Near the love (Complete)

By KhineLay443

47.5K 2.8K 188

Uni ဒါလေးက My son or boyfriend ရဲ့ Season 2 လေးဖြစ်ပါတယ်... Zaw ဒါေလးက My son or boyfriend ရဲ႕ Season 2 ေလးျဖ... More

Note
Near the love 1
Near the love 2
Near the love 3
Near the love 4
Near the love 5
Near the love 6
Near the love 7
Near the love 8
Near the love 9
Near the love 10
Near the love 11
Near the love 12
Near the Love 13
Near the love 14
Near the love 15
Near the love 16
Near the love 17
Near the love 18
Near the love 19
Near the love 20
Near the love 21
Near the love 22
Near the love 23
Near the love 24
Near the love 25
Near the love 26
Near the love 27
Near the love 28
Near the love 29
Near the love 30
Sorry
Near the love 31
Near the love 32
Near the love 33
Near the love 34
Near the love 36
Near the Love 37
Near the love 38
Near the Love 39
Near the Love 40
Near the love 41
Near the Love 42
Near the Love 43
Near the Love 44
Near the Love 45
Near the love 46
Near the Love 47
Near the Love 48
Near the Love 49
Near the Love 50
Near the Love 51
Near the Love 52
Near the Love 53
Near the Love 54
Near the Love 55
Near the Love 56 Final
Thanks

Near the love 35

619 44 2
By KhineLay443

Uni

မနက်က မြင်ကွင်းကိုမျက်လုံးထဲပြန်မြင်ယောင်ရင်း Death ခေါင်းကိုက်လာမိသည်။
ရယ်မောနေသောနှစ်ယောက် အထူးသဖြင့် Moon ရဲ့ ပြုံးရယ်နေသောမျက်နှာ မိမိရှေ့တွင် ထိုလိုမရယ်ဖူးပေ။ ထိုကောင့်ရှေ့တွင် ရယ်နေခြင်းကြောင့် Death အမှန်တကယ်ဒေါသထွက်နေတာပင်။

အရင်က Car Accident ဖြစ်တုန်းက ရခဲ့တဲ့ ဒဏ်ကြောင့် ခေါင်းကိုက်ဖူးပင်မဲ့ ခုနောက်ပိုင်းမကိုက်တာ အတော်ပင်ကြာနေပါပြီ...

ခုတော့ မနက်ကမြင်ကွင်းကိုမြင်တိုင်း ခေါင်းပိုကိုက်လာသည်ပင်။ မခံနိုင်တဲ့အဆုံး Roshan ကို အိမ်ကိုလာဖို့ဖုန်းခေါ်လိုက်ကာ မိမိလဲ အိမ်ပြန်လာလိုက်သည်။

Roahan ကဆေးတိုက်ကာ အိပ်ခိုင်းလို့ အိပ်နေမိတာ ခုမှပဲနိုးတော့သည်။ တော်သေးတယ် ခေါင်းကိုက်တာ သက်သာသွားလို့ပင်...

နိုးတာနဲ့မလှဲချင်သောတာကြောင့် ကုန်းထမည်ကြံတုန်း အခန်းထဲသို့ ဝင်လာသောသူရဲ့ ဆူခြင်းကိုခံလိုက်ရသည်။

"ဘာထလုပ်တာလဲ...နားနေပါဆို ငါ့ပြောစကားဆို နားမထောင်နဲ့သိလား။ ငါဆရာဝန်ဆိုတာလဲ သတိရဦး....သူငယ်ချင်း ဆိုပြီး မလေးမစားနဲ့...ပြီးတော့ အဲ့လိုတစ်ခုခုဖြစ်မှပဲ ငါ့သတိရသိလား။ အေး ငါကလဲ အမှတ်မရှိတော့ ရှိသမျှအလုပ်ပြစ်ထားပြီး ပြေးပြေးလာရတယ်....တကယ်ထဲ မင်းကိုငါ မပြောလိုက်ချင်ဘူး"

လက်ထဲက ဗန်းကို ကုတင်ဘေးကခုံပေါ်တင်လိုက်ကာ လျောကျနေသောစောင်ကို ရင်ဘက်နားထိခြုံပေးလိုက်သည်။ ခေါင်းဦးကိုလဲမှီလို့ရအောင် ပြင်ပေးလိုက်သေးသည်။

မိမိပြောနေသည်ကို ပြုံးကာကြည့်နေသော Deathကြောင့် Roshan မျက်စောင်းထိုးလိုက်တော့
"Woo...မင်းက မျက်စောင်းထိုးတတ်နေပြီပဲ...ငါခုမှတွေ့ဖူးတယ်"
"Death ငါဒေါသထွက်နေတာနော်"

"အေးပါကွာ...ငါကလဲ မင်းပျော်အောင်စတာပါ..."
"ရုပ်ကိုက မျက်နှားပိုးကိုမသေဘူး...ဒါလား ဂိုင်းခေါင်းဆောင်.."

"မင်းကလဲကွာ မိန်းမကြီးကျနေတာပဲ"
"အေးပေါ့ ပြောထား...ခုလဲ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်တဲ့အထိ ဘာလို့ အလုပ်တွေဖိလုပ်နေတာလဲ ပြောစမ်းပါ"

Death လဲ ပြုံးရယ်တာရပ်သွားကာ မျက်လွှာကို အောက်ချရင်း
"အလုပ်ကြောင့်မဟုတ်ဘူး Roshan"
"ခဏလေး မပြောနဲ့ဦး ဒါအရင်စား မအေးခင်..."

ခုံပေါ်ကခေါက်ဆွဲပန်းကန်ကို Roshan ကိုယ်တိုင်ခွံပါတော့သည်။ Death လဲ ဘာမှမပြောဘဲ ဒီအတိုင်းသာစားနေလေသည်။

ပူနေသောကြောင့် သူကိုယ်တိုင်မှုတ်ပြီးမှသာ ကျွေးနေသော Roshan က ဒီနေ့မှ မျက်လုံးထဲ ချစ်စရာကောင်းနေလေသည်။

ခုမိမိတို့ရဲ့ နှစ်ယောက်ထဲ အချိန်လိုချင်သောကြောင့် ခုနက Moon ကိစ္စကို Roshan မပြောဖို့ ဆုံးဖြတ်လိုက်လေသည်။

စားသောက်ပြီးတာနဲ့ ပါးစပ်ကိုလဲ ကိုယ်တိုင်ကိုယ်ကျသုတ်ပေးနေသူကြောင့် Death က မိမိလက်တွေပဲ ထိခိုက်နေသောကြောင့်လို့တောင် ခံစားသွားရလေသည်။

"ပြောစမ်းပါဦး...ခေါင်းကိုက်ရတဲ့ကိစ္စ"
"အင်း...ငါမနက်က ^÷#$÷÷-=/$+%^×..........."

"ဆိုတော့ မင်းက ဒီအတိုင်းပဲပြန်လာတယ်ပေါ့"
"အင်း...အမှန်ပြောရရင် ငါဘာဆက်လုပ်သင့်လဲ မသိတာ..."

Roshan လဲ အစကဆူမလို့ပင်မဲ့ နောက်တော့ သနားသွားကာ သက်ပြင်းချမိပြီး
"ငါသဘောပေါက်ပါတယ်။ မင်းအရင်လိုမဟုတ်တာကိုတော့ ကျေးဇူးတင်တယ်....ဒါပင်မဲ့ မင်းကျန်းမာရေးကို ထိခိုက်လောက်တဲ့အထိတော့ မင်းမလုပ်နဲ့....မင်းကျန်းမာရေးကို ထိခိုက်မဲ့ ဘယ်အရာအဆို မင်းမတွေးမိစေနဲ့ ငါပြောတာသဘောပေါက်လား....ပြီးတော့ မစဥ်းစားတတ်ရင် ငါ့ကိုအချိန်မရွေးဖုန်းဆက်လို့ရတာပဲ.......မင်းအနားမှာ ငါအမြဲရှိတာ မင်းသိပါတယ်......"

"မင်းကလဲ...ငါလဲဂရုစိုက်ပါတယ်"
"ဘာဂရုစိုက်တာလဲ ဟမ်!!! ငါမပြောလိုက်ချင်ဘူး မင်းညတိုင်းသောက်သေးလား"

"မသောက်ပါဘူး" အမှုစစ်သလို လာမေးနေသောကြောင့် မရည်ရွယ်ပဲ Death ညာမိသွားသည်။
"သေချာလား.."
"သေ..ချာတယ်..."

"Death ငါ့ကိုညာတယ်" ဆိုကာ ထသွားပြီး ရေချိုးခန်းထဲတန်းဝင်သွားသောသူ...
ခဏနေ သပတ်တစ်ထည်ကို ရေစွတ်လာပြီး Death မျက်နှာကို လာသုတ်ပေးနေလေသည်။

"မင်း တစ်ပတ်လောက်အလုပ်နား"
"ဘယ်ရမလဲ"

"ခြောက်ရက်..."
"မ..."

"တော်!! ငါးရက် ထက်လျော့ရင် မင်းကိုသတ်မယ်"
"ဟင်...မင်းကဆရာဝန်လေ"

"တော်စမ်း Death"

Death လဲ Roshan ကို ပြန်မပြောတော့ဘဲ ငြိမ်နေလိုက်ရသည်။ မဟုတ်ရင် Roahan ပုံက တကယ်ပဲ မိမိအားထက်ပြောရင် ထသတ်မည့်ပုံပင်...
____________________

"ကိုကိုရေ ထတော့လို့...အင့်.."
"၅ မိနစ်"ဆိုကာ လာနှိုးသော လပြည့်ဝန်း ကို ဆွဲဖက်ပြီး ထက်အိပ်နေလေသည်။

"ကိုကိုရာ...ငါးမိနစ် ငါးမိနစ်နဲ့ နောက်ကျနေပြီလို့ ဟွန့်..."
"စိတ်တော်မကောက်လိုက်ပါနဲ့ကွာ...ကိုယ်ထပြီနော်..."

"သွားရေချိုးတော့"
"ဟုတ်ကဲ့ပါဗျ..."

ဇေရဲမာန် ရေချိုးခန်းထဲဝင်သွားတုန်း လပြည့်ဝန်း လဲ အိပ်ရာသိမ်းကာ အဝတ်လဲပြီး ကိုကိုရေချိုးပြီး ဝတ်ဖို့အင်္ကျီပါထုတ်ထားလိုက်သည်။

ဒီနေ့ ကိုကို့ရုံးပိတ်ရက်ဖြစ်သောကြောင့် ဘုရားသွားဖို့ လပြည့်ဝန်း ပူဆာလိုက်တာပင်။ ဘုရားမှာလဲ မိမိတို့ရင်သွေးလေးအတွက်ဆုတောင်းချင်လို့ပင်....

ဇေရဲမာန် ရေချိုးပြီးထွက်လာတော့ အခန်းထဲတွင် ကလေးကမရှိတော့...အင်္ကျီလဲ အဆင်သင့်ထုတ်ပေးထားတာကြောင့် ဇေရဲမာန် လဲ ဝတ်ကာအောက်ကိုဆင်းသွားလိုက်သည်။

ထင်သည့်အတိုင်း ထမင်းစားခန်းတွင် အလုပ်ရှုပ်နေသူလေးကြောင့် အနောက်ကနေသွားကာ ခါးလေးကိုဖတ်ပြီး ပါးလေးကိုမွှေးကြူလိုက်သည်။
"ရွှတ်...မွှေးနေတာပဲကွာ..."
"ကိုကိုဆင်းလာပြီလား...ဒီမှာ သား မုန့်ဟင်းခါး ချက်ထားတယ်"

"ဟုတ်လား စားမယ်ကွာ"
ကိုကိုက မိမိဘာချက်ချက် အကောင်း‌ဆုံး ဆိုကာ စားနေခြင်းကြောင့် လပြည့်ဝန်း အမြဲတမ်း စိတ်ချမ်းသာရပေသည်။

"ဘုရားသွားပြီး ကလေးဘယ်သွားချင်သေးလဲ။"
"ဆိုင်သွားမယ် ကိုကို..သားခုတလော ဆိုင်ကိုမရောက်ဖြစ်ဘူး...နောက်ပြီးလေ ကြယ်စင် က ညနေလောက် ဆိုင်ကိုလာမယ်တဲ့။သူနဲ့ မတွေ့တာတောင်ကြာပြီဆိုတော့လေ"

"အင်းပါ...ကလေးသဘော"

စားသောက်ပြီးတာနဲ့ နှစ်ယောက်သား ရွှေတိဂုံဘုရားသို့ ထွက်လာကြသည်။

ဘုရားပေါ်တွင် လူတစ်ချို့က မိမိတို့နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။
ကြည့်လဲကြည့်ချင်စရာပင် အပြာရောင်ပုဆိုးအကွက်စိပ်လေးကိုဆင်တူဝတ်ထားပြီး အင်္ကျီအဖြူကပါဆင်တူပင်....

တစ်ယောက်လက်ကိုတစ်ယောက် ယှဥ်တွဲကာကိုင်ထားလေသည်။
ဇေရဲမာန် က အရပ်မြင့်မြင့် လပြည့်ဝန်း က ပုပုသေးသေးနဲ့ တကယ်ကို ချစ်စရာပင်...

နှစ်ယောက်သားလဲ ဘုရားပန်းကို နေ့နံထောင့်မှာ ကိုယ်တိုင်လှူကာ အဆောင်တစ်ခုတွင် ဝင်နားနေကြသည်။

"ကိုကို"
"ဗျာ..."

ဘုရားကိုတွေတွေလေးငေးကြည့်ကာ ခေါ်လာသူကလေး...
ဇေရဲမာန် က ကလေးပြောလာမဲ့စကားကို စိတ်ဝင်တစားနားထောင်နေလေသည်။

"သားဘဝမှာ သားကိုချစ်တဲ့သူတွေကြောင့် အရမ်းစိတ်ချမ်းသာခဲ့ရတယ်။ ခုဆိုလဲ ကိုကိုက သားကို သိပ်ချစ်တာလေ...အရမ်းလဲဂရုစိုက်တယ် သားသိပ်ပျော်တယ်....ပြီးတော့ သားတို့နှစ်ယောက်ရဲ့ ဖြစ်တည်လာမဲ့ ရင်သွေးလေး ...ဟိ...ပုစိလေးပေါ့...သူ့ကိုလဲ သားတို့အများကြီး ချစ်ပြီး ဂရုစိုက်ရမယ်။ ဒါမှ ပိစိလေးဘဝက ပိုပျော်စရာကောင်းမှာ နော်...ကိုကို"

ဒီဘက်ကိုလှည့်လိုက်တော့ မိမိအား အလေးအနက်ကြည့်နေသောကိုကိုကြောင့် ပြုံးမိပြန်သည်။

"ကိုယ့်ဘဝကလဲ ကလေးရှိခဲ့လို့သာ ဒီအချိန်အထိအသက်ရှင်တာ...အရင်က ကိုယ်အတ္တကြီးခဲ့တယ်။ အဲ့တာတွေကို ကလေးက ခွင့်လွှတ်ပြီး ကိုယ့်အနားမှာ ရှိနေပေးတယ်။ ကျေးဇူးတင်ပါတယ် ကလေး။ တစ်ခါတစ်ခါ ကိုယ်သေချင်လောက်အောင်ဖြစ်ဖူးတယ်။ ဒါပင်မဲ့ အဲ့အချိန်တွေ ကလေးကိုအဝေးကနေ သွားခိုးကြည့်လိုက်ရင် အလိုလိုအေးချမ်းသွားရော။ ကိုယ့်ဘဝကလဲ ကလေးကြောင့်ပဲ အသက်ဆက်ရှင်နိုင်တာ..."

"ဟင့်...ကိုကိုက လူကိုခြွေပြန်ပြီ..." ဆိုကာ မျက်ရည်တွေလဲဝဲရင်း ရင်ခွင်ထဲခိုဝင်လာသူ....ဇေရဲမာန် လဲ အလိုက်သင့်ဖက်ကာ...
"ဟက်ထိသွားတယ်ပေါ့...ဒါကကိုယ့်ရင်ထဲကလာတဲ့ မှန်သောစကားပါကွာ..."

"ယုံတယ်..."
ကလေးလိုဂျီတိုက်ရင်လဲ အမြဲလိုက်လျောပေးသူကြောင့် လပြည့်ဝန်း မှာ အချစ်ပိုနေရသည်ပင်။

နှစ်ဦးသား ဘုရားကိုတစ်ပတ် ပတ်ကာ ပြန်ဆင်းလာလိုက်သည်။ အချိန်ကနေ့လည်ဆိုသောကြောင့် ကြေးအိုးစားချင်နေသူကြောင့် နှစ်ယောက်သားကြေးအိုးဆိုင်သို့....

အသားလုံးတွေကို ပါးဖောင်းဖောင်းလေးဖြစ်တဲ့အထိစားနေသူကြောင့် ဇေရဲမာန် မှာ Tissue နဲ့ပါးစပ်ကိုလိုက်သုတ်ပေးနေရသည်ကအမော....

"ကလေးက ဗိုက်ဝပြီလား"
"အင်း...တင်းသွားပြီ..."

"ကိုကို့ကလေးလေးကတော့ ပိုပြီး ဝဝလုံးလုံးလေးဖြစ်တော့မှာပဲ"
"ဘာလဲ ဝရင်မချစ်တော့ဘူးလား" အဖြေကိုသိသော်ငြား လပြည့်ဝန်း မှာ တမင်ကြားချင်သောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"မဟုတ်ရပါဘူးကွာ...ဝလာကြည့်ပါလား ကိုယ်က ဖက်လုံးလေးဆိုပြီး ဖက်အိပ်မှာ"
"ဟွန့် ခုလဲမဖက်အိပ်တာကျနေတာပဲ"

"ဟား......ကိုယ့်ကိုအသည်းယားအောင် လုပ်နေတယ် မွ...."ဖောင်းစပြုနေသောပါလေးကို အစက နမ်းရုံဆိုသော်လဲ နမ်းနေတုန်းမလွှတ်ချင်တာနဲ့ အသည်းယားလို့ ကိုက်ထားမိတော့ အော်ပါပြီ....

"အား...ဟီးးးဟင့် နာသွားပြီ"
"အုံဖွ...ကိုယ်တကယ်အသည်းယားလို့ပါကွာ..."

နာလွန်းသည်ထင်ပါ့ ဖုန်းကိုထုတ်ကာ မှန်ကောက်ကြည့်လိုက်တော့မှ
"ဟာ...ကြည့်တွေ့လား သွားရာကြီးနဲ့..."
"ပိုချစ်ဖို့ကောင်းသွားတာ...ဘာလဲ မကြိုက်ဘူးလား"

"ဘယ်သူပြောလဲ!ကိုကိုပေးထားတဲ့အရာပဲ..ကြိုက်တာပေါ့..."
"ဟားးး"

နှစ်ယောက်တစ်ကမ္ဘာအလား အူမြူးကာပြုံးပျော်နေကြလေသည်။
________________

9.6.2022
Khine Lay

အလုပ်တွေများနေလို့ ကြာသွားတယ်ရယ်

Zaw

မနက္က ျမင္ကြင္းကိုမ်က္လုံးထဲျပန္ျမင္ေယာင္ရင္း Death ေခါင္းကိုက္လာမိသည္။
ရယ္ေမာေနေသာႏွစ္ေယာက္ အထူးသျဖင့္ Moon ရဲ႕ ၿပဳံးရယ္ေနေသာမ်က္ႏွာ မိမိေရွ႕တြင္ ထိုလိုမရယ္ဖူးေပ။ ထိုေကာင့္ေရွ႕တြင္ ရယ္ေနျခင္းေၾကာင့္ Death အမွန္တကယ္ေဒါသထြက္ေနတာပင္။

အရင္က Car Accident ျဖစ္တုန္းက ရခဲ့တဲ့ ဒဏ္ေၾကာင့္ ေခါင္းကိုက္ဖူးပင္မဲ့ ခုေနာက္ပိုင္းမကိုက္တာ အေတာ္ပင္ၾကာေနပါၿပီ...

ခုေတာ့ မနက္ကျမင္ကြင္းကိုျမင္တိုင္း ေခါင္းပိုကိုက္လာသည္ပင္။ မခံနိုင္တဲ့အဆုံး Roshan ကို အိမ္ကိုလာဖို႔ဖုန္းေခၚလိုက္ကာ မိမိလဲ အိမ္ျပန္လာလိုက္သည္။

Roahan ကေဆးတိုက္ကာ အိပ္ခိုင္းလို႔ အိပ္ေနမိတာ ခုမွပဲနိုးေတာ့သည္။ ေတာ္ေသးတယ္ ေခါင္းကိုက္တာ သက္သာသြားလို႔ပင္...

နိုးတာနဲ႕မလွဲခ်င္ေသာတာေၾကာင့္ ကုန္းထမည္ႀကံတုန္း အခန္းထဲသို႔ ဝင္လာေသာသူရဲ႕ ဆူျခင္းကိုခံလိုက္ရသည္။

"ဘာထလုပ္တာလဲ...နားေနပါဆို ငါ့ေျပာစကားဆို နားမေထာင္နဲ႕သိလား။ ငါဆရာဝန္ဆိုတာလဲ သတိရဦး....သူငယ္ခ်င္း ဆိုၿပီး မေလးမစားနဲ႕...ၿပီးေတာ့ အဲ့လိုတစ္ခုခုျဖစ္မွပဲ ငါ့သတိရသိလား။ ေအး ငါကလဲ အမွတ္မရွိေတာ့ ရွိသမွ်အလုပ္ျပစ္ထားၿပီး ေျပးေျပးလာရတယ္....တကယ္ထဲ မင္းကိုငါ မေျပာလိုက္ခ်င္ဘူး"

လက္ထဲက ဗန္းကို ကုတင္ေဘးကခုံေပၚတင္လိုက္ကာ ေလ်ာက်ေနေသာေစာင္ကို ရင္ဘက္နားထိၿခဳံေပးလိုက္သည္။ ေခါင္းဦးကိုလဲမွီလို႔ရေအာင္ ျပင္ေပးလိုက္ေသးသည္။

မိမိေျပာေနသည္ကို ၿပဳံးကာၾကည့္ေနေသာ Deathေၾကာင့္ Roshan မ်က္ေစာင္းထိုးလိုက္ေတာ့
"Woo...မင္းက မ်က္ေစာင္းထိုးတတ္ေနၿပီပဲ...ငါခုမွေတြ႕ဖူးတယ္"
"Death ငါေဒါသထြက္ေနတာေနာ္"

"ေအးပါကြာ...ငါကလဲ မင္းေပ်ာ္ေအာင္စတာပါ..."
"႐ုပ္ကိုက မ်က္ႏွားပိုးကိုမေသဘူး...ဒါလား ဂိုင္းေခါင္းေဆာင္.."

"မင္းကလဲကြာ မိန္းမႀကီးက်ေနတာပဲ"
"ေအးေပါ့ ေျပာထား...ခုလဲ ကိုယ့္က်န္းမာေရးကို ဂ႐ုမစိုက္တဲ့အထိ ဘာလို႔ အလုပ္ေတြဖိလုပ္ေနတာလဲ ေျပာစမ္းပါ"

Death လဲ ၿပဳံးရယ္တာရပ္သြားကာ မ်က္လႊာကို ေအာက္ခ်ရင္း
"အလုပ္ေၾကာင့္မဟုတ္ဘူး Roshan"
"ခဏေလး မေျပာနဲ႕ဦး ဒါအရင္စား မေအးခင္..."

ခုံေပၚကေခါက္ဆြဲပန္းကန္ကို Roshan ကိုယ္တိုင္ခြံပါေတာ့သည္။ Death လဲ ဘာမွမေျပာဘဲ ဒီအတိုင္းသာစားေနေလသည္။

ပူေနေသာေၾကာင့္ သူကိုယ္တိုင္မႈတ္ၿပီးမွသာ ေကြၽးေနေသာ Roshan က ဒီေန႕မွ မ်က္လုံးထဲ ခ်စ္စရာေကာင္းေနေလသည္။

ခုမိမိတို႔ရဲ႕ ႏွစ္ေယာက္ထဲ အခ်ိန္လိုခ်င္ေသာေၾကာင့္ ခုနက Moon ကိစၥကို Roshan မေျပာဖို႔ ဆုံးျဖတ္လိုက္ေလသည္။

စားေသာက္ၿပီးတာနဲ႕ ပါးစပ္ကိုလဲ ကိုယ္တိုင္ကိုယ္က်သဳတ္ေပးေနသူေၾကာင့္ Death က မိမိလက္ေတြပဲ ထိခိုက္ေနေသာေၾကာင့္လို႔ေတာင္ ခံစားသြားရေလသည္။

"ေျပာစမ္းပါဦး...ေခါင္းကိုက္ရတဲ့ကိစၥ"
"အင္း...ငါမနက္က ^÷#$÷÷-=/$+%^×..........."

"ဆိုေတာ့ မင္းက ဒီအတိုင္းပဲျပန္လာတယ္ေပါ့"
"အင္း...အမွန္ေျပာရရင္ ငါဘာဆက္လုပ္သင့္လဲ မသိတာ..."

Roshan လဲ အစကဆူမလို႔ပင္မဲ့ ေနာက္ေတာ့ သနားသြားကာ သက္ျပင္းခ်မိၿပီး
"ငါသေဘာေပါက္ပါတယ္။ မင္းအရင္လိုမဟုတ္တာကိုေတာ့ ေက်းဇူးတင္တယ္....ဒါပင္မဲ့ မင္းက်န္းမာေရးကို ထိခိုက္ေလာက္တဲ့အထိေတာ့ မင္းမလုပ္နဲ႕....မင္းက်န္းမာေရးကို ထိခိုက္မဲ့ ဘယ္အရာအဆို မင္းမေတြးမိေစနဲ႕ ငါေျပာတာသေဘာေပါက္လား....ၿပီးေတာ့ မစဥ္းစားတတ္ရင္ ငါ့ကိုအခ်ိန္မေ႐ြးဖုန္းဆက္လို႔ရတာပဲ.......မင္းအနားမွာ ငါအၿမဲရွိတာ မင္းသိပါတယ္......"

"မင္းကလဲ...ငါလဲဂ႐ုစိုက္ပါတယ္"
"ဘာဂ႐ုစိုက္တာလဲ ဟမ္!!! ငါမေျပာလိုက္ခ်င္ဘူး မင္းညတိုင္းေသာက္ေသးလား"

"မေသာက္ပါဘူး" အမႈစစ္သလို လာေမးေနေသာေၾကာင့္ မရည္႐ြယ္ပဲ Death ညာမိသြားသည္။
"ေသခ်ာလား.."
"ေသ..ခ်ာတယ္..."

"Death ငါ့ကိုညာတယ္" ဆိုကာ ထသြားၿပီး ေရခ်ိဳးခန္းထဲတန္းဝင္သြားေသာသူ...
ခဏေန သပတ္တစ္ထည္ကို ေရစြတ္လာၿပီး Death မ်က္ႏွာကို လာသုတ္ေပးေနေလသည္။

"မင္း တစ္ပတ္ေလာက္အလုပ္နား"
"ဘယ္ရမလဲ"

"ေျခာက္ရက္..."
"မ..."

"ေတာ္!! ငါးရက္ ထက္ေလ်ာ့ရင္ မင္းကိုသတ္မယ္"
"ဟင္...မင္းကဆရာဝန္ေလ"

"ေတာ္စမ္း Death"

Death လဲ Roshan ကို ျပန္မေျပာေတာ့ဘဲ ၿငိမ္ေနလိုက္ရသည္။ မဟုတ္ရင္ Roahan ပုံက တကယ္ပဲ မိမိအားထက္ေျပာရင္ ထသတ္မည့္ပုံပင္...
____________________

"ကိုကိုေရ ထေတာ့လို႔...အင့္.."
"၅ မိနစ္"ဆိုကာ လာႏွိုးေသာ လျပည့္ဝန္း ကို ဆြဲဖက္ၿပီး ထက္အိပ္ေနေလသည္။

"ကိုကိုရာ...ငါးမိနစ္ ငါးမိနစ္နဲ႕ ေနာက္က်ေနၿပီလို႔ ဟြန့္..."
"စိတ္ေတာ္မေကာက္လိုက္ပါနဲ႕ကြာ...ကိုယ္ထၿပီေနာ္..."

"သြားေရခ်ိဳးေတာ့"
"ဟုတ္ကဲ့ပါဗ်..."

ေဇရဲမာန္ ေရခ်ိဳးခန္းထဲဝင္သြားတုန္း လျပည့္ဝန္း လဲ အိပ္ရာသိမ္းကာ အဝတ္လဲၿပီး ကိုကိုေရခ်ိဳးၿပီး ဝတ္ဖို႔အကၤ်ီပါထုတ္ထားလိုက္သည္။

ဒီေန႕ ကိုကို႔႐ုံးပိတ္ရက္ျဖစ္ေသာေၾကာင့္ ဘုရားသြားဖို႔ လျပည့္ဝန္း ပူဆာလိုက္တာပင္။ ဘုရားမွာလဲ မိမိတို႔ရင္ေသြးေလးအတြက္ဆုေတာင္းခ်င္လို႔ပင္....

ေဇရဲမာန္ ေရခ်ိဳးၿပီးထြက္လာေတာ့ အခန္းထဲတြင္ ကေလးကမရွိေတာ့...အကၤ်ီလဲ အဆင္သင့္ထုတ္ေပးထားတာေၾကာင့္ ေဇရဲမာန္ လဲ ဝတ္ကာေအာက္ကိုဆင္းသြားလိုက္သည္။

ထင္သည့္အတိုင္း ထမင္းစားခန္းတြင္ အလုပ္ရႈပ္ေနသူေလးေၾကာင့္ အေနာက္ကေနသြားကာ ခါးေလးကိုဖတ္ၿပီး ပါးေလးကိုေမႊးၾကဴလိုက္သည္။
"႐ႊတ္...ေမႊးေနတာပဲကြာ..."
"ကိုကိုဆင္းလာၿပီလား...ဒီမွာ သား မုန့္ဟင္းခါး ခ်က္ထားတယ္"

"ဟုတ္လား စားမယ္ကြာ"
ကိုကိုက မိမိဘာခ်က္ခ်က္ အေကာင္း‌ဆုံး ဆိုကာ စားေနျခင္းေၾကာင့္ လျပည့္ဝန္း အၿမဲတမ္း စိတ္ခ်မ္းသာရေပသည္။

"ဘုရားသြားၿပီး ကေလးဘယ္သြားခ်င္ေသးလဲ။"
"ဆိုင္သြားမယ္ ကိုကို..သားခုတေလာ ဆိုင္ကိုမေရာက္ျဖစ္ဘူး...ေနာက္ၿပီးေလ ၾကယ္စင္ က ညေနေလာက္ ဆိုင္ကိုလာမယ္တဲ့။သူနဲ႕ မေတြ႕တာေတာင္ၾကာၿပီဆိုေတာ့ေလ"

"အင္းပါ...ကေလးသေဘာ"

စားေသာက္ၿပီးတာနဲ႕ ႏွစ္ေယာက္သား ေ႐ႊတိဂုံဘုရားသို႔ ထြက္လာၾကသည္။

ဘုရားေပၚတြင္ လူတစ္ခ်ိဳ႕က မိမိတို႔ႏွစ္ေယာက္ကို ကြက္ၾကည့္ကြက္ၾကည့္နဲ႕။
ၾကည့္လဲၾကည့္ခ်င္စရာပင္ အျပာေရာင္ပုဆိုးအကြက္စိပ္ေလးကိုဆင္တူဝတ္ထားၿပီး အကၤ်ီအျဖဴကပါဆင္တူပင္....

တစ္ေယာက္လက္ကိုတစ္ေယာက္ ယွဥ္တြဲကာကိုင္ထားေလသည္။
ေဇရဲမာန္ က အရပ္ျမင့္ျမင့္ လျပည့္ဝန္း က ပုပုေသးေသးနဲ႕ တကယ္ကို ခ်စ္စရာပင္...

ႏွစ္ေယာက္သားလဲ ဘုရားပန္းကို ေန႕နံေထာင့္မွာ ကိုယ္တိုင္လႉကာ အေဆာင္တစ္ခုတြင္ ဝင္နားေနၾကသည္။

"ကိုကို"
"ဗ်ာ..."

ဘုရားကိုေတြေတြေလးေငးၾကည့္ကာ ေခၚလာသူကေလး...
ေဇရဲမာန္ က ကေလးေျပာလာမဲ့စကားကို စိတ္ဝင္တစားနားေထာင္ေနေလသည္။

"သားဘဝမွာ သားကိုခ်စ္တဲ့သူေတြေၾကာင့္ အရမ္းစိတ္ခ်မ္းသာခဲ့ရတယ္။ ခုဆိုလဲ ကိုကိုက သားကို သိပ္ခ်စ္တာေလ...အရမ္းလဲဂ႐ုစိုက္တယ္ သားသိပ္ေပ်ာ္တယ္....ၿပီးေတာ့ သားတို႔ႏွစ္ေယာက္ရဲ႕ ျဖစ္တည္လာမဲ့ ရင္ေသြးေလး ...ဟိ...ပုစိေလးေပါ့...သူ႕ကိုလဲ သားတို႔အမ်ားႀကီး ခ်စ္ၿပီး ဂ႐ုစိုက္ရမယ္။ ဒါမွ ပိစိေလးဘဝက ပိုေပ်ာ္စရာေကာင္းမွာ ေနာ္...ကိုကို"

ဒီဘက္ကိုလွည့္လိုက္ေတာ့ မိမိအား အေလးအနက္ၾကည့္ေနေသာကိုကိုေၾကာင့္ ၿပဳံးမိျပန္သည္။

"ကိုယ့္ဘဝကလဲ ကေလးရွိခဲ့လို႔သာ ဒီအခ်ိန္အထိအသက္ရွင္တာ...အရင္က ကိုယ္အတၱႀကီးခဲ့တယ္။ အဲ့တာေတြကို ကေလးက ခြင့္လႊတ္ၿပီး ကိုယ့္အနားမွာ ရွိေနေပးတယ္။ ေက်းဇူးတင္ပါတယ္ ကေလး။ တစ္ခါတစ္ခါ ကိုယ္ေသခ်င္ေလာက္ေအာင္ျဖစ္ဖူးတယ္။ ဒါပင္မဲ့ အဲ့အခ်ိန္ေတြ ကေလးကိုအေဝးကေန သြားခိုးၾကည့္လိုက္ရင္ အလိုလိုေအးခ်မ္းသြားေရာ။ ကိုယ့္ဘဝကလဲ ကေလးေၾကာင့္ပဲ အသက္ဆက္ရွင္နိုင္တာ..."

"ဟင့္...ကိုကိုက လူကိုေႁခြျပန္ၿပီ..." ဆိုကာ မ်က္ရည္ေတြလဲဝဲရင္း ရင္ခြင္ထဲခိုဝင္လာသူ....ေဇရဲမာန္ လဲ အလိုက္သင့္ဖက္ကာ...
"ဟက္ထိသြားတယ္ေပါ့...ဒါကကိုယ့္ရင္ထဲကလာတဲ့ မွန္ေသာစကားပါကြာ..."

"ယုံတယ္..."
ကေလးလိုဂ်ီတိုက္ရင္လဲ အၿမဲလိုက္ေလ်ာေပးသူေၾကာင့္ လျပည့္ဝန္း မွာ အခ်စ္ပိုေနရသည္ပင္။

ႏွစ္ဦးသား ဘုရားကိုတစ္ပတ္ ပတ္ကာ ျပန္ဆင္းလာလိုက္သည္။ အခ်ိန္ကေန႕လည္ဆိုေသာေၾကာင့္ ေၾကးအိုးစားခ်င္ေနသူေၾကာင့္ ႏွစ္ေယာက္သားေၾကးအိုးဆိုင္သို႔....

အသားလုံးေတြကို ပါးေဖာင္းေဖာင္းေလးျဖစ္တဲ့အထိစားေနသူေၾကာင့္ ေဇရဲမာန္ မွာ Tissue နဲ႕ပါးစပ္ကိုလိုက္သုတ္ေပးေနရသည္ကအေမာ....

"ကေလးက ဗိုက္ဝၿပီလား"
"အင္း...တင္းသြားၿပီ..."

"ကိုကို႔ကေလးေလးကေတာ့ ပိုၿပီး ဝဝလုံးလုံးေလးျဖစ္ေတာ့မွာပဲ"
"ဘာလဲ ဝရင္မခ်စ္ေတာ့ဘူးလား" အေျဖကိုသိေသာ္ျငား လျပည့္ဝန္း မွာ တမင္ၾကားခ်င္ေသာေၾကာင့္ ေမးလိုက္ျခင္းျဖစ္သည္။

"မဟုတ္ရပါဘူးကြာ...ဝလာၾကည့္ပါလား ကိုယ္က ဖက္လုံးေလးဆိုၿပီး ဖက္အိပ္မွာ"
"ဟြန့္ ခုလဲမဖက္အိပ္တာက်ေနတာပဲ"

"ဟား......ကိုယ့္ကိုအသည္းယားေအာင္ လုပ္ေနတယ္ မြ...."ေဖာင္းစျပဳေနေသာပါေလးကို အစက နမ္း႐ုံဆိုေသာ္လဲ နမ္းေနတုန္းမလႊတ္ခ်င္တာနဲ႕ အသည္းယားလို႔ ကိုက္ထားမိေတာ့ ေအာ္ပါၿပီ....

"အား...ဟီးးးဟင့္ နာသြားၿပီ"
"အုံဖြ...ကိုယ္တကယ္အသည္းယားလို႔ပါကြာ..."

နာလြန္းသည္ထင္ပါ့ ဖုန္းကိုထုတ္ကာ မွန္ေကာက္ၾကည့္လိုက္ေတာ့မွ
"ဟာ...ၾကည့္ေတြ႕လား သြားရာႀကီးနဲ႕..."
"ပိုခ်စ္ဖို႔ေကာင္းသြားတာ...ဘာလဲ မႀကိဳက္ဘူးလား"

"ဘယ္သူေျပာလဲ!ကိုကိုေပးထားတဲ့အရာပဲ..ႀကိဳက္တာေပါ့..."
"ဟားးး"

ႏွစ္ေယာက္တစ္ကမၻာအလား အူျမဴးကာၿပဳံးေပ်ာ္ေနၾကေလသည္။
________________

9.6.2022
Khine Lay

အလုပ္ေတြမ်ားေနလို႔ ၾကာသြားတယ္ရယ္

Continue Reading

You'll Also Like

3.5K 185 18
Sequel to Raised by Moony and Padfoot, and The Socercers Stone:Raised by Moony and Padfoot. Part 3 of the extended AU As Harry begins to learn more...
26.9K 469 41
I do not own Helluva Boss. It's owned by Vivziepop. You are a 15-year-old Imp. Your parents are Millie and Moxxie. You work with your parents and Bo...
6.2M 201K 31
After she tragically loses her mother, Cassie turns to street fighting-but she soon learns that the biggest fights happen outside the ring. ...
6.7K 235 33
My First invention 🤗 (7 Aug 2021)