Unicode
ရှောင်ကျန့်၏မျက်ဝန်းလေးတွေမှာမှေးမှိတ်သွားရင်းလတ်ဆက်သည့်ပင်လယ်ရနံ့ကိုသဘောကျစွာရှုရှိုက်လိုက်သည်။
သူ့ရဲ့ခန္ဓာကိုယ်အစစ်မှာရေသူထီးတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့မူရင်းဗီဇကိုကရေကြိုက်တတ်သည်။ရှောင်ကျန့်လည်း၎င်းဗီဇကိုဖျောက်ဖျက်မရပေ။
ရှောင်ကျန့်ကပင်လယ်စပ်နားတွင်တည်ရှိနေသောကျောက်ဆောင်တစ်ခုပေါ်သို့တတ်သွား၏။ကျန်လူလေးယောက်ကလည်းရှောင်ကျန့်အနောက်ကနေလိုက်တတ်လာသည်။
ရှောင်ကျန့်ဟာအတော်အတန်မြင့်မားသည့်ကျောက်ဆောင်ထက်ကနေတစ်ဆင့်ပင်လယ်ရေပြင်ကိုငုံ့ကြည့်လိုက်သည်။ပင်လယ်ရေမှာသိသိသာသာပြာလဲ့ပြီးကြည်လင်နေပေမယ့်ရှောင်ကျန့်ကတော့ပင်လယ်ရေထဲမှာရောနှောနေဲ့အနက်ရောင်ချီမျှင်သေးသေးလေးတွေကိုသတိထားမိသည်။
တကယ်ကိုသူထင်ထားတဲ့အတိုင်းပါပဲလား....
ရှောင်ကျန့်သူ့နှုတ်ခမ်းလေးတွေကိုကိုက်လိုက်မိသည်။
ရေနဂါးတစ်ဖြစ်လဲဗီလိန်ဖူလင်းရဲ့အချစ်ဆုံးသောသူငယ်ချင်း'လံုဖုချန်'.....
'လုံဖုချန်'ကဒီဇာတ်ကြောင်းတွင်အရေးကြီးနေရာ၌ပါဝင်သည်။မူလဇာတ်ကြောင်းအရဇာတ်လိုက်လဲ့ချင်းယန်ဟာဗီလိန်ဖူလင်းကိုရှင်းထုတ်ပြစ်ဖို့အတွက်မဖြစ်နိုင်သလောက်ကိုခက်ခဲခဲ့သည်။ထို့အတွက်ဗီလိန်ဖူလင်းရဲ့အတော်ကြာပျောက်ဆုံးနေတဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ'လံုဖုချန်'မှာအကောင်းဆုံးလက်နက်ဖြစ်လာသည်။
အမှန်တကယ်တွင်'လုံဖုချန်'တွင်မွေးကတည်းကဆန့်ကျင်ဘက်စိတ်ဝိဥာဥ်နှစ်မျိုးပါလာခဲ့သူဖြစ်သည်။စိတ်ဝိဥာဥ်တစ်ခုမှာဖြောင့်မတ်ပြီးရိုးသားသည့်အပြာရောင်ရေနဂါးဝိဥာဥ်ဖြစ်သည်။နောက်ထပ်စိတ်ဝိဥာဥ်တစ်ခုမှာဆိုးယုတ်မည်းညစ်ပြီးအတ္တကြီးကြမ်းကြုတ်သည့်အနက်ရောင်နဂါးဝိဥာဥ်ဖြစ်သည်။
အပြာရောင်နဂါးဝိဥာဥ်မှာအဓိကစိတ်ဝိဥာဥ်ဖြစ်ပြီးငယ်စဥ်ကတည်းကဆိုးယုတ်တဲ့အနက်ရောင်နဂါးဝိဥာဥ်ကိုဖိနှိပ်ထားခဲ့သည်။
၎င်းအနက်ရောင်နဂါးဝိဥာဥ်မှာမကြာခဏထထဖောက်လာတတ်သော်လည်းမူရင်းပင်မဝိဥာဥ်ဖြစ်သူအပြာရောင်နဂါး၏ထိန်းချုပ်မှုကြောင့်အရမ်းကြီးဆိုးဝါးတာမျိုးတော့မရှိခဲ့ချေ။သို့ပေမယ့်တစ်နေ့တွင်ရွှမ်ကုန်းမြေတိုက်ကြီးဆီသို့သွားရင်းစွမ်းအားကြီးမားသည့်သားရဲတစ်ကောင်နှင့်အသေအကြေတိုက်ခိုက်ခဲ့ကြသည်။ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီးနောက်တွင်ထိုသားရဲကြီးမှာသေဆုံးသွားခဲ့သလို'လံုဖုချန်'၏ဝိဥာဥ်သည်လည်းပြင်းထန်သောထိခိုက်မှုရှိခဲ့သည်။
ထိုအခွင့်အရေးကိုချောင်းမြောင်းနေသည့်အနက်ရောင်နဂါးဝိဥာဥ်သည့်မူလဝိဥာဥ်ဒဏ်ရာရ၊ထိခိုက်သွားသည့်အခါတွင်အတင်းအကြပ်ဝါးမျိုဖို့ရန်ကြိုးစားလာ၏။ဝိဥာဥ်နှစ်ခုရဲ့အချင်းချင်းဝါးမျိုတိုက်ခိုက်နေမှုကြောင့်အပြာရောင်နဂါးဝိဥာဥ်'လံုဖုချန်'မှာကိုယ်ပိုင်စွမ်းအားဖြင့်နေရာလွတ်တစ်ခုထဲတွင်ကြီးမားသည့်ပင်လယ်ကြီးတစ်ခုကိုဖန်တီးကာကိုယ့်ကိုယ်ကိုချိတ်ပိတ်ထားခဲ့သည်။
နဂါးဘုရင်'လံုဖုချန်'မှာထိုအချိန်ကတည်းကအစရှာမရအောင်ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီးရေသူဘုရင်ဖူလင်းကဘယ်တုန်းကမှရှာဖွေဖို့ရန်လက်မလျော့ခဲ့ပါချေ။ရွှမ်ကုန်းမြေတိုက်ကြီးကိုသိမ်းပိုက်ရသည့်အကြောင်းအရင်းထဲတွင်သူ့သူငယ်ချင်း'လံုဖုချန်'ကိုရှာဖွေချင်တာကြောင့်လည်းပါသည်။
ဗီလိန်ဖူလင်းကိုအနိုင်ယူဖို့ရန်အတွက်ဇာတ်လိုက်လဲ့ချင်းယန်သည်ချိတ်ပိတ်ခံထားရသည့်အနက်ရောင်နဂါးဝိဥာဥ်နှင့်အပေးအယူလုပ်ခဲ့သည်။လဲ့ချင်းယန်ဟာအနက်ရောင်နဂါးဝိဥာဥ်ကိုချိတ်ပိတ်နေရာမှလွှတ်ပေးကာမကောင်းတဲ့နဂါးဝိဥာဥ်ကိုနဂါးခန္ဓာကိုယ်အားယာယီပိုင်စိုးစေ၍ဗီလိန်ကိုအတူတကွတိုက်ခိုက်ကြသည်။
ဗီလိန်ဖူလင်းဟာသူ့သူငယ်ချင်းဖြစ်သူကိုမတိုက်ခိုက်ရက်ခဲ့ပေ။၎င်းမှာသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုလျော့ကျသွားစေပြီးအနက်ရောင်နဂါးဝိဥာဥ်ကိုအနိုင်ရလိုက်ပေမယ့်ဇာတ်လိုက်ရဲ့လျှပ်တပြတ်တိုက်ခိုက်မှုကိုတော့ခုခံနိုင်စွမ်းမရှိတော့ပေ။
ရေသူဘုရင်ဖူလင်းမှာနဂါးနက်နှင့်တိုက်ခိုက်ခဲ့စဥ်အခါကလွန်စွာညှာတာခဲ့တာကြောင့်သူကိုယ်၌ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့သည်။ထို့ကြောင့်လည်းလဲ့ချင်းယန်၏တိုက်ခိုက်မှုကိုခုခံနိုင်ခြင်းမရှိခဲ့တာဖြစ်သည်။ထိုအကြောင်းရင်းကဗီလိန်ဖူလင်း၏ကျဆုံးရာကျဆုံးကြောင်းအဓိကအကြောင်းပြချက်ဖြစ်သည်။
၎င်းအကြောင်းအရာများကိုကြည့်ခြင်းအားဖြင့်ဇာတ်လိုက်ဖြစ်သူရဲ့ဥာဏ်နီဥာဏ်နက်များပုံနဲ့လှည့်စားတတ်ပုံတွေကိုအလွယ်တကူသိရှိနိုင်သည်။သို့သော်လည်းသူသားအဖြစ်မွေးစားလိုက်သည့်အခါမှဒီဥာဏ်ထက်လှတဲ့ဇာတ်လိုက်မှာဘယ်ကနေဘယ်လိုငဒူ၊င,အ၊ငတုံးတစ်ကောင်ဖြစ်သွားမှန်းစဥ်းစားလို့တောင်မရတော့ပေ။
ဇာတ်လိုက်မဆုဖေးယွဲ့မှာဒီနေရာကိုရှာတွေ့ရသည့်အကြောင်းအရင်းမှာရေဝိဥာဥ်ကြောင့်ဖြစ်သည်။သူမကရေအထူးပြုကျင့်ကြံသူဖြစ်သည့်အပြင်ဇာတ်လိုက်မအရှိန်အဝါကြောင့်ဒီနေရာကိုလွယ်လင့်တကူရောက်ရှိလာခဲ့ရခြင်းဖြစ်သည်။
ရှောင်ကျန့်ဟာသူ့မျက်လုံးလေးတွေကိုမှေးမှိတ်လိုက်ပြီးဟိုး....နက်ရှိုင်းသည့်ပင်လယ်အောက်ခြေဘက်ကိုစိတ်ဝိဥာဥ်ဖြန့်ကျက်၍အာရုံခံလိုက်သည်။ပင်လယ်ပြင်၏မိုင်ပေါင်းများစွာနက်ရှိုင်းသည့်အောက်ဘက်တွင်ရေပွေဖြစ်စေသည်အထိပြင်းထန်သည့်အသက်ရှုသံတစ်ခုကိုအာရုံခံစားမိလိုက်သည်။
ဧရာမအနက်ရောင်သံချိန်းကြိုးကြီးတွေဟာမမှန်းဆနိုင်အောင်ကြီးမားသည့်နဂါးကြီးတစ်ကောင်အားဖမ်းချုပ်ထားခဲ့သည်။နဂါးကြီး၏အကြေးခွံ့အများစုမှာအနက်ရောင်အဖြသ်သို့ပြောင်းလဲနေပြီးပြာလဲ့လဲ့နဂါးအကြေးခွံတွေကိုလည်းမြင်တွေ့နေရသည်။သို့ပေမယ့်လည်းအများစုမှာအနက်ရောင်အဖြစ်သို့ပြောင်းလဲနေပြီးအနက်ရောင်အကြေးခွံတွေမှာအပြာရောင်အကြေးခွံတွေကိုဝါးမျိုနေဟန်ရသည်။
ရှောင်ကျန့်သူ့မျက်လုံးတွေကိုပြန်လည်ဖွင့်ဟလိုက်ပြီးစိတ်မကောင်းခြင်းကြီးစွာသက်ပြင်းချလိုက်သည်။
အမှန်တကယ်တော့နဂါးဘုရင်'လုံဖုချန်'နှင့်ဗီလိန်ဖူလင်းတို့နှစ်ယောက်မှာသူငယ်ချင်းတွေဆိုတာထက်ညီအစ်ကိုအရင်းတွေလိုချစ်ခင်ကြတာဖြစ်သည်။လုံဖုချန်ကရေသူဘုရင်ဖူလင်းကိုသူ့ရဲ့ညီအရင်းလေးတစ်ယောက်ကဲ့သို့ချစ်ခင်အလိုလိုက်သလိုဗီလိန်ဖူလင်းအတွက်လည်း'လံုဖုချန်'မှာသူ့ရဲ့ဆွေမျိုးသားချင်းအစ်ကိုအရင်းတစ်ယောက်လိုသဘောထားပြီးအရာအားလုံးမချွင်းမချန်တိုင်ပင်တတ်သည်။
ဇာတ်လိုက်လက်ချက်ဖြင့်ဗီလိန်ဖူလင်းသေဆုံးသွားသည့်အခါတွင်ဖိနှိပ်ခံထားရသည့်အပြာရောင်နဂါးဘုရင်'လံုဖုချန်'၏ပြင်းထန်သည့်ဒေါသတွေမှာကြောက်မက်ဖွယ်ကောင်းအောင်ပေါက်ကွဲထွက်လာခဲ့သည်။လုံဖုချန်ဟာဇာတ်လိုက်နဲ့သူသေကိုယ်သေရူးသွပ်စွာတိုက်ခိုက်ပြီးနောက်ဇာတ်လိုက်ကိုသတ်ဖြတ်ရန်အတွက်သူ့ကိုယ်သူဖောက်ခွဲပြစ်လိုက်သည်။
လဲ့ချင်းယန်မှာဒဏ်ရာအပြင်းအထန်ရသွားခဲ့သော်လည်းဇာတ်လိုက်ပီပီသေဆုံးခြင်းတော့မရှိခဲ့ပေ။
အော်....အခုတော့လည်းဒီဥာဏ်နီ၊ဥာဏ်နက်၊ဥာဏ်ပြာ၊ဥာဏ်ဝါတွေအပြည့်ဖြင့်ပေါချာချာအနှီးဇာတ်လိုက်မှာသူ့'သား'ဖြစ်လာခဲ့လေပြီမဟုတ်ပါလား.....
ဒီတော့မူလဇာတ်ကြောင်းအရအသေအကြေတိုက်ခိုက်ရမည့်လုံဖုချန်နှင့်လဲ့ချင်းယန်မှာ'ဦးလေး'နဲ့'တူ'ဖြစ်လာခဲ့ကြသည်မှာအတော်လေးတော့အူကြောင်ကြောင်နိုင်လှသည်။
ရှောင်ကျန့်ဟာသူ့ကျောကိုမတ်လိုက်ပြီးသူ့အနောက်ကလူလေးယောက်ကိုစောင်းငဲ့ကြည့်လိုက်သည်။
"ငါရေအောက်ကိုတစ်ချက်ဆင်းကြည့်လိုက်ဦးမယ်....ငါတိုက်ခိုက်တဲ့အခါကျရင်မင်းတို့တွေဝင်မပါကြနဲ့...."
ချင်းယွမ်အန်းနဲ့ချင်းယွမ်မူတို့၏မျက်နှာအမူအရာမှာအတော်လေးပျက်ယွင်းသွားကြသည်။လဲ့ချင်းယန်ဟာလည်းရှောင်ကျန့်ရဲ့ဆိုလိုရင်းကိုသိပ်နားမလည်ဟန်ဖြင့်သူ့ခေါင်းကိုကုပ်လိုက်သည်။
"အမ်....အဖေဘာကိုဆိုလိုတာလဲ"
ရှောင်ကျန့်ဟာဇာတ်လိုက်ကိုကြည့်ပြီးမျက်ဆံတောင်လှန်လိုက်မိသည်။သူ့သားကသူနဲ့ပေါင်းပြီးမှတကယ်တုံးသွားတာကိုတော့ငြင်းမရပေ။ဒီတစ်ကောင်ကိုဘာမှဆက်မပြောတာကောင်းမည်။မဟုတ်ရင်ရှင်းရင်း၊ရှင်းရင်းနဲ့အချိန်တွေကြာပြီးဒီနေရာမှာလည်လည်နေပေလိမ့်မည်ဖြစ်သည်။
ရှောင်ကျန့်ဟာလဲ့ချင်းယန်ကိုလျစ်လျူရှု့လိုက်ပြီး'ချင်း'မျိုးရိုးအမွှာနှစ်ယောက်၏စိုးရိမ်ပူပန်မှုကိုနားလည်စွာဖြင့်ဖြင့်ဆိုသည်။
"စိတ်မပူပါနဲ့....ငါကအားနည်းတဲ့သူတစ်ယောက်မဟုတ်ပါဘူး....တစ်ခြားအနှောင့်အယှက်တွေဝင်မလာအောင်ပဲဂရုစိုက်ပေးပါ...."
ရှောင်ကျန့်ဟာခပ်ဖွဖွပြုံးလိုက်ပြီးအားလုံးကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
"ငါသွားပြီ"
ပြောရင်းဆိုရင်းနှင့်ပင်အားလုံးရှေ့မှောက်ကနေပင်လယ်ရေအောက်ထဲခုန်ဆင်းသွား၏။လဲ့ချင်းယန်မှာလန့်ဖြန့်သွားပြီးပင်လယ်ရေအောက်ကိုကျောက်ဆောင်ထက်ကနေတစ်ဆင့်ငုံ့ကြည့်လိုက်မိသည်။
ထို့နောက်.....ထို့နောက်တွင်လူတိုင်း၏ပင့်သက်ရှိုက်သံနှင့်အတူမျက်လုံးတွေပြူးကျယ်သွားခဲ့ကြသည်။
'ချင်း'အမွှာနှစ်ယောက်မှာရှောင်ကျန့်ရဲ့သရုပ်မှန်ကိုသိသော်လည်းပဲအံ့အားသင့်သွားသည်ကိုတော့ထိန်းမရပေ။ပြီးတော့နှစ်ယောက်လုံး၏မျက်နှာမှာလောဘတကြီးဖြစ်လာပြီးအငမ်းမရလိုက်လံကြည့်ရှု့လာသည်။
ဆုဖေးယွဲ့နှင့်လဲ့ချင်းယန်တို့၏မေးရိုးမှာမြေကြီးထိလုမတတ်ပြုတ်ကျနေပြီးမျက်လုံးတွေမှာလည်းထွက်ကျလုမတတ်ပြူးကျယ်နေသည်။
"အ....အ.....အ.....အဖေ..."
လဲ့ချင်းယန်မှရေအောက်ကိုလက်ညှိုးထိုးလျက်တစ်ဖေတည်းဖေပြီးစကားတောင်ထစ်နေခဲ့သည်။
ပင်လယ်ရေမှာလွန်စွာကြည်လင်ပြီးပြာလဲ့သည်။လှပရှည်လျားနူးညံ့တဲ့ပင်လယ်ပြာရောင်ဆံနွယ်တွေမှာရေထဲတွင်လွင့်မြောနေပြီးအလွန်လှပသွယ်လျသည့်အပြာရောင်အမြှီးအရှည်ကြီးမှာရေလှိုင်းနဲ့အတူလှပစွာရွေ့လျားနေသည်။ကြီးမားကျယ်ပြန့်သည့်ရေယက်ကြီးမှာပုလဲဖြူတွေနဲ့အတူအလှဆင်ထားပြီးမြင်သူတိုင်းကိုထိချင်ကိုင်ချင်လာအောင်မြူစွယ်နိုင်လွန်းသည်။
သေးသွယ်ဖြူဖွေးတဲ့လက်ကောက်ဝတ်လေးတွင်ပုလဲဖြူတွေဝတ်ဆင်ထားပြီးသီထားသောပုလဲလုံးတန်းလေးတွေမှာရေနဲ့အတူလွင့်မြောနေ၏။
အထူးသဖြင့်သူ့ရဲ့နဖူးအလည်တည့်တည့်တွင်အပြာရောင်ကျောက်လေးတစ်ခုရှိနေပြီးပင်လယ်ရေနဲ့အတူတစ်လက်လက်တောက်ပနေသည်။လူတိုင်းကိုမှင်သပ်မှုဖြစ်စေသည့်အရေးကြီးဆုံးအရာမှာသူ့ရဲ့ကမ္ဘာပျက်လောက်သည်အထိလှပတဲ့မျက်နှာသေးသေးလေးသာဖြစ်သည်။
ဒါက......
အရမ်း...အရမ်းလှရက်နိုင်လွန်းသည်။
တိုင်းပြည်ပျက်စေနိုင်လောက်သည်အထိလှပသူဖြစ်သည့်ဆုဖေးယွဲ့တောင်မှသူနဲ့ယှဥ်လိုက်ရင်သာမန်စိတ်ဝင်စားစရာတစ်စက်မှမရှိသည့်ရွက်ကြမ်းရေကြိုရုပ်အဖြစ်ပြောင်းလဲသွားခဲ့သည်။
သူ့ရဲ့ရင်သပ်ရှု့မောဖွယ်မျက်နှာသေးသေးလေးနှင့်အတူလုံးဝန်းတဲ့ပုခုံးသားလေးတွေရယ်၊ထိကိုင်လောက်ရုံဖြင့်ကျိုးကြေသွားမည်ထင်ရလောက်အောင်ပါးလွှာသေးသွယ်တဲ့ခါးသေးသေးလေးကိုပါထည့်ပေါင်းလိုက်ပါကမြင်သူတိုင်းကိုမူးမေ့လဲသွားစေနိုင်သည်အထိညှို့ယူဖန်းစားနိုင်လွန်းနေသည်။
အထူးသဖြင့်.....
ရင်ဘတ်ကပဲစေ့နီလေးနှစ်ခုကိုထပ်မံထည့်ပေါင်းလိုက်သည့်အခါတွင်.....
ချက်ချင်းပင်'ချင်း'မျိုးရိုးအမွှာနှစ်ယောက်ဟာလဲ့ချင်းယန်နဲ့ဆုဖေးယွဲ့တို့၏ရှေ့၌ပိတ်ရပ်ချလိုက်သည်။
ဟမ့်....သူတို့ရဲ့အချစ်လေးကိုကြည့်ချင်နေတာတဲ့လား....အိပ်မက်သာဆက်မက်နေလိုက်....
လဲ့ချင်းယန်မှာတံတွေးသားတစ်ချက်မျိုချလိုက်ပြီးခုနကမြင်ကွင်းထဲကနေထွက်ခွာမရသေးပေ။
သူ့အဖေမှာအမြှီးရှိတယ်....သူ့မှာကျတော့ဘာလို့ခြေထောက်ကြီးပဲရှိတာနေရတာလဲ....သူလဲသူ့အဖေလိုအမြှီးလှလှလေးတစ်ခုလိုချင်တယ်လို့လေ.....
လဲ့ချင်းယန်ကမဆီမဆိုင်တွေးနှုတ်ခမ်းတောင်ဆူလိုက်မိသည်။ဇာတ်လိုက်မဆုဖေးယွဲ့ဟာတော့အတွေးထဲကနေထွက်လို့တောင်မရသေးပေ။
ဒီလူကတကယ့်ကို.....
ဒဏ္ဍာရီလာရေသူမျိုးနွယ်ဝင်....မဟုတ်သေးဘူး....ရေသူမျိုးနွယ်တောင်မှဒီလောက်ထိလှပမယ်မထင်....ဒီလှပမှုကယောက်ျားမိန်းမဆိုတဲ့လိင်ခွဲခြားထားမှုကိုကျော်လွန်နေခဲ့ပြီဖြစ်သည်။
ရှောင်ကျန့်ဟာရေအောက်ကနေတစ်ဆင့်ကျောက်ဆောင်ပေါ်ကလူတွေကိုလက်ဝေ့ယမ်းပြလိုက်သည်။သူ့လက်ဝတ်ဝတ်ဖြူဖြူလေးရှိပုလဲတန်းလေးမှာလှုပ်ရှားမှုနဲ့အတူဟိုဘက်ဒီဘက်ယိမ်းနွဲ့နေလေသည်။
ထို့နောက်ဟိုး....ရေအနက်ပိုင်းသို့လျှင်မြန်စွာကူးခတ်သွားခဲ့သည်။
ပင်လယ်ရေမှာရှောင်ကျန့်ရဲ့ခိုင်းစေမှုအတိုင်းညင်သာသွာဖြင့်အလိုရှိရာသို့ပို့ဆောင်ပေးသည်။ရေအောက်အနက်မှာမိုင်ပေါင်းများစွာကွာဝေးသော်လည်းဆယ်မိနစ်လောက်ကူးခတ်ခဲ့ရုံနှင့်တင်ကြီးမားသည့်နဂါးကြီးအားချုပ်နှောင်ထားသောရေနက်ပိုင်းထဲသို့ရောက်ရှိလာသည်။
ရှောင်ကျန့်ဟာသူ့အရှေ့ကအိပ်ပျော်နေဟန်ရသည့်နဂါးကြီးကိုအသေအချာကြည့်သည်။အနက်ရောင်အကြေးခွံနဲ့အပြာရောင်အကြေးခွံတွေရောနှောနေသည့်အနှီးနဂါးကြီးမှာအတော်လေးထူးဆန်းသလိုအကြေးခွံတစ်ခုကပင်ရှောင်ကျန့်ရဲ့လက်ရှိအရွယ်အစားလောက်ရှိသည်။ဤသည်မှာနဂါးကြီး၏ကြီးမားမှုကိုမီးမောင်းထိုးပြနေသည်။
အသက်တစ်ခါရှုထုတ်လိုက်ရုံနှင့်တင်မုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေနိုင်သည်အထိဧရာမနဂါးကြီးမှာစွမ်းအားကြီးမားလှ၏။
ရှောင်ကျန့်ကသူ့ရဲ့တည်ရှိမှုကိုဖုန်းကွယ်မထားပေ။ထို့ကြောင့်နဂါးကြီးမှာရှောင်ကျန့်ကိုသတိထားမိသွားပြီးသူ့ရဲ့ဧရာမမျက်လုံးကြီးတွေကိုဖွင့်ဟလာသည်။
အနက်ရောင်နှင့်အပြာရောင်ရောစပ်နေသည့်မျက်လုံးကြီးတွေမှာအတော်လေးဝေဝါးပြီးဇဝေဇဝါဖြစ်နေခဲ့သည်။၎င်းမျက်လုံးအတွင်းရှိဝိဥာဥ်နှစ်ခု၏ရုန်းကန်နေမှုတွေကိုရှောင်ကျန့်မြင်နေရသည်။
"ချန်ကော..."
နဂါးကြီးရဲ့ရုန်းကန်နေတဲ့မျက်လုံးတွေမှာရှောင်ကျန့်ရဲ့ခေါ်သံလေးကြောင့်ပြန်လည်ကြည်လင်လာပြီးမျက်ဆံတစ်ခုလုံးအပြာရောင်အဖြစ်သို့ပြောင်းလဲသွားသည်။
"လင်း.....လင်းအာ...."
နဂါးကြီး၏အသံမှာနှစ်ပေါင်းများစွာစကားမပြောခဲ့ရတာကြောင့်အက်ကွဲပြီးဟိန်းထွက်လာသည်။အသံနေအသံထားမှာအတော်လေးဖျော့တော့ပြီးအားနည်းနေဟန်ရသည်။
"လင်းအာ....တကယ်ပဲလင်းအာလား"
နဂါးကြီး၏မျက်လုံးအတွင်းရှိတောက်ပသောအပြာရောင်လဲ့လဲ့မှာပိုမိုကြည်လင်လာသည်။သို့ပေမယ့်လည်းတစ်ဖက်ဝိဥာဥ်မှာထိုတိုးတက်မှုကိုမလိုလားဟန်ဖြင့်အတင်းအကြပ်တိုက်ခိုက်လာသည်။မျက်လုံးအတွင်းရှိပြာလဲ့နေမှုမှာအနက်ရောင်အရိပ်အငွေ့တွေရစ်သိုင်းလာပြီးခန္ဓာကိုယ်အားအတင်းအကြပ်ထိန်းချုပ်လာသည်။
"မဟုတ်ဘူး....လင်းအာ....သွားတော့..."
နဂါးခန္ဓာကိုယ်ကြီးမှာပိုမိုလှုပ်ရှားရုန်းကန်လာသည်။နဂါးကြီး၏ရုန်းကန်မှုနဲ့အတူဧရာမအနက်ရောင်ချိန်းကြိုးကြီးတွေမှာထူးဆန်းသည့်သင်္ကေတတစ်ချို့ထင်ဟပ်ကာပိုမိုနက်မှောင်တောက်ပလာသည်။
_________________________________________________________________
Zawgyi
ေရွာင္က်န့္၏မ်က္ဝန္းေလးေတြမွာေမွးမွိတ္သြားရင္းလတ္ဆက္သည့္ပင္လယ္ရနံ႕ကိုသေဘာက်စြာရႈရွိုက္လိုက္သည္။
သူ႕ရဲ႕ခႏၶာကိုယ္အစစ္မွာေရသူထီးတစ္ေယာက္ျဖစ္တာေၾကာင့္သူ႕ရဲ႕မူရင္းဗီဇကိုကေရႀကိဳက္တတ္သည္။ေရွာင္က်န့္လည္း၎ဗီဇကိုေဖ်ာက္ဖ်က္မရေပ။
ေရွာင္က်န့္ကပင္လယ္စပ္နားတြင္တည္ရွိေနေသာေက်ာက္ေဆာင္တစ္ခုေပၚသို႔တတ္သြား၏။က်န္လူေလးေယာက္ကလည္းေရွာင္က်န့္အေနာက္ကေနလိုက္တတ္လာသည္။
ေရွာင္က်န့္ဟာအေတာ္အတန္ျမင့္မားသည့္ေက်ာက္ေဆာင္ထက္ကေနတစ္ဆင့္ပင္လယ္ေရျပင္ကိုငုံ႕ၾကည့္လိုက္သည္။ပင္လယ္ေရမွာသိသိသာသာျပာလဲ့ၿပီးၾကည္လင္ေနေပမယ့္ေရွာင္က်န့္ကေတာ့ပင္လယ္ေရထဲမွာေရာႏွောေနဲ႕အနက္ေရာင္ခ်ီမွ်င္ေသးေသးေလးေတြကိုသတိထားမိသည္။
တကယ္ကိုသူထင္ထားတဲ့အတိုင္းပါပဲလား....
ေရွာင္က်န့္သူ႕ႏႈတ္ခမ္းေလးေတြကိုကိုက္လိုက္မိသည္။
ေရနဂါးတစ္ျဖစ္လဲဗီလိန္ဖူလင္းရဲ႕အခ်စ္ဆုံးေသာသူငယ္ခ်င္း'လံုဖုချန်'.....
'လုံဖုခ်န္'ကဒီဇာတ္ေၾကာင္းတြင္အေရးႀကီးေနရာ၌ပါဝင္သည္။မူလဇာတ္ေၾကာင္းအရဇာတ္လိုက္လဲ့ခ်င္းယန္ဟာဗီလိန္ဖူလင္းကိုရွင္းထုတ္ျပစ္ဖို႔အတြက္မျဖစ္နိုင္သေလာက္ကိုခက္ခဲခဲ့သည္။ထို႔အတြက္ဗီလိန္ဖူလင္းရဲ႕အေတာ္ၾကာေပ်ာက္ဆုံးေနတဲ့အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သူ'လံုဖုချန်'မွာအေကာင္းဆုံးလက္နက္ျဖစ္လာသည္။
အမွန္တကယ္တြင္'လုံဖုခ်န္'တြင္ေမြးကတည္းကဆန့္က်င္ဘက္စိတ္ဝိဥာဥ္ႏွစ္မ်ိဳးပါလာခဲ့သူျဖစ္သည္။စိတ္ဝိဥာဥ္တစ္ခုမွာေျဖာင့္မတ္ၿပီးရိုးသားသည့္အျပာေရာင္ေရနဂါးဝိဥာဥ္ျဖစ္သည္။ေနာက္ထပ္စိတ္ဝိဥာဥ္တစ္ခုမွာဆိုးယုတ္မည္းညစ္ၿပီးအတၱႀကီးၾကမ္းၾကဳတ္သည့္အနက္ေရာင္နဂါးဝိဥာဥ္ျဖစ္သည္။
အျပာေရာင္နဂါးဝိဥာဥ္မွာအဓိကစိတ္ဝိဥာဥ္ျဖစ္ၿပီးငယ္စဥ္ကတည္းကဆိုးယုတ္တဲ့အနက္ေရာင္နဂါးဝိဥာဥ္ကိုဖိႏွိပ္ထားခဲ့သည္။
၎အနက္ေရာင္နဂါးဝိဥာဥ္မွာမၾကာခဏထထေဖာက္လာတတ္ေသာ္လည္းမူရင္းပင္မဝိဥာဥ္ျဖစ္သူအျပာေရာင္နဂါး၏ထိန္းခ်ဳပ္မႈေၾကာင့္အရမ္းႀကီးဆိုးဝါးတာမ်ိဳးေတာ့မရွိခဲ့ေခ်။သို႔ေပမယ့္တစ္ေန႕တြင္႐ႊမ္ကုန္းေျမတိုက္ႀကီးဆီသို႔သြားရင္းစြမ္းအားႀကီးမားသည့္သားရဲတစ္ေကာင္ႏွင့္အေသအေၾကတိုက္ခိုက္ခဲ့ၾကသည္။ျပင္းျပင္းထန္ထန္တိုက္ခိုက္ခဲ့ၾကၿပီးေနာက္တြင္ထိုသားရဲႀကီးမွာေသဆုံးသြားခဲ့သလို'လံုဖုချန်'၏ဝိဥာဥ္သည္လည္းျပင္းထန္ေသာထိခိုက္မႈရွိခဲ့သည္။
ထိုအခြင့္အေရးကိုေခ်ာင္းေျမာင္းေနသည့္အနက္ေရာင္နဂါးဝိဥာဥ္သည့္မူလဝိဥာဥ္ဒဏ္ရာရ၊ထိခိုက္သြားသည့္အခါတြင္အတင္းအၾကပ္ဝါးမ်ိဳဖို႔ရန္ႀကိဳးစားလာ၏။ဝိဥာဥ္ႏွစ္ခုရဲ႕အခ်င္းခ်င္းဝါးမ်ိဳတိုက္ခိုက္ေနမႈေၾကာင့္အျပာေရာင္နဂါးဝိဥာဥ္'လံုဖုချန်'မွာကိုယ္ပိုင္စြမ္းအားျဖင့္ေနရာလြတ္တစ္ခုထဲတြင္ႀကီးမားသည့္ပင္လယ္ႀကီးတစ္ခုကိုဖန္တီးကာကိုယ့္ကိုယ္ကိုခ်ိတ္ပိတ္ထားခဲ့သည္။
နဂါးဘုရင္'လံုဖုချန်'မွာထိုအခ်ိန္ကတည္းကအစရွာမရေအာင္ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ၿပီးေရသူဘုရင္ဖူလင္းကဘယ္တုန္းကမွရွာေဖြဖို႔ရန္လက္မေလ်ာ့ခဲ့ပါေခ်။႐ႊမ္ကုန္းေျမတိုက္ႀကီးကိုသိမ္းပိုက္ရသည့္အေၾကာင္းအရင္းထဲတြင္သူ႕သူငယ္ခ်င္း'လံုဖုချန်'ကိုရွာေဖြခ်င္တာေၾကာင့္လည္းပါသည္။
ဗီလိန္ဖူလင္းကိုအနိုင္ယူဖို႔ရန္အတြက္ဇာတ္လိုက္လဲ့ခ်င္းယန္သည္ခ်ိတ္ပိတ္ခံထားရသည့္အနက္ေရာင္နဂါးဝိဥာဥ္ႏွင့္အေပးအယူလုပ္ခဲ့သည္။လဲ့ခ်င္းယန္ဟာအနက္ေရာင္နဂါးဝိဥာဥ္ကိုခ်ိတ္ပိတ္ေနရာမွလႊတ္ေပးကာမေကာင္းတဲ့နဂါးဝိဥာဥ္ကိုနဂါးခႏၶာကိုယ္အားယာယီပိုင္စိုးေစ၍ဗီလိန္ကိုအတူတကြတိုက္ခိုက္ၾကသည္။
ဗီလိန္ဖူလင္းဟာသူ႕သူငယ္ခ်င္းျဖစ္သူကိုမတိုက္ခိုက္ရက္ခဲ့ေပ။၎မွာသူ႕ရဲ႕တိုက္ခိုက္နိုင္စြမ္းကိုေလ်ာ့က်သြားေစၿပီးအနက္ေရာင္နဂါးဝိဥာဥ္ကိုအနိုင္ရလိုက္ေပမယ့္ဇာတ္လိုက္ရဲ႕လွ်ပ္တျပတ္တိုက္ခိုက္မႈကိုေတာ့ခုခံနိုင္စြမ္းမရွိေတာ့ေပ။
ေရသူဘုရင္ဖူလင္းမွာနဂါးနက္ႏွင့္တိုက္ခိုက္ခဲ့စဥ္အခါကလြန္စြာညွာတာခဲ့တာေၾကာင့္သူကိုယ္၌ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားခဲ့သည္။ထို႔ေၾကာင့္လည္းလဲ့ခ်င္းယန္၏တိုက္ခိုက္မႈကိုခုခံနိုင္ျခင္းမရွိခဲ့တာျဖစ္သည္။ထိုအေၾကာင္းရင္းကဗီလိန္ဖူလင္း၏က်ဆဳံးရာက်ဆဳံးေၾကာင္းအဓိကအေၾကာင္းျပခ်က္ျဖစ္သည္။
၎အေၾကာင္းအရာမ်ားကိုၾကည့္ျခင္းအားျဖင့္ဇာတ္လိုက္ျဖစ္သူရဲ႕ဥာဏ္နီဥာဏ္နက္မ်ားပုံနဲ႕လွည့္စားတတ္ပုံေတြကိုအလြယ္တကူသိရွိနိုင္သည္။သို႔ေသာ္လည္းသူသားအျဖစ္ေမြးစားလိုက္သည့္အခါမွဒီဥာဏ္ထက္လွတဲ့ဇာတ္လိုက္မွာဘယ္ကေနဘယ္လိုငဒူ၊င,အ၊ငတုံးတစ္ေကာင္ျဖစ္သြားမွန္းစဥ္းစားလို႔ေတာင္မရေတာ့ေပ။
ဇာတ္လိုက္မဆုေဖးယြဲ႕မွာဒီေနရာကိုရွာေတြ႕ရသည့္အေၾကာင္းအရင္းမွာေရဝိဥာဥ္ေၾကာင့္ျဖစ္သည္။သူမကေရအထူးျပဳက်င့္ႀကံသူျဖစ္သည့္အျပင္ဇာတ္လိုက္မအရွိန္အဝါေၾကာင့္ဒီေနရာကိုလြယ္လင့္တကူေရာက္ရွိလာခဲ့ရျခင္းျဖစ္သည္။
ေရွာင္က်န့္ဟာသူ႕မ်က္လုံးေလးေတြကိုေမွးမွိတ္လိုက္ၿပီးဟိုး....နက္ရွိုင္းသည့္ပင္လယ္ေအာက္ေျခဘက္ကိုစိတ္ဝိဥာဥ္ျဖန့္က်က္၍အာ႐ုံခံလိုက္သည္။ပင္လယ္ျပင္၏မိုင္ေပါင္းမ်ားစြာနက္ရွိုင္းသည့္ေအာက္ဘက္တြင္ေရေပြျဖစ္ေစသည္အထိျပင္းထန္သည့္အသက္ရႈသံတစ္ခုကိုအာ႐ုံခံစားမိလိုက္သည္။
ဧရာမအနက္ေရာင္သံခ်ိန္းႀကိဳးႀကီးေတြဟာမမွန္းဆနိုင္ေအာင္ႀကီးမားသည့္နဂါးႀကီးတစ္ေကာင္အားဖမ္းခ်ဳပ္ထားခဲ့သည္။နဂါးႀကီး၏အေၾကးခြံ႕အမ်ားစုမွာအနက္ေရာင္အျဖသ္သို႔ေျပာင္းလဲေနၿပီးျပာလဲ့လဲ့နဂါးအေၾကးခြံေတြကိုလည္းျမင္ေတြ႕ေနရသည္။သို႔ေပမယ့္လည္းအမ်ားစုမွာအနက္ေရာင္အျဖစ္သို႔ေျပာင္းလဲေနၿပီးအနက္ေရာင္အေၾကးခြံေတြမွာအျပာေရာင္အေၾကးခြံေတြကိုဝါးမ်ိဳေနဟန္ရသည္။
ေရွာင္က်န့္သူ႕မ်က္လုံးေတြကိုျပန္လည္ဖြင့္ဟလိုက္ၿပီးစိတ္မေကာင္းျခင္းႀကီးစြာသက္ျပင္းခ်လိဳက္သည္။
အမွန္တကယ္ေတာ့နဂါးဘုရင္'လုံဖုခ်န္'ႏွင့္ဗီလိန္ဖူလင္းတို႔ႏွစ္ေယာက္မွာသူငယ္ခ်င္းေတြဆိုတာထက္ညီအစ္ကိုအရင္းေတြလိုခ်စ္ခင္ၾကတာျဖစ္သည္။လုံဖုခ်န္ကေရသူဘုရင္ဖူလင္းကိုသူ႕ရဲ႕ညီအရင္းေလးတစ္ေယာက္ကဲ့သို႔ခ်စ္ခင္အလိုလိုက္သလိုဗီလိန္ဖူလင္းအတြက္လည္း'လံုဖုချန်'မွာသူ႕ရဲ႕ေဆြမ်ိဳးသားခ်င္းအစ္ကိုအရင္းတစ္ေယာက္လိုသေဘာထားၿပီးအရာအားလုံးမခြၽင္းမခ်န္တိုင္ပင္တတ္သည္။
ဇာတ္လိုက္လက္ခ်က္ျဖင့္ဗီလိန္ဖူလင္းေသဆုံးသြားသည့္အခါတြင္ဖိႏွိပ္ခံထားရသည့္အျပာေရာင္နဂါးဘုရင္'လံုဖုချန်'၏ျပင္းထန္သည့္ေဒါသေတြမွာေၾကာက္မက္ဖြယ္ေကာင္းေအာင္ေပါက္ကြဲထြက္လာခဲ့သည္။လုံဖုခ်န္ဟာဇာတ္လိုက္နဲ႕သူေသကိုယ္ေသ႐ူးသြပ္စြာတိုက္ခိုက္ၿပီးေနာက္ဇာတ္လိုက္ကိုသတ္ျဖတ္ရန္အတြက္သူ႕ကိုယ္သူေဖာက္ခြဲျပစ္လိုက္သည္။
လဲ့ခ်င္းယန္မွာဒဏ္ရာအျပင္းအထန္ရသြားခဲ့ေသာ္လည္းဇာတ္လိုက္ပီပီေသဆုံးျခင္းေတာ့မရွိခဲ့ေပ။
ေအာ္....အခုေတာ့လည္းဒီဥာဏ္နီ၊ဥာဏ္နက္၊ဥာဏ္ျပာ၊ဥာဏ္ဝါေတြအျပည့္ျဖင့္ေပါခ်ာခ်ာအႏွီးဇာတ္လိုက္မွာသူ႕'သား'ျဖစ္လာခဲ့ေလၿပီမဟုတ္ပါလား.....
ဒီေတာ့မူလဇာတ္ေၾကာင္းအရအေသအေၾကတိုက္ခိုက္ရမည့္လုံဖုခ်န္ႏွင့္လဲ့ခ်င္းယန္မွာ'ဦးေလး'နဲ႕'တူ'ျဖစ္လာခဲ့ၾကသည္မွာအေတာ္ေလးေတာ့အူေၾကာင္ေၾကာင္နိုင္လွသည္။
ေရွာင္က်န့္ဟာသူ႕ေက်ာကိုမတ္လိုက္ၿပီးသူ႕အေနာက္ကလူေလးေယာက္ကိုေစာင္းငဲ့ၾကည့္လိုက္သည္။
"ငါေရေအာက္ကိုတစ္ခ်က္ဆင္းၾကည့္လိုက္ဦးမယ္....ငါတိုက္ခိုက္တဲ့အခါက်ရင္မင္းတို႔ေတြဝင္မပါၾကနဲ႕...."
ခ်င္းယြမ္အန္းနဲ႕ခ်င္းယြမ္မူတို႔၏မ်က္ႏွာအမူအရာမွာအေတာ္ေလးပ်က္ယြင္းသြားၾကသည္။လဲ့ခ်င္းယန္ဟာလည္းေရွာင္က်န့္ရဲ႕ဆိုလိုရင္းကိုသိပ္နားမလည္ဟန္ျဖင့္သူ႕ေခါင္းကိုကုပ္လိုက္သည္။
"အမ္....အေဖဘာကိုဆိုလိုတာလဲ"
ေရွာင္က်န့္ဟာဇာတ္လိုက္ကိုၾကည့္ၿပီးမ်က္ဆံေတာင္လွန္လိုက္မိသည္။သူ႕သားကသူနဲ႕ေပါင္းၿပီးမွတကယ္တုံးသြားတာကိုေတာ့ျငင္းမရေပ။ဒီတစ္ေကာင္ကိုဘာမွဆက္မေျပာတာေကာင္းမည္။မဟုတ္ရင္ရွင္းရင္း၊ရွင္းရင္းနဲ႕အခ်ိန္ေတြၾကာၿပီးဒီေနရာမွာလည္လည္ေနေပလိမ့္မည္ျဖစ္သည္။
ေရွာင္က်န့္ဟာလဲ့ခ်င္းယန္ကိုလ်စ္လ်ဴရႈ႕လိုက္ၿပီး'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္၏စိုးရိမ္ပူပန္မႈကိုနားလည္စြာျဖင့္ျဖင့္ဆိုသည္။
"စိတ္မပူပါနဲ႕....ငါကအားနည္းတဲ့သူတစ္ေယာက္မဟုတ္ပါဘူး....တစ္ျခားအႏွောင့္အယွက္ေတြဝင္မလာေအာင္ပဲဂ႐ုစိုက္ေပးပါ...."
ေရွာင္က်န့္ဟာခပ္ဖြဖြၿပဳံးလိုက္ၿပီးအားလုံးကိုမ်က္လုံးတစ္ဖက္မွိတ္ျပလိုက္သည္။
"ငါသြားၿပီ"
ေျပာရင္းဆိုရင္းႏွင့္ပင္အားလုံးေရွ႕ေမွာက္ကေနပင္လယ္ေရေအာက္ထဲခုန္ဆင္းသြား၏။လဲ့ခ်င္းယန္မွာလန့္ျဖန့္သြားၿပီးပင္လယ္ေရေအာက္ကိုေက်ာက္ေဆာင္ထက္ကေနတစ္ဆင့္ငုံ႕ၾကည့္လိုက္မိသည္။
ထို႔ေနာက္.....ထို႔ေနာက္တြင္လူတိုင္း၏ပင့္သက္ရွိုက္သံႏွင့္အတူမ်က္လုံးေတြျပဴးက်ယ္သြားခဲ့ၾကသည္။
'ခ်င္း'အမႊာႏွစ္ေယာက္မွာေရွာင္က်န့္ရဲ႕သ႐ုပ္မွန္ကိုသိေသာ္လည္းပဲအံ့အားသင့္သြားသည္ကိုေတာ့ထိန္းမရေပ။ၿပီးေတာ့ႏွစ္ေယာက္လုံး၏မ်က္ႏွာမွာေလာဘတႀကီးျဖစ္လာၿပီးအငမ္းမရလိုက္လံၾကည့္ရႈ႕လာသည္။
ဆုေဖးယြဲ႕ႏွင့္လဲ့ခ်င္းယန္တို႔၏ေမးရိုးမွာေျမႀကီးထိလုမတတ္ျပဳတ္က်ေနၿပီးမ်က္လုံးေတြမွာလည္းထြက္က်လဳမတတ္ျပဴးက်ယ္ေနသည္။
"အ....အ.....အ.....အေဖ..."
လဲ့ခ်င္းယန္မွေရေအာက္ကိုလက္ညွိုးထိုးလ်က္တစ္ေဖတည္းေဖၿပီးစကားေတာင္ထစ္ေနခဲ့သည္။
ပင္လယ္ေရမွာလြန္စြာၾကည္လင္ၿပီးျပာလဲ့သည္။လွပရွည္လ်ားႏူးညံ့တဲ့ပင္လယ္ျပာေရာင္ဆံႏြယ္ေတြမွာေရထဲတြင္လြင့္ေျမာေနၿပီးအလြန္လွပသြယ္လ်သည့္အျပာေရာင္အျမႇီးအရွည္ႀကီးမွာေရလွိုင္းနဲ႕အတူလွပစြာေ႐ြ႕လ်ားေနသည္။ႀကီးမားက်ယ္ျပန့္သည့္ေရယက္ႀကီးမွာပုလဲျဖဴေတြနဲ႕အတူအလွဆင္ထားၿပီးျမင္သူတိုင္းကိုထိခ်င္ကိုင္ခ်င္လာေအာင္ျမဴစြယ္နိုင္လြန္းသည္။
ေသးသြယ္ျဖဴေဖြးတဲ့လက္ေကာက္ဝတ္ေလးတြင္ပုလဲျဖဴေတြဝတ္ဆင္ထားၿပီးသီထားေသာပုလဲလုံးတန္းေလးေတြမွာေရနဲ႕အတူလြင့္ေျမာေန၏။
အထူးသျဖင့္သူ႕ရဲ႕နဖူးအလည္တည့္တည့္တြင္အျပာေရာင္ေက်ာက္ေလးတစ္ခုရွိေနၿပီးပင္လယ္ေရနဲ႕အတူတစ္လက္လက္ေတာက္ပေနသည္။လူတိုင္းကိုမွင္သပ္မႈျဖစ္ေစသည့္အေရးႀကီးဆုံးအရာမွာသူ႕ရဲ႕ကမၻာပ်က္ေလာက္သည္အထိလွပတဲ့မ်က္ႏွာေသးေသးေလးသာျဖစ္သည္။
ဒါက......
အရမ္း...အရမ္းလွရက္နိုင္လြန္းသည္။
တိုင္းျပည္ပ်က္ေစနိုင္ေလာက္သည္အထိလွပသူျဖစ္သည့္ဆုေဖးယြဲ႕ေတာင္မွသူနဲ႕ယွဥ္လိုက္ရင္သာမန္စိတ္ဝင္စားစရာတစ္စက္မွမရွိသည့္႐ြက္ၾကမ္းေရႀကိဳ႐ုပ္အျဖစ္ေျပာင္းလဲသြားခဲ့သည္။
သူ႕ရဲ႕ရင္သပ္ရႈ႕ေမာဖြယ္မ်က္ႏွာေသးေသးေလးႏွင့္အတူလုံးဝန္းတဲ့ပုခုံးသားေလးေတြရယ္၊ထိကိုင္ေလာက္႐ုံျဖင့္က်ိဳးေၾကသြားမည္ထင္ရေလာက္ေအာင္ပါးလႊာေသးသြယ္တဲ့ခါးေသးေသးေလးကိုပါထည့္ေပါင္းလိုက္ပါကျမင္သူတိုင္းကိုမူးေမ့လဲသြားေစနိုင္သည္အထိညွို႔ယူဖန္းစားနိုင္လြန္းေနသည္။
အထူးသျဖင့္.....
ရင္ဘတ္ကပဲေစ့နီေလးႏွစ္ခုကိုထပ္မံထည့္ေပါင္းလိုက္သည့္အခါတြင္.....
ခ်က္ခ်င္းပင္'ခ်င္း'မ်ိဳးရိုးအမႊာႏွစ္ေယာက္ဟာလဲ့ခ်င္းယန္နဲ႕ဆုေဖးယြဲ႕တို႔၏ေရွ႕၌ပိတ္ရပ္ခ်လိဳက္သည္။
ဟမ့္....သူတို႔ရဲ႕အခ်စ္ေလးကိုၾကည့္ခ်င္ေနတာတဲ့လား....အိပ္မက္သာဆက္မက္ေနလိုက္....
လဲ့ခ်င္းယန္မွာတံေတြးသားတစ္ခ်က္မ်ိဳခ်လိဳက္ၿပီးခုနကျမင္ကြင္းထဲကေနထြက္ခြာမရေသးေပ။
သူ႕အေဖမွာအျမႇီးရွိတယ္....သူ႕မွာက်ေတာ့ဘာလို႔ေျခေထာက္ႀကီးပဲရွိတာေနရတာလဲ....သူလဲသူ႕အေဖလိုအျမႇီးလွလွေလးတစ္ခုလိုခ်င္တယ္လို႔ေလ.....
လဲ့ခ်င္းယန္ကမဆီမဆိုင္ေတြးႏႈတ္ခမ္းေတာင္ဆူလိုက္မိသည္။ဇာတ္လိုက္မဆုေဖးယြဲ႕ဟာေတာ့အေတြးထဲကေနထြက္လို႔ေတာင္မရေသးေပ။
ဒီလူကတကယ့္ကို.....
ဒ႑ာရီလာေရသူမ်ိဳးႏြယ္ဝင္....မဟုတ္ေသးဘူး....ေရသူမ်ိဳးႏြယ္ေတာင္မွဒီေလာက္ထိလွပမယ္မထင္....ဒီလွပမႈကေယာက္်ားမိန္းမဆိုတဲ့လိင္ခြဲျခားထားမႈကိုေက်ာ္လြန္ေနခဲ့ၿပီျဖစ္သည္။
ေရွာင္က်န့္ဟာေရေအာက္ကေနတစ္ဆင့္ေက်ာက္ေဆာင္ေပၚကလူေတြကိုလက္ေဝ့ယမ္းျပလိုက္သည္။သူ႕လက္ဝတ္ဝတ္ျဖဴျဖဴေလးရွိပုလဲတန္းေလးမွာလႈပ္ရွားမႈနဲ႕အတူဟိုဘက္ဒီဘက္ယိမ္းႏြဲ႕ေနေလသည္။
ထို႔ေနာက္ဟိုး....ေရအနက္ပိုင္းသို႔လွ်င္ျမန္စြာကူးခတ္သြားခဲ့သည္။
ပင္လယ္ေရမွာေရွာင္က်န့္ရဲ႕ခိုင္းေစမႈအတိုင္းညင္သာသြာျဖင့္အလိုရွိရာသို႔ပို႔ေဆာင္ေပးသည္။ေရေအာက္အနက္မွာမိုင္ေပါင္းမ်ားစြာကြာေဝးေသာ္လည္းဆယ္မိနစ္ေလာက္ကူးခတ္ခဲ့႐ုံႏွင့္တင္ႀကီးမားသည့္နဂါးႀကီးအားခ်ဳပ္ႏွောင္ထားေသာေရနက္ပိုင္းထဲသို႔ေရာက္ရွိလာသည္။
ေရွာင္က်န့္ဟာသူ႕အေရွ႕ကအိပ္ေပ်ာ္ေနဟန္ရသည့္နဂါးႀကီးကိုအေသအခ်ာၾကည့္သည္။အနက္ေရာင္အေၾကးခြံနဲ႕အျပာေရာင္အေၾကးခြံေတြေရာႏွောေနသည့္အႏွီးနဂါးႀကီးမွာအေတာ္ေလးထူးဆန္းသလိုအေၾကးခြံတစ္ခုကပင္ေရွာင္က်န့္ရဲ႕လက္ရွိအ႐ြယ္အစားေလာက္ရွိသည္။ဤသည္မွာနဂါးႀကီး၏ႀကီးမားမႈကိုမီးေမာင္းထိုးျပေနသည္။
အသက္တစ္ခါရႈထုတ္လိုက္႐ုံႏွင့္တင္မုန္တိုင္းတစ္ခုကိုျဖစ္ေပၚေစနိုင္သည္အထိဧရာမနဂါးႀကီးမွာစြမ္းအားႀကီးမားလွ၏။
ေရွာင္က်န့္ကသူ႕ရဲ႕တည္ရွိမႈကိုဖုန္းကြယ္မထားေပ။ထို႔ေၾကာင့္နဂါးႀကီးမွာေရွာင္က်န့္ကိုသတိထားမိသြားၿပီးသူ႕ရဲ႕ဧရာမမ်က္လုံးႀကီးေတြကိုဖြင့္ဟလာသည္။
အနက္ေရာင္ႏွင့္အျပာေရာင္ေရာစပ္ေနသည့္မ်က္လုံးႀကီးေတြမွာအေတာ္ေလးေဝဝါးၿပီးဇေဝဇဝါျဖစ္ေနခဲ့သည္။၎မ်က္လုံးအတြင္းရွိဝိဥာဥ္ႏွစ္ခု၏႐ုန္းကန္ေနမႈေတြကိုေရွာင္က်န့္ျမင္ေနရသည္။
"ခ်န္ေကာ..."
နဂါးႀကီးရဲ႕႐ုန္းကန္ေနတဲ့မ်က္လုံးေတြမွာေရွာင္က်န့္ရဲ႕ေခၚသံေလးေၾကာင့္ျပန္လည္ၾကည္လင္လာၿပီးမ်က္ဆံတစ္ခုလုံးအျပာေရာင္အျဖစ္သို႔ေျပာင္းလဲသြားသည္။
"လင္း.....လင္းအာ...."
နဂါးႀကီး၏အသံမွာႏွစ္ေပါင္းမ်ားစြာစကားမေျပာခဲ့ရတာေၾကာင့္အက္ကြဲၿပီးဟိန္းထြက္လာသည္။အသံေနအသံထားမွာအေတာ္ေလးေဖ်ာ့ေတာ့ၿပီးအားနည္းေနဟန္ရသည္။
"လင္းအာ....တကယ္ပဲလင္းအာလား"
နဂါးႀကီး၏မ်က္လုံးအတြင္းရွိေတာက္ပေသာအျပာေရာင္လဲ့လဲ့မွာပိုမိုၾကည္လင္လာသည္။သို႔ေပမယ့္လည္းတစ္ဖက္ဝိဥာဥ္မွာထိုတိုးတက္မႈကိုမလိုလားဟန္ျဖင့္အတင္းအၾကပ္တိုက္ခိုက္လာသည္။မ်က္လုံးအတြင္းရွိျပာလဲ့ေနမႈမွာအနက္ေရာင္အရိပ္အေငြ႕ေတြရစ္သိုင္းလာၿပီးခႏၶာကိုယ္အားအတင္းအၾကပ္ထိန္းခ်ဳပ္လာသည္။
"မဟုတ္ဘူး....လင္းအာ....သြားေတာ့..."
နဂါးခႏၶာကိုယ္ႀကီးမွာပိုမိုလႈပ္ရွား႐ုန္းကန္လာသည္။နဂါးႀကီး၏႐ုန္းကန္မႈနဲ႕အတူဧရာမအနက္ေရာင္ခ်ိန္းႀကိဳးႀကီးေတြမွာထူးဆန္းသည့္သေကၤတတစ္ခ်ိဳ႕ထင္ဟပ္ကာပိုမိုနက္ေမွာင္ေတာက္ပလာသည္။
_________________________________________________________________