Remember me❣(YiZhan)

By chimonzue

45.5K 4.1K 234

ကြၽန္ေတာ္မမွတ္မိတဲ့အေၾကာင္းရာေတြကို ခဏေမ့ထားၿပီး လက္ေတြ႔မွာအေနနီးေအာင္ႀကိဳးစားၾကမယ္ေလ ...... ကျွန်တော်မမှတ်မိ... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)

(32)

757 99 9
By chimonzue

Zawgyi

မႈန္ကုပ္ေနတဲ႔မ်က္နွာထားနဲ႔ ေရွာင္းက်န္႔က ျကမ္းျပင္ေပၚလွဲခ်လိုက္သည္။တကယ္ကိုေအးစက္ျပီးမာေက်ာေနတာ။မနက္သူထလာရင္ေတာ့ အေက်အခ်ဥ္ေတြကိုက္ခဲျပီးလံုးဝထလို႔ရမွာေတာင္မဟုတ္ဘူး။ဘာျဖစ္လို႔ဝမ္က မဟုတ္ဘူး ဝမ္ရိေပၚက ဒီေလာက္ထိေတာင္မွအျကင္နာတရားကင္းမဲ႔တာလည္း။သူဘာအမွားမွမလုပ္ခဲ႔ဘူး။ဒါကိုမ်က္ေမွာင္ျကုတ္ျပီးအျပစ္သာတစ္ေယာက္လိုလိုက္ျကည့္ေနတာ။ေနယာထိုင္ခင္းအတြက္အနီးနားကမိုတယ္တစ္ခုမွ ကုပ္ကပ္ျပီးအကူညီေတာင္းခဲ႔ရတာသူပဲ။ဒါကို ဝမ္ရိေပၚက ကုတင္ေပၚမွာအိပ္ျပီး သူက်ျကမ္းျပင္မွာအိပ္ရမွာတဲ႔လား။အရမ္းကိုလြန္လြန္းေနတာမဟုတ္ဘူးလား။

"ေျခလက္သန္႔စင္ျပီးျပီလား "

"မလုပ္ရေသးဘူး "

အိပ္ယာခင္းေတြျပင္ေနရင္းနဲ႔ထြက္လာတဲ႔ေရွာင္းက်န္႔ရဲ႔အသံကေဘာက္ဆတ္ဆတ္။ဝမ္ရိေပၚကမသိမသာေလးျပံဳးလိုက္မိသည္။အျမင္ကပ္ပုဒ္မနဲ႔ျကမ္းျပင္မွာအိပ္ခိုင္းလိုက္တာ ဘဲႏႈတ္ခမ္းကတစ္လက္မေလာက္ထြက္လာပါေလေရာေလ။ဟက္ ဘာေလးမွန္းကိုမသိတာ။

"သြားလုပ္ေတာ့ေလ ညစ္ညစ္ပတ္ပတ္နဲ႔ လာမအိပ္နဲ႔ "

"တူတူအိပ္မွာလည္းမဟုတ္ပဲ ဘာျဖစ္ေနတာလည္း ! ဝမ္ရိေပၚကိုယ့္ဘာသာေနပါ့လား "

ဒီတစ္ခါဝမ္ရိေပၚမေနနိုင္ေတာ့ေပ။ရုပ္တည္ျကီးနဲ႔ စေနရတာတကယ့္ကိုပင္ပန္းတာပဲ။အခုေတာ့ ပါးမို႔မို႔နွစ္ဖက္ကေကြးတက္ေနျပီး အစြမ္းကုန္ကိုမွျပံဳးေနေတာ့သည္။ေရွာင္းက်န္႔က မသိမသာနဲ႔ေတာ္ေတာ္ေလးခ်စ္ဖို႔ေကာင္းေနတာပဲ။သူအမူးေျပေနျပီ။ဒါေပမဲ႔ ဒီဟာေလးကို အရြဲ႔တိုက္ျပီးစခ်င္ေနတုန္း။

"ေဟးး ျပန္မေျပာနဲ႔ေလ ဘယ္သူကအလုပ္ရွင္ဘယ္သူကအလုပ္သမားလည္းဆိုတာသတိရဦးမွေပါ့ "

ဟြန္႔ ......

ေရွာင္းက်န္႔ႏွာတစ္ခ်က္မႈတ္ျပီး အိပ္ယာေပၚျပစ္လွဲခ်လိုက္သည္။ေက်ာနည္းနည္းေအာင့္သြားေပမဲ႔သူအမူအယာလံုးဝမျပေပ။ဒီဝမ္ရိေပၚက ရာထူးကိုအေျကာင္းျပျပီး သူ႔ကိုလာနိုင္စားေနတာ။တကယ္ေတာ့ ဝမ္ျဖစ္ေနလို႔ သူကဒီေနရာကိုေရာက္လာခဲ႔တာ အကယ္၍တျခားရာထူးျကီးတဲ႔ဘယ္သူပဲျဖစ္ေနပါေစ သူလာမယ္လို႔ထင္ေနလား ! ေဝးေသး။အဲ႔တာကို အဲ႔ဒီဝမ္ရိေပၚက ကိုယ့္ကိုကိုသိပ္ျပီးအထင္ျကီးေနေတာ့တာပါပဲ။

"ေျပာေနတာကိုအေရးမလုပ္တာလား ေရွာင္းက်န္႔ "

ေရွာင္းက်န္႔မျကားခ်င္ေယာင္ေဆာင္ျပီး ဝမ္ရိေပၚရဲ႔ကုတင္ကိုေက်ာေပးလိုက္သည္။အလကား လိုက္အာဏာျပေနတာ။သူ႔ကိုဘယ္သူကေျကာက္ေနလို႔လည္း။

"ေျသာ္ စကားျပန္မေျပာဘူးေပါ့ ! ရတယ္ေလ အစကကုတင္ေပၚလာအိပ္ခိုငး္မလို႔ကိုအခုေတာ့ အစီစဥ္ျပန္ရုပ္သိမ္းလိုက္ရင္ ေကာင္း ... "

"ဘာလည္း ဘာလည္း ! အိပ္ခါနီးေနျပီမို႔စကားမေျပာခ်င္လို႔ဟာ "

လွစ္ကနဲေျပးတက္လာတဲ႔ခႏၶာကိုယ္ေသးေသးေလးက အိပ္ယာေထာင့္မွာအသင့္ေနရာယူသြားသည္မွာျမန္ဆန္လွသည္။ဝမ္ရိေပၚေခါင္းကိုအသာယမ္းျပီး ထပ္မံျပံဳးလိုက္ေလသည္။အင္းး တကယ္ပဲေရွာင္းက်န္႔ကေခါင္းျကည္ေဆးေလးကို...

မ်က္လံုးေလးမွိတ္ကာ တစ္ခုတည္းေသာဖက္ေခါင္းအံုးေလးကိုခြထားတဲ႔သူေဘးအသာဝင္လွဲလိုက္သည္။အရမ္းျကီးေနတဲ႔ကုတင္မဟုတ္ေတာ့ နီးနီးေလးအိပ္ေနတဲ႔သူတို႔ရဲ႔လက္ေမာင္းသားေတြ ဆတ္ကနဲထိသြားေလသည္။က်င္ကနဲျဖစ္သြားတဲ႔ လက္ေမာင္းကိုအသာပြတ္ျပီး ဝမ္ရိေပၚက ေရွာင္းက်န္႔ကိုေက်ာေပးလိုက္သည္။ရင္ထဲကိုလွပ္ကနဲပဲ ... ဒါေလးပဲကို အသာေလးပဲထိလိုက္တာေလ။အဲ႔တာဘာျဖစ္သြားရတာလည္း !

အခ်ိန္အနည္းငယ္ျကာေတာ့ေရွာင္းက်န္႔ကမ်က္လံုးတစ္ဖက္ကိုအသာဖြင့္ကာ ေဘးနားမွာအိပ္ေနတဲ႔လူကိုတစ္ခ်က္ေစြျကည့္လိုက္သည္။အခ်ိန္က်ရင္ သူ႔အလိုလိုပိတ္သြားတ႔ဲ မိုတယ္မီးအေျခေနေျကာင့္ေရွာင္းက်န္႔မ်င္စိေရွ႔မွာျမင္ရတာက ေမွာင္ေမွာင္မဲမဲျမင္ကြင္းသာ... ဝမ့္မ်က္နွာနားကိုအသာကပ္ျပီး အသက္ရႈသံအေျခေနကိုခန္႔မွန္းျကည့္လိုက္သည္။

ရႊတ္ ...

ဟင့္ ! ပံုမွန္ေနရာကိုခ်က္ခ်င္းျပန္ေရာက္သြားသည္။ပါးေပၚကိုကပ္သြားတဲ႔ခပ္ေႏြးေႏြး အရာကဘာလည္းဆိုတာဘယ္သူမွမေျပာလည္းသိတယ္။မေတာ္တဆ ... ဟုတ္တယ္မေတာ္တဆျဖစ္သြားတာ။ဘာမွမျမင္ရေတာ့ သူမေတာ္တဆကပ္မိသြားတာ။ဝမ္ တကယ္ပဲအိပ္သြားတာေရာဟုတ္ရဲ႔လား။တကယ္ပဲအိပ္သြားပါေစ။သူအခု တစ္ခုခုလုပ္လိုက္မိတာေတာင္ ဘာမွလႈပ္ရွားမလာဘူးဆိုေတာ့ အင္းးး သူအိပ္ေနမွာပါေလ။

>>>>>>>>>>>>>>>

"အိုးး ဝမ္ရိေပၚ အဲ႔တာဆို မင္းးအဲ႔ဒီမိုတယ္မွာတစ္ညလံုးအိပ္ခဲ႔ရတာေပါ့ "

"မငး္ေမ့ ** မို႔ထပ္ေျပာေနတာလား "

ဝမ္ရိေပၚနွာတစ္ခ်က္မႈတ္လိုက္သည္။ဒီ လီခ်န္းမင္းဆိုတဲ႔ေကာင္ကသူ႔ရဲ႔ ငယ္ေပါင္းျကီးေဖာ္ျဖစ္ေနလို႔ေပါ့မဟုတ္ရင္ေတာ့ သူကဒီေကာင္နဲ႔ပတ္သတ္မယ္လို႔ထင္ေနလား။တကယ့္ ေသာက္တလြဲေကာင္ ...

လီခ်န္းမင္းက ဝမ္ရိေပၚရဲ႔အေျခေနကိုတစ္ခ်က္ျကည့္ျပီး အဓိပၸာယ္ရွိစြာျပံဳးလိုက္သည္။ဒီေကာင္တစ္ခုခုေတာ့ တစ္ခုခုပဲ ! ဝမ္ရိေပၚအစစ္သာဆိုရင္ စုတ္ျပတ္ေနတဲ႔မိုတယ္မွာတစ္ညေလာက္အိပ္ျဖစ္သြားနဲ႔ ဝုန္းဒိုင္းကိုက်ဲေနေတာ့မွာေလ။ျပီးေတာ့ ေရွာင္းက်န္႔ ! ပါးပါးေလးပုတ္တဲ႔အေနနဲ႔ေရွာင္းက်န္႔ကိုပါအစစ္ထည့္ေပးလိုက္ေသးတာ။အခုေတာ့ထင္ထားသလို တုတ္တုတ္မွမလႈပ္ဘူးဆိုေတာ့ ဒီေကာင္အေက်နပ္ျကီးေက်နပ္စရာေတြ႔သြားလို႔ျဖစ္မယ္။

"ေရွာင္းက်န္႔ေရာ သူဘယ္လိုျပန္သြားလည္း "

"လမ္းဆံုမွာခ်ေပးလိုက္တယ္ ဆိုင္ကယ္ငွားသြားမွာေပါ့ "

"ေဟးး အျကင္နာတရာကင္းမဲ႔လိုက္တာ သူက ညျကီးမိုးခ်ဳပ္မင္းကိုစိတ္ပူလို႔ေျပးလာရတာကို "

"မင္းကိုဘယ္သူကသူ႔ကိုလႊတ္ခိုင္းလို႔လည္း ေခြးက်င့္ေခြးျကံနဲ႔ "

"မင္းးအဲ႔လို႔ေတာ့မေျပာနဲ႔ေလ ဒီမွာမင္းအေျကာင္းလံုးေစ့ပတ္ေစ့သိတာဆိုလို႔သူပဲရွိတာေလ ျပီးေတာ့ မင္းပါးနဲ႔မင္းမားကို ျပန္ေအာင္ငါဘယ္လိုအားထုတ္လိုက္ရလည္း ! "

ဝမ္ရိေပၚကပါးနဲ႔မားဆိုတဲ႔အသံျကားတာနဲ႔ နႈတ္ခမ္းေထာင့္စြန္းကိုေကြးတက္ေနေအာင္ျပံဳးလိုက္သည္။ေက်နပ္စရာေတာ့တစ္ခုမွမပါေပ။အေဖနဲ႔အေမက တစ္နွစ္နီးပါးေလာက္သားျဖစ္သူေပ်ာက္ေနတာကို မ်က္နွာေတာင္မျမင္ရပဲ စိတ္ခ်လက္ခ်ျပန္သြားတယ္ေပါ့။ဘယ္ေနရာကမ်ားစိတ္ခ်လို႔မျဖစ္တဲ႔အရာေတြကိုထားခဲ႔ရလို႔လည္း။အရမ္းကိုမွစိတ္ေက်နပ္ဖို႔ေကာင္းေနေသာပါပဲ။

"ပုန္းေနတာက မင္းပဲေလ ! ဘာျဖစ္လို႔ မ်က္နွာကေနျကတ္သလိုျဖစ္ေနတာလည္း "

"ထားလိုက္ေတာ့ သူတို႔အေျကာင္းျကားရတာ စိတ္ပ်က္တယ္ "

"အဲ႔ေတာ့ ဘယ္သူ႔အေျကာင္းေျပာရမွာလည္း ေရွာင္းက်န္႔အေျကာင္းလား ! "

လီခ်န္းမင္းရဲ႔စကားေျကာင္႔စားပြဲေပၚကတစ္ရႈးဘူးဟာေလထဲလြင့္လာသည္။လက္ဆကိုျကိုသိေနတဲ႔ခ်န္းမင္းက တဟားဟားနဲ႔ေအာ္ရယ္ကာထြက္သြားေတာ့သည္။တိတ္ဆိတ္သြားတဲ႔အခန္းအေျခေနသုိ႔ေရာက္သြားေတာ့မွဝမ္ရိေပၚသက္ျပင္းတစ္ခ်က္ခ်ျပီး နဖူးေပၚဝဲက်ေနတဲ႔ဆံပင္ေတြကိုသပ္တင္လိုက္သည္။လိုေတာ့လိုေနတယ္ဘာလိုေနမွန္းမသိတာ။ရင္ဘတ္ထဲဟာတာတာနဲ႔ ...

>>>>>>>>>>>>>>>>>>

စာရင္းစာရြက္ေတြကိုတစ္ရြက္ျပီးတစ္ရြက္စိတ္မပါစြာလွန္ေလွာရင္း ေရွာင္းက်န္႔ေလပူတစ္ခ်ိဳ႔ကိုမႈတ္ထုတ္လိုက္သည္။သူဝမ့္ကုိလြမ္းလိုက္တာ ! သူ႔ကိုအရမ္းခ်စ္တဲ႔ဝမ္ သူ႔ကလြဲျပီးဘာကိုမွစိတ္မဝင္စားတဲ႔ဝမ္ ... သူ႔အတြက္နဲ႔ျဖစ္တည္ျပီး သူ႔နဲ႔ပဲအရာရာကိုျဖတ္သန္းမဲ႔ဝမ္။

ေရွာင္းက်န္႔ဘဝက အျမဲတမ္းေပါ့ေပါ့ပါးပါးေလးျဖတ္သန္းခဲ႔ရတာ။ဘာကိုမွစိုးရိမ္ေသာကမရွိ ဘာအတြက္မွျကီးျကီးမားမားေက်ာ္ျကားမႈမရိွ ဒီအတိုင္းသာာမာန္ေလးပဲ။ဒါေပမဲ႔ ဝမ္ဟာသူ႔အတြက္ေတာ့သိပ္ကိုမွေလးနက္ေစခဲ႔တဲ႔ ေကာင္ေလး။ပံုမွန္ျဖတ္သန္းရမွာပဲလို႔ေတြးထားတဲ့ ဘဝထက္ပိုပီးေပ်ာ္ရေအာင္ဖန္တီးေပးနိုင္စြမ္းရွိခဲ႔တယ္။ကိစၥေတြအမ်ားျကီး ! မေရတြက္နိုင္ေလာက္တဲ႔အမွတ္တရေတြကိုျဖတ္သန္းျပီးေတာ့မွ ဘာလို႔မ်ားဒီလိုေတြျဖစ္လာရပါတာလည္း ! ဘုရားသခင္ကိုသူတစ္ခုခုမ်ားအမွားလုပ္မိလိုက္လို႔လား။

တကယ္ပဲ ! ေတြးမိတာနဲ႔မ်က္ခမ္းစပ္ေတြကအလိုလိုက်ိန္းစပ္လာသည္။မ်က္ေတာင္စိပ္စိပ္ေတြကို တဖ်တ္ဖ်တ္ခတ္လိုက္ျပီး နီရဲလာတဲ႔နွာဖ်ားကိုတရံႈ႕ရံႈ႕လိုက္သည္။ရင္ဘတ္ထဲစူးအာင့္လာတဲ႔ခံစားခ်က္ကတကယ့္ကိုမေကာင္းတာပဲ။သူစာရင္းစာအုပ္ကိုပိတ္လိုက္ျပီး သန္႔စင္ခန္းဘက္ကိုခပ္သြက္သြက္ေလးေလ်ွာက္လာလိုက္သည္။မဟုတ္ရင္ေတာ့ ဝန္ထမ္းေတြအမ်ားျကီးေရွ႔မွာတင္ေအာ္ငိုျပစ္လိုက္မိေတာ့မည္ထင္သည္။

အာ့ ...

အာရံုမစိုက္ပဲတေရာေသာပါးနဲ႔ကိုယ္က ေထာင့္ခ်ိဳးတစ္ခုေရာက္ေတာ့ တဖက္လူကိုတိုက္မိသည္။အရွိန္မျပင္းေပမဲ႔ရုတ္တရက္ဆိုေတာ့နွစ္ေယာက္လံုးအဆင္မေျပေပ။

"ေရွာင္းေကာ ... အဆင္ေျပရဲ႔လား ေတာင္းပန္ပါတယ္က်ြန္ေတာ္မျမင္လိုက္တာ "

အားနာတဲ႔အမူယာအျပည့္နဲ႔ ပိုင္ခ်ဳန္းကေရွာင္းက်န္႔ကိုရိုးရိုးက်ိဳးက်ိဳးေတာင္းပန္သည္။အကုိေလးရွိေတာ့ရင္ေတာင္ ပိုင္ခ်ဳန္းကေတာ့ သူ႔မရီးကိုအရင္တုန္းကလို ေလးေလးစားစားဆက္ဆံသင့္တယ္လို႔ထင္ေနတုန္းပဲ။ဘယ္သူမွမသိေပမဲ႔ အကိုေလးရဲ႔ျမတ္နိုးမႈေတြကဘယ္သ႔ူအတြက္လည္းဆိုတာ သူသိတယ္။ရုတ္တရက္ျကီး သူနဲ႔ညဏ္မမွီနိုင္တဲ႔ကိစၥအခ်ိဳ႔ျဖစ္သြားေပမဲ႔လည္း သူကေတာ့မူလအတိုင္းပဲရွိေနဆဲပါ။အဲ႔ဒီေတာ့ေရွာင္းေကာကို သူ႔အေနနဲ႔ေကာင္းေကာင္းဆက္ဆံေပးရမယ္မဟုတ္လား။

"ရတယ္ ရတယ္ ငါသတိထားမိလိုက္တာ "

ေရွာင္းက်န္႔က အနွီေကာင္ေလးကိုလက္ကာျပလိုက္သည္။ထို့ေနာက္ အန္ထြက္မတတ္ျဖစ္လာတဲ႔ခံစားခ်က္တစ္ခ်ိဳ႔ကို လ်စ္လ်ဴရႈလိုက္ျပီးယဲ႔ယဲ႔ေလးျပံဳးျပလိုက္မိသည္။

"အာ က်ြန္ေတာ္ေကာကို ဒါေလးျပန္ေပးခ်င္လို႔ "

ထမင္းဘူးေလးကိုကမ္းေပးလာတဲ႔ ပိုင္ခ်ဳန္းေျကာင့္ ေရွာင္းက်န္႕ကထိုအရာကိုျကည့္ျပီးငိုခ်င္ရဲ႔လက္တို႔ျဖစ္သြားေတာ့သည္။သူဘယ္ေလာက္ပဲခ်ဳပ္တည္းထားပါေစ အေရာင္မဲ႔တဲ႔မ်က္ရည္ေတြက အထိန္းကြပ္မရွိပါးေပၚကိုက်လာျပီျဖစ္သည္။တကယ္ပဲ ဆိုးဝါးလိုက္တာ။

"အယ္ ေရွာင္းေကာ ဘာျဖစ္တာလည္း ! ဘာျဖစ္လို႔လည္း "

အေျကာင္းရင္းမရွိပဲရုတ္တရက္ျကီးထငိုလာတ႔ဲေရွာင္းက်န္႔ေျကာင့္ ပိုင္ခ်ဳန္းကေျခမကိုင္မိလက္မကိုင္မိ။သူလည္း ဘာမွမလုပ္ရပါပဲ တအင့္အင့္နဲ႔ကိုငိုေနေတာ့တာ။ရည္းစားေတာင္တစ္ေယာက္ေလးမွမထားဘူးတဲ႔သူက ဒါကိုေခ်ာ့ေမာ့ဖုိ႔လည္းမတတ္။ေသာက္ခြက်ေတာ့တာပါပဲ...

ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိတဲ႔ ပိုင္ခ်ဳန္းကေရွာင္းက်န္႔အနားကိုခပ္ေျဖးေျဖးေလးကပ္ျပီး တသိမ့္သိမ့္တုန္ေနတဲ႔ပခံုးေပၚလက္တင္ကာခပ္ဖြဖြေလးပုတ္ေပးလိုက္သည္။

"ဘာလုပ္ေနျကတာလည္း ? "

ေဘးဘက္ျခမ္းမွထြက္လာတဲ႔အသံေျကာင့္ ေရွာင္းက်န္႔ကခါးေလးမတ္သြားသလို ပိုင္ခ်ဳန္းလည္းသူ႔လက္ကိုသူျပန္ရုတ္လိုက္မိသည္။တည္တင္းေနတဲ႔မ်က္နွာထားနဲ႔ ဝမ္ရိေပၚက ထိုအနားကိုေရာက္လာျပီး သူတို႔နွစ္ေယာက္လံုးကို စံုခ်ည္ဆန္ခ်ည္ျကည့္သည္။

"ဟို သူေဌး က်ြန္ေတာ္တို႔ဘာမွမလုပ္ပါဘူး "

"မင္းအလုပ္က ဒီမွာရွိတာလား ! ရံုးေပၚကိုမင္းတို႔ေတြကိုအေျကာင္းကိစၥမရွိပဲတက္လာခိုင္းလို႔လား "

ျသရွျပီးမေက်နပ္မႈအသံစြက္ေနတဲ႔ ဝမ္ရိေပၚေျကာင့္ ပိုင္ခ်ဳန္းက ပိုျပီးေတာ့ စိတ္လႈပ္ရွားလာသည္။အကိုေလးက အကိုေလးမဟုတ္ေတာ့မွန္းသူသိေနေပမဲ႔လည္း ဒီေလာက္ထိေတာ့ ဆိုးဝါးေနလိမ့္မယ္လို႔မထင္ထားခဲ႔ဘူး။သူအျမဲတမ္းေလးစားအားက်ခဲ႔ရတဲ႔အကိုေလးက အမ်ားျကီးေျပာင္းလဲသြားတယ္။

"သူတက္လာတာမဟုတ္ပဲ က်ြန္ေတာ္ကေခၚလိုက္တာပါ ေတာင္းပန္ပါတယ္ သူေဌး"

ငိုရိႈက္သံကိုအတတ္နိုင္ဆံုးထိန္းထားရသည္မို႔ ေရွာင္းက်န္႔ရဲ႔အသံကအနည္းငယ္ကြဲအက္ေနသည္။ေရွာင္းက်န္႔ရဲ႔စကားေျကာင့္ အစထဲက တြန္႔ခ်ိဳးေနတဲ႔ဝမ္ရိေပၚရဲ႔မ်က္ခံုးနက္နက္ေတြက ပိုလို႔ေတာင္ဆိုးသြားေလသည္။ဘာေတြမ်ားအဆက္အဟပ္ရွိေနလို႔ ဒီအေပၚထိေခၚျပီးေတ႔ြေနရတာလည္း ! ျပီးေတာ့ဟိုကိုင္ဒီကိုင္လည္းလုပ္ေနလိုက္ေသးတယ္။ဒါမွမဟုတ္ သူေျပာတဲ႔ ပထမဦးဆံုးကိုယူသြားတဲ႔လူက......

"ေကာင္းတယ္ အရမ္းကိုေကာင္းတယ္ ! ဒီလိုအက်င့္ပ်က္ေနတဲ႔ ဝန္ထမ္းေတြနဲ႔ဒီလုပ္ငန္းကဘယ္လိုလုပ္ျပီးတိုးတက္ေတာ့မွာလည္း ... မင္း ကိုယ့္ေနရာကိုသြားေတာ့ "

ဝမ္ရိေပၚအနွီေျကာင္ေတာင္ေတာင္ေကာင္ေလးရဲ႔မ်က္နွာကိုထပ္ျပီးမျမင္ခ်င္ေတာ့တာမို႔ခ်က္ခ်င္းပဲဟိန္းေဟာက္လိုက္သည္။ထိုအခါမွ မ်က္နွာငယ္နဲ႔ပိုင္ခ်ဳန္းက လွစ္ကနဲကိုယ့္အရပ္ကိုေျပးေတာ့သည္။မေကာင္းတဲ႔အေျခေနမွာ ေရွာင္းေကာကိုတစ္ေယာက္ျပစ္ထားခဲ႔ရတာစိတ္မေကာင္းေပမဲ႔ သူလည္းတတ္နိုင္တာဘာမွမရွိဘူးေလ။

" ဒီမွာေရွာင္းက်န့္ ! ခမ်ားကက်ဳပ္ကိုကူညီေပးထားတယ္ဆိုျပီးအရာလံုးကိုမ်က္နွာသာေပးမယ္လို႔ထင္ေနတာေတာ့မဟုတ္ဘူူးမလား "

ဝမ္ရိေပၚရဲ႔စကားေျကာင့္ ေရွာင္းက်န္႔အေတာ္ေလးအံ႔ျသသြားသည္။ဘယ္လိုေျကာင့္မ်ား ဒီလိုစကားကို ! မဟုတ္မွလြဲေရာ ဒီဝမ္ရိေပၚသူ႔ကိုဘာထင္ေနတာလည္း။

"သူေဌးက ဘာကိုဆိုလိုခ်င္ေနတာလည္း "

နားမလည္နိုင္သလိုမ်က္လံုးေတြနဲ႔လာျကည့္ေနသူကိုဝမ္ရိေပၚက ခနဲ႔နဲ႔တဲ႔တဲ႔တစ္ခ်က္ျပံဳးျပီးျကည့္လိုက္သည္။ဘာေတြလာဟန္ေဆာင္ျပေနတာလည္း။တေျဖးေျဖးနဲ႔ ဒီလူကိုစိတ္ပ်က္လာတယ္။နည္းနည္းေလးမွအေကာင္းမျမင္ေပးနိုင္ေတာ့ဘူူး။

"ခမ်ားဒီေနရာမွာလုပ္ခ်င္သလိုစည္းမဲ႔ကမ္းမဲ႔လုပ္ေနတာကိုေျပာေနတာေပါ့ နားမလည္တာေတာ့မဟုတ္ဘူးမလား "

" ဟားး မင္းး "

ေရွာင္းက်န္႔တကယ္ေျပာစရာေပ်ာက္သြားျပီ။တကယ္ပဲသူ႔ရ႔ဲဝမ္ဆိုတာမရွိေတာ့ဘူး ။ဒီလူ႔ရဲ႔စိတ္ထဲမွာ နွလံုးသားထဲဝမ္နဲ႔ပတ္သတ္ျပီး အျကြင္းအက်န္ေလးေတာင္မက်န္ခဲ႔ဘူးပဲ။သူအထင္မွားခဲ႔တာ ! ဝမ္သာဆိုရင္ သူ႔ကိုလည္းေမ့ျပစ္လိုက္မွာမဟုတ္ဘူးလို႔ေလ။အခုေတာ့ သူေမ်ွာ္လင့္ခ်က္ေသးေသးေလးေတာင္ရွိမေနေတာ့ဘူး။

"မင္းအျမင္မွာဒီလိုျဖစ္သြားတယ္ဆိုရင္ ငါတကယ္ေတာင္းပန္တယ္ ဒါေပမဲ႔မင္းသိထားဖို႔က မင္းကိုကူညီေပးခဲ႔တာအတြက္ငါ့မွာေမ်ွာ္လင့္ခ်က္တစိုးတစိေလးေတာင္ရွိမေနခဲ႔ဘူူးဆိုတာပဲ "

ငါတို႔နွစ္ေယာက္ အတူတူေရွ႔ဆက္ေလ်ွာက္ဖို႔ကလြဲျပီးေတာ့ေပါ့...အခုေတာ့ ငါ့ရဲ႔ေနာက္ဆံုးလက္က်န္ေလးလည္းေလထဲလြင့္သြားျပီ။ မျဖစ္နိုင္ေတာ့ဘူးလို႔ထင္ေနရင္ ရပ္တန္႔ျပစ္လိုက္တာအေကာင္းဆံုးပဲ။ျပီးသြားျပီ ... ေရွာင္းက်န္႔ဘဝမွာ ဝမ္ဆိုတာေနာက္တစ္ေယာက္ထပ္ျပီးျဖစ္တည္မလာနိုင္ေတာ့ဘူး။

**********

22//5//2022

အျကာျကီးေနမွျပန္လာခဲ႔ရလို႔ ေတာင္းပန္ပါတယ္။ဒီတစ္ခါထပ္ျပီးေပ်ာက္မသြားျဖစ္ေအာင္ေနပါ့မယ္။က်ြန္မရဲ႔အခ်စ္ေတာ္ ဒီficေလးကိုျမန္ျမန္ေလးဆက္သြားျကမယ္ေလ•

Unicode

မှုန်ကုပ်နေတဲ့မျက်နှာထားနဲ့ ရှောင်းကျန့်က ကြမ်းပြင်ပေါ်လှဲချလိုက်သည်။တကယ်ကိုအေးစက်ပြီးမာကျောနေတာ။မနက်သူထလာရင်တော့ အကျောအချဉ်တွေကိုက်ခဲပြီးလုံးဝထလို့ရမှာတောင်မဟုတ်ဘူး။ဘာဖြစ်လို့ဝမ်က မဟုတ်ဘူး ဝမ်ရိပေါ်က ဒီလောက်ထိတောင်မှအကြင်နာတရားကင်းမဲ့တာလည်း။သူဘာအမှားမှမလုပ်ခဲ့ဘူး။ဒါကိုမျက်မှောင်ကြုတ်ပြီးအပြစ်သားတစ်ယောက်လိုလိုက်ကြည့်နေတာ။နေယာထိုင်ခင်းအတွက်အနီးနားကမိုတယ်တစ်ခုမှ ကုပ်ကပ်ပြီးအကူညီတောင်းခဲ့ရတာသူပဲ။ဒါကို ဝမ်ရိပေါ်က ကုတင်ပေါ်မှာအိပ်ပြီး သူကျကြမ်းပြင်မှာအိပ်ရမှာတဲ့လား။အရမ်းကိုလွန်လွန်းနေတာမဟုတ်ဘူးလား။

"ခြေလက်သန့်စင်ပြီးပြီလား "

"မလုပ်ရသေးဘူး "

အိပ်ယာခင်းတွေပြင်နေရင်းနဲ့ထွက်လာတဲ့ရှောင်းကျန့်ရဲ့အသံကဘောက်ဆတ်ဆတ်။ဝမ်ရိပေါ်ကမသိမသာလေးပြုံးလိုက်မိသည်။အမြင်ကပ်ပုဒ်မနဲ့ကြမ်းပြင်မှာအိပ်ခိုင်းလိုက်တာ ဘဲနှုတ်ခမ်းကတစ်လက်မလောက်ထွက်လာပါလေရော။ဟက် ဘာလေးမှန်းကိုမသိတာ။

"သွားလုပ်တော့လေ ညစ်ညစ်ပတ်ပတ်နဲ့ လာမအိပ်နဲ့ "

"တူတူအိပ်မှာလည်းမဟုတ်ပဲ ဘာဖြစ်နေတာလည်း ! ဝမ်ရိပေါ်ကိုယ့်ဘာသာနေပါ့လား "

ဒီတစ်ခါဝမ်ရိပေါ်မနေနိုင်တော့ပေ။ရုပ်တည်ကြီးနဲ့ စနေရတာတကယ့်ကိုပင်ပန်းတာပဲ။အခုတော့ ပါးမို့မို့နှစ်ဖက်ကကွေးတက်နေပြီး အစွမ်းကုန်ကိုမှပြုံးနေတော့သည်။ရှောင်းကျန့်က မသိမသာနဲ့တော်တော်လေးချစ်ဖို့ကောင်းနေတာပဲ။သူအမူးပြေနေပြီ။ဒါပေမဲ့ ဒီဟာလေးကို အရွဲ့တိုက်ပြီးစချင်နေတုန်း။

"ဟေးး ပြန်မပြောနဲ့လေ ဘယ်သူကအလုပ်ရှင်ဘယ်သူကအလုပ်သမားလည်းဆိုတာသတိရဦးမှပေါ့ "

ဟွန့် ......

ရှောင်းကျန့်နှာတစ်ချက်မှုတ်ပြီး အိပ်ယာပေါ်ပြစ်လှဲချလိုက်သည်။ကျောနည်းနည်းအောင့်သွားပေမဲ့သူအမူအယာလုံးဝမပြပေ။ဒီဝမ်ရိပေါ်က ရာထူးကိုအကြောင်းပြပြီး သူ့ကိုလာနိုင်စားနေတာ။တကယ်တော့ ဝမ်ဖြစ်နေလို့ သူကဒီနေရာကိုရောက်လာခဲ့တာ အကယ်၍တခြားရာထူးကြီးတဲ့ဘယ်သူပဲဖြစ်နေပါစေ သူလာမယ်လို့ထင်နေလား ! ဝေးသေး။အဲ့တာကို အဲ့ဒီဝမ်ရိပေါ်က ကိုယ့်ကိုကိုသိပ်ပြီးအထင်ကြီးနေတော့တာပါပဲ။

"ပြောနေတာကိုအရေးမလုပ်တာလား ရှောင်းကျန့် "

ရှောင်းကျန့်မကြားချင်ယောင်ဆောင်ပြီး ဝမ်ရိပေါ်ရဲ့ကုတင်ကိုကျောပေးလိုက်သည်။အလကား လိုက်အာဏာပြနေတာ။သူ့ကိုဘယ်သူကကြောက်နေလို့လည်း။

"သြော် စကားပြန်မပြောဘူးပေါ့ ! ရတယ်လေ အစကကုတင်ပေါ်လာအိပ်ခိုင်းမလို့ကိုအခုတော့ အစီစဉ်ပြန်ရုပ်သိမ်းလိုက်ရင် ကောင်း ... "

"ဘာလည်း ဘာလည်း ! အိပ်ခါနီးနေပြီမို့စကားမပြောချင်လို့ဟာ "

လှစ်ကနဲပြေးတက်လာတဲ့ခန္ဓာကိုယ်သေးသေးလေးက အိပ်ယာထောင့်မှာအသင့်နေရာယူသွားသည်မှာမြန်ဆန်လှသည်။ဝမ်ရိပေါ်ခေါင်းကိုအသာယမ်းပြီး ထပ်မံပြုံးလိုက်လေသည်။အင်းး တကယ်ပဲရှောင်းကျန့်ကခေါင်းကြည်ဆေးလေးကို...

မျက်လုံးလေးမှိတ်ကာ တစ်ခုတည်းသောဖက်ခေါင်းအုံးလေးကိုခွထားတဲ့သူဘေး အသာဝင်လှဲလိုက်သည်။အရမ်းကြီးနေတဲ့ကုတင်မဟုတ်တော့ နီးနီးလေးအိပ်နေတဲ့သူတို့ရဲ့လက်မောင်းသားတွေ ဆတ်ကနဲထိသွားလေသည်။ကျင်ကနဲဖြစ်သွားတဲ့ လက်မောင်းကိုအသာပွတ်ပြီး ဝမ်ရိပေါ်က ရှောင်းကျန့်ကိုကျောပေးလိုက်သည်။ရင်ထဲကိုလှပ်ကနဲပဲ ... ဒါလေးပဲကို အသာလေးပဲထိလိုက်တာလေ။အဲ့တာဘာဖြစ်သွားရတာလည်း !

အချိန်အနည်းငယ်ကြာတော့ရှောင်းကျန့်ကမျက်လုံးတစ်ဖက်ကိုအသာဖွင့်ကာ ဘေးနားမှာအိပ်နေတဲ့လူကိုတစ်ချက်စွေကြည့်လိုက်သည်။အချိန်ကျရင် သူ့အလိုလိုပိတ်သွားတ့ဲ မိုတယ်မီးအခြေနေကြောင့်ရှောင်းကျန့်မျက်စိရှေ့မှာမြင်ရတာက မှောင်မှောင်မဲမဲမြင်ကွင်းသာ... ဝမ့်မျက်နှာနားကိုအသာကပ်ပြီး အသက်ရှုသံအခြေနေကိုခန့်မှန်းကြည့်လိုက်သည်။

ရွှတ် ...

ဟင့် ! ပုံမှန်နေရာကိုချက်ချင်းပြန်ရောက်သွားသည်။ပါးပေါ်ကိုကပ်သွားတဲ့ခပ်နွေးနွေး အရာကဘာလည်းဆိုတာဘယ်သူမှမပြောလည်းသိတယ်။မတော်တဆ ... ဟုတ်တယ်မတော်တဆဖြစ်သွားတာ။ဘာမှမမြင်ရတော့ သူမတော်တဆကပ်မိသွားတာ။ဝမ် တကယ်ပဲအိပ်သွားတာရောဟုတ်ရဲ့လား။တကယ်ပဲအိပ်သွားပါစေ။သူအခု တစ်ခုခုလုပ်လိုက်မိတာတောင် ဘာမှလှုပ်ရှားမလာဘူးဆိုတော့ အင်းးး သူအိပ်နေမှာပါလေ။

>>>>>>>>>>>>>>>

"အိုးး ဝမ်ရိပေါ် အဲ့တာဆို မင်းးအဲ့ဒီမိုတယ်မှာတစ်ညလုံးအိပ်ခဲ့ရတာပေါ့ "

"မင်းမေ့ ** မို့ထပ်ပြောနေတာလား "

ဝမ်ရိပေါ်နှာတစ်ချက်မှုတ်လိုက်သည်။ဒီ လီချန်းမင်းဆိုတဲ့ကောင်ကသူ့ရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်နေလို့ပေါ့မဟုတ်ရင်တော့ သူကဒီကောင်နဲ့ပတ်သတ်မယ်လို့ထင်နေလား။တကယ့် သောက်တလွဲကောင် ...

လီချန်းမင်းက ဝမ်ရိပေါ်ရဲ့အခြေနေကိုတစ်ချက်ကြည့်ပြီး အဓိပ္ပာယ်ရှိစွာပြုံးလိုက်သည်။ဒီကောင်တစ်ခုခုတော့ တစ်ခုခုပဲ ! ဝမ်ရိပေါ်အစစ်သာဆိုရင် စုတ်ပြတ်နေတဲ့မိုတယ်မှာတစ်ညလောက်အိပ်ဖြစ်သွားနဲ့ ဝုန်းဒိုင်းကိုကျဲနေတော့မှာလေ။ပြီးတော့ ရှောင်းကျန့် ! ပါးပါးလေးပုတ်တဲ့အနေနဲ့ရှောင်းကျန့်ကိုပါအစစ်ထည့်ပေးလိုက်သေးတာ။အခုတော့ထင်ထားသလို တုတ်တုတ်မှမလှုပ်ဘူးဆိုတော့ ဒီကောင်အကျေနပ်ကြီးကျေနပ်စရာတွေ့သွားလို့ဖြစ်မယ်။

"ရှောင်းကျန့်ရော သူဘယ်လိုပြန်သွားလည်း "

"လမ်းဆုံမှာချပေးလိုက်တယ် ဆိုင်ကယ်ငှားသွားမှာပေါ့ "

"ဟေးး အကြင်နာတရာကင်းမဲ့လိုက်တာ သူက ညကြီးမိုးချုပ်မင်းကိုစိတ်ပူလို့ပြေးလာရတာကို "

"မင်းကိုဘယ်သူကသူ့ကိုလွှတ်ခိုင်းလို့လည်း ခွေးကျင့်ခွေးကြံနဲ့ "

"မင်းးအဲ့လို့တော့မပြောနဲ့လေ ဒီမှာမင်းအကြောင်းလုံးစေ့ပတ်စေ့သိတာဆိုလို့သူပဲရှိတာလေ ပြီးတော့ မင်းပါးနဲ့မင်းမားကို ပြန်အောင်ငါဘယ်လိုအားထုတ်လိုက်ရလည်း ! "

ဝမ်ရိပေါ်ကပါးနဲ့မားဆိုတဲ့အသံကြားတာနဲ့ နှုတ်ခမ်းထောင့်စွန်းကိုကွေးတက်နေအောင်ပြုံးလိုက်သည်။ကျေနပ်စရာတော့တစ်ခုမှမပါပေ။အဖေနဲ့အမေက တစ်နှစ်နီးပါးလောက်သားဖြစ်သူပျောက်နေတာကို မျက်နှာတောင်မမြင်ရပဲ စိတ်ချလက်ချပြန်သွားတယ်ပေါ့။ဘယ်နေရာကများစိတ်ချလို့မဖြစ်တဲ့အရာတွေကိုထားခဲ့ရလို့လည်း။အရမ်းကိုမှစိတ်ကျေနပ်ဖို့ကောင်းနေသောပါပဲ။

"ပုန်းနေတာက မင်းပဲလေ ! ဘာဖြစ်လို့ မျက်နှာကနေကြတ်သလိုဖြစ်နေတာလည်း "

"ထားလိုက်တော့ သူတို့အကြောင်းကြားရတာ စိတ်ပျက်တယ် "

"အဲ့တော့ ဘယ်သူ့အကြောင်းပြောရမှာလည်း ရှောင်းကျန့်အကြောင်းလား ! "

လီချန်းမင်းရဲ့စကားကြောင့်စားပွဲပေါ်ကတစ်ရှုးဘူးဟာလေထဲလွင့်လာသည်။လက်ဆကိုကြိုသိနေတဲ့ချန်းမင်းက တဟားဟားနဲ့အော်ရယ်ကာထွက်သွားတော့သည်။တိတ်ဆိတ်သွားတဲ့အခန်းအခြေနေသို့ရောက်သွားတော့မှဝမ်ရိပေါ်သက်ပြင်းတစ်ချက်ချပြီး နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်လိုက်သည်။လိုတော့လိုနေတယ်ဘာလိုနေမှန်းမသိတာ။ရင်ဘတ်ထဲဟာတာတာနဲ့ ...

>>>>>>>>>>>>>>>>>>

စာရင်းစာရွက်တွေကိုတစ်ရွက်ပြီးတစ်ရွက်စိတ်မပါစွာလှန်လှောရင်း ရှောင်းကျန့်လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်သည်။သူဝမ့်ကိုလွမ်းလိုက်တာ ! သူ့ကိုအရမ်းချစ်တဲ့ဝမ် သူ့ကလွဲပြီးဘာကိုမှစိတ်မဝင်စားတဲ့ဝမ် ... သူ့အတွက်နဲ့ဖြစ်တည်ပြီး သူ့နဲ့ပဲအရာရာကိုဖြတ်သန်းမဲ့ဝမ်။

ရှောင်းကျန့်ဘဝက အမြဲတမ်းပေါ့ပေါ့ပါးပါးလေးဖြတ်သန်းခဲ့ရတာ။ဘာကိုမှစိုးရိမ်သောကမရှိ ဘာအတွက်မှကြီးကြီးမားမားကျော်ကြားမှုမရှိ ဒီအတိုင်းသာာမာန်လေးပဲ။ဒါပေမဲ့ ဝမ်ဟာသူ့အတွက်တော့သိပ်ကိုမှလေးနက်စေခဲ့တဲ့ ကောင်လေး။ပုံမှန်ဖြတ်သန်းရမှာပဲလို့တွေးထားတဲ့ ဘဝထက်ပိုပီးပျော်ရအောင်ဖန်တီးပေးနိုင်စွမ်းရှိခဲ့တယ်။ကိစ္စတွေအများကြီး ! မရေတွက်နိုင်လောက်တဲ့အမှတ်တရတွေကိုဖြတ်သန်းပြီးတော့မှ ဘာလို့များဒီလိုတွေဖြစ်လာရပါတာလည်း ! ဘုရားသခင်ကိုသူတစ်ခုခုများအမှားလုပ်မိလိုက်လို့လား။

တကယ်ပဲ ! တွေးမိတာနဲ့မျက်ခမ်းစပ်တွေကအလိုလိုကျိန်းစပ်လာသည်။မျက်တောင်စိပ်စိပ်တွေကို တဖျတ်ဖျတ်ခတ်လိုက်ပြီး နီရဲလာတဲ့နှာဖျားကိုတရံှု့ရံှု့လိုက်သည်။ရင်ဘတ်ထဲစူးအာင့်လာတဲ့ခံစားချက်ကတကယ့်ကိုမကောင်းတာပဲ။သူစာရင်းစာအုပ်ကိုပိတ်လိုက်ပြီး သန့်စင်ခန်းဘက်ကိုခပ်သွက်သွက်လေးလျှောက်လာလိုက်သည်။မဟုတ်ရင်တော့ ဝန်ထမ်းတွေအများကြီးရှေ့မှာတင်အော်ငိုပြစ်လိုက်မိတော့မည်ထင်သည်။

အာ့ ...

အာရုံမစိုက်ပဲတရောသောပါးနဲ့ကိုယ်က ထောင့်ချိုးတစ်ခုရောက်တော့ တဖက်လူကိုတိုက်မိသည်။အရှိန်မပြင်းပေမဲ့ရုတ်တရက်ဆိုတော့နှစ်ယောက်လုံးအဆင်မပြေပေ။

"ရှောင်းကော ... အဆင်ပြေရဲ့လား တောင်းပန်ပါတယ်ကျွန်တော်မမြင်လိုက်တာ "

အားနာတဲ့အမူယာအပြည့်နဲ့ ပိုင်ချုန်းကရှောင်းကျန့်ကိုရိုးရိုးကျိုးကျိုးတောင်းပန်သည်။အကိုလေးရှိတော့ရင်တောင် ပိုင်ချုန်းကတော့ သူ့မရီးကိုအရင်တုန်းကလို လေးလေးစားစားဆက်ဆံသင့်တယ်လို့ထင်နေတုန်းပဲ။ဘယ်သူမှမသိပေမဲ့ အကိုလေးရဲ့မြတ်နိုးမှုတွေကဘယ်သူ့အတွက်လည်းဆိုတာ သူသိတယ်။ရုတ်တရက်ကြီး သူနဲ့ညဏ်မမှီနိုင်တဲ့ကိစ္စအချို့ဖြစ်သွားပေမဲ့လည်း သူကတော့မူလအတိုင်းပဲရှိနေဆဲပါ။အဲ့ဒီတော့ရှောင်းကောကို သူ့အနေနဲ့ကောင်းကောင်းဆက်ဆံပေးရမယ်မဟုတ်လား။

"ရတယ် ရတယ် ငါသတိထားမိလိုက်တာ "

ရှောင်းကျန့်က အနှီကောင်လေးကိုလက်ကာပြလိုက်သည်။ထို့နောက် အန်ထွက်မတတ်ဖြစ်လာတဲ့ခံစားချက်တစ်ချို့ကို လျစ်လျူရှုလိုက်ပြီးယဲ့ယဲ့လေးပြုံးပြလိုက်မိသည်။

"အာ ကျွန်တော်ကောကို ဒါလေးပြန်ပေးချင်လို့ "

ထမင်းဘူးလေးကိုကမ်းပေးလာတဲ့ ပိုင်ချုန်းကြောင့် ရှောင်းကျန့်ကထိုအရာကိုကြည့်ပြီးငိုချင်ရဲ့လက်တို့ဖြစ်သွားတော့သည်။သူဘယ်လောက်ပဲချုပ်တည်းထားပါစေ အရောင်မဲ့တဲ့မျက်ရည်တွေက အထိန်းကွပ်မရှိပါးပေါ်ကိုကျလာပြီဖြစ်သည်။တကယ်ပဲ ဆိုးဝါးလိုက်တာ။

"အယ် ရှောင်းကော ဘာဖြစ်တာလည်း ! ဘာဖြစ်လို့လည်း "

အကြောင်းရင်းမရှိပဲရုတ်တရက်ကြီးထငိုလာတ့ဲရှောင်းကျန့်ကြောင့် ပိုင်ချုန်းကခြေမကိုင်မိလက်မကိုင်မိ။သူလည်း ဘာမှမလုပ်ရပါပဲ တအင့်အင့်နဲ့ကိုငိုနေတော့တာ။ရည်းစားတောင်တစ်ယောက်လေးမှမထားဘူးတဲ့သူက ဒါကိုချော့မော့ဖို့လည်းမတတ်။သောက်ခွကျတော့တာပါပဲ...

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတဲ့ ပိုင်ချုန်းကရှောင်းကျန့်အနားကိုခပ်ဖြေးဖြေးလေးကပ်ပြီး တသိမ့်သိမ့်တုန်နေတဲ့ပခုံးပေါ်လက်တင်ကာခပ်ဖွဖွလေးပုတ်ပေးလိုက်သည်။

"ဘာလုပ်နေကြတာလည်း ? "

ဘေးဘက်ခြမ်းမှထွက်လာတဲ့အသံကြောင့် ရှောင်းကျန့်ကခါးလေးမတ်သွားသလို ပိုင်ချုန်းလည်းသူ့လက်ကိုသူပြန်ရုတ်လိုက်မိသည်။တည်တင်းနေတဲ့မျက်နှာထားနဲ့ ဝမ်ရိပေါ်က ထိုအနားကိုရောက်လာပြီး သူတို့နှစ်ယောက်လုံးကို စုံချည်ဆန်ချည်ကြည့်သည်။

"ဟို သူဌေး ကျွန်တော်တို့ဘာမှမလုပ်ပါဘူး "

"မင်းအလုပ်က ဒီမှာရှိတာလား ! ရုံးပေါ်ကိုမင်းတို့တွေကိုအကြောင်းကိစ္စမရှိပဲတက်လာခိုင်းလို့လား "

သြရှပြီးမကျေနပ်မှုအသံစွက်နေတဲ့ ဝမ်ရိပေါ်ကြောင့် ပိုင်ချုန်းက ပိုပြီးတော့ စိတ်လှုပ်ရှားလာသည်။အကိုလေးက အကိုလေးမဟုတ်တော့မှန်းသူသိနေပေမဲ့လည်း ဒီလောက်ထိတော့ ဆိုးဝါးနေလိမ့်မယ်လို့မထင်ထားခဲ့ဘူး။သူအမြဲတမ်းလေးစားအားကျခဲ့ရတဲ့အကိုလေးက အများကြီးပြောင်းလဲသွားတယ်။

"သူတက်လာတာမဟုတ်ပဲ ကျွန်တော်ကခေါ်လိုက်တာပါ တောင်းပန်ပါတယ် သူဌေး"

ငိုရှိုက်သံကိုအတတ်နိုင်ဆုံးထိန်းထားရသည်မို့ ရှောင်းကျန့်ရဲ့အသံကအနည်းငယ်ကွဲအက်နေသည်။ရှောင်းကျန့်ရဲ့စကားကြောင့် အစထဲက တွန့်ချိုးနေတဲ့ဝမ်ရိပေါ်ရဲ့မျက်ခုံးနက်နက်တွေက ပိုလို့တောင်ဆိုးသွားလေသည်။ဘာတွေများအဆက်အဟပ်ရှိနေလို့ ဒီအပေါ်ထိခေါ်ပြီးတော့​တွေ့နေရတာလည်း ! ပြီးတော့ဟိုကိုင်ဒီကိုင်လည်းလုပ်နေလိုက်သေးတယ်။ဒါမှမဟုတ် သူပြောတဲ့ ပထမဦးဆုံးကိုယူသွားတဲ့လူက......

"ကောင်းတယ် အရမ်းကိုကောင်းတယ် ! ဒီလိုအကျင့်ပျက်နေတဲ့ ဝန်ထမ်းတွေနဲ့ဒီလုပ်ငန်းကဘယ်လိုလုပ်ပြီးတိုးတက်တော့မှာလည်း ... မင်း ကိုယ့်နေရာကိုသွားတော့ "

ဝမ်ရိပေါ်အနှီကြောင်တောင်တောင်ကောင်လေးရဲ့မျက်နှာကိုထပ်ပြီးမမြင်ချင်တော့တာမို့ချက်ချင်းပဲဟိန်းဟောက်လိုက်သည်။ထိုအခါမှ မျက်နှာငယ်နဲ့ပိုင်ချုန်းက လှစ်ကနဲကိုယ့်အရပ်ကိုပြေးတော့သည်။မကောင်းတဲ့အခြေနေမှာ ရှောင်းကောကိုတစ်ယောက်ပြစ်ထားခဲ့ရတာစိတ်မကောင်းပေမဲ့ သူလည်းတတ်နိုင်တာဘာမှမရှိဘူးလေ။

" ဒီမှာရှောင်းကျန့် ! ခများကကျုပ်ကိုကူညီပေးထားတယ်ဆိုပြီးအရာလုံးကိုမျက်နှာသာပေးမယ်လို့ထင်နေတာတော့မဟုတ်ဘူးမလား "

ဝမ်ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်အတော်လေးအံ့သြသွားသည်။ဘယ်လိုကြောင့်များ ဒီလိုစကားကို ! မဟုတ်မှလွဲရော ဒီဝမ်ရိပေါ်သူ့ကိုဘာထင်နေတာလည်း။

"သူဌေးက ဘာကိုဆိုလိုချင်နေတာလည်း "

နားမလည်နိုင်သလိုမျက်လုံးတွေနဲ့လာကြည့်နေသူကိုဝမ်ရိပေါ်က ခနဲ့နဲ့တဲ့တဲ့တစ်ချက်ပြုံးပြီးကြည့်လိုက်သည်။ဘာတွေလာဟန်ဆောင်ပြနေတာလည်း။တဖြေးဖြေးနဲ့ ဒီလူကိုစိတ်ပျက်လာတယ်။နည်းနည်းလေးမှအကောင်းမမြင်ပေးနိုင်တော့ဘူး။

"ခများဒီနေရာမှာလုပ်ချင်သလိုစည်းမဲ့ကမ်းမဲ့လုပ်နေတာကိုပြောနေတာပေါ့ နားမလည်တာတော့မဟုတ်ဘူးမလား "

" ဟားး မင်းး "

ရှောင်းကျန့်တကယ်ပြောစရာပျောက်သွားပြီ။တကယ်ပဲသူ့ရဲ့ဝမ်ဆိုတာမရှိတော့ဘူး ။ဒီလူ့ရဲ့စိတ်ထဲမှာ နှလုံးသားထဲဝမ်နဲ့ပတ်သတ်ပြီး အကြွင်းအကျန်လေးတောင်မကျန်ခဲ့ဘူးပဲ။သူအထင်မှားခဲ့တာ ! ဝမ်သာဆိုရင် သူ့ကိုလည်းမေ့ပြစ်လိုက်မှာမဟုတ်ဘူးလို့လေ။အခုတော့ သူမျှော်လင့်ချက်သေးသေးလေးတောင်ရှိမနေတော့ဘူး။

"မင်းအမြင်မှာဒီလိုဖြစ်သွားတယ်ဆိုရင် ငါတကယ်တောင်းပန်တယ် ဒါပေမဲ့မင်းသိထားဖို့က မင်းကိုကူညီပေးခဲ့တာအတွက်ငါ့မှာမျှော်လင့်ချက်တစိုးတစိလေးတောင်ရှိမနေခဲ့ဘူးဆိုတာပဲ "

ငါတို့နှစ်ယောက် အတူတူရှေ့ဆက်လျှောက်ဖို့ကလွဲပြီးတော့ပေါ့...အခုတော့ ငါ့ရဲ့နောက်ဆုံးလက်ကျန်လေးလည်းလေထဲလွင့်သွားပြီ။ မဖြစ်နိုင်တော့ဘူးလို့ထင်နေရင် ရပ်တန့်ပြစ်လိုက်တာအကောင်းဆုံးပဲ။ပြီးသွားပြီ ... ရှောင်းကျန့်ဘဝမှာ ဝမ်ဆိုတာနောက်တစ်ယောက်ထပ်ပြီးဖြစ်တည်မလာနိုင်တော့ဘူး။

**********

22//5//2022

အကြာကြီးနေမှပြန်လာခဲ့ရလို့ တောင်းပန်ပါတယ်။ဒီတစ်ခါထပ်ပြီးပျောက်မသွားဖြစ်အောင်နေပါ့မယ်။ကျွန်မရဲ့အချစ်တော် ဒီficလေးကိုမြန်မြန်လေးဆက်သွားကြမယ်လေ•












































































Continue Reading

You'll Also Like

245K 9.8K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
109K 5.5K 53
(y/n) (l/n) a girl who was born in the modern world who somewhat ends up in the taisho era of demon slayer. Her sassiness and eccentric attitude capt...
1.7M 56.5K 70
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
469K 13.6K 105
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc