(7)

1.2K 117 2
                                    

Zawgyi

မြစ်ဆိပ်နဲ့နီးတဲ့ မြို့တွေက ညဘက်တွေဆိုပိုအေးတယ်...

ရှောင်းကျန့်တို့တိုက်က လမ်းကြားထဲမှာရှိပြီး ဘေးပတ်ပတ်လည်မှာတခြားတိုက်အိုတွေရှိနေပေမဲ့ အအေးဓာတ်ကစိမ့်ဝင်တယ်။ဒီလိုဆောင်းရာသီဆို အသဲခိုက်မတတ်ပေါ့~

ရှောင်းကျန့်က ဒီအအေးဒဏ်ကဘယ်လောက်တောင်ခံစားရခက်မှန်းသိတယ်။သူ့ရဲ့ကုတင်လေးကျိုးသွားတုန်းက ကြမ်းပြင်ပေါ်မှာ ဂွမ်းစောင်ခင်းပြီးအိပ်ခဲ့ရဘူးတယ်။ဒါက သေမတတ်ကိုအေးတာလေ~တစ်ကိုယ်လုံးခိုက်ခိုက်တုန်ပြီး မနက်ကျတော့ဖျားတဲ့အထိပဲ!

သူမှမဟုတ်ဘူး ဘယ်သူမဆို ဒီလိုအခြေနေမျိုးမှာ လုံးဝကိုအေးနေမှာပဲ။အခန်းပြင်ဘက်မှာအိပ်နေတဲ့ ဝမ်ရောပေါ့။ဝမ် အပြင်မှာထွက်အိပ်အောင် သူလုပ်လိုက်တာမဟုတ်ပေမဲ့ သူ့ရဲ့ပယောဂမကင်းဘူးလေ။ဒါပေမဲ့ အခန်းထဲကိုပြန်ခေါ်ဖို့ကျ ......

ရှောင်းကျန့်က တံခါးနားကို ဖြေးဖြေးလေးကပ်ပြီး အသာလေးဖွင့်ကြည့်တယ်။မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲကို ဆစ်ကနဲ။အဲ့လိုဆိုဖာပေါ်မှာကွေးပြီးအိပ်နေဖို့ဘယ်သူကပြောလို့လည်း!
ဒီလောက်အေးနေတာကို။

ညည့်နက်နေပြီမို့ ရှောင်းကျန့်တို့တိုက်မှာ မီးအလင်းရောင်သဲ့သဲ့ပဲရှိတော့တယ်။ဓာတ်အားကို ပိုက်ဆံနဲ့ပေးပြီးသုံးရတဲ့အတွက် တော်ရုံလူတွေက အိပ်ချိန်မီးပိတ်တတ်ကြသည်။သူတို့အိမ်ရောအပါအဝင်ပေါ့။ဒါပေမဲ့ ရှောင်းကျန့်က ဝမ် ရောက်လာတဲ့နေ့ကစပြီး မီးအိမ်သေးသေးကိုဖွင့်ထားရတယ်လေ။ဝမ်က အမှောင်ဆို ကြောက်သည်လားမပြောတတ်ပေမဲ့ ငူငူငိုင်ငိုင်နဲ့မအိပ်တော့ဘူး။အခု ကြတော့ မှောင်မဲ့မဲ့ ဧည့်ခန်းထဲမှာ စောင်လည်းမပါပဲကွေးနေတယ်။ဘယ်လိုတောင်အကြောတင်းတဲ့ကလေးလည်း !

တစ်စုံတစ်ယောက်ကတော့ စိတ်ချလက်ချအိပ်နေနိုင်လားမပြောတတ်ပေမဲ့ သူကတော့ ချီတုံချတုံဖြစ်နေပြီ။ဒီကိုယ်လုံးလေးလေးကို အိပ်ခန်းထဲသယ်ပြီးမရွှေ့နိုင်သလို နှိုးပြီးတော့လည်းပြန်မခေါ်ချင်ဘူး။သူထွက်သွားခိုင်းခဲ့တာမှမဟုတ်ပဲ ~

Remember me❣(YiZhan) Completed. Tahanan ng mga kuwento. Tumuklas ngayon