system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(5.15)

6K 699 87
By TeeKo0

Unicode

နဂါးနက်ကြီး၏စိတ်ဝိဥာဥ်မှာအားနည်းသထက်အားနည်းလာသည်။ဒေါသကြီးသထက်ကြီးလာသည့်နဂါးနက်ကြီးသည်ရှောင်ကျန့်ကိုစူးစူးရဲရဲစိုက်ကြည့်ကာသူ့ရဲ့ဧရာမပါးစပ်ကြီးအားဖွင့်ဟလာ၏။

နဂါးနက်ကြီး၏ပါးစပ်အရှေ့၌အဖျက်စွမ်းအားပြင်းထန်သည့်အနက်ရောင်အလုံးကြီးတစ်ခုမှာတဖြည်းဖြည်းစုစည်းလာသည်။၎င်းအနက်​ရောင်အလုံးကြီးမှာနဂါး၏ဦးခေါင်းထက်တောင်ပိုမိုကြီးမားလာသေးသည်။ထို့နောက်ထိုအဖျက်စွမ်းအားအပြည့်ဖြင့်အနက်ရောင်စွမ်းအင်လုံးကြီးအားရှောင်ကျန့်ဆီပစ်လွှတ်လိုက်သည်။

အနက်ရောင်စွမ်းအင်လုံးကြီး၏အဖျက်စွမ်းအားမှာလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။ဖြတ်သန်းသွားရာတစ်လျှောက်တွင်လေဟာနယ်အက်ကွဲကြောင်းတွေကြီးမားစွာဖြစ်တည်လာသည်။သို့ပေမယ့်လည်းထိုလေဟာနယ်အက်ကွဲကြောင်းတွေမှာတစ်စက္ကန့်အကြာလေးမှာတင်ပြန်လည်ကောင်းမွန်သွားသည်။ပြောစရာမလိုအောင်ပင်ဤသည်မှာ'ချင်း'မျိုးရိုးအမွှာနှစ်ယောက်၏လက်ချက်ဖြစ်သည်။

ဧရာမအနက်ရောင်စွမ်းအင်လုံးကြီးမှာရှောင်ကျန့်အရှေ့သို့လျှင်မြန်စွာရောက်ရှိလာသည်။နဂါးဦးခေါင်းထက်တောင်ကြီးမားသည့်ထိုအနက်ရောင်အလုံးကြီးနှင့်ယှဥ်ရင်ရှောင်ကျန့်ရဲ့သေးငယ်လှသောခန္ဓာကိုယ်လေးမှာဖုန်မှုန့်တစ်ခုထက်တောင်သေးငယ်သွားသေးသည်။

ဒါပေမယ့်ရှောင်ကျန့်ရဲ့လှပတဲ့မျက်နှာလေးဟာတော့လွန်စွာတည်ငြိမ်နေသည်။သူ့ရဲ့အနုပညာမြောက်လက်ချောင်းလေးတွေမှာအပေါ်သို့မြောက်တတ်လာပြီးအနက်ရောင်အဖျက်စွမ်းအားတွေနဲ့စွမ်းအင်လုံးကြီးကိုတားဆီးလိုက်သည်။ရှောင်ကျန့်ရဲ့လက်ဖဝါးပြင်လေးမှာလွန်စွာနူးညံ့ပြီးပုံမှန်ယောက်ျားတစ်ယောက်ရဲ့လက်ဖဝါးထက်အနည်းငယ်ပိုသေးငယ်သည်။

သူ့ရဲ့လက်ဖဝါးလေးတွေမှာမည်သည့်အားအင်မှရှိဟန်မရသော်လည်းပဲအံ့ဩဖို့ကောင်းစွာပင်ဧရာမအနက်ရောင်စွမ်းအင်လုံးကြီးကိုအသာအယာထိတွေ့တားဆီးလိုက်လေသည်။ရှောင်ကျန့်ရဲ့ရှည်လျားလှပပြီးအိပ်မက်ဆန်လှတဲ့ပင်လယ်ပြာရောင်ဆံနွယ်ရှည်တွေမှာပြင်းထန်သည့်အဟုန်ကြောင့်လွင့်မြောနေသည်။

ပြီးနောက်ထိုအနက်ရောင်စွမ်းအင်လုံးကြီးကိုသူ့လက်ဖဝါးပြင်လေးဖြင့်ပေါ့ပေါ့ပါးပါးတွန်းထုတ်လိုက်သည်။အနက်​ရောင်စွမ်းအင်လုံးကြီးမှာသူ့ရဲ့လာရာလမ်းအတိုင်းလျှပ်စီးထပ်တောင်မြန်ဆန်သည့်အရှိန်ဖြင့်ပြန်ကန်ထွက်သွားသည်။

၎င်းနောက်အနက်ရောင်နဂါးကြီး၏မျက်နှာဘေားနားကနေဖြတ်ကျော်သွားခဲ့ကာပင်လယ်ရေပြင်ထက်သို့ကျဆင်းသွားခဲ့သည်။

ဝုန်း!!!

အနက်ရောင်စွမ်းအင်လုံးကြီး၏ကြောက်မက်ဖွယ်ရာပေါက်ကွဲမှုနဲ့အတူလေဟာနယ်တွင်းပေါက်ကြီးတွေထွက်ပေါ်လာပြီးပင်လယ်ရေ၏ရှစ်ပုံတစ်ပုံလောက်မှာအက်ကွဲကြောင်းတွင်းနက်ကြီးတွေထဲရောက်ရှိသွားသည်။

ဒါပေမယ့်စက္ကန့်ပိုင်းလေးအတွင်းမှာတင်အက်ကွဲကြောင်းတွင်းနက်ကြီတွေမှာသူ့အလိုလိုပြန်လည်ကောင်းမွန်လာသည်။ထို့ကြောင့်သာမဟုတ်ရင်ဒီကမ္ဘာငယ်လေးတစ်ခုလုံးမှာအက်ကွဲကြောင်းထဲစုပ်ယူဖျက်ဆီးခြင်းခံရနိုင်သည်။

ေပါက်ကွဲလာသည့်လှိုင်းလုံးကြီး၏အနီးဆုံးနေရာတွင်ရှိနေသည့်နဂါးနက်ကြီးမှာမိုင်ပေါင်းများစွာလွင့်ထွက်သွားပြီးသူ့ရဲ့အနက်ရောင်နဂါးအကြေးခွံတစ်ချို့မှာကွာကျလာကာတစ်ကိုယ်လုံးသွေးတွေစီးကျလာသည်။

ပြင်းထန်သည့်လေလှိုင်းတွေမှာကမ်းခြေထက်ထိပါရိုက်ခတ်လာ၏။ကံကောင်းစွာဖြင့်'ချင်း'မျိုးရိုးအမွှာနှစ်ယောက်၏ထူးခြားသည့်စွမ်းအားကြောင့်မည်မျှပြင်းထန်သည့်လေလှိုင်းတွေဖြစ်ပါစေအနားသို့တိုးကပ်လာနိုင်ခြင်းမရှိချေ။

လှိုင်းလုံး​ေတွငြိမ်သက်သွားသည့်အခါတွင်လဲ့ချင်းယန်ဟာပင်လယ်ပြင်ထက်တွင်ရှိနေတဲ့အရိပ်နှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ဧရာမအနက်ရောင်နဂါးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးမှာသွေးတွေစိုရွှဲနေကာအကြေးခွံတွေလည်းမပြည့်စုံတော့ပေ။

ရှောင်ကျန့်ကတော့တစ်ကိုယ်လုံးမူလအတိုင်းသာသပ်သပ်ရပ်ရပ်နှင့်လှပနေပြီးထိခိုက်ဒဏ်ရာဟူ၍မြူမှုန်လေးတစ်မှုန်တောင်ထင်ဟပ်နေခြင်းမရှိနေပါချေ။

ရှောင်ကျန့်ဟာပြင်းထန်လွန်းသည့်ဒဏ်ရာတွေနဲ့အတူတိုက်ခိုက်နိုင်စွမ်းအားမရှိတော့သည့်နဂါးနက်ကြီးကိုကြည့်ကာသက်ပြင်းချ၍ခေါင်းလေးကိုအသာခါယမ်းလိုက်သည်။

သူလည်းဒီလောက်ထိ,ထိခိုက်မသွားစေချင်တာသေချာသည်။ဒါကသူ့လုပ်ရပ်သူပြန်ခံရတာဖြစ်တာကြောင့်သူလည်းဘာမှမတတ်နိုင်တာခက်သည်။

ထားပါလေ....

ရှောင်ကျန့်၏ညာဘက်လက်ဖဝါးလးထက်တွင်ရွှေရောင်အလင်းတန်းတွေစုဝေးလာလျက်ပင်လယ်ဘုရင်၏ခရင်းခွသဏ္ဍာန်ပုံသဏ္ဍာန်ပေါ်လာသည်။ရှောင်ကျန့်ရဲ့နဖူးအလည်တည့်တည့်ရှိအပြာရောင်ကျောက်လေးမှာလက်ကနဲတစ်ချက်တောက်ပသွားပြီးပင်လယ်တစ်ပြင်လုံးတွင်ဧကရာဇ်တစ်ယောက်၏အရှိန်အဝါတွေပြန့်ကျဲဖုံးလွှမ်းလာသည်။ဒါကပင်လယ်သတ္တဝါတိုင်းကိုဦးညွှတ်ချင်လာအောင်ပြုလုပ်နေသည်။

လဲ့ချင်းယန်ဟာထိုဖိအားနဲ့အရှိန်အဝါမှာလွန်စွာပြိုင်ဘက်ကင်း၍ကြီးမြတ်လွန်းလှသည့်ဟုသာခံစားရပေမယ့်ဆုဖေးယွဲ့၏ခန္ဓာကိုယ်ကတော့တစ်ဆတ်ဆတ်တုန်ရီလာသည်။

လဲ့ချင်းယန်နှင့်မတူစွာသူမကဗဟုသုတများသည်။ထို့အတွက်ကြောင့်ရွှေရောင်ခရင်းခွနှင့်ကြီးမြတ်သည့်အရှိန်အဝါမှာမည်သည့်အရာအားကိုယ်စားပြုမှန်းရှင်းရှင်းလင်းလင်းကြီးကိုသိနေသည်။

ရေသူဘုရင်.....

အဆုံးမဲ့သမုဒ္ဒရာတစ်ခုလုံး၏အစစ်အမှန်ဘုရင်။ရွှမ်ကုန်းမြေကြီးတစ်ခုလုံးတောင်မထိဝံ့၊ကြောက်ရွံ့နေသည့်ရေမျိုးနွယ်ဝင်တွေ၏အကြွင်းမဲ့ဧကရာဇ်၊ဒဏ္ဍာရီလာရေသူဘုရင်ဖြစ်သည်။

ဒီလိုကြောက်မက်ဖွယ်ရာအရှင်သခင်ကြီးကကြီးမြတ်သောရွှမ်ကုန်းမြေတိုက်ကြီးဆီသို့ဘာကြောင့်ရောက်လာမှန်းမသိပေ။ဆုဖေးယွဲ့၏မျက်နှာမှာအပျင်ပျက်အယွင်းယွင်း​ဖြင့်အနောက်သို့တဖြည်းဖြည်းဆုတ်ခွာလိုက်သည်။

သူမသတိပေးရမယ်....

ရေသူဘုရင်၏ရောက်ရှိလာမှုကကုန်းမြေတိုက်ကြီးအတွက်ကြီးမားသောအပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာနိုင်သည်။

သို့ပေမယ့်.....
ဆုဖေးယွဲ့ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့်ချင်းယွမ်အန်း၏ညင်သာသည့်စကားသံတစ်သံမှာထွက်ပေါ်လာသည်။

"မိန်းကလေးဆု.....ဘယ်သွားမလို့လဲ"

ချင်းယွမ်အန်းဟာအပြုံးနုနုလေးတစ်ခုနဲ့အတူဆုဖေးယွဲ့ကိုလှည့်ကြည့်ကာမေးသည်။သူ့ရဲ့နားထောင်ကောင်းလှသည့်အသံနှင့်မျက်နှာထက်ရှိအပြုံးလေးမှာအလွန်ညင်သာပေမယ့်သူ့ရဲ့အစိမ်းရောင်မျက်လုံးအတွင်းတွင်အပြုံးတစ်စက်မှရှိမနေပဲအေးစက်လွန်းနေ၏။

ဆုဖေးယွဲ့၏မျက်နှာလှလှလေးမှာလုံးဝဖြူဆုတ်သွားပြီးတစ်ကိုယ်လုံးတုန်ရီလာသည်အားမထိန်းချုပ်နိုင်ခဲ့ပေ။ဒီလူ၏မျက်နှာချောချောမှာနူးညံ့သည့်အပြုံးတစ်ခုအမြဲတမ်းရှိနေပါသော်လည်းဒါကအစစ်အမှန်မဟုတ်ပဲကြမ်းကြုတ်သည့်မျက်နှာကိုဖုံးကွယ်ထားသည့်မျက်နှာဖုံးတစ်ခုဟုသာသူမခံစားမိသည်။

ဒီလူကသူမကိုပြုံးပြနေပေမယ့်သူမနည်းနည်းလောက်ထပ်ရွေ့လိုက်တာနဲ့ဒီနေရာမှာတင်သွေးအိုင်တစ်ခုအဖြစ်သို့ချက်ချင်းပြောင်းလဲသွားနိုင်ကြောင်းအလိုလိုသိနေသည်။

ဆုဖေးယွဲ့ဟာထိုနေရာကနေနည်းနည်လေးတောင်မရွေ့လျားရဲတော့ပေ။ချင်းယွမ်အန်းကဘာမှထပ်မပြောတော့ပဲအပြုံးသေးသေးလေးတစ်ခုနဲ့အတူပြန်လှည့်သွားကာရှောင်ကျန့်ကိုဆက်လက်စောင့်ကြည့်နေလိုက်သည်။ချင်းယွမ်မူကလည်းဆုဖေးယွဲ့၏လုပ်ရပ်ကိုသေချာပေါက်သတိထားမိသည်။ဒါပေမယ့်သူကရှောင်ကျန့်ကလွဲလျှင်ကျန်သည့်အရာများကိုအာရုံစိုက်ဖို့ရန်အတွက်ပျင်းရိလွန်းနေသည်။

ဒီအဖြစ်အပျက်လေးမှာသိပ်ပြီးကြီးကြီးကျယ်ကျယ်ဖြစ်သွားတာမဟုတ်တာကြောင့်လဲ့ချင်းယန်ကသတိတောင်မထားမိပါချေ။

ရှောင်ကျန့်ဘက်ကိုပြန်သွားရရင်သူ့လက်ထဲရှိရွှေရောင်ခရင်းခွမှာတောက်ပသထက်တောက်ပလာ၏။ထို့နောက်ရှောင်ကျန့်ဟာသူ့လက်ထဲရှိရွှေရောင်ခရင်းခွကိုပေါ့ပါးစွာမြှောက်တင်လိုက်ကာအားနည်းနေသည့်နဂါးနက်ကြီးဆီသို့ပြစ်လွှတ်လိုက်သည်။

ရွှေရောင်တောက်ပနေသည့်ခရင်းခွကြီးမှာနဂါးနက်ကြီးဆီသို့အသံထက်အဆများစွာလျှင်မြန်မှုနှုန်းဖြင့်ပြေးဝင်လာသည်။နဂါးနက်ကြီး၏အနက်ရောင်မျက်ဝန်းတွေမှာကြောက်လန့်မှုကြောင့်ပြူးကျယ်လာပြီးအသည်းအသန်ထွက်ပြေးဖို့ရန်လုပ်သည်။

ဒါပေမယ့်နဂါးကြီးထက်ရှောင်ကျန့်ပစ်လွှတ်လိုက်သည့်ခရင်းခွကပိုမြန်သည်။

ရွှေရောင်ခရင်းခွကြီးဟာနဂါးနက်၏ဦးခေါင်းကိုဖောက်ထွက်သွား၏။ဧရာမနဂါးခန္ဓာကိုယ်ကြီးမှာလှုပ်ရှားနေရာမှရပ်တန့်သွားပြီးကျောက်ရုပ်ကြီးတစ်ခုကဲ့သို့တောင့်ကနဲဖြစ်သွားသည်။

ရွှေရောင်ခရင်းခွမှာနဂါးဦးခေါင်းကိုဖောက်ထွက်သွားပြီးနောက်တွင်ရှောင်ကျန့်လက်ထဲသို့ပြန်လည်ရောက်ရှိလာသည်။ခရင်းခွတွင်သွေးတစ်စက်မှရှိမနေပေ။ထို့အတူဖောက်ထွက်သွားခြင်းခံလိုက်ရသည့်နဂါးနက်ကြီး၏ဦးခေါင်းတွင်လည်းဒဏ်ရာဒဏ်ချက်တစ်ခုမှရှိမနေခဲ့ပါချေ။

အမှန်တကယ်တွင်ရွှေရောင်ခရင်းခွမှာနဂါးနက်ကြီး၏စိတ်ဝိဥာဥ်ကိုဖောက်ထွက်သွားခဲ့ခြင်းသာဖြစ်သည်။ရွှေရောင်ခရင်းခွလှံကြီးဆီကကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကြောင့်နဂါးနက်ကြီး၏နဂါးခန္ဓာကိုယ်မှာအတော်ကြာလုံးဝအေးခဲသွားပြီးနောက်တွင်အသည်းခိုက်အောင်နာကျင်သည့်အော်သံနက်ကြီးဖြင့်ဟိန်းဟောက်သံတစ်သံမှာထွက်ပေါ်လာသည်။

ဂါး!!!!!!!

ရှောင်ကျန့်၏လက်ဖဝါးပြင်ထက်တွင်ခရစ်စတယ်ဖန်လုံးတစ်ခုမှာဖျက်ကနဲပေါ်ပေါက်လာသည်။ထိုဖန်လုံးမှာအုန်းသီးဆီကမတန်မဆဈေးနဲ့ဝယ်ထားတဲ့ဝိဥာဥ်စုပ်ယူဖန်လုံးဆိုသည်မှာပြောစရာတောင်မလိုချေ။

အနက်ရောင်အခိုးအငွေ့သဏ္ဍာန်ဝိဥာဥ်သည်နဂါးနက်ကြီး၏ခန္ဓာကိုယ်ထဲကနေခရစ်စတယ်ကဲ့သို့ဖန်လုံး၏စုပ်ယူခြင်းကိုခံလိုက်ရသည်။အနက်ရောင်ဝိဥာဥ်ကအတော်လေးဖျော့တော့နေပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရထားမှန်းသိသာသည်။အနက်ရောင်ဝိဥာဥ်ဟာသေလောက်အောင်ရုန်းကန်နေပေမယ့်ဝိဥာဥ်စုပ်ယူဖန်လုံး၏စုပ်ယူမှုကိုမတွန်းလှန်နိုင်ခဲ့ပေ။

ထို့နောက်၎င်းဝိဥာဥ်မှာဖန်လုံး၏စုပ်ယူမှုအားအပြည့်အဝခံလိုက်ရသည်။ထိန်းချုပ်မှုမရှိတော့သည့်နဂါးကိုယ်ကြီးဟာပင်လယ်ထဲသို့ပြုတ်ကျလာသည်။ဒါပေမယ့်ရှောင်ကျန့်၏ထိန်းချုပ်မှုနဲ့အတူရေမျက်နှာပြင်မှာမြင့်တတ်လာပြီးနဂါးခန္ဓာကိုယ်ကြီးအားထိန်းထားလိုက်သည်။

နဂါးအကြေးခွံတွေမှာအပြာရောင်အဖြစ်သို့ပြန်လည်ပြောင်းလဲလာပြီးပုန်းခိုနေသည့်အပြာရောင်နဂါး'လံုဖုချန်'၏ဝိဥာဥ်ဟာနဂါးခန္ဓာကိုယ်ကိုပြန်လည်ထိန်းချုပ်လိုက်သည်။

နဂါးမျက်လုံးကြီးတွေ၌အနက်ရောင်မှာမှိန်ဖျော့သထက်မှိန်ဖျော့လာပြီးအပြာရောင်မျက်လုံးကြီးတွေရဲ့အစားထိုးခြင်းကိုခံလိုက်ရသည်။

အနက်ရောင်နဂါးအဖြစ်မှအပြာရောင်နဂါးအဖြစ်သို့အပြည့်အဝပြောင်းလဲလိုက်သည့်နဂါးဘုရင်လုံဖုချန်ဟာအားနည်းဖျော့တော့စွာဖြင့်ရှောင်ကျန့်ကိုမော့ကြည့်လာသည်။

"လင်း....လင်းအာ...."

လုံဖုချန်ဟာလေသံလေးဖြင့်သာဆိုနိုင်လေသည်။နဂါးခန္ဓာကိုယ်မှာသူ့ခန္ဓာကိုယ်လည်းဖြစ်တာကြောင့်ထိခိုက်သမျှအရာအားလုံးကိုသူကိုယ်တိုင်လည်းခံစားနာကျင်ရသည်။

ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးတွေမှာအနည်းငယ်တွန့်ကနဲဖြစ်သွားပြီးလုံဖုချန်ကိုအတော်လေးအားနာသွားသည်ကအမှန်သာဖြစ်သည်။သူ့အနေနဲအတတ်နိုင်ဆုံးစိတ်ဝိဥာဥ်ကိုသာဦးစားပေးတိုက်ခိုက်ခဲ့တာဖြစ်ပေမယ့်နဂါးနက်ကြီးသူ့ဒဏ်သူပြန်ထိသွားတာကိုတော့မတားဆီးနိုင်ခဲ့ချေ။

နဂါးနက်ကဒီလောက်ထိအားနည်းမယ်လို့ဘယ်သူကရောထင်မှာလဲ။ရှောင်ကျန့်ဟာရှက်ရွံ့အားနာစွာချောင်းတစ်ချက်ဟမ့်လိုက်ပြီးဝိဥာဥ်စုပ်ယူဖန်လုံးကိုသိမ်းဆည်းလိုက်သည်။

"တောင်းပန်ပါတယ်ချန်ကော...."

"ရပါတယ်လင်းအာ...."

အဂါးပြာကြီးလုံဖုချန်ကဖျော့တော့သည့်အပြုံးတစ်ခုနဲ့အားနည်းစွာပြန်ဖြေသည်။

'အုန်းသီး....'

[အုန်းသီးရှိပါတယ်...]

'လုံဖုချန်ကိုပြန်လည်ကောင်းမွန်စေနိုင်တဲ့တစ်ခုခုရှိလား'

[ဒါပေါ့hostရဲ့....တစ်မိနစ်အတွင်းသေလုနီးပါးခန္ဓာကိုယ်နဲ့ဒဏ်ရာရနေတဲ့စိတ်ဝိဥာဥ်တွေကိုတောင်ပြန်လည်ကောင်းမွန်စေနိုင်တဲ့ဆေးရည်တစ်မျိုးရှိတယ်....points3000တည်းနော်...]

ရှောင်ကျန့်နှုတ်ခမ်းမှာမဲ့ရွဲ့ချင်လာသည်။သူဝယ်တဲ့ပစ္စည်းတွေကပိုပိုပြီးဈေးကြီးသထက်ကြီးလာသည်မှာအတော်လေးတော့ခံစားရခက်လှသည်။

'ဝယ်...ဝယ်လိုက်'

ရှောင်ကျန့်မှာအံတင်းတင်းကြိတ်ပြီးပြောလိုက်သည်။သူ့ရဲ့ကုန်ဆုံးသွားသောpointsလေးတွေကြောင့်သူ့ရင်ထဲသွေးစိမ်းရှင်ရှင်စီးကျလာသလိုခံစားနေရ၏။

[ဝယ်ယူအားပေးမှုအတွက်လွန်စွာကျေးဇူးတင်ရှိပါhost]

အုန်းသီးရဲ့အသံမှာအတော်လေးမြူးထူးနေပြီးတစ်နေ့တည်းမှာတင်ပစ္စည်းနှစ်မျိုးရောင်းထွက်သွားသည်ကိုပျော်ရွှင်နေပုံရသည်။

ရှောင်ကျန့်ဟာသူ့ရင်ထဲမှာသွေးအန်နေသည့်ပုံရိပ်ကိုကြိုးစားဖုံးကွယ်လိုက်၍သူ့လက်ထဲရုတ်တရတ်ပေါ်လာသည့်ဆေးပုလင်းကိုဖွင့်လိုက်သည်။ပြီးတော့ဆေးရည်တွေကိုသွန်ချလိုက်ပြီးဝိဥာဥ်စွမ်းအင်နဲ့ထိန်းချုပ်ကာနဂါးပြာကြီး၏ဧရာမပါးစပ်ကြီးဆီသို့ဝင်ရောက်သွားစေလိုက်သည်။

လုံဖုချန်ကနားမလည်ပေမယ့်ဆေးရည်တွေကိုမျိုချလိုက်သည်။ထို့နောက်နဂါးဘုရင်လုံဖုချန်ဟာသူ့ခန္ဓာကိုယ်အတွင်းရှိသိသိသာသာပြောင်းလဲနေမှုတွေကိုသတိထားမိသွားပြီးသူ့မျက်လုံးတွေမှာပြူးကျယ်ဝိုင်းစက်သွားသည်။

နဂါးပြာကြီး၏ပျက်စီးနေတဲ့အပြာရောင်အကြေးခွံတွေမှာသူ့အလိုလိုကျွတ်ထွက်ကုန်သည်။သူ့ရဲ့နဂါးနှုတ်ခမ်းမွှေးလေးတွေတောင်မကျန်ပေ။သူ့ရဲ့အကြေးခွံတွေအားလုံးကျွတ်ထွက်သွားသည်နှင့်နဂါးကိုယ်ပေါ်ရှိနက်ရှိုင်းသည့်ဒဏ်ရာတွေအားလုံးမှာအမာရွတ်ပါမကျန်လုံးဝပျောက်ကင်းသွားသည်။

အဲ့ဒီနောက်သူ့ရဲ့ကျွတ်ထွက်သွားသည့်အကြေးခွံတွေမှာသူ့အလိုလိုပြန်ထွက်လာပြီးစက္ကန့်ပိုင်းအတွင်း၌ပင်တောက်ပချောမွေ့လှပတဲ့အပြာရောင်ခရစ်စတယ်ကဲ့သို့နဂါးအကြေးခွံတွေပြန်ပေါက်လာ၏။သူ့ရဲ့နဂါးနှုတ်ခမ်းမွှေးတွေလည်းထိုနည်း၎င်းပင်ဖြစ်သည်။

အရေးကြီးဆုံးကသူ့ရဲ့နှစ်ပေါင်းများစွာထိခိုက်ထားသည့်စိတ်ဝိဥာဥ်ဖြစ်သည်။သူ့ရဲ့စိတ်ဝိဥာဥ်မှာလုံးဝပြန်လည်ကောင်းမွန်သွားပြီးအရင်ကထက်တောင်ပိုမိုသန့်စင်တောက်ပလာသေးသည်။

နဂါးပြာကြီးဟာသူ့ရဲ့နဂါးအမြှီးကိုနှစ်ချက်မျှလှုပ်ခါလိုက်ပြီးကောင်းကင်ထက်သို့ပျော်ရွှင်စွာပျံသန်းသွားသည်။ကောင်းကင်အနှံ့ပျော်ရွှင်လွတ်လပ်စွာပျံသန်းနေသည့်နဂါးပြာကြီးကိုကြည့်ပြီးရှောင်ကျန့်ခပ်ဖွဖွပြုံးလိုက်သည်။

ကျောက်ဆောင်ထက်ရှိလဲ့ချင်းယန်ကတော့လေထဲပျံသန်းနေတဲ့အပြာရောင်ဧရာမနဂါးကြီးကိုကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေသည်။

အနက်ရောင်နဂါးကြီးကအပြာရောင်နဂါးကြီးဖြစ်သွားတယ်....

ဒါဘယ်လိုမှော်ပညာမျိုးလဲ.....

အပြာရောင်နဂါးကြီးဟာကောင်းကင်ထက်တွင်ပျော်ရွှင်စွာပျံသန်းနေပြီးအတော်ကြာတွင်ရှောင်ကျန့်ဆီသို့ငုံ့ကိုင်းကာဆင်းသက်လာ၏။နဂါးဦးခေါင်းကြီးမှာရှောင်ကျန့်ဆီသို့ငုံ့ကိုင်းပေးလာသည်။ဆိုလိုရင်းကိုနားလည်သည့်ရှောင်ကျန့်ဟာနဂါးကြီးရဲ့ဦးခေါင်းပေါ်သို့ပေါ့ပါးစွာခုန်တတ်လိုက်သည်။

ရှောင်ကျန့်ရဲ့ခြေဖဝါးနုနုလေးတွေမှာနဂါးကြီး၏ဦးခေါင်းထိပ်သို့ခြေချလိုက်သည်နှင့်အပြာရောင်နဂါကြီးလုံဖုချန်ဟာကမ်းစပ်ဆီသို့ပျံသန်းလာသည်။ကမ်းစပ်တွင်လဲ့ချင်းယန်ဟာရှောင်ကျန့်ကိုလက်ဝှေ့ယမ်းပြနေပြီး'ချင်း'မျိုးရိုးအမြွှာနှစ်ယောက်ဟာတော့ရှောင်ကျန့်ရှိရာဆီနူးနူးညံ့ညံ့စိုက်ကြည့်နေလေသည်။ဆုဖေးယွဲ့၏မျက်နှာထက်တွင်ရှုပ်ထွေးနေသည့်ဟန်အတိုင်းသားပေါ်နေသည်။

ဧရာမအပြာရောင်နဂါးကြီးဟာရှောင်ကျန့်ကိုကမ်းစပ်ဆီသယ်ဆောင်လာပေးသည်။ရှောင်ကျန့်ရဲ့ရှည်လျားနူးညံ့လှတဲ့ပင်လယ်ပြာရောင်ဆံနွယ်တွေမှာလှုပ်ခတ်သွားပြီးနဂါးခေါင်းထက်မှသဲသောင်ပြင်ဆီခပ်ဖွဖွခုန်ဆင်းလာ၏။

လဲ့ချင်းယန်ဟာရှောင်ကျန့်ကိုအနီးကပ်မြင်လိုက်ရသည့်အခါတွင်ပင့်သက်မရှိုက်ပဲမနေနိုင်ပါချေ။

သူ့ဖေဖေကအနီးကပ်ကြည့်မှပဲပိုပိုလှသထက်လှလွန်းနေမှန်းသိနိုင်တော့သည်။

အေးပေါ့လေ.....ဒီအဖေမှမွေးတော့လည်းဒီသားမှသောက်ချောကြီးမဖြစ်ရင်ဘယ်သူဖြစ်တော့မလဲ.....

လဲ့ချင်းယန်ဟာသူ့မေးစေ့ကိုပွတ်လိုက်ရင်းဂုဏ်ဆာနေသည့်မျက်နှာဖြင့်ပြုံးလိုက်သည်။

ချင်းယွမ်အန်းနှင့်ချင်းယွမ်မူတို့နှစ်ယောက်ဟာတော့ရှောင်ကျန့်အောက်သို့ရောက်သည်နှင့်အနားသို့ချက်ချင်းတိုးကပ်လာကြပြီးတစ်ကိုယ်လုံးလှည့်ပတ်လျက်ဒဏ်ရာရမရစစ်ဆေးသည်။ခြစ်ရာလေးတစ်ခုတောင်မရှိဘူးဆိုမှာနှစ်ယောက်လုံး၏တင်းမာသည့်မျက်နှာထားမှာအနည်းငယ်လျော့ပါးသွားသည်။

ချင်းယွမ်အန်း၏လက်ဖဝါးမှာခပ်ဖွဖွလှုပ်ရှားသွားပြီးရှောင်ကျန့်ရဲ့ခြေဖဝါးနုနုလေးတွေအောက်၌နူးညံ့သည့်သစ်ရွက်လေးတွေလာခံသည်။

ဒီလိုသဲကြမ်းကြီးတွေထက်တွင်ရှောင်ကျန့်ခြေချမည်ကိုတောင်မမြင်တွေ့နိုင်သည်အထိအမွှာနှစ်ယောက်မှာအကဲပိုလွန်းလှ၏။

တစ်ဖက်တွင်အပြာရောင်နဂါးကြီး၏ဧရာမနဂါးခန္ဓာကိုယ်ကြီးမှာကျုံ့ဝင်လာပြီးလူတစ်ယောက်၏ပုံပန်းသဏ္ဍာန်အဖြစ်သို့ပြောင်းလဲသွားသည်။

ထိုသူမှာချောမောခန့်ညားသည့်မျက်နှာရှိပြီးအပြာရောင်ဆံနွယ်ရှည်တွေမှာကျောပြင်ကျော်သည်အထိဖြာကျနေသည်။ထူးခြားသည်မှာထိုသူ၏နဖူးထက်ရှိနဂါးချိုသေးသေးလေးနှစ်ခုသာဖြစ်၏။

ပြောစရာမလိုအောင်ပင်ထိုသူကအပြာရောင်နဂါးဘုရင်လုံဖုချန်၏လူပုံသဏ္ဍာန်ပင်ဖြစ်သည်။

________________________________________________________________

Zawgyi

နဂါးနက္ႀကီး၏စိတ္ဝိဥာဥ္မွာအားနည္းသထက္အားနည္းလာသည္။ေဒါသႀကီးသထက္ႀကီးလာသည့္နဂါးနက္ႀကီးသည္ေရွာင္က်န့္ကိုစူးစူးရဲရဲစိုက္ၾကည့္ကာသူ႕ရဲ႕ဧရာမပါးစပ္ႀကီးအားဖြင့္ဟလာ၏။

နဂါးနက္ႀကီး၏ပါးစပ္အေရွ႕၌အဖ်က္စြမ္းအားျပင္းထန္သည့္အနက္ေရာင္အလုံးႀကီးတစ္ခုမွာတျဖည္းျဖည္းစုစည္းလာသည္။၎အနက္ေရာင္အလုံးႀကီးမွာနဂါး၏ဦးေခါင္းထက္ေတာင္ပိုမိုႀကီးမားလာေသးသည္။ထို႔ေနာက္ထိုအဖ်က္စြမ္းအားအျပည့္ျဖင့္အနက္ေရာင္စြမ္းအင္လုံးႀကီးအားေရွာင္က်န့္ဆီပစ္လႊတ္လိုက္သည္။

အနက္ေရာင္စြမ္းအင္လုံးႀကီး၏အဖ်က္စြမ္းအားမွာလြန္စြာေၾကာက္မက္ဖြယ္ေကာင္းလွသည္။ျဖတ္သန္းသြားရာတစ္ေလွ်ာက္တြင္ေလဟာနယ္အက္ကြဲေၾကာင္းေတြႀကီးမားစြာျဖစ္တည္လာသည္။သို႔ေပမယ့္လည္းထိုေလဟာနယ္အက္ကြဲေၾကာင္းေတြမွာတစ္စကၠန့္အၾကာေလးမွာတင္ျပန္လည္ေကာင္းမြန္သြားသည္။ေျပာစရာမလိုေအာင္ပင္ဤသည္မွာ'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္၏လက္ခ်က္ျဖစ္သည္။

ဧရာမအနက္ေရာင္စြမ္းအင္လုံးႀကီးမွာေရွာင္က်န့္အေရွ႕သို႔လွ်င္ျမန္စြာေရာက္ရွိလာသည္။နဂါးဦးေခါင္းထက္ေတာင္ႀကီးမားသည့္ထိုအနက္ေရာင္အလုံးႀကီးႏွင့္ယွဥ္ရင္ေရွာင္က်န့္ရဲ႕ေသးငယ္လွေသာခႏၶာကိုယ္ေလးမွာဖုန္မႈန့္တစ္ခုထက္ေတာင္ေသးငယ္သြားေသးသည္။

ဒါေပမယ့္ေရွာင္က်န့္ရဲ႕လွပတဲ့မ်က္ႏွာေလးဟာေတာ့လြန္စြာတည္ၿငိမ္ေနသည္။သူ႕ရဲ႕အႏုပညာေျမာက္လက္ေခ်ာင္းေလးေတြမွာအေပၚသို႔ေျမာက္တတ္လာၿပီးအနက္ေရာင္အဖ်က္စြမ္းအားေတြနဲ႕စြမ္းအင္လုံးႀကီးကိုတားဆီးလိုက္သည္။ေရွာင္က်န့္ရဲ႕လက္ဖဝါးျပင္ေလးမွာလြန္စြာႏူးညံ့ၿပီးပုံမွန္ေယာက္်ားတစ္ေယာက္ရဲ႕လက္ဖဝါးထက္အနည္းငယ္ပိုေသးငယ္သည္။

သူ႕ရဲ႕လက္ဖဝါးေလးေတြမွာမည္သည့္အားအင္မွရွိဟန္မရေသာ္လည္းပဲအံ့ဩဖို႔ေကာင္းစြာပင္ဧရာမအနက္ေရာင္စြမ္းအင္လုံးႀကီးကိုအသာအယာထိေတြ႕တားဆီးလိုက္ေလသည္။ေရွာင္က်န့္ရဲ႕ရွည္လ်ားလွပၿပီးအိပ္မက္ဆန္လွတဲ့ပင္လယ္ျပာေရာင္ဆံႏြယ္ရွည္ေတြမွာျပင္းထန္သည့္အဟုန္ေၾကာင့္လြင့္ေျမာေနသည္။

ၿပီးေနာက္ထိုအနက္ေရာင္စြမ္းအင္လုံးႀကီးကိုသူ႕လက္ဖဝါးျပင္ေလးျဖင့္ေပါ့ေပါ့ပါးပါးတြန္းထုတ္လိုက္သည္။အနက္ေရာင္စြမ္းအင္လုံးႀကီးမွာသူ႕ရဲ႕လာရာလမ္းအတိုင္းလွ်ပ္စီးထပ္ေတာင္ျမန္ဆန္သည့္အရွိန္ျဖင့္ျပန္ကန္ထြက္သြားသည္။

၎ေနာက္အနက္ေရာင္နဂါးႀကီး၏မ်က္ႏွာေဘားနားကေနျဖတ္ေက်ာ္သြားခဲ့ကာပင္လယ္ေရျပင္ထက္သို႔က်ဆင္းသြားခဲ့သည္။

ဝုန္း!!!

အနက္ေရာင္စြမ္းအင္လုံးႀကီး၏ေၾကာက္မက္ဖြယ္ရာေပါက္ကြဲမႈနဲ႕အတူေလဟာနယ္တြင္းေပါက္ႀကီးေတြထြက္ေပၚလာၿပီးပင္လယ္ေရ၏ရွစ္ပုံတစ္ပုံေလာက္မွာအက္ကြဲေၾကာင္းတြင္းနက္ႀကီးေတြထဲေရာက္ရွိသြားသည္။

ဒါေပမယ့္စကၠန့္ပိုင္းေလးအတြင္းမွာတင္အက္ကြဲေၾကာင္းတြင္းနက္ႀကီေတြမွာသူ႕အလိုလိုျပန္လည္ေကာင္းမြန္လာသည္။ထို႔ေၾကာင့္သာမဟုတ္ရင္ဒီကမၻာငယ္ေလးတစ္ခုလုံးမွာအက္ကြဲေၾကာင္းထဲစုပ္ယူဖ်က္ဆီးျခင္းခံရနိုင္သည္။

ေပါက်ကွဲလာသည့်လှိုင်းလုံးကြီး၏အနီးဆုံးနေရာတွင်ရှိနေသည့်နဂါးနက်ကြီးမှာမိုင်ပေါင်းများစွာလွင့်ထွက်သွားပြီးသူ့ရဲ့အနက်ရောင်နဂါးအကြေးခွံတစ်ချို့မှာကွာကျလာကာတစ်ကိုယ်လုံးသွေးတွေစီးကျလာသည်။

ျပင္းထန္သည့္ေလလွိုင္းေတြမွာကမ္းေျခထက္ထိပါရိုက္ခတ္လာ၏။ကံေကာင္းစြာျဖင့္'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္၏ထူးျခားသည့္စြမ္းအားေၾကာင့္မည္မွ်ျပင္းထန္သည့္ေလလွိုင္းေတြျဖစ္ပါေစအနားသို႔တိုးကပ္လာနိုင္ျခင္းမရွိေခ်။

လွိုင္းလုံးေတွငြိမ်သက်သွားသည့်အခါတွင်လဲ့ချင်းယန်ဟာပင်လယ်ပြင်ထက်တွင်ရှိနေတဲ့အရိပ်နှစ်ခုကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ဧရာမအနက်ရောင်နဂါးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးမှာသွေးတွေစိုရွှဲနေကာအကြေးခွံတွေလည်းမပြည့်စုံတော့ပေ။

ေရွာင္က်န့္ကေတာ့တစ္ကိုယ္လုံးမူလအတိုင္းသာသပ္သပ္ရပ္ရပ္ႏွင့္လွပေနၿပီးထိခိုက္ဒဏ္ရာဟူ၍ျမဴမႈန္ေလးတစ္မႈန္ေတာင္ထင္ဟပ္ေနျခင္းမရွိေနပါေခ်။

ေရွာင္က်န့္ဟာျပင္းထန္လြန္းသည့္ဒဏ္ရာေတြနဲ႕အတူတိုက္ခိုက္နိုင္စြမ္းအားမရွိေတာ့သည့္နဂါးနက္ႀကီးကိုၾကည့္ကာသက္ျပင္းခ်၍ေခါင္းေလးကိုအသာခါယမ္းလိုက္သည္။

သူလည္းဒီေလာက္ထိ,ထိခိုက္မသြားေစခ်င္တာေသခ်ာသည္။ဒါကသူ႕လုပ္ရပ္သူျပန္ခံရတာျဖစ္တာေၾကာင့္သူလည္းဘာမွမတတ္နိုင္တာခက္သည္။

ထားပါေလ....

ေရွာင္က်န့္၏ညာဘက္လက္ဖဝါးလးထက္တြင္ေ႐ႊေရာင္အလင္းတန္းေတြစုေဝးလာလ်က္ပင္လယ္ဘုရင္၏ခရင္းခြသ႑ာန္ပုံသ႑ာန္ေပၚလာသည္။ေရွာင္က်န့္ရဲ႕နဖူးအလည္တည့္တည့္ရွိအျပာေရာင္ေက်ာက္ေလးမွာလက္ကနဲတစ္ခ်က္ေတာက္ပသြားၿပီးပင္လယ္တစ္ျပင္လုံးတြင္ဧကရာဇ္တစ္ေယာက္၏အရွိန္အဝါေတြျပန့္က်ဲဖုံးလႊမ္းလာသည္။ဒါကပင္လယ္သတၱဝါတိုင္းကိုဦးၫႊတ္ခ်င္လာေအာင္ျပဳလုပ္ေနသည္။

လဲ့ခ်င္းယန္ဟာထိုဖိအားနဲ႕အရွိန္အဝါမွာလြန္စြာၿပိဳင္ဘက္ကင္း၍ႀကီးျမတ္လြန္းလွသည့္ဟုသာခံစားရေပမယ့္ဆုေဖးယြဲ႕၏ခႏၶာကိုယ္ကေတာ့တစ္ဆတ္ဆတ္တုန္ရီလာသည္။

လဲ့ခ်င္းယန္ႏွင့္မတူစြာသူမကဗဟုသုတမ်ားသည္။ထို႔အတြက္ေၾကာင့္ေ႐ႊေရာင္ခရင္းခြႏွင့္ႀကီးျမတ္သည့္အရွိန္အဝါမွာမည္သည့္အရာအားကိုယ္စားျပဳမွန္းရွင္းရွင္းလင္းလင္းႀကီးကိုသိေနသည္။

ေရသူဘုရင္.....

အဆုံးမဲ့သမုဒၵရာတစ္ခုလုံး၏အစစ္အမွန္ဘုရင္။႐ႊမ္ကုန္းေျမႀကီးတစ္ခုလုံးေတာင္မထိဝံ့၊ေၾကာက္႐ြံ႕ေနသည့္ေရမ်ိဳးႏြယ္ဝင္ေတြ၏အႂကြင္းမဲ့ဧကရာဇ္၊ဒ႑ာရီလာေရသူဘုရင္ျဖစ္သည္။

ဒီလိုေၾကာက္မက္ဖြယ္ရာအရွင္သခင္ႀကီးကႀကီးျမတ္ေသာ႐ႊမ္ကုန္းေျမတိုက္ႀကီးဆီသို႔ဘာေၾကာင့္ေရာက္လာမွန္းမသိေပ။ဆုေဖးယြဲ႕၏မ်က္ႏွာမွာအပ်င္ပ်က္အယြင္းယြင္းျဖင့္အေနာက္သို႔တျဖည္းျဖည္းဆုတ္ခြာလိုက္သည္။

သူမသတိေပးရမယ္....

ေရသူဘုရင္၏ေရာက္ရွိလာမႈကကုန္းေျမတိုက္ႀကီးအတြက္ႀကီးမားေသာအေျပာင္းအလဲႀကီးတစ္ခုျဖစ္ေပၚလာနိုင္သည္။

သို႔ေပမယ့္.....
ဆုေဖးယြဲ႕ေျခတစ္လွမ္းဆုတ္လိုက္သည္ႏွင့္ခ်င္းယြမ္အန္း၏ညင္သာသည့္စကားသံတစ္သံမွာထြက္ေပၚလာသည္။

"မိန္းကေလးဆု.....ဘယ္သြားမလို႔လဲ"

ခ်င္းယြမ္အန္းဟာအၿပဳံးႏုႏုေလးတစ္ခုနဲ႕အတူဆုေဖးယြဲ႕ကိုလွည့္ၾကည့္ကာေမးသည္။သူ႕ရဲ႕နားေထာင္ေကာင္းလွသည့္အသံႏွင့္မ်က္ႏွာထက္ရွိအၿပဳံးေလးမွာအလြန္ညင္သာေပမယ့္သူ႕ရဲ႕အစိမ္းေရာင္မ်က္လုံးအတြင္းတြင္အၿပဳံးတစ္စက္မွရွိမေနပဲေအးစက္လြန္းေန၏။

ဆုေဖးယြဲ႕၏မ်က္ႏွာလွလွေလးမွာလုံးဝျဖဴဆုတ္သြားၿပီးတစ္ကိုယ္လုံးတုန္ရီလာသည္အားမထိန္းခ်ဳပ္နိုင္ခဲ့ေပ။ဒီလူ၏မ်က္ႏွာေခ်ာေခ်ာမွာႏူးညံ့သည့္အၿပဳံးတစ္ခုအၿမဲတမ္းရွိေနပါေသာ္လည္းဒါကအစစ္အမွန္မဟုတ္ပဲၾကမ္းၾကဳတ္သည့္မ်က္ႏွာကိုဖုံးကြယ္ထားသည့္မ်က္ႏွာဖုံးတစ္ခုဟုသာသူမခံစားမိသည္။

ဒီလူကသူမကိုၿပဳံးျပေနေပမယ့္သူမနည္းနည္းေလာက္ထပ္ေ႐ြ႕လိုက္တာနဲ႕ဒီေနရာမွာတင္ေသြးအိုင္တစ္ခုအျဖစ္သို႔ခ်က္ခ်င္းေျပာင္းလဲသြားနိုင္ေၾကာင္းအလိုလိုသိေနသည္။

ဆုေဖးယြဲ႕ဟာထိုေနရာကေနနည္းနည္ေလးေတာင္မေ႐ြ႕လ်ားရဲေတာ့ေပ။ခ်င္းယြမ္အန္းကဘာမွထပ္မေျပာေတာ့ပဲအၿပဳံးေသးေသးေလးတစ္ခုနဲ႕အတူျပန္လွည့္သြားကာေရွာင္က်န့္ကိုဆက္လက္ေစာင့္ၾကည့္ေနလိုက္သည္။ခ်င္းယြမ္မူကလည္းဆုေဖးယြဲ႕၏လုပ္ရပ္ကိုေသခ်ာေပါက္သတိထားမိသည္။ဒါေပမယ့္သူကေရွာင္က်န့္ကလြဲလွ်င္က်န္သည့္အရာမ်ားကိုအာ႐ုံစိုက္ဖို႔ရန္အတြက္ပ်င္းရိလြန္းေနသည္။

ဒီအျဖစ္အပ်က္ေလးမွာသိပ္ၿပီးႀကီးႀကီးက်ယ္က်ယ္ျဖစ္သြားတာမဟုတ္တာေၾကာင့္လဲ့ခ်င္းယန္ကသတိေတာင္မထားမိပါေခ်။

ေရွာင္က်န့္ဘက္ကိုျပန္သြားရရင္သူ႕လက္ထဲရွိေ႐ႊေရာင္ခရင္းခြမွာေတာက္ပသထက္ေတာက္ပလာ၏။ထို႔ေနာက္ေရွာင္က်န့္ဟာသူ႕လက္ထဲရွိေ႐ႊေရာင္ခရင္းခြကိုေပါ့ပါးစြာျမႇောက္တင္လိုက္ကာအားနည္းေနသည့္နဂါးနက္ႀကီးဆီသို႔ျပစ္လႊတ္လိုက္သည္။

ေ႐ႊေရာင္ေတာက္ပေနသည့္ခရင္းခြႀကီးမွာနဂါးနက္ႀကီးဆီသို႔အသံထက္အဆမ်ားစြာလွ်င္ျမန္မႈႏႈန္းျဖင့္ေျပးဝင္လာသည္။နဂါးနက္ႀကီး၏အနက္ေရာင္မ်က္ဝန္းေတြမွာေၾကာက္လန့္မႈေၾကာင့္ျပဴးက်ယ္လာၿပီးအသည္းအသန္ထြက္ေျပးဖို႔ရန္လုပ္သည္။

ဒါေပမယ့္နဂါးႀကီးထက္ေရွာင္က်န့္ပစ္လႊတ္လိုက္သည့္ခရင္းခြကပိုျမန္သည္။

ေ႐ႊေရာင္ခရင္းခြႀကီးဟာနဂါးနက္၏ဦးေခါင္းကိုေဖာက္ထြက္သြား၏။ဧရာမနဂါးခႏၶာကိုယ္ႀကီးမွာလႈပ္ရွားေနရာမွရပ္တန့္သြားၿပီးေက်ာက္႐ုပ္ႀကီးတစ္ခုကဲ့သို႔ေတာင့္ကနဲျဖစ္သြားသည္။

ေ႐ႊေရာင္ခရင္းခြမွာနဂါးဦးေခါင္းကိုေဖာက္ထြက္သြားၿပီးေနာက္တြင္ေရွာင္က်န့္လက္ထဲသို႔ျပန္လည္ေရာက္ရွိလာသည္။ခရင္းခြတြင္ေသြးတစ္စက္မွရွိမေနေပ။ထို႔အတူေဖာက္ထြက္သြားျခင္းခံလိုက္ရသည့္နဂါးနက္ႀကီး၏ဦးေခါင္းတြင္လည္းဒဏ္ရာဒဏ္ခ်က္တစ္ခုမွရွိမေနခဲ့ပါေခ်။

အမွန္တကယ္တြင္ေ႐ႊေရာင္ခရင္းခြမွာနဂါးနက္ႀကီး၏စိတ္ဝိဥာဥ္ကိုေဖာက္ထြက္သြားခဲ့ျခင္းသာျဖစ္သည္။ေ႐ႊေရာင္ခရင္းခြလွံႀကီးဆီကေၾကာက္မက္ဖြယ္ရာတိုက္ခိုက္မႈေၾကာင့္နဂါးနက္ႀကီး၏နဂါးခႏၶာကိုယ္မွာအေတာ္ၾကာလုံးဝေအးခဲသြားၿပီးေနာက္တြင္အသည္းခိုက္ေအာင္နာက်င္သည့္ေအာ္သံနက္ႀကီးျဖင့္ဟိန္းေဟာက္သံတစ္သံမွာထြက္ေပၚလာသည္။

ဂါး!!!!!!!

ေရွာင္က်န့္၏လက္ဖဝါးျပင္ထက္တြင္ခရစ္စတယ္ဖန္လုံးတစ္ခုမွာဖ်က္ကနဲေပၚေပါက္လာသည္။ထိုဖန္လုံးမွာအုန္းသီးဆီကမတန္မဆေဈးနဲ႕ဝယ္ထားတဲ့ဝိဥာဥ္စုပ္ယူဖန္လုံးဆိုသည္မွာေျပာစရာေတာင္မလိုေခ်။

အနက္ေရာင္အခိုးအေငြ႕သ႑ာန္ဝိဥာဥ္သည္နဂါးနက္ႀကီး၏ခႏၶာကိုယ္ထဲကေနခရစ္စတယ္ကဲ့သို႔ဖန္လုံး၏စုပ္ယူျခင္းကိုခံလိုက္ရသည္။အနက္ေရာင္ဝိဥာဥ္ကအေတာ္ေလးေဖ်ာ့ေတာ့ေနၿပီးဒဏ္ရာျပင္းျပင္းထန္ထန္ရထားမွန္းသိသာသည္။အနက္ေရာင္ဝိဥာဥ္ဟာေသေလာက္ေအာင္႐ုန္းကန္ေနေပမယ့္ဝိဥာဥ္စုပ္ယူဖန္လုံး၏စုပ္ယူမႈကိုမတြန္းလွန္နိုင္ခဲ့ေပ။

ထို႔ေနာက္၎ဝိဥာဥ္မွာဖန္လုံး၏စုပ္ယူမႈအားအျပည့္အဝခံလိုက္ရသည္။ထိန္းခ်ဳပ္မႈမရွိေတာ့သည့္နဂါးကိုယ္ႀကီးဟာပင္လယ္ထဲသို႔ျပဳတ္က်လာသည္။ဒါေပမယ့္ေရွာင္က်န့္၏ထိန္းခ်ဳပ္မႈနဲ႕အတူေရမ်က္ႏွာျပင္မွာျမင့္တတ္လာၿပီးနဂါးခႏၶာကိုယ္ႀကီးအားထိန္းထားလိုက္သည္။

နဂါးအေၾကးခြံေတြမွာအျပာေရာင္အျဖစ္သို႔ျပန္လည္ေျပာင္းလဲလာၿပီးပုန္းခိုေနသည့္အျပာေရာင္နဂါး'လံုဖုချန်'၏ဝိဥာဥ္ဟာနဂါးခႏၶာကိုယ္ကိုျပန္လည္ထိန္းခ်ဳပ္လိုက္သည္။

နဂါးမ်က္လုံးႀကီးေတြ၌အနက္ေရာင္မွာမွိန္ေဖ်ာ့သထက္မွိန္ေဖ်ာ့လာၿပီးအျပာေရာင္မ်က္လုံးႀကီးေတြရဲ႕အစားထိုးျခင္းကိုခံလိုက္ရသည္။

အနက္ေရာင္နဂါးအျဖစ္မွအျပာေရာင္နဂါးအျဖစ္သို႔အျပည့္အဝေျပာင္းလဲလိုက္သည့္နဂါးဘုရင္လုံဖုခ်န္ဟာအားနည္းေဖ်ာ့ေတာ့စြာျဖင့္ေရွာင္က်န့္ကိုေမာ့ၾကည့္လာသည္။

"လင္း....လင္းအာ...."

လုံဖုခ်န္ဟာေလသံေလးျဖင့္သာဆိုနိုင္ေလသည္။နဂါးခႏၶာကိုယ္မွာသူ႕ခႏၶာကိုယ္လည္းျဖစ္တာေၾကာင့္ထိခိုက္သမွ်အရာအားလုံးကိုသူကိုယ္တိုင္လည္းခံစားနာက်င္ရသည္။

ေရွာင္က်န့္ရဲ႕ႏႈတ္ခမ္းေလးေတြမွာအနည္းငယ္တြန့္ကနဲျဖစ္သြားၿပီးလုံဖုခ်န္ကိုအေတာ္ေလးအားနာသြားသည္ကအမွန္သာျဖစ္သည္။သူ႕အေနနဲအတတ္နိုင္ဆုံးစိတ္ဝိဥာဥ္ကိုသာဦးစားေပးတိုက္ခိုက္ခဲ့တာျဖစ္ေပမယ့္နဂါးနက္ႀကီးသူ႕ဒဏ္သူျပန္ထိသြားတာကိုေတာ့မတားဆီးနိုင္ခဲ့ေခ်။

နဂါးနက္ကဒီေလာက္ထိအားနည္းမယ္လို႔ဘယ္သူကေရာထင္မွာလဲ။ေရွာင္က်န့္ဟာရွက္႐ြံ႕အားနာစြာေခ်ာင္းတစ္ခ်က္ဟမ့္လိုက္ၿပီးဝိဥာဥ္စုပ္ယူဖန္လုံးကိုသိမ္းဆည္းလိုက္သည္။

"ေတာင္းပန္ပါတယ္ခ်န္ေကာ...."

"ရပါတယ္လင္းအာ...."

အဂါးျပာႀကီးလုံဖုခ်န္ကေဖ်ာ့ေတာ့သည့္အၿပဳံးတစ္ခုနဲ႕အားနည္းစြာျပန္ေျဖသည္။

'အုန္းသီး....'

[အုန္းသီးရွိပါတယ္...]

'လုံဖုခ်န္ကိုျပန္လည္ေကာင္းမြန္ေစနိုင္တဲ့တစ္ခုခုရွိလား'

[ဒါေပါ့hostရဲ႕....တစ္မိနစ္အတြင္းေသလုနီးပါးခႏၶာကိုယ္နဲ႕ဒဏ္ရာရေနတဲ့စိတ္ဝိဥာဥ္ေတြကိုေတာင္ျပန္လည္ေကာင္းမြန္ေစနိုင္တဲ့ေဆးရည္တစ္မ်ိဳးရွိတယ္....points3000တည္းေနာ္...]

ေရွာင္က်န့္ႏႈတ္ခမ္းမွာမဲ့႐ြဲ႕ခ်င္လာသည္။သူဝယ္တဲ့ပစၥည္းေတြကပိုပိုၿပီးေဈးႀကီးသထက္ႀကီးလာသည္မွာအေတာ္ေလးေတာ့ခံစားရခက္လွသည္။

'ဝယ္...ဝယ္လိုက္'

ေရွာင္က်န့္မွာအံတင္းတင္းႀကိတ္ၿပီးေျပာလိုက္သည္။သူ႕ရဲ႕ကုန္ဆုံးသြားေသာpointsေလးေတြေၾကာင့္သူ႕ရင္ထဲေသြးစိမ္းရွင္ရွင္စီးက်လာသလိုခံစားေနရ၏။

[ဝယ္ယူအားေပးမႈအတြက္လြန္စြာေက်းဇူးတင္ရွိပါhost]

အုန္းသီးရဲ႕အသံမွာအေတာ္ေလးျမဴးထူးေနၿပီးတစ္ေန႕တည္းမွာတင္ပစၥည္းႏွစ္မ်ိဳးေရာင္းထြက္သြားသည္ကိုေပ်ာ္႐ႊင္ေနပုံရသည္။

ေရွာင္က်န့္ဟာသူ႕ရင္ထဲမွာေသြးအန္ေနသည့္ပုံရိပ္ကိုႀကိဳးစားဖုံးကြယ္လိုက္၍သူ႕လက္ထဲ႐ုတ္တရတ္ေပၚလာသည့္ေဆးပုလင္းကိုဖြင့္လိုက္သည္။ၿပီးေတာ့ေဆးရည္ေတြကိုသြန္ခ်လိဳက္ၿပီးဝိဥာဥ္စြမ္းအင္နဲ႕ထိန္းခ်ဳပ္ကာနဂါးျပာႀကီး၏ဧရာမပါးစပ္ႀကီးဆီသို႔ဝင္ေရာက္သြားေစလိုက္သည္။

လုံဖုခ်န္ကနားမလည္ေပမယ့္ေဆးရည္ေတြကိုမ်ိဳခ်လိဳက္သည္။ထို႔ေနာက္နဂါးဘုရင္လုံဖုခ်န္ဟာသူ႕ခႏၶာကိုယ္အတြင္းရွိသိသိသာသာေျပာင္းလဲေနမႈေတြကိုသတိထားမိသြားၿပီးသူ႕မ်က္လုံးေတြမွာျပဴးက်ယ္ဝိုင္းစက္သြားသည္။

နဂါးျပာႀကီး၏ပ်က္စီးေနတဲ့အျပာေရာင္အေၾကးခြံေတြမွာသူ႕အလိုလိုကြၽတ္ထြက္ကုန္သည္။သူ႕ရဲ႕နဂါးႏႈတ္ခမ္းေမႊးေလးေတြေတာင္မက်န္ေပ။သူ႕ရဲ႕အေၾကးခြံေတြအားလုံးကြၽတ္ထြက္သြားသည္ႏွင့္နဂါးကိုယ္ေပၚရွိနက္ရွိုင္းသည့္ဒဏ္ရာေတြအားလုံးမွာအမာ႐ြတ္ပါမက်န္လုံးဝေပ်ာက္ကင္းသြားသည္။

အဲ့ဒီေနာက္သူ႕ရဲ႕ကြၽတ္ထြက္သြားသည့္အေၾကးခြံေတြမွာသူ႕အလိုလိုျပန္ထြက္လာၿပီးစကၠန့္ပိုင္းအတြင္း၌ပင္ေတာက္ပေခ်ာေမြ႕လွပတဲ့အျပာေရာင္ခရစ္စတယ္ကဲ့သို႔နဂါးအေၾကးခြံေတြျပန္ေပါက္လာ၏။သူ႕ရဲ႕နဂါးႏႈတ္ခမ္းေမႊးေတြလည္းထိုနည္း၎ပင္ျဖစ္သည္။

အေရးႀကီးဆုံးကသူ႕ရဲ႕ႏွစ္ေပါင္းမ်ားစြာထိခိုက္ထားသည့္စိတ္ဝိဥာဥ္ျဖစ္သည္။သူ႕ရဲ႕စိတ္ဝိဥာဥ္မွာလုံးဝျပန္လည္ေကာင္းမြန္သြားၿပီးအရင္ကထက္ေတာင္ပိုမိုသန့္စင္ေတာက္ပလာေသးသည္။

နဂါးျပာႀကီးဟာသူ႕ရဲ႕နဂါးအျမႇီးကိုႏွစ္ခ်က္မွ်လႈပ္ခါလိုက္ၿပီးေကာင္းကင္ထက္သို႔ေပ်ာ္႐ႊင္စြာပ်ံသန္းသြားသည္။ေကာင္းကင္အႏွံ႕ေပ်ာ္႐ႊင္လြတ္လပ္စြာပ်ံသန္းေနသည့္နဂါးျပာႀကီးကိုၾကည့္ၿပီးေရွာင္က်န့္ခပ္ဖြဖြၿပဳံးလိုက္သည္။

ေက်ာက္ေဆာင္ထက္ရွိလဲ့ခ်င္းယန္ကေတာ့ေလထဲပ်ံသန္းေနတဲ့အျပာေရာင္ဧရာမနဂါးႀကီးကိုၾကည့္ၿပီးပါးစပ္အေဟာင္းသားျဖစ္ေနသည္။

အနက္ေရာင္နဂါးႀကီးကအျပာေရာင္နဂါးႀကီးျဖစ္သြားတယ္....

ဒါဘယ္လိုေမွာ္ပညာမ်ိဳးလဲ.....

အျပာေရာင္နဂါးႀကီးဟာေကာင္းကင္ထက္တြင္ေပ်ာ္႐ႊင္စြာပ်ံသန္းေနၿပီးအေတာ္ၾကာတြင္ေရွာင္က်န့္ဆီသို႔ငုံ႕ကိုင္းကာဆင္းသက္လာ၏။နဂါးဦးေခါင္းႀကီးမွာေရွာင္က်န့္ဆီသို႔ငုံ႕ကိုင္းေပးလာသည္။ဆိုလိုရင္းကိုနားလည္သည့္ေရွာင္က်န့္ဟာနဂါးႀကီးရဲ႕ဦးေခါင္းေပၚသို႔ေပါ့ပါးစြာခုန္တတ္လိုက္သည္။

ေရွာင္က်န့္ရဲ႕ေျခဖဝါးႏုႏုေလးေတြမွာနဂါးႀကီး၏ဦးေခါင္းထိပ္သို႔ေျခခ်လိဳက္သည္ႏွင့္အျပာေရာင္နဂါႀကီးလုံဖုခ်န္ဟာကမ္းစပ္ဆီသို႔ပ်ံသန္းလာသည္။ကမ္းစပ္တြင္လဲ့ခ်င္းယန္ဟာေရွာင္က်န့္ကိုလက္ေဝွ႕ယမ္းျပေနၿပီး'ခ်င္း'မ်ိဳးရိုးအႁမႊာႏွစ္ေယာက္ဟာေတာ့ေရွာင္က်န့္ရွိရာဆီႏူးႏူးညံ့ညံ့စိုက္ၾကည့္ေနေလသည္။ဆုေဖးယြဲ႕၏မ်က္ႏွာထက္တြင္ရႈပ္ေထြးေနသည့္ဟန္အတိုင္းသားေပၚေနသည္။

ဧရာမအျပာေရာင္နဂါးႀကီးဟာေရွာင္က်န့္ကိုကမ္းစပ္ဆီသယ္ေဆာင္လာေပးသည္။ေရွာင္က်န့္ရဲ႕ရွည္လ်ားႏူးညံ့လွတဲ့ပင္လယ္ျပာေရာင္ဆံႏြယ္ေတြမွာလႈပ္ခတ္သြားၿပီးနဂါးေခါင္းထက္မွသဲေသာင္ျပင္ဆီခပ္ဖြဖြခုန္ဆင္းလာ၏။

လဲ့ခ်င္းယန္ဟာေရွာင္က်န့္ကိုအနီးကပ္ျမင္လိုက္ရသည့္အခါတြင္ပင့္သက္မရွိုက္ပဲမေနနိုင္ပါေခ်။

သူ႕ေဖေဖကအနီးကပ္ၾကည့္မွပဲပိုပိုလွသထက္လွလြန္းေနမွန္းသိနိုင္ေတာ့သည္။

ေအးေပါ့ေလ.....ဒီအေဖမွေမြးေတာ့လည္းဒီသားမွေသာက္ေခ်ာႀကီးမျဖစ္ရင္ဘယ္သူျဖစ္ေတာ့မလဲ.....

လဲ့ခ်င္းယန္ဟာသူ႕ေမးေစ့ကိုပြတ္လိုက္ရင္းဂုဏ္ဆာေနသည့္မ်က္ႏွာျဖင့္ၿပဳံးလိုက္သည္။

ခ်င္းယြမ္အန္းႏွင့္ခ်င္းယြမ္မူတို႔ႏွစ္ေယာက္ဟာေတာ့ေရွာင္က်န့္ေအာက္သို႔ေရာက္သည္ႏွင့္အနားသို႔ခ်က္ခ်င္းတိုးကပ္လာၾကၿပီးတစ္ကိုယ္လုံးလွည့္ပတ္လ်က္ဒဏ္ရာရမရစစ္ေဆးသည္။ျခစ္ရာေလးတစ္ခုေတာင္မရွိဘူးဆိုမွာႏွစ္ေယာက္လုံး၏တင္းမာသည့္မ်က္ႏွာထားမွာအနည္းငယ္ေလ်ာ့ပါးသြားသည္။

ခ်င္းယြမ္အန္း၏လက္ဖဝါးမွာခပ္ဖြဖြလႈပ္ရွားသြားၿပီးေရွာင္က်န့္ရဲ႕ေျခဖဝါးႏုႏုေလးေတြေအာက္၌ႏူးညံ့သည့္သစ္႐ြက္ေလးေတြလာခံသည္။

ဒီလိုသဲၾကမ္းႀကီးေတြထက္တြင္ေရွာင္က်န့္ေျခခ်မည္ကိုေတာင္မျမင္ေတြ႕နိုင္သည္အထိအမႊာႏွစ္ေယာက္မွာအကဲပိုလြန္းလွ၏။

တစ္ဖက္တြင္အျပာေရာင္နဂါးႀကီး၏ဧရာမနဂါးခႏၶာကိုယ္ႀကီးမွာက်ဳံ႕ဝင္လာၿပီးလူတစ္ေယာက္၏ပုံပန္းသ႑ာန္အျဖစ္သို႔ေျပာင္းလဲသြားသည္။

ထိုသူမွာေခ်ာေမာခန့္ညားသည့္မ်က္ႏွာရွိၿပီးအျပာေရာင္ဆံႏြယ္ရွည္ေတြမွာေက်ာျပင္ေက်ာ္သည္အထိျဖာက်ေနသည္။ထူးျခားသည္မွာထိုသူ၏နဖူးထက္ရွိနဂါးခ်ိဳေသးေသးေလးႏွစ္ခုသာျဖစ္၏။

ေျပာစရာမလိုေအာင္ပင္ထိုသူကအျပာေရာင္နဂါးဘုရင္လုံဖုခ်န္၏လူပုံသ႑ာန္ပင္ျဖစ္သည္။

________________________________________________________________

Continue Reading

You'll Also Like

287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
635K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
119K 10.7K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
1.1M 58.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...