(11)

1.5K 135 5
                                    

Zawgyi

"သူဌေး ဟိုဘက်လမ်းတွေကိုသွားကြည့်အုံးမလား "

လီချန်းမင်က သူ့ဘေးနားမှာရပ်ပြီး စကားပြောနေတဲ့လူကိုမျက်လုံးစွေကြည့်လိုက်သည်။တစ်နေကုန် တစ်လမ်းဝင်တစ်လမ်းထွက်စုံစမ်းနေရတာမပင်ပန်းဘူးလားမသိ ညနေစောင်းတဲ့အချိန်အထိတောင် ဒီကိစ္စကိုအာရုံစိုက်နေသေးသည်။လူကြည့်တော့သေးသေးကွေးကွေး၊ပိန်ပိန်ပါးပါးနဲ့ ~

"ခများ ဗိုက်ဆာနေပြီလား "

မေးခွန်းတခြားအဖြေတခြားထွက်လာတော့ ရှင်းကျန်းဝေက မသိမသာ မျက်ခုံးပင့်သည်။သူကတော့မြန်မြန်ပြီးမြန်မြန်ပြန်ချင်နေပြီ။စိတ်မောလူမောနဲ့ဘာမှကို သဘောမကျပေ။

"ကျွန်တော့အတွက်ပြသနာမရှိဘူး ဒီလမ်းထဲကိုပဲမြန်မြန်ဝင်ကြအောင် "

"ခဏလေး ! "

ဆက်ပြီးခရီးဆက်ဖို့ပြင်နေတဲ့ လူရဲ့လက်ကိုအလျှင်စလိုနဲ့လှမ်းဆွဲလိုက်သည်။မျက်မှောင်ကြုတ်ပြီးကြည့်လာတော့ ယောင်ယောင်အအနဲ့မြန်မြန်ပဲပြန်လွှတ်ချမိသည်။မတော်တဆလေးထိကိုင်မိတာတောင် အသားရည်ကအေးစက်နေသည်။

"ဟို ... ဟို ဒီနားမှာရှိတဲ့ဆိုင်တစ်ခုခုမှာဝင်စားကြမယ် ပြီးရင်ဒီကိစ္စတွေ ကိုမနက်ကြမှဆက်မယ်"

"သူဌေးကဖြစ်လို့လား "

"ရပါတယ် အချိန်တွေရှိသေးတာပဲ "

လူလည်းပန်းနေပြီမို့ ရှင်းကျန်းဝေလည်းလီချန်းမင်စကားကိုသဘောတူလိုက်
သည်။ဘာပဲဖြစ်ဖြစ် အထက်လူကြီးသဘောအတိုင်းပေါ့ ~

သူတို့ရောက်နေတဲ့နေရာက အိမ်ခြေသိပ်မရှိတော့ သရေစာဆိုင်ရှားသည်။ချောင်ကျကျတစ်နေရာမှာတွေ့တဲ့ ကွေ့တီယိုဆိုင်အသေးလေးကိုပဲ ရွေးချယ်လိုက်ရသည်။ဆိုင်အပြင်ဆင်က သိပ်ပြီးမသန့်ရှင်းပေမဲ့ ဆာလောင်နေတဲ့ဗိုက်ကိုဖြည့်ဖို့အတွက်ဒီဆိုင်ကအသင့်တော်ဆုံးပေ။

"အဒေါ် ကွေ့တီယိုနှစ်ပွဲပေးပါ "

"တစ်ပွဲကိုအစပ်များများ "

"အင်း ဒီအတိုင်းပဲလုပ်ပေးပါ ~ "

လီချန်းမင်က အရင်ရက်တွေတုန်းက ရှင်းကျန်းဝေကိုတွေ့တော့ ဒီအတိုင်းအေးစက်ပြီး စာအုပ်ကြီးနဲ့လူတစ်ယောက်လို့ပဲတွေးထားတာ ။ဒီတစ်နေကုန် အနီးကပ်နေကြည့်တော့မှသိလိုက်ရတာက ရှင်းကျန်းဝေက ပုံမှန်လူတွေနဲ့အနည်းငယ်ကွဲထွက်ပြီး အရှိကိုအရှိတိုင်းမပြချင်တဲ့လူတစ်ယောက်ပါပဲ။
အခုလည်းကြည့် ရုပ်ကသာမထင်ရတာ အစပ်တော့များများလေးတဲ့ ~

Remember me❣(YiZhan) Completed. Waar verhalen tot leven komen. Ontdek het nu