(36)

1K 100 16
                                    

Zawgyi

လူသုံးယောက်အလယ်မှာရှိနေတဲ့ဝမ်ရိပေါ်ကအနည်းငယ်တော့နေရခက်နေတဲ့ပုံပေါ်သည်။သူဘာလို့ဒီနေရာကိုရောက်လာခဲ့မိလည်းမသိတော့။လီချန်းမင်းကိုအားကိုးမိခါမှ ဆယ်ပါးလောက်ပင်မှောက်တော့မည်ထင်သည်။

"ကဲ အမောင် ဝမ်ရိပေါ်! မင်းမေးချင်နေတဲ့ကိစ္စတွေကို ဒီမှာရှိနေတဲ့လူကြီးမင်းတွေဆီမှာကြိုက်သလောက်မေးမြန်းနိုင်ပါတယ်ခမျာ "

ဝမ်ရိပေါ်ရှေ့ကလူနှစ်ယောက်ကို မျက်စိတစ်ချက်လှန်ပြီးကြည့်လိုက်သည်။ဒီမျက်နှာမသာမယာနဲ့လူတွေကိုသူကဘယ်လို လုပ်ပြီး ဟိုလိုဒီလိုတွေမေးဖို့ဖြစ်နိုင်မှာလည်း!

"ဟို ... "

သူ ဘယ်ကနေစလို့စရမယ်မှန်းမသိ။

"ဟိုလေ သူဌေးဝမ်ပြောစရာရှိတာကိုမြန်မြန်လေးပြောပေးပါလားရှင် ကျမလည်းအလုပ်လေးတွေရှိသေးတော့လေ  "

အကူညီတောင်းဖို့ လီချန်းမင်းကိုလှမ်းကြည့်တော့ မျက်နှာလွှဲကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေသည်။တော်တော်လည်းအားကိုးရတဲ့ကောင်။

"ကျွန်တော်သိချင်တာက ကျွန်တော့်အတိတ်မေ့နေတဲ့အချိန်တုန်းက ဒီက ယမ်ယမ်ရယ် ပိုင်ချုန်းရယ်နဲ့ပတါသတ်ခဲ့ဘူးတဲ့အကြောင်းအရာတွေအကုန်းလုံးကိုပါ "

ယမ်ယမ်က ဒီနေ့မှအချိန်ပေးပြီးပြင်ဆင်လာရတဲ့ သူမရဲ့မျက်နှာကိုအစွမ်းကုန်ပြုံးပြလိုက်သည်။သူဒီအချိန်ကိုဘယ်လောက်တောင်စောင့်နေခဲ့ရသလည်း။ပါးပြင်ထက်ကိုဝဲကျနေတဲ့ ဆံပင်တချို့ကိုနားရွက်နောက်ညှပ်တင်လိုက်ပြီး ရှည်လျားသောအကြောင်းအရာများကိုပြောပြရန်စတင်လိုက်တော့သည်။

"အမှန်တော့ ဝမ်လေးနဲ့ကျမနဲ့က အားကျန့်နဲ့ပတ်သတ်ပြီးမှသိတာပါ။ပြီးတော့ ဝမ်လေးက ချစ်စရာလည်းကောင်းပြီး ဆက်ဆံရေးလည်းကောင်းတယ်လေ ~ မြင်သမျှလူတွေနဲ့လည်း တည့်အောင်ပေါင်းတတ်တယ် သူ့မှာအထက်တန်းဆန်တဲ့အငွေ့သက်တချို့လည်းရှိတယ်လေ ကျမအမြင်မှာတော့လုံးဝကိုပြီးပြည့်စုံတဲ့ကောင်လေးပါပဲ "

ယမ်ယမ်ရဲ့အမွှန်းတင်လွန်းနေသည့်စကားကြောင့် ဘေးနားမှာထိုင်နေသည့်ပိုင်ချုန်းက နှာခေါင်းတစ်ချက်ရှုံ့သည်။ဒီအမျိုးသမီးအတော်လည်း ဖားယားတတ်ရန်ကော။အရင်တုန်းကတော့ အကိုလေးကို လူအလေးဆိုပြီး ညာညာခိုင်းတာ ဘယ်သူကမသိလို့လည်း။အခုခါကျမှ !

Remember me❣(YiZhan) Completed. Where stories live. Discover now