system 091

Galing kay TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Higit pa

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(5.17)

5.9K 592 23
Galing kay TeeKo0

Unicode

ရှောင်ကျန့်တို့ဟာလှိုဏ်ဂူထဲကနေအပြင်သို့လျှောက်ထွက်လာပြီးလမ်းခြောက်ခုခွဲထားရာလမ်းခွသို့အရောက်တွင်ဆူညံနေသည့်အုပ်စုကိုတွေ့လိုက်ရသည်။ထိုသူအုပ်စုမှာနဂါးနဲ့ဖီးနစ်ကျောင်းတော်ကရောက်လာခဲ့တဲ့အကူစွမ်းအားရှင်တွေဖြစ်သည်။ဒီနေရာမှာတင်တစ်,နေသည့်အကြောင်းအရင်းဟာတော့ထင်ယောင်ထင်မှားဝင်္ကပါကြောင့်သာဖြစ်၏။

ဆုဖေးယွဲ့အတွင်းပိုင်းထဲဘယ်လိုဝင်သွားနိုင်တာလဲဆိုတာတော့သူလည်းမသိ။ကြည့်ရတာဇာတ်လမ်းဇာတ်ကွက်အရ'မတော်တဆ'ဆိုတဲ့ခေါင်းစဥ်အောက်ဒီအတိုင်းခြေချော်ပြီးရောက်သွားဟန်ရသည်။ကမ္ဘာ့စည်းမျဥ်းတွေရဲ့အူကြောင်ကြောင်နိုင်မှုနဲ့အကြောင်းအရင်းမရှိဘတ်လိုက်ပုံကိုတော့ဘာမှပြောစရာမရှိတော့ပါချေ။

ရှောင်ကျန့်ရဲ့မူရင်းမျက်နှာလေးမှာပြန်လည်ရုပ်ဖျက်ပြောင်းလဲထားပြီးဖြစ်သည်။သူ့အနောက်တွင်အမွှာနှစ်ယောက်မှာထုံးစံအတိုင်းကပ်လျက်လိုက်ပါလာပြီးမသိရင်အမဲရိုးစောင့်သည့်ခွေးကြီးတွေနဲ့တောင်တူနေသေးသည်။

ေရှာင်ကျန့်မှာအရှေ့ဆုံးကနေကော့ပက်ကော့ပက်​ဖြင့်လျှောက်သွားရင်းသူတို့အနောက်တွင်ရှုံမဲ့နေသည့်မျက်နှာထားဖြင့်လိုက်လာသည့်လဲ့ချင်းယန်နှင့်လျှပ်စီးယုန်လေးအားရင်ခွင်ထဲထွေးပေွ့ထားသည့်ဆုဖေးယွဲ့တို့ရှိနေသည်။

ဆုဖေးယွဲ့၏မျက်နှာထားမှာပုံမှန်အတိုင်းရှိနေပေမယ့်လဲ့ချင်ယန်မှာတော့ပြိုတော့မည့်မိုးလိုမဲမှောင်နေလေသည်။တစ်ခုထူးခြားသည်မှာမသိမသာလိုပုံစံမျိုးဖြင့်သူ့ညာဘက်လက်အားခဏခဏခါထုတ်နေတာဖြစ်သည်။

"မအေဘေးလေး....မင်းငြိမ်ငြိမ်လေးလမ်းလျှောက်လို့မရဘူးလား....ငါမူးနေပြီ!!!"

လဲ့ချင်းယန်၏ညာဘက်လက်ကောက်ဝတ်တွင်ရစ်ပတ်ထားသည့်အပြာရောင်မြွေလေးတစ်ကောင်ဟာဒေါသတကြီးဖြင့်ခပ်တိုးတိုးဆိုလာသည်။လဲ့ချင်းယန်မှာမြွေသေးသေးလေး၏စကားကိုကြားသည့်အခါတွင်သူ့ညာဘက်လက်ကိုပိုတောင်လွှဲယမ်းလာသေးသည်။

"ဒီဖေ.....ငါတကယ်မူး​ေနပြီလို့!!!"

လဲ့ချင်းယန်ကနှာတစ်ချက်မှုတ်လိုက်သည်။၎င်းအပြာရောင်မြွေသေးသေးလေးမှာလုံဖုချန်ဖြစ်ကြောင်းပြောစရာကိုမလိုတော့ပေ။

ရှောင်ကျန့်ကလုံဖုချန်အားအဆုံးမဲ့သမုဒ္ဒရာဆီသို့ပြန်သွားဖို့ရန်မေးမြန်းခဲ့ပေမယ့်နဂါးဘုရင်ကြီးကရှောင်ကျန့်အနောက်သာလိုက်ချင်သည်ဟုဆိုလာသည်။ကံဆိုးချင်တော့ရှောင်ကျန်တို့မှာနဂါးနဲ့ဖီးနစ်ကျောင်းတော်သို့ဝင်ရောက်ထားပြီးဖြစ်၍အပြင်လူတစ်ယောက်ကိုခေါ်ယူထားဖိုရန်မှာမဖြစ်နိုင်ပေ။

ဒီ့အတွက်လုံဖုချန်ဟာသူ့ရဲ့အားအနည်းဆုံးပုံပန်းသဏ္ဍာန်ဖြစ်သည့်မြွေသေးသေးလေးတစ်ကောင်အဖြစ်သို့ပြောင်းလ​ဲကာတစ်စုံတစ်ယောက်၏စာချုပ်သားရဲတစ်ကောင်အဖြစ်လျှို့ဝှက်လိုက်ပါလာရန်ဆုံးဖြတ်လိုက်သည်။

အပြာရောင်မြွေသေးသေးလေးမှာလွန်စွာသာမန်ဆန်ပြီးရိုးရှင်းသည့်မြွေလေးတစ်ကောင်နှင့်တူသည်။ပြဿနာကရှောင်ကျန့်ရဲ့စာချုပ်သားရဲပုံစံဟန်ဆောင်ဖို့ကိုအမြွှာနှစ်ယောက်ကလုံးလုံးခွင့်မပြုပေ။

အမြွှာနှစ်ယောက်၏အတွေးကတော့ရှောင်ကျန့်အနားတွင်မည်သည့်သက်ရှိကမှရှိနေမည်ကိုမလိုလားပါချေ။စာချုပ်သားရဲအဖြစ်သာဟန်ဆောင်လိုက်မိလို့ကတော့ရှောင်ကျန့်အနားသာတစ်ချိန်လုံးကပ်နေရမှဖြစ်ပြီးအသားချင်းတောင်ထိတွေ့နေရနိုင်သည်။

ဒါကနှစ်ယောက်လုံးသည်းမခံနိုင်ဆုံးသောအရာဖြစ်ပြီးသနားစရာနဂါးပြာလေးမှာသူ့ရဲ့သွေးမတော်သားမစပ်ဒေါသအိုးတူလေးဖြစ်သူဆီတွန်းထုတ်ခြင်းခံလိုက်ရသည်။လဲ့ချင်းယန်မှာလုံးဝမလိုလားပေမယ့်'ချင်း'မျိုးရိုးအမြွှာနှစ်ယောက်၏'ငြင်းရဲရင်ငြင်းကြည့်စမ်း'ဆိုတဲ့အကြည့်ကြောင့်တံတွေးတစ်ချက်မျိုချလိုက်ရင်းအင်တင်တင်ဖြင့်လက်ခံလိုက်ရသည်။

မြွေသေးသေးလေးမှာလုံဖုချန်ရဲ့အထိမခံနိုင်သည့်အားအနည်းဆုံးသောပုံသဏ္ဍာန်ဖြစ်သည်။လဲ့ချင်းယန်ကရွဲ့ပြီးလက်ကိုဟိုဘက်ယမ်းလိုက်၊ဒီဘက်ယမ်းလိုက်၊စက်ဝိုင်းပုံစံလှည့်လိုက်ဖြင့်ခါယမ်းနေသည့်အခါတွင်အပြာရောင်မြွေသေးသေးလေးမှာလဲ့ချင်းယန်၏လက်ကောက်ဝတ်ကိုသူ့အမြှီးဖြင့်ရစ်ပတ်ထားရာကနေမူးဝေပြီးမြွေတစ်ကောင်ဖြစ်နေပေမယ့်အော့အန်ချင်လာသလိုခံစားရသည်။

မူးဝေမှုကသူ့အတွက်ဘာမှမဟုတ်ပေမယ့်ခံရခက်လွန်းလှသည်။နောက်ဆုံးဒေါသအကြီးအကျယ်ထွက်သွားသည့်လုံဖုချန်ဟာတမင်သက်သက်အရွဲ့တိုက်နေသည့်လဲ့ချင်းယန်၏လက်ကောက်ဝတ်အားကိုက်ချပြစ်လိုက်သည်။

"အား!!!!"

"ဘာဖြစ်တာလဲ!!!"

ရှောင်ကျန့်မှာလဲ့ချင်းယန်၏အော်သံကြောင့်အနည်းငယ်ထိတ်လန့်သွားပြီးစိုးရိမ်တကြီးလှည့်မေးလိုက်မိသည်။

"ဘာ....ဘာမှမဟုတ်ပါဘူး...."

လဲ့ချင်းယန်ဟာသူ့ရဲ့လက်နှစ်ဖက်ကိုနောက်ကျောဘက်သို့ဖွက်လိုက်ရင်းရှောင်ကျန့်အားခပ်ဖွဖွပြုံးလျက်ပြန်ဖြေသည်။သူနောက်ကျောဘက်တွင်တော့အပြာရောင်မြွေသေးသေးလေး၏အမြှီးလေးအားသူ့လက်ကြီးဖြင့်အားရပါးရအကြမ်းပတမ်းဖြစ်ညှစ်ဆုပ်ကိုင်ကာဆွဲဆန့်ထားသည်။

လုံဖုချန်ကလည်းအားကျမခံပဲချင်ယန်၏ဖြူဝင်းနေသည့်လက်နှစ်ဖက်အားအကြိမ်ကြိမ်ကိုက်ချသည်။လုံဖုချန်ကနာကျင်မှုကိုတောင့်ခံထားရင်းသူ့အဖေအား,အားတင်းကာခပ်ဖွဖွပြုံးပြနေသည်။ခဏလေးအတွင်းမှာတင်လဲ့ချင်းယန်၏လက်ကောက်ဝတ်နှင့်လက်ဖဝါးတစ်ခုလုံးမြွေပေါက်ရာအပေါက်သေးသေးလေးတွေနှင့်ပြည့်နှက်သွားလေသည်။

ထိုလမ်းခွရှောင်ကျန့်ကသူ့ရဲ့သွေးမတော်သားမစပ်သားနှင့်အစ်ကို၏ယှဥ်ပြိုင်နေမှုများအားတစ်ခုမှမသိစွာမျက်တောင်နှစ်ချက်လောက်ခတ်လိုက်ပြီးအရှေ့ဘက်သို့ထပ်မံလျှောက်လှမ်းလာသည်။လမ်းခွခြောက်ခုဆုံရာနေရာလေးတွေလည်နေကြသည့်ကျင့်ကြံသူတွေမှာရှောင်ကျန့်တို့ကိုမမြင်သေးပေ။

လမ်းခွအပြင်ဘက်သို့ခြေလှမ်းလိုက်သည့်အခါမှသာနဂါးနဲ့ဖီးနစ်ကျောင်းတော်၏စွမ်းအားမြင့်ကျင့်ကြံသူအကြီးအကဲတွေမှာရှောင်ကျန့်တို့အုပ်စုကိုစတင်မြင်တွေ့လိုက်ရသည်။

ရုတ်တရတ်ကြီးဖြတ်ကနဲပေါ်ပေါက်လာသည့်ရှောင်ကျန့်တို့အုပ်စုကြောင့်ကျင့်ကြံသူအကြီးအကဲတော်မှာအတော်လေးလန့်ဖြန့်သွားကြသည်။ဒါပေမယ့်ရှောင်ကျန့်တို့နဲ့အတူလိုက်ပါလာသည့်ဆုဖေးယွဲ့ကိုမြင်သည့်အခါကျမှသက်ပြင်းချနိုင်လိုက်ကြသည်။အကြီးအကဲအုပ်စုဟာဆု​ဖေးယွဲ့အနားဝိုင်းအုံသွားကြပြီးတစ်ဖက်တွင်ဒဏ်ရာအနည်းငယ်ရထားသည့်စီစစ်ရေးဆရာဟာတော့အကြီးအကဲတွေကြားထဲကရှောင်ကျန့်တို့အဖွဲ့အားဆွဲထုတ်လာခဲ့သည်။

အကုန်လုံးကစိုးရိမ်တကြီးဖြင့်အကြောင်းအရင်းမျိုးစုံမေးမြန်းကြသည်။ဆုဖေးယွဲ့ဟာသူမကတိပေးထားသည်အတိုင်းရှောင်ကျန့်ရဲ့အစစ်အမှန်ပုံသဏ္ဍာန်နဲ့လုံဖုချန်အကြောင်းတစ်စက်မှဟ,မလာပဲကြီးမြတ်သူအဆင့်လူနှစ်ဦးနှင့်အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်းကိုသာဆိုသည်။နောက်ဆုံးထူးဆန်းသည့်ဝင်္ကပါတစ်ခုကြောင့်ကြီးမြတ်သူအဆင့်ကျင့်ကြံသူနှစ်ယောက်အားမတော်တဆသတ်ဖြတ်မိသွားသည်ဟူ၍အဓိကအကြောင်းအရင်းမှန်ကိုဖယ်ရှားလိုက်သည်။

သူမကိုယ်ပေါ်ရှိဒဏ်ရာဒဏ်ချက်တွေကြောင့်လူတိုင်းကလုံးဝယုံကြည်သွားသည်။သူတို့ကိုယ်တိုင်လည်းထင်ယောင်ထင်မှားဝင်္ကပါထဲတွင်ပိတ်မိနေခဲ့ကြတာကြောင့်လှိုဏ်ဂူအတွင်းပိုင်းတွင်တစ်ခြားသောဝင်္ကပါတွေရှိနေသေးကြောင်းအပြောကိုမယုံမကြည်မဖြစ်ခဲ့ကြပေ။

ဒါကတစ်ခြားသူရဲ့ကြိုးစားမှုကိုခိုးယူလိုက်သလိုဖြစ်သွားပေမယ့်ရှောင်ကျန့်တို့ကိုဖုံးကွယ်ဖို့ဆိုဒီလိုမှမလုပ်ရင်ဆုဖေးယွဲ့ကိုယ်တိုင်လဲတတ်နိုင်မည်မဟုတ်ချေ။စီစစ်ရေးဆရာနှင့်တစ်ခြားအကြီးအကဲတွေကရှောင်ကျန့်တို့လူစုကိုလည်းစစ်ဆေးမေးမြန်းသည်။

ရှောင်ကျန့်တို့ဟာတတ်ယောင်ဝါးပုံစံဖြင့်မရေမယာသာပြန်ဖြေခဲ့ကြသည်။အဖြေအများစုကတော့ဆုဖေးယွဲ့ပြောခဲ့သလိုမျိုးသာဖြစ်သည်။စီစစ်ရေးဆရာကလဲ့ချင်းယန်လက်ထဲရှိမြွေသေးသေးလေးကိုသတိထားမိသွား၏။ဇာတ်လိုက်မှာစီစစ်ရေးဆရာကို၎င်းအပြာရောင်မြွေသေးသေးလေးမှာသူ့ရဲ့စာချုပ်သားရဲဖြစ်ကြောင်းရှင်းပြလိုက်ရသေးသည်။

အခြေအနေကသိပ်ပြီးရှုပ်ရှုပ်ထွေးထွေးမရှိပါပဲပြီးဆုံးသွားသည်။ရှောင်ကျန့်တို့အုပ်စုအားနဂါးနဲ့ဖီးနစ်ကျောင်းတော်သို့ပြန်လည်ခေါ်ဆောင်လာကြပြီးကျန်ရစ်ခဲ့သည့်အကြီးအကဲတွေကအနက်ရောင်ဝတ်ကျင့်ကြံသူတွေနဲ့ပတ်သပ်သည့်ကိစ္စအပေါင်းအားစုံစမ်းစစ်ဆေးရန်ကျန်ရစ်ခဲ့ကြသည်။

ဆုဖေးယွဲ့ကိုတော့ဒဏ်ရာအပြင်းအထန်ရထားသည်အားထောက်ရှု့၍ကျောင်းတော်သို့ပြန်လည်အနားယူကုသရန်လွှတ်လိုက်သည်။ထို့ကြောင့်ဆုဖေးယွဲ့မှာလည်းရှောင်ကျန့်တို့နဲ့အတူလိုက်ပါလာခဲ့သည်။

ဧရာမငှက်ကြီးမှာတိမ်တွေအုံ့ဆိုင်းလျက်နတ်သမီးတိုင်းပြည်ကဲ့သို့လှပနေသည့်တောင်တန်းကြီးဆီသို့ကျင့်ကြံသူအုပ်စုအားသယ်ယူခေါ်ဆောင်လာသည်။တောင်တန်းပတ်ပတ်လည်တွင်အဆုံးမရှိသကဲ့သို့ကျယ်ပြန့်လှသည့်တောအုပ်ကြီးတစ်ခုဝန်းရံထား၏။တောအုပ်အတွင်းကနေရံဖန်ရံခါမှော်သားရဲတွေရဲ့ဟိန်းဟောက်သံအမျိုးမျိုးကိုကြားနေရသည်။

ဧရာမငှက်ကြီးဟာတိမ်တွေ၊တောအုပ်တွေနဲ့လှပတဲ့တောင်တန်းတွေအားဖြတ်ကျော်လျက်ကြီးမားသည့်မုဒ်ပေါက်ဝကြီးတစ်ခုဆီသို့ခေါ်ဆောင်လာသည်။

မုဒ်ပေါက်ဝ၏အရှေ့ဘက်ထိပ်ပိုင်းတွင်နဂါးနှင့်ဖီးနစ်ကျောင်းတော်ဟူ၍ခမ်းနားကြီးကျယ်သည့်စုတ်ချက်တွေနဲ့စာတန်းကြီးတစ်ခုရေးဆွဲထားသည်။

ရှောင်ကျန့်ကထိုအရာကိုစိတ်ဝင်စားသလိုတစ်ချက်လောက်မှေးဆင်းကြည့်လိုက်သည်။ဧရာမငှက်ကြီးကမုဒ်ပေါက်ဝ၏ဘေးဘက်ကွင်းပြင်ကျယ်တွင်ဆင်းသက်လိုက်သည်။ကွင်းပြင်ကလွန်စွာကျယ်ပြန့်လှပြီးရှောင်ကျန့်တို့စီးနှင်းလာသည့်ငှက်ကြီးအပြင်တစ်ခြားသောဝင်ခွင့်အောင်မြင်သူတွေစီးနှင်းလာသောဧရာမငှက်ကြီးတွေများစွာရှိသည်။

နဂါးနဲ့ဖီးနစ်ကျောင်းတော်ကြီးဟာကျောင်းတော်သားတွေကိုခေါ်ယူနိုင်ဖို့အတွက်တစ်ခြားသောတောကြိုအုံကြားမြို့အနှံ့သို့လည်းတစ်ခြားသောစီစစ်ရေးဆရာတွေကိုစေလွှတ်ထားခဲ့သည်။

ရှောင်ကျန့်တို့ဝင်ရောက်ဖြေဆိုခဲ့သည့်မြို့ဟာတော့အဓိကအချက်အချာကျသည့်ဝင်ခွင့်စစ်ဆေးသည့်နေရာဖြစ်တာကြောင့်ဝင်ခွင့်အောင်မြင်မှုရှိမရှိပုံသေစစ်ဆေးတာကြောင့်အောင်မြင်သူတွေဟာတစ်ခြားသောကျောင်းသားတွေနဲ့ကွာခြားသည်။

ဒါကြောင့်လည်းအသက်စမ်းသပ်ခြင်းဖန်လုံးမှာထိုနေရာသို့ရောက်ရှိနေခြင်းဖြစ်သည်။ရှင်းလင်းအောင်ဖော်ပြရသော်တရားဝင်,ဝင်ခွင့်စစ်ဆေးခြင်းနေရာနှင့်တရားမဝင်,ဝင်ခွင့်စစ်ဆေးခြင်းနေရာဟူ၍ကွာခြားသည်ဟုလည်းဆိုနိုင်ပေသည်။

စီစစ်ရေးဆရာကရှောင်ကျန့်၊ချင်းမျိုးရိုးအမြွှာနှစ်ယောက်နှင့်လဲ့ချင်းယန်အားမုဒ်ဝအတွင်းသို့ဝင်ရောက်ခေါ်ဆောင်လာသည်။ဆုဖေးယွဲ့ဟာတော့ဝင်ရောက်ပြီးသည်နှင့်သူမ၏ကိုယ်ပိုင်နေရာသို့ကုသမှုခံယူရန်အတွက်ထွက်သွားလေသည်။

စီစစ်ရေးဆရာကရှောင်ကျန့်တို့အဖွဲ့အားကျောင်းဝင်းအတွင်းသို့ခေါ်ဆောင်ကာအတွင်းစည်းတပည့်တွေနေထိုင်ရာဆီသို့ဦးဆောင်လာ၏။

​အတွင်းစည်းတပည့်အဖြစ်တိုက်ရိုက်ခန့်အပ်ခြင်းခံလိုက်ရသည့်ရှောင်ကျန့်တို့အဖွဲ့ဟာတစ်ယောက်ကိုကိုယ်ပိုင်တောင်ထွတ်တစ်ခုဆီရရှိသည်။အတွင်းစည်းတပည့်​ဖြစ်ဖို့ရန်အတွက်အသက်၁၅၀အတွင်းနတ်ဘုရားအဆင့်သို့ချိုးဖျက်ဝင်ရောက်ရန်သာလိုအပ်သည်။

လဲ့ချင်းယန်လိုဆယ်ကျော်သက်အရွယ်ဖြင့်နတ်ဘုရားအဆင့်ကျင့်ကြံမှုပိုင်ဆိုင်ထားတဲ့မကောင်းဆိုးဝါးဆိုရင်တော့ပြောစရာကိုမလိုတော့ပေ။

တစ်ယောက်ကိုကြိုက်နှစ်သက်ရာတောင်အလွတ်တစ်ချို့၌နေရာချပေးပြီးနောက်တွင်စီစစ်ရေးဆရာကစာရင်း​ေပးသွင်းဖို့ရန်ထွက်ခွာသွားသည်။ရှောင်ကျန့်ဟာအနားယူရန်အတွက်သူ့ကိုယ်ပိုင်တောင်ထဲခပ်တည်တည်ဝင်ရောက်သွားရင်းကျန်လူတွေအားလုံးကိုမောင်းထုတ်လိုက်၏။

ချင်းမျိုးရိုးအမွှာနှစ်ယောက်မှာဝမ်းနည်းသွားသည့်ခွေးပေါက်ကြီးတွေလိုမျိုးနားရွက်လေးကုပ်လျက်တွန့်ဆုတ်စွာထွက်ခွာသွားကြသည်။

ညအချိန်.....

အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီးကျောင်းဝင်းအတွင်းကင်းလှည့်နေကြသည့်စည်းကမ်းထိန်းသိမ်းရေးကျောင်းတော်သားတစ်ချို့သာခပ်တိုးတိုးဖြင့်လှုပ်ရှားနေကြသည်။

ကျင့်ကြံသူကျောင်းတော်သားတော်တော်များများမှာညအချိန်တွင်တိတ်ဆိတ်ငြိမ်သက်စွာကျင့်ကြံနေကြပြီးတစ်ဦးကိုတစ်ဦးမနှောင့်ယှက်ကြပေ။

ထိုအချိန်လေး၌အတွင်းစည်းတပည့်တွေနေထိုင်ရာတောင်တစ်ခုတွင်မထင်မရှားအနက်ရောင်အရိပ်တစ်ခုမှာဝှစ်ကနဲလှုပ်ရှားသွားပြီးတောင်အောက်ဘက်ကိုပေါ့ပါးစွာပြေးဆင်းလာ၏။ထိုအရာ၏လှုပ်ရှားမှုကိုကင်းလှည့်နေသည့်မည်သူမှသတိမထားမိကြချေ။

၎င်းအနက်ရောင်အရိပ်မှာသစ်ပင်ထူထပ်သည့်တစ်နေရာတွင်အရှိန်လျော့ကာရပ်တန့်သွားပြီးသစ်ပင်အောက်ခြေတစ်နေရာသို့စိုက်ကြည့်လာ၏။

ရှောင်ကျန့်ဟာတစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်ဆင်ထားလျက်လက်ပိုက်ကာတစ်ဖက်လူကိုချောင်းဟမ့်ပြလိုက်သည်။

"အဟမ်း...."

လူသူကင်းမဲ့နေသည့်သစ်ပင်တွေကြားထဲရှိအရိပ်ထဲကနေမြစိမ်းရောင်ဖြင့်တောက်ပနေသည့်မျက်လုံးတစ်စုံဟာရုတ်တရတ်ကြီးထွက်ပေါ်လာကာသူ့ကိုနူးညံ့စွာစိုက်ကြည့်လာသည်။အရပ်မြင့်မြင့်ဖြင့်သဏ္ဍာန်တစ်ခုမှာလရောင်အောက်ရှိသစ်ပင်အရိပ်အောက်ကနေဖြည်းညင်းစွာလျှောက်လှမ်း၍ထွက်ပေါ်လာသည်။

ချင်းယွမ်အန်း၏အစိမ်းရောင်မျက်ဝန်းတစ်စုံမှာတောက်ပနူးညံ့နေလျက်ရှောင်ကျန့်ဆီလျှောက်လာ၏။

__________________________________________________________________

Zawgyi

ေရွာင္က်န့္တို႔ဟာလွိုဏ္ဂူထဲကေနအျပင္သို႔ေလွ်ာက္ထြက္လာၿပီးလမ္းေျခာက္ခုခြဲထားရာလမ္းခြသို႔အေရာက္တြင္ဆူညံေနသည့္အုပ္စုကိုေတြ႕လိုက္ရသည္။ထိုသူအုပ္စုမွာနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ကေရာက္လာခဲ့တဲ့အကူစြမ္းအားရွင္ေတြျဖစ္သည္။ဒီေနရာမွာတင္တစ္,ေနသည့္အေၾကာင္းအရင္းဟာေတာ့ထင္ေယာင္ထင္မွားဝကၤပါေၾကာင့္သာျဖစ္၏။

ဆုေဖးယြဲ႕အတြင္းပိုင္းထဲဘယ္လိုဝင္သြားနိုင္တာလဲဆိုတာေတာ့သူလည္းမသိ။ၾကည့္ရတာဇာတ္လမ္းဇာတ္ကြက္အရ'မေတာ္တဆ'ဆိုတဲ့ေခါင္းစဥ္ေအာက္ဒီအတိုင္းေျခေခ်ာ္ၿပီးေရာက္သြားဟန္ရသည္။ကမၻာ့စည္းမ်ဥ္းေတြရဲ႕အူေၾကာင္ေၾကာင္နိုင္မႈနဲ႕အေၾကာင္းအရင္းမရွိဘတ္လိုက္ပုံကိုေတာ့ဘာမွေျပာစရာမရွိေတာ့ပါေခ်။

ေရွာင္က်န့္ရဲ႕မူရင္းမ်က္ႏွာေလးမွာျပန္လည္႐ုပ္ဖ်က္ေျပာင္းလဲထားၿပီးျဖစ္သည္။သူ႕အေနာက္တြင္အမႊာႏွစ္ေယာက္မွာထုံးစံအတိုင္းကပ္လ်က္လိုက္ပါလာၿပီးမသိရင္အမဲရိုးေစာင့္သည့္ေခြးႀကီးေတြနဲ႕ေတာင္တူေနေသးသည္။

ေရှာင်ကျန့်မှာအရှေ့ဆုံးကနေကော့ပက်ကော့ပက်ဖြင့်လျှောက်သွားရင်းသူတို့အနောက်တွင်ရှုံမဲ့နေသည့်မျက်နှာထားဖြင့်လိုက်လာသည့်လဲ့ချင်းယန်နှင့်လျှပ်စီးယုန်လေးအားရင်ခွင်ထဲထွေးပေွ့ထားသည့်ဆုဖေးယွဲ့တို့ရှိနေသည်။

ဆုေဖးယြဲ႕၏မ်က္ႏွာထားမွာပုံမွန္အတိုင္းရွိေနေပမယ့္လဲ့ခ်င္ယန္မွာေတာ့ၿပိဳေတာ့မည့္မိုးလိုမဲေမွာင္ေနေလသည္။တစ္ခုထူးျခားသည္မွာမသိမသာလိုပုံစံမ်ိဳးျဖင့္သူ႕ညာဘက္လက္အားခဏခဏခါထုတ္ေနတာျဖစ္သည္။

"မေအေဘးေလး....မင္းၿငိမ္ၿငိမ္ေလးလမ္းေလွ်ာက္လို႔မရဘူးလား....ငါမူးေနၿပီ!!!"

လဲ့ခ်င္းယန္၏ညာဘက္လက္ေကာက္ဝတ္တြင္ရစ္ပတ္ထားသည့္အျပာေရာင္ေႁမြေလးတစ္ေကာင္ဟာေဒါသတႀကီးျဖင့္ခပ္တိုးတိုးဆိုလာသည္။လဲ့ခ်င္းယန္မွာေႁမြေသးေသးေလး၏စကားကိုၾကားသည့္အခါတြင္သူ႕ညာဘက္လက္ကိုပိုေတာင္လႊဲယမ္းလာေသးသည္။

"ဒီေဖ.....ငါတကယ္မူးေနပြီလို့!!!"

လဲ့ခ်င္းယန္ကႏွာတစ္ခ်က္မႈတ္လိုက္သည္။၎အျပာေရာင္ေႁမြေသးေသးေလးမွာလုံဖုခ်န္ျဖစ္ေၾကာင္းေျပာစရာကိုမလိုေတာ့ေပ။

ေရွာင္က်န့္ကလုံဖုခ်န္အားအဆုံးမဲ့သမုဒၵရာဆီသို႔ျပန္သြားဖို႔ရန္ေမးျမန္းခဲ့ေပမယ့္နဂါးဘုရင္ႀကီးကေရွာင္က်န့္အေနာက္သာလိုက္ခ်င္သည္ဟုဆိုလာသည္။ကံဆိုးခ်င္ေတာ့ေရွာင္က်န္တို႔မွာနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္သို႔ဝင္ေရာက္ထားၿပီးျဖစ္၍အျပင္လူတစ္ေယာက္ကိုေခၚယူထားဖိုရန္မွာမျဖစ္နိုင္ေပ။

ဒီ့အတြက္လုံဖုခ်န္ဟာသူ႕ရဲ႕အားအနည္းဆုံးပုံပန္းသ႑ာန္ျဖစ္သည့္ေႁမြေသးေသးေလးတစ္ေကာင္အျဖစ္သို႔ေျပာင္းလဲကာတစ္စုံတစ္ေယာက္၏စာခ်ဳပ္သားရဲတစ္ေကာင္အျဖစ္လွ်ို႔ဝွက္လိုက္ပါလာရန္ဆုံးျဖတ္လိုက္သည္။

အျပာေရာင္ေႁမြေသးေသးေလးမွာလြန္စြာသာမန္ဆန္ၿပီးရိုးရွင္းသည့္ေႁမြေလးတစ္ေကာင္ႏွင့္တူသည္။ျပႆနာကေရွာင္က်န့္ရဲ႕စာခ်ဳပ္သားရဲပုံစံဟန္ေဆာင္ဖို႔ကိုအႁမႊာႏွစ္ေယာက္ကလုံးလုံးခြင့္မျပဳေပ။

အႁမႊာႏွစ္ေယာက္၏အေတြးကေတာ့ေရွာင္က်န့္အနားတြင္မည္သည့္သက္ရွိကမွရွိေနမည္ကိုမလိုလားပါေခ်။စာခ်ဳပ္သားရဲအျဖစ္သာဟန္ေဆာင္လိုက္မိလို႔ကေတာ့ေရွာင္က်န့္အနားသာတစ္ခ်ိန္လုံးကပ္ေနရမွျဖစ္ၿပီးအသားခ်င္းေတာင္ထိေတြ႕ေနရနိုင္သည္။

ဒါကႏွစ္ေယာက္လုံးသည္းမခံနိုင္ဆုံးေသာအရာျဖစ္ၿပီးသနားစရာနဂါးျပာေလးမွာသူ႕ရဲ႕ေသြးမေတာ္သားမစပ္ေဒါသအိုးတူေလးျဖစ္သူဆီတြန္းထုတ္ျခင္းခံလိုက္ရသည္။လဲ့ခ်င္းယန္မွာလုံးဝမလိုလားေပမယ့္'ခ်င္း'မ်ိဳးရိုးအႁမႊာႏွစ္ေယာက္၏'ျငင္းရဲရင္ျငင္းၾကည့္စမ္း'ဆိုတဲ့အၾကည့္ေၾကာင့္တံေတြးတစ္ခ်က္မ်ိဳခ်လိဳက္ရင္းအင္တင္တင္ျဖင့္လက္ခံလိုက္ရသည္။

ေႁမြေသးေသးေလးမွာလုံဖုခ်န္ရဲ႕အထိမခံနိုင္သည့္အားအနည္းဆုံးေသာပုံသ႑ာန္ျဖစ္သည္။လဲ့ခ်င္းယန္က႐ြဲ႕ၿပီးလက္ကိုဟိုဘက္ယမ္းလိုက္၊ဒီဘက္ယမ္းလိုက္၊စက္ဝိုင္းပုံစံလွည့္လိုက္ျဖင့္ခါယမ္းေနသည့္အခါတြင္အျပာေရာင္ေႁမြေသးေသးေလးမွာလဲ့ခ်င္းယန္၏လက္ေကာက္ဝတ္ကိုသူ႕အျမႇီးျဖင့္ရစ္ပတ္ထားရာကေနမူးေဝၿပီးေႁမြတစ္ေကာင္ျဖစ္ေနေပမယ့္ေအာ့အန္ခ်င္လာသလိုခံစားရသည္။

မူးေဝမႈကသူ႕အတြက္ဘာမွမဟုတ္ေပမယ့္ခံရခက္လြန္းလွသည္။ေနာက္ဆုံးေဒါသအႀကီးအက်ယ္ထြက္သြားသည့္လုံဖုခ်န္ဟာတမင္သက္သက္အ႐ြဲ႕တိုက္ေနသည့္လဲ့ခ်င္းယန္၏လက္ေကာက္ဝတ္အားကိုက္ခ်ျပစ္လိုက္သည္။

"အား!!!!"

"ဘာျဖစ္တာလဲ!!!"

ေရွာင္က်န့္မွာလဲ့ခ်င္းယန္၏ေအာ္သံေၾကာင့္အနည္းငယ္ထိတ္လန့္သြားၿပီးစိုးရိမ္တႀကီးလွည့္ေမးလိုက္မိသည္။

"ဘာ....ဘာမွမဟုတ္ပါဘူး...."

လဲ့ခ်င္းယန္ဟာသူ႕ရဲ႕လက္ႏွစ္ဖက္ကိုေနာက္ေက်ာဘက္သို႔ဖြက္လိုက္ရင္းေရွာင္က်န့္အားခပ္ဖြဖြၿပဳံးလ်က္ျပန္ေျဖသည္။သူေနာက္ေက်ာဘက္တြင္ေတာ့အျပာေရာင္ေႁမြေသးေသးေလး၏အျမႇီးေလးအားသူ႕လက္ႀကီးျဖင့္အားရပါးရအၾကမ္းပတမ္းျဖစ္ညွစ္ဆုပ္ကိုင္ကာဆြဲဆန့္ထားသည္။

လုံဖုခ်န္ကလည္းအားက်မခံပဲခ်င္ယန္၏ျဖဴဝင္းေနသည့္လက္ႏွစ္ဖက္အားအႀကိမ္ႀကိမ္ကိုက္ခ်သည္။လုံဖုခ်န္ကနာက်င္မႈကိုေတာင့္ခံထားရင္းသူ႕အေဖအား,အားတင္းကာခပ္ဖြဖြၿပဳံးျပေနသည္။ခဏေလးအတြင္းမွာတင္လဲ့ခ်င္းယန္၏လက္ေကာက္ဝတ္ႏွင့္လက္ဖဝါးတစ္ခုလုံးေႁမြေပါက္ရာအေပါက္ေသးေသးေလးေတြႏွင့္ျပည့္ႏွက္သြားေလသည္။

ထိုလမ္းခြေရွာင္က်န့္ကသူ႕ရဲ႕ေသြးမေတာ္သားမစပ္သားႏွင့္အစ္ကို၏ယွဥ္ၿပိဳင္ေနမႈမ်ားအားတစ္ခုမွမသိစြာမ်က္ေတာင္ႏွစ္ခ်က္ေလာက္ခတ္လိုက္ၿပီးအေရွ႕ဘက္သို႔ထပ္မံေလွ်ာက္လွမ္းလာသည္။လမ္းခြေျခာက္ခုဆုံရာေနရာေလးေတြလည္ေနၾကသည့္က်င့္ႀကံသူေတြမွာေရွာင္က်န့္တို႔ကိုမျမင္ေသးေပ။

လမ္းခြအျပင္ဘက္သို႔ေျခလွမ္းလိုက္သည့္အခါမွသာနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္၏စြမ္းအားျမင့္က်င့္ႀကံသူအႀကီးအကဲေတြမွာေရွာင္က်န့္တို႔အုပ္စုကိုစတင္ျမင္ေတြ႕လိုက္ရသည္။

႐ုတ္တရတ္ႀကီးျဖတ္ကနဲေပၚေပါက္လာသည့္ေရွာင္က်န့္တို႔အုပ္စုေၾကာင့္က်င့္ႀကံသူအႀကီးအကဲေတာ္မွာအေတာ္ေလးလန့္ျဖန့္သြားၾကသည္။ဒါေပမယ့္ေရွာင္က်န့္တို႔နဲ႕အတူလိုက္ပါလာသည့္ဆုေဖးယြဲ႕ကိုျမင္သည့္အခါက်မွသက္ျပင္းခ်နိဳင္လိုက္ၾကသည္။အႀကီးအကဲအုပ္စုဟာဆုေဖးယြဲ႕အနားဝိုင္းအုံသြားၾကၿပီးတစ္ဖက္တြင္ဒဏ္ရာအနည္းငယ္ရထားသည့္စီစစ္ေရးဆရာဟာေတာ့အႀကီးအကဲေတြၾကားထဲကေရွာင္က်န့္တို႔အဖြဲ႕အားဆြဲထုတ္လာခဲ့သည္။

အကုန္လုံးကစိုးရိမ္တႀကီးျဖင့္အေၾကာင္းအရင္းမ်ိဳးစုံေမးျမန္းၾကသည္။ဆုေဖးယြဲ႕ဟာသူမကတိေပးထားသည္အတိုင္းေရွာင္က်န့္ရဲ႕အစစ္အမွန္ပုံသ႑ာန္နဲ႕လုံဖုခ်န္အေၾကာင္းတစ္စက္မွဟ,မလာပဲႀကီးျမတ္သူအဆင့္လူႏွစ္ဦးႏွင့္အျပင္းအထန္တိုက္ခိုက္ခဲ့ေၾကာင္းကိုသာဆိုသည္။ေနာက္ဆုံးထူးဆန္းသည့္ဝကၤပါတစ္ခုေၾကာင့္ႀကီးျမတ္သူအဆင့္က်င့္ႀကံသူႏွစ္ေယာက္အားမေတာ္တဆသတ္ျဖတ္မိသြားသည္ဟူ၍အဓိကအေၾကာင္းအရင္းမွန္ကိုဖယ္ရွားလိုက္သည္။

သူမကိုယ္ေပၚရွိဒဏ္ရာဒဏ္ခ်က္ေတြေၾကာင့္လူတိုင္းကလုံးဝယုံၾကည္သြားသည္။သူတို႔ကိုယ္တိုင္လည္းထင္ေယာင္ထင္မွားဝကၤပါထဲတြင္ပိတ္မိေနခဲ့ၾကတာေၾကာင့္လွိုဏ္ဂူအတြင္းပိုင္းတြင္တစ္ျခားေသာဝကၤပါေတြရွိေနေသးေၾကာင္းအေျပာကိုမယုံမၾကည္မျဖစ္ခဲ့ၾကေပ။

ဒါကတစ္ျခားသူရဲ႕ႀကိဳးစားမႈကိုခိုးယူလိုက္သလိုျဖစ္သြားေပမယ့္ေရွာင္က်န့္တို႔ကိုဖုံးကြယ္ဖို႔ဆိုဒီလိုမွမလုပ္ရင္ဆုေဖးယြဲ႕ကိုယ္တိုင္လဲတတ္နိုင္မည္မဟုတ္ေခ်။စီစစ္ေရးဆရာႏွင့္တစ္ျခားအႀကီးအကဲေတြကေရွာင္က်န့္တို႔လူစုကိုလည္းစစ္ေဆးေမးျမန္းသည္။

ေရွာင္က်န့္တို႔ဟာတတ္ေယာင္ဝါးပုံစံျဖင့္မေရမယာသာျပန္ေျဖခဲ့ၾကသည္။အေျဖအမ်ားစုကေတာ့ဆုေဖးယြဲ႕ေျပာခဲ့သလိုမ်ိဳးသာျဖစ္သည္။စီစစ္ေရးဆရာကလဲ့ခ်င္းယန္လက္ထဲရွိေႁမြေသးေသးေလးကိုသတိထားမိသြား၏။ဇာတ္လိုက္မွာစီစစ္ေရးဆရာကို၎အျပာေရာင္ေႁမြေသးေသးေလးမွာသူ႕ရဲ႕စာခ်ဳပ္သားရဲျဖစ္ေၾကာင္းရွင္းျပလိုက္ရေသးသည္။

အေျခအေနကသိပ္ၿပီးရႈပ္ရႈပ္ေထြးေထြးမရွိပါပဲၿပီးဆုံးသြားသည္။ေရွာင္က်န့္တို႔အုပ္စုအားနဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္သို႔ျပန္လည္ေခၚေဆာင္လာၾကၿပီးက်န္ရစ္ခဲ့သည့္အႀကီးအကဲေတြကအနက္ေရာင္ဝတ္က်င့္ႀကံသူေတြနဲ႕ပတ္သပ္သည့္ကိစၥအေပါင္းအားစုံစမ္းစစ္ေဆးရန္က်န္ရစ္ခဲ့ၾကသည္။

ဆုေဖးယြဲ႕ကိုေတာ့ဒဏ္ရာအျပင္းအထန္ရထားသည္အားေထာက္ရႈ႕၍ေက်ာင္းေတာ္သို႔ျပန္လည္အနားယူကုသရန္လႊတ္လိုက္သည္။ထို႔ေၾကာင့္ဆုေဖးယြဲ႕မွာလည္းေရွာင္က်န့္တို႔နဲ႕အတူလိုက္ပါလာခဲ့သည္။

ဧရာမငွက္ႀကီးမွာတိမ္ေတြအုံ႕ဆိုင္းလ်က္နတ္သမီးတိုင္းျပည္ကဲ့သို႔လွပေနသည့္ေတာင္တန္းႀကီးဆီသို႔က်င့္ႀကံသူအုပ္စုအားသယ္ယူေခၚေဆာင္လာသည္။ေတာင္တန္းပတ္ပတ္လည္တြင္အဆုံးမရွိသကဲ့သို႔က်ယ္ျပန့္လွသည့္ေတာအုပ္ႀကီးတစ္ခုဝန္းရံထား၏။ေတာအုပ္အတြင္းကေနရံဖန္ရံခါေမွာ္သားရဲေတြရဲ႕ဟိန္းေဟာက္သံအမ်ိဳးမ်ိဳးကိုၾကားေနရသည္။

ဧရာမငွက္ႀကီးဟာတိမ္ေတြ၊ေတာအုပ္ေတြနဲ႕လွပတဲ့ေတာင္တန္းေတြအားျဖတ္ေက်ာ္လ်က္ႀကီးမားသည့္မုဒ္ေပါက္ဝႀကီးတစ္ခုဆီသို႔ေခၚေဆာင္လာသည္။

မုဒ္ေပါက္ဝ၏အေရွ႕ဘက္ထိပ္ပိုင္းတြင္နဂါးႏွင့္ဖီးနစ္ေက်ာင္းေတာ္ဟူ၍ခမ္းနားႀကီးက်ယ္သည့္စုတ္ခ်က္ေတြနဲ႕စာတန္းႀကီးတစ္ခုေရးဆြဲထားသည္။

ေရွာင္က်န့္ကထိုအရာကိုစိတ္ဝင္စားသလိုတစ္ခ်က္ေလာက္ေမွးဆင္းၾကည့္လိုက္သည္။ဧရာမငွက္ႀကီးကမုဒ္ေပါက္ဝ၏ေဘးဘက္ကြင္းျပင္က်ယ္တြင္ဆင္းသက္လိုက္သည္။ကြင္းျပင္ကလြန္စြာက်ယ္ျပန့္လွၿပီးေရွာင္က်န့္တို႔စီးႏွင္းလာသည့္ငွက္ႀကီးအျပင္တစ္ျခားေသာဝင္ခြင့္ေအာင္ျမင္သူေတြစီးႏွင္းလာေသာဧရာမငွက္ႀကီးေတြမ်ားစြာရွိသည္။

နဂါးနဲ႕ဖီးနစ္ေက်ာင္းေတာ္ႀကီးဟာေက်ာင္းေတာ္သားေတြကိုေခၚယူနိုင္ဖို႔အတြက္တစ္ျခားေသာေတာႀကိဳအုံၾကားၿမိဳ႕အႏွံ႕သို႔လည္းတစ္ျခားေသာစီစစ္ေရးဆရာေတြကိုေစလႊတ္ထားခဲ့သည္။

ေရွာင္က်န့္တို႔ဝင္ေရာက္ေျဖဆိုခဲ့သည့္ၿမိဳ႕ဟာေတာ့အဓိကအခ်က္အခ်ာက်သည့္ဝင္ခြင့္စစ္ေဆးသည့္ေနရာျဖစ္တာေၾကာင့္ဝင္ခြင့္ေအာင္ျမင္မႈရွိမရွိပုံေသစစ္ေဆးတာေၾကာင့္ေအာင္ျမင္သူေတြဟာတစ္ျခားေသာေက်ာင္းသားေတြနဲ႕ကြာျခားသည္။

ဒါေၾကာင့္လည္းအသက္စမ္းသပ္ျခင္းဖန္လုံးမွာထိုေနရာသို႔ေရာက္ရွိေနျခင္းျဖစ္သည္။ရွင္းလင္းေအာင္ေဖာ္ျပရေသာ္တရားဝင္,ဝင္ခြင့္စစ္ေဆးျခင္းေနရာႏွင့္တရားမဝင္,ဝင္ခြင့္စစ္ေဆးျခင္းေနရာဟူ၍ကြာျခားသည္ဟုလည္းဆိုနိုင္ေပသည္။

စီစစ္ေရးဆရာကေရွာင္က်န့္၊ခ်င္းမ်ိဳးရိုးအႁမႊာႏွစ္ေယာက္ႏွင့္လဲ့ခ်င္းယန္အားမုဒ္ဝအတြင္းသို႔ဝင္ေရာက္ေခၚေဆာင္လာသည္။ဆုေဖးယြဲ႕ဟာေတာ့ဝင္ေရာက္ၿပီးသည္ႏွင့္သူမ၏ကိုယ္ပိုင္ေနရာသို႔ကုသမႈခံယူရန္အတြက္ထြက္သြားေလသည္။

စီစစ္ေရးဆရာကေရွာင္က်န့္တို႔အဖြဲ႕အားေက်ာင္းဝင္းအတြင္းသို႔ေခၚေဆာင္ကာအတြင္းစည္းတပည့္ေတြေနထိုင္ရာဆီသို႔ဦးေဆာင္လာ၏။

အတြင္းစည္းတပည့္အျဖစ္တိုက္ရိုက္ခန့္အပ္ျခင္းခံလိုက္ရသည့္ေရွာင္က်န့္တို႔အဖြဲ႕ဟာတစ္ေယာက္ကိုကိုယ္ပိုင္ေတာင္ထြတ္တစ္ခုဆီရရွိသည္။အတြင္းစည္းတပည့္ျဖစ္ဖို႔ရန္အတြက္အသက္၁၅၀အတြင္းနတ္ဘုရားအဆင့္သို႔ခ်ိဳးဖ်က္ဝင္ေရာက္ရန္သာလိုအပ္သည္။

လဲ့ခ်င္းယန္လိုဆယ္ေက်ာ္သက္အ႐ြယ္ျဖင့္နတ္ဘုရားအဆင့္က်င့္ႀကံမႈပိုင္ဆိုင္ထားတဲ့မေကာင္းဆိုးဝါးဆိုရင္ေတာ့ေျပာစရာကိုမလိုေတာ့ေပ။

တစ္ေယာက္ကိုႀကိဳက္ႏွစ္သက္ရာေတာင္အလြတ္တစ္ခ်ိဳ႕၌ေနရာခ်ေပးၿပီးေနာက္တြင္စီစစ္ေရးဆရာကစာရင္းေပးသွင်းဖို့ရန်ထွက်ခွာသွားသည်။ရှောင်ကျန့်ဟာအနားယူရန်အတွက်သူ့ကိုယ်ပိုင်တောင်ထဲခပ်တည်တည်ဝင်ရောက်သွားရင်းကျန်လူတွေအားလုံးကိုမောင်းထုတ်လိုက်၏။

ခ်င္းမ်ိဳးရိုးအမႊာႏွစ္ေယာက္မွာဝမ္းနည္းသြားသည့္ေခြးေပါက္ႀကီးေတြလိုမ်ိဳးနား႐ြက္ေလးကုပ္လ်က္တြန့္ဆုတ္စြာထြက္ခြာသြားၾကသည္။

ညအခ်ိန္.....

အရာအားလုံးကတိတ္ဆိတ္ၿငိမ္သက္လ်က္ရွိေနၿပီးေက်ာင္းဝင္းအတြင္းကင္းလွည့္ေနၾကသည့္စည္းကမ္းထိန္းသိမ္းေရးေက်ာင္းေတာ္သားတစ္ခ်ိဳ႕သာခပ္တိုးတိုးျဖင့္လႈပ္ရွားေနၾကသည္။

က်င့္ႀကံသူေက်ာင္းေတာ္သားေတာ္ေတာ္မ်ားမ်ားမွာညအခ်ိန္တြင္တိတ္ဆိတ္ၿငိမ္သက္စြာက်င့္ႀကံေနၾကၿပီးတစ္ဦးကိုတစ္ဦးမႏွောင့္ယွက္ၾကေပ။

ထိုအခ်ိန္ေလး၌အတြင္းစည္းတပည့္ေတြေနထိုင္ရာေတာင္တစ္ခုတြင္မထင္မရွားအနက္ေရာင္အရိပ္တစ္ခုမွာဝွစ္ကနဲလႈပ္ရွားသြားၿပီးေတာင္ေအာက္ဘက္ကိုေပါ့ပါးစြာေျပးဆင္းလာ၏။ထိုအရာ၏လႈပ္ရွားမႈကိုကင္းလွည့္ေနသည့္မည္သူမွသတိမထားမိၾကေခ်။

၎အနက္ေရာင္အရိပ္မွာသစ္ပင္ထူထပ္သည့္တစ္ေနရာတြင္အရွိန္ေလ်ာ့ကာရပ္တန့္သြားၿပီးသစ္ပင္ေအာက္ေျခတစ္ေနရာသို႔စိုက္ၾကည့္လာ၏။

ေရွာင္က်န့္ဟာတစ္ကိုယ္လုံးအနက္ေရာင္ဝတ္စုံဝတ္ဆင္ထားလ်က္လက္ပိုက္ကာတစ္ဖက္လူကိုေခ်ာင္းဟမ့္ျပလိုက္သည္။

"အဟမ္း...."

လူသူကင္းမဲ့ေနသည့္သစ္ပင္ေတြၾကားထဲရွိအရိပ္ထဲကေနျမစိမ္းေရာင္ျဖင့္ေတာက္ပေနသည့္မ်က္လုံးတစ္စုံဟာ႐ုတ္တရတ္ႀကီးထြက္ေပၚလာကာသူ႕ကိုႏူးညံ့စြာစိုက္ၾကည့္လာသည္။အရပ္ျမင့္ျမင့္ျဖင့္သ႑ာန္တစ္ခုမွာလေရာင္ေအာက္ရွိသစ္ပင္အရိပ္ေအာက္ကေနျဖည္းညင္းစြာေလွ်ာက္လွမ္း၍ထြက္ေပၚလာသည္။

ခ်င္းယြမ္အန္း၏အစိမ္းေရာင္မ်က္ဝန္းတစ္စုံမွာေတာက္ပႏူးညံ့ေနလ်က္ေရွာင္က်န့္ဆီေလွ်ာက္လာ၏။

__________________________________________________________________

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 61.1K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
33.8K 4.2K 19
All the little things. ŠŽ Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
45.4K 4.5K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...