Zawgyi
"ကော သေချာကိုင်ထားနော် "
မျက်နှာမမြင်ရပေမဲ့ ကြားလိုက်ရတဲ့အသံကနွေးနွေးထွေးထွေး။
ူသူ့ရဲ့လက်တွေပေါ်ကိုအုပ်မိုးဆုပ်ကိုင်လာပြီး ဝမ်ကသူ့ခါးတစ်ဝိုက်တွင်ရစ်ပတ်စေသည်။အပိုမပြောဘူး… ဝမ်ကအခုနောက်ပိုင်း နည်းနည်းရဲတင်းလာတယ်လို့ခံစားရတယ်။ကိုရီယားကားတွေထဲကခေါင်းဆောင်မင်းသားလိုပုံစံမျိုးလည်းသိပ်ဖမ်းလာတယ်။တစ်ခါတစ်ရံဆိုသူ့ကိုမထိတထိနဲ့ ဟိုတို့ဒီထိလုပ်ပြီးအသားလည်းယူတတ်သေး!ဆောင်းကကုန်ခါနီးနေပေမဲ့ကျန်နေသေးတဲ့အအေးငွေ့ကလည်းမသက်သာလှဘူး။ချမ်းစိမ့်စိမ့်နဲ့ !နှင်းတွေပါမိပြီဆိုရင်ဖျားနာဖို့ကအလွယ်လေး။မြစ်ဘေးနားကဖြတ်တော့ ဝမ်ကစက်ဘီးကိုအရှိန်ပိုတင်လိုက်သည်။တဝူးဝူးနဲ့တိုက်ခတ်လာတဲ့လေတွေတရောသောပါးပါပဲ။
"ဝမ် … အရှိန်နည်းနည်းလျော့အုံး ! "
ခေါင်းစွပ်ရော နားအုပ်ပါပါတဲ့သူကခံသာပေမဲ့ အနွေးထည်ထူထူတစ်ခုပဲအကူညီရှိတဲ့ဝမ်ကတော့ဘယ်လိုတောင်သည်းခံနေလည်းမပြောတတ်။အဲ့ကလေး ကိုယ်ခံအားကတော်တော်ကောင်းဆိုတော့ မတရားတွေအတင့်ရဲနေတာ။
မြစ်ကိုကျော်လွန်ပြီး မြို့ထဲကလူအုပ်တွေကြားထဲရောက်တော့မှ ဝမ်ကအရှိန်ကိုခပ်ဖြေးဖြေးလျှော့လိုက်သည်။
"ဖြည်းဖြည်းလေးမောင်းရင်ပိုအေးတယ် ! အဲ့ဒါကြောင့် "
"ပြသနာမရှိပါဘူး မင်းခဲပြီးသေမှာဆိုးလို့ ~မဟုတ်ရင်ငါကဘာပြောစရာရှိမှာလည်း "
ကုန်တိုက်ရှေ့ရောက်တော့ ဝမ်ကစက်ဘီးကိုနေရာတကျထားပြီးထမင်းဘူးကိုလည်းသူပဲကိုင်သည်။တော်ရုံမိန်းကလေးသာဆို ဝမ့်ရဲ့အပြုမူတွေကြားမှာ အကျရှုံးလွန်ပြီး ဘဝကိုပါပုံအပ်ပြီးနေရောပေါ့။ဒါပေမဲ့ သူကပျော့ပျော့ပြောင်းပြောင်းမိန်းကလေးမဟုတ်သလို ထိုအရာတွေကြားမှာနစ်မွန်းနေမှာလည်း မဟုတ်ပဲ။
"ဝမ့် … "
"ဝမ်ရှင့် … "
ကုန်တိုက်ထဲကိုမဝင်ခင်ကြားလိုက်ရတဲ့အသံတွေကြောင့် ဝမ်ရောရှောင်းကျန့်ပါ လှည့်ကြည့်လိုက်မိသည်။ကျော့မော့စွာဝတ်စားထားတဲ့အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက်အနည်းငယ်ကွဲထွက်နေပေမဲ့လည်းတစ်ယောက်တစ်မျိုးစီတော့ ငြင်းမရနိုင်အောင်လှသည်။
![](https://img.wattpad.com/cover/293345678-288-k713433.jpg)
YOU ARE READING
Remember me❣(YiZhan) Completed.
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......