(30)

828 83 7
                                    

Zawgyi

ယခုမှတော့လေထုရဲ့အခြေနေကအတော်လေးအေးစက်နေသည်။တစ်မိသားစုလုံးရဲ့အလယ်မှာရှောင်းကျန့်ကကျုံ့ကျုံ့လေး…သူနားမလည်တော့ဘူး။ပါးနဲ့မားတို့ကဝမ့်ကစ္စနဲ့ပတ်သတ်ရင်ဘာလို့တင်းမာသွားကြလည်းဆိုတာ။ဘယ်လိုပဲဖြစ်ဖြစ် အတိတ်သတိမရခင်တုန်းကသဲသံလှုပ်ခဲ့ကြတာပဲမလား။အခုလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုမှာရှိသင့်တာပေါ့။ဒါပေမဲ့ပါးရောမားကပါ ဝမ်ရိပေါ်ဆိုတာနဲ့ကျင်နေကြတာ ကျဲပါအပါဝင်ပဲ။ဒါမှမဟုတ်သူမသိတာတစ်ခုခုများရှိနေသေးတာလား …

"အလကားကိုယ်နဲ့မသတ်ဆိုင်တာအတွက်အပင်ပန်းခံနေတာ"

"ပါးဘာဖြစ်နေတာလည်း ! ဘာကိုမသက်ဆိုင်ရမှာလည်း သူကျွန်တော်တို့အိမ်မှာနေသွားတာတစ်ရက်နှစ်ရက်လည်းမဟုတ်တာကို "

ရှောင်းကျန့်ရဲ့စကားကြောင့် ရှောင်းပါးရဲ့မျက်နှာကပိုပြီးနီရဲလာသည်။ဒီကလေးဘာမှမသိပဲ ဇွတ်စေတနာပိုနေတာ။ဟိုကကိုယ့်မိသားစုရဲ့စေတာနကိုတန်ကြေးဖြတ်ပြီး ပေါပေါပဲပဲလုပ်သွားတာကိုတော့မသိဘူး။ပြောပြလိုက်ရင်လည်း လူကြီးတွေဖြစ်ပြီးသဘောထားမကြီးရာကျအုံးမယ်။တကယ်ပါ ကောင်းကျိုးမပေးတဲ့ဟာလေးကိုအိမ်ပေါ်ခေါ်တင်မိခဲ့တဲ့သူ့အမှား။ဝမ်သာဆိုရင်တော့ ဘယ်လိုအခြေနေဖြစ်ဖြစ်ရိုးကျိုးနေအုံးမှာမှန်ပေမဲ့ အခုဟာကတော့ မျက်နှာကြောတင်းတင်း လူကြီးလည်းလူကြီးမှန်းသိမဲ့ပုံမပေါ်ပေ။

"တော်တော့ ဖအေထက်သားတစ်လမကြီးနဲ့ ပြောရင်ပြောတဲ့အတိုင်းပဲနေ "

ရှောင်းပါးကစကားကုန်ပြောပြီး ထသွားတော့ ရှောင်းကျန့်က သူ့မားကိုနှုတ်ခမ်းစူပြီးစစ်ကူခေါ်ရန်ပြင်သည်။သို့ပေတည့်မှန်းချက်နှင့်နှမ်းထွက်ကမကိုက်ပေ။မားကလည်းသူ့ကိုမမြင်ချင်ယောင်ဆောင်ပြီး ဟွန့်ခနဲတချက်ပြုကာပါးနောက်ကိုလိုက်သွားလေသည်။တကယ်ပါပဲဒီလင်မယားတွေ ဘာဖြစ်နေမှန်းကိုမသိဘူး။နောက်ဆုံးမျော်လင့်ချက်အနေနဲ့ ကျဲကိုလှမ်းကြည့်မိတော့ …

"ဘာမှမျက်နှာငယ်လေးနဲ့လာလုပ်ပြမနေနဲ့ သူကတို့အိမ်မှာနေခဲ့တဲ့ဝမ်လည်းမဟုတ်တော့ဘူး သွားမပတ်သတ်တာအကောင်းဆုံးပဲ "

Remember me❣(YiZhan) Completed. Where stories live. Discover now