(10)

1.2K 110 3
                                    

Zawgyi

"အားကျန့် မင်းညီလေးကအလုပ်လုပ်ချင်နေတယ် အဲ့တာမင်းတိုကုန်တိုက်မှာအလုပ်ရှိရင်ပြောကြည့်ပေးပါလား "

တိတ်တဆိတ်နဲ့ရှောင်းမိသားစုရဲ့ထမင်းဝိုင်းမှာမားကစကားစလာသည်။ခေါင်းငုံ့ပြီးထမင်းစားနေသူကိုမျက်လုံးစွေပြီးကြည့်တော့ ပကတိရှင်းသော မျက်နှာထားနဲ့ထမင်းအစားမပျက်~
မိန်းမယူဖို့ငွေရှာချင်တာနဲ့ အလကားသူ့ကိုအပူလာကပ်နေတယ်။တော်တော်လေးကိုစိတ်ပျက်စရာ !

"ကျွန်တော်ရဲ့ရုံးမှာကျွန်တော့်ရဲ့ရာထူးက အောက်ဆုံးမှာလေ အကပ်နဲ့အလုပ်သွင်းပေးလို့ဘယ်လိုရမှာလည်း ပါးရဲ့အလုပ်မှာသွင်းပေးလိုက်ပေါ့ "

"ဘယ်လိုဖြစ်မှာလည်း မင်း ပါးအလုပ်က ကျွမ်းကျင်မှုမရှိရင်အဆင်ပြေမှာမဟုတ်ဘူး ဒီကလေးက ဘာသိမှာလည်း "

"အတူတူပဲလေ ကျွန်တော့အလုပ်မှာလည်း ကျွမ်းကျင်မှရမှာ"

တစ်ကယ်တော့ ရှောင်းကျန့်ကတမင်သက်သက်ညစ်နေချင်းသာ။သူသာဝမ့်ကိုအလုပ်ပြောပေးချင်လျှင် တစ်ခုခုတော့ရနိုင်သည်။ဒါပေမဲ့ မကူညီချင်ဘူး ပိုကြေးပန်းကြေးတွေအတွက် အလုပ်သွင်းပေးရအောင်ထိ စိတ်ထားလည်းမကောင်းနိုင်ဘူး။

"ကျွန်တော် ~ ကျွန်တော်အလုပ်ကြိုးစားပါ့မယ်ကော "

"မင်းကဘာလုပ်တတ်လို့ ဘာကိုကြိုးစားမှာလည်း ဟွန့် မင်းလုပ်တတ်တာဘာရှိလို့လည်း "

ထမင်းကိုတမြုပ်မြုပ်ဝါးရင်း ရွဲ့တဲ့တဲ့ပြောတော့ မျက်နှာငယ်လေးနဲ့ခေါင်းငုံ့သွားသည်။တစ်စက်မှလည်းသနားချင်စရာမကောင်းပဲနဲ့ !

"ရှောင်းကျန့် မဟုတ်တာကိုဘာလို့တွပ်ကပ်နေမှာလည်း အိမ်မှာနေတာထက်စာရင် ဦးနှောက်ကိုအလုပ်ပေးတဲ့အလုပ်ကိုလုပ်ရင်ပိုပြီးကောင်းတာ
ပေါ့ "

ပါးကပါ ဝင်ပြောလာတော့ ရှောင်းကျန့်မျက်နှာကစူပုတ်ပြီး မဲ့ကျသွားသည်။တစ်အိမ်လုံးက ဝမ့်ဆိုရင်သဲသဲလှုပ်တစ်ကယ်စိတ်ရှုပ်ဖို့ကောင်းတယ်။

"ပြီးရော ပြီးရော ဘာအလုပ်ဖြစ်ဖြစ်လုပ်ရမှာနော် ပူညံပူညံလုပ်ရင်တော့ ဘာမှပြောပေးမှာမဟုတ်ဘူး "

Remember me❣(YiZhan) Completed. Where stories live. Discover now