system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(5.14)

5.7K 683 39
By TeeKo0

Unicode

ရှောင်ကျန့်၏သွယ်လျလှပတဲ့အမြှီးရှည်လေးမှာရေစီးနဲ့အကူညင်သာစွာယိမ်းနွဲ့နေပြီးနဂါးကြီးရဲ့ရုန်းကန်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလှိုင်းကြီးတွေမှာသူ့အနားသို့မရောက်ခင်မှာတင်ပျောက်ကွယ်သွားသည်။

ရှောင်ကျန့်၏မြပြာရောင်မိုးမခကိုင်းကဲ့သို့မျက်ခုံးတန်းလေးတွေမှာအလိုမကျမှုကြောင့်ယောင်ယောင်လေးတွန့်ချိုးလိုက်သည်။

'အုန်းသီး'

[ကျွန်တော်ရှိပါတယ်host]

'လုံဖုချန်ခန္ဓာကိုယ်ထဲကအနက်ရောင်နဂါးဝိဥာဥ်ကိုဖယ်ထုတ်နိုင်မယ့်နည်းလမ်းရှိလား'

[hostကလူမှန်ကိုမေးလိုက်တာပဲ....
ဝိဥာဥ်တွေကိုစုပ်ယူဖမ်းဆီးနိုင်တဲ့ဝိဥာဥ်စုပ်ယူဖန်လုံးရှိတယ်....စျေးကသိပ်မများပါဘူး....points2500တည်းပါ....ဝယ်မယ်မလားhost]

'ဝယ်လိုက်'

[ဟုတ်ကဲ့....ဝိဥာဥ်စုပ်ယူဖန်လုံးကိုဝယ်ယူအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိပါတယ်ဗျ.....အော်...ဒါနဲ့hostရေ....ဝိဥာဥ်စုပ်ယူဖန်လုံးထဲကိုထည့်သွင်းခံရမယ့်ဝိဥာဥ်ကအားနည်းနေဖို့တော့လိုတယ်နော်]

'ငါသိပြီ'

ရှောင်ကျန့်ကလေးလေးနက်နက်သက်ပြင်းချလိုက်ကာအနက်နဲ့အပြာရောင်အားပြိုင်နေသည့်နဂါးကြီးရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်လိုက်သည်။

"ချန်ကော....ကျွန်တော့်ကိုယုံတယ်မလား"

ရှောင်ကျန့်ရဲ့အသံလေးမှာကျယ်လောင်ခြင်းမရှိပေမယ့်လွန်စွာကြည့်လင်၍ရေစက်လေးတွေတစ်စက်စက်ကျနေသလို၊ပုလဲလုံးလေးတွေလှုပ်ခတ်နေသလိုမျိုးသာယာလှသည်။

ထိုအသံလေးကြောင့်နဂါးကြီး၏ရုန်းကန်လှုပ်ရှားနေမှုမှာရပ်တန့်သွားပြီးဇဝေဇဝါပုံစံဖြင့်ရှောင်ကျန့်ကိုကြည့်လာသည်။

"ဘာကိုဆိုလိုတာလဲ"

"ကျွန်တော်မေးတာသာဖြေပေးပါ.....ချန်ကော...ကျွန်တော့်ကိုယုံလား"

"အင်း"

နဂါးကြီးကတုံ့ဆိုင်းခြင်းမရှိပြန်ဖြေပေးလာသည်။ရှောင်ကျန့်ဟာနူးညံ့စွာပြုံးရင်းထပ်မံဆိုလိုက်သည်။

"ဒါဆိုချန်ကောရဲ့ခန္ဓာကိုယ်ထဲက'အဲ့ဒီအရာ'ကိုခန္ဓာကိုယ်ကိုအပြည့်အဝထိန်းချုပ်ခွင့်ပေးလိုက်နိုင်မလား.....ပြီးတော့...ချန်ကောကလုံခြုံအောင်ပုန်းခိုနေပေးပါ"

နဂါးကြီးကရှောင်ကျန့်ဘာလုပ်ချင်နေမှန်းတကယ်မသိပေ။ဒီလိုလုပ်လိုက်တာကအခန့်မသင့်ရင်သူ့ရဲ့ဝိဥာဥ်မှာဝါးမျိုခံရနိုင်ချေ80%ခန့်ရှိသည်။သို့ပေမယ့်လည်းလုံဖုချန်ကပြန်လည်မေးမြန်းခြင်းမရှိခဲ့ပေ။သူညီကိုသူအပြည့်အဝယုံကြည်သည်။

"ကောင်းပြီလေ"

အပြာရောင်နဂါးဝိဥာဥ်ကြီး၏တင်းခံထားသောစိတ်ဝိဥာဥ်မှာလုံးဝလျော့ချလိုက်ပြီးသေးငယ်သောအပြာရောင်အလင်းစက်လေးတစ်ခုအဖြစ်နဂါးကြီး၏ခန္ဓာကိုယ်ထဲရှိအလုံခြုံဆုံးသောတစ်နေရာမှာသွားရောက်ပုန်းခိုလိုက်သည်။သူ့ရဲ့အပြုအမူအားလုံးမှာလုံးဝတုန့်ဆိုင်းနေခြင်းမရှိခဲ့ပေ။

အပြာရောင်နဂါးဝိဥာဥ်၏တွန်းကန်တိုက်ခိုက်ခြင်းပျောက်ဆုံးသွားသည့်အခါတွင်နဂါးကြီး၏မျက်လုံးအတွင်းရှိပြာလဲ့နေသည့်အရောင်တွေမှာတဖြည်းဖြည်းမှိန်ဖျော့လာပြီးနက်မှောင်မှုကအစားထိုးဝင်ရောက်လာသည်။

အပြာရောင်နဂါးအကြေးခွံတွေဟာလည်းနဂါးမျက်လုံးနည်းတူအနက်ရောင်၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။ဤသို့ဖြင့်သိပ်မကြာခင်အချိန်လေးအတွင်းမှာပဲမူလကအရောင်နှစ်မျိုးနှင့်ဧရာမနဂါးကြီးမှာအနက်ရောင်နဂါးအဖြစ်ပြောင်းလဲသွားခဲ့လေသည်။

"ဟား.....ဟား.....ဟား......"

ဧရာမအနက်ရောင်နဂါးကြီး၏ကျယ်လောင်စွာအော်ဟစ်ရယ်မောသံကြီးမှာပင်လယ်ရေမျက်နှာပြင်ကိုကြီးမားကြမ်းတမ်းကြီးကြောက်မက်ဖွယ်ကောင်းသည့်လှိုင်းလုံးကြီးတွေဖြစ်ပေါ်လာစေသည်။

"ဟား....ဟား.....မင်းတို့ရဲ့အရူးထမှုကငါ့ကိုလွတ်လပ်သွားစေတာပဲ....အရူးတွေ..."

အနက်ရောင်နဂါးကြီးကရှောင်ကျန့်နဲ့ပုန်းကွယ်နေသည့်အပြာရောင်နဂါးဝိဥာဥ်လုံဖုချန်အားလှောင်ရယ်ရယ်သည်။

ချွင်....

အနက်ရောင်နဂါးကြီး၏လှုပ်ရှားမှုကိုဧရာမသံကြိုးနက်ကြီးတွေကတင်းတင်းကြပ်ကြပ်ချုပ်နှောင်၍တားဆီးလာသည်။နဂါးကြီး၏မျက်နှာမှာပျက်ယွင်းသွားပြီးဒေါသတကြီးအော်ဟစ်ကာသံကြိုးကြီးတွေဆီကနေပြင်းထန်စွာရုန်းကန်လာသည်။သို့သော်လည်းသံကြိုးကြီးတွေမှာရုန်းကန်မှုကြောင့်ပျက်စီးသွားရမည့်အစားပိုမိုချုပ်နှောင်လာပြီးပိုလှုပ်ရှားလေရွှေ့လျားဖို့ရန်ခက်ခဲလာလေဖြစ်သည်။

"အား!!!!ငါ့ကိုလွှတ်စမ်း....အယုတ်တမာလေးတွေ...."

နဂါးနက်ကြီး၏လှုပ်ရှားမှုတွေအားလုံးကိုရှောင်ကျန့်ကအမူအရာမဲ့စွာစိုက်ကြည့်နေသည်။ထို့နောက်သူ့ရဲ့ပျော့ပြောင်းသွယ်လျတဲ့လက်ချောင်းလေးတွေမှာလှပစွာလှုပ်ရှားသွားပြီးပင်လယ်ပြာရောင်နှင့်ရွှေရောင်ရောစပ်ထားသည့်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။

၎င်းရွှေပြာရောင်အလင်းတန်းမှာစုစည်းသိပ်သည်းလာပြီးကြီးမားသည့်ဓားရှည်ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ထိုဧရာမရွှေပြာရောင်ဓားရှည်ကြီးမှာအပေါ်သို့မြောက်တတ်လာပြီးဧရာမအနက်ရောင်ချိန်းကြိုးကြီးတွေပေါ်သို့ခုတ်ချလိုက်သည်။

ဧရာမအနက်ရောင်ချိန်းကြိုးကြီးတွေမှာဓားရှည်ကြီးရဲ့ထိခတ်မှုနဲ့အတူတစ်စစီကွဲအက်သွားသည်။နဂါးကြီး၏ခန္ဓာကိုယ်မှာဝှစ်ကနဲလှုပ်ရှားသွားပြီးသံကြိုးတွေ၏ချုပ်နှောင်ထားမှုမှလွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက်ပင်လယ်ရေမျက်နှာပြင်ထက်သို့တတ်သွားလေသည်။

မိုင်ပေါင်းများစွာနက်ရှိုင်းသည့်ပင်လယ်ကြီးမှာနဂါးနက်ကြီးအတွက်တော့အခက်အခဲမရှိသွားလာနိုင်သည်။

"ဟား....ဟား.....ငါလွတ်ပြီ!!...ငါလွတ်ပြီ!!"

သို့သော်.....
ရှောင်ကျန့်ကနဂါးနက်ကြီးကိုဒီအတိုင်းလွှတ်လိုက်ဖို့ရန်ဆိုသည်မှာလုံးဝမဖြစ်နိုင်ပေ။သူလွှတ်လိုက်တာကလဲအကြောင်းပြချက်ရှိသည်။

၎င်းမှာဗီလိန်ဖူလင်းအတွက်လက်စားခြေပေးခြင်းတစ်မျိုးဖြစ်သည်။နှစ်ပေါင်းများစွာချုပ်နှောင်ခံထားရခြင်းကြောင့်နဂါးနက်ကြီး၏စိတ်ဝိဥာဥ်မှာအနည်းနဲ့အများတော့ထိခိုက်နာကျင်မှုရှိခဲ့မည်မှာသေချာသည်။သို့ပေမယ့်ဒီဒဏ်ရာလောက်နဲ့တော့ဝိဥာဥ်စုပ်ယူဖန်လုံးဖြင့်စုပ်ယူသွားနိုင်ဖို့ကခက်ခဲနေသေးသည်။ပြီးတော့သူကဒီသောက်ကျိုးနဲအနက်ရောင်နဂါးကိုစိတ်ကျေနပ်သည်အထိစိတ်တိုင်းကျသမ,ချင်နေသေးသည်။

အကယ်၍သံကြိုးဖြင့်ချုပ်နှောင်ပြီးတိုက်ခိုက်ခဲ့ပါကအနည်းငယ်အနိုင်ကျင့်ဗိုလ်ကျရာကျလိမ့်မည်ဟုခံစားရသည်။

ဟမ့်.....ဒီဖေဖေရဲ့ပြောင်မြောက်တဲ့လက်သီးကိုခံစားကြည့်လိုက်.....

ရှောင်ကျန့်ရဲ့ရှည်လျားသွယ်လျတဲ့အမြှီးလှလှလေးတွေမှာလှုပ်ရှားသွားပြီးလျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့်ပျံသန်းထွက်ခွာဟန်ပြင်နေသည့်နဂါးကြီး၏ပတ်ပတ်လည်ကိုလှည့်ပတ်လိုက်သည်။လေပွေတစ်ခုမှာရှောင်ကျန့်ရဲ့လျှင်မြန်လှတဲ့အရှိန်နှုန်းကြောင့်ထွက်ပေါ်လာပြီးနဂါးကြီးကိုတစ်ဝီဝီလည်သွားစေသည်။

ရှောင်ကျန့်ရဲ့သေးသွယ်ဖြူဝင်းတဲ့လက်ကောက်ဝတ်လေးတွေပေါ်၌ပုလဲလုံးလေးတွေမှာတစ်စစီပြန့်ကျဲသွားပြီးမူးဝေနေတဲ့နဂါးကြီး၏အကြေးခွံတွေဆီသို့ဝင်တိုက်သည်။ပုလဲလုံးလေးတွေမှာသေးငယ်လုံးဝိုင်းသည်။အထူးသဖြင့်မတိုင်းဆနိုင်လောက်အောင်ကြီးမားသောဧရာမနဂါးနက်ကြီးနှင့်နှိုင်းယှဥ်လိုက်သည့်အခါတွင်ဖုန်မှုန့်အရွယ်လောက်ပင်ရှိတော့သည်။

ဒါပေမယ့်ထိုပုလဲလုံးဖြူလေးတွေ၏ထိတွေ့မှုကိုခံစားလိုက်ရသည့်အချိန်တွင်နဂါးနက်ကြီး၏နာကျင်စွာဖြင့်ကျယ်ကျယ်လောင်လောင်အော်ဟစ်သံမှာဟိန်းကနဲထွက်ပေါ်လာသည်။

"အားးးးးးးးး"

နဂါးကြီး၏အော်ဟစ်သံကြောင့်ပင်လယ်မျက်နှာပြင်ထက်တွင်ကြီးမားသည့်လှိုင်းလုံးကြီးတွေနဲ့အတူပြင်းထန်သည့်မုန်တိုင်းတွေတိုက်ခတ်လာသည်။

ပင်လယ်ကမ်းခြေကျောက်ဆောင်ထက်တွင်ရှိနေသည့်လူလေးယောက်ဟာပင်လယ်မျက်နှာပြင်၏ကြီးမားသည့်ပြောင်းလဲမှုတွေကြောင့်မျက်မှောင်ကြုတ်လိုက်မိကြသည်။

လဲ့ချင်းယန်ဟာသူ့နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လိုက်မိပြီးသူ့အဖေအတွက်စိုးရိမ်ပူပန်မှုကိုဖျောက်ဖျက်နိုင်ခြင်းမရှိပါချေ။သူတကယ်စိုးရိမ်နေမိသည်။

'ချင်း'မျိုးရိုးအမွှာနှစ်ယောက်ဟာတော့ကျန်နှစ်ယောက်နှင့်မတူစွာပင်ပင်လယ်အောက်ခြေကိုဖောက်မြင်နိုင်လေသည်။အကြီး​ေကာင်နှင့်အငယ်ကောင်နှစ်ယောက်မှာဟိုးအနက်ရှိုင်းဆုံးပင်လယ်အောက်ခြေရှိပြင်းထန်ရက်စက်သည့်တိုက်ပွဲကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်။အကယ်၍ရှောင်ကျန့်သာထိခိုက်ဒဏ်ရာသေးသေးလေးတစ်ခုဖြစ်ခဲ့ရင်ဒီနဂါးနက်ကြီး၏ဘဝကတော့မတွေးရဲစရာပင်ဖြစ်သည်။

အဟမ်း....ပင်လယ်အောက်ခြေကအဖြစ်အပျက်ကိုပြန်သွားကြရရင်နဂါးနက်ကြီးမှာပုလဲလုံးလေးတွေကြောင့်အသည်းခိုက်မတတ်နာကျင်ခံစားသွားရပေမယ့်သူ့ရဲ့နဂါးခန္ဓာကိုယ်ပေါ်တွင်တော့ခြစ်ရာလေးတစ်ခုတောင်ထင်ကျန်ရစ်ခြင်းမရှိခဲ့ပါပေ။၎င်းမှာစိတ်ဝိဥာဥ်တိုက်ခိုက်မှုဖြစ်သည်။ရှောင်ကျန့်ကနဂါးနက်ကြီး၏ခန္ဓာကိုယ်အစားဝိဥာဥ်အားနည်းစေရန်စိတ်ဝိဥာဥ်တိုက်ခိုက်မှုကိုသာဦးစားပေးထားခဲ့သည်။

မည်သို့ပင်ဆိုစေဤနဂါးခန္ဓာကိုယ်မှာအပြာရောင်နဂါး'လံုဖုချန်'၏ခန္ဓာကိုယ်လည်းဖြစ်နေသည်မဟုတ်ပါလား။ထို့အတွက်အတတ်နိုင်ဆုံးအထိအခိုက်မရှိစေရန်သူကြိုးစားသည်။

မရေမတွက်နိုင်သည့်အဖြူရောင်ပုလဲလုံးလေးတွေဟာဧရာမနဂါးကြီးကိုစုဝိုင်းပြီးအဘက်ဘက်ကဝင်ရောက်တိုက်ခိုက်သည်။ပုလဲလုံးတစ်လုံးနှင့်ထိမိလိုက်သည့်အချိန်တိုင်းနဂါးနက်ကြီး၏အော်သံနက်ကြီးမှာနာကျင်စွာထွက်ပေါ်လာပြီးသိန်းနဲ့ချီတဲ့ပုလဲလုံးလေးတွေကြောင့်နဂါးနက်ကြီး၏ဆိုးယုတ်သောစိတ်ဝိဥာဥ်မှာသိသိသာသာထိခိုက်အားနည်းလာသည်။

နဂါးနက်ကြီးဟာသူ့ရဲ့ကြီးမားသည့်အမြှီးရှည်ကြီးကိုပင့်မြှောက်ရင်းရှောင်ကျန့်ကိုရိုက်ချသည်။နဂါးအမြှီးမှာလွန်စွာကြီးမားလှပြီးပင်လယ်ကြီးကိုတောင်ဖုံးမတတ်ပင်။

ကြီးမြတ်သူအဆင့်ကျင့်ကြံသူတွေတောင်ဒီဖိအားအောက်မှာတစ်စစီပေါက်ကွဲထွက်သွားနိုင်သည်။ဒါကရှောင်ရှားဖို့မဖြစ်နိုင်သလောက်ပင်ရှိ၏။ဒါပေမယ့်ရှောင်ကျန့်ကလွန်စွာအေးဆေးနေသည်။သူ့ရဲ့ပါးလွှာတဲ့ခါးသေးသေးလေးမှာရင်သပ်ရှု့မောဖွယ်ကောင်းစွာယိမ်းနွဲ့လှုပ်ရှားသွားပြီးကြီးမား၍လှပပြန့်ကားသည့်အပြာရောင်အမြှီးကြီးဖြင့်နဂါးအမြှီးကိုရိုက်ချလိုက်ကာတားဆီးသည်။

ရေသူအမြှီးမှာကြီးမားပြန့်ကား၍လွန်စွာလှပသော်လည်းပဲနဂါးအမြှီး၏ကြီးမားမှုနှင့်တော့နှိုင်းယှဥ်နိုင်ခြင်းမရှိပေ။သို့သော်အနက်ရောင်ဧရာမနဂါးအမြှီးနှင့်ရေသူအမြှီးတို့ထိပ်တိုက်တွေ့ဆုံသွားသည့်တခဏတွင်ပြင်းထန်ကြီးမားသည့်အားလှိုင်းကြီးနဲ့အတူနဂါးနက်ကြီးမှာရေပြင်ထက်သို့လွင့်ထွက်သွားလေသည်။

ကျောက်ဆောင်ထက်ရှိလဲ့ချင်းယန်ဟာပင်လယ်မျက်နှာပြင်ထက်ရှိရေလှိုင်းမှာပိုမိုပြင်းထန်ကြမ်းတမ်းလာကြောင်းသတိထားမိချိန်လေးတွင်ဧရာမအနက်ရောင်အရာကြီးတစ်ခုရေထဲကနေကောင်းကင်ထက်သို့လွင့်စင်လာကြောင့်တွေ့လိုက်ရသည်။

အသေအချာကြည့်လိုက်တော့၎င်းအရာကြီးမှာနက်မှောင်သည့်အကြေးခွံတွေနှင့်ဧရာမအနက်ရောင်နဂါးကြီးတစ်ကောင်ဖြစ်နေကြောင်းတွေ့လိုက်ရသည်။

လဲ့ချင်းယန် : "....."

ဆုဖေးယွဲ့ : "....."

လဲ့ချင်းယန်နှင့်ဆုဖေးယွဲ့တို့နှစ်ယောက်လုံး၏ပါးစပ်တွေမှာပြန်ပိတ်လို့မရအောင်ကိုအောက်မေးရိုးပြုတ်ကျသည်အထိအခြေအနေဆိုးသွားသည်။

နဂါး......

အစစ်အမှန်နဂါး......

လဲ့ချင်ယန်ဟာသူ့ရဲ့မျက်လုံးတွေကိုပွတ်သပ်လိုက်ပြီးတံတွေးတစ်ချက်မျိုချလိုက်သည်။ဒါကသူ့မျက်လုံးတွေကိုလှည့်စားနေတာမဟုတ်မှန်းသေချာသည့်အခါတွင်ဘာပြောရမှန်းတောင်မသိတော့ချေ။

နဂါးနက်ကြီမှာလွန်စွာကြီးမားသည်။ကြီးမားလွန်း၍ကောင်းကင်ကိုတောင်ဖုံးအုပ်နိုင်သည်ဟုထင်ရသည်။

နဂါးကြီးမှာရေမျက်နှာပြင်အပေါ်ကောင်းကင်ယံထက်သို့လွင့်စင်လာပြီးသူ့အရှိန်ကိုထိန်းချုပ်နိုင်လိုက်သည့်အခါတွင်ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

နဂါးနက်ကြီး၏အော်သံမှာပြင်းထန်ကြမ်းကြုတ်သည့်လှိုင်းတွေအဖြစ်အဆုံးမရှိကျယ်ပြန့်တဲ့ပင်လယ်တစ်ခုလုံးအပြင်ကုန်းမြေထက်သို့ပါသက်ရောက်လာသည်။

သို့ပေမယ့်ထိုလှိုင်းလုံးကြီးတွေမှာကျောက်ဆောင်အနားသို့ရောက်သည်နှင့်မမြင်ရသည့်အတားအဆီးတစ်ခုနှင့်ကြုံတွေ့ခဲ့ရသလိုမျိုးကွေ့ဝိုက်သွားခဲ့သည်။

အနက်ရောင်ဧရာမနဂါးကြီးဟာပင်လယ်ပြင်ထက်ကိုသူ့ရဲ့မျက်လုံးကြီးတွေနဲ့စူးစူးရဲရဲစိုက်ကြည့်ပြီးထပ်မံဟိန်းဟောက်လိုက်ပြန်သည်။ထိုအခိုက်တွင်ပင်လယ်ရေမျက်နှာပြင်မှာတောင်ကုန်းတစ်ခုသဏ္ဍာန်မြင့်တတ်လာပြီးရှောင်ကျန့်၏လှပသွယ်လျတဲ့အပြာရောင်အမြှီးအရှည်ကြီးနဲ့အတူနေရောင်​အောက်၌တောက်ပစွာထွက်ပေါ်လာသည်။

ရှောင်ကျန့်ရဲ့နဖူးအလည်ရှိအပြာရောင်ကျောက်မျက်လေးမှာလက်ကနဲတောက်ပသွားပြီးသူ့တစ်ကိုယ်လုံးကိုရေတွေလွှမ်းခြုံသွားစေသည်။ပြီးနောက်တွင်သူ့ရဲ့ရှည်လျားလှပတဲ့အပြာရောင်အမြှီးရှည်ကြီးမှာပျောက်ကွယ်သွားပြီးမိုးပြာရောင်ဝတ်ရုံစတစ်ချို့မှာလေနဲ့အတူလွင့်မြောထွက်ပေါ်လာ၏။

ဖြူဖွေးဥနုပြီးသွယ်လျကျော့ရှင်းလှပသည့်ကျောက်စိမ်းဖြူကဲ့သို့ခြေတံစင်းစင်းလေးတွေဟာရေပြင်ထက်သို့ပေါ့ပါးစွာဆင်းသက်လာလေသည်။အပြစ်အနာအဆာကင်းမဲ့သောခြေဖမိုးလေးတွေနဲ့အူယားစဖွယ်ခြေချောင်းလေးတွေမှာမြင်သူတကာပြေးလျက်ချင်စရာကောင်းလောက်အောင်ဆွဲဆောင်နိုင်လွန်းသည်။

ပင်လယ်ပြာရောင်နူးညံ့လှပတဲ့ဆံနွယ်တွေမှာသူ့အရပ်ကိုပင်ကျော်လွန်သည်အထိရှည်လျားလှပြီးလေထုထဲတွင်တစ်လွင့်လွင့်ဖြင့်အိမ်မက်ဆန်လှသည်။

မိုးပြာရောင်ဝတ်စုံနှင့်ရှောင်ကျန့်ဟာသူ့အထက်မှာရှိနေတဲ့ဧရာမအနက်ရောင်နဂါးကြီးကိုမြပြာရောင်မျက်လုံးလေးတွေကိုဝင့်လျက်ကြည့်လာသည်။သူ့ရဲ့အနုပညာမြောက်လက်ချောင်းသွယ်သွယ်လေးတွေမှာလှုပ်ရှားဝှေ့ယမ်းသွားသည်နှင့်တစ်ပြိုင်နက်မရေမတွက်နိုင်တဲ့ပုလဲဖြူလေးတွေမှာအပေါ်သို့မြောက်တတ်လာပြီးနဂါးနက်ကြီးအားဝင်တိုက်သည်။

နဂါးနက်ကြီးဟာစိတ်ဝိဥာဥ်တိုက်ခိုက်ခံရမှုကြောင့်နာကျင်စွာအော်ဟစ်ရင်းရှောင်ကျန့်ကိုသူ့နဂါးလက်သည်းတွေဖြင့်ကုပ်ဆွဲလိုက်သည်။သို့သော်လည်းချွန်ထက်သည့်လက်သည်းတွေနဲ့ဧရာမှနဂါးလက်ကြီးနှစ်ဖက်မှာရေဒိုင်းကြီးတစ်ခုရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။နဂါးနက်ကြီးမှာမည်မျှအားစိုက်ထုတ်နေပါစေ....ရေဒိုင်းကာကြီးကိုတော့အနည်းငယ်မျှလှုပ်ရှားသွားအောင်မစွမ်းဆောင်နိုင်ခဲ့ပါချေ။

ပင်လယ်ပြင်ရှိတောင်တစ်လုံးစာရှိတဲ့ရေလုံးကြီးတစ်ဒါဇင်ခန့်မှာလေပေါ်သို့မြောက်တတ်လာပြီးနတဂါးနက်ကြီးဆီုးဝင်သွားသည်။ရေလုံးကြီးတွေရဲ့တွန်းတိုက်မှုတွေနဲ့အတူပုလဲလုံးလေးတွေရဲ့နေရာမလတ်တိုက်ခိုက်မှုကြောင့်ဘယ်လိုပဲကည့်နေပါစေအနက်ရောင်နဂါးကြီးမှာတစ်ဖက်သတ်အဆော်ခံနေခြင်းသာဖြစ်သည်။

ရှောင်ကျန့်ကချည်းဆော်တာခံနေရသူသနားစရာနဂါးနက်ကြီးမှာငိုချင်ပေမယ့်မျက်ရည်ကကျမလာခဲ့ချေ။

ဘယ်မလဲ....မျှမျှတတတိုက်ခိုက်တာ.....

မင်းချည်းငါ့ကိုအဆက်မပြတ်ဆော်နေတာကြားလို့မှကောင်းကြသေးရဲ့လားလို့....ဝူး..ဝူး...

နဂါးလည်းသိက္ခာနဲ့ပါ.....

ရှောင်ကျန့်ကနဂါးရဲ့ခန္ဓာကိုယ်ကိုထိခိုက်နာကျင်စခြင်းမရှိစေပေ။သူကစိတ်ဝိဥာဥ်ကိုချည်းအဓိကတိုက်ခိုက်နေခြင်းဖြစ်တာကြောင့်အနက်ရောင်နဂါး၏စိတ်ဝိဥာဥ်မှာအားနည်းသထက်အားနည်းလာသည်။သိထားရမည်မှာကျင့်ကြံသူတိုင်းအတွင်သူတို့ရဲ့စိတ်ဝိဥာဥ်မှာလွန်စွာအရေးကြီးသည်။စိတ်ဝိဥာဥ်ထိခိုက်ခဲ့လျှင်ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရသွားခဲ့ရင်ပြန်လည်ကုသတာထက်အဆပေါင်း၁၀၀၀ပိုမိုခက်ခဲလှသည်။

ရှောင်ကျန့်ရဲ့တိုက်ခိုက်မှုကလေဟာနယ်အက်ကွဲကြောင်းတွေကိုဖြစ်ပေါ်လာစေသည်။သူ့ရဲ့စွမ်းအားတွေကိုထိန်းချုပ်ထားပေမယ့်ဒီသီးသန့်ကမ္ဘာငယ်ဖြစ်သောပင်လယ်ပြင်မှာရှောင်ကျန့်ရဲ့တိုက်ခိုက်မှုဒဏ်ကိုခံနိုင်ရည်မရှိခဲ့ပေ။

သို့သော်.....
ထိုပျက်ဆီးတော့မလိုမျိုးလေဟာနယ်အက်ကွဲကြောင်းတွေပေါ်လာသည့်အခါတိုင်းတစ်စုံတစ်ခုရဲ့ဖာထေးခြင်းကိုခံလိုက်ရသလိုမျိုးသူ့အလိုလိုပြန်လည်ကောင်းမွန်သွားတတ်သည်။

ပြောစရာမလိုအောင်ပင်လက်သည်တရားခံနှစ်ဦး'ချင်း'မျိုးရိုးအမွှာနှစ်ယောက်မှာရှောင်ကျန့်ရဲ့လှုပ်ရှားမှုအားလုံးကိုအငမ်းမရလောဘတကြီးစိုက်ကြည့်နေကြသည်။ရှောင်ကျန့်ကသူတို့နှစ်ယောက်ကိုပြင်ပကအနှောင့်အယှက်တွေမရှိအောင်ကြည့်ပေးထားဖို့ရန်ပြောထားသည်။

ထို့အတွက်ရှောင်ကျန့်တိုက်ခိုက်ရာမှာအနှောင့်အယှက်ကင်းစေဖို့ရန်အက်ကွဲလာတဲ့လေဟာနယ်တွေကိုပြန်လည်ပြုပြင်မွမ်းမံပေးပြီးသီးသန့်ကမ္ဘာလေးကိုထိန်းသိမ်းပေးခဲ့သည်။

_________________________________________________________________

Zawgyi

ေရွာင္က်န့္၏သြယ္လ်လွပတဲ့အျမႇီးရွည္ေလးမွာေရစီးနဲ႕အကူညင္သာစြာယိမ္းႏြဲ႕ေနၿပီးနဂါးႀကီးရဲ႕႐ုန္းကန္မႈေၾကာင့္ျဖစ္ေပၚလာတဲ့ေရလွိုင္းႀကီးေတြမွာသူ႕အနားသို႔မေရာက္ခင္မွာတင္ေပ်ာက္ကြယ္သြားသည္။

ေရွာင္က်န့္၏ျမျပာေရာင္မိုးမခကိုင္းကဲ့သို႔မ်က္ခုံးတန္းေလးေတြမွာအလိုမက်မႈေၾကာင့္ေယာင္ေယာင္ေလးတြန့္ခ်ိဳးလိုက္သည္။

'အုန္းသီး'

[ကြၽန္ေတာ္ရွိပါတယ္host]

'လုံဖုခ်န္ခႏၶာကိုယ္ထဲကအနက္ေရာင္နဂါးဝိဥာဥ္ကိုဖယ္ထုတ္နိုင္မယ့္နည္းလမ္းရွိလား'

[hostကလူမွန္ကိုေမးလိုက္တာပဲ....
ဝိဥာဥ္ေတြကိုစုပ္ယူဖမ္းဆီးနိုင္တဲ့ဝိဥာဥ္စုပ္ယူဖန္လုံးရွိတယ္....ေစ်းကသိပ္မမ်ားပါဘူး....points2500တည္းပါ....ဝယ္မယ္မလားhost]

'ဝယ္လိုက္'

[ဟုတ္ကဲ့....ဝိဥာဥ္စုပ္ယူဖန္လုံးကိုဝယ္ယူအားေပးမႈအတြက္အထူးေက်းဇူးတင္ရွိပါတယ္ဗ်.....ေအာ္...ဒါနဲ႕hostေရ....ဝိဥာဥ္စုပ္ယူဖန္လုံးထဲကိုထည့္သြင္းခံရမယ့္ဝိဥာဥ္ကအားနည္းေနဖို႔ေတာ့လိုတယ္ေနာ္]

'ငါသိၿပီ'

ေရွာင္က်န့္ကေလးေလးနက္နက္သက္ျပင္းခ်လိဳက္ကာအနက္နဲ႕အျပာေရာင္အားၿပိဳင္ေနသည့္နဂါးႀကီးရဲ႕မ်က္လုံးေတြကိုစူးစိုက္ၾကည့္လိုက္သည္။

"ခ်န္ေကာ....ကြၽန္ေတာ့္ကိုယုံတယ္မလား"

ေရွာင္က်န့္ရဲ႕အသံေလးမွာက်ယ္ေလာင္ျခင္းမရွိေပမယ့္လြန္စြာၾကည့္လင္၍ေရစက္ေလးေတြတစ္စက္စက္က်ေနသလို၊ပုလဲလုံးေလးေတြလႈပ္ခတ္ေနသလိုမ်ိဳးသာယာလွသည္။

ထိုအသံေလးေၾကာင့္နဂါးႀကီး၏႐ုန္းကန္လႈပ္ရွားေနမႈမွာရပ္တန့္သြားၿပီးဇေဝဇဝါပုံစံျဖင့္ေရွာင္က်န့္ကိုၾကည့္လာသည္။

"ဘာကိုဆိုလိုတာလဲ"

"ကြၽန္ေတာ္ေမးတာသာေျဖေပးပါ.....ခ်န္ေကာ...ကြၽန္ေတာ့္ကိုယုံလား"

"အင္း"

နဂါးႀကီးကတုံ႕ဆိုင္းျခင္းမရွိျပန္ေျဖေပးလာသည္။ေရွာင္က်န့္ဟာႏူးညံ့စြာၿပဳံးရင္းထပ္မံဆိုလိုက္သည္။

"ဒါဆိုခ်န္ေကာရဲ႕ခႏၶာကိုယ္ထဲက'အဲ့ဒီအရာ'ကိုခႏၶာကိုယ္ကိုအျပည့္အဝထိန္းခ်ဳပ္ခြင့္ေပးလိုက္နိုင္မလား.....ၿပီးေတာ့...ခ်န္ေကာကလုံၿခဳံေအာင္ပုန္းခိုေနေပးပါ"

နဂါးႀကီးကေရွာင္က်န့္ဘာလုပ္ခ်င္ေနမွန္းတကယ္မသိေပ။ဒီလိုလုပ္လိုက္တာကအခန့္မသင့္ရင္သူ႕ရဲ႕ဝိဥာဥ္မွာဝါးမ်ိဳခံရနိုင္ေခ်80%ခန့္ရွိသည္။သို႔ေပမယ့္လည္းလုံဖုခ်န္ကျပန္လည္ေမးျမန္းျခင္းမရွိခဲ့ေပ။သူညီကိုသူအျပည့္အဝယုံၾကည္သည္။

"ေကာင္းၿပီေလ"

အျပာေရာင္နဂါးဝိဥာဥ္ႀကီး၏တင္းခံထားေသာစိတ္ဝိဥာဥ္မွာလုံးဝေလ်ာ့ခ်လိဳက္ၿပီးေသးငယ္ေသာအျပာေရာင္အလင္းစက္ေလးတစ္ခုအျဖစ္နဂါးႀကီး၏ခႏၶာကိုယ္ထဲရွိအလုံၿခဳံဆုံးေသာတစ္ေနရာမွာသြားေရာက္ပုန္းခိုလိုက္သည္။သူ႕ရဲ႕အျပဳအမူအားလုံးမွာလုံးဝတုန့္ဆိုင္းေနျခင္းမရွိခဲ့ေပ။

အျပာေရာင္နဂါးဝိဥာဥ္၏တြန္းကန္တိုက္ခိုက္ျခင္းေပ်ာက္ဆုံးသြားသည့္အခါတြင္နဂါးႀကီး၏မ်က္လုံးအတြင္းရွိျပာလဲ့ေနသည့္အေရာင္ေတြမွာတျဖည္းျဖည္းမွိန္ေဖ်ာ့လာၿပီးနက္ေမွာင္မႈကအစားထိုးဝင္ေရာက္လာသည္။

အျပာေရာင္နဂါးအေၾကးခြံေတြဟာလည္းနဂါးမ်က္လုံးနည္းတူအနက္ေရာင္၏ဝါးမ်ိဳျခင္းကိုခံလိုက္ရသည္။ဤသို႔ျဖင့္သိပ္မၾကာခင္အခ်ိန္ေလးအတြင္းမွာပဲမူလကအေရာင္ႏွစ္မ်ိဳးႏွင့္ဧရာမနဂါးႀကီးမွာအနက္ေရာင္နဂါးအျဖစ္ေျပာင္းလဲသြားခဲ့ေလသည္။

"ဟား.....ဟား.....ဟား......"

ဧရာမအနက္ေရာင္နဂါးႀကီး၏က်ယ္ေလာင္စြာေအာ္ဟစ္ရယ္ေမာသံႀကီးမွာပင္လယ္ေရမ်က္ႏွာျပင္ကိုႀကီးမားၾကမ္းတမ္းႀကီးေၾကာက္မက္ဖြယ္ေကာင္းသည့္လွိုင္းလုံးႀကီးေတြျဖစ္ေပၚလာေစသည္။

"ဟား....ဟား.....မင္းတို႔ရဲ႕အ႐ူးထမႈကငါ့ကိုလြတ္လပ္သြားေစတာပဲ....အ႐ူးေတြ..."

အနက္ေရာင္နဂါးႀကီးကေရွာင္က်န့္နဲ႕ပုန္းကြယ္ေနသည့္အျပာေရာင္နဂါးဝိဥာဥ္လုံဖုခ်န္အားေလွာင္ရယ္ရယ္သည္။

ခြၽင္....

အနက္ေရာင္နဂါးႀကီး၏လႈပ္ရွားမႈကိုဧရာမသံႀကိဳးနက္ႀကီးေတြကတင္းတင္းၾကပ္ၾကပ္ခ်ဳပ္ႏွောင္၍တားဆီးလာသည္။နဂါးႀကီး၏မ်က္ႏွာမွာပ်က္ယြင္းသြားၿပီးေဒါသတႀကီးေအာ္ဟစ္ကာသံႀကိဳးႀကီးေတြဆီကေနျပင္းထန္စြာ႐ုန္းကန္လာသည္။သို႔ေသာ္လည္းသံႀကိဳးႀကီးေတြမွာ႐ုန္းကန္မႈေၾကာင့္ပ်က္စီးသြားရမည့္အစားပိုမိုခ်ဳပ္ႏွောင္လာၿပီးပိုလႈပ္ရွားေလေ႐ႊ႕လ်ားဖို႔ရန္ခက္ခဲလာေလျဖစ္သည္။

"အား!!!!ငါ့ကိုလႊတ္စမ္း....အယုတ္တမာေလးေတြ...."

နဂါးနက္ႀကီး၏လႈပ္ရွားမႈေတြအားလုံးကိုေရွာင္က်န့္ကအမူအရာမဲ့စြာစိုက္ၾကည့္ေနသည္။ထို႔ေနာက္သူ႕ရဲ႕ေပ်ာ့ေျပာင္းသြယ္လ်တဲ့လက္ေခ်ာင္းေလးေတြမွာလွပစြာလႈပ္ရွားသြားၿပီးပင္လယ္ျပာေရာင္ႏွင့္ေ႐ႊေရာင္ေရာစပ္ထားသည့္အလင္းတန္းတစ္ခုထြက္ေပၚလာသည္။

၎ေ႐ႊျပာေရာင္အလင္းတန္းမွာစုစည္းသိပ္သည္းလာၿပီးႀကီးမားသည့္ဓားရွည္ႀကီးတစ္ခုအျဖစ္သို႔ေျပာင္းလဲသြားသည္။ထိုဧရာမေ႐ႊျပာေရာင္ဓားရွည္ႀကီးမွာအေပၚသို႔ေျမာက္တတ္လာၿပီးဧရာမအနက္ေရာင္ခ်ိန္းႀကိဳးႀကီးေတြေပၚသို႔ခုတ္ခ်လိဳက္သည္။

ဧရာမအနက္ေရာင္ခ်ိန္းႀကိဳးႀကီးေတြမွာဓားရွည္ႀကီးရဲ႕ထိခတ္မႈနဲ႕အတူတစ္စစီကြဲအက္သြားသည္။နဂါးႀကီး၏ခႏၶာကိုယ္မွာဝွစ္ကနဲလႈပ္ရွားသြားၿပီးသံႀကိဳးေတြ၏ခ်ဳပ္ႏွောင္ထားမႈမွလြတ္ေျမာက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ပင္လယ္ေရမ်က္ႏွာျပင္ထက္သို႔တတ္သြားေလသည္။

မိုင္ေပါင္းမ်ားစြာနက္ရွိုင္းသည့္ပင္လယ္ႀကီးမွာနဂါးနက္ႀကီးအတြက္ေတာ့အခက္အခဲမရွိသြားလာနိုင္သည္။

"ဟား....ဟား.....ငါလြတ္ၿပီ!!...ငါလြတ္ၿပီ!!"

သို႔ေသာ္.....
ေရွာင္က်န့္ကနဂါးနက္ႀကီးကိုဒီအတိုင္းလႊတ္လိုက္ဖို႔ရန္ဆိုသည္မွာလုံးဝမျဖစ္နိုင္ေပ။သူလႊတ္လိုက္တာကလဲအေၾကာင္းျပခ်က္ရွိသည္။

၎မွာဗီလိန္ဖူလင္းအတြက္လက္စားေျခေပးျခင္းတစ္မ်ိဳးျဖစ္သည္။ႏွစ္ေပါင္းမ်ားစြာခ်ဳပ္ႏွောင္ခံထားရျခင္းေၾကာင့္နဂါးနက္ႀကီး၏စိတ္ဝိဥာဥ္မွာအနည္းနဲ႕အမ်ားေတာ့ထိခိုက္နာက်င္မႈရွိခဲ့မည္မွာေသခ်ာသည္။သို႔ေပမယ့္ဒီဒဏ္ရာေလာက္နဲ႕ေတာ့ဝိဥာဥ္စုပ္ယူဖန္လုံးျဖင့္စုပ္ယူသြားနိုင္ဖို႔ကခက္ခဲေနေသးသည္။ၿပီးေတာ့သူကဒီေသာက္က်ိဳးနဲအနက္ေရာင္နဂါးကိုစိတ္ေက်နပ္သည္အထိစိတ္တိုင္းက်သမ,ခ်င္ေနေသးသည္။

အကယ္၍သံႀကိဳးျဖင့္ခ်ဳပ္ႏွောင္ၿပီးတိုက္ခိုက္ခဲ့ပါကအနည္းငယ္အနိုင္က်င့္ဗိုလ္က်ရာက်လိမ့္မည္ဟုခံစားရသည္။

ဟမ့္.....ဒီေဖေဖရဲ႕ေျပာင္ေျမာက္တဲ့လက္သီးကိုခံစားၾကည့္လိုက္.....

ေရွာင္က်န့္ရဲ႕ရွည္လ်ားသြယ္လ်တဲ့အျမႇီးလွလွေလးေတြမွာလႈပ္ရွားသြားၿပီးလွ်ပ္စီးကဲ့သို႔အျမန္ႏႈန္းျဖင့္ပ်ံသန္းထြက္ခြာဟန္ျပင္ေနသည့္နဂါးႀကီး၏ပတ္ပတ္လည္ကိုလွည့္ပတ္လိုက္သည္။ေလေပြတစ္ခုမွာေရွာင္က်န့္ရဲ႕လွ်င္ျမန္လွတဲ့အရွိန္ႏႈန္းေၾကာင့္ထြက္ေပၚလာၿပီးနဂါးႀကီးကိုတစ္ဝီဝီလည္သြားေစသည္။

ေရွာင္က်န့္ရဲ႕ေသးသြယ္ျဖဴဝင္းတဲ့လက္ေကာက္ဝတ္ေလးေတြေပၚ၌ပုလဲလုံးေလးေတြမွာတစ္စစီျပန့္က်ဲသြားၿပီးမူးေဝေနတဲ့နဂါးႀကီး၏အေၾကးခြံေတြဆီသို႔ဝင္တိုက္သည္။ပုလဲလုံးေလးေတြမွာေသးငယ္လုံးဝိုင္းသည္။အထူးသျဖင့္မတိုင္းဆနိုင္ေလာက္ေအာင္ႀကီးမားေသာဧရာမနဂါးနက္ႀကီးႏွင့္ႏွိုင္းယွဥ္လိုက္သည့္အခါတြင္ဖုန္မႈန့္အ႐ြယ္ေလာက္ပင္ရွိေတာ့သည္။

ဒါေပမယ့္ထိုပုလဲလုံးျဖဴေလးေတြ၏ထိေတြ႕မႈကိုခံစားလိုက္ရသည့္အခ်ိန္တြင္နဂါးနက္ႀကီး၏နာက်င္စြာျဖင့္က်ယ္က်ယ္ေလာင္ေလာင္ေအာ္ဟစ္သံမွာဟိန္းကနဲထြက္ေပၚလာသည္။

"အားးးးးးးးး"

နဂါးႀကီး၏ေအာ္ဟစ္သံေၾကာင့္ပင္လယ္မ်က္ႏွာျပင္ထက္တြင္ႀကီးမားသည့္လွိုင္းလုံးႀကီးေတြနဲ႕အတူျပင္းထန္သည့္မုန္တိုင္းေတြတိုက္ခတ္လာသည္။

ပင္လယ္ကမ္းေျခေက်ာက္ေဆာင္ထက္တြင္ရွိေနသည့္လူေလးေယာက္ဟာပင္လယ္မ်က္ႏွာျပင္၏ႀကီးမားသည့္ေျပာင္းလဲမႈေတြေၾကာင့္မ်က္ေမွာင္ၾကဳတ္လိုက္မိၾကသည္။

လဲ့ခ်င္းယန္ဟာသူ႕ႏႈတ္ခမ္းကိုခပ္တင္းတင္းကိုက္လိုက္မိၿပီးသူ႕အေဖအတြက္စိုးရိမ္ပူပန္မႈကိုေဖ်ာက္ဖ်က္နိုင္ျခင္းမရွိပါေခ်။သူတကယ္စိုးရိမ္ေနမိသည္။

'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္ဟာေတာ့က်န္ႏွစ္ေယာက္ႏွင့္မတူစြာပင္ပင္လယ္ေအာက္ေျခကိုေဖာက္ျမင္နိုင္ေလသည္။အႀကီးေကာင်နှင့်အငယ်ကောင်နှစ်ယောက်မှာဟိုးအနက်ရှိုင်းဆုံးပင်လယ်အောက်ခြေရှိပြင်းထန်ရက်စက်သည့်တိုက်ပွဲကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်။အကယ်၍ရှောင်ကျန့်သာထိခိုက်ဒဏ်ရာသေးသေးလေးတစ်ခုဖြစ်ခဲ့ရင်ဒီနဂါးနက်ကြီး၏ဘဝကတော့မတွေးရဲစရာပင်ဖြစ်သည်။

အဟမ္း....ပင္လယ္ေအာက္ေျခကအျဖစ္အပ်က္ကိုျပန္သြားၾကရရင္နဂါးနက္ႀကီးမွာပုလဲလုံးေလးေတြေၾကာင့္အသည္းခိုက္မတတ္နာက်င္ခံစားသြားရေပမယ့္သူ႕ရဲ႕နဂါးခႏၶာကိုယ္ေပၚတြင္ေတာ့ျခစ္ရာေလးတစ္ခုေတာင္ထင္က်န္ရစ္ျခင္းမရွိခဲ့ပါေပ။၎မွာစိတ္ဝိဥာဥ္တိုက္ခိုက္မႈျဖစ္သည္။ေရွာင္က်န့္ကနဂါးနက္ႀကီး၏ခႏၶာကိုယ္အစားဝိဥာဥ္အားနည္းေစရန္စိတ္ဝိဥာဥ္တိုက္ခိုက္မႈကိုသာဦးစားေပးထားခဲ့သည္။

မည္သို႔ပင္ဆိုေစဤနဂါးခႏၶာကိုယ္မွာအျပာေရာင္နဂါး'လံုဖုချန်'၏ခႏၶာကိုယ္လည္းျဖစ္ေနသည္မဟုတ္ပါလား။ထို႔အတြက္အတတ္နိုင္ဆုံးအထိအခိုက္မရွိေစရန္သူႀကိဳးစားသည္။

မေရမတြက္နိုင္သည့္အျဖဴေရာင္ပုလဲလုံးေလးေတြဟာဧရာမနဂါးႀကီးကိုစုဝိုင္းၿပီးအဘက္ဘက္ကဝင္ေရာက္တိုက္ခိုက္သည္။ပုလဲလုံးတစ္လုံးႏွင့္ထိမိလိုက္သည့္အခ်ိန္တိုင္းနဂါးနက္ႀကီး၏ေအာ္သံနက္ႀကီးမွာနာက်င္စြာထြက္ေပၚလာၿပီးသိန္းနဲ႕ခ်ီတဲ့ပုလဲလုံးေလးေတြေၾကာင့္နဂါးနက္ႀကီး၏ဆိုးယုတ္ေသာစိတ္ဝိဥာဥ္မွာသိသိသာသာထိခိုက္အားနည္းလာသည္။

နဂါးနက္ႀကီးဟာသူ႕ရဲ႕ႀကီးမားသည့္အျမႇီးရွည္ႀကီးကိုပင့္ျမႇောက္ရင္းေရွာင္က်န့္ကိုရိုက္ခ်သည္။နဂါးအျမႇီးမွာလြန္စြာႀကီးမားလွၿပီးပင္လယ္ႀကီးကိုေတာင္ဖုံးမတတ္ပင္။

ႀကီးျမတ္သူအဆင့္က်င့္ႀကံသူေတြေတာင္ဒီဖိအားေအာက္မွာတစ္စစီေပါက္ကြဲထြက္သြားနိုင္သည္။ဒါကေရွာင္ရွားဖို႔မျဖစ္နိုင္သေလာက္ပင္ရွိ၏။ဒါေပမယ့္ေရွာင္က်န့္ကလြန္စြာေအးေဆးေနသည္။သူ႕ရဲ႕ပါးလႊာတဲ့ခါးေသးေသးေလးမွာရင္သပ္ရႈ႕ေမာဖြယ္ေကာင္းစြာယိမ္းႏြဲ႕လႈပ္ရွားသြားၿပီးႀကီးမား၍လွပျပန့္ကားသည့္အျပာေရာင္အျမႇီးႀကီးျဖင့္နဂါးအျမႇီးကိုရိုက္ခ်လိဳက္ကာတားဆီးသည္။

ေရသူအျမႇီးမွာႀကီးမားျပန့္ကား၍လြန္စြာလွပေသာ္လည္းပဲနဂါးအျမႇီး၏ႀကီးမားမႈႏွင့္ေတာ့ႏွိုင္းယွဥ္နိုင္ျခင္းမရွိေပ။သို႔ေသာ္အနက္ေရာင္ဧရာမနဂါးအျမႇီးႏွင့္ေရသူအျမႇီးတို႔ထိပ္တိုက္ေတြ႕ဆုံသြားသည့္တခဏတြင္ျပင္းထန္ႀကီးမားသည့္အားလွိုင္းႀကီးနဲ႕အတူနဂါးနက္ႀကီးမွာေရျပင္ထက္သို႔လြင့္ထြက္သြားေလသည္။

ေက်ာက္ေဆာင္ထက္ရွိလဲ့ခ်င္းယန္ဟာပင္လယ္မ်က္ႏွာျပင္ထက္ရွိေရလွိုင္းမွာပိုမိုျပင္းထန္ၾကမ္းတမ္းလာေၾကာင္းသတိထားမိခ်ိန္ေလးတြင္ဧရာမအနက္ေရာင္အရာႀကီးတစ္ခုေရထဲကေနေကာင္းကင္ထက္သို႔လြင့္စင္လာေၾကာင့္ေတြ႕လိုက္ရသည္။

အေသအခ်ာၾကည့္လိုက္ေတာ့၎အရာႀကီးမွာနက္ေမွာင္သည့္အေၾကးခြံေတြႏွင့္ဧရာမအနက္ေရာင္နဂါးႀကီးတစ္ေကာင္ျဖစ္ေနေၾကာင္းေတြ႕လိုက္ရသည္။

လဲ့ခ်င္းယန္ : "....."

ဆုေဖးယြဲ႕ : "....."

လဲ့ခ်င္းယန္ႏွင့္ဆုေဖးယြဲ႕တို႔ႏွစ္ေယာက္လုံး၏ပါးစပ္ေတြမွာျပန္ပိတ္လို႔မရေအာင္ကိုေအာက္ေမးရိုးျပဳတ္က်သည္အထိအေျခအေနဆိုးသြားသည္။

နဂါး......

အစစ္အမွန္နဂါး......

လဲ့ခ်င္ယန္ဟာသူ႕ရဲ႕မ်က္လုံးေတြကိုပြတ္သပ္လိုက္ၿပီးတံေတြးတစ္ခ်က္မ်ိဳခ်လိဳက္သည္။ဒါကသူ႕မ်က္လုံးေတြကိုလွည့္စားေနတာမဟုတ္မွန္းေသခ်ာသည့္အခါတြင္ဘာေျပာရမွန္းေတာင္မသိေတာ့ေခ်။

နဂါးနက္ႀကီမွာလြန္စြာႀကီးမားသည္။ႀကီးမားလြန္း၍ေကာင္းကင္ကိုေတာင္ဖုံးအုပ္နိုင္သည္ဟုထင္ရသည္။

နဂါးႀကီးမွာေရမ်က္ႏွာျပင္အေပၚေကာင္းကင္ယံထက္သို႔လြင့္စင္လာၿပီးသူ႕အရွိန္ကိုထိန္းခ်ဳပ္နိုင္လိုက္သည့္အခါတြင္ေဒါသတႀကီးဟိန္းေဟာက္လိုက္သည္။

နဂါးနက္ႀကီး၏ေအာ္သံမွာျပင္းထန္ၾကမ္းၾကဳတ္သည့္လွိုင္းေတြအျဖစ္အဆုံးမရွိက်ယ္ျပန့္တဲ့ပင္လယ္တစ္ခုလုံးအျပင္ကုန္းေျမထက္သို႔ပါသက္ေရာက္လာသည္။

သို႔ေပမယ့္ထိုလွိုင္းလုံးႀကီးေတြမွာေက်ာက္ေဆာင္အနားသို႔ေရာက္သည္ႏွင့္မျမင္ရသည့္အတားအဆီးတစ္ခုႏွင့္ႀကဳံေတြ႕ခဲ့ရသလိုမ်ိဳးေကြ႕ဝိုက္သြားခဲ့သည္။

အနက္ေရာင္ဧရာမနဂါးႀကီးဟာပင္လယ္ျပင္ထက္ကိုသူ႕ရဲ႕မ်က္လုံးႀကီးေတြနဲ႕စူးစူးရဲရဲစိုက္ၾကည့္ၿပီးထပ္မံဟိန္းေဟာက္လိုက္ျပန္သည္။ထိုအခိုက္တြင္ပင္လယ္ေရမ်က္ႏွာျပင္မွာေတာင္ကုန္းတစ္ခုသ႑ာန္ျမင့္တတ္လာၿပီးေရွာင္က်န့္၏လွပသြယ္လ်တဲ့အျပာေရာင္အျမႇီးအရွည္ႀကီးနဲ႕အတူေနေရာင္ေအာက္၌ေတာက္ပစြာထြက္ေပၚလာသည္။

ေရွာင္က်န့္ရဲ႕နဖူးအလည္ရွိအျပာေရာင္ေက်ာက္မ်က္ေလးမွာလက္ကနဲေတာက္ပသြားၿပီးသူ႕တစ္ကိုယ္လုံးကိုေရေတြလႊမ္းၿခဳံသြားေစသည္။ၿပီးေနာက္တြင္သူ႕ရဲ႕ရွည္လ်ားလွပတဲ့အျပာေရာင္အျမႇီးရွည္ႀကီးမွာေပ်ာက္ကြယ္သြားၿပီးမိုးျပာေရာင္ဝတ္႐ုံစတစ္ခ်ိဳ႕မွာေလနဲ႕အတူလြင့္ေျမာထြက္ေပၚလာ၏။

ျဖဴေဖြးဥႏုၿပီးသြယ္လ်ေက်ာ့ရွင္းလွပသည့္ေက်ာက္စိမ္းျဖဴကဲ့သို႔ေျခတံစင္းစင္းေလးေတြဟာေရျပင္ထက္သို႔ေပါ့ပါးစြာဆင္းသက္လာေလသည္။အျပစ္အနာအဆာကင္းမဲ့ေသာေျခဖမိုးေလးေတြနဲ႕အူယားစဖြယ္ေျခေခ်ာင္းေလးေတြမွာျမင္သူတကာေျပးလ်က္ခ်င္စရာေကာင္းေလာက္ေအာင္ဆြဲေဆာင္နိုင္လြန္းသည္။

ပင္လယ္ျပာေရာင္ႏူးညံ့လွပတဲ့ဆံႏြယ္ေတြမွာသူ႕အရပ္ကိုပင္ေက်ာ္လြန္သည္အထိရွည္လ်ားလွၿပီးေလထုထဲတြင္တစ္လြင့္လြင့္ျဖင့္အိမ္မက္ဆန္လွသည္။

မိုးျပာေရာင္ဝတ္စုံႏွင့္ေရွာင္က်န့္ဟာသူ႕အထက္မွာရွိေနတဲ့ဧရာမအနက္ေရာင္နဂါးႀကီးကိုျမျပာေရာင္မ်က္လုံးေလးေတြကိုဝင့္လ်က္ၾကည့္လာသည္။သူ႕ရဲ႕အႏုပညာေျမာက္လက္ေခ်ာင္းသြယ္သြယ္ေလးေတြမွာလႈပ္ရွားေဝွ႕ယမ္းသြားသည္ႏွင့္တစ္ၿပိဳင္နက္မေရမတြက္နိုင္တဲ့ပုလဲျဖဴေလးေတြမွာအေပၚသို႔ေျမာက္တတ္လာၿပီးနဂါးနက္ႀကီးအားဝင္တိုက္သည္။

နဂါးနက္ႀကီးဟာစိတ္ဝိဥာဥ္တိုက္ခိုက္ခံရမႈေၾကာင့္နာက်င္စြာေအာ္ဟစ္ရင္းေရွာင္က်န့္ကိုသူ႕နဂါးလက္သည္းေတြျဖင့္ကုပ္ဆြဲလိုက္သည္။သို႔ေသာ္လည္းခြၽန္ထက္သည့္လက္သည္းေတြနဲ႕ဧရာမွနဂါးလက္ႀကီးႏွစ္ဖက္မွာေရဒိုင္းႀကီးတစ္ခုရဲ႕တားဆီးျခင္းကိုခံလိုက္ရသည္။နဂါးနက္ႀကီးမွာမည္မွ်အားစိုက္ထုတ္ေနပါေစ....ေရဒိုင္းကာႀကီးကိုေတာ့အနည္းငယ္မွ်လႈပ္ရွားသြားေအာင္မစြမ္းေဆာင္နိုင္ခဲ့ပါေခ်။

ပင္လယ္ျပင္ရွိေတာင္တစ္လုံးစာရွိတဲ့ေရလုံးႀကီးတစ္ဒါဇင္ခန့္မွာေလေပၚသို႔ေျမာက္တတ္လာၿပီးနတဂါးနက္ႀကီးဆီုးဝင္သြားသည္။ေရလုံးႀကီးေတြရဲ႕တြန္းတိုက္မႈေတြနဲ႕အတူပုလဲလုံးေလးေတြရဲ႕ေနရာမလတ္တိုက္ခိုက္မႈေၾကာင့္ဘယ္လိုပဲကည့္ေနပါေစအနက္ေရာင္နဂါးႀကီးမွာတစ္ဖက္သတ္အေဆာ္ခံေနျခင္းသာျဖစ္သည္။

ေရွာင္က်န့္ကခ်ည္းေဆာ္တာခံေနရသူသနားစရာနဂါးနက္ႀကီးမွာငိုခ်င္ေပမယ့္မ်က္ရည္ကက်မလာခဲ့ေခ်။

ဘယ္မလဲ....မွ်မွ်တတတိုက္ခိုက္တာ.....

မင္းခ်ည္းငါ့ကိုအဆက္မျပတ္ေဆာ္ေနတာၾကားလို႔မွေကာင္းၾကေသးရဲ႕လားလို႔....ဝူး..ဝူး...

နဂါးလည္းသိကၡာနဲ႕ပါ.....

ေရွာင္က်န့္ကနဂါးရဲ႕ခႏၶာကိုယ္ကိုထိခိုက္နာက်င္စျခင္းမရွိေစေပ။သူကစိတ္ဝိဥာဥ္ကိုခ်ည္းအဓိကတိုက္ခိုက္ေနျခင္းျဖစ္တာေၾကာင့္အနက္ေရာင္နဂါး၏စိတ္ဝိဥာဥ္မွာအားနည္းသထက္အားနည္းလာသည္။သိထားရမည္မွာက်င့္ႀကံသူတိုင္းအတြင္သူတို႔ရဲ႕စိတ္ဝိဥာဥ္မွာလြန္စြာအေရးႀကီးသည္။စိတ္ဝိဥာဥ္ထိခိုက္ခဲ့လွ်င္ခႏၶာကိုယ္ထိခိုက္ဒဏ္ရာရသြားခဲ့ရင္ျပန္လည္ကုသတာထက္အဆေပါင္း၁၀၀၀ပိုမိုခက္ခဲလွသည္။

ေရွာင္က်န့္ရဲ႕တိုက္ခိုက္မႈကေလဟာနယ္အက္ကြဲေၾကာင္းေတြကိုျဖစ္ေပၚလာေစသည္။သူ႕ရဲ႕စြမ္းအားေတြကိုထိန္းခ်ဳပ္ထားေပမယ့္ဒီသီးသန့္ကမၻာငယ္ျဖစ္ေသာပင္လယ္ျပင္မွာေရွာင္က်န့္ရဲ႕တိုက္ခိုက္မႈဒဏ္ကိုခံနိုင္ရည္မရွိခဲ့ေပ။

သို႔ေသာ္.....
ထိုပ်က္ဆီးေတာ့မလိုမ်ိဳးေလဟာနယ္အက္ကြဲေၾကာင္းေတြေပၚလာသည့္အခါတိုင္းတစ္စုံတစ္ခုရဲ႕ဖာေထးျခင္းကိုခံလိုက္ရသလိုမ်ိဳးသူ႕အလိုလိုျပန္လည္ေကာင္းမြန္သြားတတ္သည္။

ေျပာစရာမလိုေအာင္ပင္လက္သည္တရားခံႏွစ္ဦး'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္မွာေရွာင္က်န့္ရဲ႕လႈပ္ရွားမႈအားလုံးကိုအငမ္းမရေလာဘတႀကီးစိုက္ၾကည့္ေနၾကသည္။ေရွာင္က်န့္ကသူတို႔ႏွစ္ေယာက္ကိုျပင္ပကအႏွောင့္အယွက္ေတြမရွိေအာင္ၾကည့္ေပးထားဖို႔ရန္ေျပာထားသည္။

ထို႔အတြက္ေရွာင္က်န့္တိုက္ခိုက္ရာမွာအႏွောင့္အယွက္ကင္းေစဖို႔ရန္အက္ကြဲလာတဲ့ေလဟာနယ္ေတြကိုျပန္လည္ျပဳျပင္မြမ္းမံေပးၿပီးသီးသန့္ကမၻာေလးကိုထိန္းသိမ္းေပးခဲ့သည္။

_________________________________________________________________

Continue Reading

You'll Also Like

51.9K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
45.8K 4.5K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
12.5K 755 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...