(21)

901 90 4
                                    

Zawgyi

"ငါ … ငါဘာလုပ်ထားလို့လည်း"

ဟက် ~

လီချန်းမင်းက နှုတ်ခမ်းထောင့်တွေကိုကွေးကာ အက်အက်လေးတစ်ချက်ရယ်လိုက်ပြီး လိမ်ညာဖို့ကြိုးပမ်းနေတဲ့သူရဲ့မျက်နှာနားကိုပိုကပ်လိုက်သည်။ထို့နောက် ဟိုဒီရှောင်းပြေးနေတဲ့ မျက်ဝန်းအိမ်တွေကိုစိုက်ကြည့်လိုက်ပြီး

"ထပ်ပြီးဖုံးထားအုံးမယ်ဆိုရင် ရလာဒ်ကကောင်းမှာမဟုတ်ဘူးနော် "

သတိပေးသံတွေပါဝင်နေတဲ့အသံကြောင့် ရှင်းကျန်းဝေရဲ့စိုးရိမ်စိတ်က ရင်ထဲတစ်ချက်ဆောင့်ခုန်သွားပြီးမတည်မငြိမ်ဖြစ်သွားရသည်။

"ဘာကိုဆိုလိုချင်တာလည်းဆိုတာ … "

"ဝမ်ရိပေါ် ! သူ့နဲ့ပတ်သတ်တဲ့အကြောင်းအရင်းတွေကိုမင်းအများကြီးသိထားပြီးနေပြီ ဒါပေမဲ့ငါ့ကိုဖုံးကွယ်ထားတယ် … "

"အဲ့တာက ခများထင်သလိုမဟုတ် … "

"ဘာဖြေရှင်းချက်ကိုမှမကြားချင်တော့ဘူး ဒီကြားထဲလုပ်အားခအနေနဲ့ မင်းရ့အကောင့်ထဲထည့်ပေးထားတဲ့ပိုက်ဆံတွေပြန်လိုချင်တယ် မဟုတ်ရင်တော့ … "

သံရှည်ဆွဲပြီး အနည်းငယ်နီစွေးနေတဲ့နားနားကိုကပ်လာချိန်မှာတော့ ရှင်းကျန်းဝေကသူ့ရဲ့ခန္ဓာကိုယ်ကိုပို၍ကြုံ့လိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်နဲ့ဆပ်ဖို့ပြင်ထား "

အေးစက်ပြီး တည်ငြိမ်နေတဲ့အသံကနားထဲဝင်လာချိန်မှာတော့ ရှင်းကျန်းဝေရဲ့ထိတ်လန့်မှုကနှစ်ဆတိုးသွားသည်။သူဒီကြားထဲသတင်းတွေထိမ်ချန်ထားခဲ့တယ်ဆိုရင်တောင် ပင်ပန်းခဲ့တာကတော့အမှန်ပဲလေ။အဲ့ဒီတော့တန်ရာတန်ကြေးကတော့ရသင့်တာအမှန်ပဲလေ။အခုသူ့ရဲ့သူဌေးက တပတ်ရိုက်ပြီးသူဆီကငွေညှစ်ဖို့ကြံနေတာလား။

"အဲ့လိုဘယ်ဖြစ်မှာလည်း ဒီကိစ္စတွေကိုကျွန်တော်လည်း တစ်ထောက်တစ်နေရာကနေစုံစမ်းပေးခဲ့တာပဲ … ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စကလွန်လွန်းမနေဘူးလား "

"အခုချိန်ထိကိုယ့်ကိုကိုမှန်တယ်လို့ထင်နေတုန်းပဲလား "

ရေခဲပြင်လိုအေးစက်နေတဲ့ပြီး ခြိမ်းခြောက်သံစွက်နေတာကြောင့် ရှင်းကျန်းဝေကဘာမှထပ်ပြောခြင်းမရှိတော့ပဲငြိမ်နေလိုက်တော့သည်။

Remember me❣(YiZhan) Completed. Where stories live. Discover now