မုန်းလိုက်ချင်သည်/မုန္းလိုက္ခ...

Par YaminTrb

33.2K 2.3K 105

အဖေကိုရရင်ရ မရရင်သားကိုယူမယ်ဆိုတဲ့ခင်များကို ကျွန်တော်သိပ်မုန်းတယ် အေဖကိုရရင္ရ မရရင္သားကိုယူမယ္ဆိုတဲ့ခင္မ်ားက... Plus

part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17(Final)
Extra

part 1

4.1K 210 9
Par YaminTrb

ဘူဆန်မြို့ရဲ့ဆင်းရဲသားရက်ကွက်တစ်ခုမှာ Park Jimin အမည်ရှိတဲ့ကောင်လေးနှင့်အတူမိသားစုလေးယောက်နေ‌ထိုင်ကြသည်။အခြေခံလူတန်းစားဖြစ်တာကြောင့်ပညာ‌‌ေရးကတစ်ဝက်တစ်ပိုင်းသာ။Jimin မှာမိဘနှစ်ပါးရယ်ညီလေးတစ်ယောက်ရယ်ရှိသည်။

"အမေ သားအလုပ်သွားပြီ"

"သားလဲသွားပြီ"

"အေးအေး ဂရုစိုက်သွားကြနော်သားတို့"

အမေနဲ့သားနှစ်ယောက်လုံးကအလုပ်ရှိပေမဲ့ ဘွဲ့ရပညာတက်တက်မဟုတ်တော့အလုပ်တွေကပင်ပန်းရပြီး ပိုက်ဆံသိပ်မရကြတော့ စားလောက်ရုံနဲ့လိုလိုမယ်မယ် အဆောင်သဘောလောက်သာစုမိသည်။အဖေကတော့အထည်ကြီးပျက်ဖြစ်ခဲ့မှုကြောင့် ဘာအလုပ်မှမလုပ်ပဲ အပေါင်းအ‌သင်းတွေနှင့် လောင်းကစားခုံမင်သူဖြစ်တဲ့အတွက် လောင်းကစားရုံ၌သာအချိန်ပြည့်ရှိနေတက်သည်။
"ငါ့ကိုပိုက်ဆံနည်းနည်းထပ်ပေးပါဦး"

"ရှင်သုံးနေတာများနေပြီနော် သားတွေလဲအရွယ်ရောက်နေပြီ လောင်းကစားတွေလျော့ပါတော့ရှင်ရယ်"

"အင်းပါ ငါလဲနိုင်ချင်လို့ဆော့ရင်းနဲ့ရှုံးရှုံးသွားလို့ပါ"

"‌လောင်းက‌စားကနိုင်တာဆိုလို့ဒိုင်တွေပဲရှိတယ်"

"မင်းကလဲကွာနိမိတ်မရှိတာတွေဆော့တောင်မဆော့ရသေးဘူး တကယ်အာရုံနောက်တယ်ကွာ ပေးပိုက်ဆံ"

Jiminအမေလဲသက်ပြင်းချရင်း

"ရော့ အများကြီးလဲမသုံးနဲ့ဦး"

"အေးပါ"

တစ်လကြာသောအခါ

"ရှင်!!!!သိန်း သိန်းတစ်ရာ ဟုတ်လား ရှင်တို့မှားတွက်မိကြတာများလားရှင်"

"မဟုတ်ပါဘူး တကယ်ပါတခြားသူဆို အဲ့လောက်အများကြီးမချေးပေးမဲ့ အစ်မတို့ကနာမည်ပျက်မရှိလို့ ချေးပေးလိုက်တာဗျ အခုက ကျွန်တော်တို့လဲပိုက်ဆံလေးတွေ အရေးကြီးလိုနေလို့ပါဗျာ"

"ဟုတ်ကဲ့ ၆လလောက်တော့အချိန်လေးပေးပါရှင် အခုကကျွန်မလဲ မရှိသေးလို့ပါရှင်နော်"

"အဲ့ဆိုလဲ တခြားသူဆီက လှည့်ရတော့မှာပေါ့ ၆လပြည့်ရင်တော့ တကယ်ဖြစ်အောင်လုပ်ပေးပါဗျာ"

"ဟုတ်ကဲ့ စောင့်‌ပေးလို့ကျေးဇူးတင်ပါတယ်ရှင်"

အကြောင်းမှာJiminအဖေ လောင်းကစားဝိုင်းမှာအရှုံးများနေတာကို မကျေနပ်ပဲ ပိုက်ဆံချေးပြီး ဆော့ရင်း ဆော့ရင်းနဲ့ ငွေများစွာချေးမိပြီး အခုလိုအကြွေးရှင်ကိုယ်တိုင် Jimin တို့အိမ်ကိုလိုက်လာ၍ အကြွေးတောင်းမှသိရခြင်း။

Jiminက

"အမေ ဘယ်လိုလုပ်မလဲ‌ ပိုက်ဆံတွေကအများကြီးပဲ သားတို့၆လထဲနဲ့ဆပ်နိုင်ပါ့မလား"

"မဖြစ် ဖြစ်အောင်တော့ အတက်နိုင်ဆုံးကြိုးစားရမှာပေါ့သားတို့ရယ်"

ထိုသို့ဖြင့်သုံးယောက်သား ကြုံရာကျပန်းအလုပ်ကြိုးစားလုပ်ကြသော်လည်း စုမိသောပိုက်ဆံမှာသိန်းတစ်ရာမပြည့်သေး။

၆လပြည့်ဖို့တစ်ပတ်အလိုတွင် Jiminအား လူတစ်ယောက်က

"ညီလေး မင်း မင်းမသေဘူးပေါ့နော်"

"ဗျာ ဟို  ဦးလေးလူမှားနေပြီထင်တယ်ဗျ"

"မမှားပါဘူး Junလေးရာ အကိုမင်းကိုမှတ်မိတာပေါ့"

"ကျွန်တော် Junလေးမဟုတ်ဘူး Park Jimin ပါဗျ ကျွန်တော်အလုပ်လေးရှိလို့ ခွင့်ပြုပါဦး"

ထိုလူသည်သူ့PAကို ခုနခိုးရိုက်ထားတဲ့ Jiminပုံအားပို့ပြီး

"သူ့အကြောင်းစုံစမ်းခဲ့ အမြန်ဆုံး"

"ဟုတ်ကဲ့"

နောက်၂ရက်လောက်နေတော့ Jiminအိမ်သို့လူတစ်ယောက်ရောက်လာသည်

"ဒါ Jimin တို့အိမ်လားဗျ"

"ဟုတ်ပါတယ်ရှင့် ဘယ်သူလဲမသိဘူး?"

"ကျွန်တော်ကJ company ပိုင်ရှင် Jeonပါ"

"ဟုတ်"

"သားJiminဧည့်သည်ရောက်နေတယ်"

"ဟုတ် အမေ"

ဒီလိုနဲ့Jiminကြည့်လိုက်တော့ ဟိုတနေ့ကသူ့ကိုလူမှားတဲ့ ဦးလေးတယောက်

"ဪ ဦးလေး ဘာကိစ္စလဲမသိဘူး?"

"ဒီလိုပါငါ့တူ မင်းတို့ငွေကြေးပြဿနာရှိတယ်ကြားလို့ အဲ့တာဦးလေးကူညီချင်လို့ပါ ဟို ရုတ်တရက် သူစိမ်းတယောက်က အဲ့လိုပြောလို့ မယုံနိုင်ဖြစ်မယ်ဆိုတာသိပါတယ် လက်မခံနိုင်ဖြစ်မယ်ဆိုတာလဲ နားလည်ပါတယ် ဒါပေမဲ့ဦးလေးပြောမဲ့အကြောင်းလေးကို အရင်နားထောင်ပေးပါနော်"

လွန်ခဲ့သောနှစ်၃၀က မိဘမဲ့ဂေဟာတစ်ခုမှာ Jeonနဲ့Junလေးဟာ ညီအကိုအရင်းလိုသိပ်ချစ်ပြီး တစ်ယောက်ကိုတစ်ယောက် အမြဲဖေးမကူညီတက်ကြသည်။Jeonဟာ အသက်၁၀နှစ်ဖြစ်ပြီး Junလေးသာ၅နှစ်သာရှိသေးသည် အမြဲတပူးပူးတတွဲတွဲရှိနေကြလို့ ဂေဟာတူကလေးများရဲ့ စံနမူနာဖြစ်ပြီး ထိန်းစောင့်ရှောက်သူများရဲ့ချီးမွှန်းခြင်းကိုလဲ ရရှိခဲ့သည်။Jeon အသက်၁၅နှစ်မှာ Jeonရဲ့အတန်းဖော်ကောင်လေးတစ်ယောက်က လူကောင်သေးပြီး မိန်းကလေးတွေထက်လှတဲ့ Junလေးအား တဖက်သက်ချစ်နေခဲ့သည်ကိုJeonမရိတ်မိခဲ့။Jeonအသက်၁၈နှစ်မှ အဲ့ကောင်လေးJunလေးအားဖွင့်ပြောခဲ့ကြောင်းJunလေးမှတစ်ဆင့်သိရသည်။၂ယောက်လုံး straight ဖြစ်တာကြောင့် အံ့ဩခဲ့မိသည်။JunလေးကလဲLGBTကိုနားလည်လက်ခံပေမဲ့ သူgayမဟုတ်လို့ ပြန်မချစ်နိုင်ကြောင်းပြော၍ငြင်းခဲ့သည်။ဒါပေမဲ့ Junလေး အသက်၁၅နှစ်မှာပဲ အဲ့ကောင်လေးဟာ Junလေးအား ကားတင်ပြေးခဲ့သည်။Junလေးဆန္ဒမပါပဲ ဘာမှမလုပ်ပေမဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး တစ်ခြားယောကျာ်းတစ်ယောက်ရဲ့အခုလိုပြုမူခြင်းအပေါ်အရှက်လွန်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။Junလေးသေပြီး‌နောက်Jeonဟာ သူJunလေးကိုမကာကွယ်ပေးနိုင်လို့ဖြစ်တာဟု ယူကြုံးမရဖြစ်ကာ နောင်တရမဆုံးဖြစ်ခဲ့တော့သည်။

"ဒါကြောင့်Junလေးအစား Jiminကိုဦးအစစအရာရာ ကူညီပါရစေ"

"မဟုတ်မှ ကျွန်တော်က ဦးရဲ့ညီ ဝင်စားတယ်ထင်နေတာလား တကယ်လို့ဦးရဲ့ညီဝင်စားတယ်ဆိုကျွန်တော်အသက်က အခုချိန်၂၀ဖြစ်နေရမှာပေါ့ ဒါပေမဲ့ ကျွန်တော်အမှန်တကယ်က၂၃နှစ်ရှိပြီမလို့ ဦးရဲ့ညီ မဟုတ်ပါဘူး ကူညီတာကိုလည်းလက်မခံနိုင်ပါဘူး"

ဘယ်လိုမှမရတဲ့အဆုံး Mr.Jeon တစ်ယောက် ဒီတစ်ရက်တော့လက်လျှော့လိုက်ရသည်။နေ့တိုင်းလာပြော‌ရာ ငြင်းခဲ့သော်လည်း ၆လပြည့်တဲ့နေ့အထိ ဆယ်သိန်းတောင်မပြည့်သေး၍အကူအညီအားလက်ခံရန်Jiminဆုံးဖြတ်ခဲ့သည်။

"ကျွန်တော် ဦး ပိုက်ဆံကိုအလကားမယူပါဘူး ဦးဆီမှာကျွန်‌ေတာ်အလုပ်လုပ်ပြီးပြန်ဆပ်ပါ့မယ် သန့်ရှင်ရေး၊ညစောင့် ‌ကြိုက်တာခိုင်းပါ အောက်ခြေသိမ်းအလုပ်ဘာခိုင်းခိုင်းအကုန်လုပ်ပါ့မယ်"

ဒီလိုနဲ့JiminလဲJ companyကိုအလုပ်ဝင်ခဲ့သည်။ဒါပေမဲ့ သူဌေးကJiminကိုဘာမှသိပ်မခိုင်းရန် တာဝန်ရှိသူများကိုပြောထားတဲ့အတွက်ကြောင့် Jiminဘာမှသိပ်မလုပ်ရ။အဲ့တာကJiminအတွက်အဆင်မပြေ။Mr.Jeonကို ကိုယ်တိုင်သွားပြောသော်လည်း အလုပ်ကိစ္စနှင့်ပတ်သက်လျှင် တာဝန်ရှိသူမှတစ်ဆင့်ပြောခိုင်းသည်။ပြီးလျှင် သူလုပ်ချင်တာသာလုပ်သော Mr.Jeonကြောင့် Jiminလဲတော်တော်စိတ်ညစ်နေသည်။

"ဟဲ့ နင်သိပြီးပြီလား အသစ်ရောက်လာတဲ့သန့်ရှင်းရေးကောင်လေးလေ"

"ဟိုအဆင်လေးလား သိတယ်လေ ဘာလို့လဲ"

"အဆင်လေးလုပ်မနေနဲ့ အဲ့တာပိုင်းလုံးကောင်ဟဲ့ ငါတို့သူဌေးဆီကချုစားနေတာ အခုလဲလူကြားကောင်းအောင် အလုပ်ကိုဗန်းပြပြီး လစာအလကားယူနေတာလေ"

"ဟယ် အဲ့လိုကြီးလား ရွံစရာကြီး"

ဝန်ထမ်းမ၂ယောက်ပြောနေသော အတင်းများအား ချောင်၌သန့်ရှင်းရေးလုပ်နေသော Jiminအတိုင်းသားကြားနေရသည်။ထို့ကြောင့်Jiminခေါင်းထဲအတွေးတစ်ခုပေါ်လာသည်။

#ဒီတိုင်းဆက်သွားနေရင်မဖြစ်တော့ဘူး ဒီစကားတွေက ငါ့မိသားစုပါသိက္ခာကျစေနိုင်တယ်

ဒီလိုနဲ့JiminလဲMr.Jeonရုံးခန်းသွား၍ပြောလိုက်သည့်စကားက

"Mr.Jeon ကျွန်တော် ခင်များနဲ့လက်ထက်ပါရစေ"

ဘူဆန်မြို့ရဲ့ဆင်းရဲသားရက်ကွက်တစ်ခုမှာ Park Jimin အမည်ရှိတဲ့ကောင်လေးနှင့်အတူမိသားစုလေးယောက်နေ‌ထိုင်ကြတယ်။အခြေခံလူတန်းစားဖြစ်တာကြောင့်ပညာ‌‌ရေးကတစ်ဝက်တစ်ပိုင်းသာ။Jimin မှာမိဘနှစ်ပါးရယ်ညီလေးတစ်ယောက်ရယ်ရှိတယ်။
"အမေ သားအလုပ်သွားပြီ"

"သားလဲသွားပြီ"









"အေးပါ"

တစ်လကြာသောအခါ







Jiminက











"ဟုတ်ကဲ့"





"ဟုတ်"


"ဟုတ် အမေ"








"ကျွန်တော် ဦး ပိုက်ဆံကိုအလကားမယူပါဘူး ဦးဆီမှာကျွန်‌တော်အလုပ်လုပ်ပြီးပြန်ဆပ်ပါ့မယ် သန့်ရှင်ရေး၊ညစောင့် ‌ကြိုက်တာခိုင်းပါ အောက်ခြေသိမ်းအလုပ်ဘာခိုင်းခိုင်းအကုန်လုပ်ပါ့မယ်"










Continuer la Lecture

Vous Aimerez Aussi

5.7K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
8.7K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
65.9K 9K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
43.7K 6.4K 40
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...