင်းကြီးဖိအားမပေးပါနဲ့ဦးလို့ ပြောလာတာကြောင့် ၀လ္လာမှာလည်း အင်တင်တင်နဲ့သာ သူစိတ်အခြေအနေ ပြန်ကောင်းလာတဲ့အထိ အဲ့မှာနေဖို့သာ ခွင့်ပြုပေးလိုက်ရတော့၏။

သျှား က အရင်ကိစ္စတွေကို မှတ်မိချင်မှတ်မိလိမ့်မည်။
သို့ပေမဲ့ သူမမှတ်မိချင်တော့တာလည်း ဖြစ်နိုင်ပေသည်။
ထိုအတွေးစက ရင်ဘတ်ထဲနဲ့ ဦးနှောက်ထဲကို အမြန်ဆန်တိုးဝင်ရိုက်ခတ်မူ့ကြောင် ၀လ္လာကိုယ်ခန္ဓာလေးမှာ အနည်းငယ်တုန်တက်လို့ သွားမိ၏။

အခုချိန်မှာ သူရှေ့ဆက်တိုးလို့လည်း မရနိုင်သေးပေ။
သူ့ အတင်းကာရော ဖိအားပေးလိုက်မိရင် အတိတ်က ကိစ္စတွေကို ပိုလို့တောင် မမှတ်မိတော့ပဲ ကိုယ့်ကိုတောင် မုန်းလို့ သွားမလားတောင် စိုးထိတ်မိပါ၏။

ဟူး....အဆင်မပြေမူ့တွေများလွန်းတဲ့ လူ့အသိုင်းအဝိုင်းထဲမှာရှင်သန်မူ့အတွက်ရုန်းကန်ရတာ ပင်ပန်းလိုက်တာ!!

ညအချိန်က အတော်လေး ညဉ့်နက်လို့နေပြီ။
မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လို့ အိပ်စက်အနားယူနေနိုင်ကြပေမဲ့ ခုချိန်ထိ အခန်းရဲ့ တစ်ထောင့်တစ်နေရာမှာ မလူပ်မယှက် ထိုင်ပြီး ဆေးလိပ်ငွေ့များကို မူတ်ထုတ်နေတဲ့သူကတော့ တိမ်ဝလ္လာမိုးမြင့် ပင်။

သူဘာဆက်လုပ်ရမလဲ။
ဘေးနားက ဖုန်းကို လှမ်းဆွဲယူလိုက်ကာ contactထဲဝင်ပြီး အရင်းနှီးဆုံး နံပတ်‌ဂဏန်းလေးတွေကို ငေးကြည့်နေမိသည်။

အခုချိန်မှာ ၀လ္လာက သူ့ရဲ့ စိတ်အစုံကိုထိုလူသားအတွက် အင်မတန်ကို လျှော့ချထားတာဖြစ်သည်။
ပုံမှန် အချိန်တွေဆိုရင် သျှား ဆိုတဲ့ လူသားကို ဒီလိုအတင်းငြင်းဆန်နေခဲ့ပါက စိတ်မရှည်ပဲ ကားပေါ်သို့ ပွေ့ချီခေါ်သွားလိုက်ပြီပင်။

{ ချည် } Where stories live. Discover now