(35)

1.3K 117 7
                                    

Zawgyi

ဒီလူ ဘာဖြစ်ချင်နေပြန်ပြီလည်း !

ရှောင်းကျန့်က ရုတ်တရက်မတွေ့တာကြာနေပြီဖြစ်တဲ့ သူ့ချစ်သူလေးကိုတွေ့လိုက်တော့ ရင်ဘတ်ထဲမှအကောင်ဟာတစ်ဒက်ဒက်ဖြင့်အပြင်းအထန်ကိုခုန်ပေါက်လာတော့သည်။ဒါပေမဲ့ ဒါတွေက သူရဲ့မျက်နှာမှာသေချာပေါက်ပေါ်မနေဘူးပေါ့။ဘာဖြစ်လို့လည်းဆိုတော့ သူ့မျက်စိရှေ့မှာမှုန်ကုပ်ကုပ်နဲ့လာရပ်နေတဲ့ အနှီကောင်လေးက သူ့ရဲ့ချစ်ရသူဝမ် မဟုတ်ပဲ အမြင်ကပ်စရာအဆိုးပေသူဌေးသားဖြစ်နေလို့ပါပဲ။

"တိုက်တိုက်ဆိုင်ဆိုင် သူဌေးဝမ်ပါလား ! ဘာကိစ္စရှိပါသလည်း ခမျာ "

"ဟို စကားခဏပြောမယ် "

ဘာမှန်းမသိပဲ စိတ်ခံစားချက်ကြောင့်သာ ဝမ်ရိပေါ်ကဒီနေကိုရောက်လာတာ။တကယ့်တကယ်ကြတော့ ဘာအကြောင်းပြချက်ပေးရမှန်းသူမသိတော့ဘူး။မထူးတဲ့အဆုံးမှာတော့ ဟိုလူကြီးလူကောင်းပုံဖမ်းထားတဲ့ဘဲနာကြီးနားကနေ ရှောင်းကျန့်ကိုခဏလောက်ခွာထုတ်ပြစ်လိုက်မယ်။မျက်စိနောက်သက်သာသွားအောင်ပေါ့။

"ဘာကိစ္စရှိလို့လည်း သူဌေး ကျွန်တော်အခုဧည့်သည်ပါနေတော့အဆင်မပြေလို့လေ"

ရှောင်းကျန့်ရဲ့စကားကြောင့် ဝမ်ရိပေါ်ရဲ့မျက်နှာကပိုပြီးမှုန်ကုပ်သွားလေသည်။သူခေါ်ရင်ကခုန်ပြီးလိုက်လာလိမ့်မယ်လို့တောင်ထင်ထားတာ အခုတော့ပေါ်တင်ကြီးကိုငြင်းနေတော့တာပါလား။ဒီရှောင်းကျန့်အချိုးလေးတွေပြောင်းသွားတယ်။

"ကျန့်ကျန့် မင်းသူဌေးကအရေးကြီးကိစ္စရှိနေလို့ဖြစ်မှာပေါ့ ခဏလောက်လိုက်သွားလိုက်လေ ကော ဒီဆိုင်ထဲမှာစောင့်နေမယ် "

အကြောင်းသိနေရဲ့သားနဲ့ဂိတ်ဝကိုတွန်းပို့နေတဲ့ ချင်းကောကြောင့် ရှောင်းကျန့်မျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။သူစိတ်ဖြတ်တော့မယ်ဆိုကာမှ ဒီဝမ်ရိပေါ်ဆိုတာဟာလည်း သူ့မျက်စိရှေ့ကိုပြန်ပေါ်လာသေးတယ်။အခုချိန်ကြမှ ဘာကိစ္စကများအရေးကြီးနေရတာလည်း။

"ဟုတ်ကဲ့ အာ့ဆိုကောစောင့်နေလိုက်နော် ကျွန်တော်ခဏလိုက်သွားလိုက်မယ် "

Remember me❣(YiZhan) Completed. Where stories live. Discover now