system 091
By TeeKo0
1.1M 122K 5.8K
wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပ... More
intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း
(5.18)
5.6K 584 12
By TeeKo0
Unicode
ရှောင်ကျန့်ဟာနှုတ်ခမ်းအနည်းငယ်ဆူရင်းချင်းယွမ်အန်းကိုမေးလိုက်သည်။
"ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
ရှောင်ကျန့်ရဲ့ဆူပုတ်ပုတ်စကားလေးကိုချင်းယွမ်အန်းဟာအပြုံးလေးတစ်ခုဖြင့်ပြန်လည်တုန့်ပြန်ရင်းဖြေလာသည်။
"ဒီအတိုင်း.....ပျင်းလို့လမ်းလျှောက်ထွက်လာရုံပါ...."
ရှောင်ကျန့် : "....."
ငါ့ကိုအချဥ်များမှတ်နေလား......ဟမ်....ညကြီးမင်းကြီးငါပိုင်တဲ့တောင်ပေါ်မှာခိုးကြောင်ခိုးဝှက်ရောက်လာတာကိုကျွန်တော်ကရိုးသားတဲ့ဖိုးသခွားလေးပါလို့ပြောရုံနဲ့ပြီးသွားရောတဲ့လား.....
ရှောင်ကျန့်ကနှာတစ်ချက်မှုတ်လိုက်ရင်းချင်းရွမ်အန်း၏ကျောနောက်ဘက်ကိုအနည်းငယ်လောက်ကျော်ခွကြည့်လိုက်သည်။
"ခင်ဗျားတစ်ယောက်တည်းလား....ချင်းယွမ်မူရော"
ချင်းယွမ်မူအကြောင်းစကားစလိုက်မိသည်နှင့်ချင်းယွမ်အန်း၏မျက်နှာထက်တွင်ထူးဆန်းသည့်အပြုံးကြီးတစ်ခုမသိမသာပေါ်ပေါက်လာ၏။
သူကိုယ်တိုင်သူ့ညီဖြစ်သူကိုအလစ်အငိုက်တိုက်ခိုက်ပြီးထူးဆန်းတဲ့ဆေးတစ်မျိုးနဲ့သတိလစ်မေ့မြောသွားစေ၍မြင့်မြတ်ရတနာတစ်ချို့ဖြင့်ထိန်းချုပ်ပိတ်လှောင်ထားကြောင်းသေတောင်ပြောမည်မဟုတ်ပေ။၎င်းကနာရီပိုင်းလောက်သာထိန်းထားနိုင်မှာဆိုပေမယ့်ကိစ္စမရှိချေ။ဒီအချိန်လေးအတောအတွင်းရှောင်ကျန့်နဲ့အတူနောက်ထပ်ခြေတစ်လှမ်းထပ်တိုးနိုင်သ၍အဆင်ပြေသည်။
ကံကောင်းသည်ကသူ့ရဲ့အလစ်အငိုက်တိုက်ခိုက်မှုမှာအောင်မြင်သွားသည်လေ။သေချာသည်မှာချင်းယွမ်မူတစ်ယောက်အခုချိန်လောက်ဆိုအိပ်မက်ထဲကနေသေလုအောင်ကျိန်ဆဲနေလောက်သည်။
ချင်းယွမ်အန်းဟာခိုးကြောင်ခိုးဝှက်လှစ်ကနဲပြုံးလိုက်ရင်းသူ့လုပ်ရပ်နဲ့ဆန့်ကျင်စွာသူ့ချစ်ညီလေးအားအနည်းငယ်ချောက်ချပြစ်အောင်ချလိုက်သေးသည်။
"သူအခုချိန်လောက်ဆိုအိပ်နေလောက်ပြီ.....မင်းမသိလို့....သူကအရမ်းအအိပ်မက်တယ်.....တစ်ခါတစ်လေဆိုအိပ်ရင်ဝက်ထက်တောင်ဆိုးသေးတယ်...."
ေရှာင်ကျန့်ရဲ့မျက်နှာလေးမှာအနည်းငယဆွံ့အသွားပြီးဘာရယ်မဟုတ်ချင်းယွမ်မူနဲ့စတွေ့ကာစအချိန်ကိုတွေးတောမိသွားသည်။သူတို့တွေ့ကာစတုန်းကလည်းချင်းယွမ်မူကကိုယ်ပိုင်ဂူဗိမ္မာန်ထဲမှာအိပ်နေသည်မဟုတ်ပါလား။
"....."
ငါ့ချစ်သူကအိပ်ရင်တကယ်ပဲဝက်ထက်တောင်ဆိုးတာလား......
ရုတ်တရတ်ကြီးသူ့မျက်လုံးထဲမှာဝက်နှာခေါင်း၊ဝက်နားရွက်၊ဝက်ခန္ဓာကိုယ်နဲ့ချင်းယွမ်မူပုံစံမြင်ယောင်မိသွားသည်။
ရှောင်ကျန့် : "....."
ရှောင်ကျန့်ခမျာကြက်သီးမထပဲမနေနိုင်တော့ပါချေ။
ချင်းယွမ်မူတစ်ယောက်ကတော့သူအမွှာအစ်ကိုရဲ့သူ့အတွက်တူးပေးထားတဲ့တွင်းနက်နက်အကြောင်းဘာဆိုဘာမှမသိပါချေ။အကယ်၍ချင်းယွမ်မူသာအကြောင်းစုံသာသိသွားခဲ့ရင်ချက်ချင်းပြေးလာပြီးအစ်ကိုသောဘာသောမသိပဲချင်းယွမ်အန်းကိုအသေသတ်ပေလိမ့်မည်မှာသေချာသည်။
ညီဖြစ်သူကိုရရင်ရသလိုတွင်းတူးပေးလိုက်သည့်ချင်းယွမ်အန်းဟာရှောင်ကျန့်ကိုနူးညံ့စွာစိုက်ကြည့်ရင်းသူသိချင်သည့်မေးခွန်းကိုစတင်မေးလိုက်သည်။
"ဒါနဲ့....ဖူလင်းကညကြီးအချိန်မတော်ဘယ်သွားမလို့လဲ...."
ချင်းယွမ်အန်း၏မျက်နှာမှာအပြုံးမပျက်ပေ။သူကရှောင်ကျန့်ဖြေလာမည့်မေးခွန်းကိုအသေအချာစိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသည်။
"အာ....."
ထိုအခါမှသာရှောင်ကျန့်ဟာသူ့ရည်ရွယ်ချက်သူပြန်လည်သတိရသွားသည်။
"အသိမိတ်ဆွေတစ်ယောက်ဆီအလည်သွားမလို့ပါ...."
"ကိုယ်လည်းလိုက်လို့ရမလား...."
"ရတာကရပါတယ်....ဒါပေမယ့်......"
"ဒါဆိုသွားကြရအောင်...."
"....."
ချက်ချင်းပင်တတ်ကြွတဲ့ကြက်ဖအသွင်ပြောင်းသွားသည့်ချင်းယွမ်အန်းဟာရှောင်ကျန့်ရဲ့လက်ကိုခပ်တည်တည်ဆွဲယူဆုပ်ကိုင်၍ဆွဲခေါ်သွားသည်။
"ခဏ...ခဏနေပါဦး....ခင်ဗျားကသွားရမယ့်နေရာရောသိလို့လား...."
"....."
ချင်းယွမ်အန်း၏အစိမ်းရောင်တောက်ပနေတဲ့မျက်လုံးတစ်စုံမှာမျက်တောင်နှစ်ချက်လောက်ခတ်လိုက်ရင်းရှောင်ကျန့်ကိုခွေးပေါက်ကြီးလိုမျက်လုံးရွဲကြီးတွေနဲ့နားမလည်သလိုကြည့်လိုက်သည်။
ရှောင်ကျန့် : "....."
ထားလိုက်ပါတော့.....
ရှောင်ကျန့်ဟာသက်ပြင်းအသာချလိုက်ရင်းချင်းယွမ်အန်းကိုဦးဆောင်လျက်ကျောင်းတော်ရဲ့အတွင်းပိုင်းတစ်နေရာသို့ဦးတည်လိုက်သည်။
********
နဂါးနဲ့ဖီးနစ်ကျောင်းတော်ကြီး၏အုပ်ချုပ်တည်ထောင်သူမှာသူတို့ရဲ့ထူးခြားဆန်းကျယ်တဲ့ကျောင်းအုပ်တစ်ယောက်သာရှိသည်။ထိုသူကကျောင်းတော်ကြီးကိုကိုယ်တိုင်တည်ထောင်ခဲ့တာဖြစ်ပြီးကျောင်းသားနဲ့အကြီးအကဲတိုင်းဟာလည်းကျောင်းအုပ်ကိုနတ်ဘုရားတစ်ပါးလိုယုံကြည်ကိုးကွယ်ကြသည်။
ကောလဟာလအရကျောင်းအုပ်၏ကျင့်ကြံခြင်းအဆင့်မှာကြီးမြတ်သောကောင်းကင်နတ်ဘုရားအထွတ်အထိပ်အဆင့်ရှိသည်ဟုဆိုသည်။ကျောင်းအုပ်မှာလွန်စွာလျို့ဝှက်ဆန်းကျယ်၍သူ့အတွက်ကျောင်း၏အတွင်းဘက်အကျဆုံးတောင်တစ်ခုတွင်ကျောင်းအုပ်အတွက်သီးသန့်နေထိုင်ရာအိပ်ဆောင်ရှိသည်။ထိုတောင်မှာကျောင်း၏တားမြစ်နေရာလိုဖြစ်နေပြီးခွင့်ပြုထားသူမှမဟုတ်ရင်မည်သူမှာဖြတ်သန်းသွားလာဝင်ရောက်ခွင့်မရှိပေ။
ကျောင်းအုပ်ရုံးခန်းကိုတော့တောင်အောက်တွင်ထားရှိထားပြီးအကြီးအကဲတစ်ချို့သာဝင်ရောက်ခွင့်ရှိသည်။
ညအချိန်......
ကျောင်းအုပ်ရုံးခန်းထဲတွင်လူတစ်ယောက်ဟာလက်ရာမြောက်ရှေးဟောင်းခုံတစ်ခုံပေါ်၌ကျောမှီလျက်အေးဆေးစွာထိုင်နေ၏။သူ့လက်ထဲတွင်အသစ်ဝင်ရောက်လာသည့်ကျောင်းသားတွေရဲ့ကိုယ်ရေးအချက်အလက်အားရေးသားထားသောစာရွက်စာတမ်းတွေရှိနေသည်။
ထိုသူ့တွင်တောက်ပရှည်လျားတဲ့အနီရောင်ဆံနွယ်ရှည်တွေပိုင်ဆိုင်ထားပြီးပိန်ပါးသေးသွယ်တဲ့ခန္ဓာကိုယ်ထက်တွင်အနီရောင်ဝတ်ရုံရှည်အားလျော့တိလျော့ရဲဝတ်ဆင်ထားသည်။
ထိုသူရဲ့မျက်နှာမှာအလွန်လှပပြီးမြေခွေးတစ်ကောင်လိုမျိုးထူးခြားသည့်ညှို့ငင်ဆွဲဆောင်နိုင်စွမ်းလည်းရှိနေသလိုမြင့်မြတ်သည့်အရှိန်အဝါတွေလည်းဖြာထွက်နေသည်။မထင်မှတ်ထားစွာပင်ထိုသူမှာနဂါးနဲ့ဖီးနစ်ကျောင်းတော်ကြီးအားစဦးတည်ထောင်သူထူးခြားဆန်းကျယ်သည့်ကျောင်းအုပ်ကြီးဖြစ်နေလေသည်။
ညှို့ငင်နိုင်စွမ်းအပြည့်ဖြင့်sexyကျသည့်ကျောင်းအုပ်သည်သူ့လက်ထဲကကျောင်းသားသစ်တွေရဲ့အချက်အလက်စာရွက်စာတမ်းတွေကိုသူ့အရှေ့ကစားပွဲပေါ်သို့တင်လိုက်ပြီးသက်ပြင်းအသာချလိုက်သည်။
ထိုကျောင်းသားသစ်တွေရဲ့အချက်အလက်ကိုကြည့်ရင်းကျောင်းအုပ်ခမျာသူ့မျက်စိမှားနေသည်ဟုသာအခုချိန်ထိခံစားနေရ၏။
အသက်၁၇နှစ်နဲ့နတ်ဘုရားအဆင့်ရောက်နေတဲ့ကျင့်ကြံသူ၄ယောက်တောင်ရှိတယ်တဲ့လား......
မိုးကောင်းကင်ကြီးကသူ့ကိုနောက်နေတာပဲဖြစ်ရမည်။
ကျောင်းအုပ်ဟာသူ့စိတ်တည်ငြိမ်ရန်အတွက်စားပွဲပေါ်ကလက်ဖက်ရည်ခွက်ကိုလှမ်းယူကာမော့သောက်လိုက်သည်။
ထိုအချိန်တွင်ရုတ်တရတ်ကြီးသူ့အခန်းပြတင်းပေါက်တံခါးမှာထူးခြားသည့်လေပြင်းတစ်ခုကြောင့်သူ့အလိုလိုပွင့်ဟသွားပြီးလူနှစ်ယောက်ဟာသရဲကဲ့သို့ဝှစ်ကနဲသူ့အရှေ့ပေါ်လာသည်။
ကျောင်းအုပ်ဟာအနည်းငယ်အံ့ဩသွားသော်လည်းကြောက်လန့်ဟန်မရပဲသူ့ရဲ့လက်ဖက်ရည်ကိုအသောက်မပျက်ပေ။
သူကသူ့ရဲ့အနီရောင်မျက်လွှာလေးကိုပင့်တင်လိုက်ရင်းရုတ်တရတ်ရောက်လာတဲ့သူစိမ်းနှစ်ယောက်ကိုစိတ်ဝင်စားသလိုသာပေါ့ပေါ့တန်တန်စိုက်ကြည့်နေလိုက်သည်။
လူစိမ်းနှစ်ယောက်ထဲကပိန်ပါးသေးသွယ်သည့်ခန္ဓာကိုယ်နှင့်အသက်၁၆၊၁၇အရွယ်လူငယ်လေးဟာအရင်ဦးစွာအရှေ့သို့တတ်လာပြီးကျောင်းအုပ်ကိုပြုံးပြီးကြည့်သည်။ထိုလူစိမ်း၏မျက်နှာလေးမှာလွန်စွာလှပပြီးအနက်ရောင်တောက်ပတဲ့မျက်လုံးလေးတစ်စုံမှာတန်ဖိုးကြီးမားသောမြကျောက်မြတ်ကဲ့သို့ပင်။
လူငယ်လေးရဲ့လှပမှုကိုကျောင်းအုပ်ကတကယ်အသိအမှတ်ပြုစွာနဲ့ခေါင်းခပ်ဖွဖွငြှိမ့်လိုက်သည်။ထိုလူငယ်လေးကလှပမှုအရာတွင်သူ့ထက်အနည်းငယ်သာနိမ့်ကျကြောင်းဝန်ခံရပေမည်။
"မတွေ့ရတာကြာပြီနော်.....ရှောင်ယွဲ့...."
"ဖူး!!!!!!"
ပထမတွင်လက်ဖက်ရည်သာအေးအေးဆေးဆေးမှုတ်သောက်နေသူကျောင်းအုပ်ဟာတစ်ဖက်လူငယ်ရဲ့လွန်စွာနားဝင်ပီရံရှိလှတဲ့အသံသာသာလေးကိုကြားသည့်အခါတွင်သူ့ကပါးစပ်ထဲကလက်ဖက်ရည်တွေအကာန်ဖူးကနဲအလန့်တကြားဖြင့်မှုတ်ထုတ်မိသွားလေသည်။
"မင်း!!!မင်းဘာပြော......."
ကျောင်းအုပ်ဟာလွန်စွာသာယာနာပျော်ဖွယ်ရှိလှတဲ့အသံလာရာဆီသို့စိုက်စိုက်မြိုက်မြိုက်ထပ်မံကြည့်လိုက်ပြီးနောက်တွင်သူ့တစ်ကိုယ်လုံး,လုံးဝတောင့်တင်းသွား၏။
လူစိမ်းနှစ်ယောက်တွင်ပိုမိုသေးသွယ်သည့်လူငယ်လေး၏မူရင်းပုံစံမှာလုံးဝပျောက်ကွယ်နေသည်။လူငယ်လေး၏မူလအနက်ရောင်ဆံနွယ်ရှည်တွေမှာပင်လယ်ပြာရောင်အဖြစ်သို့ပြောင်းလဲသွားပြီးဆံနွယ်တွေမှာခြေဖမိုးကိုထိသည်အထိရှည်လျားနူးညံ့ပျော့ပြောင်းလှသည်။
အထူးသဖြင့်သူ့တွင်သက်ရှိသက်မဲ့အရာတိုင်းကိုရူးသွပ်သွားစေနိုင်သည်အထိအသက်ရှုမှားဖွယ်လှပတဲ့မျက်နှာသေးသေးလေးရှိသည်။သူ့ရဲ့အပြစ်အနာအဆာကင်းမဲ့တဲ့နဖူးပြင်၏အလည်တည့်တည့်တွင်ထူးခြားမြင့်မြတ်သည့်အရှိန်အဝါနှင့်အတူတောက်ပသည့်အပြာရောင်ကျောက်လေးတစ်ပွင့်ရှိနေသည်။
လူငယ်လေးရဲ့မက်မွန်ပွင့်သဏ္ဍာန်ပင်လယ်ပြာရောင်မျက်ဆံတွေမှာပင်လယ်ရေလှိုင်းခတ်တာကိုကြည့်နေရသလိုမျိုးတစ်လဲ့လဲ့လှုပ်ရှားကာတောက်ပနေသည်။ထိုမျက်ဝန်းတွေကိုကြည့်မိသူတိုင်းအဆုံးမဲ့ပင်လယ်ပြင်ထဲရောက်သွားသလိုခံစားရပြီးနားထဲတွင်ပင်လယ်လှိုင်းပုတ်သံသဲ့သဲ့ကိုတောင်ကြားယောင်မိစေသည်။
တစ်ခုသိထားရမည်မှာကျောင်းအုပ်၏အံ့အားသင့်ထိတ်လန့်မှုကရှောင်ကျန့်ရဲ့အလွန်အကျူးအလှအပကြောင့်မဟုတ်ပေ။
ကျောင်းအုပ်ဟာကမန်းကတန်းမတ်တပ်ရပ်လိုက်သည်။သူ့လက်ထဲကလက်ဖက်ရည်ခွက်ကတော့လက်ထဲကနေတစ်ဆင့်ကြမ်းပြင်ထက်သို့ပြုတ်ကျသွားကာတိတ်ဆိတ်သည့်ညတွင်အသံခပ်ကျယ်ကျယ်မည်သွားစေသည်။
ကျောင်းအုပ်ကအခုလောလောဆည်တွင်ဘာကိုမှအာရုံမစိုက်နိုင်သေးပေ။သူ့ရဲ့လှပညှို့ငင်နိုင်စွမ်းအပြည့်ဖြင့်မြေခွေးမျက်ဝန်းအတွင်း၌ပထမအံ့အားသင့်ထိတ်လန့်တုန်လှုပ်နေရာကနေခဏအကြာတွင်ရှင်းမပြနိုင်စွမ်းသည့်စိတ်လှုပ်ရှားပျော်ရွှင်မှုတွေပြည့်နှက်သွားခဲ့သည်။
"အ....အရှင်ဖူလင်း!!!"
ကျောင်းအုပ်၏အနီရောင်မျက်ဆန်နှင့်မြေခွေးမျက်ဝန်းအတွင်းတွင်ချက်ချင်းဆိုသလိုမျက်ရည်တွေပြည့်နှက်လာရင်းရှောင်ကျန့်အရှေ့တွင်ချက်ချင်းဒူးထောက်ချပစ်လိုက်သည်။
အကယ်၍ဒီမြင်ကွင်းကိုကုန်းမြေကြီးအတွင်းရှိတစ်ခြားသောကျင့်ကြံဆင့်မြင့်မားသည့်အကြီးအကဲကျင့်ကြံသူတွေသာမြင်တွေ့သွားခဲ့ရင်ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်သည်။
ရှောင်ကျန့်က,ကမန်းကတန်းပင်တစ်ဖက်လူကိုဆွဲထူလိုက်ရင်းအမြန်ထစေလိုက်သည်။ပြီးနောက်ရှောင်ကျန့်ရဲ့မျက်နှာလေးမှာခပ်ဖွဖွပြုံးယောင်သန်းသွားရင်းတစ်ဖက်လူ၏အနီရောင်ဆံပင်တွေကိုကလေးလေးတစ်ယောက်ကိုနှစ်သိမ့်သကဲ့သို့ပွတ်သပ်ပေးလိုက်သည်။
ရှောင်ကျန့်ရဲ့အပြုအမူကိုကျေနပ်ပျော်ရွှင်စွာခံယူနေသည့်ကျောင်းအုပ်လေးမှာချက်ချင်းတောင့်ခဲသွားပြီးရှောင်ကျန့်အနောက်ကအရပ်မြင့်မြင့်အစတည်းကမထင်မရှားဖြင့်တိတ်ဆိတ်ငြိ
အစတည်းကမထင်မရှားဖြင့်တိတ်ဆိတ်ငြိမ်သက်စွာနေနေသည့်ထိုသူသည်ရှောင်ကျန့်ကကျောင်းအုပ်လေး၏လက်မောင်းကိုထိကိုင်၍ဆွဲဆူလိုက်စဥ်ကတည်းကကြောက်မက်ဖွယ်ကောင်းအောင်အေးစက်သွားသည်။သူ့ရဲ့အစိမ်းရောင်မျက်လုံးတစ်စုံမှာတစ်ဖြည်းဖြည်းနက်မှောင်လာပြီးရှောင်ကျန့်ကကျောင်းအုပ်လေး၏ဆံပင်ကိုထိကိုင်လိုက်သည့်အခိုက်အတန့်တွင်ရှင်းပြ၍မရနိုင်သည့်အရှိန်အဝါတစ်ခုမှာကျောင်းအုပ်လေးဆီသို့ပိကျလာသည်။
အစိမ်းရောင်မျက်ဝန်းအတွင်းတွင်ရှောင်ကျန့်ထိကိုင်ခဲ့သမျှနေရာတစ်လက်မချင်းဆီတိုင်းကိုမီးလောင်တိုက်သွင်းပြစ်ချင်နေသလိုမျိုးစူးစိုက်ကြည့်လာတာကြောင့်ဘာဆိုဘာမှမသိတဲ့အပြစ်ကင်းစင်သောကျောင်းအုပ်လေးမှာတွန့်ကနဲဖြစ်သွားကာရှောင်ကျန့်ရဲ့ထိတွေ့မှုကနေကမန်းကတန်းနောက်သို့ဆုတ်လိုက်ရသည်။
ဘုရားရေ.....ခုနလေးတင်ငါချက်ချင်းသေတော့မယ်လို့ခံစားလိုက်ရတာသေချာတယ်.....
ဒီလူကဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ.....
ရှောင်ကျန့်ဟာတော့ကျောင်းအုပ်ကဲ့တုန်လှုပ်နေမှုကိုသတိမထားမိပါပဲခပ်ဖွဖွသာပြုံးနေသည်။
ကျောင်းအုပ်ရဲ့အမည်ရင်းမှာဟူယွဲ့ဖြစ်ပြီးမည်သူမှမထင်မှတ်ထားသည့်အမှန်တရားတစ်ခုလည်းရှိသည်။ဤသည်မှာဟူယွဲ့မှာမူလရေသူဘုရင်ဖူလင်းကုန်းမြေကြီးဆီသို့ပို့လွှတ်ထားသောသူလျှိုတွေထဲကတစ်ယောက်ဖြစ်နေခြင်းပင်။
မှန်၏။ဟူယွဲ့၏အစစ်အမှန်ပုံသဏ္ဍာန်မှာရေသူသွေးနှောမြေခွေးနီတစ်ကောင်ဖြစ်သည်။ဟူယွဲ့၏အမေမှာတော်ဝင်ရေသူမတစ်ယောက်ဖြစ်ပြီးသူမဟာဗီလိန်ဖူလင်းနဲ့သွေးဝေးအမျိုးတစ်ယောက်ဖြစ်ပေမယ့်မင်းသမီးဘွဲ့ခံ​ဖြင့်မြင့်မားသောအဆင့်အတန်းကိုပိုင်ဆိုင်ထားသည်။ဟူယွဲ့အမေ၏ပါရမီမှာလွန်စွာထူးချွန်လှတာကြောင့်သူမကတန်ဖိုးထားခြင်းခံရသည်မှာမလွဲပေ။
သို့သော်သူမကစူးစမ်းချင်စိတ်လွန်ကဲလွန်းသည်။တစ်နေ့တွင်သူမဟာမွေးရပ်မြေဖြစ်သည့်အဆုံးမဲ့ပင်လယ်ပြင်မှခိုးထွက်ကာကြီးမြတ်သောရွှမ်ကုန်းမြေကြီးဆီသို့ဝင်ရောက်သွားခဲ့သည်။
ဤသို့ဖြင့်နှစ်အတန်ငယ်ကြာသောအခါတွင်ရေသူမင်းသမီးဟာအဆုံးမဲ့ပင်လယ်ရှိရေသူမျိုးနွယ်သို့ပြန်လည်ရောက်ရှိလာသည်။တစ်ခုကွဲပြားသွားသည်မှာအရင်နှစ်တွေတုန်းကမြင့်မြတ်အပျိုစင်ရေသူမဖြစ်တဲ့ဟူယွဲ့အမေတွင်ကိုယ်ဝန်တစ်ခုပါလာခြင်းသာဖြစ်သည်။
ဤကိစ္စမှာလွန်စွာအုပ်အောသောင်းနင်းဖြစ်သွားခဲ့သည်။ရေသူမျိုးနွယ်မဆိုထားနဲ့၊တစ်ခြားသော​ေရမျိုးနွယ်ဝင်တွေတောင်မှမွေးဖွားလာမည့်ဤသွေးနှောကလေးကိုလက်မခံနိုင်ကြပေ။အကုန်လုံးကအပြင်းအထန်ကန့်ကွက်ငြင်းဆန်ကြပြီးသူမဗိုက်အတွင်းရှိမျိုးမစစ်ကလေးကိုဖျက်ချပြစ်ဖို့ရန်ဖိအားပေးလာကြသည်။
ဒါပေမယ့်ဗီလိန်ဖူလင်းကမျိုးနွယ်ဝင်တွေကိုတားဆီးခဲ့သည်။အကြွင်းမဲ့အာဏာရှင်ဖြစ်သည့်ရေသူဘုရင်၏တစ်ချက်လွှတ်အမိန့်အောက်တွင်ရေမျိုးနွယ်ဝင်တွေအားလုံးမှာလုံးဝငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြသည်။
ဗီလိန်ဖူလင်းရဲ့ဆိုလိုချင်သည့်အဓိပ္ပါယ်ကတော့ရှင်းသည်။မွေးဖွားလာမည့်ကလေးမှာသွေးနှောဖြစ်နေရင်တောင်ကျန်သွေးတစ်ဝက်ကရေမျိုးနွယ်ဝင်တွေနဲ့သက်ဆိုင်နေသေးသည်။တော်ဝင်ရေသူမျိုးနွယ်သွေးမှာလုံးဝမသန့်စင်နေရင်တောင်ထိုကလေး၏ခန္ဓာကိုယ်တွင်ရေမျိုးနွယ်၏သွေးတစ်ချို့စီးဆင်းနေသ၍သူကာကွယ်စောင့်ရှောက်အုပ်ချုပ်ရမည့်သူ့တိုင်းသူပြည်သားဖြစ်နေဆဲသာဖြစ်ကြောင်းသတ်မှတ်ထားခဲ့သည်။
ရေသူဘုရင်ဖူလင်းဟာထိုသွေးနှောကလေးကိုမွေးဖွားစောင့်ရှောက်ခွင့်နှင့်ရေမျိုးနွယ်ဝင်အဖြစ်ခံယူခွင့်ပြုခဲ့၏။
ရေသူမင်းသမီးဟာ၎င်းကိုလွန်စွာကျေးဇူးတင်ရှိခဲ့ပြီးရေသူဘုရင်ဖူလင်းကိုအကြောင်းစုံရှင်းပြခဲ့သည်။အမှန်တကယ်တွင်ထိုကိုယ်ဝန်မှာမှော်သားရဲဘုရင်ဖြစ်သူအမြှီးခုနှစ်ချောင်းမြေခွေးနီနှင့်ရရှိခဲ့တာဖြစ်သည်။
မှော်သားရဲမြေခွေးနီမှာမွေးကတည်းကလူအသွင်ပြောင်းနိုင်တဲ့မှော်ဝင်နတ်သားရဲဖြစ်ကာသူ့သွေးနှင့်ဥာဏ်ရည်ကလူတွေထက်တောင်မြင့်မားကာပိုမိုမြင့်မြတ်သည်။ရေသူမင်းသမီးနှင့်မှော်သားရဲဘုရင်မြေခွေးနီမှာအချင်းချင်းချစ်ကြွမ်းဝင်ခဲ့ကြပြီးသူမကိုတော်ဝင်ရေသူမျိုးနွယ်ဝင်မှန်းသိရှိသွားချိန်မှာတောင်သူအရင်ဆုံးတွေးခဲ့တာကသူမကိုဘယ်လိုကာကွယ်ရမလဲဆိုတာသာဖြစ်သည်။
ဒီကမ္ဘာတွင်ရေသူမျိုးနွယ်တွေမှာမြင့်မြတ်တန်ဖိုးကြီးလွန်းတာကြောင့်သူမအကြောင်းသာပေါ်သွားခဲ့ရင်ကျင့်ကြံရေးလောကတစ်ခုလုံးသွေးကြောင်းစီးစစ်ပွဲတွေဖြစ်ကုန်လိမ့်မည်။ထိုအခါတွင်မှော်ဝင်သားရဲဘုရင်ဖြစ်သောမြေခွေးနီကိုယ်တိုင်တောင်ကာကွယ်ပေးဖို့ရန်မဖြစ်နိုင်တော့ပေ။
နှစ်ယောက်လုံးမှာထိုလျှို့ဝှက်ချက်ကိုထိန်းသိမ်းထားခဲ့သော်လည်းပဲတစ်ခြားသောမှော်သားရဲဘုရင်သုံးယောက်ဟာထိုလျှို့ဝှက်ချက်ကိုဘာကြောင့်ရယ်မှန်းမသိပါပဲသိရှိသွားသည်။
အမြှီးခုနှစ်ချောင်းမြေခွေးနီမှာသူ့နောက်လိုက်ငယ်သားတွေရဲ့သစ္စာဖောက်မှု၊မှော်သားရဲဘုရင်သုံးယောက်၏အတူတကွပူးပေါင်းတိုက်ခိုက်မှုတွေကြားထဲကနေရေသူမင်းသမီးကိုအဆုံးမဲ့ပင်လယ်အတွင်းထွက်ပြေးလွတ်မြောက်စေပြီးသူကိုယ်တိုင်ကမှော်သားရဲဘုရင်သုံးယောက်၏လက်ချက်နှင့်အသက်ပေးလိုက်ရသည်။
ထိုသူမှာအလွန်ကိုအဖေကောင်းတစ်ယောက်၊ခင်ပွန်းကောင်းတစ်ယောက်ပီသလှသည်။မြေခွေးနီ၏စွမ်းအင်နဲ့ဆိုသူတစ်ယောက်တည်းထွက်ပြေးလွတ်မြောက်ရန်မှာမခက်ခဲပေ။ဒါပေမယ့်သူချစ်တဲ့အမျိုးသမီးကိုကာကွယ်ရန်အတွက်အရာအားလုံးကိုတစ်ယောက်တည်းတောင့်ခံကာသေဆုံးခဲ့ရသည်။
ရေသူမင်းသမီးဟာတော့ကိုယ်ဝန်ဆောင်ကာလဖြစ်တာကြောင့်စွမ်းအားတွေအလွန်အကျွံယုတ်လျော့နေ၍သူမခင်ပွန်းကိုမကာကွယ်ပေးနိုင်ခဲ့ပါပဲရင်ကွဲနာကျလျက်ပင်လယ်ထဲပြန်လာရုံသာတတ်နိုင်ခဲ့သည်။
အကြောင်းစုံကိုနားလည်သွားသည့်အခါတွင်ရေသူမျိုးနွယ်ဝင်တိုင်း၏ဒေါသမှာမိုးလောက်ထိပေါက်ကွဲထွက်လာ၏။သူတို့ကသွေးရောနှောခြင်းကိုသဘောမတူပေမယ့်ဒါကသူတို့မျိုးနွယ်ဝင်မင်းသမီးကိုအနိုင်ကျင့်၍ပစ္စည်းကဲ့သို့သဘောထားခြင်းကိုခွင့်ပြုသည်ဟုတော့မဆိုလိုပေ။
ရေသူဘုရင်၏ခွင့်ပြုချက်နဲ့အတူရေသူစစ်သည်တစ်ချို့ဦးဆောင်လျက်အမြှီးခုနှစ်ချောင်းမြေခွေးနီအားသေစေသည့်မှော်သားရဲဘုရင်သုံးဦးနှင့်ပါဝင်ပတ်သပ်သူတွေတိုင်းသုတ်သင်ရှင်းခဲ့သည်။ထိုအချိန်ကကျင့်ကြံရေးလောကတွင်၎င်းအဖြစ်အပျက်တွေကြောင့်ပြောင်းဆန်အောင်လှုပ်ခတ်သွားသေးသည်။
ထိုကိစ္စရပ်ကြောင့်လူသားကျင့်ကြံသူတွေဟာရေမျိုးနွယ်တွေမှာသူတို့မျိုးနွယ်ဝင်တွေကိုဘယ်လောက်တောင်အကာအကွယ်ပေးတတ်ကြောင်းသိရှိသွားခဲ့ကြသည်။
ဤသို့ဖြင့်ဟူယွဲ့ဟာရေသူမျိုးနွယ်ဝင်တွေကဲ့သို့အမြှီးပါမလာခဲ့ပေမယ့်မြေခွေးတစ်ကောင်၏ညှို့ငင်နိုင်စွမ်း၊ရေသူတစ်ယာက်၏လှပမှုတို့နဲ့အတူပေါင်းစပ်မွေးဖွားလာသည်။သူ့တွင်သူ့အဖေကဲ့သို့အမြှီးခုနှစ်ချောင်းမရှိသကဲ့သို့သူ့အမေလိုမျိုးရေသူအမြှီးလည်းမပါရှိခဲ့ပါချေ။ဒါပေမယ့်ရေသူသွေးတစ်ဝက်နှောသူတစ်ယောက်အနေ့ဖြင့်ရေထဲတွင်အဆုံးမဲ့သမုဒ္ဒရာထဲတွင်နေထိုင်နိုင်သည့်အပြင်ရေစွမ်းအင်ကိုလည်းအသုံးပြုထိန်းချုပ်နိုင်ခဲ့သည်။
ဒါပေမယ့်သွေးနှောတစ်ယောက်ဖြစ်သည့်ဟူယွဲ့ဟာရေသူမျိုးနွယ်နဲ့ရေအနွယ်ဝင်တွေကြားထဲတွင်မျက်နှာသာအပေးမခံခဲ့ရချေ။ဒါကိုသိနားလည်သွားသည့်ရေသူဘုရင်ဖူလင်းဟာဖူလင်းကိုမွေးစားသားအဖြစ်မွေးစားကာကလေးဘဝမှစ၍ပြုစုစောင့်ရှောက်ပေးခဲ့သည်။
သူတို့ဘုရင်ကိုအကြွင်းမဲ့ယုံကြည်လေးစားအားကိုးတဲ့ရေမျိုးနွယ်ဝင်တွေဟာထိုအခါမှသာဟူယွဲ့၏ဖြစ်တည်မှုကိုစတင်လက်ခံလာကြသည်။ဟူယွဲ့၏ဖြစ်တည်မှုဟာရေသူဘုရင်၏ကျေးဇူးကြောင့်တော်ဝင်ရေသူ​မျိုးနွယ်တွေနှင့်တူညီလာပြီးရေမျိုးနွယ်စု၏တစ်စိတ်တစ်ပိုင်းအဖြစ်လူတိုင်းလက်ခံယုံကြည်လာကြသည်။
ဟူယွဲ့နှင့်သူ့အမေအတွက်ဗီလိန်ဖူလင်း၏ကျေးဇူးတရားမှာတိုင်းတာမရအောင်ကြီးမားလွန်းလှသည်။
ဟူယွဲ့အတွက်လည်းသူ့မွေးစားအဖေမှာသူအလေးစားရဆုံး၊အယုံကြည်ရဆုံးနဲ့သူ​့ဘဝထက်အရေးကြီးသည့်ပုံရိပ်တစ်ခုပမာဖြစ်လာခဲ့သည်။ဗီလိန်ဖူလင်း၏ရွှမ်ကုန်းမြေတိုက်ကြီးကိုသိမ်းပိုက်မည့်အစီအစဥ်ကိုသိသည့်အခါတွင်ဟူယွဲ့ဟာအရှေ့ဆုံးကနေ၍သူလျှိုတစ်ယောက်အဖြစ်လိုလိုလားလားထမ်းဆောင်ပေးခဲ့သည်။
ကြီးမြတ်သောရွှမ်ကုန်းမြေတိုက်ကြီးတွင်ကြီးကျယ်မြင့်မြတ်သည့်ကျောင်းတော်ကြီးတစ်ခုကိုတည်ထောင်ဖို့ရန်ဆုံးဖြတ်ခဲ့သည်။ဒီ့အတွက်အခက်အခဲမျိုးစုံရှိခဲ့ပေမယ့်လည်းသူ့မွေးစားအဖေအတွက်ဟူသည့်ရည်ရွယ်ချက်တစ်ခုတည်းဖြင့်နဂါးနဲ့ဖီးနစ်ကျောင်းတော်ကိုတည်ထောင်နိုင်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက်တွင်နဂါးနဲ့ဖီးနစ်ကျောင်းတော်မှာကုန်းမြေကြီး၏ထိပ်ဆုံးသို့အောင်မြင်စွာတတ်လှမ်းနိုင်ခဲ့ပြီးကုန်းမြေတိုက်ကြီး၏အရေးပါသည့်လျှို့ဝှက်ချက်အမျိုးမျိုးကိုအဆုံးမဲ့သမုဒ္ဒရာရှိရေသူမျိုးနွယ်ထဲသို့ပေးပို့နိုင်ခဲ့သည်။
မူလဇာတ်ကြောင်းအတွင်း၌ဟူယွဲ့ဟာတစ်ခြားသောသူနဲ့ကျင့်ကြံဆင့်တူအကြီးအကဲတွေရဲ့အုပ်စုလိုက်ဝိုင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက်ဆုံးအချိန်ထိသူ့မွေးစားအဖေရဲ့လျှို့ဝှက်ချက်ကိုထိန်းသိမ်းကာသေဆုံးသွားခဲ့သည်။လွန်စွာသစ္စာရှိလှတဲ့ဟူယွဲ့မှာဇာတ်လိုက်နဲ့ဗီလိန်တို့ရဲ့အဆုံးသတ်တိုက်ပွဲကိုမမှီခဲ့ပေ။
မဟုတ်ရင်ဇာတ်လိုက်ရဲ့အစီအစဥ်မှာဟူယွဲ့ရဲ့ပါဝင်မှုကြောင့်ပိုမိုခက်ခဲသွားနိုင်သည်။
"မွေးစားအဖေ....အဖေဘယ်လိုလုပ်ပြီးဒီရောက်လာတာလဲ....."
ဟူယွဲ့ဟာရှောင်ကျန့်ရဲ့ထူမပေးမှုရဲ့အတူမတ်တပ်ရပ်လိုက်ရင်းရှောင်ကျန့်ကိုသိလိုစွာမေးသည်။
"ဒီလိုပါပဲ.....ဘုရင်လုပ်ရတဲ့ဘဝကမလွယ်ဘူးလေ....တစ်ခါတစ်လေအပျင်းပြေလျှောက်လည်ကြည့်တာပေါ့...."
ရှောင်ကျန့်ဟာလက်လေးကာပြရင်းဆိုသည်။
"ဒါနဲ့....မင်းငါထုတ်ပြန်လိုက်တဲ့အမိန့်ကိုမရဘူးလား...."
ဟူယွဲ့တိတ်ဆိတ်သွားသည်။
ရှောင်ကျန့်ထုတ်ပြန်လိုက်သည့်အမိန့်ဆိုသည်မှာကုန်းမြေကြီးထဲပို့လွှတ်ထားသည့်သူလျှိုတွေကိုအဆုံးမဲ့သမုဒ္ဒရာကြီးဆီပြန်ခေါ်ဖို့ရန်ဖြစ်သည်။
ဟူယွဲ့ဟာလည်းသေချာပေါက်ထိုအမိန့်ကိုရလေသည်။ဒါပေမယ့်ဟူယွဲ့ရဲ့တွန့်ဆုတ်မှုကိုလည်းရှောင်ကျန့်ကသေချာပေါက်နားလည်သည်။
သူဘယ်လောက်ပဲသူလျှိုတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေပါစေသူကိုယ်တိုင်သွေးနဲ့ချွေးနဲ့မျက်ရည်တွေနဲ့ရင်းပြီးတည်ထောင်ထားတဲ့ကျောင်းတော်ကြီးကိုချက်ချင်းလက်ငင်းစွန့်ခွာဖို့ရန်ဆိုသည်မှာလွန်စွာခက်ခဲလှသည်။နဂါးနဲ့ဖီးနစ်ကျောင်းတော်ဆိုသည်မှာအဆုံးမဲ့သမုဒ္ဒရာပြီးလျှင်သူ့ရဲ့ဒုတိယမြောက်အိမ်ပင်ဖြစ်သည်။
"ကိုယ့်ကိုယ်ကိုသိပ်ပြီးဖိအားမပေးပါနဲ့.....ဒီမှာနေချင်သေးတယ်ဆိုရင်လည်းအေးအေးဆေးဆေးနေလေ.....ငါလည်းမင်းရဲ့ကျောင်းကြီးမှာခဏလောက်နေဖြစ်လောက်မယ်..."
"မွေးစားအဖေကကျောင်းမှာနေမှာလား"
"အင်းလေ....ငါကအခုမင်းရဲ့ကျောင်းသားတောင်ဖြစ်နေပြီ"
ဟူယွဲ့ : "....."
ဟမ်!!!!
_________________________________________________________________
အမည် - လုံဖုချန်(အပြာရောင်နဂါးဘုရင်)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
စာရေးသူမှာပြောစရာရှိပါတယ်။
စာရေးသူ : "ဝိုး....နောက်ဆုံးတော့ကျောင်းကိစ္စလည်းပြေလည်သွားတဲ့အပြင်ဆေးရုံတတ်ရလုနီးပါးကျန်းမာရေးပြဿနာလည်းအဆင်ပြေသွားခဲ့ပါပြီး.....ဝူး.....ကျွန်တော်နောက်ဆုံးတော့ficတွေကိုပုံမှန်ပြန်တင်ပေးနိုင်တော့မယ်....ကျနော်ပြန်လာပါပြီလို့....😘😘😘😘"
*********************************************************
Zawgyi
ရှောင်ကျန့် : "....."
ေရှာင်ကျန့်ရဲ့မျက်နှာလေးမှာအနည်းငယဆွံ့အသွားပြီးဘာရယ်မဟုတ်ချင်းယွမ်မူနဲ့စတွေ့ကာစအချိန်ကိုတွေးတောမိသွားသည်။သူတို့တွေ့ကာစတုန်းကလည်းချင်းယွမ်မူကကိုယ်ပိုင်ဂူဗိမ္မာန်ထဲမှာအိပ်နေသည်မဟုတ်ပါလား။
"....."
ရှောင်ကျန့် : "....."
"အာ....."
"ရတာကရပါတယ်....ဒါပေမယ့်......"
"ဒါဆိုသွားကြရအောင်...."
"....."
"....."
ရှောင်ကျန့် : "....."
ထားလိုက်ပါတော့.....
********
ညအချိန်......
အသက်၁၇နှစ်နဲ့နတ်ဘုရားအဆင့်ရောက်နေတဲ့ကျင့်ကြံသူ၎ယောက်တောင်ရှိတယ်တဲ့လား......
"ဖူး!!!!!!"
"မင်း!!!မင်းဘာပြော......."
"အ....အရှင်ဖူလင်း!!!"
ဗီလိန်ဖူလင်းရဲ့ဆိုလိုချင်သည့်အဓိပ္ပါယ်ကတော့ရှင်းသည်။မွေးဖွားလာမည့်ကလေးမှာသွေးနှောဖြစ်နေရင်တောင်ကျန်သွေးတစ်ဝက်ကရေမျိုးနွယ်ဝင်တွေနဲ့သက်ဆိုင်နေသေးသည်။တော်ဝင်ရေသူမျိုးနွယ်သွေးမှာလုံးဝမသန့်စင်နေရင်တောင်ထိုကလေး၏ခန္ဓာကိုယ်တွင်ရေမျိုးနွယ်၏သွေးတစ်ချို့စီးဆင်းနေသ၍သူကာကွယ်စောင့်ရှောက်အုပ်ချုပ်ရမည့်သူ့တိုင်းသူပြည်သားဖြစ်နေဆဲသာဖြစ်ကြောင်းသတ်မှတ်ထားခဲ့သည်။