(12)

1.1K 104 2
                                    

Zawgyi

သိပ်မထူလှတဲ့ဂွမ်းစောင်ကို ရှောင်းကျန့်က နည်းနည်းဆွဲပြီးထပ်ခြုံလိုက်တယ်။တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲဝင်ပြီးမှေးဆက်လို့မရတော့ အအေးဓာတ်က အရင်နေ့တွေထက်ပိုအားသာနေသလိုပါပဲ။

အသက်ရှုသံမျှင်းမျင်းသာကြားနေရတဲ့လူရဲ့ ဘက်ကို သူလှည့်တောင်မကြည့်ရဲဘူး။ယောကျာ်းလေးတစ်ယောက်ရဲ့ချစ်ရေးဆိုတာခံရခြင်းက ကြောက်စရာမကောင်းပါဘူး။ဒါပေမဲ့ သူက အခုထိ ဝမ့်ရဲ့မျက်နှာကိုစေ့စေ့မကြည့်ရဲဘူး။ကိုယ့်ကို သဘောကျနေတဲ့လူနဲ့ တစ်ခန်းထဲနေ တစ်အိပ်ယာထဲအိပ်ခဲ့တာ ဘယ်လောက်တောင်မှအန္တရာယ်များလိုက်သလည်း !

ဒါတောင်ဒီအတောအတွင်း ဝမ်က သူ့ရဲ့အဝတ်ဗလာပုံတွေကိုအများကြီးမြင်ဖူးသွားခဲ့ပြီးနေပြီ။ဘယ်လိုတောင်ရှက်စရာကောင်းလိုက်တဲ့ဖြစ်ချင်းလည်း။
ဟိုထူးဆန်းတဲ့စာအုပ်ထဲမှာလည်း ဟိုနေရာကို နမ်းချင်တယ်တို့ဒီနေရာကိုနမ်းချင်တယ်တို့နဲ့ !

"ကော ... အိပ်သွားပြီလား "

နောက်ကျောဘက်ကထွက်လာတဲ့ အသံသြရှရှ ကြောင့် ရှောင်းကျန့်က သူ့ရဲ့မျက်လုံးတွေကိုဖိမှိတ်လိုက်သည်။မီးတွေမှိတ်လိုက်ပြီးပြီဆိုရင်တောင် အရံထွန်းထားတဲ့မီးရောင်သဲ့သဲ့ကြောင့် ဝမ်က သူ့ရဲ့မျက်နှာကို ကောင်းကောင်းမြင်သွားနိုင်တယ်လေ။

"ကော ~ အိပ်သွား ... အ့ "

သူ့ပခုံးပေါ်ကိုထိလာတဲ့လက်ကိုသွက်သွက်လေးပုတ်ထုတ်လိုက်သည်။အလန့်တကြားမို့အားကတော့အတော်လေးပါသွားသည်။

"အိပ်ပြီ ! အိပ်နေပြီမို့ မင်းလည်း အိပ်တော့ "

အိပ်တဲ့ လူက ဒီလိုအသံထွက်သလား။ဝမ်ကတော့ ကိုယ်နဖူးကိုယ်ရိုက်ပြီး အော်သာရယ်ပြစ်လိုက်ချင်တော့တာပဲ။ရည်းစားစကားရုတ်တရက်ပြောခံလိုက်ရတော့ ပြူးတူးတူးလေးနဲ့ကြောင်အသွားတဲ့ကောက နားဖျားတွေလည်းရဲတွတ်နေခဲ့တာပါ။အော်ဟစ်ပြီးမထုရိုက်တော့ပေမဲ့ ဒေါသအရှိန်လက်ကျန်လေးရော ရှက်စိတ်လေးရောကြောင့် အခုထိသူ့ကို မကြည့်ပါ။စကားလည်းမပြောသလို အရင်လို ရင်ခွင်ထဲတိုးပြီးလည်းမအိပ်ပါ။ဆောင်းရာသီကကုန်တော့မယ် ကောရဲ့ဒီလို စိတ်ဆိုးပုံနဲ့သာဆိုရင်တော့ နောက်ထပ် သူ့ရင်ခွင်ထဲဝင်ပြီးကွေးနေမဲ့ လူကို မဆွဲထားနိုင်လောက်တော့ဘူး။

Remember me❣(YiZhan) Completed. Where stories live. Discover now